← Chapters

အခန်း (၁၄၃)

Vol. 10 Ch. 143

အခန်း (၁၄၃)

Vol. 10 Ch. 143

အတွင်းခြံဝန်းကို ပြန်လည်တည်ဆောက်ပြီးသည့်နောက်မှာတော့ အပြင်ခြံဝန်းကို ဆက်လက်ချဲ့ထွင်ကာ ပြန်လည်တည်ဆောက်လျက်ရှိသည်။

တပည့်များ၏ နေ့စဉ်လေ့ကျင့်မှု လုပ်ငန်းစဉ်များအား အတွင်းခြံဝန်းဆီ ရွေ့ပြောင်းခဲ့၏။

ကံကောင်းစွာဖြင့် အတွင်းခြံဝန်းတွင် ရှိသော လေ့ကျင့်ရေးတည်နေရာအား ပိုမိုကြီးအောင် ချဲ့ထွင်လိုက်သောကြောင့် အားလုံးအတွက် ကျယ်ဝန်းသောတည်နေရာကို ရရှိနေ၏။

လီလိုရှု သည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးအား ယူသောက်ပြီးသည့်နောက် အလွန်အမင်း တုန်လှုပ်သွားမိသည်။

ထို့အပြင် သူမသည် သူမ၏ ခန္ဓာကိုယ် ၊ မရီဒန်နှင့် အရေပြား၏ အရည်အသွေးများသည် ပိုမို တိုးတက်လာသည်ဟု ခံစားမိ၏။

တကယ်ဆိုလျှင် သူမ၏ နောက်လိုက်များကို ခေါ်၍ သံမဏိအရိုးဂိုဏ်းသို ဝင်ရောက်ရန် စဉ်းစားခဲ့ခြင်းမှာ သူမအနေနှင့် ဖမ်းဆီးခံထားရခြင်ကြောင့် ဖြစ်သည့်အပြင် စိတ်ဝင်စားစရာကောင်းသော ကန္တာရလင်းယုန် ကြောင့်လည်း တစ်စိတ်တဒေသ ပါဝင်ခဲ့သည်။

သို့ပေမဲ့ လက်ရှိအချိန်တွင်တော့ သူမ၏ ဆုံးဖြတ်ချက်အတွက် အလွန်အမင်း ပျော်ရွှင်နေမိ၏။

ပြင်ပကို ထွက်၍ သတင်းအချက်အလက်များ စုစည်းသည့် လုပ်ငန်းစဉ်တွင် တာဝန်မကျခဲ့သော မိုးဆွေဟောခန်း၏အဖွဲ့ဝင်များအားလုံးသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးကို ရရှိခဲ့ကြသည်။

သူတို့သည် တစ်နှစ်ပတ်လုံး အမှောင်ထဲတွင် နေထိုင်ခဲ့ကြပြီး လက်ရှိအချိန်တွင် ဘဝ၏ တောက်ပသော အလင်းရောင်ကို စတင်မြင်နေရပြီဖြစ်၏။

ကံဆိုးစွာဖြင့် မိုးဆွေ ဟောခန်းထဲမှ လုပ်ကြံသတ်ဖြတ်သူ တော်တော်များများသည် ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြသောကြောင့် သိုင်းတပည့်အဆင့်သို့ ရောက်နှင့်နေပြီး ဖြစ်ကြသည်။

ထို့ကြောင့် သူတို့အနေနှင့် ပေါက်ကွဲလက်သီး ၊ လခြမ်းဓားကွက်များကိုသာ လေ့ကျင့်နိုင်ကြ၏။ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား ကျင့်ကြံ၍ မရတော့ချေ။

လီလိုရှု နှင့် သူမ၏ တပည့်များအား သံမဏိအရိုးဂိုဏ်းသားများအဖြစ် အလုံးစုံ စိတ်ထဲမှာ လက်ခံမှု ရှိစေရန်အတွက် ကျွင်းချောင်ရှောင်းသည် များပြားလှသော အခွင့်အရေးများကို ပေးထား၏။

ဥပမာအားဖြင့် ထိုသူတို့ လေ့ကျင့်ရန်အတွက် ကြွက်သားတည်ဆောက်ခြင်းအခန်း နှစ်ခန်းအားလည်း ဝယ်ယူ ပေးထား၏။

ထို့အပြင် သူသည် စွမ်းဆောင်ရည်ကောင်းသော တပည့်များအား ရွေးချယ်၍ စနိုက်ပါသေနတ်များ တပ်ဆင်ပေးထားရန်လည်း စဉ်းစားထားမိ၏။ သူ၏ အရင်ဘဝက အခြေအနေနှင့် သုံးသပ်ရမည်ဆိုလျှင် အထူးတပ်သားများအဖြစ် ရွေးချယ်ထားခြင်းနှင့် ဆင်တူသည်။

စနိုက်ပါများ ကိုင်ဆောင်ထားသည့်အပြင် သဘာဝထဲတွင် ပျောက်နေမည့် ဝတ်စုံများကို ဝတ်ဆင်ကာ အမှောင်ထဲမှာ ခိုအောင်းနေမည်ဆိုပါက အလွန်အမင်း အားကောင်းလှသည့် တပ်ဖွဲ့တစ်ခုကို ရရှိသလိုပင် ဖြစ်ပေလိမ့်မည်။

အပြင်ခြံဝန်း ပြန်လည်တည်ဆောက်ပြီးသည့်နောက်မှာတော့ တပည့်သစ်နှင့် တပည့်ဟောင်းများသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကျင့်ကြံခြင်း လုပ်ငန်းစဉ်များအား ပုံမှန်အတိုင်း ပြုလုပ်လျက်ရှိ၏။

တစ်ပတ်လောက်ကြာပြီးသည့်နောက်မှာတော့ ကြေညာချက်ထုတ်ပြန်ထားသည့်အတိုင်း တပည့်များသည် အားအင် စမ်းသပ်ခြင်းစက်၌ တစ်လစာ အားအင်ပြိုင်ပွဲအတွက် စမ်းသပ်ကြတော့သည်။

လီချင်းယန်သည် သူ၏ ဂျူနီယာများ၏ အားအင်အဆင့်ကို တွက်ချက်၍ မှတ်သားနေ၏။ ထိုမှသာလျှင် လစဉ်စမ်းသပ်မှုပြိုင်ပွဲ၌ အနိုင်ရရှိသူအား ဆုံးဖြတ်ပေးနိုင်မည် မဟုတ်လား။

စုချောင်မို - ၆၀၀၀ဂျင်။

ရှောင်ကျီ - ၉၀၀၀ဂျင်။

လုံကျိရန် - ၄၀၀၀ဂျင်။

လင်းယွမ်ရွှယ် - ၇၀၀ဂျင်။

ရီရှင်းချန် - ၁၀၀၀၀ဂျင်....

များပြားလှသော စမ်းသပ်မှုတွေ ပြီးသည့်နောက်မှာတော့ စုချောင်မိုနှင့် အတွင်းတပည့်တော်တော်များများသည် ကျင့်ကြံခြင်းအရင်းအမြစ်များအား များများစားစာ ရရှိခဲ့သည့်အပြင် အချိန်အတော်ကြာ လေ့ကျင့်ခဲ့ရ သောကြောင့် သူတို့၏ အားအင်များသည် ပိုမို၍ တိုးတက်လာကြသည်။

တပည့်အသစ်များမှာတော့ အဆင့်လေး ဒါမှမဟုတ် အဆင့်ငါး စွမ်းအင်ဖွင့်ခြင်း ကျင့်ကြံသူများသာ ဖြစ်သောကြောင့် သူတို့၏ အားအင်အဆင့်သည် မမြင့်မားကြချေ။

ထို့အပြင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်၍ ပြုလုပ်ရသည် ဖြစ်သောကြောင့် အချို့သောတပည့်များ၏ အလုံးစုံ အားအင်အား စမ်းသပ်၍ မရနိုင်ချေ။

ဥပမာအားဖြင့် စုရှောင်မိုနှင့် လီဖေးတို၏ အမြန်နှုန်း နှင့် ခြေထောက်၏ အားအင်များကို စမ်းသပ်စစ်ဆေးရန် ခက်ခဲလှ၏

ပြိုင်ပွဲ၏ အခြေအနေကို ကြည့်ရသည်မှာ ရီရှင်းချန်၏ အားအင်အဆင့်သည် အမြန်ဆန်ဆုံး တိုးတက်လာခဲ့ပြီဖြစ်သည်။

ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံသည့်အပြင် ထိုက်ရွှမ် ကျင့်ကြံခြင်းနည်းစနစ် ကိုလည်း တစ်ချိန်တည်းမှာ ကျင့်ကြံသောကြောင့် သူသည် သိုင်းတပည့် ဒုတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်၏။

ဤတပည့်သည် နတ်ဘုရားအဆင့် နှင့် အထက် ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံနေကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် တွေးလိုက်မိသည် "ငါ ဟောင်ချီ ဂိုဏ်းကိုသွားရင် သူ့ကို ခေါ်သွားမှဖြစ်မယ်။"

ရှောင်ကျီ၏ အဆင့်နှင့် အားအင်အဆင့်သည် မလိုက်ဖက်လှချေ။ သူသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ကိုးသာ ရှိသည်ဆိုသော်လည်း တိုက်ခိုက်ချက်များမှာ အလွန်အမင်း အားအင် ပြင်းထန်လှ၏။ သူသည် ခန္ဓာကိုယ်အားအင်ကို အဆုံးစွန်ထိ ကျင့်ကြံခဲ့သောကြောင့်ပင် ဖြစ်သည်။

လီဖေးနှင့် ထျန်းချီတို၏ အရည်အချင်းသည်လည်း မဆိုးလှချေ။

သူတို့သည် စီနီယာအစ်ကိုနှင့်ယှဉ်လျှင် အားနည်းလှသည် ဆိုသော်လည်း အလုံးစုံအားအင်အရာမှာတော့ အရမ်းကြီး မကွာခြားလှချေ။

အခြားတစ်ဖက်တွင်ရှိသော လုချင်းချင်းမှာတော့ ထုံးစံအတိုင်းပင်။ သူမသည် စမ်းသပ်ပွဲတိုင်းတွင် အားအင်အကုန်ကို ဘယ်တော့မှ ထုတ်မသုံးခဲ့ချေ။

မည်သို့ပင် ဖြစ်စေ အတွင်းစည်းတပည့်များအားလုံးသည် ဂိုဏ်းသားအားလုံး၏ ပြယုဒ်တစ်ခုပင် ဖြစ်သည်။ သူတို့သည် အခြားသော ဂိုဏ်းသားများထက် ပိုမို၍ အားကောင်းကြ၏။

လီချင်းယန်သည် ဂိုဏ်း၏ အတွင်းရေးကိစ္စများအားလုံးကို စီမံခန့်ခွဲရသည်ဆိုသောကြောင့် အပြင်ဘက် တိုက်ပွဲနှင့် ပတ်သက်သည့် ကိစ္စအားလုံးကို အနာဂတ်တွင် တာဝန်ယူရသူများမှာ လုချင်းချင်း ၊ ရှောင်ကျီနှင့် ရီရှင်းချန်တို့ပင် ဖြစ်လာပေလိမ့်မည်။

ချင်းချင်းက စိတ်ဝိညာဉ်စွမ်းအင်တွေကို အသုံးပြုတဲ့နေရာမှာ အဆင့်မြင့်မားသည်။

ရှောင်ကျီ၏ ခန္ဓာကိုယ်သည် အလွန်အားကောင်း၏။

ရှင်းချန်ကတော့ လက်သီးကောင်းသည်။

ရှောင်မူသည် လှုပ်ရှားသွားလာရာတွင် မြန်ဆန်လွန်း၏။

"ငါ့ဆီမှာ တကယ့်ကို ဒူပေဓာပေ ခံနိုင်တဲ့လူတွေ ၊ အဝေးကနေ တိုက်ခိုက်နိုင်တဲ့လူတွေ ၊ အနီးကပ်တိုက်ခိုက်နိုင်တဲ့လူတွေ ရှိတယ်။ ပြိုင်ပွဲတစ်ခုခုကို သွားပြီး ပြိုင်မယ်ဆိုရင်တော့ အရမ်းအားမကောင်းသေးဘူး"

သူတို့အနေနှင့် သိုင်းပြိုင်ပွဲတွင် ငါးယောက်ပွဲသာ ကျင်းပမည်ဆိုလျှင် ကောင်းကောင်း အနိုင်ယူနိုင်စွမ်းရှိ၏။ သို့ပေမဲ့ နှစ်ဆယ့်ငါးယောက်ကဲ့သို ကြီးမားလှသော သိုင်းပြိုင်ပွဲများအတွက်မူ အဆင်မပြေနိုင်သေးပေ။

ထို့အပြင် အဓိက တိုက်ခိုက်မည့်လူတစ်ယောက် လိုအပ်နေသေး၏။

……

ကျိုးဟုန်သည် နောက်ဆုံးအကြိမ်မှ စမ်းသပ်မှုအား လာရောက် စမ်းသပ်ခဲ့သည်။ အားအင်စမ်းသပ်ခြင်း ကျောက်တုံးအား ဓားဖြင့် ခုတ်ပိုင်းခဲ့ခြင်း ဖြစ်၏။

သို့ပေမဲ့ ကျောက်တုံး ပိုင်းပြတ်မသွားခဲ့ဘူးဆိုရင်တောင်မှ သူထုတ်ဖော်လိုက်သော အားအင်အဆင့်သည် ၅၀၀၀ ဂျင် နီးပါးလောက် ရှိနေပြီဖြစ်သည်။

"ကောင်းကင်ဘုံ ဂျုနီယာညီလေးကျိုးက တကယ့်ကို အားကောင်းလာတာပဲ။"

ဓားဖြင့် တိုက်ခိုက်လိုက်သည် ဆိုသော်လည်း အားအင်စမ်းသပ်မှုစက်တွင် ပေါ်လာသော အချက်အလက်များကို ကြည့်၍ တပည့်များသည် သံပြိုင်ပဲ ထအော်လိုက်မိ၏။

ရီရှင်းချန်သည် များများစားစား မတွေးထားပေ။ သူသည်လည်း ဓားကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ၏ အားအင်သည် ဓားဆရာတစ်ယောက်၏ အားအင်ထက် ဘယ်လိုမှ လုံးလုံး အားမနည်းလှချေ။

ထို့ကြောင့် ခန္ဓာကိုယ်ထဲတွင် ရှိသော ဓားစွမ်းအင်များအား လက်နက်နှင့်တွဲ၍ ထုတ်ဖော်လိုက်လျှင် ၅၀၀၀ ဂျင်ဟူသည့် အားအင်ကို လွယ်လွယ်ကူကူ ရောက်ရှိနိုင်၏။

ထို့အပြင် ကျိုးဟုန်သည် စမ်းသပ်မှုကိုသာ လာရောက်စမ်းသပ်သည် ဖြစ်သောကြောင့် အားအင်အပြည့် မထုတ်ဖော်ခဲ့ဘူးဆိုသည်ကို သူ ကောင်းကောင်းခန့်မှန်းမိသည်။

"မဆိုးဘူး …… မဆိုးဘူး။" ကျွင်းချောင်ရှောင်း သဘောတကျနှင့် ပြောလိုက်မိ၏။

လစဉ်အားအင်စမ်းသပ်မှု ပြုလုပ်ရခြင်း၏ အဓိက အချက်မှာ တပည့်များ၏ တိုးတက်မှု အခြေအနေအား မျက်ခြေမပြတ်စေရန် ဖြစ်သည်။

ထို့ကြောင့် သူသည် အားအင်အမြင့်ဆုံးအဆင့် ရရှိသော တပည့်ငါးယောက်ကို ခေါ်၍ ချီစုစည်းခြင်းဆေးလုံး သုံးလုံး ပေးအပ်လိုက်၏။

အားအင်အနိမ့်ဆုံးအဆင့်ကို ရရှိကြသော တပည့်ငါးယောက်တို့မှာတော့ ကံဆိုးလှချေသည်။

သူတို့သည် ခုနစ်ရက်တိတိ ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရန်နှင့် ပန်းကန်များအား ဆေးကြောခြင်းအလုပ်ကို ပြုလုပ်ရမည်ဖြစ်၏။

အတွင်းစည်းတပည့်များအားလုံးသည် လစဉ်လတိုင်း ချီစုစည်းခြင်းဆေးလုံးကို သတ်မှတ်ထားသော ပမာဏအလိုက် ရရှိခဲ့ပြီးဖြစ်၏။

ထို့ကြောင့် သူတို့သည် အားအင်စမ်းသပ်မှု ပြိုင်ပွဲတွင် ဝင်ရောက်စမ်းသပ်ကြသည်ဆိုသော်လည်း မည်သည့်ဆုလာဒ်ကိုမှ မရရှိကြချေ။

စာကြည့်ခန်းအတွင်းမှာတော့ လီချင်းယန် ပြောလိုက်သည်။ "ဂိုဏ်းချုပ် …တပည့်တွေ ပိုပိုပြီး များလာတယ်။ဂိုဏ်းရဲ့ ဝတ်စုံတွေ ပိုပြီးတော့ လိုလာတယ်။"

ကျွင်းချောင်ရှောင်းသည် ငွေတစ်သောင်းကို ထုတ်ပေးကာ ပြောလိုက်သည်။ "မတူညီတဲ့ အရွယ်အစားအမျိုးမျိုးနဲ့ ဂိုဏ်းဝတ်စုံတွေကို လုပ်ခဲ့လိုက်။ပြီးတော့ တပည့်သစ်တွေကို ပေးလိုက်။"

"ကောင်းပါပြီ။"

"မိုးဆွေဟောခန်းက ဟောခန်းတစ်ခုသာသာပဲ။ ဒီတော့ သူတို့ရဲ့ ဝတ်စုံတွေကို ဂိုဏ်းမှာရှိတဲ့ တပည့်တွေရဲ့ ဝတ်စုံနဲ့ နည်းနည်း ခြားနားမှ ဖြစ်မယ်။ ဒီတော့ ပုံကြမ်းအတိုင်း ယူပြီး အရောင်ကို ကြည့်ကြပ်လုပ်လိုက်တော့။"

"ကောင်းပါပြီ။"

ပိုက်ဆံသည် အရာအားလုံးကို ကောင်းမွန်အောင် ပြုလုပ်နိုင်စွမ်းရှိ၏။

နောက်တစ်ရက်မှာပဲ ဂိုဏ်းဝတ်စုံများသည် သူတို့ဆီသို့ ရောက်ရှိလာကြသည်။

မိုးဆွေဟောခန်းမှ ဂိုဏ်းဝတ်စုံသည် အဓိကအားဖြင့် ငွေရောင်ကို အခြေခံထား၏။ ပုံပန်းသွင်ပြင်မှာတော့ ဂိုဏ်း၏အဓိကဝတ်စုံနှင့် ခြားနားမှု မရှိလှချေ။

သို့ပေမဲ့ ဟောခန်းသခင်၏ ဝတ်စုံမှာတော့ အနည်းငယ်ခြားနားလျက် ရှိသည်။

ဝတ်ကြည့်လိုက်သည့်အချိန်မှာတော့ တင်းရင်းသည့် ခန္ဓာကိုယ် ကောက်ကြောင်းအား အတိုင်းသား ပေါ်စေပြီး မြင်ရသူများအား မျက်လုံးမခွာချင်လောက်အောင် ဆွဲဆောင်မှု ရှိနေ၏။

"ကျွန်မ ကြည့်လို့ကောင်းလာ။"

သပ်ရပ်ကြည့်ကောင်းလှသည့် ငွေရောင်ဂိုဏ်းဝတ်စုံအား လဲလှယ်ပြီးသည့်နောက် လီလိုရှု သည် စာကြည့်ခန်းထဲတွင် ပတ်ကာ လမ်းလျှောက်လျက်ရှိသည်။

သူမ၏ အသွင်အပြင်ကို စကားလုံးတစ်လုံးနှင့် အဓိပ္ပာယ်ဖော်ဆောင်ရမည်ဆိုလျှင် ရာဂ ဟု သတ်မှတ်ရမည်။

"မြန်မြန် အပေါ်ကနေပြီးတော့ … ဝတ်စုံတစ်ခုခု ဝတ်လိုက်စမ်းပါအုံး။"

သူ ဤအတိုင်းဆက်ကြည့်နေပါက နှာခေါင်းသွေး လျှံလာတော့မည်ကို သိသောကြောင့် ကျွင်းချောင်ရှောင်း မြန်မြန်ပဲ ပြောလိုက်မိ၏။

လီလိုရှု သည် အမဲရောင်ဝတ်ရုံအား သူမ၏ ကိုယ်ပေါ်တွင် ထပ်ဝတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းဝတ်စုံက ဂိုဏ်းချုပ် ဖန်တီးထားတာလို့ ကြားတယ်။ဒါက ကျွန်မရဲ့ အကြိုက်နဲ့ တော်တော်ကို ကိုက်ညီတာပဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အလှအပကို ကြိုက်နှစ်သက်တဲ့ အမျိုးသမီးတိုင်းက ဒီဝတ်စုံကို ကြိုက်ကြမှာပဲလေ။ ဪ ဒါနဲ့ ကျုပ် မိုးဆွေဟောခန်းထဲကို ပို့ဖို့ တပည့်တစ်ချို့ကိုလည်း ရွေးချယ်ထားတယ်။ သူတို့ကိုလည်း လေ့ကျင့်ပေးဖို့ ခင်ဗျား တာဝန်ယူလိုက်။"

"အင်း ကောင်းပါပြီ။"

လီလိုရှုပြောလိုက်၏။ "ဒါပေမဲ့ မိုးဆွေဟောခန်းအနေနဲ့ သူတို့ကို အထူးလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးနိုင်ဖို့ ကျဉ်းမြောင်းနေတယ်။ လွတ်လွတ်လပ်လပ် နေရာတစ်ခု လိုအပ်နေသေးတယ်။"

သူမသည် လုပ်ကြံသတ်ဖြတ်သူများ၏ ပုံစံအတိုင်း လူသစ်များအား လေ့ကျင့်ပေးချင်၏။

ကျွင်းချောင်ရှောင်းသည် တောင်၏ အနောက်ဘက်နေရာတစ်ခုအား လက်ညိုးထိုးပြ၍ ထိုနေရာတွင် လေ့ကျင့်ပေးနိုင်ကြောင်း မှာလိုက်၏။

သူ၏ သံမဏိအရိုးဂိုဏ်းတည်နေရာသည် ကြီးမားကျယ်ပြန့်ပြီးသားဖြစ်၏။ လူအင်အားနှင့် ဂိုဏ်း၏ အဆင့် သတ်မှတ်ချက် နည်းပါးနေခြင်း ကြောင့်သာ သူသည် ကောင်းကောင်း မချဲ့ထွင်ထားခြင်း ဖြစ်သည်။

မိုးဆွေအခန်းအတွင်းသို့ ပိုဆောင်မည့်တပည့်မှာ ဆယ်ယောက်ရှိ၏။ အားလုံးသည် ထက်မြက် ကြသူများဖြစ်၏။

ဥပမာအားဖြင့် အတောင်ပံတစ်စုံလိုချင်သည် ၊ ကောင်းကင်သ့ို ပျံသန်းချင်သည်ဆိုသော လီထျန်းရှန် လည်း ပါဝင်သည်။

လီလိုရှု သည် လုပ်ကြံသတ်ဖြတ်သူများအတွက် လေ့ကျင့်ခန်းများ ပေးရာတွင် အလွန်တော်သောသူဟု ဆိုရမည်။ တစ်ချိန်တည်းမှာပဲ သူမ၏ စည်းကမ်းချက်များသည် တင်းကျပ်လွန်းပြီး လေ့ကျင့်ခန်းများမှာလည်း ပြင်းထန်လွန်းသည်။

လေ့ကျင့်ရေး တည်နေရာကို တည်ဆောက်ပြီးသည့်နောက်မှာတော့ တပည့်ဆယ်ယောက်သည် ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခြင်းကို ခံရတော့သည်။

သူတို့အားလုံးသည် တစ်ယောက်နှင့် တစ်ယောက်ဖက်၍ အော်ငိုကြသည်အထိ စိတ်ဆင်းရဲလျက် ရှိနေကြ၏။

လီထျန်းရှန်သည် ဟောခန်းသခင်၏ တင်းကြပ်လှသော စည်းမျဉ်းစည်းကမ်းများနှင့် လေ့ကျင့်ရေးများကို လိုက်ပါ ပြုလုပ်နေရသောကြောင့် တစ်နေကုန် မျက်နှာအား ဘောလုံးနှင့် ကန်လေ့ရှိသည့် စီနီယာ လီဖေး ကိုပင် သတိရ လွမ်းဆွတ်လျက်ရှိ၏။

……..

လက်ရှိတွင် အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်နေရသူမှာ ရီရှင်းချန်ပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် သူ့အား နတ်ဘုရားအဆင့် ဓားကျင့်ကြံခြင်း နည်းစနစ်တစ်ခုအား ပေးခဲ့၏။ သို့ပေမဲ့ သောက်ဓားလေး တစ်ချောင်းတောင်မှ မပေးခဲ့ပေ။

သူသည် အဘယ်သို့ လေ့ကျင့်ရမည်နည်း။

တွေ့ရာသစ်ကိုင်းတစ်ချိုကို ချိုး၍ လေ့ကျင့်နေရသည်။ ထို့ကြောင့် သွား၍တောင်းခဲ့သည်။

"ငါမင်းကို စဦးအဆင့်အအေးဓား ပေးနိုင်တယ်။ ဒါပေမဲ့ အခြေအနေပေါ်မူတည်သေးတယ်။"

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် အသာမှီကာ ပြောလိုက်သည်။ "မကြာခင်မှာ ငါတို့က ဟောင်ချီ ဂိုဏ်းကို သွားပြီး စိန်ခေါ်မှာ။ ကောင်းကောင်း အစွမ်းပြမှ ဖြစ်မယ်။”

သူသည် ဂိုဏ်းသားများအတွက် ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ်နှင့် ဆေးလုံးများအား ပေးအပ်ခဲ့၏။ လက်နက်များကိုတော့ အလွယ်တကူ ထုတ်မပေးချေ။

ဂိုဏ်းအတွက် လုံလောက်သည့်အကျိုးကို ဆောင်ရွက်နိုင်မှသာ လက်နက်များကို ရရှိပေလိမ့်မည်။

စုရှောင်မိုနှင့် တစ်ခြားသူများသည် သိုင်းပြိုင်ပွဲတွင် ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသခဲ့၏။ ထို့ကြောင့်ပင် သူသည် အအေးဓားကို ပေးအပ်ခဲ့ပြီးဖြစ်သည်။

"ဘယ်လောက်ကြာရင် သွားမှာလဲ။"

"တစ်လအတွင်း"

ရီရှင်းချန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "အဆင့်ခြောက် ဂိုဏ်းလေးတစ်ခုကို ရင်ဆိုင်ဖို့ဆိုရင် ဂိုဏ်းချုပ် တစ်ခြားတပည့်တွေကိုတောင် ခေါ်သွားစရာမလိုဘူး။ ကျွန်တော် တစ်ယောက်တည်းနဲ့ သူတို့အားလုံးကို ရင်ဆိုင်နိုင်တယ်။"

All Chapters