← Chapters

အချိန် မဟုတ်သေး

Vol. 137 Ch. 4.1571

အချိန် မဟုတ်သေး

Vol. 137 Ch. 4.1571

ရှန်ဟွာလက်စည်းတံဆိပ် ရှစ်ခုအပြင်၊ အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်ခြင်းနှင့် တားမြစ်ထားသော အခင်းအကျင်း ပုံစံအချို့လည်း ရှိသေးသည်။ တာအိုအရှင်က သူ့ကိုယ်သူ တာအိုနံပါတ်တစ်လို့ ခေါ်ရဲတဲ့သူ ဖြစ်တဲ့အတွက် သဘာဝအတိုင်း ကောင်းကင်ဘုံအထိ မာနကြီးသူဖြစ်ပေမည်။

လုရွှမ်ဟာ သူချန်ခဲ့တဲ့ အရာအားလုံးကို သဘာဝအတိုင်း စုပ်ယူပြီးပြီ ဖြစ်သလို အများကြီးလည်း အကျိုးပြုပါသည်။

တခြားဓားသိုင်းပညာ၊ ကိုယ်ခံပညာစတာတွေကို လုရွှမ် စိတ်မဝင်စားချေ။ သို့သော် ရန်ဖေးကတော့ ၎င်းကို မမောနိုင်မပန်းနိုင် ကြည့်ကာ ရွှင်မြူးနေသည်။ ကောင်းကင် ကမ္ဘာတွင်ပင် ဤရတနာများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးပဲ ဖြစ်သည်။ အခြားလက်စည်းတံဆိပ် ခုနစ်ခုကို ဤနေရာတွင် သင်ယူနိုင်သည့်အတွက် သူမ အတော်လေး ကျေနပ်နေပါသည်။

အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်ခြင်း၊ အခင်းအကျင်း ဖွဲ့စည်းခြင်း စတာတွေနဲ့ စပ်လျဉ်း၍ သူမ၏ အရည်အချင်းသည် မမြင့်ဘူးဟု ယူဆထားသောကြောင့် သေချာ လေ့လာနိုင်ရင် အများကြီး တိုးတက်လာလိမ့်မည်ဟု ယုံကြည်သည်။

ကျင့်စဥ် လေ့ကျင့်ခန်းများက ပြန်လည် လေ့လာရန် မလိုအပ်သော်လည်း အများကြီး သင်ယူနိုင်ရင်တော့ များစွာ အထောက်အကူဖြစ်လိမ့်မည်။ သူမ အရမ်းပျော်နေပေမယ့် လုရွှမ်ကိုလည်း အာရုံစိုက်နေသေးသည်။ တစ်ဖက်လူရဲ့ အမူအရာက ဘာမှမထူးခြားသလို အရမ်းတည်ငြိမ်နေသေးတာကို သူမ မြင်လိုက်ရ၏။

ဟင့် ဘာဟန်ဆောင်နေတာလဲ။

လုရွှမ်သည် ကျောက်စိမ်းထဲက ပစ္စည်းတွေကို စမ်းသပ်ပြီးသား ဖြစ်၍ ရန်ဖေးအား သဘာဝအတိုင်း ပေးခဲ့တာ ဖြစ်လေသည်။ ကျောက်စိမ်းတုံးပေါ်ရှိ တာအိုအရှင်ရဲ့ ကျွမ်းကျင်မှုဆိုင်ရာ ထိုးထွင်းသိမြင်မှုအား လုံး၀ မကြည့်ဘဲ သူ့လမ်းကြောင်းအတိုင်းသာ သွားဖို့ စဥ်းစားထားသူ ဖြစ်သည်။

သူတို့နှစ်​​ယောက်​ဟာ သူတို့လိုချင်​တာကို တိတ်​တဆိတ်​ သိပြီး လဝက်​အကြာတွင်​ လုရွှမ် လျှို့ဝှက်စွာ ကျိန်ဆဲလိုက်၏။ ခန္ဓာကိုယ်ပေါ်ရှိ ထူးထူးခြားခြား ပြောင်းလဲမှုများကို ထုတ်လွှတ်နေသော ရန်ဖေးဟာ အတိဒုက္ခကို ဖြတ်ကျော်ရတော့မည်။

ဒီလိုနေရာမှာ အတိဒုက္ခကို ဖြတ်ကျော်ဖို့ ရွေးချယ်ပါက ဒုက္ခကို တောင်းဆိုနေတာပဲ မဟုတ်ပါလား။

ဒါပေမဲ့ အခုအချိန်မှာတော့ လုရွှမ် သူမကို နှိုးဖို့ အဆင်မပြေမှန်း သိသည်။ အမှန်တော့ ဉာဏ်အလင်းရနေတုန်း အခွင့်အလမ်းကို ဖျက်ဆီးခံရသည်နှင့် တစ်ပြိုင်နက် အမုန်းတရားကြောင့် လူသတ်မှုတွေ ကပ်ပါလာလိမ့်မည်။

သို့သော် အတိဒုက္ခ ဖြတ်ကျော်ဖို့အတွက် ဒီနေရာကို ရွေးချယ်ချင်တာက ညံ့ဖျင်းလွန်းလှသည်။ လုရွှမ် သက်ပြင်းချလိုက်ပြီး သူ့ဘာသာသူ ထွက်သွား​ပေးဖို့ပဲ ရွေးချယ်လိုက်တော့၏။

ကောင်းကင်ကို မော့ကြည့်လိုက်တော့ မိုးကြိုးတိမ်တွေက ဒီဘက်ခြမ်းကို တိုးဝင်လာနေပြီ။ အခြားသတ္တဝါများကလည်း အနှေးနဲ့အမြန်တော့ ဒီကို ရောက်လာလိမ့်မယ်လို့ စိတ်ကူးကြည့်နိုင်သည်။

ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့သူတွေ အများကြီးရှိသလို မကောင်းမှုတွေ လုပ်တဲ့သူတွေကလည်း ရှိပါသေးသည်။

လုရွှမ် အနီးနား ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရာ အနည်းဆုံးတော့ သူသည် ဂူပေါက်ဝကို ပိတ်ဆို့ထားနိုင်သရွေ့ ကံကောင်းစွာနဲ့ လွတ်မြောက်သွားနိုင်သည်။

သဘာဝဘေးအန္တရာယ်က အလိုအလျောက်ရောက်လာတဲ့အခါ ရန်ဖေးကလည်း သဘာဝအတိုင်း နိုးထလာမှာဖြစ်ပြီး အဲဒီအချိန်မှာ အတိဒုက္ခကို ကျော်လွှားရတာက သူမအတွက်တော့ ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်တော့ပေ။

ခဏကြာတော့ ကျယ်လောင်သော အသံများ နေရာတိုင်းမှာ ထွက်ပေါ်လာသည်။

မြေပုံကို တစ်ချက် စစ်ဆေးကြည့်ပြီးတဲ့အခါ ဤအခိုက်အတန့်တွင် သူတို့သည် တောင်ပိုင်းနယ်မြေရဲ့ အလယ်ဗဟိုထဲ ရောက်ရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိလာသည်။ သေချာသည်မှာ ဤနေရာရှိ သတ္တဝါများ၏ စွမ်းအားသည် ၎င်းတို့ကို ကြည့်ရုံဖြင့်ပင် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ခံစားရနိုင်သည်။

"ဒီမှာ လူသားတစ်ယောက် စောင့်ကြပ်နေတာ တွေ့တယ်... မျှော်စင်နယ်ပယ်ရဲ့ ပထမအဆင့်မှာပဲ ရှိသေးတယ်"

စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် မျောက်နှစ်ကောင် ပြေးထွက်လာသည်။

အဝေးမှ တဖြည်းဖြည်း အနီးနားသို့ ရောက်လာတဲ့ မျောက်နှစ်ကောင်ရဲ့ အကွာအဝေးမှာ သိသိသာသာ တိုးလာသည်။ အရင်ကတော့ အကွာအဝေးက ပေသုံးဆယ်လောက်သာရှိပေမယ့် နီးကပ်လာတဲ့အခါ တောင်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

တောရိုင်း မျောက်ဝံနှစ်ကောင်ကဲ့သို့ အော်ဟစ်ဆူညံ​နေကာ ခြေဖဝါးဖြင့် မြေပြင်ပေါ် တဝုန်းဝုန်း နင်းနေသည်။ ၎င်းတို့ ခြေချနင်းလိုင်တိုင်း တောင်များက လှုပ်ယမ်းသွားလေ၏။

လုရွှမ် တိတ်တိတ်လေး သက်ပြင်းချမိသည်။ ကံကောင်းထောက်မစွာပဲ သူသည် အသံတားဆီးခြင်း နှင့် ချုပ်နှောင်ခြင်း အခင်းအကျင်း ပုံစံများကို အထူးပြုလုပ်ထားခဲ့သည်။ မဟုတ်ပါက မျောက်တွေရဲ့ လှုပ်ရှားမှုက ရန်ဖေးရဲ့ ဉာဏ်အလင်းကို ထိုးဖောက်ကာ လှိုဏ်ဂူအတွင်း တုန်လှုပ်သွားစေနိုင်သည်။

မျောက်ဝံကြီးနှစ်ကောင်သည် လက်ထဲတွင် တုတ်ကြီးတစ်ချောင်း ကိုင်လျက် ပြေးချလာကာ လုရွှမ် ဦးခေါင်းကို ရိုက်ချလိုက်ကြသည်။ အလွန်ပြင်းထန်သောကြောင့် မျှော်စင်နယ်ပယ်က သာမန် ကျင့်ကြံသူ ဆိုလျှင် ပွဲသိမ်းခံရမှာ သေချာသည်။

လုရွှမ် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး သူတို့ရဲ့ လည်ပင်းကို ဖြတ်ထုတ်လိုက်ရာ အရှိန်က မြန်လွန်းတော့ မျောက်ဝံကြီးနှစ်ကောင်ခမျာ ခုခံဖို့ အခွင့်မသာခဲ့ချေ။ တုတ်ကြီးက မြေပြင်ပေါ်သို့ လဲကျသွားပြီး ခန္ဓာကိုယ်​​ကြီးကလည်း လဲကျသွားကာ မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားစဥ် အနက်ရောင် လေပြင်းများလည်း လှုပ်ခတ်သွားသည်။

"ဟမ့် ကောင်လေးကတော့ ခွန်အားရှိသားပဲ ဒါပေမဲ့ ငါလိုချင်တယ်..."

လုရွှမ် နေဖြိုခွင်းနတ်လေးကို တိုက်ရိုက် ဆွဲထုတ်ပြီး စကားပြောနေသော သတ္တဝါကို တစ်ခါတည်း ပေါက်ကွဲသွားစေမည့် မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

"မင်း စကားအရမ်း များတယ်!"

တခဏအတွင်းမှာပင် ဝူးဝူးဝါးဝါး အော်ဟစ်နေကြသော သတ္တဝါအားလုံး ပါးစပ်ပိတ်ပြီး မအော်နိုင်တော့ပေ။ အားလုံးက လုရွှမ်ကို ထိတ်လန့်စွာကြည့်ရင်း ဒီလူသားက သူတို့ထင်ထားတာထက် ပိုအစွမ်းထက်နေတာကို တွေ့နေရသည်။

ဟိုအရင်က လူဟောင်းက နတ်ခြေလှမ်းနယ်ပယ် တက်ထားသူဖြစ်တာတောင် ဒီလူသားရဲ့ မြှားတစ်စင်းကို မခုခံနိုင်ခဲ့ပါဘူး။ ဒီလူသားဟာ နေဖြိုခွင်းနတ်လေးက ဘယ်လောက် ကြောက်စရာကောင်းသလဲ ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။

လုရွှမ် သားရဲအားလုံးဆီကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ အော်ပြောလိုက်၏။

"နောက်ထပ် ဘယ်သူရှိသေးလဲ"

"ငါ……"

လုရွှမ် မြှားတစ်စင်းကို ပစ်လွှတ်လိုက်ပြီးတာနဲ့ ထိုသားရဲ၏ ဦးခေါင်းကို တိကျစွာ ထိမှန်သွားခဲ့သည်။

"ဘယ်သူလဲလာဦးမလဲ?"

အကောင်ရေ ထောင်နှင့်ချီသော သားရဲတွေကြားက ခဏလောက် တိတ်ဆိတ်သွားကာ စကားတစ်ခွန်းထက် ဘယ်သူကမှ မပြောဝံ့ကြတော့ချေ။ လုရွှမ်လည်း ဤသားရဲတွေကြားမှာ ဂုဏ်သိက္ခာကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည်။

အတိဒုက္ခ ဖြတ်ကျော်မှုကို စောင့်ကြည့်နေသော ဤသားရဲများသည် အတိဒုက္ခကို ကျော်လွှားရမယ့် လူရဲ့ ကျင့်ကြံမှုအဆင့်ကို သဘာဝအတိုင်း ပြောပြနိုင်သည်။ ဒါ့အပြင် ဤနေရာသို့ ရောက်လာသော သက်ရှိသတ္တဝါများဟာ သဘာဝအတိုင်း မြင့်မားသော အဆင့်တွင် မရှိကြချေ။

တချို့သားရဲများက စစ်ကူ​ခေါ်ယူရန် ထွက်သွားကြပြီး တချို့က ထိတ်လန့်နေတုန်းမလို့ ပါဝင်ရန် မဝံ့ရဲကြသောကြောင့် အမြန်ဆုံး လွတ်မြောက်ဖို့သာ ကြိုးစားကြသည်။ လုရွှမ်ရဲ့ တိုက်ခိုက်မှုကို စောင့်မျှော်နေသော သားရဲများစွာကလည်း တစ်နေရာတည်းတွင် စုနေကြဆဲဖြစ်သည်။

၎င်းတို့ရဲ့ အပြုအမူက အကောင်ကြီးတစ်ကောင် ရောက်လာမှာကို စောင့်မျှော်နေကြောင်း သိသာထင်ရှားစွာ ​မြင်နေရလေသည်။

ရန်ဖေး အတိဒုက္ခကို ကျော်လွှားဖို့ မြန်မြန် ထွက်လာမှရတော့မည်။ မဟုတ်ရင် ဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်ရင်တောင် ဒီအချိန်မှာ ထွက်ပြေးချင်ရင် သွေးထွက်သံယို မုန်တိုင်းကို အရင် ရင်ဆိုင်ရလိမ့်မည်။

တစ်ခုခုကို စိုးရိမ်လေလေ ပိုဆိုးလာလေလေပါပဲ။ မကြာခင်မှာပင် အသက်ရှုသံပေါင်းများစွာက သူ့ဆီရောက်လာသည်။

"လူသားမျိုးနွယ်က ဒီမှာ မာနကြီးဖို့ သတ္တိရှိနေတယ်ပေါ့လေ... ဘယ်လို သေရမယ်ဆိုတာ မသိတဲ့ပုံပဲ!"

"မင်းက ဘယ်သူလဲ? ထွက်လာခဲ့လိုက်! မဟုတ်ရင် မင်းနဲ့အတူတူ ဒီအကောင်တွေပါ ပျက်စီးသွားလိမ့်မယ်!"

"ဟေး.. လူသားတစ်ယောက်ရဲ့ အရသာကို ငါ မြည်းကြည့်ချင်တာ ကြာပြီ... မင်း​ရော လူအသားကို အရမ်းလွမ်းနေလား"

"ဒါပေါ့ နှစ်ပေါင်းများစွာ လူသားတွေက ငါတို့ကို ကြောက်လာတာ... ဒီကောင်လေးက ဒီမှာလာရမ်းကားဖို့ သတ္တိရှိနေတုန်းပဲ... ဒီနေ့တော့ သူတို့ကို လွှတ်ထားလိုက်လို့ မရဘူး"

"ဆူညံနေတာပဲ!"

လုရွှမ် လုံးဝ မထိန်းထားဝံ့တော့ပါ။ အသံလှိုင်းလုံးကြီးထဲမှာ လူတစ်ဒါဇင်ထက်မနည်း ရောက်ရှိလာပြီး ၎င်းတို့အားလုံးက နတ်ခြေလှမ်းနယ်ပယ် ရောက်ရှိထားကြသည်။ သူတို့အားလုံး တညီတညွတ်တည်း လှုပ်ရှားလိုက်ရင် သူတို့နှစ်ယောက်လည်း လျင်လျင်မြန်မြန် သေသွားရလိမ့်မည်။

အခုနေ တစ်ယောက်နှစ်ယောက်ကို မသတ်နိုင်ရင် နောက်ပိုင်း ပိုအန္တရာယ်များလာမှာ အသေအချာပင်။

All Chapters