← Chapters

အခန်း (၁၄၆)

Vol. 10 Ch. 146

အခန်း (၁၄၆)

Vol. 10 Ch. 146

“သံမဏိ အရိုးဂိုဏ်းက တဘက်ခါမှာ ဟောင်ချီဂိုဏ်းကို စိန်ခေါ်မယ် ဟုတ်လား။ ဒါက သတင်းကြီးပဲ”

“ခုတလော ဘာအသံမှ မကြားရတော့ ဂိုဏ်းချုပ် ကျွင်းကြောက်လန့်နေပြီလို့ ထင်ခဲ့တာ။ သူ တကယ်ပဲ သွားပြီး စိန်ခေါ်မှာကိုး။”

“မဟာမိတ်ခေါင်းဆောင်ချင် ရဲ့ ဂိုဏ်းက အဆင့်ခြောက်ဂိုဏ်းလေ။ တပည့်တွေ ခေါ်ပြီးသွားတော့ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရမှာ မစိုးရိမ်ဘူးလား”

မိုးဆွေဟောခန်းမှ လူများ၏ သတင်းဖြန့်မှုကြောင့် ချင်းယန်မြို့၏ မြို့ရှစ်မြို့သည် သံမဏိအရိုးဂိုဏ်း ဟောင်ချီ ဂိုဏ်းအား စိန်ခေါ်သည့်သတင်းအား ရရှိခဲ့ပြီ ဖြစ်သည်။

ပျင်းရိနေကြသော ကျင့်ကြံသူများသည် နေ့စဉ် လုပ်ငန်းစဉ်တွင် သံမဏိအရိုးဂိုဏ်းအကြောင်း ပြောဆိုသည့် အလုပ်အား ထပ်တိုးလုပ်ဆောင်လာကြ၏။

သို့ပေမဲ့ ဟောင်ချီဂိုဏ်းသည် အဆင့်ခြောက် ဂိုဏ်းတစ်ခု ဖြစ်ပြီး သန်မာအားကောင်းသော ဂိုဏ်းတစ်ခုဖြစ်ကာ သံမဏိအရိုးဂိုဏ်းအနေဖြင့် အထင်သေးကာ စိန်ခေါ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တွက်ချက်မိလိုက်ကြသည်။

နတ်စမ်းချောင်းဂိုဏ်းနှင့် ယှဉ်ပြိုင်ပွဲတွင် အနိုင်ရခဲ့သော ကြောင့် အထင်သေးနေတာ ဖြစ်နိုင်သည်။ သံမဏိအရိုးဂိုဏ်းသား တပည့် လီချင်းယန် ယှဉ်ပြိုင်ပွဲတွင် အနိုင်ရခဲ့သူမှာ သာမာန်အတွင်းတပည့် တစ်ယောက်သာ ဖြစ်ပြီး လီချင်းယန် အစွမ်းထက်သော စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်ကြောင့် လည်း ဖြစ်သည်။

သံမဏိအရိုးဂိုဏ်းအနေဖြင့် အဆင့်ငါး နတ်စမ်းချောင်းဂိုဏ်း၏ သာမာန်အတွင်းစည်း တပည့်တစ်ယောက်ကို အနိုင်ရခဲ့ရုံဖြင့် အဆင့်ခြောက် ဂိုဏ်းတစ်ခုလုံးကို စိန်ခေါ်မည် ဆိုသည်မှာ ကြားရသူတွေ အတွက် ရယ်စရာလို ဖြစ်နေ၏။

ထိုမျှမကသေး။ ဂိုဏ်းတစ်ခုလုံးကို စိန်ခေါ်မှု ပြုလုပ်သည် ဆိုခြင်းမှာ တပည့်အများအပြား၏ တိုက်ခိုက်ပွဲများ ဖြစ်ပေါ်လာမှာ ဖြစ်သည်။ သံမဏိအရိုးဂိုဏ်းတွင် လောက်လောက်လားလား အားကိုးရသူ ဆို၍ လီချင်းယန် ဆိုသော တပည့်သာ ရှိသည်။ ထို့ကြောင့် ဟောင်ချီ ဂိုဏ်းအား မရှုမလှ ရှုံးနိမ့်မှာ ဖြစ်ကြောင်း အားလုံးက သုံးသပ်မိနေကြသည်။

အားလုံးသည် တဘက်ခါတွင်ဖြစ်ပေါ်လာမည့် စိန်ခေါ်ပွဲကြောင်း ဆွေးနွေးရင်းမှ တဆင့် ချင်းယန် တစ်နိုင်ငံလုံး ပွက်လောရိုက်နေလေ၏။

မကြာသေးသော အချိန်ကာလက ကြယ်လဂိုဏ်းသည် သံမဏိအရိုးဂိုဏ်းအား စိန်ခေါ်ခဲ့ပြီး တပည့်ငါးယောက်လုံး ရှုံးနိမ့်ခဲ့သည်။ အကြီးအကဲစုန့်သည်လည် ဂိုဏ်းချုပ်ကျွင်းအား ရှုံးနိမ့်ခဲ့သည်။

“အဲတာ ဟုတ်လို့လာ။ ငါ ဘာလို့မကြားမိတာလဲ”

“လွန်ခဲ့တဲ့လ က ဖြစ်ခဲ့တာ။ အကြီးအကဲစုန့် ရှုံးနိမ့်ခဲ့တာ သေချာတယ်။”

“ချီးတဲ့မှ .. သံမဏိအရိုးဂိုဏ်းက အဲလောက် အားကောင်းတာလား။ သူတို့က အဆင့်ခုနှစ် ဂိုဏ်းတစ်ခုကိုတောင်မှ ခြောက်ပွဲလုံးနိုင်အောင် တိုက်ခိုက်နိုင်တယ်လား”

ကြယ်လဂိုဏ်း ရှုံးနိမ့်ခဲ့သော သတင်းသည် မပျံ့နှံ့ခဲ့ေ။ပ။ အဘယ့်ကြောင့် ဆိုသော် ကြယ်လဂိုဏ်းသည် ထိုသတင်းမပျံ့သွားအောင် တားဆီးပိတ်ပင်ထားသောကြောင့် ဖြစ်၏။

သူတို့သာ အနိုင်ယူခဲ့ပါက ထိုသတင်းသည် တစ်ခဏအတွင်း တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားမည် ဖြစ်သော်လည်း ရှုူံးနိမ့်ခဲ့သောကြောင့် ကြယ်လဂိုဏ်းသည် သူတို့ သိက္ခာမကျဆင်းရအောင် တားဆီးထားခဲ့ခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ထိုသတင်းမပျံ့သွားဘူးဆိုတာကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့်ပင် ရည်ရွယ်ချက် ရှိရှိ ဖြင့် မိုးဆွေ ဟောခန်းမှ တဆင့် ဤသတင်းအား ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ပြောနေစရာပင် မလိုချေ။ အကျိုးသက်ရောက်မှုမှုာ သိသာလှ၏။

ကြယ်လဂိုဏ်းအား အနိုင်ယူခဲ့သည် ဆိုသော သတင်းပျံ့နှံ့သွားချိန်မှာတော့ ဟောင်ချီ ဂိုဏ်းအား အထင်ကြီးနေကြသော ကျင့်ကြံသူများသည် သံမဏိအရိုးဂိုဏ်း ဘက် အလေးသာလာကြသည်။

“ကြည့်ရတာ သံမဏိအရိုးဂိုဏ်းမှာ လီချင်းယန် တစ်ယောက်ပဲ အားကောင်းသူ မဟုတ်နိုင်ဘူး။ ဂိုဏ်းချုပ်ကျွင်းက ဟောင်ချီ ဂိုဏ်းကို စိန်ခေါ်ရဲတယ် ဆိုမှတော့ ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်လိမ့်မယ်။”

“ဘယ်သူက အားကောင်းလဲ၊ ဘယ်သူ အားနည်းလဲ ဆိုတာ တိုက်ခိုက်မှ သိမယ်။”

ငြိမ်သက်နေသော ကျင့်ကြံခြင်းလောကသည် စိတ်လှုပ်ရှားစရာ တိုက်ပွဲကြောင့် ပိုမို၍ လှုပ်ရှားသက်ဝင်လာသည်။

….

အိုက်မိသားစု။

အိုရှန်းရီ သည် သံမဏိအရိုးဂိုဏ်း ဟောင်ချီ ဂိုဏ်းအား စိန်ခေါ်တိုက်ခိုက်မည် ဆိုသော သတင်းအားရရှိခဲ့ပြီး ဖြစ်သည်။ သူသည် အဓိက ဟောခန်းတွင် ထိုင်ပြီး အတွေးနက်နေမိသည်။

“ခေါင်းဆောင် ….”

အိုက်ရှန်ဖန် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း က ဟောင်ချီဂိုဏ်းကို စိန်ခေါ်မယ်တဲ့။ သူ ပြဿနာ ရှာတော့မှာပဲ”

အိုက်ရှန်းကီ လေးလေးနက်နက် ပြောလိုက်၏ “ဟောင်ချီဂိုဏ်းက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ရဲ့ ဠာနချုပ်လည်း ဖြစ်တယ်။ အချိန်ရောက်လာရင် ဂိုဏ်းတော်တော်များများ က လာပြီး အားဖြည့်ကြမှာပဲ။ ဂိုဏ်းချုပ်ကျွင်းက အားလုံးရဲ့ ပစ်မှတ် ဖြစ်လာလိမ့်မယ်”

သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်းတစ်ရာမဟာမိတ် အဖွဲ့မှ ထွက်လိုက်ပြီ ဖြစ်ကြောင်း ချင်းယန်တစ်နိုင်ငံလုံး သိရှိကြသည်။

ကျွင်းချောင်ရှောင်း သူ၏ တပည့်များအား ခေါ်ယူ၍ ဟောင်ချီ ဂိုဏ်းသို့ သွားမည် ဆိုလျှင် အားလုံး၏ ပစ်မှတ်ဖြစ်လာမှာ ဖြစ်ကြောင်း ဦးနှောက်မကောင်းသောသူပင်လျှင် စဉ်းစားမိမှာ ဖြစ်၏။

အိုက်ရှန်းရီ သည် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည် “ကျုပ်တို့ နတ်စမ်းချောင်းဂိုဏ်းနဲ့တုန်းက လူလုံးမပြခဲ့ရဘူး။ ဒီတစ်ကြိမ် ဂိုဏ်းချုပ်ကျွင်းကို ထောက်ပံ့ပေးရမယ်”

“လေလံပွဲကရော …”

“ရွေ့လိုက်မယ်။” အိုက်မိသားစု ခေါင်းဆောင် ခပ်မာမာပဲပြောလိုက်သည်။

အိုက်ရှန်းဖန် နှင့် အိုက်ရှန်းကီ တို့သည်လည်း ငြင်းပယ်စရာ အကြောင်းမရှိချေ။

သူတို့သည် နတ်စမ်းချောင်းဂိုဏ်းနှင့်တုန်းက မကူညီနိုင်ခဲ့ပေ။ ဤတစ်ကြိမ်တွင်မှ မလာလျှင် မသင့်တော်တော့ပေ။

အိုက်မိသားစု ခေါင်းဆောင်သည် ဟောင်ချီဂိုဏ်းအား ပုန်ကန်ရန် စဉ်းစားခဲ့ခြင်းမှာ ဂိုဏ်းချုပ်ကျွင်းအား အကြွင်းမဲ့ ယုံကြည်၍လည်း ဖြစ်သည်။ ပြောရလျှင် ကျွင်းချောင်ရှောင်းသည် သူတို့၏ အဓိက စီးပွားရေး မိတ်ဖက်လည်း မဟုတ်လား။

တူညီစွာနှင့်ပဲ မြို့တော်ဝန် ရှဲ့သည်လည်း ဂိုဏ်းချုပ်ကျွင်းအား ထောက်ပံ့ပေါ်ရန် စီစဉ်ထားသည်။ သူသည် တဘက်ခါ ပွဲအတွက် စီစဉ်စရာ ရှိသည်များကိုလည်း စတင်၍ စီစဉ်နေပြီ ဖြစ်သည်

နတ်စမ်းချောင်းဂိုဏ်း၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ရာကောင်းသည်။ သို့ပေမဲ့ မြို့တော်ဝန် ရှဲ့သည် ဟောင်ချီဂိုဏ်းလောက်ကိုတော့ မျက်စိထဲ မထည့်ချေ။

ကောင်လေး .. မင်းရဲ့ တိုက်ပွဲက ကြမ်းတမ်းတယ်။

ရှုံးရင် အရာအားလုံးကို ဆုံးရှုံးမှာ ဖြစ်ပြီး နိုင်ရင်တောင် ကျော်ကြားလာမယ်။

ဒါပေမဲ့ ကြောက်စရာ မလိုဘူး။ ချင်းယန်မြို့ရဲ့ လူပေါင်း ၃.၆ သန်းက မင်းကို ထောက်ခံပေးနေတယ်။

………..

ဟောင်ချီ ဂိုဏ်းသည် ချင်းယန်နိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင်ရှိသော လှပသည့် တောင်တန်းတစ်ခု ပေါ်တွင် တည်ရှိသည်။ စိန်ခေါ်ပွဲသည် တဘက်ခါမှ ဖြစ်သော်လည်း ယနေ့ကတည်းက ဂိုဏ်းတွေ၊ ကလန်တွေ၊ ကျောင်းတွေမှ လူများဖြင့် စည်ကားနေပြီ ဖြစ်သည်။

နောက်တစ်ရက်မှာတော့ …

ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းချုပ်ဝတ်စုံကို ပြောင်းဝတ်လိုက်ပြီး ဆံပင်များအားလည်း ကြိုးတစ်ချောင်းဖြင့် သပ်သပ်ရပ်ရပ် ဖြစ်အောင် စည်းနှောင်လိုက်သည်။ ပြီးနောက် စာကြည့်ခန်းထဲမှ လျှောက်ထွက်လိုက်သည်။

အတွင်းခြံဝန်း၏ လေ့ကျင့်ရေးကွင်းပြင်မှာတော့ ….

နှစ်ရာနီးပါးရှိသော တပည့်များသည် လက်နှစ်ဖက် နောက်ပစ်၍ ညီညီညာညာ ရပ်နေကြသည်။ သူတို့၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။

ယနေ့မှာတော့ ဂိုဏ်းချုပ်သည်အတွင်းစည်း တပည့် ခုနှစ်ယောက်အား ခေါ်ယူ၍ ဟောင်ချီ ဂိုဏ်းနှင့်စိန်ခေါ် တိုက်ခိုက်မည် ဖြစ်သည်။ သူတို့သည် လိုက်မသွားနိုင်ဘူး ဆိုလျှင်တောင်မှ စိတ်အားတက်ကြွလျက် ရှိကြသည်။

လီချင်းယန် နှင့် တခြားအတွင်းစည်းတပည့်များသည် ရှေ့မှ ဦးဆောင်ကာရပ်နေသည် တစ်ညလုံး အနားယူပြီးနောက်မှာတော့ သူတို့အားလုံးသည် လန်းဆန်းတက်ကြွလျက် ရှိကြ၏။

“ဂိုဏ်းချုပ် …..”

ကျွင်းချောင်ရှောင်း ကွင်းပြင်ထဲ ရောက်လာချိန်မှာတော့ တပည့်အားလုံးသည် သံပြိုင် အော်ဟစ်လိုက်သည်။

လွန်ခဲ့သော လအနည်းငယ် အတွင်းမှာ သူတို့၏ ကျင့်ကြံခြင်းများသည် တိုးတက်လာခဲ့သည်။ လက်ရှိတွင် အသစ်ဝင်လာသော တပည့်များမှလွဲ၍ ကျန်သော တပည့်အားလုံးသည် သိုင်းတပည့်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ အားလုံး၏ မျက်နှာများသည် စစ်ပွဲတစ်ခု သွားရတော့မလို ဖြစ်နေကြ၏။

“ငါတို့က စိန်ခေါ်ပွဲလေး တစ်ခု သွားမှာလေ။ မင်းတို့ က ဘာလို့ အဲလောက်ကြီး တင်းမာနေရတာလဲ” ကျွင်းချောင်ရှောင်း သည် လက်ကို ယမ်းခါပြီး ပြောလိုက်သည် “စိတ်ကိုလျော့ထား။ စိတ်ကို လျော့ထား။”

အားလုံး သည် စိတ်ကို လျော့ချလိုက်ကြသည်။ သို့ပေမဲ့ ရင်ကော့ကာ မတ်မတ် ရပ်လျက်တော့ ရှိနေသေး၏။

ကျွင်းချောင်ရှောင်းသည် အားလုံးကို စိတ်တင်းကျပ်မှုမရှိစေရန် အားပေးလိုက်ခြင်း ဖြစ်သည်။ သူ့အမြင်အရဆိုလျှင် ဟောင်ချီ ဂိုဏ်းဆိုသည်မှာ ပိုမိုအဆင့်မြင့်သော ရန်သူနှင့် တွေ့ဆုံရန် သွားရာ၌ မဖြစ်မနေ နင်းတက်သွားရမည့် လှေကားထစ်လေး တစ်ခုမျှသာ ဖြစ်သည်။

ယခုကဲ့သို့ စိတ်အားတက်ကြွမှု၊ အားမာန်ရှိမှုများသည် နတ်စမ်းချောင်းဂိုဏ်းသို့ သွားရာတွင်မှ ထုတ်သုံးရမည် ဖြစ်၏။

“ဂိုဏ်းချုပ် …”

ကျိုးဟုန် ပြောလိုက်သည် “ကျွန်တော်လည်း လိုက်ချင်တယ်”

“မင်းဓားသိုင်းကို ဆက်မကျင့်တော့ဘူးလား။” ကျွင်းချောင်ရှောင်း မေးလိုက်၏။

ကျိုးဟုန် ပြောလိုက်သည် “ဓားကို လေ့ကျင့်တာက ဓားဆန္ဒပိုမို အားကောင်းလာစေဖို့အတွက်ပဲ။ ဓားကျင့်ကြံသူတွေက အတွေ့အကြုံတွေ ပိုများလာဖို့ လိုအပ်တယ်”

“မင်း လိုက်ခဲ့”၏

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါပေမဲ့ တိုက်ခိုက်ရမှာ မဟုတ်ဘူး”

“ကောင်းပါပြီ” ကျိုးဟုန် ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းချုပ် .. စီနီယာ နဲ့ ဂျုနီယာ မောင်နှမတို့ စားဖို့ အချိန်ရောက်ပါပြီ”

အတွင်းခြံဝန်း၏ စားသောက်ခန်းရှေ့မှာတော့ လျှိုဝမ်ရှစ်သည် လက်ထဲမှ ယောင်းမကြီးကို ဝေ့ယမ်းပြီး လှမ်းအော်လိုက်သည်။

ဂိုဏ်းချုုပ် နှင့် စီနီယာ အစ်ကို၊ အစ်မ များ ဟောင်ချီ ဂိုဏ်းသို့ သွား၍ ပြဿနာရှာမည်ကို သိရှိသောကြောင့် သူူမ ၊ မာရုံနင် နှင့် ရီဟိုင် ၊ အားဟိုင်တို့သည် အစောကတည်းက စားသောက်ဖွယ်ရာများ ပြင်ဆင်ထားကြ၏။

စားသောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တပည့်ရှစ်ဦးအား ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်

လီလိုရှုသည် ဂိုဏ်းအား စောင့်ရှောက်ရန် ကျန်ရစ်ခဲ့သည်။ သူမသည် ဂိုဏ်းချုပ်နှင့် အတူ လိုက်ပါမသွားချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်အား တိတ်တဆတ်စောင့်ရှောက်ရန် ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ ဆယ်ယောက်အား အမှောင်ထဲမှ လိုက်ပါသွားရန် အမိန့်ပေးခဲ့သည်။

ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူများ၏ တိတ်တဆိတ် စောင့်ရှောက်မှုအောက်တွင် ခရီးထွက်ရသည် ဆိုခြင်းမှာ အံ့အားသင့်စရာပင်။

……

ဟောင်ချီဂိုဏ်း …။

အဓိက ဟောခန်း။

ချင်ဟောင်ရန် သည် လက်ထဲမှစိန်ခေါ်စာအား စားပွဲပေါ်တင်ပြီး နှာခေါင်းရှုံ့လိုက်မိသည် “ကျွင်းချောင်ရှောင်း .. မင်း မလာရဲမှာကို ငါစိုးရိမ်နေခဲ့ရတာကွ”

သူ၏ အနားမှာတော့ …

သတင်းကြားရသောကြောင့် ရောက်နှင့်နေကြသော ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ထဲမှ ဂိုဏ်းချုပ် တို့ရှိနေကြသည်။

သူတို့၏ အကြည့်များတွင်တော့ မောက်မာမှုများနှင့် ပြည့်နှက်နေ၏။

“နတ်စမ်းချောင်းဂိုဏ်းရဲ့ အတွင်းတပည့်ကိုအနိုင်ရတာနဲ့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ကျွင်းချောင်ရှောင်း ထင်နေတာလား မသိဘူး” တော်ဝင်ဓားမော့ ဂိုဏ်း၏ အကြီးအကဲက အေးစက်စက် ပြောလိုက်၏။

ဤရောင်းရင်း၏ မျက်နှာသည် ဖြူရော်နေ၏။

ကြည့်ရသည်မှာ သေခြင်းရှင်ခြင်း စင်မြင့်တွင် ကျွင်းချောင်ရှောင်း ရိုက်နှက်ထားသော ဒဏ်ရာ မပျောက်သေးပုံပင်။

ကျားဟိန်းသံဂိုဏ်း ခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်သည် “မနက်ဖြန် ဒီကောင်လာတာနဲ့ သေမှာပဲ”

တစ်စုံတစ်ယောက်သည် စိတ်ပူစွာ ပြောလိုက်သည် “ဒီကျွင်းချောင်ရှောင်းက လျှာစောင်းထက်တယ်။ သူ လာရင် စကားမပြောနဲ့။ ကျုပ်တို့ စုပေါင်းပြီး သူ့ကို ဖိအားပေးရမယ်။”

အားလုံးက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထို့အပြင် စီတုဝမ် တစ်ယောက် သူတို့ မျက်စိရှေ့တွင်ပင် သွေးအန်ခဲ့ရသည် မဟုတ်လား။

“ကျွင်းချောင်ရှောင်း”

ချင်ဟောင်ရန်သည် သူ၏ လက်ချောင်းများအား ပွတ်သပ်ပြီး နှာခေါင်းရှုံ့လိုက်သည် “ကျုပ်ရဲ့ ဟောင်ချီဂိုဏ်း ဆီ လာပြီ ဆိုတာနဲ့ ခွေးတစ်ကောင်လို တရွတ်တိုက်ဆွဲပြီး ပြန်ရအောင် ရိုက်ပြမယ်”

“ဟပ်ချိုး”

လမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် နှာပင်ချေလာမိသည်။ “ငါ့အကြောင်း မကောင်းပြောနေကြတာ ထင်တယ်”

All Chapters