← Chapters

ဆန်းကြယ်တဲ့ အဖွဲ့အစည်း

Vol. 104 Ch. 1560

ဆန်းကြယ်တဲ့ အဖွဲ့အစည်း

Vol. 104 Ch. 1560

“ ခင်များ ဘယ်လို ပြောနိုင်ရတာ …”

“ မင်းက ကျုံးဝေ့ တပ်ဖွဲ့ကလေ… ဒီအရာလောက်လေးတွေကို သူတို့က ဂရုစိုက်နေမှာ မဟုတ်ဘူ … ဒီတော့ မင်းကို ဒီလိုမစ်ရှင်မျိုး ပေးမှာလည်း မဟုတ်ဘူး …” စုန့်ကျင်းမင် ကားမောင်းရင်း ပြောလိုက်ပြီး “ နောက်ပြီး မင်းရဲ့ လုပ်ရပ်တွေကနေလည်း မင်း သတ္တုတွေ စိတ်မဝင်စားဘူးဆိုတာ ငါပြောနိုင်တယ်.. ဒါပေမယ့် မင်းက ဒီအကြောင်းတွေ အတော်လေး အာရုံစိုက်နေတော့ တစ်ခြား အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်….”

စုန့်ကျင်းမင် ခန့်မှန်းနိုင်သည်ကိုလည်း လင်းရီ ထူးဆန်းသည်လို့ မမြင်ချေ။ ဤမျှလောက်လေးမှ မရိပ်စားမိလျှင်လည်း ယနေ့လို နေရာသို့ ရောက်လာခဲ့လိမ့်မည် မဟုတ်ချေ။

“ ဟုတ်တယ်.. ကိစ္စက နည်းနည်းတော့ ရှုပ်တယ်… ခင်များကို အသေးစိတ် ပြောပြလို့ကျ အဆင်မပြေဘူး … ဒီတော့ ဘာမှမသိသလိုသာ ဟန်ဆောင်နေလိုက် ..”

“ မင်း မပြောချင်လို့ပါကွာ..” စုန့်ကျင်းမင် ပြောလိုက်ပြီး “ မင်း ဂရုအစိုက်ဆုံးက ပစ္စည်းတွေ တိတ်တိတ်လေး ယူသွားခဲ့တဲ့ လူကိုမလား ..”

စုန့်ကျင်းမင် သိရှိပြီး ဖြစ်သည်ဟု လင်းရီ ခန့်မှန်းထားပြီး ဖြစ်သည့်အတွက် အထူးတလည်ပြု၍ အံ့အားသင့်မနေချေ။ သို့သော် သူ ဤကိစ္စကို အမှန်တကယ် ပြောပြချင်စိတ် ရှိမနေခဲ့ချေ။

ဤသည်က သူ၏ ကိုယ်ပိုင် အရေးကိစ္စ ဖြစ်၏။ အခြားသူများ ဝင်ပါစွက်ဖက်မည်ကို မလိုချင်ပေ။

“ ခင်များလို လူစားမျိုးနဲ့ ရှိတဲ့အချိန်မှာ ကျုပ် အမှန်တရားကို ပြောလိုစိတ် မရှိတာ …”

“ လွယ်ပါတယ်… ငါမင်းကို တစ်နေရာ ခေါ်သွားပေးမယ်…”

“ ဘယ်ကိုလဲ …”

“ ခဏနေ သိမှာပေါ့ …”

တစ်နာရီ ကြာပြီးနောက် ….

“ ဘယ်လိုနေလဲ … နည်းစနစ်တွေက မဆိုးဘူး ဟုတ်တယ်မလား …”

“ အင်း … သိပ်ကောင်းတယ်…” လင်းရီ ကျေနပ်အားရနေသည့် အပြုံးဖြင့် ပြန်ပြောလိုက်၏။

“ ဒီလို ပတ်ဝန်းကျင် အနေအထား၊ ဒီလို နည်းစနစ်မျိုးနဲ့ … မြောက်ပိုင်းက မာဆတ်တွေတောင် မယှဉ်နိုင်ဘူးပဲ ..”

“ ငါလည်း ဟွာရှကို မကြာမကြာ ရောက်ဖြစ်တယ်… မြောက်ပိုင်းပဲ ဖြစ်ဖြစ် ၊ တောင်ပိုင်းပဲ ဖြစ်ဖြစ် ဟွာရှန့်တွေရဲ့ ပုံရိပ်က နိုင်ငံခြားနဲ့ ယှဉ်ရင် လိုအပ်နေတုန်းပဲ … သေချာလေး အနှိပ်ခံချင်တယ်ဆို မင်း နိုင်ငံခြားကို မကြာမကြာ ထွက်ပေးဖို့ လိုတယ်…”

စုန့်ကျင်းမင်သည် သူ၏ ကိုယ်ဟန်ကို ပြောင်း၍ လင်းရီအား ဆန်းကြယ်စွာ ကြည့်လိုက်လေသည်။

“ ငါမင်းကို ကြွားပြောနေတာ မဟုတ်ဘူးကွ … ငါ ဒီနှစ်တွေတစ်လျှောက် ဆက်တိုက် ခရီးထွက်နေတာ နိုင်ငံတော်တော်များများမှာ အနှိပ်ခံခဲ့ဖူးပြီ… ကြီးကြီး သေးသေး ၊ အဲ့ဒီထဲ အကောင်းဆုံးကတော့ ဂျပန်ပဲ … ဒုတိယလိုက်တာက ဒူဘိုင်း ၊ အဲ့ဒီနောက်မှာက တူရကီ… ဒီသုံးနေရာက ကမ္ဘာမြေရဲ့ နိဗ္ဗာန်ပဲ … အရင်က ရှာလို့ ရသမျှ ပိုက်ဆံတွေလည်း ဒီနေရာတွေချည်းသွားတာပဲ …”

“ ဟင် … ကျုပ်လည်း အရင်က ဂျပန်ရောက်ဖူးပါတယ်.. ဒါပေမယ့် ထင်သလောက်လည်း မဟုတ်ပါဘူး …”

“ မင်းက နေရာမှန်ကို ရှာမတွေ့ခဲ့လို့ … ဂျပန်ဆိုတာ မာဆတ်ကမ္ဘာရဲ့ နိဗ္ဗာန်ကွ … ဝန်ဆောင်မှု အပြည့်အဝကို မပြောသေးနဲ့ …. ၊ ဒီတိုင်း အခြေခံ ဝန်ဆောင်မှုလေးတွေနဲ့တင် မင်းကို နေရာမှာတင် နတ်ပြည်တက်အောင် လုပ်လို့ရတယ်…”

“ ခင်များပြောတာ နားထောင်ကြည့်တော့မှ ကြည့်ရတာ ကျုပ်လည်း ဂျပန်ကို နောက်တစ်ခေါက် ပြန်သွားပြီး အတွေ့အကြုံ ယူကြည့်ဦးမှနဲ့ တူတယ်…”

“ အချိန်ရရင် ငါ့ကိုလည်းခေါ် … ငါပါလိုက်မယ်…”

နှစ်ယောက်သား ခေတ္တကြာအောင် သက်တောင့်သက်သာ ထိုင်ပြီး ည ဆယ်နာရီဝန်းကျင်ရောက်သောအခါ ပြန်လာခဲ့ကြသည်။

ထိုအချိန်တွင် ကျီချင်းရန်နှင့် ချင်ရင်ယွဲ့တို့သည်လည်း အော်ပရာ ကြည့်ရှုပြီးသွားခဲ့ပြီ ဖြစ်၏။ သို့သော် သူမတို့ ပြန်ရန် အလျင်လိုမနေကြချေ။ အခြားနေရာများသို့ သွားကာ ခဏတဖြုတ် ဆော့ကစားလိုက်ကြပြီး လင်းရီ သူတို့နှစ်ယောက်အား လာမရှာခင် အချိန်အထိ လည်ပတ်နေခဲ့ကြ၏။

ထို့နောက် အုပ်စုနှစ်ခုမှာ ကိုယ်စီ လမ်းခွဲလိုက်ကြသည်။ ချင်ရင်ယွဲ့က ကားနောက်ထဲတွင် ထိုင်ပြီး စုန့်ကျင်းမင်ကတော့ ရှေ့တွင် ထိုင်၍ ကားမောင်းနေသည်။ သူတို့ မည်သည့်နေရာကို ဦးတည်နေလဲဆိုတာတော့ မည်သူမျှ မသိကြချေ။

ချင်ရင်ယွဲ့၏ စိတ်ခံစားချက်တို့က ယခုတိုင် အရှိန်မသေသေးချေ။ လရောင်ကလည်း သူမ၏ ရွှင်ပြုံးနေသည့် မျက်နှာထက် တောက်ပလို့နေသည်။

တစ်ညနေခင်းလုံး‌ လျှောက်သွားနေသည့်တိုင် သူမ ပင်ပန်းသည်လို့ ခံစားရခြင်း မရှိချေ။

“ စားသောက်ဆိုင်က ထွက်ပြီးတော့ နင်တို့ ဘယ်လည်း သွားခဲ့ကြတာ…” လမ်းတွင် ချင်ရင်ယွဲ့က မေး၏။

“ ရီလေးရော သူ့လက်ဝတ်တန်ဆာတွေ ရှာတွေ့သွားသေးလား …”

“ ဟင့်အင်း … ကျုပ်တို့ ဂျက်ဖရီ လှည့်စားတာ ခံလိုက်ရတယ်… လက်ဝတ်တန်ဆာတွေက ဘူဂျာခါလီဖာရဲ့ balance room ထဲမှာ မရှိဘူး …”

“ ဒင်းက ဒုက္ခရောက်နေတဲ့ အချိန်မှာတောင် လိမ်ဝံ့တဲ့ သတ္တိ ရှိတုန်းပေါ့လေ…” ချင်ရင်ယွဲ့ ဒေါသတကြီးဖြင့် ပြောလာခဲ့၏။

“ အဲ့ကောင်က တကယ်ကို ဇရှိတယ်… ကျုပ်လည်း မထင်ထားဘူး ..”

ချင်ရင်ယွဲ့၏ အမူအရာသည် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး ဘာမျှ ဆက်ပြောမလာတော့ချေ။

ရှေ့တွင် ကားမောင်းရင်း ဆေးလိပ်သောက်နေသည့် စုန့်ကျင်းမင်သည် နောက်ခုံတွင် ရှိနေသည့် ချင်ရင်ယွဲ့အား နောက်ကြည့်မှန်ကတဆင့် တစ်ချက်ကြည့်ရှုလိုက်၏။ သူ မနေနိုင်ဘဲ ခေါင်းတစ်ချက် ကုတ်မိလိုက်သည်။

ကြည့်ရသည်မှာ သူ၏ လိမ်ညာသည့် စကေးတို့က တိုးတက်ရန် လိုအပ်နေသေးသည့်ပုံပင်။ စကားလုံး အနည်းငယ်မျှသာ ပြောရသေးသော်လည်း ဖော်ထုတ်ခံရပြီး ဖြစ်နေခဲ့၏။

စုန့်ကျင်းမင် လိမ်ညာနေမှန်း သူမသိသဖြင့် ချင်ရင်ယွဲ့ ဘာမျှ ဆက်မေးမလာခဲ့ခြင်းပင်။

နောက်ဆက်တွဲ ကိစ္စတို့အား ရှင်းလင်းကိုင်တွယ်ပြီးဖြစ်ကြောင်း သူမ ယုံကြည်သည်။ သို့‌သော် အသေးစိတ်မှာ သွေးထွက်သံယိုများပြီး သူမ နားထောင်လို့ သင့်လျော်မည် မဟုတ်ချေ။

နာရီဝက်ကြာပြီးနောက် စုန့်ကျင်းမင်သည် ချင်ရင်ယွဲ့ကို ဒူဘိုင်းရှိ သူမ၏ နေအိမ်သို့ လိုက်ပို့ပေးလိုက်ပြီး ပြန်လည် ထွက်ခွာသွားခဲ့၏။

ဒူဘိုင်း၏ ဆင်ခြေဖုံးရပ်ကွက်တွင် စုန့်ကျင်းမင်သည် ဝိုင်တစ်ချို့နှင့် ကြပ်တိုက်ထားသည့် အသားများကို ဝယ်ယူလိုက်သည်။ သူ၏ ကားကို ကန္တာရ ဆန်သည့် နေရာတစ်ခု၌ ထိုးရပ်ထားကာ ထိုင်ခုံနောက်ကျောကို အဆုံးထိ ချထား၏။ ပြီးနောက် လင်းကျင်ကျန့်၏ နံပါတ်ကို နှိပ်လိုက်သည်။

“ သူတို့ကို ပြန်ပို့ပေးခဲ့ပြီလား …” ဖုန်းထဲတွင် လင်းကျင်ကျန့်၏ အသံသည် ထွက်ပေါ်လာသည်။

ဂလု ဂလု ဂလု … ဂါး …

စုန့်ကျင်းမင် ဝိုင်တစ်ကျိုက်မော့လိုက်ပြီး “ အားလုံးပြီးပြီ… ဒါပေမယ့် ဒီမှာ အသစ်တစ်ချို့တော့ ရှာတွေ့ထားတယ်…”

“ ဖြည်းဖြည်းပြော….”

“ မင်းရဲ့သား လက်ဝတ်တန်ဆာ အသုတ်နောက် ခြေရာခံနေတဲ့အချိန် ငါတို့ မရခင်မှာပဲ ဖြတ်လုသွားတဲ့ အုပ်စုတစ်ခုနဲ့ ကြုံလိုက်ရတယ်..”

“ ဖြတ်လုသွားတယ်…” လင်းကျင်ကျန့်၏ အသံသည် အံ့အားသင့်နေပုံပင်။ “ မင်း တစ်ယောက်လုံး ရှိနေတာတောင် ဒီလိုတွေ ဖြစ်တုန်းလားဟ….”

“ ငါလည်း အံ့ဩသွားတာပဲ … ပြီးတော့ တစ်ဖက်လူက B အဆင့် ရှိတဲ့ လူကိုတောင် လွှတ်ခဲ့တာနော် … ငါသာ အချိန်မီ မရောက်သွားလို့ကတော့ မင်း အိုတဲ့အခါ ပြုစုပေးမယ့်လူ ရှိတော့မှာတောင် မဟုတ်တော့ဘူး ..”

“ B အဆင့်လား …”

လင်းကျင်ကျန့် ရေရွတ်လိုက်ပြီး “ ကြည့်ရတာ နာမည်ကြီး အဖွဲ့အစည်း တစ်ခုကပဲ နေမယ်…”

“ အဲ့တာတင် မကသေးဘူး … မင်းရဲ့သားက တစ်ဖက်အုပ်စုနဲ့ ပတ်သက်မှု တစ်ခုတောင် ရှိနေတာနော်… ကြည့်ရတာ သူတို့နဲ့ အရင်ကလည်း ပတ်သက်ခဲ့ဖူးတဲ့ပုံပဲ … ဒါပေမယ့် ငါ့ကို အသေးစိတ်တော့ မပြောပြဘူး …”

“ တခြား ဘာရော ရှာတွေ့ခဲ့သေးလဲ …”

“ သီအိုရီ တစ်ခုတော့ ရှိတယ်… ဒါပေမယ့် မသေချာဘူး …”

“ ပြော …”

“ ဒီလူအုပ်စုက မရိုးရှင်းနိုင်ဘူး … သူတို့လုပ်တဲ့ ပုံစံတွေက ငါတို့ စုံစမ်းဖူးတဲ့ မမ်းမွန်း(Mammon) အဖွဲ့အစည်းနဲ့ သွားတူနေတယ်…”

“ သူတို့လား …”

မမ်းမွန်း အဖွဲ့အစည်း ဟူသည့် အသံကြားတော့ လင်းကျင်ကျန့်သည် မသိစိတ်အလျောက် အသံမြင့်မိလိုက်၏။

“ သူတို့ဆိုတာ မင်းသေချာလား …”

“ ၆၀ ရာခိုင်နှုန်းလောက်‌ပေါ့ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ အဲ့ကောင်တွေက ငါ့ကို စစ်မေးဖို့ အခွင့်အရေးလေးတောင် ပေးတာ မဟုတ်ဘူး .. ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားကြတာ …”

“ အင်း … အဲ့လို လုပ်ရပ်တွေက သူတို့ အဖွဲ့အစည်းနဲ့ အတော်လေး ဆင်တူတာပဲ …”

“ ဒါပေမယ့် အဓိကက … မင်းကောင်က သူတို့ အဖွဲ့အစည်းက လူနဲ့ တစ်ကြိမ်ထက်မက ပတ်သက်ဖူးတဲ့ ပုံပဲနော်… အဲ့တာက အန္တရာယ် ရှိတယ်… ဂလု ဂလု ဂလု ဂလု…..”

ဝိုင်က အတော်ပြင်းသည်။ စုန့်ကျင်းမင်မှာ တစ်ကျိုက်သောက်ပြီးနောက် အမြည်းကို ချက်ချင်း ပါးစပ်ထဲ ကောက်ထည့်လိုက်၏။

“ တစ်ဖက်အဖွဲ့ကသာ သူက မင်းရဲ့သားမှန်း သိသွားခဲ့လို့ကတော့ သူ့အတွက် အန္တရာယ် ရှိလာနိုင်တယ်နော်..”

“ တကယ်လို့ ဒီကိစ္စ ပေါက်ကြားသွားခဲ့မယ်ဆိုရင် သူ့ရဲ့ ကျုံးဝေ့တပ်ဖွဲ့ဝင်ပါဆိုတဲ့ သတင်းလည်း သေချာပေါက် ပေါက်ကြားသွားမှာပဲ …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ သူတို့သာ ငါ့သားအပေါ် လက်တင်ရဲလို့ကတော့ လုပေချိန်ရဲ့ အမျက်ကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားသင့်တာပေါ့ …”

“ ဒါပေမယ့် မမ်းမွန်း အဖွဲ့အစည်းဆိုတာ အတော်လေး အစွန်းရောက်တဲ့ လူတစ်အုပ်စုနော်… သူတို့က ဒီဥစ္စာတွေကို ခေါင်းထဲ ထည့်နေမယ့်ကောင်တွေ မဟုတ်ဘူး …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ သူတို့ရဲ့ အားသာချက်က သေရမှာ မကြောက်တာပဲ … ငါတို့ အချိန်ဖြုန်းလို့ မရဘူး …”

“ လောလောဆယ် ဒီအကြောင်းတွေ မတွေးသေးနဲ့ဦး … ဘယ်လိုပဲ ဖြစ်ဖြစ် သူက ငါ့သားပဲလေ… အသက်တိုမယ်လို့တော့ ငါမထင်ဘူး …”

“ အင်း … မင်းလို နေရာတကာ မီးလိုက်မွေးတတ်တဲ့ အဖေတစ်ယောက် ရထားတာ မင်းကောင်ကတော့ တကယ့်ကို ကံဆိုးတာပဲ …”

“ အဲ့တော့လည်း သူ့အသက်တိုတယ်ပဲ မှတ်လိုက်ပေါ့ကွာ… ငါ့လာ အပြစ်တင်လို့ ဘယ်ရမှာ …” လင်းကျင်ကျန့် စကားလမ်းလွဲလိုက်ပြီး “ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာ အဲ့လို အုပ်စုအသေးလေးက ဒီလို အဆင့်ရှိတဲ့ လူမျိုး လွှတ်လာတာကတော့ တော်တော်လေး ပုံမှန်မဟုတ်ဘူး …”

“ အဲ့တာကို ငါလည်း နားမလည်နိုင်ဖြစ်နေတာ .. ဒါပေမယ့် ငါ ဖြစ်နိုင်ခြေ တစ်ခုတော့ မှန်းဆထားတယ်…” စုန့်ကျင်းမင် ပြောလိုက်ပြီး “ လက်ဝတ်တန်ဆာထဲမှာ ဘက်စ်သတ္တု ဘယ်လောက်မှ မရှိဘူးဆိုပေမယ့် တဖက်အုပ်စုကို ဒီလောက်ထိ အားစိုက်ထုတ်ရလောက်အောင် အဲ့ဒီ လက်ဝတ်ရတနာတွေကိုယ်၌က ဖုံးကွယ်ထားတဲ့ တခြား လျှို့ဝှက်ချက်တွေ ရှိနေလို့များလား …”

“ ဂျက်ဖရီကရော … သူ မင်းကို သတ်ခိုင်းသေးလား ..”

“ အမ်ဟမ့် … ဟိုက သူ့ဘာသူ ပြတင်းပေါက်က ခုန်ချသွားတာ ..”

“ ဂျက်ဖရီက တော်တော်ဉာဏ်ကောင်းတဲ့လူ…” လင်းကျင်ကျန့် ခေတ္တမျှာကြာအောင် တွေးတောလိုက်ပြီး “ တကယ်လို့ အဲ့ဒီ လက်ဝတ်တန်ဆာတွေမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိတယ်ဆိုရင် သူ ဒီလို လေလံတင်ရောင်းမှာ မဟုတ်ဘူး …”

“ သူက လျှို့ဝှက်ချက် ရှိနေတာကို မသိထားဘူးဆိုရင်ကော ….”

စာစဉ် (၁၀၄) ပြီး၏။

All Chapters