အခန်း (၁၄၁)
Vol. 10 Ch. 141
မိုးဆွေဟောခန်းအား တည်ထောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ချင်းယန်နိုင်ငံရှိ မြို့ကြီးရှစ်မြို့၏ သတင်းများကို ခြုံငုံမိသွားခဲ့ပြီဖြစ်၏။
ပြီးနောက် သူသည် သူ၏ ကျင့်ကြံခြင်းအား အာရုံစိုက်ကာ ကျင့်ကြံလိုက်တော့သည်။
သူသည် ဂိုဏ်းသားသစ် စုဆောင်းခဲ့ခြင်း၊ မိုးဆွေအဆောက်အဦးအား ဖျက်ဆီးခဲ့ခြင်းတို့နှင့် ပတ်သက်၍ အလုပ်တော်တော်များခဲ့သည်ဆိုသော်လည်း သူ၏ သိုင်းကျင့်ကြံခြင်းအား လျစ်လျူမရှူခဲ့ပေ။
အားသည့်အချိန်တွင် သူသည် ချီစုဆောင်းခြင်း ဆေးလုံးများအား စားသုံးပြီး ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ခန္ဓာကိုယ်အတွင်းတွင် လှည့်ပတ်ကာ ဒန်ထျန်ထဲရှိ ချီစွမ်းအင်များကို ပိုမို အားကောင်းအောင် ပြုလုပ်လျက် ရှိသည်။
စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ကို တပည့်များ အသုံးပြုလျက် ရှိကြသည်။ သူသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သွားပြီဖြစ်သောကြောင့် သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လာခဲ့သည်။
ဂိုဏ်း၏ ကိစ္စဝိစ္စများကို ခဏလက်လွတ်ထားပြီးသည့်နောက် သူသည် နှစ်ရက်တိတိ သေသေချာချာ ကြိုးစားလေ့ကျင့်ခဲ့၏။
ပြီးနောက်မှတော့ အဆင့်ကိုး သိုင်းတပည့်အဆင့်မှသည် အဆင့်ရှစ် သိုင်းတပည့်အဆင့်သို့ အောင်မြင်စွာရောက်ရှိသွားခဲ့တော့သည်။
ဘန်း။
သူသည် လေ့ကျင့်ရေးအခန်းဆီသို ရောက်ရှိလာပြီး အားအင် စမ်းသပ်ခြင်း စက်အား လက်သီးဖြင့် ထိုးလိုက်၏။
စက်တွင်ပေါ်လာသည့် ဂဏာန်းများမှာ နှစ်သောင်းငါးထောင်ဂျင်းဟူ၍ ဖြစ်သည်။
ဘန်း။
ကျွင်းချောင်ရှောင်းသည် ပေါက်ကွဲလက်သီး နည်းစနစ်အတိုင်း အားအင်စမ်းသပ်ခြင်းစက်အား ထိုးနက်လိုက်သည့် အချိန်မှာတော့ သုံးသောင်းဂျင်ဟူ၍ ပြသလျက်ရှိ၏။
"မဆိုးဘူးပဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်မိသည်။
အမှန်တော့ မဆိုးဘူးဟု ဆိုရလောက်မည့် အခြေအနေမဟုတ်ပေ။ တော်ဝင်ဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သိုင်းတပည့်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း သောင်းလေးထောင်မျှသော ဂျင် အားကိုသာ ပိုင်ဆိုင်၏။
တော်ဝင်ဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ် ရှန်းတုံ သည်သာ ကျွင်းချောင်ရှောင် ယခုရေရွတ်လိုက်သော စကားကို ကြားလျှင် ရှက်ရွံ့လွန်းသောကြောင့် ကိုယ့်ကိုယ်ကိုယ် သက်သေဖို့ပင် စဉ်းစားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အြမ် ၊ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး နှင့် ကြွက်သား တည်ဆောက်ခြင်း အခန်း စသည်တို့ကြောင့် ပိုမိုပြီး အကောင်းလာခဲ့သည်။ ထို့ကြောင့် သာမန်သိုင်းတပည့်ကျင့်ကြံသူများထက် အားကောင်းနေသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။
အဆင့်ကိုး သိုင်းတပည့်အဆင့်သို့ ရောက်ရှိပြီးသည့်နောက် သူ၏ ရည်ရွယ်ချက်သည် သိုင်းတပည့်ထိပ်ဆုံးအဆင့်နှင့် သိုင်းဆရာအဆင့်ဆီသို့ ရောက်ရှိရန် ဖြစ်သည်။
လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ စိတ်ကျေနပ်မှု မရှိသေးပေ။ သူနှင့် သူ၏တပည့်များအား ပိုမိုအားကောင်းလာအောင်ပြုလုပ်ရပေအုံးမည်။
ထိုမှသာလျှင် နတ်စမ်းချောင်းဂိုဏ်းသို သွား၍ စိန်ခေါ်တိုက်ခိုက်မှုကို ပြုလုပ်နိုင်မည် မဟုတ်လား။
"အင်း …ဟုတ်ပြီ။ ပြီးတော့ ဟောင်ချီဂိုဏ်းလည်း ကျန်သေးတယ် မဟုတ်လား။ ဟောင်ချီဂိုဏ်းဆီ မသွားခင်မှာ ချင်းယန်နဲ့ တစ်ခြားတပည့်တွေကို တစ်လလောက် ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ခိုင်အုံးမှပဲ။"
ကျွင်ချောင်ရှောင်း၏ အမြင်အရ အဆင့်ငါးဂိုဏ်းတစ်ခုကို စိန်ခေါ်ရခြင်းသည် အလွန် ခက်ခဲလှသည် ဆိုသော်လည်း သံမဏိအရိုးဂိုဏ်း၏ ဂုဏ်သိက္ခာကို ပိုမိုကြီးထွားစေရန် အခွင့်အရေးကောင်းကြီး တစ်ခုလိုပင် ဖြစ်၏။
ဟောင်ချီဂိုဏ်းကိုတော့ သူသည် သိပ်ပြီး စာရင်းထဲထည့်သွင်းမထားချေ။ တကယ့်ဆရာကြီးများကို စိန်ခေါ်တိုက်ခိုက်ချိန်တွင် တွေ့ကြုံရတတ်သော လက်အောက်ငယ်သား အဆင့်လောက်ဟုသာ သူ သဘောထား၏။
ဟုတ်ပေသည်။ သူသည် ဟောင်ချီဂိုဏ်းအား အထင်အမြင်သေး၍တော့ မဟုတ်သေးချေ။ လူတိုင်းလူတိုင်းတွင် လေးစားရလောက်သည့် အရည်အချင်းတစ်ချို့တစ်လေတော့ ရှိတတ်သည် မဟုတ်လား။
ကျွီ။
ကြွက်သားတည်ဆောက်ခြင်း အခန်းတံခါးပွင့်သွားပြီးသည့်နောက် ရီရှင်းချန်သည် ရှောခနဲ ထွက်လာ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"မင်းက လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သိုင်းတပည့်အဆင့်ကို ရောက်ရှိခဲ့ပြီလို့ ချင်းယန် ပြောတယ်။ဟုတ်လား။"
"ဟုတ်ပါတယ်။" ရီရှင်းချန် ပြန်ဖြေလိုက်သည်။
"လခြမ်းဓားကွက်ကို လေ့ကျင့်ခဲ့ပြီးပြီလား။"
"လေ့ကျင့်ခဲ့ပြီးပါပြီ။"
"ဘယ်လိုခံစားရလဲ။"
"အရမ်းအားကောင်းတယ်။"
သိုင်းအင်ပါယာတစ်ယောက်ဆီမှ အရမ်းအားကောင်းသည်ဟူသော သုံးသပ်ချက် ထွက်ပေါ်လာခြင်းသည် ဤဓားကွက် သာမန်မဟုတ်ဟု ဆိုခြင်းပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်၏ ပုခုံးအား ပုတ်ကာ ပြောလိုက်သည်။ "မင်း ဒီသိုင်းကွက်ကို သေသေချာချာ လေ့ကျင့်မယ်ဆိုရင် ၊ အနာဂတ်မှာ သံမဏိအရိုးဂိုဏ်းကို မင်းရဲ့ အိမ်လို သဘောထားလာနိုင်ပြီဆိုရင် ပိုပိုပြီးတော့ ကောင်းမွန် ၊ အဆင့်မြင့်တဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေကို ရနိုင်လိမ့်မယ်။"
သူ့အနေနှင့် အချိန်အတိုင်းတာ တစ်ခုအတွင်း ပိုမို ကောင်းမွန်သည့် သိုင်း လေ့ကျင့်ရေးနည်းစနစ်များအား စနစ်ဆီမှ ရရှိနိုင်မည်လား ဆိုသည်မှာ မသေချာပေ။ သို့ပေမဲ့ တပည့်များ စိတ်အား တက်ကြွစေရန် ငါးစာ ချသင့်လျှင် ချရမည် မဟုတ်လား။
ရီရှင်းချန်၏ မျက်လုံးများသည် တောက်ပသွားသည်။
လခြမ်းတိုက်ကွက်သည် စိတ်ဝိညာဉ်အမျိုးအစား တိုက်ကွက်တစ်ခု ဖြစ်ပြီး စတင်လေ့ကျင့်စဉ်ကတည်းက အလွန်ကောင်မွန်သည့် လေ့ကျင့်ရေး နည်းစနစ် ဖြစ်သည်ဟု ခံစားမိ၏။ ထိုသို့သော နည်းစနစ်မျိုးထက် ပိုမိုအားကောင်းသော လေ့ကျင့်ရေး နည်းစနစ်များ ရှိသေးသည်ဆိုသည်က သူ့အားစိတ်ကျေနပ်စေ၏။
"ဂိုဏ်းချုပ်"
ရီရှင်းချန် ပြောလိုက်သည်။
“ကျိုးဟုန်က အခုထက်ကို အများကြီး တိုးတက်လာနိုင်သေးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူ့ရဲ့ ပင်ကိုယ် အရည်အချင်းတွေကို မဖြုန်းတီးချင်ဘူးဆိုရင် ဓားသိုင်းနည်းစနစ်တစ်ခုတည်းပဲ သူ့ကို အာရုံစိုက်စေချင်တယ်။"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်၍ ပြုံးကာ ပြောလိုက်သည်။ "မင်း ဆိုလိုတာက ငါတို့ သံမဏိအရိုးဂိုဏ်းက ဓားပါရမီရှင် ကျင့်ကြံသူတစ်ယောက် အတွက် နေထိုင်ဖို့ မသင့်တော်ဘူး လို့ ပြောချင်တာလား။"
ရီရှင်းချန် ပြောလိုက်သည်။ "ဓားကျင့်ကြံသူတွေက အယောက်တစ်သောင်းမှာမှ တစ်ယောက်ပဲ ရှိတာ။ကျွန်တော်တို့ သံမဏိအရိုးဂိုဏ်းက ပေါက်ကွဲလက်သီး ၊ လခြမ်းဓားကွက် စတဲ့ အဆင့်မြင့်ကျင့်ကြံခြင်း နည်းစနစ်တွေ ရှိတယ်ဆိုပေမဲ့ ဓားနည်းစနစ် မရှိဘူးလေ။ ဒီတော့ သူ့အတွက် အခက်အခဲဖြစ်မှာ။"
ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ပြောလိုက်သည်။ "မင်း တော်တော် သိတာပဲ....."
ရီရှင်းချန် ငြိမ်သက်သွားမိ၏။
သူသည် သူ၏ ကျင့်ကြံခြင်းသာ အာရုံစိုက်သင့်ကြောင်း နားလည်သွားမိသည်။ သူသည် ရုတ်တရက် အဘယ့်ကြောင့် ကျိုးဟုန်အား စိတ်ပူပန်ပေးနေရသနည်း။ ဤအတိုင်းဆိုလျှင် သူ၏ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခြင်းကို ထုတ်ဖော်ပြောကြားသလို ဖြစ်ပေလိမ့်မည်။
ဘုတ်။
တွေးနေတုန်းမှာပဲ လျိုဝှက်သိုင်းကျမ်းတစ်ခုသည် သူ့ဆီသို့ ရောက်လာ၏။
"ရော့ …. ဒီဓားနည်းစနစ်ကို ယူပြီး အရင်ဆုံး လေ့ကျင့်ကြည့်လိုက်။မင်း ဒါကို နားလည်လား ၊ နားမလည်လားဆိုတာတော့ မင်းရဲ့ ကံတရားပေါ်မှာ မူတည်လိမ့်မယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဓားနည်းစနစ် ဟုတ်လား။"
ရီရှင်းချန်သည် လင်းကျန့် ဓားကျမ်းဟု ရေးသားထားသော စာအုပ်အား ကြည့်လိုက်၏။
ပြီးနောက် အထင်အမြင်သေးသလို ပြောလိုက်သည်။ "နာမည်ကတော့ နတ်ဘုရားအလားပဲ။"
သူသည် ပထမစာမျက်နှာကို လှန်ကြည့်ပြီးနောက် တွေ့လိုက်ရသည့် စာလုံးများကို မြင်တော့ နှာခေါင်းရှုံ့ လိုက်မိသည်။
"ငါတို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဘယ်တုန်းက တစ်ကိုယ်တော် ဓားအင်ပါယာဆိုတာ ရှိသွားတာလဲ။ဒါက တော်တော် ကြောင်တောင်တောင် နိုင်တယ်။ ကြားတောင် မကြားဖူးဘူး။"
သူ မကြားဖူးသည်မှာ သာမန်ပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် တစ်ကိုယ်တော် ဓားအင်ပါယာဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ဟု ရေးသားထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။
ရီရှင်းချန်သည် ဒုတိယစာမျက်နှာကို လှန်လိုက်၏။
အတွင်းတွင် ပါဝင်နေသော ဓားနည်းစနစ်ကို ဖတ်မိလိုက်ချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် ရှိသော အထင်အမြင်သေးမှုများအားလုံးသည် ပျောက်ကွယ်သွား၏။ ပြီးနောက် တုန်လှုပ်သည့် အမူအယာများဖြင့် အစားထိုး ပြောင်းလဲသွားသည်။
"ဒါ …. ဒါက။"
သူ မနေနိုင်ဘဲ ပြောလိုက်သည်။ "နတ်ဘုရားဓားနည်းစနစ်ပဲ။"
သူသည် ညအင်ပါယာ၏ ကျင့်ကြံခြင်းအဆင့်သို့ ပြန်လည် မရောက်ရှိသေးသော်လည်း သိုင်းနည်းစနစ်တစ်ခုကို ကြည့်လိုက်သည်နှင့် မည်မျှအရည်အသွေး ကောင်းမွန်ကြောင်းကို သုံးသပ်နိုင်စွမ်း ရှိ၏။
သူသည် အရင်ဘဝတုန်းက များပြားလှသော ကျင့်ကြံခြင်း နည်းစနစ်များကို ကျင့်ကြံခဲ့သူ မဟုတ်လား။
လင်းကျန်းဓားသိုင်းအား လေ့လာနေစဉ်မှာတော့ သူ၏ မျက်နှာ အမူအရာများသည် အမျိုးမျိုး ပြောင်းလဲနေ၏။
"ဒီဓားနည်းစနစ်က ဘုံကိုးပါး တိမ်ခွဲဓားနည်းစနစ်ထက် ဘယ်လိုမှကို အားမနည်းဘူးပဲ။"
သူသည် အိပ်ခန်းဆီသို့ ပြန်လာပြီးသည့်နောက် ထိုက်ရွှန်ကျင့်စဉ် နှင့် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်များကို ခေတ္တ ပစ်ပယ်ထားမိ၏။ လင်းကျန် ဓားသိုင်းအပေါ်မှာပဲ သူ၏ အာရုံကို အပြည့်အဝ ပို့ဆောင်ထားမိသည်။
တစ်ညလုံး ဖတ်ရှုပြီးသည့်နောက် သူသည် ဓားနည်းစနစ်များကို မှတ်သားနိုင်ခဲ့သည် ဆိုသော်လည်း သင်ယူနိုင်ဖို့တော့ အလွန်အမင်း ခက်ခဲနေသေး၏။
ကျွင်းချောင်ရှောင်းသည်လည်း ထိုအချက်ကို သိရှိပြီး ဖြစ်သည်။
သူသည် ဓားနည်းစနစ်အား သင်ယူခဲ့သည်ဆိုသော်လည်း ပင်ကိုယ်စွမ်းရည်အကန့်အသတ်ရှိနေသောကြောင့် ခုတ်ပိုင်းလိုက်သော အားအင်သည် လုံလောက်သည့် အားအင်မျိုးအဖြစ် ဖြစ်ပေါ်မလာခဲ့ပေ။ ထို့ကြောင့် ရီရှင်းချန် လည်း ထိုသို့ဖြစ်မည်ကို နားလည်ထာပြီး ဖြစ်သည်။
………
ရီရှင်းချန်သည် အပြင်ဘက် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် မတ်တပ်ရပ်လျက်ရှိသော ကျိုးဟုန်အား ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
"ဒီကောင်လေးက ပထမအဆင့်ကို နားလည်သွားပြီ။သူသာ အားကောင်းတဲ့ ဓားနည်းစနစ်ကို လေ့ကျင့်မယ်ဆိုရင် အင်ပြည့်အားပြည့် ထုတ်ဖော်နိုင်ရုံသာ မကဘူး သူ့ရဲ့ဓား တာအို အတွက်လည်း အကျိုးကျေးဇူး အများကြီး ရနိုင်လိမ့်မယ်။"
သံမဏိအရိုးဂိုဏ်းတွင် နေထိုင်ခြင်းသည် ဓားတာအိုကို နားလည်သောအဆင့်သို့ ရောက်ရှိနေသည့် ဓားကျင့်ကြံသူအတွက် အချိန်ဖြုန်းခြင်း ဖြစ်မည်ဟု ညအင်ပါယာ သုံးသပ်ခဲ့၏။
သို့ပေမဲ့ အဆုံးသတ်မှာတော့ ဂိုဏ်းချုပ်သည် နတ်ဘုရားအဆင့် ဓားနည်းစနစ်တစ်ခုကို ထုတ်ပေး၍ သူ၏ မျက်နှာကို ဖြတ်ရိုက်ခဲ့လေသည်။
သောက်ကျိုးနည်းလှချေသည်။
……..
မိုးဆွေဟောခန်း အဖွဲ့သားများသည် အိုက်ကလန်၏ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး လေလံပွဲ သတင်းအပြင် တခြားသော သတင်းများအားလည်း သူတို့၏ ဟောခန်းသခင်ဆီသို့ ပိုဆောင်နေကြသည်။ အဓိက အားဖြင့် ပြီးစီးသွားပြီဖြစ်သော အိုက်ကလန်၏ လေလံပွဲသတင်းမှာ အစုံလင်ဆုံး ဖြစ်သည်။
ကျွင်းချောင်ရှောင်း သတင်းကြားချိန်မှာတော့ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်မိ၏။ ချက်ချင်းပင် မျက်လုံးပြူး မျက်ဆံပြူးဖြင့် မေးလိုက်မိ၏။ “လေလံပွဲက ဘယ်လောက်တောင် ရသွားတယ်။”
လီလိုရှု ပြောလိုက်သည်။ "ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးဆယ်လုံးအတွက် သူတို့က ခြောက်သန်းလောက် ရသွားတယ်။ တစ်လုံးကို အနည်းဆုံး ခြောက်သိန်းကျော် ရတယ်လို့ ပြောရမယ်။"
ကျွင်းချောင်ရှောင်းသည် သူ နားကြားမမှားမှန်း အတည်ပြုပြီးသည့်နောက် နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင် လျက်ရှိသည်။
ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်လုံးကိုတောင် ဒီလောက် များပြားတဲ့ ဈေးနှုန်းနဲ့ ရောင်းရတယ်ဆိုရင် ငွေတွေ အများကြီးရမှာပဲ။
လီလျုရှုပြောလိုက်သည်။ "အဓိက ဂိုဏ်းတွေက အရူးတွေ မဟုတ်ဘူးလေ။ သူတို့က များပြားလှတဲ့ ပိုက်ဆံတွေကို သုံးပြီးတော့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတွေကို ဝယ်ယူချင်ကြတယ်။ ဒါက ထူးခြားတဲ့ အစွမ်းသတ္တိနဲ့ဆေးလုံး မဟုတ်လား။"
"အင်း "
"သြော် …ဟုတ်သားပဲ။"
သူမ ပြောလိုက်သည်။ "အိုက်ကလန်ဆီကရတဲ့ အချက်အလက်တွေအရဆိုရင် လေလံပွဲပြီးပြီဆိုတာနဲ့ အိုက်ကလန်ခေါင်းဆောင်က သံမဏိအရိုးဂိုဏ်းဆီကို လာမယ်လို့ ပြောတယ်။"
"ဂိုဏ်းချုပ်။"
ထိုအချိန်မှာပဲ လီချင်းယန်သည် လာရောက်သတင်းပို့သည်။ "အိုက်ကလန်အကြီးအကဲ ထပ်ပြီးလာပါတယ်။"
လီလိုရှု ကြောင်သွားသည်။ "ထပ်ပြီး ဟုတ်လား။"
"ဝင်ခိုင်းလိုက်လေ။"
"ဟုတ်ကဲ့ပါ။"
လီလိုရှု ပြောလိုက်သည်။
"အိုက်ကလန်က ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတွေကို ရောင်းချပြီးတော့ ဆေးလုံး နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်တာကြောင့် အဆက်အသွယ်အများကြီးရှိတယ်။ သူတို့က ချင်းယန်နိုင်ငံမှာ တော်တော်လေးကို ကျော်ကြားတယ်လို့ သတ်မှတ်နိုင်တယ်။ ဂိုဏ်းချုပ် ကိုယ်တိုင်သွားပြီး မကြိုဘူးလား။"
"အဲဒါတွေ မလိုပါဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လီလိုရှု တီးတိုးရေရွတ်လိုက်မိ၏။
"ဂိုဏ်းချုပ်က တော်တော်မာနကြီးတာပဲ။"
မကြာခင်မှာပဲ အိုက်ကလန် ခေါင်းဆောင်သည် အဓိက ဟောခန်းထဲသို့ လျှောက်ဝင်လာသည်။ သူသည် လက်သီးကိုဆုပ်၍ ယဉ်ယဉ်ကျေးကျေး ပြုံးကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း မတွေ့တာကြာပြီ။ ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ထပ်ပြီးတော့ တိုးတက်သွားပြန်ပြီပဲ။"
"ဟမ်"
ပြီးနောက် သူသည် လီလိုရှုအား ကြည့်ကာ မေးလိုက်သည်။ "ဒါက …"
"လီလိုရှုလေ ။ သံမဏိအရိုးဂိုဏ်းရဲ့ ဟောခန်းသခင်တစ်ယောက်ပေါ့။"
ကျွင်းချောင်ရှောင်း မိတ်ဆက်ပေးလိုက်သည်။
သံမဏိအရိုးဂိုဏ်းတွင် ဟောခန်းသခင်တောင် ရှိနေပြီလား။ တိုးတက်မှုသည် အလွန်တရာ မြန်ဆန်လွန်းနေ၏။
အိုက်ရှန်းရီ သည် လျှင်လျှင်မြန်မြန်ပဲ လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ဪ ဟောခန်းသခင်လီကိုး ။ မနှုတ်ဆက်မိတာ တောင်းပန်ပါတယ် ။ တောင်းပန်ပါတယ်။"
လီလိုရှု ဆွံ့အနေမိ၏။
အိုက်ကလန်သခင်သည် အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်ဂိုဏ်းတစ်ခုသို့ သွားမည်ဆိုလျှင်တောင်မှ အကြီးအကဲများကိုယ်တိုင် မတ်တပ်ထရပ်၍ ကြိုဆိုရသည့်လူမျိုး ဖြစ်၏။
ယခု ထိုကဲ့သို့သော အိုက်ကလန်ခေါင်းဆောင်သည် သံမဏိအရိုးဂိုဏ်းဆီ လာလည်ချိန်၌ အဘယ့်ကြောင့် နှိမ့်နှိမ့်ချချနှင့် ရိုကျိုးနေ နေရသနည်း။
ရုတ်တရက်ဆိုသလိုပဲ အိုက်ကလန်ခေါင်းဆောင်နှင့် ရင်းနှီးသည်ဟု ခေါင်းဆောင် ပြောခဲ့ဖူးသည်ကို သူမ သတိရသွားသည်။ ဤကိစ္စမှာ အမှန်ပင် ဖြစ်လောက်၏။
ဤမျှ ရင်းနှီး၍လည်း ပြန်လည်ကောင်းမွန်ခြင်း ဆေးကြီးတစ်ပုလင်းကိုတောင် ပေးတာပင် ဖြစ်နိုင်သည်။
"ဒါဆိုရင် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးက အစစ်လား။" လီလိုရှု၏ အမူအရာများသည် အေးခဲသွား၏။