ရှန်ဟွာတံဆိပ်ရှစ်ခု
Vol. 137 Ch. 4.1570
"နတ်သမီးကိုး.. မင်း အော်နေစရာ မလိုတော့ဘူး"
လုရွှမ်က ရုတ်တရက် ဖြတ်ပြောပြီး နေရာ တစ်နေရာကို ညွှန်ပြလိုက်သည်။ ပိုသင့်လျော်စွာ ပြောရလျှင် ၎င်းက ကျောက်ပြား သို့မဟုတ် သင်္ချိုင်းဂူတစ်ခု ဖြစ်သည်။ လုရွှမ်ဆီက လက်ညှိုးထိုး ခံလိုက်ရတော့ ၎င်းက အက်ကွဲရာတွေ ပေါ်လာ၏။
ထိုကျောက်ပြားက အနီရောင်ဖြစ်ပြီး ပတ်ပတ်လည်ရှိ တခြားကျောက်တုံးများနှင့် မတူပေ။ ကျောက်တုံးပေါ်တွင် အဘိုးကြီးတစ်ဦးက သူ့လက်ထဲမှာ ကျောက်စိမ်းပုလင်းကို ကိုင်ထားပြီး အိပ်ငိုက်နေတဲ့ မျက်နှာနဲ့ ထိုင်နေသည်။
သူဟာ သူတို့အရင်တွေ့ဖူးတဲ့ အဘိုးကြီးနဲ့ အတိအကျတူနေတာ ထင်ရှား၏။ အထူးသဖြင့် အဘိုးကြီးရဲ့လက်ထဲက ပုလင်းက လုရွှမ် အရင်က ထုတ်ပေးခဲ့တဲ့ ကျောက်စိမ်းပုလင်းဆိုတာ ထင်ရှားပါသည်။
"အဘိုးကြီးက သရဲတစ္ဆေပဲ... သူ သေပြီလား"
ရန်ဖေး အလွန်ထိတ်လန့်သွားသည်။ ကောင်းကင်ကမ္ဘာမှ လာခဲ့တဲ့ သူမအတွက်တောင် ဒီအဖြစ်က အဆက်မပြတ် တုန်လှုပ်သွားစေ၏။ ဒါက တကယ့်ကို မှော်ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့မြေပဲ။
လုရွှမ်လည်း အံ့အားသင့်စွာ ခေါင်းယမ်းလိုက်သည်။ အဘိုးအိုက သေပြီဆိုတာ သံသယဖြစ်စရာမရှိပေ။ သူက သင်္ချိုင်းဂူရှိရာသို့ ရောက်ရှိလာပြီး လက်ဆောင်အချို့ကို ထုတ်ယူကာ အဖိုးအို၏ အုတ်ဂူရှေ့တွင် လေးလေးစားစား ထားရှိကာ ဂါဝရပြုလိုက်သည်။
ရန်ဖေးက ကျယ်လောင်စွာ ထအော်လိုက်သည်။
"သူဘယ်သူလဲ ကျွန်မ မှတ်မိပြီ....သူက တာအိုအရှင်ပဲ... ဒဏ္ဍာရီအရဆို သူက အမတကမ္ဘာကို တက်သွားခဲ့ပြီ... သူဒီမှာထိုင်နေမယ်လို့ မမျှော်လင့်ထားဘူး"
"အမတကမ္ဘာ?"
ရန်ဖေးက ခံစားချက်အပြည့်နဲ့ ခေါင်းညိတ်ပြသည်။
"တာအိုအရှင်က အမတကမ္ဘာကြီး တစ်ခုလုံးရဲ့ ဒဏ္ဍာရီပဲ... သူသည် အမတကမ္ဘာကို တက်လှမ်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသောလူ... ဒီဒဏ္ဍာရီက အတုအယောင် ဖြစ်နေတာပဲ! သူ အမတကမ္ဘာကို လုံးဝ မတက်ခဲ့ဘူးပဲ..."
ရန်ဖေး မျက်ရည်များ စီးကျလာသည်။ သူ့စိတ်တွေ ပြိုလဲကျလာတာကြောင့် ခန္ဓာကိုယ်ကပါ တုန်လှုပ်သွားသည်။ သူမက တုန်တုန်ယင်ယင်နဲ့ မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ပြင်းထန်စွာ ငိုချနေတော့၏။
"ငါ့ဆရာ ငါ့ဆရာဘိုးဘေး ငါ့ဘိုးဘေးတွေက အမတကမ္ဘာကို တောင့်တနေခဲ့တာ...အမတကမ္ဘာရဲ့ ဒဏ္ဍာရီမျိုးစုံကိုလည်း တောင့်တခဲ့ကြတာ... ဒါပေမဲ့ အကုန်လုံးက လွဲမှားနေတာပဲ... သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ မျှော်လင့်ချက်တွေက တကယ် မရှိဘူး!"
လုရွှမ် သက်ပြင်းရှည်ကြီး ချလိုက်ပြီး အုတ်ဂူကို ဦးညွှတ်လိုက်ပြန်သည်။ သူက ရန်ဖေးကို ရှင်းပြနေသလို၊ သင်္ချိုင်းဂူကို ရှင်းပြသလိုဖြင့် ရေရွတ်လိုက်သည်။
"မငိုနဲ့... ဒီကမ္ဘာကြီးမှာ အမတကမ္ဘာ တစ်ခုရှိတယ်... မင်း အဲ့အဆင့်ကို ရောက်တဲ့အခါ အမတက နောက်ဆုံးလမ်းပဲ...သေနိုင်တဲ့လမ်းကို ပိတ်ဆို့လိုက်တာပဲ!"
ရန်ဖေး ငိုတာရပ်လိုက်ပြီး။
"ဘာပြောလိုက်တာလဲ ရှင်က ဘာသိလို့လဲ"
လုရွှမ်ကို သူမဒေါသ မထွက်သင့်မှန်း သိသော်လည်း လုရွှမ်စကားက သူမဒေါသကို မဖြေဖျောက်နိုင်ခဲ့ပေ။ လုရွှမ်ကတော့ သူမအော်သံကြောင့် ဒေါသမထွက်ဘဲ ခပ်တိုးတိုးသာ ပြုံးလိုက်ပြီး။
"အချိန်အတော်ကြာ ခွဲခွာပြီးရင် ကောင်းကင်နဲ့မြေကြီးရဲ့ ယေဘုယျလမ်းကြောင်းက ပြန်ပေါင်းစည်းလိမ့်မယ်... အချိန်အတော်ကြာ ပေါင်းစည်းပြီးရင်လည်း ခွဲခွာသွားရလိမ့်မယ်... အမတကမ္ဘာကို တက်ချင်ရင် ပြီးပြည့်စုံတဲ့ကမ္ဘာကို ပြန်မတက်နိုင်ခင်မှာ ငါတို့ကမ္ဘာကို အရင်လို လုပ်ထားဖို့လိုတယ်"
"ကျွန်မ နားမလည်ဘူး"
လုရွှမ်: "ငါ တစ်သောင်းကမ္ဘာမှာ ရှိတုန်းက ငါ့ဝိညာဉ်က ခေတ်အဆက်ဆက် ဖြတ်သန်းပြီး ကောင်းကင်နဲ့မြေကြီး မကွဲထွက်သေးတဲ့ အချိန်ကို ရောက်ဖူးတယ်... အဲဒီနေရာမှာ အမတ သတ္တဝါတွေရှိတယ် အဲဒီနောက်တော့ ကမ္ဘာကြီးက ပြိုကျပြီး ကွဲပြားတဲ့ ကမ္ဘာကြီးလေးခု ဖြစ်သွားတယ်... မင်း အမတတစ်ယောက် မဖြစ်နိုင်တာ မဟုတ်ဘူး... အမတ တစ်ယောက်ဖြစ်ဖို့ အချိန်မကျသေးတာ..."
ရန်ဖေးရဲ့ မျက်လုံးများ ပြန်တောက်ပလာသည်။
"ရှင် ဆိုလိုတာက ကောင်းကင်နဲ့ ကမ္ဘာမြေကြီး လေးခုကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်တာနဲ့ အမတလမ်းကို ပြန်ဖွင့်နိုင်မှာလား?"
လုရွှမ် ခေါင်းညိတ်လိုက်ပြီး :"ဒီလိုဖြစ်မယ်လို့ ခံစားရတယ် ဒါပေမဲ့ တကယ်ဟုတ်မဟုတ်တော့ မသိဘူး။ အကြီးအကဲက သိထားတာဖြစ်နိုင်တယ်... အဲဒါကြောင့် သူက မြေကမ္ဘာကို ရောက်လာပြီး ကမ္ဘာကြီးရဲ့ ရှည်လျားတဲ့ လမ်းကြောင်းကို စောင့်နေတာ.. အဲဒီနေ့ကို ဖြည်းဖြည်းချင်း စောင့်နေတာ ကောင်းကင်နဲ့ မြေကြီး ပြန်ပေါင်းစည်းသွားတဲ့ နေ့ကျရင် အကြီးအကဲ ပြန်လာတာကို ငါတို့ ပြန်မြင်ရနိုင်တယ်"
"ဟား ဟား ဟား!"
အဖိုးအို၏ ရယ်မောသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ကောင်လေး ကောင်းတယ် တစ်နေ့နေ့တော့ အမတလမ်းမှာ မင်းကို တွေ့ရမှာပါ"
အသံထွက်လာသည်နှင့်အမျှ အဖိုးအို၏ သင်္ချိုင်းဂူသည် တဖြည်းဖြည်း နစ်မြုပ်သွားပြီး သဲလွန်စ မကျန်တော့ဘဲ တောင်ကုန်းထဲ နစ်မြုပ်သွားခဲ့လေသည်။ သို့သော် မူလအုတ်ဂူရှိရာ ကျောက်စိမ်းတုံးလေး ကျန်ရစ်ခဲ့သည်။
လုရွှမ် ၎င်းကို သူ့လက်ထဲသို့ စုပ်ယူလိုက်သည်။ ရန်ဖေးက တစ်လှမ်းချင်း နှေးကွေးစွာ လျှောက်လာရင်း လုရွှမ်ကို မုန်းတီးစွာ စိုက်ကြည့်နေ၏။
"ဒါက ကျွန်မတို့နှစ်ယောက်အတွက် အကြီးအကဲ ထားခဲ့တာ... ကျွန်မအတွက်လည်း ပါတယ်"
လုရွှမ် ရယ်မောလိုက်သည်။
"သိပါတယ် အတူတူ ကြည့်ရအောင် ဒါပေမယ့် အခုမှမဟုတ်ဘူး အခုလေးတင် ဒီမှာ ဆူညံသံတွေ အများကြီး ထွက်သွားတယ်... ခဏနေ တစ်ယောက်ယောက် ရောက်လာပြီး သက်ကြီးရွယ်အိုတွေ အနားယူနေတာကို ဖျက်စီးမိသွားမှာ ကြောက်ရတယ်... အဆင်မပြေဘူး အရင်ထွက်သွားရအောင်"
ထိုသို့ပြောပြီးနောက် လုရွှမ်သည် တောင်ပေါ်သို့ တစ်ဖန်ဦးညွှတ်ကာ လှည့်ထွက်သွား၏။ ရန်ဖေးကလည်း အလျင်အမြန် ဂါဝရပြုကာ ပြေးလိုက်သွားခဲ့သည်။
သုံးရက်လောက်ကြာတော့ နှစ်ယောက်သား လျှို့ဝှက်လွန်းတဲ့ လှိုဏ်ဂူတစ်ခုထဲကို ရောက်လာခဲ့သည်။ ရန်ဖေးရဲ့ အံသွားတွေ တင်းတင်းကျပ်ကျပ် ကြိတ်နေတဲ့ကြားက လုရွှမ် အခင်းအကျင်း ကန့်သတ်ချက်တွေကို အထပ်ထပ်ချလိုက်ရာ ရန်ဖေး ဘယ်လိုမှ မပျော်နိုင်တော့ပေ။
နှိုင်းယှဥ်ကြည့်လျှင် ယခင်က သူမ ချမှတ်ခဲ့သော ကန့်သတ်ချက်များကို လုရွှမ်က ဖောက်ဝင်နိုင်၏။
လုရွှမ် ကျောက်စိမ်းတုံးကို လေထဲသို့ ခေါက်လိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်သည်။
"အတူတူ ကြည့်ကြရအောင်"
ရန်ဖေးက တင်းမာနေဆဲ။ လှည့်ကွက်တစ်ခုခုကို ကစားနေသလား ဆိုတာကို သိနိုင်ဖို့ ကျောက်စိမ်းတုံးထဲမှာ သူမဝိညာဉ်ကို ထည့်ထားလိုက်သည်။
လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်ကတော့ ရွှင်မြူးမှုအပြည့်ဖြင့်။ ကျောက်စိမ်းတုံးထဲက အကြောင်းအရာများကို စစ်ဆေးရန် ရွှေကျီးကန်းကို တောင်းဆိုထားပြီးသားမလို့ ကျောက်စိမ်းတုံးများတွင် ပါရှိတဲ့ အရာများကို သူသိပြီးသား ဖြစ်သည်။
လုရွှမ် အံ့သြသွားသည်။ တာအိုအရှင်က သူ့ဘဝတစ်လျှောက်လုံး သူသင်ယူခဲ့သည့် အရာများကို အမှန်တကယ် ကျောက်စိမ်းတုံးထဲတွင် ချန်ထားခဲ့သည့်အတွက် ပို၍ပင် ကျေးဇူးတင်မိသည်။ လုရွှမ်အတွက် အသုံးမဝင်သော ကျင့်စဥ်နဲ့ စိတ်ဝိညာဉ် ကျင့်ကြံနည်းတွေလည်း ပါဝင်သေးသည်။
သို့သော် ကျန်ရစ်ခဲ့သော မှော်အစွမ်းအနည်းငယ်က လုရွှမ်ကို မျက်စိဖွင့်ပေးခဲ့သည်။ ၎င်းတို့ထဲတွင် လုရွှမ် အလိုချင်ဆုံးသော လက်စည်းတံဆိပ် မှော်အစွမ်း အမျိုးမျိုး ရှိသည်။
ရှန်ဟွာလက်စည်းတံဆိပ် ရှစ်ခု ဖြစ်ကာ ရှစ်ခုစလုံး ကွဲပြားသည်။ အကာအကွယ်၊ စွမ်းအင်သိုလှောင်မှု၊ ကောင်းကြီးပေးမှု၊ တိုက်ခိုက်မှုစသည်ဖြင့် စွမ်းအားသည် စိတ်ဝိညာဉ်မှ ဆင်းသက်လာပြီး အကန့်အသတ်မရှိပေ။
၎င်းတို့တွင် သဘာဝအတိုင်း ရန်ဖေး ထိန်းချုပ်ထားသော ရတနာပန်းအိုးတံဆိပ်နဲ့ ငှက်တစ်သောင်းတံဆိပ်တို့လည်း ပါဝင်သည်။
ခြင်္သေ့မလှုပ်လက်စည်းတံဆိပ်သည် ခန္ဓာကိုယ်အား လမ်းကြောင်းပေါင်းစုံမှု အရှိန်၊ ခွန်အား၊ စိတ်ဝိညာဉ်နှင့် တုံ့ပြန်မှု၊ နှစ်ဆတိုး၍ အချိန်တိုအတွင်း ပွားများပေးစေသည်။
တောင်ရွေ့လျားခြင်း လက်စည်းတံဆိပ်သည် အင်အား လုံလောက်သရွေ့ တိုက်ခိုက်မှုကို ပံ့ပိုးပေးနိုင်သည်။
ပင်လယ်လက်စည်းတံဆိပ်ကို ကိုင်ထားလျှင် တိုက်ခိုက်မှုများကို ခုခံနိုင်ပြီး ခြိမ်းခြောက်မှုများကို ပြောင်းလဲစေနိုင်၏။
ငှက်တစ်သောင်းတံဆိပ်က ကောင်းကင်ကိုးဘုံအထက် ရွေ့လျားပြီး မြေကြီး ကိုးခုအောက်၌ ပျံသန်းနေသော ထောင်ပေါင်းများစွာသော ငှက်များအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
မသေနိုင်သော လက်စည်းတံဆိပ်က အန္တရာယ်အရှိဆုံး အရာဖြစ်၏။ မူလ လက်စည်းတံဆိပ်သည် ခန္ဓာကိုယ်တစ်ခုလုံးကို လူသေကဲ့သို့ အသွင်ပြောင်းထားရမည်။ အနာဂတ်တွင် နိုးလာသောအခါတွင် ၎င်းက မသေနိုင်တဲ့ ခန္ဓာကိုယ် ဖြစ်လာလိမ့်မည်။
ကောင်းကင်နှင့်မြေကြီး လက်စည်းတံဆိပ်သည် ကောင်းကင်နှင့်မြေကြီး၏ အံ့အားသင့်ဖွယ် ဖြောင့်မတ်ခြင်းတရား ရှစ်ပါးတွင် အခက်ခဲဆုံးဖြစ်လေ၏။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ တန်ခိုးကို စုပ်ယူနိုင်သရွေ့ ဤခန္ဓာကိုယ်သည် မသေနိုင်ပေ။
ကံမကောင်းစွာပဲ တာအိုအရှင် ပေးထားခဲ့သော လက်စည်း တံဆိပ်ရှစ်ခုအနက် နောက်ဆုံးတစ်ခုတွင် ရိုးရိုးရှင်းရှင်း ဖော်ပြချက်နှင့် အခြားတိကျသော လေ့ကျင့်နည်းများ မရှိခြင်း ဖြစ်သည်။
သတ္တမမြောက် မသေနိုင်သော လက်စည်းတံဆိပ်ကိုတော့ တာအိုအရှင်က သူကိုယ်တိုင် လေ့လာပြီး အကျဉ်းချုပ် ဖော်ပြခဲ့သည်။