← Chapters

ဝှက်ဖဲနေရာ

Vol. 137 Ch. 4.1562

ဝှက်ဖဲနေရာ

Vol. 137 Ch. 4.1562

လုရွှမ် ခဏလောက် ထိတ်လန့်သွားသော်လည်း သူသည် အလိုလို ခေါင်းရှောင်ကာ ရန်ဖေးလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို ပစ်ချလိုက်သည်။

"မင်းဘာလုပ်နေတာလဲ!!"

ရန်ဖေး ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ရုတ်တရက် သူမကို အလွန်အရှက်ရစေမည့် အရာတစ်ခုကို တွေးလိုက်မိသည်။

မူလကတည်းက ဤတာဝန်က သူမအတွက် မဟုတ်ပေ။ သူမ အရည်အချင်းသည် သာလွန်ကောင်းမွန်သော်လည်း နတ်ခြေလှမ်းနယ်ပယ် အောက်တွင် ရှိနေသရွေ့ သဘာဝအတိုင်း ကျင့်ကြံမှုအဆင့် မြင့်မားလေလေ၊ အလုပ်ပြီးမြောက်ရန် အလားအလာက ပိုများလေလေဖြစ်သည်။

ဒါပေမဲ့ တခြားဂိုဏ်းက အကြီးတန်းအစ်မဟာ ငါးမန်းမျိုးနွယ်က ချောမောလှပလွန်းတာကြောင့် သူမကို ဆွဲခေါ်သွားခဲ့သည်။ ရလဒ်အနေဖြင့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ငါးမန်းမျိုးနွယ်က ဖယ်ရှားခံခဲ့ရပြီး ၎င်းတို့၏ ဒြပ်စင်ငါးပါးယင်းယန်ဂိုဏ်းက အစားထိုးသွားခဲ့သည်။

လုရွှမ်က အောက်ကမ္ဘာမှ လာသည်ဟု ပြောသော်လည်း သူမ ထင်မြင် ယူဆချက်ကို မယုံကြည်သော ကြောင်သူတော်သာ ဖြစ်သည်။

သူသည် ကလေးဘဝကတည်းက သဘာဝနှင့် မြေကြီးဆိုင်ရာ ရတနာမျိုးစုံကြောင့် ကျင့်ကြံလာနိုင်သူသာ ဖြစ်ရမည်။ ဒီလိုမှမဟုတ်ရင် လူသားတစ်ယောက်ရဲ့ အရည်အချင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ့အားသူ ကိုးနိုင်မှာ မဟုတ်ချေ။ လေ့ကျင့်ဖို့ နည်းစနစ်တွေကို ဘယ်မှာရှာနိုင်မလဲ၊ လေ့ကျင့်ဖို့အတွက် အရင်းအမြစ်တွေကို ဘယ်မှာ သွားရှာနိုင်မလဲ။

ထို့ကြောင့် လုရွှမ်က လောဘကြီးသော အရိပ်အမြွက်ဖြင့် ကြည့်သောအခါ ရန်ဖေး ချက်ချင်း ထိတ်လန့်သွားသည်။ ကောင်းကင်ကမ္ဘာမှာ သည်းမခံနိုင်ခဲ့တဲ့ မြင်ကွင်းကို ပြန်သတိရပြီး သူ့ကို အလိုလို ပါးရိုက်လိုက်မိခြင်းပင်။

ရန်ဖေး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးပြီး ဖြေလိုက်သည်။

"ဘာမှမဟုတ်ဘူး!"

လုရွှမ်က မယဉ်ကျေးဘဲ အေးစက်စွာ ပြောလေသည်။

"မင်း ငါနဲ့ ပူးပေါင်းချင်ရင် ငါ မင်းကို ဒီကနေ ခေါ်ထုတ်သွားပေမယ့်... အလုပ်ပြီးရင် အနောက်ဖက်ဒေသကို သွားလို့ရတယ်.... ပြီးတော့ အောက်ဘုံကို ဆင်းဖို့ မင်းရဲ့ နည်းလမ်းတွေ ငါလိုတယ် မင်း အောက်ခြေကမ္ဘာကို လုံလုံခြုံခြုံ ဆင်းသွားနိုင်တာမို့ မြေကမ္ဘာကနေ တစ်သောင်းကမ္ဘာကို သွားဖို့လည်း မခက်ခဲဘူး မဟုတ်လား..."

"ရှင် တကယ်​​ အောက်​ခြေကမ္ဘာကို ကယ်ချင်တာလား"

ရန်​​ဖေးက မျက်​လုံး​တွေထဲက လှောင်​ပြောင်​တဲ့အကြည့်​နဲ့ ​အော်​လိုက်​သည်​။

"ဟုတ်တယ်!"

ရန်ဖေးက လှောင်ပြောင်ဆဲ: "ကောင်းပြီ... ဒါဆို ရှင်ကျွန်မကို လူသားမျိုးနွယ်ရှိတဲ့ အနောက်ဖက်ဒေသကို ခေါ်သွားလိုက်လေ... ကျွန်မရှင့်ကို ပြောပြမယ်"

လုရွှမ်ကလည်း ဒီမိန်းကလေးရဲ့ မယုံကြည်မှုနှင့် မထီမဲ့မြင်ပြုမှုကို မြင်နိုင်သော်လည်း အမှန်အတိုင်း ပြောရမယ့်အချိန်မှာ သူမ ပြောရမှာပဲမလို့ အလျင်စလို မလုပ်ခဲ့ပေ။

"ကောင်းပြီ ဒါဆို မင်းဘာလို့ ဒီကို လာတာလဲ ငါ့ကို ပြောပြနိုင်မလား"

ရန်ဖေး အမူအရာ ပြောင်းသွားသည်။

"ဒါက အပေးအယူ မဟုတ်တော့ဘူး! ရှင့်အပူမပါဘူး!"

"ငါ့အပူမပါဘူးပေါ့? ဒါက ကိစ္စအကြီးကြီးပဲ... ငါခန့်မှန်းတာသာ မှန်ရင် လူမဟုတ်တဲ့ ကျင့်ကြံသူတွေ အပါအဝင် မင်းပြောတဲ့ တခြားလူသားတွေလည်း ဒီနေရာကို မကြာခင် တွေ့သွားကြလိမ့်မယ်... ငါမှန်တယ်မလား"

"ကျွန်မ နားမလည်ဘူး ရှင်ဘာတွေပြောနေတာလဲ"

လုရွှမ် ကောင်းကင်ရဲ့ အမြင့်တစ်​နေရာသို့ ပျံတက်သွားပြီး အဝေးကို လှမ်းကြည့်နေချိန် သူ့မျက်လုံးများက အလင်းရောင်များဖြင့် လင်းလက်နေသည်။

"မင်းက တခြားနေရာမှာ ပြုတ်ကျမယ့်အစား ဘာလို့ အဲဒီနေရာကို ရွေးချယ်ခဲ့တာလဲ... အဲဒါက မတော်တဆမှုပါလို့ ငါ့ကို လာမပြောနဲ့... ငါ့ရဲ့ဉာဏ်ရည်ကို စော်ကားဖို့လည်း မစဥ်းစားနဲ့!!.... ဟုတ်ပြီ ဒီအတိုင်းထားရအောင် ငါမင်းနဲ့ပူးပေါင်းနိုင်တယ်..... ဒီကိုရောက်လာတဲ့ တခြားသူတွေကို သတ်ပစ်မယ် ဒီမှာရှိတဲ့ပစ္စည်းတွေက ငါတို့ပဲ ပိုင်ရမယ်... ဘယ်လိုလဲ"

ရန်ဖေးမှာ လုရွှမ်ရဲ့ ကတိကြောင့် မအောင့်အီးနိုင်ခဲ့။

"ရှင်က တကယ်ကို ဉာဏ်ကောင်းတာပဲ၊ ဒါပေမယ့် ရှင်နဲ့ ကျွန်မ ပူးပေါင်းရင်တောင် အဲဒီလူတွေကို သတ်ဖို့ကတော့ ကျွန်မ တို့မှာ အရည်အချင်း မရှိသေးဘူး"

လုရွှမ်: "မင်း ဒီကိစ္စကို စိတ်ပူနေစရာမလိုဘူး... မင်း အာရုံစိုက်ရမှာက မင်းလိုချင်လား မလိုချင်ဘူးလား ဆိုတာပဲ"

ရန်ဖေး သေချာစဉ်းစားကြည့်ရာ သူမ လိုချင်သည်။

ဤနေရာတွင် မြှုပ်နှံထားသည်မှာ သူမတို့၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်ပြီး မည်သူမဆို ၎င်းကို ရရှိနိုင်သည်။ ယင်းသည် မြေကမ္ဘာကြီးထဲတွင် ၎င်းတို့၏ အနာဂတ် အလုပ်များအတွက် များစွာအထောက်အကူ ဖြစ်စေမည့် အမွေကို ရှာဖွေနိုင်မည် ဖြစ်သည်။

ထိုအချိန်တုန်းက လက်ထဲတွင် သင်္ကေတတစ်ခုစီ ကိုင်ဆောင်ထားသည့် ကျင့်ကြံသူ စုစုပေါင်း ဆယ့်လေးယောက် ဆင်းလာခဲ့ကြသည်။ အဲ့သင်္ကေတ ရှိနေရင် ဆိုးရွားတဲ့ အခြေအနေမှာတောင် လူနှစ်ယောက်က အမွေကို ဖွင့်ပေးနိုင်ပါ၏။

ဒါပေမယ့် ပြဿနာက ဒီအမွေကနေ လာ​ပြန်တာပါပဲ။ အမွေဆက်ခံမှု တစ်ခုကို လူတစ်ဦး၊ လူနှစ်ဦး သို့မဟုတ် လူသုံးဦးကသာ ခွဲဝေယူနိုင်သည်။

ရန်ဖေးသည် မြေကမ္ဘာထဲက လူတစ်ဦးကို ဘယ်လို ဘာကြောင့် ခွဲဝေပေးရမလဲ မသိခဲ့ပေ။ သို့သော် ယခုအချိန်တွင် လုရွှမ်နဲ့ ပူးပေါင်းဆောင်ရွက်ပါက အကျိုးသက်ရောက်မှုက အမှန်တကယ်ပင် ပိုမိုကောင်းမွန်လာမှာ သေချာနေပြီ။

လုရွှမ်က လျှို့ဝှက်စွာ ပုန်းလျှိုးဝှက်လျှိုး တိုက်ခိုက်သည်။ ဒီလိုဆို ၎င်းတို့နှစ်ဦးသည် အမွေကို တခြားလူတွေဆီက လုယူမခံရတော့ဘဲ အနည်းဆုံးတော့ မိမိကိုယ်ကို အကာအကွယ်ပြီး အန္တရာယ်ထဲကလည်း လွတ်ကင်းအောင် လုပ်ဆောင်နိုင်မည်။

လုရွှမ်ရဲ့ အပေးအယူက ရန်ဖေးရဲ့ နှလုံးသားကို လှုပ်ခတ်နေ​စေပြီပဲ ဖြစ်သည်။ လုရွှမ် သူမရဲ့ တွေးတော​နေမှုကို ကြည့်ရင်း တိုးတိုးလေး ပြောပြလိုက်သည်။

“အခွင့်အရေး ပြီးတာနဲ့ နောက်တစ်ကြိမ် ထပ်လိုချင်ရင် ဒါ အခွင့်အရေး မဟုတ်တော့ဘူး... ထောင်ချောက် ဖြစ်သွားနိုင်တယ်”

"မင်းတို့အဖွဲ့က ပထမလှိုင်းပဲ ဟုတ်တယ်မလား... ဒုတိယလှိုင်းနဲ့ တတိယလှိုင်းကရော ဘယ်လိုလဲ ရောက်လာမှာပဲမလား.. မင်း ဒီအခွင့်အရေးကို ထပ်မကြုံရခင် လက်လွတ်မခံသင့်ဘူး!"

ရန်ဖေးရဲ့ မျက်လုံးများ တောက်ပလာပြီး နောက်ဆုံးတွင် သူမ သိလိုက်သည်။ ဤအခြေအနေကို စွဲလန်းနေသော အာဏာပိုင်များက သူမတို့ကို ဦးစွာ စေလွှတ်ခဲ့၏။ ထိုအဆင့်မြင့် အထက်လူကြီးများက သူတို့အောင်မြင်မည်ဟုပင် မထင်ထားသောကြောင့် ဒီလို ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းသာ ဖြစ်ပေမည်။

အကြောင်းပြချက်ကလည်း အလွန်ရိုးရှင်းသည်။ သူမတို့ကို အမြောက်စာအဖြစ် လွှတ်လိုက်တာပင်။

"ကောင်းပြီ!"

ရန်ဖေး အော်လိုက်သည်။ လုရွှမ်လည်း လက်ခုပ်တီးပြီး ပြုံးလိုက်၏။

"စိတ်ထဲ လန်းဆန်းသွားပြီလား... ဒါပေမဲ့ ငါတို့ သဘောတူပြီး အကျိုးကျေးဇူးတွေ မဖြန့်ဝေခင်မှာ အမြီးလေး​တွေကို အရင်သတ်ပစ်မယ်"

လုရွှမ်ရဲ့ ခြေဖဝါးအောက်မှာ တစ်ခုခုပြောင်းသွားပြီး ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ ကျောက်တုံးကြီး တစ်ခုရဲ့နောက်မှာ ပေါ်လာခဲ့၏။

“မိတ်ဆွေ ထွက်လာခဲ့တော့....”

လုရွှမ် လက်ကို မြှောက်ကာ ထိုကျင့်ကြံသူကို လှမ်းဆွဲထုတ်လိုက်သည်။

ထိုလူသည် ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုလူက နာကျင်စွာ အော်ဟစ်နေသော်လည်း ရယ်မောနိုင်သေး၏။

"သခင်လေး... နတ်သမီး ငါလည်း ကူညီပေးနိုင်ပါတယ် ငါက အရမ်းမသန်မာပေမယ့် မမြင်နိုင်လောက်အောင်ကို တော်ပါတယ်.. သာမန်လူတစ်ယောက်ဆို ငါ ရှိနေတာကို ဘယ်တော့မှ ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး... ဒါပေါ့ သခင်လေးလုရွှမ်က လူသားမျိုးနွယ်ရဲ့ အရည်အချင်းစာရင်းမှာ နံပါတ်တစ်လူကို ထုံးစံအတိုင်း ငါမင်းဆီက ငါ့လှည့်ကွက်လေးတွေကို ဖုံးကွယ်ပြီး မင်းကို ရယ်အောင် လုပ်လို့မရဘူး ဆိုတာ သိပါတယ်"

ထိုလူက သင်းခွေချပ် ဖြစ်သွား၏။

ထိုကျင့်ကြံသူက သင်းခွေချပ် တစ်ကောင် ဖြစ်နေတဲ့အတွက် လုရွှမ် ချက်ချင်း မသတ်ခဲ့ပေ။ သို့သော်လည်း ယွမ်ယန်စွမ်းအင် အဆင့်တက်လာလို့သာ မဟုတ်ရင် သင်းခွေချပ်ဟာ အစောကတည်းက လွတ်မြောက်သွားပေလိမ့်မည်။

ရန်ဖေး အလွန်ထိတ်လန့်သွားသည်။ သင်းခွေချပ်ရဲ့ တည်ရှိမှုကို သူမ တကယ် သတိမထားမိခဲ့။ လုရွှမ်ကတော့ စောစောကတည်းက သတိထားမိခဲ့တာ ဖြစ််လိမ့်မည်။

အနည်းဆုံး နာမည်က လိမ်လည်လှည့်ဖြားထားတာ မရှိဘူး၊ ပါရမီရှင် အရည်အချင်း စာရင်းမှာ နံပါတ်တစ် ဖြစ်တဲ့သူက သူ့နာမည်နဲ့ တကယ်ကို ထိုက်တန်ပါ၏။

"မင်းရဲ့ မွေးရာပါ မှော်အစွမ်းက မြေကြီးထဲမှာ ပုန်းနေနိုင်တာပဲလေ... ဖုံးကွယ်ထားနိုင်တာ မထူးဆန်းဘူး!"

လုရွှမ် သက်ပြင်းချလိုက်သည်။

ရန်ဖေး: "ရှင် သူ့ရဲ့ လျှို့ဝှက်စွမ်းရည်ကို သုံးဖို့ စီစဉ်နေတာလား"

"မှန်တယ်... ထိရောက်မှုမရှိတဲ့ မှော်အစွမ်းတွေ မရှိဘူး အရည်အချင်း မရှိတဲ့ ကျင့်ကြံသူတွေပဲ ရှိတာ...ဒီသင်းခွေချပ်က မင်းထင်ထားတာထက် အများကြီး ပိုအသုံးဝင်တယ်"

All Chapters