လူသားမျိုးနွယ် အဆင့်အတန်း
Vol. 137 Ch. 4.1561
လုရွှမ် စကားမပြောဘဲ ရန်ဖေးကို ပေါ့ပေါ့ပါးပါးပဲ ကြည့်နေလိုက်သည်။
လူသားတစ်ယောက် အနေဖြင့်တောင် ရန်ဖေးရဲ့ စကားများသည် သူ့အတွက် အလွန်သာမန်ဆန်ပုံရပြီး စိတ်နှလုံးပူစရာ မရှိသလိုပင်။ မြေကမ္ဘာသို့ ရောက်ပြီးနောက် ဤကမ္ဘာတစ်ခုလုံးရှိ လူသားမျိုးနွယ်၏ ဆိုးရွားသော နေထိုင်မှုအခြေအနေနှင့် ပတ်ဝန်းကျင်ကို သူ တွေ့မြင်ခဲ့ရပြီးပြီ။
လူသားမျိုးနွယ်ရဲ့ အဆင့်အတန်း ဘာကြောင့် မတိုးတက်ချင်သလဲ။ အနည်းဆုံးတော့ သူ အခြားသူများကို တိုက်ခိုက်နိုင်သည်။ သို့သော် လူသားမျိုးနွယ်ကို တခြားလူတွေ အမြတ်မထုတ်အောင် သို့မဟုတ် ခွဲခြားဆက်ဆံခြင်း မခံရစေအောင် ဘယ်လိုများ လုပ်နိုင်မှာလဲ။
ယခု သူသည် လောကထဲက ဘာကိုမှ မတွေ့ကြုံဖူးသော စိတ်အားထက်သန်သော လူငယ်တစ်ယောက် မဟုတ်တော့ပေ။ သူ့အတွေးများက အရာများစွာကို ရင်ဆိုင်ရပြီးပြီ။ ပထမဦးဆုံး တွေးရမည့်အရာမှာ အန္တရာယ်များ၊ အကျိုးဆက်များနှင့် အဆိုးဆုံး ရလဒ်များ ဖြစ်သည်။
ရန်ဖေးရဲ့ အကြံအစည်က ကောင်းပါသည်။ အနည်းဆုံးတော့ သူမ ပြောခဲ့တဲ့အပိုင်းက မဆိုးလှပေ။ ဒါပေမယ့် ဘယ်လောက်မှန်တယ်၊ ဘယ်လောက်မှားတယ်၊ ဘယ်လောက် လှည့်စားထားသလဲ ဘယ်သူက သိမှာလဲ။
တစ်နည်းဆိုရသော် သူမသည် ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်က အမြောက်စာတွေပဲလို့ ပြောခဲ့သည်။ သို့သော် ဘာကြောင့် အခြားတစ်ဦးဦးအစား သူ့ကို ရွေးချယ်ပြီး ပြောပြနေခဲ့တာလဲ။
သူက ယင်ယန် ဒြပ်စင်ငါးပါးဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်နေလို့လား သို့မဟုတ် သူမသည် သူ့ဆီမှာ အရှုံးပေးခဲ့ရခြင်းကြောင့်လား။
ရန်ဖေးသည် နောက်ဆုံးတွင် ပါးစပ်ပိတ်ကာ သူမကို လျစ်လျူရှုထားသော လုရွှမ်ကို ကြည့်ကာ စိတ်နှလုံးက အေးစက်လာခဲ့သည်။
"ရှင်ကျွန်မကို မယုံဘူးလား?"
"မယုံဘူး... ငါကမင်းကို ဘာလို့ယုံရမှာလဲ... ယုံနိုင်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အချိန်ကြာလာတာနဲ့အမျှ လူတွေရဲ့ နှလုံးသားက ပြောင်းလဲသွားကြမှာပဲ"
ရန်ဖေး အနည်းငယ် ဒေါသထွက်နေသော်လည်း အလျင်စလိုလုပ်ရန် မလိုအပ်ကြောင်းကိုလည်း လက်ခံထားရသည်။
"ဒါဆို ရှင်ကျွန်မကို ခဏဆက်စောင့်ကြည့်ဖို့ စီစဉ်နေတာလား"
"မင်းဆီက ငါသိချင်တာ သိရပြီးရင်... မင်းကို မပူဆာတော့ပါဘူး..."
"ဒါဆို ရှင်က ကောင်းကင်ကမ္ဘာကြီး ပြိုလဲအောင် တားဆီးချင်တာ ဘာလို့လဲ... အိပ်မက် မက်မနေနဲ့ ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ ယေဘူယျ လမ်းကြောင်းပဲ... ကောင်းကင်ကမ္ဘာ တွေတင်မကဘူး မြေကမ္ဘာ၊ တစ်သောင်းကမ္ဘာ၊ ရှေးဟောင်းကမ္ဘာတွေလည်း ပြိုလဲလိမ့်မယ်... ပြီးမှ ကောင်းကင်နဲ့ မြေကြီးက တစ်ဖန် ထာဝရ တည်ရှိနေမှာ..."
လုရွှမ်ကလည်း အေးစက်စွာ ပြန်ပြောသည်။
"ငါသိတယ်... ဒါပေမယ့် ငါပိုသိထားသေးတယ်... မြေကမ္ဘာ ပြိုလဲတာက ကောင်းကင်ကမ္ဘာရဲ့ ကျဆုံးမှုပဲ ငါတို့ ထိန်းချုပ်နိုင်ရင် အနည်းဆုံးတော့ မြေကမ္ဘာ ကျဆုံးမှာ မဟုတ်ဘူး... မြေကမ္ဘာက ကောင်းကင်ကမ္ဘာ ပြိုကျလာမှာကို ခံနိုင်ရည် ရှိတယ်... ဒါပေမဲ့ တစ်သောင်းကမ္ဘာနဲ့ ရှေးဟောင်းကမ္ဘာတွေက မြေကမ္ဘာ ပြိုကျသွားရင် လုံးဝ ခံနိုင်ရည် မရှိကြဘူး... မင်း ဒါကို နားရော နားလည်ရဲ့လား"
ရန်ဖေး လုရွှမ်ကို မယုံနိုင်စွာ စိုက်ကြည့်ရင်း။
"ရှင်က တစ်သောင်းကမ္ဘာနဲ့ ရှေးဟောင်းကမ္ဘာအတွက် စိတ်ပူနေတာပဲ... ရိုးရိုးရှင်းရှင်း နဲ့ ယုတ္တိမတန်ဘူး... အောက်က ကမ္ဘာနှစ်ခုရဲ့ ခွန်အားနဲ့ နယ်ပယ်ကို ကျွန်မ မသိပေမဲ့ သူတို့က အခြေခံတွေပဲ....ကမ္ဘာကြီးရဲ့ စည်းလုံးမှုကို ထာဝရတည်တံ့သွားအောင် ထောင့်လေးထောင့်က သဘာဝအတိုင်း ပြန်လည်ပတ်နိုင်မှရမှာ...."
"သူတို့ရဲ့ကိုယ်ပိုင် အင်အားက မလုံလောက်ဘူး... ကောင်းကင်ကမ္ဘာ ပြိုကျတာနဲ့ မြေကမ္ဘာကလည်း ပြိုကျမှာ နောက်ဆက်တွဲကတော့ တစ်သောင်းကမ္ဘာနဲ့ ရှေးဟောင်းကမ္ဘာတွေပဲ... အဲ့ကမ္ဘာတွေက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...သူတို့က အမြောက်စာတွေ၊ အုတ်မြစ်ချဖို့ ရည်မှန်းထားတာတွေ...မြေကမ္ဘာနဲ့ ကောင်းကင်ကမ္ဘာ ခံနိုင်ရည်ရှိတာက အောက်ခြေကမ္ဘာနှစ်ခုကြောင့်ပဲ... မဟုတ်ရင် မြေကမ္ဘာကို ထိန်းထားနိုင်တာနဲ့ ဘာမဆို ဖြစ်လာနိုင်မယ်လို့များ ရှင် ထင်နေတာလား..."
လုရွှမ် မျက်လုံးများက အေးစက်သွားသည်။
"မင်းက ဘာကိုဆိုလိုတာလဲ... ကောင်းကင်ကမ္ဘာ ပြိုကျတာနဲ့ နောက်ဆက်တွဲက တစ်သောင်းကမ္ဘာနဲ့ ရှေးဟောင်းကမ္ဘာတွေပါ ပြိုလဲသွားလိမ့်မယ်ပေါ့?"
"ဟမ့် ရှင်က ဘာကို စိတ်ပူနေတာလဲ... မြေကမ္ဘာက ဝင်မရအောင် ကောင်းကင်ကမ္ဘာက လမ်းကြောင်းတွေ မပိတ်ခင်ကတည်းက အောက်ခြေကမ္ဘာ နှစ်ခုကို ချိတ်ပိတ်ခဲ့တာ ကြာပြီလေ"
ရန်ဖေးမှာ ဒီလူဟာ လုံးဝနားမလည်နိုင်သလို ဆင်ခြင်တုံတရားမဲ့တယ်လို့ ခံစားလာရပြီး အော်ဟစ်လိုက်သည်။ ကိုယ်ပိုင်အကျိုးနှင့် လုံခြုံမှုကို ဂရုမစိုက်ဘဲ အောက်ခြေကမ္ဘာက လူများကို ဂရုမစိုက်နေသည်။
အမှန်တကယ် ဂရုစိုက်တာ ဟုတ်ပါ့မလား။ ဒါဟာ အရေခြုံ သက်သက်ပဲ ဆိုရင်ရော။
"သူတို့ မသေသေးဘူး... ငါက တစ်သောင်းကမ္ဘာကနေ တက်လာတာ!"
လုရွှမ် အေးစက်စွာ ပြန်ပြောလိုက်သည်။
"ရှင်ဘာတွေ ပြောနေတာလဲ.... တစ်သောင်းကမ္ဘာက ထွက်လာတာ ဟုတ်လား...လာနောက်နေတာလား... လူသားတွေ လုံး၀ လုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး ရှင့်မှာ ထူးကဲတဲ့ ခွန်အားတွေ ရှိပေမယ့် အာကာသရဲ့ စွမ်းအားကို ဖြတ်ကျော်ချင်တာကတော့ ဟာသတစ်ခုပဲ..."
လုရွှမ်က အေးစက်စွာဖြင့်: "မင်းကို ယုံဖို့ မလိုဘူး... မင်းထင်တာကို ငါ စိတ်ပူနေဖို့လည်း မလိုဘူး"
ရန်ဖေး သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
"ရှင် တကယ်ပဲ အောက်ကမ္ဘာက လာတာလား"
"ဖုံးကွယ်စရာ ဘာမှမရှိဘူး အနည်းဆုံးတော့ ငါ ဒါကို ဖုံးကွယ်ထားစရာ မလိုတော့ဘူး.... ငါက တိမ်ပင်လယ်လို့ ခေါ်တဲ့ ကမ္ဘာငယ်လေးက လာတာ... ရှေးဟောင်းကမ္ဘာ၊ တစ်သောင်းကမ္ဘာတွေကို ဖြတ်ကျော်ပြီး မြေကမ္ဘာရဲ့ နယ်နိမိတ်တွေကို အတင်းထိုးဖောက်ပြီး ဝင်ခဲ့တာ..."
"ငါမင်းကို ငါ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာပြဖို့ ပြောနေတာ မဟုတ်ဘူး... ဒါပေမယ့် ငါ့မှာ အောက်ခြေကမ္ဘာက သူငယ်ချင်းတွေ အများကြီးရှိတယ် ဒါကြောင့် သူတို့ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခု ပြောပြရမယ် မဟုတ်ရင်တောင် ကောင်းကင်ကမ္ဘာ မပြိုလဲအောင် ငါအစွမ်းရှိသမျှသုံးမယ်... ငါ့အစွမ်းအစကို မင်းယုံမှာ မဟုတ်မှန်း ငါသိတယ်!"
"ရှင်.... ရှင်..."
ဘာပဲဖြစ်ဖြစ် ရန်ဖေးကတော့ ဒါကို မယုံနိုင်ဖြစ်နေဆဲပါပဲ။ လူတစ်ယောက်ဟာ မြေကမ္ဘာရဲ့ နယ်နိမိတ်တွေကို တကယ်ဖြတ်ကျော်ပြီး ဖောက်ထွက်နိုင်တယ် ဆိုတာကို သူမ မယုံချင်ချေ။
ကမ္ဘာတစ်ခုစီကြားက နယ်နိမိတ်က ဘယ်လောက်ကြီးတယ် ဆိုတာ သူမကောင်းကောင်းသိပါ၏။ နှိုင်းယှဉ်ကြည့်လျှင် မြေကမ္ဘာနဲ့ ကောင်းကင်ကမ္ဘာ အကြား နယ်နိမိတ်က ပိုလို့တောင် ကြီးမားသေးသည်။
အကြောင်းပြချက်က အလွန်ရိုးရှင်းပါ၏။ ၎င်းတို့နှစ်ခုကြားရှိ အမှန်တကယ် နယ်နိမိတ် ဖိနှိပ်မှု ကွာဟချက်မှာ ကြီးမားတာမျိုး မဟုတ်ဘဲ ကောင်းကင်ကမ္ဘာကို ဝင်ချင်သူက နတ်ခြေလှမ်းနယ်ပယ်မှ ရနိုင်ပြီး မြေကမ္ဘာထဲ ဝင်ချက်သူကလည်း မျှော်စင်နယ်ပယ် ရှိနေမှရမည်။
ဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် ဘယ်ဟာ ပိုခက်ခဲမလဲ တွေးကြည့်နိုင်ပါသည်။
အကယ်၍ ဤလူက ကြွားလုံးထုတ်နေတာ မဟုတ်ရင် တစ်သောင်းကမ္ဘာကနေ မြေကမ္ဘာထဲဝင်ရန် သူ့ကိုယ်ပိုင် ခွန်အားကို အားကိုးခဲ့ပါက အရည်အချင်းသည် အလွန်မြင့်မားပြီး လူသားတို့၏ သမိုင်းတစ်လျှောက် အကောင်းဆုံးများထဲတွင် အဆင့်သတ်မှတ်ခံရနိုင်သည်။
"ခဏနေဦး.... ရှင့်နာမည်က လုရွှမ်နော်... လူသားမျိုးနွယ်မှာ အရည်အချင်းရှိတဲ့ ပါရမီရှင်တွေအတွက် စာရင်းတစ်ခုရှိတာ မှတ်မိသေးသလိုပဲ"
"လူသားပါရမီရှင် စာရင်းမှာ ပထမအဆင့် လုရွှမ်!"
လုရွှမ်လည်း ရန်ဖေးကို သေချာစိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့စိတ်ထဲတွင် ဒေါသတွေ ထွက်နေသော်လည်း စကားပြောရဦးမည်။ အောက်ကမ္ဘာရှိ သူ့သူငယ်ချင်းများကို မကယ်တင်နိုင်ခဲ့ပါက သူ နောင်တရမိလိမ့်မည်။ ကောင်းကင်ကမ္ဘာ ပြိုလဲတာကို ကာကွယ်ရန် သူ့ခွန်အားရှိသမျှကို အသုံးပြုချင်ပါက ရန်ဖေးဆီက သတင်းတချို့က မျှော်လင့်ချက်တစ်ခု ဖြစ်နိုင်သည်။
ကမ္ဘာကြီးရဲ့ ယေဘူယျ လမ်းကြောင်းကတော့ အချိန်အကြာကြီး ခွဲထားရင် ပြန်ပေါင်းစည်းဖို့ အချိန်ကြာလိမ့်မည်။ ဒါက နောက်ပြန်လှည့်လို့မရတဲ့ ကံကြမ္မာက သတ်မှတ်ပြီးသား အရာပင်။ သူလုပ်နိုင်တာက ယေဘူယျလမ်းကြောင်းကို တွန်းလှန်ဖို့မဟုတ်ဘဲ လမ်းကြောင်းပေါ်ကို လိုက်သွားပြီး သူ့သူငယ်ချင်းတွေကို တတ်နိုင်သမျှ ကယ်တင်ဖို့ပါပဲ။
ထိုသူငယ်ချင်းများကို တစ်သောင်းကမ္ဘာနဲ့ ရှေးဟောင်းကမ္ဘာတွေကို ဖြတ်ကျော်ကာ မြေကမ္ဘာထဲ ဝင်လာခိုင်းရမည်။ ဒါက တစ်ခုတည်းသောနည်းလမ်း ဖြစ်နိုင်သည်။ သူ့ရှေ့က ရန်ဖေးဟာ သူ့အခွင့်အရေး အနည်းငယ်ထဲမှ တစ်ခုပင်။
ဤအမျိုးသမီးသည် ကောင်းကင်ကမ္ဘာက ဆင်းသက်နိုင်လာသူ ဖြစ်သည်။ ထို့ကြောင့် မြေကမ္ဘာကနေ ပြန်တက်သွားဖို့ကလည်း သူမအတွက် ပြဿနာမရှိလောက်ချေ။
"ဘာလို့ ကျွန်မကို အဲ့လိုကြည့်နေတာလဲ"
လုရွှမ်ရဲ့ မျက်လုံးတွေဟာ ဆာလောင်နေတဲ့ ဝံပုလွေလို လောဘစိတ်တွေ ပြည့်နှက်နေသလို ရုတ်တရက် ခံစားလာရတာကြောင့် လုရွှမ်ကို ပါးရိုက်ချလိုက်သည်။