← Chapters

အချေအတင် အစ

Vol. 104 Ch. 1551

အချေအတင် အစ

Vol. 104 Ch. 1551

အရာအားလုံး အဆင်သင့် ဖြစ်သွားပြီးသည့်နောက် နှစ်ယောက်သည် ဟိုတယ်ထဲက ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့ကြသည်။

နင်ချဲ့ ဝတ်ထားသည့် ဝတ်စုံက သာမန်ထက် ပို၍ အများအပြား ကျော့ရှင်းနေသည်။ ဆံပင်ကို ဆံထုံး ထုံးထားပြီး ပန်းပွင့်ပုံ ပါသည့် စိမ်းရင့်ရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ ထိုဂါဝန်၏ အနားစက ခြေကျင်းဝတ်သို့တိုင် ရောက်ရှိနေသည်။

ယခုလို တည်ငြိမ်ရင့်ကျက်သည့် အသွင်ပေါက်အောင် ဝတ်ဆင်သည်က နင်ချဲ့၏ ပုံစံ လုံးဝ မဟုတ်ချေ။ သို့သော် ဤသည်က သာမန် ညစာစားပွဲ မဟုတ်သဖြင့် နင်ချဲ့သည် တင်ရင်တို့၏ အလှကို ပိုပြီး ပေါ်လွင်စေမည့် အဝတ်အစားတို့အား မဝတ်ဆင်နိုင်ခဲ့ချေ။ ထိုဝတ်စုံတို့က လက်နက်ပစ္စည်းများဖွက်ရန်အတွက်ကျ အတော်လေး အဆင်မပြေဖြစ်လှ၏။

သူမ၏ ပေါင်တွင် ချည်နှောင်ထားသည့် သေနတ်ကို ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။

သို့သော် သူမ၏ ဝတ်စားဆင်ယင်သည့် ဟန်ကို ပြောင်းလဲလိုက်သည် ဆိုသော်လည်း နဂိုရှိသည့် လိင်ရမ္မက်ကို လှုံ့ဆော်နှိုးကြွစေသည့် အလှတရားတို့ကတော့ ပျောက်ကွယ်မသွားခဲ့ချေ။ ထို အငွေ့အသက်တို့က ယခုလို ဂါဝန်ရှည် ဝတ်လိုက်ရုံမျှဖြင့် ပျောက်ကွယ်သွားမည့် အရာများ မဟုတ်ချေ။

ယခုလို ဝတ်စားဆင်ယင်ပြီး လမ်းမထက် ထွက်လာမည်ဆိုပါက လူတို့ သမင်လည်ပြန် မကြည့်ဘဲ မနေပါချေ။ ဖြတ်သွားဖြတ်လာတို့ ကျိန်းသေပေါက်ကို မင်သက်အံ့ဩသွားကြလိမ့်မည်။

“ ရော့ … ဒီပိုက်ဆံတွေ ယူသွား … အပို မုန့်ဖိုးလည်း ပါတယ်နော်... နင်ခုနက လုပ်သွားတာ မဆိုးဘူး …”

နင်ချဲ့ ပိုက်ဆံ တစ်ထပ်လိုက် ကမ်းပေးလာပြီး လင်းရီကလည်း အပြုံးလေးဖြင့် လက်ခံလိုက်သည်။

သူမ သရုပ်ဆောင်သည်က သိပ်သဘာဝ ကျလွန်းနေသည်။

နှစ်ယောက်သား ရယ်မောရင်းဖြင့် ဓာတ်လှေကားထဲသို့ ဝင်ကာ ဟိုတယ်အပြင်ဘက်သို့ ထွက်လာခဲ့၏။

တံခါးဝတွင် မတ်တပ်ရပ်ရင်း စောင့်ကြည့်ရေး ကင်မရာတို့၏ အမြင်အောက်က လွတ်တော့ နင်ချဲ့ ပြောလိုက်သည်။

“ ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ သေနတ်ကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သေချာသိမ်းထား … ဒီမှာ လမ်းခွဲကြတာပေါ့ …”

“ နင်လည်း ဂရုစိုက် …”

လမ်းခွဲပြီးနောက် နှစ်ယောက်သား တက္ကစီငှာစီးကာ မတူကွဲပြားသည့် ဦးတည်ရာဘက်များသို့ ဦးတည်လိုက်ကြသည်။

ဖလဲရာ စားသောက်ဆိုင်သည် အနောက်တိုင်း အစားအသောက်တို့အား အထူးပြုရာ၌ အင်မတန် နာမည်ကြီးသည့် စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သည်။

တိုင်ကွန်း တော်တော်များများ ဒူဘိုင်းသို့ လာလည်ပါက ဤနေရာသို့ ရောက်လာလေ့ ရှိကြ၏။

သို့သော် ယခု အချိန်တွင်တော့ ဖလဲရာ စားသောက်ဆိုင်၌ စားသုံးသူ ဟူ၍ ခွေးတစ်ကောင် ကြောင်တစ်မြီးမျှပင် မမြင်တွေ့ရချေ။ ကြည့်ရသည်မှာ ဆိုင်က ယနေ့ လူတိုင်းအတွက် ဖွင့်ထားမပေးသည့်ပုံပင်။

ဂျက်ဖရီနှင့် ချူဘာ့တ်တို့ ထမင်းစားခန်း၏ စားပွဲဘေးတစ်ဖက်တစ်ချပ်စီတွင် ထိုင်နေလျက် ရှိကြသည်။ သူတို့ ရှေ့တွင် TV ဖန်သားပြင် တစ်ခု ရှိပြီး လင်းရီနှင့် နင်ချဲ့တို့ အတူထွက်လာသည့် မြင်ကွင်းကို စောင့်ကြည့်ရေး ကင်မရာက ပြသနေသည်။

“ မစ္စတာ ချူဘာ့တ်…. မင်းရဲ့ ဒီ မိန်းမက သိပ်ပြီး မိန်းမကောင်း မဆန်သလိုပဲနော်… မင်းထွက်သွားပြီးတာတောင် မကြာသေးဘူး နောက်ထပ် ယောက်ျားတစ်ယောက်က ရောက်လာနေပြီ…”

“ ဟမ့် ဒီရဲ့ မျိုးမစစ်လေးက …” ချူဘာ့တ် ထူးမခြားနား အမူအရာဖြင့် ဆဲဆို လိုက်ပြီး “ ဒါပေမယ့် ငါလည်း သူ့(မ)ကို အလေးအနက် ထားနေတာမှ မဟုတ်တာ … ဒီတိုင်း ခဏတာ ပျော်ပါးဖို့လောက်ပါပဲ…”

“ မင်းအဲ့လို တွေးနေရင် ကောင်းတယ်… ငါ သူ(မ)ကို ခေါ်သွားတဲ့ အချိန်ကျ မင်း ငါနဲ့ ပူးပေါင်းပေးဖို့ မျှော်လင့်တယ်…”

“ စိတ်ချ …. ငါ ကတိပေးထားတဲ့အတိုင်း ပူးပေါင်းပေးမယ်…” ချူဘာ့တ် ပြောလိုက်သည်။ “ နောက် … ဒီလို ကူညီပေးပြီးရင် မစ္စတာ ဂျက်ဖရီကလည်း ကိုယ့်ကတိကိုယ် တည်ပြီး ဒီတစ်သုတ် ပစ္စည်းတွေရဲ့ တည်နေရာ ပြောပြမယ်လို့ မျှော်လင့်တယ်… ဒါ ငါ့အောက်ဆုံးစည်းပဲ …”

“ မပူနဲ့ … ငါလည်း ဒီအပေးအယူကို အလေးအနက်ထားတယ်… မင်းကို မလှည့်စားဘူး …” ဂျက်ဖရီ စီဂါတစ်လိပ်ကို မီးညှိ၍ ပြောလိုက်ပြီး “ သူတို့ အပြင်ထွက်လာကြပြီဆိုတော့ ဟိုမိန်းမလည်း ဒီရောက်လာတော့မှာ မကြာလောက်တော့ဘူး … ငါ အရင် သွားနှင့်ပြီ… ဘာအမှားအယွင်းမှ မရှိစေနဲ့ …”

“ စိတ်ချစမ်းပါ… ငါ လုပ်နေတဲ့အလုပ် ငါ သိပါတယ်…”

သူ့ကို လိုအပ်သည်များ ညွှန်ကြားပြီးနောက် ဂျက်ဖရီသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။ စားပွဲထိုးများမှလွဲ၍ စားသောက်ဆိုင်ထဲတွင် ချူဘာ့တ်တစ်ဦးတည်းသာ ကျန်နေရစ်တော့လေသည်။

မိနစ် ၂၀ ခန့် ကြာပြီးနောက် နင်ချဲ့ လှုပ်လီလှုပ်လဲ့ဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်ဝင်လာခဲ့၏။

သူမ မူလက တွေးထင်ထားသည်မှာ ဤနေရာ၌ လူအများအပြား ရှိနေလိမ့်မည် ဟူ၍ပင်။ သို့မှသာ တစ်စုံတစ်ခု ဆိုပါက တစ်စုံတစ်ယောက်ကို အကာအကွယ်ယူနိုင်လေသည်။

သို့သော် အထဲသို့ ဝင်လာပြီးနောက် လူသူကင်းရှင်းနေပြီး မည်သူမျှ ရှိမနေသည်ကို သူမ သတိပြုမိလိုက်သည်။ ဤသည်က ထူးဆန်းလွန်းလှ၏။ ပတ်ဝန်းကျင် အနေအထားက သူမဘက်တွင် အသာစီးရမနေချေ။

“ အချစ် … ဒီမှာ ဘာလို့ လူတွေ တစ်ယောက်မှ မရှိရတာလဲ ….”

နင်ချဲ့ အနားသို့ရောက်လာပြီး ချူဘာ့တ်၏ ချစ်စဖွယ် လေသံဖြင့် မေးမြန်းလိုက်၏။

“ ငါတို့ချည်း သီးသန့်ပဲ ရှိချင်လို့လေ… သူများတွေ နှောင့်ယှက်လာမှာကို စိတ်ရှုပ်လို့ တစ်ဆိုင်လုံး ဘွတ်ကင်လုပ်ထားလိုက်တာ….”

“ အချစ်က သိပ်အံ့ဩဖို့ကောင်းတာပဲ…” အန်းနင် ရမ္မက်ဆန်စွာ ပြောလိုက်ရင်း “ ရှင့်ရဲ့ ရိုဆန်တဲ့ အပိုင်းကို ကျွန်မ စွဲလမ်းမိပြီ… ဘယ်လိုလုပ်မလဲ….”

ချူဘာ့တ်သည် နင်ချဲ့၏ ခါးသိမ်သိမ်လေးအား ပွေ့ဖက်လိုက်ရင်း “ အရင် စားကြတာပေါ့ … နောက်ကျရင် တခြားလုပ်စရာတွေ ရှိသေးတယ်… ဒီနေ့ ကိုယ့်ကိစ္စတွေ ပြီးသွားရင် မင်းကို အဖော်လုပ်ပေးလို့ရပြီ…”

“ အွန်း … လက်သန်းချိတ်ပြီး ကတိပေးရမယ်နော်.. ရှင် ကတိမတည်ဘူးဆို ကျွန်မ ရှင့်ကို လျစ်လျူရှုလိုက်မှာ …”

“ ဒါပေါ့ … ငါ မင်းကို ညာဖူးလို့လား …”

ချူဘာ့တ်လည်း ကောင်းစွာ သရုပ်ဆောင်နေလျက် ရှိသည်။ သူ၏ မျက်နှာအမူအရာမှတဆင့် နင်ချဲ့ မည်သည့် မှားယွင်းနေမှုကိုမျှ မဖော်ထုတ်နိုင်ခဲ့ချေ။

ထို့နောက် ချူဘာ့တ် မီနူးကို တွန်းပို့ပေးလာခဲ့၏။

“ ကြိုက်တာ အရင်မှာနှင့် … ငါ သန့်စင်ခန်း ခဏသွားဦးမယ်…”

“ ဟင် …”

ထက်ထက်မြက်မြက်ရှိသည့် နင်ချဲ့၏ အလိုလိုသိစိတ်သည် တစ်စုံတစ်ရာ မှားယွင်းနေပြီကို အာရုံခံမိသွားခဲ့၏။

ဤသည်က လင်းရီနှင့် အတူ မည်သည့် စည်းမျဉ်းစည်းကမ်းတို့မျှ မရှိသည့် လမ်းဘေးဆိုင်များသို့ သွားရောက်စားသောက်သည်နှင့် မတူညီချေ။

ယခုလို အခြေအနေ အောက်တွင် အနှီ နှာဘူး၊ အကျင့်ယုတ်၊အထန်သမား ချူဘာ့တ်သည် အတည်ကြီး သန့်စင်ခန်း ဝင်ချင်နေသည်လော။ ဤသည်က ကျိုးကြောင်းမသင့်လှချေ။

အကယ်၍ အင်မတန် အရေးပေါ်ဖြစ်နေသည်ဆိုလျှင်ပင် အရင်ဦးဆုံး တစ်ခုခု မှာခဲ့ပြီးမှ သွားသင့်၏။ ဤသည်က ထိုက်လျောက်သည့် ကျင့်ဝတ်တို့နှင့်လည်း ကိုက်ညီခြင်း မရှိချေ။

နင်ချဲ့၏ အလိုလိုသိစိတ်က လင်းရီလောက် မသန်မာသော်ငြား ဆိုးရွားလှသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ သူမ ချူဘာ့တ်ကို ထွင်းဖောက်မြင်နိုင်သည်။

“ ဒါလင် … ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့ချင်တယ်…”

ချူဘာ့တ်၏ အမူအရာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့သည်။ သို့သော် တဒင်္ဂမျှသာ ဖြစ်ပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့ကာ နင်ချဲ့ သတိမမူမိလိုက်ချေ။

“ ဒါဆိုလည်း အတူသွားကြတာပေါ့ …”

“ အွန်း…”

နှစ်ယောက်သား ပြိုင်တူ မတ်တပ်ရပ်၍ သန့်စင်ခန်း ရှိသည့် နေရာသို့ အတူလျှောက်လှမ်းသွားကြ၏။ သို့သော် အမျိုးသမီး သန့်စင်ခန်းသို့ ကျော်သွားသည့်တိုင် နင်ချဲ့သည် ရပ်တန့်သွားမည့် ရည်ရွယ်ချက် မရှိချေ။

“ မင်း ဘာလို့လဲ. . . . . . .” ချူဘာ့တ် ရှုပ်ထွေးနေသည့် အမူအရာဖြင့် မေးလာသည်။

“ ကျွန်မ ကိုယ့်ဘာကိုယ် မသွားချင်ဘူး … ရှင်နဲ့ တူတူ သွားချင်တယ်…” နင်ချဲ့ စွဲလမ်းနေသည့် အကြည့်တို့ဖြင့် ချူဘာ့တ်၏ မျက်ဝန်းတို့အား သေချာစိုက်ကြည့်ပြီး ပြောလိုက်သည်။ “ ပြီးတော့ သန့်စင်ခန်းကလည်း နေရာကောင်းပဲလေ… ကျွန်မတို့တွေ လေ့ကျင့်ခန်း လုပ်ထားတော့ ခဏနေ စားလို့ ပိုကောင်းတာပေါ့ …”

“ ဟန်နီ… ငါတော့ ဒါ ကောင်းတဲ့ အကြံဉာဏ်လို့ မထင်ဘူး … ငါ့မှာ တခြား လုပ်စရာတွေ ရှိသေးတယ်… ဒီ အချိန်တစ်နာရီလေးတောင် မင်းအတွက် တကူးတက ဖဲ့ပေးထားရတာ … မစားခင် လေ့ကျင့်ခန်း ကြိုလုပ်လိုက်မယ်ဆိုရင် စားဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး…”

နင်ချဲ့သည် ချူဘာ့တ်အား ညှို့ငင် ဖျားယောင်းတတ်သည့် မြေခွေးမလေး တစ်ယောက်ကဲ့သို့ ကြည့်လိုက်၏။ သူမ၏ ကိုယ်ကို ညင်သာစွာ လှုပ်ရှား၍ ချူဘာ့တ်အား တွယ်ကပ်ကာ တိုးညှင်းသည့် လေသံဖြင့် “ ဒါဆို ထမင်းစားပွဲပေါ်က စတိတ်ခ်က ပိုကောင်းလား .. ကျွန်မက ပိုကောင်းလား … ရှင် ဘယ်ဟာပိုကြိုက်လဲ …. ကျွန်မက ပိုအရသာ ရှိမယ်ဆိုတာတော့ ကျိန်းသေ အာမခံတယ်... ”

ဟစ်….

ချူဘာ့တ် ပင့်သက်ရှိုက်မိသွားခဲ့၏။ နင်ချဲ့၏ ဤအကွက်က သူ၏ အတွေးစိတ်ကူးတို့အား အရိုင်းဆန်သွားစေခဲ့ကာ တင်းမာထားသည့် စိတ်အကာအကွယ်သည်လည်း အက်ကြောင်းရာတို့ ဖြစ်ပေါ်လာသည်။ နင်ချဲ့နှင့်အတူ သန့်စင်ခန်းအတွင်း၌ ဟိုဟိုဒီဒီ တိုက်ပွဲကြမ်းချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာခဲ့ရ၏။

“ ဒါပေါ့ … အချစ်နဲ့ လေ့ကျင့်ခန်း အတူလုပ်ချင်တာပေါ့ … ဒါပေမယ့် ခဏနေကျရင် သွားစရာ ကိစ္စလေးတွေ ရှိသေးတော့ အဆင်မပြေသေးဘူး … ဒီတော့ လိမ္မာ … ဟုတ်ပြီလား …” ချူဘာ့တ် ပြောလိုက်ပြီး “ ညရောက်တဲ့အထိပဲစောင့် … မင်းရဲ့ ဆန္ဒတွေ ပြည့်ဝစေရမယ်လို့ အာမခံတယ်…”

နင်ချဲ့၏ အမူအရာသည် မပြောင်းလဲလျက်သာ ရှိနေသည်။ သို့သော် သူမ၏ ရင်ထဲတွင် နှာခေါင်းရှုံ့နေမိ၏။

လင်းရီ ပြောခဲ့သည့်အတိုင်း ချူဘာ့တ်၏ အမူအရာက ပုံမှန်မဟုတ်ပေ။

မဟုတ်ပါက သူ၏ တဏှာရမ္မက်ကြီးသည့် အကျင့်စရိုက်ဖြင့် ဆိုပါက အိမ်သာခန်းထဲကို မဆိုထားနှင့်။ နေ့ခင်းကြောင်တောင် ကားထဲ၌ပင် စိတ်ပါပေလိမ့်မည်။ သို့သော် ယခုမူကား သူမကို ပြတ်ပြတ်သားသား ငြင်းဆန်နေသည်။

အမည်မသိရသည့် အစီအစဉ်တစ်ခု ရှိနေမည်မှာ သေချာသလောက်ပင်။

ထိုသို့ဆိုပါက ယနေ့ ညစာကိုလည်း ဆက်စားရန် အကြောင်း မရှိတော့ချေ။ ချူဘာ့တ်က သူမအပေါ်တွင် သတိချပ်ထားပြီး ဖြစ်သဖြင့် သူမ စကားနှိုက်၍လည်း အသုံးဝင်သည့်အရာ ရလာလိမ့်မည် မဟုတ်ပေ။

“ အွန်း … ဒါဆို ညကျ စောင့်နေမယ်…” နင်ချဲ့ ပြောလိုက်သည်။ “ ဒါပေမယ့် ကျွန်မ ခုလေးတင် လုပ်စရာရှိသေးတာကို သတိရမိလို့ ရှင်နဲ့ အတူ ညစာ စားပေးနိုင်မှာ မဟုတ်လောက်တော့ဘူး … ညမှ အတူကြမ်းရင်း စားကြတာပေါ့ မကောင်းဘူးလား…”

“ မင်းသွားမှ ဖြစ်မှာလား…”

ချူဘာ့တ် စိတ်ထဲ ပျာယာခတ်သွားခဲ့ရသည်။ ဤသည်က သူ ထင်မှတ်ထားသည့် အရာ မဟုတ်ချေ။

“ အွန်း …”

နင်ချဲ့ ချူဘာ့တ်အနား ကပ်မနေတော့ချေ။ သူမ ယခု လုပ်ဖို့ လိုသည်က ဤနေရာကနေ ထွက်ပြေးနိုင်ဖို့ ဖြစ်၏။

“ မင်း ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး …”

နင်ချဲ့ ခြေတစ်လှမ်း လှမ်းပြီးသည့် အချိန်မှာပဲ အေးစက်စက် အသံတစ်သံက ပျံ့လွင့်လို့လာသည်။ လှမ်းကြည့်လိုက်တော့ နေရာပေါင်းစုံကနေ လူ ၂၀ ကျော်ခန့်က ပြေးဝင်လာပြီး သူမကို ဝိုင်းရံထားကြသည်။ ထိုအနက် ဂျက်ဖရီအား နင်ချဲ့ ချက်ချင်း မျက်မှန်းတန်းမိသွားခဲ့၏။

လင်းရီ၏ စကားတို့က မမှားချေ။

All Chapters