ခွန်အားတိုးလာပြီ
Vol. 137 Ch. 4.1572
လုရွှမ်ဓားသည် ကောင်းကင်နဂါးပုလဲနှင့် ရွှေဦးချိုတို့၏ စွမ်းအားကို စုဆောင်းထားသည်။ ဓားစွမ်းအင်ကို မပစ်ထုတ်မီ သူသည် တောင်ကြီးကို ရွေ့လျားနေသကဲ့သို့ နေဖြိုခွင်းနတ်လေးဆီမှ မြှားတစ်စင်းကို ပစ်ထုတ်လိုက်သည်။
တောရိုင်းပျားတစ်ကောင် ပေါက်ကွဲသွားသည်။ သူ့နောက်တွင်တော့ ခြင်္သေ့နီသည် ၎င်း၏ခေါင်းတစ်ဝက်ခန့် ပေါက်ကွဲတာကြောင့် မြေပေါ်သို့ လှိမ့်ကာ စူးစူးဝါးဝါး အော်ဟစ်နေလေသည်။
သူတို့ပတ်ဝန်းကျင်ရှိ တခြားသားရဲများကလည်း နောက်ထပ် ပစ်လာမယ့် မြှားတွေထိမှန်ကုန်မှာ စိုးရိမ်လာသဖြင့် ရုတ်တရက် အကောင်ချင်းခွဲသွားသည်။ သူတို့ အကွာအဝေးက အလွန်သိပ်သည်းနေပြီ ဖြစ်သည်။
လုရွှမ် အနည်းငယ် မောဟိုက်လာသည်။ သူ့အသက်ရှုသံက ဖြည်းဖြည်းချင်းသာ ပြန်လည် သန်စွမ်းလာသော်လည်း သူ့ရောင်ဝါကတော့ အားကောင်းဆဲပင်။ သူ့မျက်လုံးက ပြင်းထန်သော သတ္တဝါများကို စိုက်ကြည့်ကာ "ချဉ်းကပ်ရဲတဲ့သူ သေလိမ့်မယ်" ဟု အရိပ်အယောင်တွေ ပေးနေ၏။
"လာတဲ့သူ သေ!"
အသံက မိုးခြိမ်းသံကြီးလို ကျယ်လောင်လွန်းတာကြောင့် စိတ်နှလုံးကိုပါ တုန်လှုပ်သွားစေသည်။ နတ်ခြေလှမ်းနယ်ပယ် တက်သွားသော နတ်ဆိုးသားရဲ တချို့တောင် နားမလည်နိုင်စွာ တုန်လှုပ်သွားကာ လုရွှမ်ကို အနည်းငယ် ပိုမိုကြောက်လန့်စွာဖြင့် ကြည့်နေလေသည်။
မြှားတစ်စင်းဖြင့် နတ်ခြေလှမ်းနယ်ပယ်က သခင်ကို သတ်နိုင်သော်လည်း ထိုလူသားက မျှော်စင်နယ်ပယ်ရဲ့ ပထမအဆင့်တွင်သာ ရှိသေးသည်။ သို့သော် သူသည် ၎င်းတို့ ကြောက်ရွံ့ရမည့် အရည်အချင်းများ ရှိနေပြီဖြစ်သည်။
လုရွှမ် တောင်ကိုပါ ရွေ့လျားနိုင်သည့် လက်စည်းတံဆိပ် စွမ်းအားကို လျှော့တွက်ခဲ့ခြင်းကြောင့် တိတ်တဆိတ် စိတ်မကောင်း ဖြစ်မိသွားသည်။ ရွှေဦးချို၊ ကောင်းကင်ဘုံနဂါးပုလဲ၊ ရွေ့လျားတောင် လက်စည်းတံဆိပ်တို့ ပူးပေါင်းလိုက်တဲ့အခါ ထိုမြှားစွမ်းအားသည် ဒီလောက်အထိ အားကောင်းလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ချေ။
သူသည် လူတိုင်းကို ထိတ်လန့်စေလိုသောကြောင့် သူ့အာဏာကို တည်မြဲစေလိုတာကြောင့် မြှားတစ်စင်းတည်းဖြင့် သားရဲအုပ်စုထဲက အပျော့ဆုံး သားရဲကို ရွေးချယ်ခဲ့သည်။
ဒါပေမဲ့ ဒီမြှားရဲ့ စွမ်းအားက တောရိုင်းပျားကောင်ကို သတ်ပြီးနောက်မှာ ခြင်္သေ့နီကိုပါ တစ်ပိုင်းသေတဲ့အထိ သတ်ပစ်ခဲ့မယ်လို့ မထင်ထားခဲ့ပေ။ ဒီအခြေအနေတွင် ထိုမြှားကို သားရဲအုပ်စုများကြားတွင် အစွမ်းအထက်ဆုံး အလင်းရောင် ငါးရောင်နဲ့ ကြက်သားရဲတစ်ကောင်ကို တိုက်ရိုက် ဆက်ပစ်ခတ်ခဲ့သည်။
နောက်ဆုံးတော့ ဒီမြှားဟာ သူ ပေါ့ပေါ့တန်တန် ပစ်လိုက်နိုင်တဲ့ မြှားတစ်စင်း မဟုတ်သလို သူ့စွမ်းအင်တွေ အများကြီး ကုန်ကျခဲ့တာကြောင့် အမြတ်က မထိုက်တန်မှာ ကြောက်ရသည်။
သားရဲများ ထိတ်လန့်သွားကြသည်။ နတ်ခြေလှမ်းနယ်ပယ်က သခင်တွေတောင် သို့မဟုတ် ဒီနေရာမှာ ကျွမ်းကျင်တဲ့ လူယုတ်မာတွေတောင် မြှားတစ်စင်းနဲ့ အသတ်ခံခဲ့ရပြီးပြီ ဖြစ်သည်။ နတ်ခြေလှမ်းနယ်ပယ် ဝင်လာကြတဲ့ သားရဲတွေတောင် ကြောက်လန့်တကြား အရိပ်အမြွက်တချို့ ပြလာသည်။
"ဒီသူငယ်ချင်းက သိပ်သည်းမခံချင်ဘူး ထင်တယ်!"
အချိန်အတော်ကြာပြီးနောက် နတ်ဆိုးကြက်ခေါင်းဆောင်က ချောမောလှပသော ရုပ်သွင်ကို လှုပ်ယမ်းကာ ပြုံးပြလာသည်။ သို့သော် သူမမျက်လုံးများကတော့ အေးစက်သော အလင်းရောင်များဖြင့် ပြည့်နှက်နေ၏။
လုရွှမ်: "နောက်ကွယ်ကလူက ငါ့သူငယ်ချင်းပဲ... သူ အတိဒုက္ခကို ဖြတ်သန်းနေချိန်မှာ မင်းသူ့ကို အခွင့်ကောင်း ယူချင်နေတာ!! ဟမ့် ဘယ်သူက ခိုင်းလိုက်သေးလဲ ပြောလိုက်!"
နတ်ဆိုးကြက်က :"ဒါ တောတွင်းကြီးစိုးတဲ့ သဘာဝပဲလေ... ကမ္ဘာကြီးက ဘာလဲ မသိဘူးလား... မင်း ပိုသန်မာလေ အရည်အချင်းတွေ ပိုကောင်းလေ ကြီးစိုးနိုင်တဲ့ နယ်မြေတစ်ခု ရလေပဲ... ဒါက ငါတို့ရဲ့ နယ်မြေ မင်းအခု ဒီနေရာကို ကျူးကျော်လာမှတော့ တစ်ခုခု ပြန်ပေးရမယ်လို့ မထင်ဘူးလား"
လုရွှမ် လှောင်ရယ်နေပေမယ့် လက်ရှိအခြေအနေကိုလည်း အရမ်းကျေနပ်နေမိသည်။ စကားစမြည် ပြောနေတာက အချိန်ဆွဲတာပဲမလို့ ရန်ဖေး အတိဒုက္ခကို ကျော်လွှားတဲ့အခါ အနည်းဆုံးတော့ အခုထက် ပိုကောင်းလာလိမ့်မည်။
"ဟားဟား... ဒီအလှလေးက ဓားပြတွေလို သူများ အိမ်ကို လုယက်ဖို့ စိတ်ပိုင်းဖြတ်ထားတာလား?"
လုရွှမ် ဒီအခြေအနေကို ကောင်းကောင်း သိသည်။ အကယ်၍ သူသည် ရှက်ရွံ့သည့် အရိပ်အယောင်များ ပြလာပါက ဤသားရဲများဟာ သူ့ဘက်ကို ချက်ချင်း လှည့်လာပြီး ဝိုင်းအုံလာလိမ့်မည်။ နတ်ဆိုးကြက်သည် တစ်လောကလုံးကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသကဲ့သို့ အတောင်များကို ဖြန့်ကာ အော်ဟစ်လိုက်သည်။
"ဘာဖြစ်လဲ? အခု ငါတို့မှာ နတ်ခြေလှမ်းနယ်ပယ်က သားရဲ ၁၃ကောင် ရှိတယ်... မင်း ဘယ်လောက်ပဲ ထက်မြက်ပြီး အစွမ်းထက်နေပါစေ ငါတို့ရဲ့ တိုက်ခိုက်မှုကို မင်း တားနိုင်သေးမယ်လို့ ထင်လား... လူငယ်လေး မင်း သိပ်ကို တက်ကြွလွန်းနေပြီ!"
လုရွှမ်ကလည်း ရယ်မောလိုက်ပြီး သူ့လက်ဖဝါးကို ပွတ်ဆွဲလိုက်ရာ ကောင်းကင်အထက်၌ မီးလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့လက်ချောင်း တစ်ချောင်းကို ထုတ်လိုက်တာနဲ့ နောက်ထပ် မီးလုံးလေးတစ်လုံး ထပ်ပေါ်လာကာ နောက်ထပ်လက်ချောင်း တစ်ချောင်းဖြင့် မီးတောက်တစ်ခု ထပ်ထုတ်လိုက်သည်။ လက်ချောင်းတွေထဲ၌ ဖီးနစ်နတ်မီး၊ စိတ်ဝိညာဥ်မီး၊ ဆန်းကြယ်ရေခဲမီးတောက် စသဖြင့် ပြောင်းလဲသွားသည်။
လုရွှမ် မီးတောက်များကို လက်ငါးချောင်းထဲ ဆုပ်ကိုင်လိုက်သည်။
"ဒါဆို ငါ့မှာ အရည်အချင်း ရှိမရှိ မင်းကြည့်သင့်တယ်!"
သားရဲအုပ်စုတစ်စုမှာ ရုတ်တရက် စိတ်ရှုပ်ကုန်ကြသည်။
"အဲဒီ ကောင်းကင်မီးနဲ့ မြေကြီးမီးလား"
"အဲဒါ ဖီးနစ်နတ်မီးလေ! လူသားတစ်ယောက်က ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ... ဖီးနစ်နတ်မီးကို ထိန်းချုပ်နိုင်ဖို့ ဖီးနစ်ရဲ့ သွေးကို လိုအပ်တယ်လေ..."
"တခြားထူးဆန်းတဲ့ မီးနှစ်မျိုးကလည်း အစွမ်းထက်လွန်းတယ်... ဒီလူက ဘယ်သူလဲ ဘယ်လိုလုပ် ဒီအခွင့်အရေးတွေ အများကြီးကို ရသွားတာတုန်းဟ!!"
နတ်ဆိုးကြက်က လုရွှမ်ကို စိုက်ကြည့်ရင်း ခဏလောက် စဉ်းစားပြီးနောက်မှ ပြောလာသည်။
"မင်းက လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင် လုရွှမ်ပဲ!"
"ဟား ဟား ဟား!"
လုရွှမ်သည် ကျယ်လောင်သော အသံဖြင့် သူ၏ သူရဲကောင်း အရှိန်အဟုန်ကို ပြသလိုက်သည်။
"ဟုတ်တယ်!"
သူက ဟိုဟိုဒီဒီကြည့်ရင်း- "ငါက လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင် လုရွှမ်ပဲ! တောင်ပိုင်းနယ်မြေရဲ့ အလယ်အထိ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... ဒီမှာရှိတဲ့ သားရဲတွေတော့ ငါ့နာမည်ကို သိသွားကြပြီ ရှက်လိုက်တာ!"
လူသားမျိုးနွယ်တွင် နံပါတ်တစ် ပါရမီရှင်။
လူသားမျိုးနွယ်အပေါ် ဘယ်သောအခါမှ အလေးအနက် မထားခဲ့ကြသော်လည်း လုရွှမ်ရဲ့ သရုပ်ပြမှုအပြီးတွင် လူသားမျိုးနွယ် နံပါတ်တစ်ပါရမီရှင်ရဲ့ အစွမ်းသတ္တိသည် သူ၏ယ့ဂုဏ်သိက္ခာလိုပဲ နိမ့်ကျနေတာ မဟုတ်ကြောင်းကို ကောင်းကောင်း သိသွားသည်။
"ကောလဟာလတွေ အတိုင်းဆို မင်းက နတ်မီးနယ်ပယ်က လူတစ်ယောက်ပဲ... ငါတို့ မတွေ့ဖြစ်တာ နှစ်ဘယ်လောက်မှ မကြာသေးဘူး မျှော်စင်နယ်ပယ် ဖြစ်နေပြီ... ဟဲသောက်ပန်းယင့်သုံ့အသီးကို မင်းလုယူသွားပုံရတယ်နော်..."
"ဟုတ်တယ်လေ... ငါရထားတယ်"
လုရွှမ်ဟာ အခုချိန်မှာတော့ သူ့အစွမ်းတွေ တိုးတက်လာပြီမလို့ ယုံကြည်ချက်တွေလည်း ရှိနေသည်။ မျှော်စင်နယ်ပယ် ထိုးဖောက်ပြီးတဲ့အခါ ကျင့်ကြံမှုစွမ်းအင်မှာ ကြီးမားလာခဲ့ပြီး ယခု သူသည် နဂါးကျွန်းသို့ ဝင်ရောက်ရန် သတ္တိရှိနေပြီ ဖြစ်သည်။
မဟုတ်ရင် အရင်က စိတ်အားထက်သန်မှုလေးနဲ့တော့ နဂါးကျွန်းကို ရောက်သွားရင် နဂါးအကျဥ်းထောင်ထဲ ကျပြီးတာနဲ့ တကယ်ပဲ သတ်သေသွားရလိမ့်မည်။
ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားကိုလည်း ရွှေကျီးကန်းက ထပ်ခါထပ်ခါ ချဲ့ထွင်ပေးဖို့ ကူညီပေးခဲ့ရာ ယခုအခါ နယ်ပယ်မြင့်လေ၊ ခွန်အားပိုအားကောင်းလေနှင့် တိုးတက်လာလေ ဖြစ်ကြောင်း အပြည့်အဝ နားလည်လာသည်။
ရန်ဖေးလိုပဲ သူကလည်း ရှန်ဟွာလက်စည်းတံဆိပ် ရှစ်ခုကို ထိန်းချုပ်ထားသေးသည်။ ရန်ဖေးဟာ အတိဒုက္ခအပြီးတွင် ခွန်အားတိုးတက်လာမှာ မှန်သော်လည်း ရန်ဖေးကို သူ အလွယ်တကူ အနိုင်ယူနိုင်သေး၏။
ဒါသူ့ရဲ့ယုံကြည်မှုပဲ။
"လူသား! မင်းတကယ် မာနကြီးနေတာပဲ... အဲဒီသခင်တွေက မင်းကို ဆေးဖော်စပ်ဖို့ ဖမ်းသွားမှာ မကြောက်ဘူးလား"
နတ်ဆိုးကြက်က အော်ဟစ်လိုက်သည်။ မျက်နှာကဖြူဖျော့ကာ ဒေါသကြောင့် ကြမ်းတမ်းလာ၏။
ဒီလူသားက တကယ့်ကို မာနကြီးလွန်းပြီး သူမကို လုံးဝ မျက်စိထဲ မထည့်ထားချေ။
"မာနကြီးတာလား ယုံကြည်မှုရှိတာလား မပြောတတ်ဘူး... မင်း တခြားသခင်တွေကို လှမ်းခေါ်နေတာ ငါမသိဘူးလို့များ ထင်နေလား... ငါထွက်သွားချင်ရင် မင်းတို့လို ခြေသုံးချောင်း ကြောင်တွေ တားနိုင်ဖို့က ဝေးနေသေးတယ်"
"ငရဲကိုသွားစမ်း! "
လုရွှမ် လက်ချောင်းများက လျင်မြန်စွာ လှုပ်ရှားကာ ပင်လယ်လက်စည်းတံဆိပ်ကို ပုံဖော်လိုက်၏။ သူ့ခန္ဓာကိုယ်သည် ပင်လယ်လှိုင်းလုံးတွေထဲ ငုပ်လျှိုးသွားသည်။ မြွေတစ်ကောင် ပြေးထွက်လာပေမယ့် လုရွှမ်ရဲ့ အငွေ့အသက်ကို ရုတ်တရက် ရှာမတွေ့တော့ချေ။
မြှားတစ်စင်းက ကြိုးတစ်ချောင်းပေါ်မှ ပြေးထွက်လာခဲ့သည်။ သားရဲတစ်ကောင်ဆီက လက်သီးတစ်ချက် ပြန်ထွက်လာသည်။ တစ်ခုခုကို ထိမိသွားပုံရသော်လည်း ဘာမှလည်း မထိခဲ့ပေ။
လုရွှမ်ရဲ့ အသက်ရှုသံများက ခံစားရခက်သည်။ သူ့ဆီက စွမ်းအင်တွေဟာ ပင်လယ်ထဲသို့ စီးကျလာသော ရာချီမြစ်ချောင်းတွေလို လှိုင်းလုံးများနှယ် အရပ်ရပ်သို့ ရိုက်ခတ်သွားလေသည်။