← Chapters

နဂါးမျိုးနွယ်ရဲ့ အမုန်းတရား

Vol. 137 Ch. 4.1566

နဂါးမျိုးနွယ်ရဲ့ အမုန်းတရား

Vol. 137 Ch. 4.1566

ရန်ဖေးမှာ ပို၍ပင် ပင်ပန်းနွမ်းနယ်နေတာကြောင့် တောင်ကုန်းပေါ်သို့ ဆင်းသက်ကာ ဆေးအနည်းငယ်ကို အမြန်မျိုချလိုက်ရသည်။ ထို့နောက် သူမစွမ်းအားများကို ပြန်လည်ရယူရန် နံဘေးတွင် ထိုင်လိုက်သည်။

"မင်းက သတ္တိရှိသားပဲ ငါမင်းကို လုပ်ကြံလိုက်မှာ မကြောက်ဘူးလား"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။ ရန်ဖေး တုန်လှုပ်သွားပြီးနောက် နှုတ်ခမ်းကို အသာ ကိုက်ကာ အော်လိုက်သည်။

"ရှင် မလုပ်ရဲပါဘူး"

"ငါတကယ် မလုပ်ရဲဘူး"

ရန်ဖေးလည်း သူမကိုယ်သူမ လူယုတ်မာဆီက လုပ်ကြံမခံရဖို့ အရေး တိတ်တဆိတ် ကျိန်ဆဲပြီး တားမြစ်ချက်တစ်ခု ချမှတ်လိုက်​လေသည်။

လုရွှမ်ကတော့ တောင်ထိပ်ပေါ်တွင် ရပ်နေကာ သူ့ခန္ဓာကိုယ်ကို မတ်မတ်ထားရင်း အဝေးကို လှမ်းကြည့်နေသည်။ သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအင်တွေက တိတ်တဆိတ် ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။

တစ်နာရီကြာပြီးနောက် လုရွှမ်ရဲ့စွမ်းရည်က အပြည့်အဝ ပြန်လည်ရရှိလာခဲ့လေပြီ။ ယခုအခါ သူ့ကျင့်ကြံမှုက မျှော်စင်နယ်ပယ် ပထမအဆင့်မှာပဲ ရှိနေသေးပေမယ့် ယွမ်ယန်ကျင့်စဥ်က ပိုမိုအားကောင်းလာနေပြီပဲ ဖြစ်သည်။

သို့သော် သာမာန်မဟုတ်တဲ့ မျှော်စင်နယ်ပယ် အဆင့် အမျိုးမျိုးက ထိပ်တန်းအဆင့် ထူးချွန်သူများ သို့မဟုတ် ကောင်းကင်ကမ္ဘာက ရန်ဖေးတို့လို ထူးချွန်သူများသာ လုရွှမ်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ရန် အရည်အချင်း ပြည့်မီ​လေသည်။

ရန်ဖေးရဲ့ မျက်လုံးများက လေးနက်စွာဖြင့် လုရွှမ်အား မယုံကြည်နိုင်စွာ ကြည့်နေ​၏။ ဤလူယုတ်မာသည် အမှန်တကယ်ပင် သူမ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ဂရုမစိုက်သလိုကြီး သူမကို မျက်စိထဲ လုံးဝ မထည့်ထားခဲ့ပေ။

သူ့ကိုယ်ပေါ်မှ နေရောင်ခြည်က လင်းလက်နေသည်။ အနီရောင် နေလုံးက ကောင်းကင်အထက်တွင် ပဲ့တင်ထပ်နေတာကို ကြည့်နေသလိုပါ ခံစားလာရ​စေသည်။

ဒီလူယုတ်မာက ဘယ်လို ကျွမ်းကျင်မှု ကျင့်စဥ်မျိုးကို လေ့ကျင့်တာလဲ။ ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ!

သူမရဲ့ ကျင့်စဥ်နဲ့ နှိုင်းယှဥ်ကြည့်လျှင် အံ့ဖွယ်ကောင်းလွန်းလှသည်။ သူမ ပါးစပ်က ဝန်မခံချင်ပေမယ့် ကောင်းကင်ကမ္ဘာရှိ ထိပ်တန်းဂိုဏ်းရဲ့ ကျင့်စဥ်ကတောင် ဒီလောက် အစွမ်းထက်ပုံမပေါ်ပေ။

"ဘာလို့ ငါ့နောက်ကျောက အရမ်းလှနေတော့ မင်းငါ့ကို အရမ်းစွဲလမ်းနေပြီလား?"

လုရွှမ်ရဲ့အသံက သူမနားထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ရန်ဖေး ရုတ်​တရက်​ ထိတ်​လန့်​တုန်​လှုပ်​သွားကာ သူ့မျက်​နှာက ရှက်​ရွံ့သွားစွာဖြင့် နီရဲသွားသည်။ သူအ မျက်​နှာလွှဲသွားကာ လုရွှမ်ကို မကြည့်​ဝံ့တော့ချေ။

"ဘာတွေပြောနေတာလဲ? ရှင့်နောက်ကျောကို ဘယ်သူက ကြည့်နေလို့လဲ... ကျွန်မ တစ်ခုခု စဉ်းစားနေတာ... ဟေ့ ဒါ ကျွန်မ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ပဲ... ရှင် ဘယ်လိုလုပ် ဝင်လာတာလဲ လုရွှမ်!"

လုရွှမ် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး။

"ဟုတ်လား? ဒီမှာ အခင်းအကျင်း ကန့်သတ်ချက်တွေ ရှိ​နေတာလား? သိပ်အားကြီးပုံလည်း မပေါ်ဘူး ငါ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ဖို့ ကြိုးစားလိုက်တာနဲ့ မထင်မှတ်ပဲ ဝင်နိုင်သွားတယ်... မင်းစီစဉ်ထားတဲ့ အခင်းအကျင်း ကန့်သတ်ချက်တွေက တစ်ခုခု မှားနေပြီ ထင်တယ်နော်..."

လုရွှမ်က ပြုံးပြပြီး ပြန်ထွက်သွားခဲ့သည်။

ရန်ဖေးလည်း ဝိညာဉ်စွမ်းအားဖြင့် အခင်းအကျင်း ကန့်သတ်ချက်များကို ပြန်စစ်ဆေးကြည့်လိုက်သည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မတွေ့ရပေ။

ဒီကောင်က သူမကို ခြောက်ဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် သူ့ကိုယ်သူ တော်ကြောင်း သတိပေးချင်နေတာလား။

သူမ ဒေါသတကြီးဖြင့်။

"ကျွန်မတို့ အခု ဘယ်သွားမလို့လဲ... ရှင် သွားနေတဲ့ လမ်းကြောင်းက အနောက်ဖက်ဒေသကို သွားနေပုံလည်း မပေါ်ဘူး"

"ဟုတ်တယ် ငါတို့ အခုသွားနေတဲ့ နေရာက နဂါးကျွန်းရှိတဲ့ တောင်ပိုင်းနယ်မြေရဲ့ တောင်ဘက်စွန်း!"

"နဂါးကျွန်း?"

ရန်ဖေး အော်ဟစ်လိုက်ပြီး မျက်လုံးကို ခေတ္တ မှိတ်ထားကာ တစ်ခုခုကို တွေးနေပုံဖြင့် ခဏငြိမ်သက်သွားခဲ့သည်။

"ရှင်ဘာလို့ နဂါးကျွန်းကို သွားနေတာလဲ... နဂါးမျိုးနွယ်က အရမ်းမာနကြီးပြီး လူသားမျိုးနွယ်ကို လုံးဝ ရှုံ့ချနေတာ မသိဘူးလား"

"အင်း...."

ရန်ဖေး: "အံ့သြစရာပဲ... လူသားမျိုးနွယ်ထဲမှာ နဂါးတွေအကြောင်း ဒဏ္ဍာရီတွေ အမျိုးမျိုး ရှိပါတယ်... နဂါးသားလေးတွေ၊ နဂါးမြေးတွေ၊ နဂါးမလေးတွေနဲ့ လူသားတွေအကြောင်း ပုံပြင်တွေ၊ လောကရဲ့ ဧကရာဇ်တွေကတောင် သူ့ကိုယ်သူ နဂါးအစစ်ရဲ့ မျိုးဆက်လို့တောင် ခေါ်နေကြသေးတယ်... ကောင်လေး ငါပြောပါရစေ... ဒါတွေအားလုံးက လူသားတွေရဲ့ စိတ်ကူးယဉ် အိပ်မက်တွေချည်းပဲ နဂါးတွေက လူသားတွေကို တစ်ခါမှ မကြည့်ဖူးဘူး သူတို့က လူသားတွေကို ကျွန်အဖြစ်ပဲ ဆက်ဆံတယ်... "

ရန်ဖေးသည် အစပိုင်းတွင် သာမန်အတိုင်း ဖော်ပြခဲ့သော်လည်း ထို့နောက်တွင် တဖြည်းဖြည်း စွပ်စွဲမှုများအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် သူမစကားတွေက လှောင်ပြောင်နေတဲ့ အခြေအနေအထိပါ ရောက်သွားသည်။

သူမမျက်လုံးအောက်က အနည်းငယ် နီရဲနေပြီး နှာခေါင်းက တုန်လှုပ်နေရုံသာမက သူမ၏ ခံစားချက်အစစ်အမှန်ကို ပြသနေတာ ထင်ရှားလှသည်။

ဘာပဲဖြစ်ဖြစ် ရန်ဖေး ပြောနေတာက ကောင်းကင် ကမ္ဘာက လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းပါပဲ။ ကောင်းကင်ကမ္ဘာနဲ့ မြေကမ္ဘာဟာ လူသားမျိုးနွယ်အတွက် တူညီသော မူလအစရှိသည်။ အမျိုးမျိုးသော သားရဲသတ္တဝါများသည် ကမ္ဘာမြေကြီး၏ နယ်မြေအများစုကို သိမ်းပိုက်ထားတာကြောင့် သဘာဝအားဖြင့် အရင်းအမြစ်များကို ပိုမိုခံစားရသည်။

ကမ္ဘာက မတူနိုင်ပေမယ့် အဆင့်အတန်းကတော့ အတူတူပါပဲ။

မြေကမ္ဘာထဲရှိ လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းက နိမ့်ပါးသော်လည်း အမျိုးမျိုးသော သားရဲသတ္တဝါ အရေအတွက်က ပိုများပြီး ခွန်အားများကလည်း အားကောင်းနေကြသည်။ သို့နှင့် ကောင်းကင်ကမ္ဘာက လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းက ပိုဆိုးလာကာ ၎င်းတို့ဟာ အမြတ်ထုတ်ခံရတာတွေနဲ့ ဝေဖန်ခြင်းတွေရဲ့ ပစ်မှတ်လိုလို ဖြစ်လာခဲ့သည်။

လုရွှမ် စကားမပြောခဲ့ပေ။ ဘယ်လို ဝင်ပြောရမလဲ မသိတာကြောင့်ပါ။

ရန်ဖေးကို နှစ်သိမ့်​ပေးဖို့လား။

သူတို့ နှစ်ယောက်က သူငယ်ချင်းလို့ ခေါ်ရလောက်အောင်အထိ ဝေးနေသေးသည်။ လက်ရှိဆက်ဆံရေးနဲ့ ပတ်သက်ရင် သူတို့နှစ်ဦးဟာ ဘေးကင်းစွာ လက်တွဲခွင့်ရဖို့နဲ့ အကျိုးစီးပွားအတွက် ပူးပေါင်းထားရုံသာ ဖြစ်သည်။

ဒါပေမဲ့ တစ်ခုခု မပြောရင် နည်းနည်းတော့ ယုတ္တိမတန်ဘူးလို့ ထင်ပါ၏။ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာပါက သူက လူသားမျိုးနွယ် ဖြစ်ပြီး ရန်ဖေးကလည်း လူသားမျိုးနွယ် ဖြစ်သည်။ ယင်းက ရှောင်လွှဲ၍မရပေ။

အထူးသဖြင့် ယခုတွင် သူတို့နှစ်ဦးသည် လူသားမျိုးနွယ်စု စုစည်းရာနေရာမှ ထွက်ခွာခဲ့ကြသည်။ လူသားများနှင့် နတ်ဆိုး သတ္တဝါများအားလုံးကို လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာအတွက် အလိုလို တိုက်ပွဲဝင်ကြရမှာ ဖြစ်သည်။

"တောင်းပန်ပါတယ် ဒါပေမယ့် ငါနဂါးမျိုးနွယ်ဆီကို သွားရမှဖြစ်မှာ...အဲ့မှာ ငါ့မိတ်ဆွေရှိတယ် ကောင်းကင်ကမ္ဘာ အကြောင်းပြောပြရမယ် သူတို့သိပြီးသားလည်း ဖြစ်မယ် မသိသေးတာလည်း ဖြစ်မယ် ငါ့သူငယ်ချင်းက အန္တရာယ်ဖြစ်နိုင်တယ်... သူ့ကိုမတွေ့ရရင် ငါစိတ်သက်သာရာ ရနိုင်မှာ မဟုတ်ဘူး"

လုရွှမ်က ပေါ့ပေါ့ပါးပါးသာ ပြောပြသည်။

"သူက မိန်းမလား နဂါးမလေးလား"

"သူမက နဂါးမျိုးနွယ်ရဲ့ မင်းသမီးတစ်ယောက်ပါ... ဒါပေမဲ့ မင်းထင်ထားတာနဲ့ ဘာမှ မဆိုင်ပါဘူး သူက ငါ့ညီမပဲ၊ ငါက သူ့အစ်ကို..."

"ညီမ အစ်ကို?? နဂါးမင်းသမီးက ရှင့်ကို အစ်ကိုအဖြစ် အသိအမှတ်ပြုခွင့် ပေးတယ်ပေါ့လေ..."

ရန်ဖေး လုရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်ကာ ဒီလူကတော့ ထပ်ပြီး ကြွားလုံးထုတ်နေတာပဲလို့ ကောက်ချက်ချလိုက်ပါတော့သည်။ လုရွှမ်ကတော့ သေသေချာချာ ရှင်းပြမနေပါ။

"တစ်ခေါက်ပဲ သွားမယ်... သူ့ဘေးကင်းတာကို တွေ့ရင် ရပြီ... စိတ်မပူနဲ့....မင်း နဂါးမျိုးနွယ်ကို အရမ်းမုန်းရင် ဒီမှာနေလို့ရတယ်....ငါ အလုပ်ပြီးတာနဲ့ မင်းဆီကို ပြန်လာခဲ့မယ်"

ရန်ဖေးက ခဏလောက်စဉ်းစားပြီး "မယုံဘူး... ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်"

"ကောင်းပါတယ် ရိုးရိုးသားသား ပြောရရင် မင်း တခြားနတ်ဆိုးတွေဆီက အသတ်ခံရမှာကို ငါကြောက်တယ်...ဘာပဲဖြစ်ဖြစ် မင်းက မြေကမ္ဘာကနေ ဆင်းရမယ့် လျှို့ဝှက်ချက်ကို သိတယ်လေ...."

ရန်ဖေးက ပြန်မဖြေချေ။

"ကောင်းပြီ ဒါဆို သွားကြရအောင်... ဟင့် အရင်ကတော့ ရှင် ဘာလုပ်နေလဲ မသိခဲ့ဘူး...ရှင်က ဘာလို့ ဒီလောက်ဆင်းရဲတဲ့ နေရာကို ပျံသန်းနေတာလဲပေါ့.... ဟမ့်"

ရန်ဖေးသည် နဂါးမျိုးရိုးအကြောင်း ပြောပြီးနောက် လုရွှမ်အပေါ် အနည်းငယ် ချစ်ခင်တွယ်တာမှု ပျောက်ကွယ်သွားကာ ထုံးစံအတိုင်း စွပ်စွဲ​နေခဲ့သည်။

"ငါတို့ ဒီကိုလာရတဲ့ အကြောင်းရင်းက ဝေးလံခေါင်သီလို့ပဲ... နတ်ခြေလှမ်းနယ်ပယ် ဟိုပညာရှင်ငါးယောက်က အစွမ်းထက်တယ်... ငါတို့ ဆက်ပြေးရင်တောင် မလွတ်နိုင်ဘူး..တစ်ဖက်လူတွေက တခြားလူတွေကို သွားခေါ်နေရင် ငါတို့ ဘယ်လိုလုပ်မလဲ?"

"ဒီနေရာက ဝေးလံခေါင်သီလို့ သက်ရှိသတ္တဝါတွေ သိပ်မနေကြဘူး...သူတို့ကို ပြန်လှည့်တိုက်ခိုက်ရင် မြေကြီးပြိုကျတာတွေ ဖြစ်လာမှာ သေချာတယ်...သူတို့ကို သတ်ပြီးရင် အေးအေးဆေးဆေး ထွက်ခွာဖို့ ဒါမှမဟုတ် အနည်းဆုံး သူတို့ကို ကြောက်လန့်တကြားနဲ့ နောက်ဆုတ်သွားစေဖို့တော့ လုံလောက်တယ်... ဒါငါ့ရဲ့ လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်ပဲ!"

ရန်ဖေး ဒေါသထွက်နေပေမယ့် လုရွှမ်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က ရှင်းရှင်းလင်းလင်းနဲ့ ယုတ္တိရှိတဲ့အတွက် သူမ ပြန်ခံပြောရ ခက်နေသည်။

All Chapters