မင်းတော့ သေစေနိုင်တဲ့ ပြစ်မှုကို ကျူးလွန်လိုက်ပြီ
Vol. 104 Ch. 1558
နံပါတ် ၁၈က အလွန်မြန်သည်။ သူတို့နှစ်ဦးကြား အကွာအဝေးက ဘယ်လောက်မှ မဝေးသည်ကိုပါ ထည့်ပေါင်းလိုက်သောအခါ လင်းရီရှေ့မှောက်သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့သည်။
ထို့နောက် လင်းရီ၏ မျက်နှာကို ညာခြေဖြင့် ကန်ကျောက်လာခဲ့၏။
“ ငိုးပဲ ..”
လင်းရီ ကျိန်ဆဲပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ ထို့နောက် သူ၏ လက်အစုံက တစ္ဆေအရိပ်ကဲ့သို့ နံပါတ် ၁၈၏ ခြေကျင်းဝတ်ကို ဖမ်းဆုပ်ထားလိုက်သည်။
“ မင်းမြေသွား-ိုးလိုက် ..”
ကြမ်းတမ်းသည့် ကျိန်ဆဲသံနှင့်အတူ လင်းရီသည် ခွန်အားအပြည့်ဖြင့် လက်ကိုလိမ်လိုက်၏။ နံပါတ် ၁၈မှာ ချက်ချင်း ဟန်ချက်ပျက်သွားခဲ့ပြီး မြေပြင်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
သက်လတ်ပိုင်း အမျိုးသားနှင့် ဂျပုလေးတို့ မျက်လုံးကျဉ်းမြောင်းသွာခဲ့ကြ၏။ လင်းရီသည် ဤမျှ အရည်အချင်းရှိနေလိမ့်မည်လို့ သူတို့ ထင်မှတ်မထားခဲ့ကြချေ။
နံပါတ် ၁၈ ကို အသာစီးယူရန်အတွက် တစ်ကွက်တည်းသာလျှင် အသုံးပြုသွားခဲ့သည်။
နံပါတ် ၁၈ သည်လည်း ယခုလို ဖြစ်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့သည့်ဟန်ပင်။
“ ချီးပဲ သေစမ်း ..”
နံပါတ် ၁၈ ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်သည်။ ဤသည်က သူ့အား အကြီးကြီး စော်ကားလိုက်ခြင်း မည်သည်။ မြေပြင်ကို လက်ဖြင့် တစ်ချက်ပုတ်၍ တန်ပြန်တိုက်ခိုက်ဖို့ အားယူလိုက်၏။
သို့သော် ထိုအချိန်တွင် အနက်ရောင် အရိပ်တစ်ခုက သူ့ထံ ပြေးဝင်လာပြီး လင်းရီသည် သူ့အနောက်၌ ထွက်ပေါ်လာခဲ့ကြောင်းကို သတိပြုမိလိုက်သည်။
လင်းရီသည် ခုခံရေး ဓားမြောင်ကို လက်ထဲတွင် ကိုင်ထားပြီး နံပါတ် ၁၈၏ နှလုံးတည့်တည့်သို့ ထိုးစိုက်လိုက်လေသည်။
သွေးတို့က ရေပန်းနှယ် နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး လင်းရီပင် ခြွင်းချက် မရှိခဲ့ချေ။
လင်းရီ၏ ရင်ဘက်တစ်ခုလုံး ဒေါသတို့ ဆူဝေနေသည်။ သို့သော် သူ ပုံချ၍ ရသည့် နေရာကား မရှိချေ။
ယခု တစ်စုံတစ်ယောက်က သေလမ်းရှာနေသဖြင့် သူ၏ ဒေါသများအားလုံးကို နံပါတ် ၁၈ အပေါ်တွင် စုပုံ သွန်ချပစ်လိုက်တော့သည်။
နံပါတ် ၁၈၏ ဝမ်းနည်းဖွယ် အခြေအနေကို မြင်တော့ ကျန်နှစ်ယောက်၏ မျက်လုံးတို့ တင်းကြုတ်သွားခဲ့၏။ D အဆင့်ရှိသည့် နံပါတ် ၁၈ သည် ဤ ငခြောက်ငခြမ်းဟုသာ ထင်ရသည့် ကောင်လေးလက်ထဲ၌ သေဆုံးသွားသည်ဆိုတာကို မယုံကြည်နိုင်ဖြစ်နေကြသည်။
သူတို့ရှေ့ရှိ လူက သူတို့ ထင်ထားသည်ထက်ပင် အစွမ်းထက်နေခဲ့သည်။
လင်းရီ အနည်းငယ် မောဟိုက်နေသည်။ သို့သော် ခေတ္တကြာပြီးနောက် လျင်မြန်စွာ ပြန်တည်ငြိမ်သွားခဲ့သည်။
တိုက်ခိုက်သည့် အချိန်ကာလက တိုတောင်းသော်လည်းပဲ လင်းရီသည် နံပါတ် ၁၈ ၏ ခွန်အား အခြေအနေကို အကြမ်းဖျင်း နားလည်သဘောပေါက်ပြီး ဖြစ်သည်။
D အလယ်အလတ် အဆင့်ရှိသည့် ဖိုက်တာတစ်ယောက်ကို သန်မာသည်ဟု မသတ်မှတ်ပေ။ သူနှင့် အနက်ဝတ်လူကြားတွင် သိသာထင်ရှားသည့် ကွာဟမှုတစ်ချို့ ရှိနေသည်။
ထို့ပြင် ယခုအခြေအနေမှတဆင့် အနက်ဝတ်နှင့်လူသည် သူ့အကြောင်း မည်သူ့ကိုမျှ မပြောပြခဲ့ကြောင်းကို ပိုလို့ သေချာသွားခဲ့တော့သည်။
မဟုတ်ပါက သတ်လတ်ပိုင်း အမျိုးသားသည် ဤအရှည်ကြီးအား သေရန် စေလွှတ်လိုက်လိမ့်မည် မဟုတ်ချေ။
“ ဒီတစ်ခေါက် ငါလာမယ်..” ကျန်နေသည့် ဂျပုလေးက ပြောလိုက်၏။
“ မလိုဘူး …” သက်လတ်ပိုင်း အမျိုးသားက ငြင်းဆန်လိုက်ပြီး “ မင်းက သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး … မလိုလားအပ်တဲ့ စတေးမှုတွေ ရှောင်ရှားလို့ရအောင် ငါကိုယ်တိုင် တက်မယ်…”
သက်လတ်ပိုင်း အမျိုးသားသည် ရှေ့သို့ ခြေတစ်လှမ်း တက်လာပြီး လင်းရီအား ကြည့်လိုက်၏။ သူ့မျက်ဝန်းထဲရှိ ဒေါသရိပ်တို့ကို မည်သို့ဖုံးကွယ်လို့မျှ မလုံနိုင်တော့ချေ။
“ လူငယ်လေး … မင်းရဲ့ နာမည်ကို ပြောလိုက် ..”
ဓားမြောင်ရှိ သွေးစတို့အား အင်္ကျီ အဝတ်စဖြင့် သုတ်ပြီး လင်းရီ ပြောလိုက်၏။ “ မိတ်ဆက်တဲ့ ကဏ္ဍတွေ ကျော်လိုက်တော့ … မင်းက သူ့ကို လွှတ်ပေးလိုက်ကတည်းက မင်းကို အသက်ရှင်လျက် ထားဖို့ စိတ်ကူး မရှိတော့တာ … လူသေက အဲ့လောက် အများကြီး သိစရာ မလိုဘူး …”
“ လူသေက အဲ့လောက်အများကြီး သိစရာ မလိုဘူးတဲ့လား … ဟက် … မင်း ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်ဦးမလား ကြည့်ကြတာပေါ့ …”
စကားဆုံးသည်နှင့် သက်လတ်ပိုင်း အမျိုးသားသည် စတင်တိုက်ခိုက်လာသည်။ ၎င်း၏ တိုက်ခိုက်ပုံက အားကောင်းပြီး သပ်သပ်ရပ်ရပ်ရှိသည်။ လင်းရီအား အငိုက်မိသွားစေခဲ့ပြီး တုံ့ပြန်ရန် အခွင့်အရေး မပေးခဲ့ချေ။
အု့ …
လင်းရီ ခုခံကာကွယ်သည့် ကိုယ်ဟန်သို့ မကူးပြောင်းနိုင်ခင်မှာပဲ သူ့ရင်ဘက်သို့ ရုတ်ချည်း နာကျင်မှုတစ်ရပ်ကို ခံစားလာခဲ့ရသည်။ တူအကြီးကြီးတစ်ခုဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ နာကျင်လှ၏။
ချက်ချင်းဆိုသလို လင်းရီသည် ဟန်ချက်ပျက်ကာ နောက်သို့ လွင့်စင်သွားခဲ့ပြီး အနောက်ရှိ ကားအဖုံးပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
ဟစ်…..
လင်းရီ လေအေးကြီးများ ရှူသွင်းလိုက်မိသည်။ သူ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းရှိ အရိုးများအားလုံး ကျိုးကျေသွားခဲ့ပြီဟုတောင် ခံစားနေရလေသည်။
တစ်ချိန်တည်းတွင် သက်လတ်ပိုင်း အမျိုးသား၏ အဆင့်ကိုလည်း မှန်းဆမှု ပြုကြည့်လိုက်၏။ ထိုလူက အနည်းဆုံးတော့ B အဆင့်၌ ရှိရမည်။
လင်းရီ ရင်ဘက်ကို ဖိထားရင်း ခြေထောက်တို့ ယိုင်နဲ့နေသည်။ သူ၏ အကြည့်တို့က ပုံမှန်မဟုတ်စွာ သတိကပ်မှုတို့ဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ဤလူက သူ ကိုင်တွယ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
လင်းရီ သူ့အား အနိုင်မယူနိုင်သည်မျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် အကယ်၍ တိုက်ခိုက်မည်ဆိုလျှင်လည်း သူ့ဘက်က မသေသည့်တိုင် သေလုမြောပါး အခြေအနေသို့ ကျရောက်သွားနိုင်သည်။
“ ငါ့ ကန်ချက်ကို ခံယူပြီးတာတောင် ခုထိ မတ်တပ်ရပ်နိုင်သေးတုန်းဆိုတော့ မင်းရဲ့ အရိုးတွေက တကယ် မဆိုးဘူးပဲ …”
သက်လတ်ပိုင်း လူကြီးသည် စိတ်ထဲမှနေ၍ ချီးမွမ်းမိလိုက်သည်။
သူနှင့် ရွယ်တူများကြားတွင် နံပါတ် ဇီးရိုးမှလွဲ၍ လင်းရီသည် သူ၏ ခြေကန်ချက်ကို ခံယူပြီးသည့်တိုင် မတ်တပ်ရပ်နေနိုင်သေးသည့် ပထမလူတစ်ယောက် ဖြစ်၏။
၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက တမူထူးခြားလွန်းလှကာ သာမန်လူနှင့် ကွဲပြားနေသည်။ အကယ်၍ လင်းရီကို ဖမ်းခေါ်သွားပြီး သုတေသန ပြုမည်ဆိုပါကလည်း မဆိုးသည့် ရွေးချယ်မှု ဖြစ်၏။
လင်းရီသည် ဓားမြောင်ကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ မင်းရဲ့ အဆင့်နဲ့ …. ငါ အနိုင်မယူနိုင်တာ အမှန်ပဲ … ဒါပေမယ့် ငါ့ကို သတ်ချင်တယ်ဆိုရင်တော့ မင်းရော သေဖို့ အဆင်သင့် ဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်ကို အရင်မေးလိုက်…”
“ ဟားဟား ……. “
သက်လတ်ပိုင်း အမျိုးသားသည် ဝါးလုံးကွဲ ရယ်မောသွားခဲ့မိ၏။ “ ငါကဖြင့် မင်း ဘယ်အနေအထားရှိတယ်ဆိုတာကို သိပြီးနေပြီ … ဒါတောင် မင်းနဲ့အတူ ငါ့ကို ခေါ်သွားချင်သေးတယ်ပေါ့ …”
သူ့စကားဆုံးသည်နှင့် သက်လတ်ပိုင်း အမျိုးသည် ထပ်မံ၍ ပြေးဝင်လာသည်။ သူ၏ လှုပ်ရှားမှုတို့က လျင်မြန်လွန်းလှကာ လင်းရီမှာ ၎င်းရွေ့လျားသွားခဲ့သည်ကိုသာ မြင်လိုက်ရ၏။ ကျန်သည်တို့အား မမြင်တွေ့ရချေ။
ဤတစ်ကြိမ်တွင်တော့ လင်းရီသည် လက်မောင်းနှစ်ခုကို ယှက်သန်းပြီး သတ်လတ်ပိုင်းအမျိုးသား၏ တိုက်ခိုက်မှုကို ခုခံကာကွယ်လိုက်သည်။
သို့သော် သူ ကာကွယ်လည်း အချည်းနှီးသာဖြစ်၏။ နှစ်ဦးကြား ကွာဟမှုက သေးမွှားသည် မဟုတ်ရာ လင်းရီသည် နောက်တစ်ကြိမ် လွင့်ထွက်သွားခဲ့ပြန်သည်။
ယခင် တစ်ကြိမ်ကကဲ့သို့ ရှက်ဖို့မကောင်းသော်လည်း သူ၏ အခြေအနေက ယခင်တစ်ကြိမ်ကထက်ပင် ပို၍ ဆိုးရွားသွားခဲ့တော့သည်။
သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးအက်တော့မည့်နှယ် ခံစားနေရလေသည်။ နာကျင်မှုက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့ကာ လုံးဝ အာရုံစိုက်နိုင်ခြင်း မရှိတော့ချေ။
တစ်ချိန်တည်းတွင် သက်လတ်ပိုင်း အမျိုးသားသည် ပြေးဝင်လာ၍ လင်းရီအား ထပ်မံတိုက််ခိုက်လိုက်၏။
သူ၏ ရည်ရွယ်ချက်က လင်းရီကို အဖွဲ့အစည်းသို့ ပြန်ခေါ်သွားဖို့ ဖြစ်သော်ငြားလည်း ၎င်းမတိုင်မီ သကောင့်သားအား အစွယ်ကျိုးသွားအောင် ချိုးပေးရမည်။
အကယ်၍ လူတစ်ယောက်က စည်းကမ်းမလိုက်နာတတ်ဘူးဆိုပါက သူ ပြန်ခေါ်သွားသည့်အခါ ပြဿနာတို့ ရှိလာနိုင်သည်။
မကြာမီ သက်လတ်ပိုင်း လူကြီးသည် လင်းရီအရှေ့သို့ ရောက်ရှိလာခဲ့၏။
“ ငါ့အထင် မင်း ဒီလက်မောင်းတွေက အသုံးလိုတာ မဟုတ်ဘူး … မင်းကိုယ်စား ငါ ဒီကောင်တွေကို အရင်ဖယ်ရှားပေးမယ်…”
သက်လတ်ပိုင်း လူကြီးသည် တုံ့ဆိုင်းခြင်း မရှိသကဲ့သို့ မည်သည့် သက်ညှာမှုကိုမျှ မပြခဲ့ချေ။ သူ၏ ခြေထောက်ကို မြှောက်၍ လင်းရီ၏ လက်မောင်းအပေါ်သို့ နင်းချေလိုက်လေသည်။
လက်မောင်းနှင့် ခြေထောက် ၊ ထိတွေ့တော့မည့် အချိန် တဒင်္ဂ အခိုက်အတန့်တွင်ပဲ …
အေးစက်စက် အလင်းတန်း တစ်ခုက လင်းလက်သွားခဲ့၏။
လင်းရီ ဓားမြောင်ကို ဝှေ့ယမ်းကာ အေးစက်စက် ငွေရောင် လခြမ်းကွေးတစ်ခုအား ရေးဆွဲလိုက်၏။
သက်လတ်ပိုင်း အမျိုးသားမှာ ရှော့ခ်ရသွားခဲ့လေသည်။ လင်းရီသည် ထိုသို့သော လှည့်ကွက်မျိုးဖြင့် ကစားလိမ့်မည်လို့ မျှော်လင့်မထားသည့်ပုံရသည်။
သူက B အဆင့်သို့ ရောက်နေသည် ဆိုသော်ငြား သူ၏ ပေါ့ဆမှုကြောင့် ခြေထောက်ရှိ အသားသည် ဖြတ်တောက်ခြင်း ခံလိုက်ရ၏။
အပေါ်ယံ အနာဆိုပေမယ့် လင်းရီကဲ့သို့ D အဆင့် ပါမွှားလေးကြောင့် ဒဏ်ရာ ရသွားခဲ့သည်က သူ့ကို အကြီးကြီး စော်ကားလိုက်ခြင်း ဖြစ်လေသည်။
လင်းရီသည် ယိုင်တိယိုင်တိုင်ဖြင့် မတ်တပ်ရပ်၍ နှာခေါင်းရှုံ့လိုက်၏။
“ မင်းကို ငါနဲ့ အတူ ခေါ်သွားနိုင်မယ့် နည်းလမ်းရှိပါတယ်လို့ ပြောနေတာကို ဘာလို့ နားမထောင်ချင်တာ …”
သက်လတ်ပိုင်း အမျိုးသား၏ အမူအရာမှာ အေးစက်နေပြီး မျက်နှာပေါ်ရှိ ဒေါသရိပ်တို့က လင်းရီအား အပိုင်းပိုင်း အတစ်တစ် ဆွဲဖြဲချင်သည့်နှယ် ပြင်းထန်လာနေတော့သည်။
“ ဒါဆိုလည်း မင်းဒီနေ့ ငါ့ကို ဘယ်လို ဆွဲခေါ်သွားမလဲ ကြည့်ကြသေးတာပေါ့ …”
ဘွန်း ဘွန်း ဘွန်း …
သက်လတ်ပိုင်း အမျိုးသားမှ ထပ်မံ တိုက်ခိုက်တော့မည့် အချိန်တွင်ပဲ နောက်ထပ် အင်ဂျင်ဟိန်းသံ တစ်သံက ပျံ့လွင့်လာလေသည်။
၎င်းက လင်းရီ၏ ရှေ့မှောက်သို့ အလွန်လျင်မြန်သည့် အမြန်နှုန်းဖြင့် ရောက်ရှိလာခဲ့၏။
သက်လတ်ပိုင်းလူကြီးလည်း မပေါ့ဆဝံ့ကာ ရုတ်ချည်း ရောက်ချလာသည့် ကားအား စူးစိုက်ကြည့်လိုက်၏။
ကားတံခါး ပွင့်ဟလာပြီး စုန့်ကျင်းမင်သည် အေးတိအေးစက် အမူအရာဖြင့် ကားပေါ်က ဆင်းလာခဲ့သည်။
“ ဘယ်လိုနေသေးလဲ …”
“ သေတော့ မသေသေးဘူး …”
“ ကားထဲမှာစောင့်နေ…”
“ သူ့ကို အသက်ရှင်လျက် လိုချင်တယ်…”
“ သိပြီ..”
သူက သက်လတ်ပိုင်း အမျိုးသား၏ ပြိုင်ဘက် မဟုတ်သည်ကို လင်းရီနားလည်သည်။ ထို့ကြောင့် သူ့ကိုယ်သူ တွန်းအားပေးမနေတော့ပဲ စုန့်ကျင်းမင်၏ ကားထဲသို့ ဝင်ထိုင်နေလိုက်၏။
လင်းရီအား ကားထဲသို့ ဝင်ခိုင်းပြီးနောက် စုန့်ကျင်းမင်၏ အကြည့်သည် သက်လတ်ပိုင်း လူကြီးအပေါ်သို့ ဖြတ်ပြေးသွားခဲ့၏။
“ မင်းတော့ သေနိုင်လောက်တဲ့ အမှုကို ကျူးလွန်လိုက်တာပဲ …”