← Chapters

အခန်း (၁၄၉)

Vol. 11 Ch. 149

အခန်း (၁၄၉)

Vol. 11 Ch. 149

သူ၏ အနောက်တွင် အိုက်မိသားစု ၊ ချင်းယန်မြို့၏ ၃.၆ သန်းမြို့သူမြို့သားများနှင့် တောင်ပြာဂိုဏ်း၏ အကြီးအကဲ လည်း ရှိနေ၏။

ကျွင်းချောင်ရှောင်းအနေနှင့် မည်သည့်အရာကို ကြောက်ရွံ့ရမည်နည်း။

သံမဏိအရိုးဂိုဏ်းသားတစ်ယောက်အနေနှင့် သံမဏိလို စိတ်ဓာတ်မျိုး ပိုင်ဆိုင်ရန် လိုအပ်သည်။ သူ့အနေနှင့် မည်သည့်အရာကိုမှ ကြောက်ရွံ့မနေချေ။

ယခုကဲ့သို့ အားအင်ကောင်းသော နောက်ခံများ မရှိပင်လျှင် ကျွင်းချောင်ရှောင်းသည် ယခုလို စိန်ခေါ်မှုကို ပြုလုပ်ရဲ၏။ ထို့ကြောင့် မကြောက်ရွံ့သည်မှာ သဘာဝကျသည်။

ချင်းယန်နိုင်ငံ အင်အားကြီး အဖွဲ့အစည်းများ၏ ရှေ့၌ ဟောင်ချီဂိုဏ်း စိန်ခေါ်ခံရခြင်းသည် ပထမဦးဆုံး အ ဖြစ်အပျက် ဖြစ်၏။

ချင်းဟောင်ရန်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အံကြိတ်ကာ ပြောလိုက်သည်။ “ဟောင်ကျီဂိုဏ်းကလည်း စိန်ခေါ်မှုကို လက်ခံတယ်။”

အိုက်မိသားစု ခေါင်းဆောင်သည် ကျွင်းချောင်ရှောင်းကို ထောက်ပံ့ပေးရန် ရောက်ရှိလာခဲ့သည်။ ဤအချက်သည် သူ့အား ကြီးကြီးမားမား ထိခိုက်စေသောအရာ ဖြစ်၏။

ထို့ကြောင့် တိုက်ခိုက်ပွဲကို စတင်ရန် မစောင့်နိုင်တော့သလိုပင် ဖြစ်မိနေသည်။

သူ့အနေနှင့် သူ၏ တပည့်များအား ခေါ်ဆောင်၍ သံမဏိအရိုးဂိုဏ်း၏ တပည့်များအား ပြာနှမ်းနေအောင် ရိုက်ဖို့ ဆုံးဖြတ်ထားမိသည်။ ထိုမှသာ သူ၏ ဒေါသတွေ ပြေသွားပေလိမ့်မည်။

တောင်ပြာဂိုဏ်းအကြီးအကဲ ဝမ်တုန်လင်ရောက်ရှိနေတော့ရော ဘာလုပ်ရမည်နည်း။

ဤအရာသည် စိန်ခေါ်ပြီး တိုက်ခိုက်သည့် ပွဲဖြစ်ပြီး သံမဏိအရိုးဂိုဏ်းကို အားပေးသည်ဆိုလျှင်တောင် လက်ခုပ်တီး၍ အားပေးရန်သာ ရှိသည်။

မဟာမိတ်ခေါင်းဆောင်ချင် သည် အများအပြားကို စဉ်းစားထားမိပြီးသား ဖြစ်၏။

ဝမ်တုန်လင်ပေါ်လာ၍ ကျွင်းချောင်ရှောင်းအား ထောက်ပံ့ပေးနေသည် ဆိုလျှင်တောင်မှ ဘာတစ်ခုမှ ပြုလုပ်ပေး၍ ရမည်မဟုတ်ပေ။

တစ်ယောက်ချင်းစီ စိန်ခေါ်တိုက်ခိုက်ပွဲဖြစ်သည်မို့ တစ်ယောက်ချင်းစီ တိုက်ခိုက်ရပေလိမ့်မည်။ မည်သူမှ ဝင်ပါ၍ မရချေ။

ဝှစ်။

မဟာမိတ်ခေါင်းဆောင်ချင် သည် သူ၏ အင်္ကျီလက်အား အသာခါယမ်း၍ အဓိက ဟောခန်းမှ တစ်ဆင့် စင်မြင့်ပေါ်ဆီသို့ လျှောက်သွားလိုက်သည်။

တပည့်တစ်ထောင်ကျော်တို့သည် အတွင်းခြံဝန်းအတွင်းမှ ထွက်လာပြီး ညီညီညာညာနှင့် တန်းဆီ၍ ရပ်နေကြ ၏။

သူတို့၏ အရှိန်အဟုန်မှာ အားကောင်းလှသည်။

ရှေ့ဆုံးမှာတော့ တပည့်ဆယ်ယောက်တို့သည် ဆယ်ယောက်တန်း နှစ်တန်းအဖြစ် ရပ်လျက်ရှိ၏။

လီချင်းယန်နှင့် သံမဏိအရိုးဂိုဏ်းတပည့်များမှာတော့ ခပ်တည်တည်ပင်။ အားလုံး ၏ မျက်နှာထက်တွင် အထင်အမြင်သေးသည့် အရိပ်များပင် ရှိလို့နေ၏။

သူတို့ရှေ့တွင် ရှိနေသည်မှာ ဟောင်ချီဂိုဏ်း၏ တပည့်များဖြစ်သည်။

အထူးသဖြင့် ရှေ့ဆုံးတန်းတွင် ရှိနေသော တပည့်ဆယ်ယောက်ဖြစ်သည်။ ထိုသူများအားလုံးကို ချင်းဟောင်ရန်ကိုယ်တိုင် လေ့ကျင့်ပေးထားခြင်း ဖြစ်ပြီး အားလုံး ၏ ကျင့်ကြံခြင်းနှင့် စိတ်ဝိညာဉ် အမြစ် များသည် ကောင်းမွန်သည့်အခြေအနေတွင် ရှိနေ၏။

"အင်း …. ငါရထားတဲ့ သတင်းက မှန်နေတာပဲ။" ကျွင်းချောင်ရှောင်း ကြိတ်ကာ ပြောလိုက်မိသည်။ “ဟောင်ချီဂိုဏ်းဆီမှာ အဆင့်မြစ် စိတ်ဝိညာဉ်အမြင့် ရှိတဲ့ တပည့်သုံးယောက် ရှိနေတာပဲ။”

သူ၏ နေကာမျက်မှန်အစွမ်းကြောင့် တစ်ဖက်လူများ၏ ပင်ကိုယ်စွမ်းရည်နှင့် ကျင့်ကြံခြင်းစွမ်းရည်များကို ထင်ထင်ခြားခြား မြင်နေရ၏။

ရန်သူ၏ အချက်အလက်ကို သိနိုင်ခြင်းသည် တိုက်ပွဲတွင် အောင်မြင်မှု ရရှိနိုင်ခြင်း၏ သော့ချက်ပင် ဖြစ်သည်။

လီချင်းယန်နှင့် တစ်ခြားသူများသည် ငရဲခန်းလေ့ကျင့်မှုကို လေ့ကျင့်နေစဉ်အတွင်းမှာပဲ ကျွင်းချောင်ရှောင်း သည် မိုးဆွေဟောခန်းများမှ လူများကို အမိန့်ပေး၍ ဟောင်ချီ ဂိုဏ်းမှ လူများအား အသေးစိတ်စုံစမ်းခဲ့၏။

ဟောင်ချီဂိုဏ်းတွင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိသော တပည့်သုံးယောက်ရှိသည့် အပြင် တိုက်ရိုက်တပည့်ဆယ်ယောက်တို့၏ အားအင်မှာလည်း မယုံနိုင်စရာ ကောင်းလောက်အောင် အားကောင်းလှသည်။

ဘယ်မှ ညာသို စီ၍ ကြည့်မည်ဆိုလျှင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်သုံးယောက်ရှိ၏။

တစ်ယောက်သည် သိုင်းဆရာပထမအဆင့်ဖြစ်ပြီး ကျန်နှစ်ယောက်မှာတော့ သိုင်းတပည့် ထိပ်ဆုံးအဆင့် များ ဖြစ်သည်။

ကျန်သည့်တပည့် များသည် အလယ်အလတ် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ကြသည်ဆိုသော်လည်း ကျင့်ကြံခြင်းအဆင့်တွင်တော့ ကောင်းမွန်သည့်အဆင့်တွင် ရှိကြသည်။

သိုင်းတပည့်အဆင့်ကိုး သုံးယောက် နှင့် သိုင်းတပည့်အဆင့်ရှစ် လေးယောက်တို့ ဖြစ်ပြီး အဆင့်ခြောက်ဂိုဏ်းတစ်ခုအနေနှင့် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိသော တပည့်သုံးယောက်ကို ခေါ်ယူထားနိုင်သည်ဆိုသည်မှာ သာမန်ပင်ဖြစ်၏။

သို့ပေမဲ့ ထိုဂိုဏ်းတွင် အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူဟူ၍ မရှိပေ။ အဆင့်ငါးဂိုဏ်းများတွင်တောင်မှ အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သောသူဟူ၍ တစ်ယောက်သာ ရှိတတ်ကြသည်။

ရှောင်ကျီ၏ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ် လျှော့ကျမသွားဘူးဆိုလျှင် သူ့အား ရရှိနိုင်ရန် အဆင့်လေးနှင့် အဆင့်ငါးဂိုဏ်းအချင်းချင်း တိုက်ခိုက်၍ လုရမှာ သေချာ၏။

နတ် ဝိညာဉ်အမြစ်မှာလည်း အဆင့်မြင့် ဂိုဏ်းများမှာသာ တွေ့နိုင်သော စိတ်ဝိညာဉ်အမြစ် ဖြစ်၏။

စိတ်ဝိညာဉ်အမြစ်များတွင် အားအကောင်းဆုံး ဖြစ်ပြီး ထိုအရာကို ပိုင်ဆိုင်သော လူများသည် ကောင်းကင်မှ ကောင်းချီးပေးမှုကို အလုံးစုံ ပိုင်ဆိုင်ထားသည့် လူများဟု ဆိုနိုင်သည်။

ရုတ်တရက်သာ မတော်တဆ နှင့် သေဆုံးသွားမှု မရှိဘူးဆိုလျှင် ထိုသူတို့သည် ကျင့်ကြံခြင်း လောက၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိနိုင်သည့်လူများ ဖြစ်သည်ဟု လူအားလုံးက လက်ခံယုံကြည်ထားကြ၏။

ဟောင်ချီ ဂိုဏ်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သံမဏိအရိုးဂိုဏ်းတွင် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်သုံးယောက် ရှိနေ၏။ လီချင်းယန် ၊ ရှောင်ကျီနှင့် ရီရှင်းချန်တို့ပင် ဖြစ်သည်။

သူတို့အားလုံးသည်လည်း အားမနည်းလှချေ။ သူတို့အနေနှင့် လိုအပ်နေသည်မှာ တစ်ချို့ အခြေခံ အချက်လေးများသာ ဖြစ်သည်။ သို့ပေမဲ့ အလုံးစုံ အားအင်အဆင့်နှင့် တွက်ချက်မည်ဆိုလျှင် မည်သူ့ကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိြ။

"ဂိုဏ်းချုပ်ကျွင်း ….."

ချင်ဟောင်ရန်သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ဘယ်လိုမျိုးတိုက်ခိုက်ချင်လဲ"

"သံမဏိအရိုးဂိုဏ်းက တပည့်ခုနစ်ယောက်ကို လွတ်မယ်။ ဟောင်ချီဂိုဏ်းကလည်း တပည့် ခုနစ်ယောက်ကို လွှတ်။ ခုနစ်ပွဲမှာ လေးပွဲနိုင်ရင် ရပြီ …. ဘယ်လိုလဲ။"

"ကောင်းပြီ။" ချင်ဟောင်ရန်သည် တစ်ချက်ကလေးမှ မငြင်းခဲ့ချေ။ ဤသို့တိုက်ခိုက်ခြင်းက ပို၍ အဆင်ပြေနိုင်သည်။

သို့ပေမဲ့ သူသည် ခေတ္တရပ်တန့်ကာ မိစ္ဆာဆန်ဆန် အပြုံးတစ်ခုအား ပြုံး၍ ပြောလိုက်သည်။ "ကျုပ်တို့ တိုက်ခိုက်မယ်ဆိုမှတော့ လောင်းကြေးတစ်ခုခုကို ထည့်ရင် မကောင်းဘူးလား။"

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ပွတ်သပ်ကာ ပြောလိုက်မိသည်။ "မဟာမိတ်ခေါင်းဆောင်ချင် က ဘယ်လိုလောင်းကြေးမျိုးကို ထည့်ချင်လို့လဲ။"

ချင်းဟောင်ရန် ပြောလိုက်သည်။ "တကယ်လို့ ဒီအကြိမ်မှာ ဟောင်ချီဂိုဏ်းက နိုင်ခဲ့မယ်ဆိုရင် ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒီမှာနေခဲ့ပြီး ဂိုဏ်းရဲ့ ဝေယျာဝစ္စတွေ ၊ သန့်ရှင်းရေးတွေကို ပြုလုပ်ပေးရမယ်။"

"ဟား … ဟား … ဟား။"

တော်ဝင်ဓားမော့ ဂိုဏ်း၏ ဂိုဏ်းချုပ် ရှန်းတုံ ထရယ်လိုက်၏။

"မဟာမိတ်ခေါင်းဆောင်ချင် က အစေခံလိုအပ်နေတာပဲ။ ဂိုဏ်းချုပ်ကျွင်း လုပ်နိုင်မယ်လို့တော့ ကျုပ်ထင်တယ်။ ဟောင်ချီဂိုဏ်းလို ဂိုဏ်းမျိုးမှာ သန့်ရှင်းရေး လုပ်ရတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာ ကိစ္စတစ်ခုပဲ။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ အကြီးအကဲများသည် ရယ်မောနေကြသည်။

လာရောက်ကြည့်ရှုလျက်ရှိသော ကျင့်ကြံသူများ အားလုံးသည် ခေါင်းကိုယမ်းခါမိလိုက်၏။

ဂိုဏ်းချုပ်ကျွင်းသည်သာ ဟောင်ချီဂိုဏ်းတွင် ဝေယျာဝစ္စများ ၊ သန့်ရှင်းရေးများကို ပြုလုပ်ရမည်ဆိုလျှင် အနာဂတ်တွင် တခြားသူများအား မည်သို့ မျက်နှာ ပြရတော့မည်နည်း။

ချင်းဟောင်ရန်သည် ထိုကိစ္စကို အစောကြီးကတည်းက စဉ်းစားထားပြီးသား ဖြစ်၏။

အမှန်တကယ်တန်းဆိုလျှင် ကျွင်းချောင်ရှောင်းအား လူအားလုံး၏ ရှေ့တွင် ဒူးထောက်တောင်းပန်စေရန်ပင် စဉ်းစားထားသည်။

သို့ပေမဲ့ အိုက်မိသားစုခေါင်းဆောင်နှင့် တောင်ပြာဂိုဏ်း အကြီးအကဲတို့ ရောက်လာသည့်အတွက် ကြောင့် သူ့အနေနှင့် သန့်ရှင်းရေးကိစ္စများ ပြုလုပ်ရန်သာ အစီအစဉ်ကို ပြောင်းလဲပေးခဲ့ရသည်။

လောင်းကြေးအနေနှင့် ပြောင်းလဲသွားခဲ့သည်ဆိုသော်လည်း ရည်မှန်းချက်မှာ တစ်ခုတည်း ဖြစ်၏။

ထိုအရာမှာ ကျွင်းချောင်ရှောင်း၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန်ပင် ဖြစ်တော့သည်။

ဂိုဏ်းချုပ်တစ်ယောက်အတွက် ထိုသို့သော နည်းလမ်းသည် သတ်ဖြတ်တာထက်ပင် ပိုမို၍ နာကျင်ဖွယ်ရာ ကောင်းလွန်းနေလိမ့်မည်။

ချင်ဟောင်ရန် ပြောလိုက်မိသည်။ "ဂိုဏ်းချုပ်ကျွင်း ဘယ်လိုထင်လဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ကျုပ်ဘက်က လောင်းကြေးကိုလည်း မပြောရသေးဘူး။"

"ကျေးဇူးပြုပြီး ပြောပါ။" ချင်ဟောင်ရန် ပြောလိုက်သည်။

သူသည် များများစားစား စဉ်းစားမနေပေ။

အဘယ့်ကြောင့်ဆိုသော် သူ့အနေနှင့် သံမဏိအရိုးဂိုဏ်းမှ တပည့်များ အနိုင်ယူနိုင်နေမည်ဟု အလုံးစုံ ယုံကြည်ချက် ရှိနေသောကြောင့်ပင်။

ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားပြီးသည့်နောက် ပြောလိုက်၏။ "မဟာမိတ်ခေါင်းဆောင်ချင် သာ ရှုံးသွားမယ်ဆိုရင် သံမဏိအရိုးဂိုဏ်းရဲ့အိမ်သာတွေကို တစ်နှစ်တိတိ လာပြီးတော့ သန့်ရှင်းရေး ပြုလုပ်ပေးရမယ်။"

"ဂိုဏ်းချုပ် …."

စုချောင်မိုသည် လေးလေးနက်နက်နှင့် ဝင်ပြောလိုက်သည်။ ‘မဟာမိတ်ခေါင်းဆောင်ချင်းလို ကြီးကျယ် ခမ်းနားတဲ့ လူတစ်ယောက်ကသာ ကျွန်တော်တို့ဂိုဏ်းရဲ့ အိမ်သာတွေကို ဆေးပေးမယ်ဆိုရင် အီး မထွက်မှာတောင် စိုးရိမ်ရတယ်။"

လီဖေးမှ ထပ်ပြောလိုက်သည်။ "ကြီးကျယ်ခမ်းနားလှတဲ့ မဟာမိတ်ခေါင်းဆောင် ကိုယ်တိုင် အိမ်သာတွေကို လာဆေးပေးမယ်ဆိုရင် အိမ်သာတက်ရတာ တစ်မျိုးကြီး ခံစားမိတော့မှာပဲ။"

"မင်းတို့ အရူးနှစ်ကောင် …. ဘာတွေ ပြောနေတာလဲ။"

ဟောင်ချီဂိုဏ်း၏ တပည့်များသည် မနေနိုင်သောကြောင့် အော်ငေါက်မိလိုက်ကြ၏။

စုချောင်မိုသည် ခေါင်းကို ငဲ့စောင်းကာဖြင့် ပြောလိုက်မိသည်။ "အခု ဘယ်အရူးအကြောင်း ပြောနေတာလဲ .."

ဟောင်ချီ ဂိုဏ်း၏ တပည့်များ ချက်ချင်းဆိုသလိုပဲ သတိဝင်လာသောကြောင့် ပါးစပ်ပိတ်လိုက်ကြ၏။ "မင်းကမှ အရူးကွ။"

"ခွေးကောင်တွေ ….. မင်းတို့ တစ်မိသားစုလုံးက အရူးကွ။ မင်းတို့ကောင်တွေရဲ့ မျိုးဆက် ဆယ့်ရှစ်ဆက်လုံး က အရူးတွေပဲ။" စုချောင်မိုသည် အားရပါးရ အော်ငေါက်လိုက်မိ၏။

ဟောင်ချီဂိုဏ်း၏ တပည့်များသည် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်အထိ ဒေါသထွက်သွားခဲ့ကြသည်။

သူတို့သည် ခွန်းတုံပြန်ရန် ပြင်လိုက်ချိန်မှာပဲ ချင်ဟောင်ရန်သည် သူ၏ လက်ကို မြှောက်ကာ တားဆီးလိုက်ကြသည်။

“ဟမ့် …”

ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်တစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "ဒီလို ရိုင်းတဲ့ စကားတွေကို ပြောတာ ဂိုဏ်းချုပ်ကျွင်းရဲ့ အဆုံးအမတွေ အရမ်းကောင်းလို့ပဲ သတ်မှတ်ရမှာပေါ့။"

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "အဘိုးကြီး ဟောင်ချီဂိုဏ်းက တပည့်က အရင်ဆုံးပြောတာ ခင်ဗျား မကြားဘူးလား။ သူတို့က ပြောချင်ရာပြောမယ်။ သံမဏိအရိုးဂိုဏ်းက ပြုံးပြုံးကြီးနေပြီး အကုန်လုံးကို မေတ္တာတရားတွေ ထားပေးရမယ်လို့ သတ်မှတ်ထားတာလား။"

လူတိုင်းအပေါ်တွင် မေတ္တာတရားထားသည့် ကိစ္စသည် သူတော်စင်တွေသာလျှင် လုပ်သည့်အရာဖြစ်သည်။ သံမဏိအရိုးဂိုဏ်းတွင် သူတော်စင်ဟူ၍ တစ်ယောက်မှ မရှိသေးချေ။

"မဟာမိတ်ခေါင်းဆောင်ချင် ….ကျုပ်ရဲ့ လောင်းကြေးက အဆင်ပြေလား။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

ချင်ဟောင်ရန်သည် လက်သီးဆုပ်ကာဖြင့် လာရောက်ကျင့်ကြံနေကြသော ကျင့်ကြံသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အားလုံးပဲ …… ကျေးဇူးပြုပြီး မျက်မြင်သက်သေအဖြစ် ပြုလုပ်ပေးပါ။ကျုပ်တို့ သံမဏိအရိုးဂိုဏ်းနဲ့ ဟောင်ချီဂိုဏ်းက လောင်းကြေးကို ထပ်လိုက်ပါပြီ။"

"မပူနဲ့ ခေါင်းဆောင်ချင် ….. အားလုံး ဒါကို မြင်ပြီးသားပဲ။"

လာရောက်ကြည့်ရှုနေသူထဲမှ တစ်ယောက်သည် ထအော်လိုက်၏။

"တစ်ကယ်လို့ အားလုံးပြီးဆုံးသွားလို အရှုံး ကို ဝန်မခံဘူးဆိုရင် အဲဒီလူကို ကျင့်ကြံခြင်း လောကမှာ နံမည်ပျက်အဖြစ် တင်သွင်းရမယ်။ ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးက ဝိုင်းဝန်းဆဲဆိုပြီး သတ်ဖြတ်ပစ်ရမယ်။"

"ဟုတ်တယ် …. ဟုတ်တယ်။"

တစ်ခြားသော ကျင့်ကြံသူများကလည်း သံယောင်လိုက်ကြ၏။

ချင်ဟောင်ရန်သည် သဘောကျသွား၏။ သူ လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး ……"

ရှပ် ရှပ် ရှပ်။

ဟောင်ချီဂိုဏ်း၏ တပည့်များသည် မြန်မြန်ဆန်ဆန်ပဲ ထွက်ပေါ်လာကြပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးကို ဝိုင်းရံထားလိုက်၏။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ၏ ဂိုဏ်းချုပ်များနှင့် တစ်ခြားသော ကျင့်ကြံသူများသည် စိန်ခေါ်ပွဲကို ကြည့်ရှုရန် ပြင်ဆင်လိုက်ကြတော့သည်။

All Chapters