← Chapters

လျှို့ဝှက်ချက်များ

Vol. 137 Ch. 4,1563

လျှို့ဝှက်ချက်များ

Vol. 137 Ch. 4,1563

လုရွှမ်: "ကောင်းပြီ အထဲက အမွေခွဲဝေမှုအကြောင်း ပြောကြရအောင်... ကျင့်စဥ်တွေ၊ ဓားသိုင်းတွေကို အမွေဆက်ခံရမယ်ဆိုရင် ငါ မလိုချင်ဘူး.... ဒါပေမဲ့ အထူးမှော်အစွမ်းတွေ ရှိတဲ့အရာဆိုရင်တော့ ငါပိုင်တယ်... ကောင်းကင်ပစ္စည်းတွေ၊ မြေကြီးရတနာတွေ ရှိခဲ့မယ်ဆိုရင် အဲဒါတွေကို တစ်ဝက်စီ ခွဲယူမယ်... ဘယ်လိုလဲ"

ရန်ဖေးရဲ့ မျက်လုံးများတွင် သတိထားနေသည့် အရိပ်အယောင် တစ်ခုရှိနေသည်။

"ရှင်ဒါကို ဒီလိုပဲ ခွဲချင်တာ သေချာလား? ရှင်တစ်ခုခုကို မကြံစည်ထားဘူးလား"

သူမအမြင်မှာ လုရွှမ်ရဲ့ ဝေခြမ်းပေးတဲ့ အစီအစဥ်က အလွန်ကောင်းမွန်​နေသည်။ ဒီကောင်လေးက မရိုးသားတဲ့လူ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းရတာလဲ။

လုရွှမ်က မရှင်းပြဘဲ အေးအေးဆေးဆေးသာ မေးသည်။

"မင်းတို့ သဘောတူလား မတူဘူးလား?"

"ဟမ့် ကျွန်မ သဘောတူတယ် ဒါပေမဲ့ ပြီးမှ ရှင် နောင်တရနေရင်ရော?"

လုရွှမ် အော်ရယ်လိုက်ကာ။

"လုရွှမ်က တစ်ခုဆို တစ်ခုပဲယူတယ်... နှစ်ခုလို့ ပြောထားရင်တော့ နှစ်ခု ယူမယ်... ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး မင်းယုံသည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အားလုံးက မင်းရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်"

ရန်ဖေး လုရွှမ်ကို စိုက်ကြည့်နေသည်။ လုရွှမ်ရဲ့ စကားများက အလိမ်အညာတွေ မဟုတ်ကြောင်း သိသာထင်ရှားစွာ ပိုင်းခြားနိုင်ဖို့ ကြိုးစားနေသလိုပင်။

"ကောင်းပြီ... ကျွန်မ ရှင့်ကို ယုံကြည်တယ် ဆိုရင်တောင်မှ နောက်မှ အစီအစဥ်ကို ပြောင်းချင်ရင်တော့ ရှင့်ခွန်အားပေါ် မူတည်သွားပြီ!"

လုရွှမ်ကတော့ ရန်ဖေးရဲ့ အပျက်သဘောဆောင်တဲ့ စကားတွေကို လျစ်လျူရှုလိုက်သည်။

"ကောင်းပြီလေး... အရင်ပုန်းလိုက်ရအောင် ဒါနဲ့ နတ်သမီးကိုး ငါ မင်းကို သတိပေးချင်တာက ခိုးထွက်ဖို့ မစဉ်းစားနဲ့ ငါ့အပေါ် လှည့်စားတဲ့သူတွေကို ငါမကြိုက်ဘူး... တစ်ချိန်က ငါ့အပေါ် လှည့်စားရဲတဲ့ လူတွေက အခု သေကုန်ပြီ!"

ရန်ဖေး နှာမှုတ်ပြီး တိုက်ရိုက် ပြန်မဖြေခဲ့ပေ။

"တစ်ယောက်ယောက် လာနေပြီ နတ်သမီးကိုး အဆင်သင့်လုပ်ထား... စကားမစပ် မင်း ဒီသစ်ပင်နောက်ကွယ်မှာ ပုန်းနေလိုက်!"

သူမ လှည့်ကြည့်လိုက်တော့ နှစ်ယောက်သားကို ချက်ချင်းပင် မမြင်နိုင်တော့ပေ။ ရန်ဖေး နားမလည်နိုင်စွာ ကျိန်ဆဲလိုက်၏။ သူမစိတ်ထဲ သင်းခွေချပ် ပုန်းနေတဲ့နေရာကို ဂရုမစိုက်သေး။ သူမ၏ ဝိညာဉ်စွမ်းအားသည် အဝေးမှ ရောက်လာသူ၏ ရနံ့ကို အာရုံခံ​နေသည်။

အသက်ရှူသံ ဆယ်ချက်လောက်ကြာတော့ ရန်ဖေးရဲ့ အမူအရာက ပြောင်းလဲလာသည်။ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ သစ်ပင်ကြီးရဲ့နောက်ကွယ်မှ လုရွှမ်အား လျှို့ဝှက်စွာ ကျိန်ဆဲလိုက်​ပြန်ပါ၏။

လူတစ်ယောက်က ဂရုတစိုက် ပျံသန်းလာပြီးနောက် ပတ်ပတ်လည်ကို လှမ်းကြည့်ပြီးနောက် ပုန်းဖို့နေရာကို ရှာတွေ့သွားသည်။ ကံကောင်းချင်တော့ သူ သွညးနေတဲ့နေရာက ရန်ဖေး ပုန်းနေတဲ့ သစ်ပင်ကြီး ဖြစ်နေသည်။

"မင်းကိုး ရန်ဖေး?"

"ဖန်လုံ"

ရန်ဖေးရဲ့ ပါးပြင်များက အနည်းငယ် ရှက်ရွံ့သွားပြီး သူမသွားများက မုန်းတီးမှုနှင့်အတူ ယားယံလာသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် သတိထားနေမိသည်။ ဖန်လုံက ပတ်ဝန်းကျင်ကို စိုက်ကြည့်ရင်း ပြုံးပြုံးလေးနဲ့ ဆို၏။

"နတ်သမီးကိုး ရောက်လာတာ ကြာပြီထင်တယ်..."

ရန်ဖေး သူ့စိတ်ထဲမှသာ ဒေါသတကြီး ကြိမ်းမောင်းနေသည်။

"မဟုတ်ဘူး... တံဆိပ်ပြား ပါလာတယ်မလား.. သွားကြည့်ရအောင် ကျွန်မတို့နှစ်ယောက် ဖွင့်လို့ရမလား စမ်းကြည့်ကြတာပေါ့"

ဖန်လုံက ရယ်မောလိုက်ပြီး "နတ်သမီးကိုး...ခွဲဝေယူမယ့် အစီအစဉ်ကို အရင်ဆုံး သဘောတူညီမှု လုပ်ကြရအောင်။"

"အိုး ဘယ်လိုမျိုးလဲ"

ရန်ဖေးက သူမနှုတ်ခမ်းထက်၌ လှောင်ပြောင်ကာ မေးလိုက်သည်။

ဖန်လုံ ဆိုတဲ့ နာမည်ကို သူမ ကြားဖူးနေတာကြာပြီ။ မြွေမလေးနဲ့ အမြဲ လုံးထွေးနေခဲ့ကာ ရှုတ်ချချင်စရာကောင်းတဲ့ အနေအထားမျိုးပင်။ လူသားမဟုတ်တဲ့ တခြားကျင့်ကြံသူတွေရဲ့ ရုပ်သေးသူလျှိုသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီလူကသာ ပထမဆုံး သံသယဖြစ်စရာကောင်းမယ့် လူတစ်ယောက် ဖြစ်သည်။

နှစ်ဦးသဘောတူ သဘောတူညီမှုရရှိခဲ့ပြီး အတွင်းပိုင်းရှိ တောင်တန်းများ အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။

လုရွှမ်က သင်းခွေချပ်ပုခုံးပေါ် လက်ဖဝါးကို တင်ကာ နှစ်ယောက်သား ဂရုတစိုက် လိုက်သွားကြသည်။ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားရန် လေပြင်းနိယာမရဲ့ စွမ်းအားကိုသာ သက်သက် အသုံးချပြီး လုံးဝ တ​ခြားလှုပ်ရှားမှု မရှိပေ။

သူတို့နှစ်ဦးသည် တံဆိပ်ပြား တစ်ခုစီကို ထုတ်ယူကာ ဝိညာဉ်ရောင်ခြည်တစ်ခုစီကို ခွဲထုတ်လိုက်သည်။ တံဆိပ်ပြား နှစ်ခုက ရောယှက်ကာ လမ်းကြောင်းတစ်ခု ပေါ်လာသည်။

"သြော်... ဒီတစ်ခါတော့ ငါတို့ကံကောင်းပုံရတယ် ငါတို့နှစ်ယောက်တည်း ဒီလျှို့ဝှက်ချက်ကို စူးစမ်းနိုင်တော့မယ်"

ဖန်လုံ ပြုံးလိုက်သည်။

ရန်ဖေးက ဘာမှပြန်မပြောဘဲ သူမစိတ်ထဲတွင်သာ လှောင်ရယ်လိုက်သည်။

လုရွှမ်က သူတို့နှစ်ဦးနောက်သို့ လိုက်ကာ အနက်ပိုင်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။

တဖြည်းဖြည်းနဲ့ တခြားတောင်မြင့်တွေနဲ့ ယှဉ်လိုက်ရင် ဒီတောင်ကုန်းငယ်လေးက သေးငယ်တာကြောင့် ဘယ်သူမှ သတိထားမိမှာ မဟုတ်တဲ့ အခြေအနေကို တွေ့လာရသည်။

ဒါပေမဲ့ သူတို့နှစ်ယောက်က အဲဒီ​နေရာမှာပဲ ရပ်လိုက်ကြ၏။ ရောယှက်နေတဲ့ ဝိညာဉ်စွမ်းအင်တွေက တောင်ကုန်းပေါ်ကို ပြေးတက်သွားကာ တစ်ချိန်တည်းမှာပင် လူနှစ်ဦးရဲ့ တံဆိပ်ပြားထဲက စွမ်းအင်များ ပေါက်ကွဲထွက်ကာ တောင်ကုန်းပေါ်သို့ ရောက်ရှိသွားသည်။ အပင်များပြည့်နှက်နေသော တောင်ကုန်းပေါ်တွင် မုခ်တစ်ခုပွင့်သွားကာ လူသုံးဦးကို တစ်ပြိုင်နက်တည်း ဝင်ရောက်ခွင့် ပေးလိုက်သည်။

"နတ်သမီးကိုး ကြွပါ!"

ဖန်လုံက နှိမ့်ချသော အကြည့်ဖြင့် နောက်သို့ ခြေလှမ်းဆုတ်လိုက်သည်။

ရန်ဖေး: "သခင်လေးဖန်လုံကပဲ အရင်ကြွလိုက်ပါ!"

သူမ ရှေ့ကို အရင်မလှမ်းဖို့ ဆုံးဖြတ်လိုက်သည်။

ဖန်လုံက ပြုံးပြီး :" နတ်သမီး ဘာလို့ စိတ်ရှုပ်နေတာလဲ.... ဖန်လုံး နတ်သမီးကိုးရဲ့ ဂုဏ်သတင်းကို ကြားပြီးပါပြီ ထူးကဲတဲ့ အရည်အချင်းတွေနဲ့ အစွမ်းထက်တယ်... ဖန်လုံက ကိုယ့်ပါရမီကို ဂုဏ်ယူပေမယ့် နတ်သမီးကိုးနဲ့ မယှဉ်ဝံ့ပါဘူး... နတ်သမီးကိုး ဒါအတွက်တော့ စိုးရိမ်စရာ မလိုဘူး "

ရန်ဖေး စကားဆက်ချင်နေသေးပေမယ့် လုရွှမ်ရဲ့အသံက ရုတ်တရက် သူမခေါင်းထဲ ဝင်လာသည်။

"မင်းလုပ်ရဲရင် ဝင်သွား... ငါ မင်းနောက်မှာ ရှိနေမယ် အဲဒီကောင် ပြဿနာရှိလာတာနဲ့ ငါ မင်းကိုချက်ချင်း သတိပေးမယ်!"

ရန်ဖေး အရင်ဝင်လိုက်ရာ ဖန်လုံက တခစ်ခစ်ရယ်ပြီး အလျင်အမြန် လိုက်သွားခဲ့သည်။ လုရွှမ်နဲ့ သင်းခွေချပ်တို့လည်း လျင်မြန်စွာ နောက်မှလိုက်ကာ ဂူထဲသို့ ဝင်သွားကြ၏။ လုရွှမ်ရဲ့ ဖိအားအောက်တွင် သင်းခွေချပ်ခမျာ အသံ​တောင် မထွက်နိုင်ပေ။

သင်းခွေချပ်မှာ လုရွှမ်က သူ့ဝိညာဉ်ကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့ကြောင်း တွေ့လိုက်ရသည်။ လုရွှမ်က အတွေးတစ်ခုသာ တွေးလိုက်ရုံနဲ့ သူသေမှာ သေချာသည်။ ဒါကြောင့် ယခုတော့ သူသည် လုရွှမ်ကတိအတိုင်း ကိစ္စပြီးသည်နှင့် သူ့အား လွှတ်ပေးပါစေလို့သာ ဆုတောင်းရတော့မည်။

သူတို့လေးယောက်ဟာ တဖြည်းဖြည်း ပိုနက်ရှိုင်းလာပြီး ရှည်လျားတဲ့ စင်္ကြံလမ်းကို ဖြတ်ကျော်ပြီး ကျောက်တုံးအခန်းငယ်လေး တစ်ခုထဲကို ဝင်သွားကြသည်။

ကျောက်ခန်း၏ အလယ်ဗဟိုတွင် သက်ရှိထင်ရှား ရှိနေသလို ရုပ်တုတစ်ခု ရှိသည်။ အထူးတလည် ထိတ်လန့်စရာ ကောင်းနေတာကတော့ ရုပ်တုပေါ်တွင် ရောင်ဝါများ စီးဆင်းနေခြင်းပဲ ဖြစ်သည်။ လုရွှမ်သာ သတိမထားမိရင် သူတို့နှစ်ယောက် ဖော်ထုတ်မိပြီးသား ဖြစ်သွားလိမ့်မည်။

ဖန်လုံက ရုပ်ထုဘေးနားသို့ လျှောက်သွားသည်။

"အရှင်ဟွမ်လုံကိုး... အရှင်ဟွမ်လုံက အဂ္ဂိရတ်ပညာမှာ အကောင်းဆုံးပဲလို့ ပြောပြတယ်... ယင်းယန်ကိုးစင်း လျှို့ဝှက်ဆန်းကြယ်ဆေးလုံးက ကျင့်ကြံသူ တစ်ယောက်ရဲ့ ကျင့်စဉ်ကို အများကြီး တိုးတက်လာစေတယ်... ယင်းယန် ချိန်ခွင်လျှာက ကျင့်ကြံသူတွေအတွက် များစွာအထောက်အကူ ဖြစ်စေတယ်... ဒီမှာ ယင်းယန်ကိုးစင်း အဂ္ဂိရတ်ဆေးရဲ့ လျှို့ဝှက်ချက် အကြွင်းအကျန်တွေ ရှိနေဦးမလား မပြောတတ်ဘူး...."

ဖန်လုံ ဒီအကြောင်းကို ပြောနေချိန် လုရွှမ်အမှောင်ထဲကနေ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဒီအဂ္ဂိရတ်ဆေးနည်း အကြောင်း ပြောပြနေတာကို တကယ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်နေတာ ထင်ရှားသည်။

ရန်ဖေးက တကယ် မာနကြီး​နေတာလား၊ သူ့ကို လုံးလုံး ယုံကြည်နေတာလား မသိတော့ပေ။

"ငရဲကို သွားလိုက်!"

ဖန်လုံက ပြင်းထန်စွာ အော်လိုက်ပြီး ရန်ဖေးရဲ့ နောက်ကျောကို လက်ဖဝါးဖြင့် လှမ်းရိုက်လိုက်သည်။

All Chapters