← Chapters

လောဘကြီးတဲ့ အဘိုးကြီး

Vol. 137 Ch. 4.1568

လောဘကြီးတဲ့ အဘိုးကြီး

Vol. 137 Ch. 4.1568

လုရွှမ်မှာ အလွန်ဝမ်းသာပီတိ ဖြစ်သွားသလို ပြုံးလိုက်သည်။

"ယုတ်မာတယ်!"

ရန်ဖေး ကျိန်ဆဲပြီး အကိုက်သေးသေးလေးတွေ ဆက်ကိုက်စားနေလိုက်သည်။ စိတ်မချမ်းသာပေမယ့် ဒီလူ ကင်ထားတဲ့ အသားက အရမ်းမွှေးပြီး အရသာကောင်းနေတာတော့ မတတ်နိုင်ပေ။

"ဟားဟားဟား"

ဟိုးအဝေးကနေ အသံတစ်သံ ထွက်လာ၏။ ခဏအတွင်း အဘိုးအိုတစ်ယောက် အဝေးကနေ လွင့်ပျံလာပြီး သူတို့နှစ်ယောက်ရဲ့ ဘေးမှာ ဆင်းသက်လာခဲ့သည်။

ရန်ဖေး သူမ ခြေထောက်များဖြင့် ထခုန်တော့မည်ဖြစ်သော်လည်း လုရွှမ်က သူမပုခုံးများကို လက်ဖဝါးဖြင့် ဖိထားကာ သူမအား အလျင်စလို မလုပ်ဖို့ အချက်ပြခဲ့သည်။

"အငယ်တန်း လုရွှမ်ပါ... ဒါက ကျွန်​တော့်ညီမ ရန်ဖေး... အကြီးအကဲကို နှုတ်ဆက်ပါတယ်!"

အဘိုးအိုသည် လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သော်လည်း ရန်ဖေးလက်ထဲရှိ အသားများကို သူ့မျက်လုံးများက စိုက်ကြည့်နေသည်။ သူ့လည်ချောင်းတွေ တဆတ်ဆတ်တုန်ပြီး တံတွေးကို အဆက်မပြတ် မျိုချနေ၏။

"တူမလေး... အဘိုးကို ဒီအသားကင်လေး နည်းနည်းလောက် မျှမလား"

ရန်ဖေး လုရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။ လုရွှမ် မျက်တောင်ခတ်​ပြလိုက်တော့ ရန်ဖေးလည်း သဘာဝအတိုင်းဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

"အကြီးအကဲ ယူပါ.... အကြီးအကဲကို အသားကင် ကျွေးရတာ ဂုဏ်ယူစရာပါပဲ"

"ဟေ့ မိန်းကလေးတွေက စကားပြောရတာ အဆင်ပြေသားပဲ..."

အဘိုးကြီးက ရန်ဖေးလက်ထဲက အသားကင်ကို ကိုင်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"အိုး.. မွှေးမွှေးလေးနဲ့ နူးညံ့နေတာပဲ!"

အဘိုးကြီးက အသံကျယ်ကျယ်နဲ့ ချီးမွမ်းလိုက်ပြီး သူတို့ဘက်ကို သနားတဲ့အကြည့်နဲ့ ကြည့်လာသည်။

"တိုက်ဆိုင်တဲ့ ​သေရည်မရှိတာ နှမြောစရာပဲ နှ​မြောစရာပဲ..."

လုရွှမ်ကလည်း ရယ်ပြီး "ကျွန်တော်တို့ သေရည် မပါတဲ့ အသားကင်ကို စားရင် ဘယ်လိုလုပ် စားလို့ရမှာလဲ?"

လုရွှမ် ကျောက်စိမ်းပုလင်း တစ်လုံး ထုတ်ပြီး အဘိုးကြီးကို ပေးလိုက်သည်။

"ဟာဟား ကောင်လေးကလည်း အရမ်း ဉာဏ်ကောင်းတာပဲ... ကောင်းပြီ မင်းရဲ့သေရည်ကိုလည်း မြည်းစမ်းကြည့်မယ်"

လုရွှမ် သေရည်ကို ဖြုန်းတီးသွားသလို ခံစားလိုက်ရလေသည်။ သူ့လက်ထဲက သေရည်ကို အဘိုးကြီးက မြန်မြန်ဆန်ဆန် လုယူသွားခဲ့ပြီ။ လုရွှမ်တောင် အဲဒီလူကြီးရဲ့ အလျင်ကြောင့် တိတ်တဆိတ် အံ့အားသင့်သွားသည်။

အဖိုးအိုသည် ကျောက်စိမ်းပုလင်း အဖုံးကိုဖွင့်၍ ညင်သာစွာ ရှူရှိုက်လိုက်သည်။

"အနံ့မရှိဘူး... ထူးဆန်းတယ် ဒါပေမယ့် အရသာခံကြည့်ရမယ်"

သူကပြောရင်း ကောင်းကင်သို့ ခေါင်းထောင်ကာ ပါးစပ်ကို အကျယ်ကြီးဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။ သေရည်ကို အရသာခံပြီးပေမယ့် အကြာကြီး စကားမပြောဘဲ တိတ်ဆိတ်​နေသည်။

အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးများက ထိန်းမနိုင်သိမ်းမရ နီရဲသွားသည်။

"ကောင်းတယ်! ​သေရည်ကောင်းပဲ!"

သူက မြေပြင်ကို လက်ဝါးနဲ့ ပြင်းပြင်းထန်ထန် ပုတ်ချလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေကြီးပေါ်၌ မီးတောင်ဝကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သို့သော် ကျောက်စရစ်နှင့် ဖုန်မှုန့်များက တစ်စုံတစ်ခုက ဖမ်းယူသွားခဲ့သလို ၎င်းတို့နှစ်ဦးအပေါ် လုံးဝ မထိခဲ့ပေ။

“ကောင်းလိုက်တာ”

သူသည် ရှားရှားပါးပါး သေရည်ကို သောက်နေရသလိုမျိုး တစ်ကျိုက်တည်းနဲ့ အားလုံးကို ဖြည်းညှင်းစွာ သောက်ပစ်လိုက်သည်။ ရန်ဖေး လုရွှမ်ကို အံ့အားသင့်စွာ လှည့်ကြည့်မိ၏။ အသားကင်အပြင် ဒီကောင်လေးက သေရည်လည်း ချက်တတ်သေးတာပဲလား။

"လူငယ်​လေး မင်းက သိပ်သဘောကောင်းတာပဲ ငါ့ကို အသားကင်​ပေးပြီး သေရည် ကောင်းကောင်းလည်း ဧည့်ခံတယ်... ဒီအဘိုးကြီးက မင်းဧည့်ဝတ်​ကျေမှုကို အချည်းနှီး လုပ်ပစ်လို့တော့ မဖြစ်ဘူးမလား.. ပြောပါ မင်းဘာလိုချင်လဲ"

ရိုးရိုးသားသား ပြောရလျှင် လုရွှမ်လည်း ယခုအချိန်တွင် အလွန်သိချင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဒီသေရည်ဟာ အမှန်တကယ်တော့ သေရည်ကောင်းလို့ သတ်မှတ်လို့တော့ မရချေ။ ဒါက ရွှေကျီးကန်း သေရည်ချက်တုန်းက ကျန်ခဲ့သော လက်ကျန်လေးတွေသာ ဖြစ်သည်။

ထို့နောက် သေရည်ကောင်းကောင် ဖန်တီးရန်အတွက် ရှားပါးပစ္စည်းများကို ထည့်သွင်းခဲ့သည်။

ရွှေကျီးကန်းကတော့ ဒါဟာ သူ့မူရင်းသခင် ချက်တဲ့ ​သေရည်ကို တုပထားပေမယ့် အရသာနဲ့ အရည်အသွေးက နောက်ကျ ကျန်နေသေးကြောင်း ပြောဖူး၏။ ဒါပေမယ့် လက်ရှိ လုရွှမ်အတွက် သေရည်အဆင့်က အရမ်းမြင့်နေသေးပြီး ဒီအဆင့်မှာ မြည်းစမ်း​ကြည့်ဖို့က မသင့်တော်ပေ။

နောက်ပိုင်း ၎င်းကို မြည်းစမ်းနိုင်သောအခါက တစ်စုံတစ်ခုကို နားလည်သလို ဖြစ်ခဲ့သော်လည်း ယခုအခါ ၎င်းသည် အဆုံးစွန်သော အဆိပ်ဟု ပြောရင်တောင် ချဲ့ကားပြောဆိုခြင်း မဟုတ်လောက်ချေ။

အဘိုးအိုက သေရည် တောင်းတဲ့အခါ လုရွှမ် ရုတ်တရက် သတိရသွားပြီး ဒီ​သေရည်ကောင်းကောင်းကို ထုတ်​ပြလိုက််သည်။

"အကြီးအကဲ... ဒီအငယ်တန်းက ဘာကိုမှ မမျှော်လင့်ဝံ့ပါဘူး... နောက်ဆုံးတော့ အခွင့်အလမ်းတွေက မုန့်တွေ ရေခဲတွေပါပဲ။ ကျွန်တော်က ကိုယ်ပိုင် ကြိုးစားမှုကနေ ရလာတဲ့အရာတွေက ပိုရှားပါးလာပြီး နားလည်မှုတွေ ပိုမှန်လာမယ်လို့ပဲ ယုံကြည်ပါတယ်"

အဘိုးအိုက ရယ်ပြီး ဆူပူကြိမ်းမောင်းရင်း ပြော၏။

“မင်းက ခပ်ညံ့ညံ့ ကောင်လေးပဲ.... ကလေးမ မင်းရော ဘာလိုချင်လဲ”

ရန်ဖေး လုရွှမ်အား မျက်လုံးပြူးကြည့်လိုက်သည်။ သူမ၏ စိတ်ထဲတွင် လျင်မြန်စွာ လည်ပတ်နေသော်လည်း တွေးတောင် မတွေးနိုင်တော့ပေ။

"သြော် ကလေးနှစ်ယောက်စလုံးက မြင့်မြတ်တဲ့ စရိုက်လက္ခဏာတွေ ရှိကြတာကိုး... အဘိုးကြီးကို လုပ်ကြံဖို့ မစဉ်းစားနဲ့ မဟုတ်ရင် အဘိုးကြီးက တာဝန်မဲ့တဲ့ သခင် ဖြစ်သွားလိမ့်မယ်"

လုရွှမ် ပြုံးနေစဥ် ရန်ဖေးက ပြင်းပြင်းထန်ထန် အော်ပြောလိုက်သည်။

"အကြီးအကဲ ဖြစ်နိုင်ရင် လုရွှမ်ကို အကြံဥာဏ်လေး ပေးလို့ရမလား... သူ့အရည်အချင်းက တုနှိုင်းမရတဲ့သူလို့ အမြဲထင်နေပြီး ကျွန်မကို နှိမ့်ချနေတာ.... ကျေးဇူးပြုပြီး သင်ခန်းစာတစ်ခုသင်ပေးပြီး ကောင်းကင်ကြီးနဲ့ ကမ္ဘာအပြင်မှာ လူတွေရှိနေတယ်ဆိုတာ သိအောင်လုပ်​ပေးပါ.. ဒါပေမဲ့ အကြီးတန်းက ပိုပြီးတော့ သနား​ပြစရာ မလိုပါဘူးနော်!"

ရန်ဖေးရဲ့ မျက်လုံးများက စိတ်လှုပ်ရှားမှု မာန်မာနများဖြင့် တောက်ပလာပြီး လုရွှမ်အား ရယ်မောသော အကြည့်များဖြင့် ကြည့်ကာ သူ့ကိုယ်သူ ဂုဏ်ယူနေလေသည်။

လုရွှမ်ကလည်း ရန်ဖေးအနေဖြင့် ထိုသို့သော လှုပ်ရှားမှုမျိုး ပြုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ၎င်းကို ပြန်တွေးကြည့်သောအခါတွင် သူ စိတ်ဝင်စားလာခဲ့သည်။ အကယ်၍ သူသည် ဤလူနှင့် ယှဉ်ပြိုင်နိုင်ပြီး သူ၏ ခွန်အားကို အပြည့်အဝပြသပြီး သူ့ကိုယ်ပိုင် ခွန်အား၏ ကန့်သတ်ချက်များကို စူးစမ်းနိုင်လျှင် သူ၏ လက်ရှိထိန်းချုပ်မှုအတွက် ကြီးမားသော အကူအညီ ဖြစ်လာလိမ့်မည်။

ဘာလို့ မဖြစ်နိုင်ရမှာလဲ!

အဘိုးအိုက ပြုံးကြည့်နေတာကြောင့် လုရွှမ် လက်သီးဆုပ်ရင်း ဂါဝရပြုလိုက်သည်။

"ဒါဆို အကြံလေးပေးပါဦး အကြီးအကဲ"

"ဟေး ကလေးနှစ်ယောက်က စိတ်ဝင်စားဖို့ကောင်းသားပဲ... တခြားသူတွေဆို ငါ့ကို ရတနာတွေနဲ့ ကျင့်စဥ်တွေ တောင်းနေကြတာ... မင်းတို့ နှစ်ယောက် ကောင်းတယ်ကွ မင်းကို သင်ခန်းစာ သင်ပေးစေချင်တာလား. . ဟားဟား ဒီလို တောင်းဆိုချက်က အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်... တစ်ယောက်ပြီး တစ်ယောက် လာစရာ မလိုဘူး... မင်းတို့ နှစ်ယောက် အတူတူ လာကြ!"

ရန်ဖေး ပြန်အော်လိုက်သည်။

"အကြီးအကဲ... ကျွန်မကို သင်ခန်းစာပေးခိုင်းတာ ဟုတ်ဘူးလေ..."

အဘိုးအိုက လုရွှမ်ကို လက်ညိုးထိုးပြပြီး။

"ဒါဆို ဒီကလေးက သူ့ဆန္ဒကို ထပ်ပြီးတင်ပြရင် ငါမင်းကို သင်ခန်းစာတစ်ခု သင်ပေးနေရမယ်... ငါမင်းတို့ကို နှစ်ခါမရိုက်ချင်ဘူး... အရမ်းပင်ပန်းနေပြီ အတူတူ လာကြ!"

လုရွှမ်လည်း အသံကျယ်ကျယ်နဲ့ ရယ်မောလိုက်သည်။

"ကောင်းကင်ရဲ့ နိယာမတရားတွေက စက်ဝိုင်းပုံဖြစ်ပြီး ကောင်းကင်က တရားမျှတတယ်တဲ့... ငါတို့က လက်တုံ့ပြန်နေရမယ့် အချိန်မဟုတ်ဘူး။"

ရန်ဖေး လုရွှမ်ကို အပြင်းအထန် စိုက်ကြည့်ရင်း စကားမပြောနိုင်လောက်အောင် ဒေါသထွက်လာသည်။ ကံမကောင်းစွာနဲ့ စိတ်ထဲမှာပဲ ကျိန်ဆဲလိုက်သည်။ မြေကမ္ဘာကို ရောက်ပြီးနောက် ဘာလို့ထူးဆန်းတဲ့ အရာတွေနဲ့ပဲ ကြုံခဲ့ရလဲ မသိ။

"ကောင်းပြီ ကလေးနှစ်ယောက်... မင်းတို့က အရမ်းသန်မာပြီး ထူးကဲတဲ့ အရည်အချင်းတွေ ရှိတာ ငါမြင်ရပါတယ်.... ငါ့ရဲ့ ခွန်အား ၁၀ ရာခိုင်နှုန်းကို သုံးမယ်... ဒီကိုလာ ပထမဆုံး ရွှေ့လိုက်"

သူက လက်ကိုဆန့်၍ သူတို့ခေါင်းပေါ်၌ ဖိချလိုက်၏။

အဘိုးအိုက သူတို့ နှစ်ယောက်ထက်တောင် အရပ်ပုနေတာ မဟုတ်ပေမယ့် သူ့လက်နဲ့ ဖိချထားတဲ့ ခံစားချက်က ကောင်းကင်ကနေ တောင်တစ်လုံး ပြုတ်ကျသလိုပါပဲ။ ခဏလောက်ကြာတော့ လုရွှမ်ဟာ သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်အရိုးတွေဟာ တဆတ်ဆတ် တုန်ခါပြီး ကျိုးလုမတတ် ဖြစ်လာတာ ခံစားလိုက်ရသည်။

သူ့ခြေဖဝါး​အောက်မှာရှိတဲ့ ကျောက်တုံးတွေက တကယ်ကို ဖိမိပြီး ခြေထောက်တွေအား နစ်မြုပ်သွားစေခဲ့သည်။

ဒီအတိုင်းဆက်သွားလို့ အဆင်ပြေပါ့မလား။

လုရွှမ်သည် သူ့ကို ခါးခါးသီးသီး ထောက်ခံခဲ့တဲ့ ရန်ဖေးကို တစ်ချက် ကြည့်လိုက်သည်။

လုရွှမ် ညည်းညူရင်း စိမ်းပြာနဂါးရဲ့ နှလုံးက ပြင်းထန်စွာ ခုန်နေပြီး သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ တဟုန်ထိုး ထွက်လာ၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း တောက်ပ ပူ​လောင်လာကာ အနီရောင် နေရောင်သည် သူ့နောက်မှ တက်လာပြီး ကောင်းကင်မှ ကျလာသော လက်ဖဝါးကြီးကို ပိတ်ဆို့ထားလိုက်သည်။

All Chapters