← Chapters

ဉာဏ်ကစားသည့် လူနှစ်ဦးကြားက စစ်တုရင်ခုံ

Vol. 104 Ch. 1550

ဉာဏ်ကစားသည့် လူနှစ်ဦးကြားက စစ်တုရင်ခုံ

Vol. 104 Ch. 1550

“ ဘာတွေလား … ကြည့်စမ်း … မင်းလေသံကြောင့် ငါ့မှာ ကြက်သီးတွေကို ဖြန်းလို့ …”

“ နင်က ဘာသိလို့ … ဒီလို နှာဘူးတွေနဲ့ တွေ့ရင် ဒီလို လှည့်ကွက်လေး‌တွေ ထုတ်သုံးရတယ်… သူတို့လို နိုင်ငံခြားသားတွေပဲ ဒီလို အပေါစား ထောင်ချောက်တွေထဲ ခုန်ဝင်လာကြမှာ ….”

“ ဘော့စ်လျို အနားယူသွားခဲ့ရင် ငါမင်းကို ကျုံးဝေ့တပ်ဖွဲ့ရဲ့ ဒါရိုက်တာ ဖြစ်လာဖို့ ထောက်ခံပေးမယ်…”

“ သူအနားယူဖို့ဆိုရင် ကြာဦးမှာပဲ ….”

“ မကြာတော့ဘူး … ညတိုင်း ညဉ့်နက်တဲ့ထိ ဂိမ်းတွေဆော့ … ကျန်းမာရေး လိုက်စားတဲ့ ပုံစံလည်း မရှိတာနဲ့ ရက်နည်းနည်းလောက်ဆို ဂန့်ပြီ… ခေါင်းဆောင်နင် ရာထူးတိုးဖို့က ကွေ့နားလေးမှာတင်ပဲ …”

“ နင်သေချာလို့လား …”

“ ငါက ဆရာဝန်ပါဟ…. ငါပြောရင် သူ သေကိုသေတယ်… ငါ့ကိုယုံ …”

“ နင့်ရဲ့ စကားလုံးတွေအတွက် ကျေးဇူးပဲ…” နင်ချဲ့ ဆံပင်ကို ဖြီးသပ်လိုက်ပြီး “ အဲ့ နှာဘူးကြီးက ငါနဲ့ Flair မှာ တစ်နာရီနေရင် ထမင်းအတူစားချင်တယ်တဲ့လေ… ငါ အဆင်သင့် လုပ်ရဦးမယ်…”

“ ညနေခင်း အရေးကြီး ကိစ္စ လုပ်စရာရှိတယ်လို့ သူ ပြောတယ် မဟုတ်ဘူးလား … ဘာလို့ ရုတ်တရက်ကြီး ညစာ စားဖို့ ဖိတ်ခေါ်လာခဲ့တာ….”

“ သူပြောတာ မီတင်က ရွေ့ဆိုင်းလိုက်လို့တဲ့ … တစ်နာရီနေရင် ငါနဲ့ အတူ ညစာစားမယ်… ငါဒီ အခွင့်အရေးကို အသုံးချပြီး သူ့ဆီကနေ ရသလောက် သတင်းကို နှိုက်ကြည့်လိုက်မယ်… တစ်ခုခု ရရင်လည်း ရလာမှာပေါ့ဟာ ….”

“ တစ်ခုခု ရခဲ့ရင်လည်း ငါတို့ အမြန်လုပ်ဖို့ လိုတယ်…. ဒါမှ . . . . . "

" ဟေ့ … ငါ့ကို အဲ့တာဘာကြည့်နေတာ …”

“ ငါအခုတင် တွက်ကြည့်လိုက်တာ ငါ ပြင်မှာ ဆင်မှာနဲ့ ဟိုကို သွားမှာနဲ့ဆိုရင် ငါ့မှာ အချိန်နာရီဝက်ကျန်တယ်… ဒီအချိန်လေးကို အမိအရ ဆုပ်ကိုင်ပြီး ပျော်စရာလေးတွေ ဖန်တီးကြရင် မကောင်းဘူးလားလို့….”

“ လခွမ်းကို ဖန်တီး … မင်းကိုယ်မင်း ဘယ်သူနဲ့ စကားပြောနေတယ် ထင်လို့ … ငါ့ကို ချိုးယွီလော့ရဲ့ ရည်းစားဟောင်းလိုမျိုး နာရီဝက် ဆယ့်ငါးမိနစ်လောက်နဲ့ တစ်ကြောင်းပြီးမယ့်လူလို့ ထင်နေတာလား …”

နင်ချဲ့ သူမ၏ ပုံရိပ်ကိုပင် ဂရုစိုက်ချင်း မရှိတော့ဘဲ ဝါးလုံးကွဲ ရယ်မောလိုက်တော့သည်။ သူမ၏ ရင်ဘက်သည်ပင် တသိမ့်သိမ့်တုန်နေလျက် ပြတင်းပေါက် အပြင်ဘက်ရှိ လှိုင်းလုံးတို့ထက်ပင် ကြီးမားနေပါတော့သည်။

“ ဒီနှစ်တွေတစ်လျှောက် အဲ့ယွီလော့က အိမ်သာတက်ရင် အတော်လေး ခက်ခဲနေတာ … ဒါပေမယ့် ငါကတော့ … လုံလောက်ပြီ… နင်က ဒီတိုင်း နည်းနည်းလေး ပိုအပင်ပန်းခံပြီးမှ ငါ့ရဲ့ ဦးဆောင်မှုနောက် လိုက်ဖို့ပဲ လိုတယ်…”

ပြောပြီးနောက် နင်ချဲ့သည် ပြတင်းပေါက်ရှေ့တွင် ရပ်လိုက်ပြီး လင်းရီကို ကျောပေးထားကာ သူမ၏ ညအိပ်ဝတ်စုံကို အပေါ်သို့ ပင့်တင်လိုက်၏။ ထို့နောက် လင်းရီအား စိန်ခေါ်နေသကဲ့သို့ စင်းကော့နေသည့်တင်ကို လှုပ်ရမ်းပြလိုက်သည်။

“ မြန်မြန်လာလေ … အချိန်ဖြုန်းမနေနဲ့ …” နင်ချဲ့ သမင်လည်ပြန်ကြည့်ကာ တလက်လက်တောက်ပနေသည့် မျက်ဝန်းတို့ဖြင့် လင်းရီအား ပြောလိုက်၏။ “ နင့်ရဲ့ခွန်အားနဲ့ဆိုရင် ငါ့ကို နာရီဝက်အတွင်း နှစ်ကြောင်းရောက်အောင် ပို့ပေးနိုင်ပါတယ် ဟုတ်…”

“ ကြည့်ရတာ ဒီနေ့တော့ တကယ် ခက်ခဲပင်ပန်းတဲ့ နေ့တစ်နေ့ ဖြစ်တော့မှာပဲ …”

“ နင်သိတာ ကောင်းတယ်…”

( အမြန်နှုန်း နှစ်ဆဖြင့် စာလုံးပေါင်း ၃သန်းခန့်ကို ဤနေရာတွင် ချပ်လှပ်ထားခဲ့ပါသည် )

နာရီဝက်ကြာပြီးနောက် နင်ချဲ့သည် ဝင်းလက်တောက်ပနေသည့် မျက်နှာအမူအရာဖြင့် ရေချိုးခန်းထဲ ဝင်သွားခဲ့၏။ လင်းရီမူကား တစ်ဖက်တွင် ခြေကုန်လက်ပန်းကျကာ မောပန်းနေလျက်ရှိတော့သည်။ သူ၏ ယောက်ျားမာနကို အထိခိုက်မခံနိုင်သဖြင့် နာရီဝက်အတွင်း နင်ချဲ့ကို သုံးကြောင်းမက ပြီးအောင် အရောက်ပို့ပေးလိုက်လေသည်။

ပြုစရာရှိတာ ပြုပြီး၊ ခေတ္တ အမောဖြေပြီးနောက် လင်းရီ အလုပ်ကိစ္စကို ပြန်သွားလိုက်သည်။

“ မင်းပြောတာ ချူဘာ့တ်ရဲ့ ကိုယ်မှာ ခြေရာခံ ပစ္စည်းတပ်ထားတယ်နော်… သူ့ရဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုကြည့်မှာ…”

ရေချိုးခန်း တံခါးက အပြီးပိတ်ထားသည် မဟုတ်သဖြင့် သူတို့နှစ်ဦးကြားရှိ ဆက်သွယ်မှုကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

“ ငါ့ဖုန်းထဲမှာ GPR ဆော့ဝဲရှိတယ်… နင် အဲ့တာနဲ့ သူ့ကို ကြည့်လို့ရတယ်…”

လင်းရီ ဤ GPR ကိုသိသည်။ ၎င်းက ၁၀၀ ရာခိုင်နှုန်း ပြည်တွင်း စစ်တပ်သုံး ဆော့ဝဲတစ်ခု ဖြစ်ကာ သာမန်လူတို့အား အသုံးချခွင့် မပြုထားပေ။

နင်ချဲ့၏ ဖုန်းကို ယူပြီး ဆော့ဝဲဖွင့်လိုက်တော့ ချူဘာ့၏ လှုပ်ရှားမှုများကို မြေပုံပေါ်တွင် မြင်တွေ့လိုက်ရသည်။ ထို့ပြင် လူပုဂ္ဂိုလ်၏ တည်နေရာကို ဖော်ပြပေးရုံသာမကဘဲ အချိန်နှင့်တပြေးညီ ပြောင်းလဲမှုတို့ကိုပါက ခြေရာခံပေးနေလျက် ရှိကာ လမ်းကြောင်း မြေပုံ ဆွဲထားပေး၏။

လင်းရီ ဆယ်မိနစ်ကျော်အောင် စောင့်ကြည့် လေ့လာနေလိုက်သည်။ နင်ချဲ့ ခြေရာခံပစ္စည်းကို ချူဘာ့၏ ကိုယ်တွင် တပ်ဆင်ပြီးကတည်းက ချူဘာ့တ်၏ လှုပ်ရှားမှုများမှာ အတော်လေး သာမန်ဆန်နေသည်။

အချိန်အများစုကို ဒူဘိုင်းမြို့တွင်း၌သာ ကုန်ဆုံးနေပြီး တစ်ခါတစ်ရံ လူသူစုဝေးသည့် နေရာများသို့ သွားကာ မသင်္ကာစရာ ဘာတစ်ခုကိုမျှ မပြုခဲ့ချေ။

သို့သော် ယမန်နေ့ညတွင် ချူဘာ့တ်၏ ပုံမှန် မဟုတ်သည့် လှုပ်ရှားမှုများကို လင်းရီ သတိပြုမိလိုက်၏။

၎င်းက ပင်လယ်ပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့လေသည်။ နှစ်ခါစဉ်းစားနေရန် မလိုချေ။ ပင်လယ်ထဲရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ခရီးသွားနေခြင်းသာ ဖြစ်လိမ့်မည်။

လင်းရီ ချူဘာ့တ်၏ လမ်းကြောင်းကို အတိအကျ မှန်းဆမှု တစ်ခု ပြုလိုက်၏။

သူသည်လည်း သူကဲ့သို့ အားလပ်ရက်ကို ကျွန်းပေါ်၌ အချိန်ကုန်ဆုံးခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် သူ၏ အဆင့်ဖြင့် ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲသည် ဆိုသည်မှာတော့ မည်သို့မျှ မဖြစ်နိုင်။ အထူးသဖြင့် ကျွန်းသေးသေးလေး တစ်ခုတွင် ဖြစ်၏။ ဤကဲ့သို့ လှုပ်ရှားမှုမျိုးက ဇိမ်ခံရွက်လှေပေါ်တွင် လူစုလူဝေးကြီးဖြင့် ကိုယ်လက်လှုပ်ရှားအားကစား (လိင်ပါတီ) မှု ပြုဖို့ များသည်ဟု လင်းရီတော့ မှန်းဆသည်။

လင်းရီ လက်လျော့လိုက်တော့မည့် အချိန်တွင်ပဲ သူ မတူသည့် တစ်ခုကို သွားပြီး သတိပြုမိ၏။

လမ်းကြောင်းတွင် ပြသထားသည့် အချိန်အရ ချူဘာ့သည် ကျွန်းပေါ်တွင် တစ်နာရီပင် မကြာလိုက်ဘဲ ချက်ချင်း ဒူဘိုင်းသို့ အလျင်အမြန် ပြန်သွားခဲ့၏။

ဤသည်က တော်တော်လေးကို မသင်္ကာစရာ ဖြစ်ဖို့ ကောင်းလွန်းလှသည်။

လေလံပွဲအတွက် တာဝန်ယူထားသည့်လူက ကျွန်းသေးသေးလေး တစ်ခုသို့ သွား၍ တစ်နာရီ မပြည့်မီ အချိန်တွင် ပြန်ထွက်လာသည်။ အကယ်၍ ထိုငနဲက သုံးစက္ကန့်မျှသာ စွမ်းဆောင်နိုင်သည့် ဘဲကြီးဖြစ်လျှင်ပင် ထိုမျှ စောစောစီးစီး ပြန်လာဖို့က မည်သို့မျှ ဖြစ်နိုင်ချေမရှိပေ။

ဤသည်က တစ်စုံတစ်ယောက်နှင့် တွေ့ဖို့ သွားသည်ပဲ ဖြစ်ရမည်။

ထို့ပြင် သူတွေ့ခဲ့သည့်လူကလည်း လေလံပွဲနှင့် ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်နေသူ ဖြစ်ရမည်။ ရုတ်ချည်းဆိုသလို တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့သည့်နှယ် လင်းရီ၏ အမူအရာတို့ အေးခဲသွားခဲ့လေသည်။

ယနေ့ည ကျင်းပမည့် လေလံပွဲကို ဂျက်ဖရီနှင့် လေလံအိမ်တို့က ပူးတွဲဆောင်ရွက်ခြင်း ဖြစ်၏။ သို့ဆိုလျှင် ချူဘာ့တ် သွားတွေ့သည့်လူက ဂျက်ဖရီ ဖြစ်ဖို့များ၏။

သူ၏ ကိုယ်ပိုင် မှန်းဆမှု သပ်သပ်မျှသာ ဖြစ်သော်လည်း သတိကပ်ထားသည်က မှားသည်လို့ လင်းရီ မထင်ပေ။

သူ၏ လက်ချောင်းတို့က စားပွဲကို တတက်တက်ခေါက်နေလျက်ရှိကာ စည်းချက်ကျသည့် အသံတို့က အခန်းတွင်း ပျံ့လွင့်နေသည်။

အကယ်၍ ချူဘာ့တ်တွေ့ဆုံခဲ့သည့်လူက ဂျက်ဖရီသာ ဖြစ်နေမည်ဆိုပါက အဆိုပါ တွေ့ဆုံမှုသည် ဖြစ်နိုင်ချေ နှစ်ခုသာလျှင် ရှိ၏။

ပထမ တစ်ခုက အဆင်ပြေချောမွေ့စွာဖြင့် ပူးပေါင်းနိုင်သဖြင့် လျင်လျင်မြန်မြန် ထွက်လာခဲ့ခြင်း ဖြစ်လိမ့်မည်။ သို့သော် ဖြစ်နိုင်ချေ နည်းပါးသည့် အခြားသော အခြေအနေ တစ်ခုကလည်း ရှိနေသေးပြန်သည်။ ယင်းက နင်ချဲ့၏ လှုပ်ရှားမှုတို့ ဖော်ထုတ်ခံလိုက်ရခြင်းပင်။ သို့သော် တစ်ဖက်သူသည် ၎င်းကို ကြေညာရန် မစဉ်းစားဘဲ ထိုအစား သူမ၏ ဂိမ်းနှင့် သူမကို ပြန်အနိုင်ယူရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုသို့သော ဖြစ်နိုင်ချေများက မပြောပလောက်ကြောင်းကို လင်းရီသိသည်။ သူ့ဘက်က စိတ်ကူးယဉ်ဆန်နေခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။

အကယ်၍ ကိုယ်ကသာ မှားယွင်းသည့် တစ်စုံတစ်ရာကို ပြုမထားခဲ့ဘူးဆိုပါက သေမင်းတံခါးလာခေါက်မည်ကို ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပဲ လင်းရီ ယခုလို စိုးရိမ်မှုတို့ ဖြစ်ပေါ်နေခြင်း ဖြစ်နိုင်သည်။ တစ်ခုလေး မှားယွင်းသည်နှင့် ရှာဖွေ ဖော်ထုတ်ခံလိုက်ရနိုင်သည့် ဖြစ်နိုင်ချေတို့ ရှိသည်။ ထိုအခါ ဖြစ်နိုင်ချေသည်လည်း ဧရာမ ပြောင်းလဲသွားမည်ဖြစ်၏။

“ ငါ ထွက်လာတာတောင် မသိရ‌လောက်တဲ့ထိ နင် ဘာတွေ အဲ့လောက်တောင် စဉ်းစားနေတာလဲ …”

လင်းရီ အဆိုပါ ကိစ္စရပ်တို့အား အတွေးနက်နေစဉ်တွင် နင်ချဲ့မှာ ရေချိုးပြီး၍ ရေချိုးခန်းထဲက ထွက်လာပြီး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူမ၏ ကောင်းမွန် တောင့်တင်းလှသည့် အရပ်အမောင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို တဘက်အရှည်တစ်ထည်ဖြင့် ပတ်၍ ဖုံးအုပ်ထားကာ အရိုင်းဆန် ဖျားယောင်းသည့် အငွေ့အသက်တို့အား ထုတ်လွင့်နေလျက် ရှိ၏။ လင်းရီ ဖြစ်ပေါ်လာသည့် အတွေးဆန္ဒတို့အား ခေတ္တ ဘေးကပ်ထားကာ သူမအား မေးလိုက်သည်။

“ ချူဘာ့တ်က ဘယ်နေရာမှာ ထမင်းစားဖိတ်ထားတာ …”

“ ဖလဲရာ စားသောက်ဆိုင်မှာ … ငါကြည့်လိုက်တာတော့ အနောက်တိုင်း စားသောက်ဆိုင်ပဲ … အရသာလည်း ကောင်းမယ့်ပုံပေါ်တယ်…”

“ ငါ့ စိတ်တွေ လေးနေတယ်… မင်း စားတဲ့ သောက်တဲ့အချိန် ဂရုစိုက် … ဒီ ထမင်းတစ်နပ်က မင်းထင်သလောက် မရိုးရှင်းနေလောက်ဘူး …”

နင်ချဲ့၏ အမူအရာမှာ လေးနက်တည်ကြည်လာခဲ့တော့သည်။ လင်းရီ၏ အလိုလိုသိစိတ်က သန်မာအားကောင်းလှသည်ဖြစ်ရာ သူပြောသမျှ စကားအခွန်းတိုင်းကို ဂရုတစိုက်နားထောင်ရမည် ဖြစ်၏။ အထူးသဖြင့် ယခုလို လေးလေးနက်နက် ပြောနေသည့် အချိန်တွင်ပင်။

“ နင် ပြောချင်တာ အဲ့ဒီ ချူဘာ့တ်က ငါ့ကို လှည့်စားနေတယ်ဆိုပြီးလား …”

“ မသေချာသေးဘူး … ဒါပေမယ့် ဒီ ထမင်းတစ်နပ်က ရိုးရှင်းမှာ မဟုတ်ဘူးလို့တော့ ငါထင်တယ်…”

“ အွန်း …. ငါသိပြီ…”

နင်ချဲ့ လင်းရီကို အပြည့်အဝ ယုံကြည်သည်။ သူက အကြောင်းပြချက် မရှိဘဲ ယခုလို ကိစ္စမျိုးအား နောက်ပြောင်ကျီစယ်သည့် သဘောမျိုးဖြင့် ပြောလာလိမ့်မည် မဟုတ်ချေ။

ထို့ပြင် ယခုလို အချိန်မျိုး၌ သတိဟူသည် ပိုသည်မရှိပေ။

“ ငါတို့ ခဏကျရင် ဘယ်လိုလုပ်ကြမှာ … အတူတူ ထွက်မှာလား … ဟိုတယ်ရဲ့ ကင်မရာတွေက ငါတို့ကို အတူ တွေ့သွားနိုင်တယ်နော်…”

“ ငါ့အထောက်အထားက ငါလာတုန်းကတည်းကရင် ဖော်ထုတ်ခံလိုက်ရပြီးပြီ ဆိုတော့ ဆက်ပြီး ဖုံးကွယ်နေစရာ မလိုတော့ဘူး … ဒါပေမယ့် ငါ့ကိုယ်ငါ ဖုံးကွယ်နေဖို့တော့ လိုနေသေးတုန်းပဲ..” လင်းရီ ပြောလိုက်သည်။

“ ဘယ်လိုမျိုးလဲ …”

လင်းရီ သူ့လက်မနှင့် လက်ညိုးကို ပွတ်သပ်ပြလိုက်တော့ နင်ချဲ့ ချက်ချင်း နားလည်သွားခဲ့တော့၏။

“ ငါ အဲ့လိုမျိုး တစ်ခါမှ မရှာကြည့်ဖူးဘူး ဆိုပေမယ့် ဒီလိုမြင်ကွင်းမျိုး ဖြစ်အောင်တော့ လုပ်နိုင်မယ် ထင်တာပဲ… ခစ်ခစ်ခစ် စိတ်၀င်စားဖို့ ကောင်းတယ်... ”

“ မြန်မြန် အဝတ်စားလဲတော့ .. အခု စကြမယ်…”

“ အိုကေ …”

နင်ချဲ့သည် လင်းရီရှေ့ တမင်တကာ တဘက်ကို ချွတ်ကာ သူ့ရှေ့တွင်ပဲ အဝတ်အစားလဲလိုက်၏။

သို့သော် လင်းရီမှာတော့ အဆိုပါ ရင်ဖိုစိတ်လှုပ်ရှားဖွယ် မြင်ကွင်းအား အရေးပေးလိုသည့် စိတ်အခြေအနေတွေ ရှိမနေချေ။ သူ၏ အာရုံစူးစိုက်မှုတို့က အခြေအနေတစ်ရပ်လုံးကို အသေးစိတ် တွက်ချက်နေပြီး တစ်ခုခု ကျန်နေခဲ့မှာကို စိုးရိမ်နေခဲ့၏။

ဉာဏ်ခြင်းကစားသည့် လူနှစ်ဦးကြား စစ်တုရင် တိုက်ပွဲသည် ယခု တရားဝင် စတင်ချေပြီ။

All Chapters