← Chapters

အခန်း (၁၅၂)

Vol. 11 Ch. 152

အခန်း (၁၅၂)

Vol. 11 Ch. 152

"ဘန်း"

စုရှောင်မိုသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်များအား လက်ချောင်းများဆီသို့ ပို့လွှတ်၍ လောင်တီး ၏ဖင်အား ထိုးစိုက်လိုက်တော့သည်။

"အားး"

မယုံနိုင်လောက်အောင် ခံရခက်သော နာကျင်မှုကြောင့် အော်ဟစ်လိုက်သံသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံး သို့ ပျံ့နှံ့သွားတော့၏။

"ဟူး"

များပြားလှသော ကျင့်ကြံသူများအားလုံးသည် အသက်ကို ပြင်းပြင်းရှူလိုက်မိကြသည်။

သူတို့သည်ပင်လျှင် ထိုသို့သော နာကျင်မှုမျိုးကို ခံစားမိလိုက်ရသလို ဖြစ်နေသည်။ သူတို့၏ကျောရိုးတစ်ခုလုံး စိမ့်တက်သွားပြီး ဒူးတွေပင် ခွေသွားမိ၏။

လူ၏ခန္ဓာကိုယ်တွင် များပြားလှသော အသက်တမျှ အရေးကြီးသည့် နေရာများရှိသည်။

ဥပမာအားဖြင့် ထိုသို့သော အသက်သွေးကြော နေရာများ တိုက်ခိုက်ခံရလျှင် ချက်ချင်းပင် သေဆုံးသွားနိုင်၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူများကမ္ဘာတွင် ကြီးကြီးမားမား တိုက်ခိုက်ခံရသည် ဆိုပါက တစ်စုံတစ်ယောက်အနေဖြင့် ချက်ချင်းသေဆုံးမသွားဘူး ဆိုရင်တောင်မှ ကြီးမားသည့် ထိခိုက်ဒဏ်ရာကို ရရှိမှာ ကျိန်းသေ၏။

ထို့ကြောင့် သိုင်းပညာရှင်များအနေဖြင့် ထိုသို့သော အသက်တမျှ အရေးကြီးသည့် နေရာများအား သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ အနည်းနှင့်အများဆိုသလို ကာကွယ်ထားတတ်ကြသည်။

ဖင်အလယ် ကြားနေရာသည် အလွန့်ကိုနူးညံ့သည့် နေရာဖြစ်၏။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် ရုတ်တရက် တိုက်ခိုက်လိုက်သည် ဆိုပါက အသည်းပေါက်မတတ် နာကျင်ရပေလိမ့်မည်။ ထို့အပြင် ဤနေရာအား စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ကာကွယ်ထားခြင်းမျိုးကို မည်သူမှ ပြုလုပ်လေ့ပင်မရှိပေ။

"အား"

လောင်တီး သည် သူ၏ဖင်ကိုအုပ်၍ သိုင်းလေ့ကျင့်ရေးစင်မြင့်ပေါ်တွင် ခုန်ဆွခုန်ဆွ လျှောက်ပြေးလျက်ရှိ၏။ သူ၏မျက်နှာတစ်ခုလုံးသည် ဆိုးဆိုးရွားရွား ပျက်ယွင်းနေသည်။

သူ၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသော အမူအရာကို ကြည့်လိုက်သည်နှင့် မည်မျှပြင်းထန်သည့် နာကျင်မှုကို ခံစားနေရကြောင်း အားလုံးက နားလည်သဘောပေါက်မိကြ၏။

"အရှက်မဲ့လိုက်တာ …. ဒီလိုယုတ်မာတဲ့ နည်းလမ်းမျိုး။"

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ်ကြီးများသည် စောဒကတက်လိုက်ကြ၏။

ဤကဲ့သို့ ဖင်အား လက်ချောင်းနှင့် ထိုးသွင်းပြီး တိုက်ခိုက်ခြင်းမျိုးသည် အလွန်တရာ ယုတ်ညံ့လှသည်။

ကျင့်ကြံခြင်းလောကနှင့် ရေရှည်တည်တံ့စွာ နေထိုင်သွားချင်သည့် လူတစ်ယောက်အနေနှင့် ထိုသို့သော အပြုအမူမျိုးကို ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် တိတ်တဆိတ် ကြိတ်ကာ ပြောလိုက်မိ၏။ "ဒီလူတွေက မသိရင် သူတော်ကောင်းတွေကျနေတာပဲ။"

သူ့တပည့်၏ နည်းလမ်းသည် တရားမဝင်သော နည်းလမ်းတစ်ခု ဖြစ်သည်ဆိုသော်လည်း ပြိုင်ဘက်အား အနိုင်ယူနိုင်ခဲ့သည် မဟုတ်လား။ ထို့အပြင် အခွင့်အရေးပေါ်လာသည် ဆိုမှတော့ မည်သူက အသုံးမပြုဘဲနေမည်နည်း။

အကယ်၍ တစ်စုံတစ်ယောက်ကိုသာ အပြစ်တင်မည်ဆိုလျှင် မိမိ၏ဖင်ကိုပင် မကာကွယ်နိုင်သည့် လောင်တီးဆိုသည့် ကောင်ကိုသာ အပြစ်တင်သင့်သည်။

အမှန်တကယ်တန်းမှာတော့ သူ၏တပည့်များသည် ဤကဲ့သို့ အပြုအမူများဖြင့် တိုက်ခိုက်ခဲ့ကြခြင်းမှာ ကျွင်းချောင်ရှောင်း ကြိတ်၍ သင်ကြားထားခြင်းကြောင့် ဖြစ်၏။

လောင်တီးသည် သူ၏ဖင်အား ဆုပ်ကိုင်၍ သိုင်းလေ့ကျင့်ရေး စင်မြင့်ပေါ်၌ ခုန်ဆွခုန်ဆွဖြင့် လျှောက်ပြေးနေ တော့၏။ သူ၏မျက်လုံးအိမ်ထဲမှ မျက်ရည်များသည် တစ်တောက်တောက်နှင့် ကျဆင်းလျက်ရှိသည်။

အမှန်ပင် အလွန်အမင်းနာကျင်သည့် ခံစားမှုကို ခံစားနေရခြင်းပင် ဖြစ်တော့၏။

စုရှောင်မိုသည် ရုတ်တရက် ပြေးတက်လာပြီး လေထဲသို့ ခုန်ကာ သူ၏ညာခြေထောက်ဖြင့် ဖြတ်ကန်လိုက်တော့သည်။

ကျင့်ကြံခြင်းအဆင့် နှင့် ခြေထောက်အားအင်တွင် သူသည် လီဖေးထက် အဆပေါင်းများစွာ ပို၍ အားကောင်း လှ၏။

ထပ်ပြောရလျှင် သူ၏ပြိုင်ဘက်သည် နာကျင်မှုကြောင့် မည်သည့် ခုခံကာကွယ်မှုကိုမှ မပြုလုပ်နိုင်သည့် အချိန်ဖြစ်လို့နေသည်။ ထို့ကြောင့် တိတိကျကျဆိုသလိုပဲ ပြိုင်ဘက်၏မျက်နှာဘယ်ဘက်ခြမ်းကို တိုက်ရိုက် ထိမှန်သွားတော့သည်။

"ဘုန်း"

ဖင်ကိုကိုင်ကာ ပြေးလျက်ရှိသော လောင်တီး သည် အမြှောက်နှင့် ပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ လေ့ကျင့်ရေးစင်မြင့်ပေါ်မှ မီတာဒါဇင်နှင့်ချီ လွင့်စင်၍ ပြုတ်ကျသွားတော့သည်။

သံမဏိအရိုးဂိုဏ်းသည် နောက်တစ်ပွဲ အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်၏။

"..."

များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများနှင့် ကျင့်ကြံသူများအားလုံး၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ရင်သွားကြသည်။

ဟောင်ချီဂိုဏ်းအနေနှင့် ပထမတစ်ပွဲတွင် ရှုံးနိမ့်ခဲ့သည်မှာ အထင်အမြင်သေးပြီး ဂရုမစိုက်သောကြောင့်ဟု ဆိုရမည်။ ဒုတိယတစ်ပွဲ ရှုံးနိမ့်ခဲ့ခြင်းမှာတော့ အားအင်အဆင့်နှင့် အစွမ်းထက်လှသော သိုင်းစနစ်တို့ကြောင့် ဖိနှိပ်ခံခဲ့ရခြင်း ဖြစ်၏။ တတိယတစ်ပွဲကြည့်ရသည်မှာတော့ အလွန်အမင်းလွယ်ကူလျက်ရှိ၏။

သာမန်တိုက်ခိုက်ရေးပွဲများဆိုလျှင် စဦးအဆင့်ပွဲများမှာ လွယ်ကူလှပြီး နောက်ပိုင်းပွဲများသည် တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားစရာ ကောင်းလာတတ်သည်။

သို့ပေမဲ့ ယခုတိုက်ခိုက်ပွဲမှာတော့ အချိန်ကြာလာလေ ပို၍ရိုးရှင်းပြီး မြန်ဆန်လာလေဖြစ်သည်။

ချင်ဟောင်ရန်သည် ဒေါသထွက်လွန်းသောကြောင့် သူ၏သွားများကို တကျိကျိနှင့် ကြိတ်လျက်ရှိ၏။

သူ၏အထင်အရဆိုရင် သံမဏိအရိုးဂိုဏ်းသည် အများဆုံးတစ်ပွဲသာနိုင်ရမည်ဖြစ်၏။ သို့ပေမဲ့ တကယ်တန်း မှာတော့ သူသာလျှင် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ရသည်။ သူ၏မျက်နှာအား မည်သည့်နေရာတွင် သွား၍ ထားရမည်နည်း။

ကျွင်းချောင်ရှောင်းပြောလိုက်သည် "ဂိုဏ်းချုပ်ချင် …. လွယ်တဲ့တပည့်တွေ မလွှတ်နဲ့အုန်း။လွယ်လွယ်ကူကူအနိုင်ရနေတာ သိပ်မဟုတ်သေးဘူး။"

ဓားသွားလို ထက်မြက်လှသော စကားလုံးများသည် ချင်ဟောင်ရန်၏ နှလုံးသားကို ထိုးနှက်လိုက်သလိုပင်။ ထို့ကြောင့် သူ၏မျက်နှာသည် ပိုမို၍ ပျက်ယွင်းလာသည်။

"တော်စမ်း … ဒါက တတိယပွဲပဲရှိသေးတယ်။ငါတို့ တစ်ထိုင်တည်း လေးပွဲလုံး နိုင်မယ်ဆိုရင် မင်းက ခွေးလိုမျိုး ငါတို့ဆီမှာ အစေခံလာလုပ်ရမယ် … မမေ့နဲ့။"

မဟာမိတ်ခေါင်းဆောင်ချင် သည် ရှုံးနိမ့်နေသည်ကို ဂရုမစိုက်ချေ။ သူ့အနေနှင့် လက်ကျန်ပွဲများ အားလုံးကို အနိုင်ရရှိမည်ဆိုပါက ကျွင်းချောင်ရှောင်း၏ ဂုဏ်သိက္ခာကို နင်းချိုး၍ ဖျက်ဆီးနိုင်ပေသည်။

"ဟူကျန့် … သွား"

"ကောင်းပါပြီ။"

ဟူကျန့်ဟုခေါ်သော သူ၏တိုက်ရိုက်တပည့်တစ်ယောက်သည် အပြင်ဘက်သို့ထွက်၍ လျှောက်သွားသည်။

ထိုသူသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော သူ၏တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ပြီး အားအင်အဆင့်အနေဖြင့် သိုင်းတပည့်ထိပ်ဆုံးအဆင့် တစ်ယောက်ဖြစ်၏။

ချင်ဟောင်ရန်သည် အလယ်အလတ် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော သိုင်းတပည့် အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ကို စင်မြင့်ပေါ်သို့ မလွှတ်တော့ချေ။

တိုက်ရိုက်ဆိုသလို သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုသာ တိုက်ခိုက်ခိုင်းခဲ့သည်။

ကျွင်းချောင်ရှောင်း ခဏလောက်စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ရှောင်ကျီ သွား"

ရှောင်ကျီသည် သူ၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ပြီးနောက် သူ၏လက်မောင်းများဆီမှ တောင့်တင်း၍ ကြီးမားလှသော ကြွက်သားများသည် အလိပ်လိုက် တက်လာတော့သည်။

ပြီးနောက် သူသည် သိုင်းလေ့ကျင့်ရေး စင်မြင့် အလယ်ဗဟိုဆီသို့ လျှောက်သွားခဲ့သည်။

ဝမ်တုံလင် သည် မျက်မှောင်ကုတ် ကာ ပြောလိုက်သည်။ "ဒီကောင်လေးရဲ့ ခန္ဓာကိုယ်အားအင်က ရှေ့က ယှဉ်ပြိုင်ခဲ့တဲ့ တပည့်သုံးယောက်ထပ်ပိုပြီး အားကောင်းတယ်။"

ရှောင်ကျီကို ကြည့်ပြီးသည့်နောက် အိုက်ရှန်းရီသည် ရုတ်တရက်ဆိုသလိုပဲ သူ၏နဖူးကိုပွတ်ကာ နားလည်သွားမိ၏။ ဒီကောင်လေးက ချင်ယန်နိုင်ငံ သိုင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာ အလကားမဟုတ်ဘူး။သူ ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးကို သောက်ထားတာပဲ နေလိမ့်မယ်။"

"ဟောင်ကျီဂိုဏ်း - ဟူကျန့်"

"သံမဏိအရိုးဂိုဏ်း - ရှောင်ကျီ"

နှစ်ယောက်သား သူတို့၏နာမည်နှင့် ဂိုဏ်းများ မိတ်ဆက်ပြီးသည့်နောက် တိုက်ပွဲသည် တရားဝင်စတင်ခဲ့ပြီဖြစ်သည်။

ဟူကျန့် ဟု ခေါ်သောတပည့်သည် သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ချက်ချင်းဆိုသလိုပဲ လက်သီးနည်းစနစ်တစ်ခုကို ထုတ်ဖော်ခဲ့သည်။

ထိုလက်သီးနည်းစနစ်သည် လေလှိုင်းများ ဖြစ်ပေါ်စေရုံတောင်မကပဲ တရွှီးရွှီး နှင့် လေတိုးသံများပင် ထွက်ပေါ်စေ၏။

"ဒါက ဟောင်ကျီဂိုဏ်းရဲ့ အလယ်အလတ်အဆင့် လေမုန်တိုင်းလက်သီး နည်းစနစ်ပဲ။"

"ဒါအလယ်အလတ်အဆင့် သိုင်းနည်းစနစ်ဟုတ်လား။ဒါကို သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က အသုံးပြုလိုက်မယ်ဆိုလျှင် တော်တော်ကြီးကို အားကောင်းသွားလိမ့်မယ်။"

"သံမဏိအရိုးဂိုဏ်းတပည့်ကို ထိမှန်သွားရင်တော့ ဖြစ်လာမယ့်ရလာဒ်က …. "

"ဘန်း ဘန်း ဘန်း"

သူပြော၍ မပြီးသေးခင်မှာပဲ မုန်တိုင်းကဲ့သို့ ပြင်းထန်သော လက်သီးချက်များ အားလုံးသည် ရှောင်ကျီ၏ ကိုယ်ပေါ်သို့ ကျဆင်းသွားတော့သည်။

သို့ပေမဲ့ ရှောင်ကျီသည် တစ်ချက်လေးမှ မလှုပ်ရှားပေ။

သူသည် လက်များကို ဖြန့်ကာပင် ထားသေး၏။ မတူညီသည့် နေရာအသီးသီးမှ ကျရောက်လာသော လက်သီးများ အားလုံးကို တားဆီးထားကြ၏။

အမှန်ပင် ကြည့်၍ ကောင်းလွန်းလှသည်။

ကြည့်ရှုနေကြသော ဂိုဏ်းချုပ်များ အားလုံးသည် မူးနောက်နောက်ပင် ဖြစ်သွားကြ၏။

သိုင်းတပည့် ထိပ်ဆုံးအဆင့်ဖြစ်သော ဟူကျန့်သည် အလတ်အလတ်အဆင့် သိုင်းနည်းစနစ်တစ်ခုကို ထုတ်သုံး၍ တိုက်ခိုက်လျက်ရှိသည်။

သူ၏ အားအင်အဆင့်မှာ ကျိန်းသေပေါက် သာမန်ထက်ပို၍ တိုးလာခဲ့သည်။

ထိုသို့သော တိုက်ခိုက်ချက်မျိုးကို တားဆီးမည်ဆိုလျှင် အနည်းဆုံး ခြေတစ်လှမ်းတော့ နောက်သို့ဆုတ်သင့်ခဲ့၏။

အမှန်ပင် ခြေတစ်လှမ်းနောက်ဆုတ်ခဲ့၏။

သို့ပေမဲ့ ခြေတစ်လှမ်းနောက်ဆုတ်ခဲ့သူမှာ ဟောင်ချီဂိုဏ်းမှ တပည့်ပင် ဖြစ်နေသည်။

ရှောင်ကျီ သည် ဟောင်ထျီဂိုဏ်းတပည့်၏ တိုက်ခိုက်မှုများအားလုံးကို တားဆီးရင်း သူ၏ လက်များကို ဝေ့ယမ်းပြီး ပြန်လည်တွန်းထုတ်လိုက်၏။

ထိုသို့သော တွန်းလွှတ်မှုသည် အလွန်အမင်း အားကောင်းလှသည်။

ရှောင်ကျီသည် ရှေ့သို့လှမ်းတက်လာပြီး သူ၏ညာဘက်လက်ဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းကာ ထပ်မံ လွှဲရမ်းလိုက်ပြန်သည်။

မိမိ၏ ခန္ဓာကိုယ်အခြေအနေကို ဟန်ချက်ညီအောင် ထိန်းသိမ်းလျက်ရှိသော ဟူကျန့်သည် အလောတကြီးဖြင့် သူ၏လက်ကိုမြှောက်ကာ ကာလိုက်၏။

သို့ပေမဲ့ ဘောင်း ဟူသောအသံနှင့်အတူ သူသည် ရှောင်ကျီ၏လက်နှင့် ထိမှန်ကာ အနောက်သို့ ဆုတ်ခွာသွားရသည်။

"ဒါက"

အားလုံးပဲ ဆွံ့အသွားကြသည်။

ဤကလေး၏ ခန္ဓာကိုယ်သည် မည်မျှအားကောင်းလိုက်သနည်း။

သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ဤကဲ့သို့ ဆိုးဆိုးဝါးဝါး အခြေအနေမျိုးဖြစ်အောင် တိုက်ခိုက်လျက်ရှိသည်။

"မယုံနိုင်စရာပဲ။"

ဝမ်တုန်လင် ထအော်လိုက်မိ၏။

ခန္ဓာကိုယ်အား ကြောက်စရာကောင်းသည့် အဆင့်ထိရောက်အောင် သန့်စင်ထားနိုင်သော သိုင်းတပည့်တစ်ယောက် အား သူ တစ်ခါမှ မမြင်ဖူးချေ။

သူ့တပည့်၏ မတ်မတ်တောင်မရပ်နိုင်တော့သည့် အခြေအနေကို မြင်ချိန်မှာတော့ ချင်ဟောင်ရန်၏ မျက်လုံးများ သည် ပြူးထွက်သွားတော့သည်။

တိုက်ပွဲသည် ကြမ်းတမ်းလွန်းလှ၏။

သူတပည့်သာ ဤတစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ဟောင်ချီဂိုဏ်းသည် ရှုံးနိမ့်သွားမည်ဖြစ်သည်။

ရှုံးနိမ့်ခဲ့သည်ဆိုရင် ရှုံးနိမ့်ရုံတင် မပြီးသေးချေ။ သူတို့၏လောင်းကြေးကလည်း ရှိနေသေး၏။

ထိုမျှများပြားသောလူများ ဂိုဏ်းများမှ ဂိုဏ်းချုပ်များ၏ရှေ့တွင် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် …. မဟာမိတ်အဖွဲ့၏ခေါင်းဆောင် တစ်ယောက်အနေနှင့်သူမည်သို့ဆက်လုပ်ရမည်နည်း။

ချင်ဟောင်ရန်သည် နည်းနည်းလေးမှဆက်၍ မတွေးတောရဲတော့ချေ။

သူ၏ ဂိုဏ်းချုပ်တစ်ယောက်ဟူသော ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်တော့ပဲ စိတ်လွတ်ကိုယ်လွတ်ဖြင့် ဟူကျန့်အား အော်ငေါက်လိုက်တော့သည်။

"မြဲမြဲရပ်ထား ပြန်တိုက်… ပြန်တိုက်။"

"..."

များပြားလှသော ကျင့်ကြံသူများအားလုံးသည် ငြိမ်သက်သွားကြသည်။

ခေါင်းဆောင်ချင် အဘယ့်ကြောင့် စိတ်ခံစားချက်များ ကင်းလွတ်ကာ ထအော်နေရသည် ဆိုသည်ကို သူတို့အလုံးစုံ နားလည်မိကြ၏။

ထို့အပြင် ဤတပည့်သာ ရှုံးနိမ့်သွားပါက သူ့အနေဖြင့် သံမဏိအရိုးဂိုဏ်းသို့သွား၍ အိမ်သာများကို ဆေးကြောရမှာမဟုတ်လား။

"ရှောင်ကျီ"

ကျွင်းချောင်ရှောင်းသည် လက်ပိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏။ "မင်းရဲ့အားအကုန်သုံးပြီး သူ့ကိုရိုက်နှက်လိုက်တော့။"

ရှောင်ကျီသည် ဂိုဏ်းချုပ်ဆီမှ အမိန့်ကို ရရှိပြီးသည့်နောက် သူ၏ လက်အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထပ်ပေါင်းထည့်ကာ ဟန်ချက်ညီအောင် ထိန်းသိမ်းလျက်ရှိသော ဟူကျန့် အား ရိုက်နှက်တော့သည်။

အားအင်အဆင့်မှာ အလွန်အမင်း ကြမ်းတမ်းလှ၏။

"ဘုန်း … ဘုန်း ….ဘုန်း"

ကြမ်းတမ်းလှသော ရှောင်ကျီ၏ သံမဏိဒေါက်တိုင်လိုလက်များနှင့် ရိုက်နှက်မှုကို ခံရပြီးသည့်နောက်မှာတော့ ဟူကျန့်သည် လက်ဝှေ့ကြိုးဝိုင်းထောင့်သို့ ရောက်ရှိနေသော လက်ဝှေ့သမားတစ်ယောက်နှင့် ဆင်တူလှ၏။

သူ့အနေဖြင့် လက်နှစ်ဖက်ကိုမြှောက်၍ သူ၏ဦးခေါင်းအား ကာထားရုံသာ တတ်နိုင်တော့သည်။

နောက်ဆုံးမှာတော့ ဟူကျန့်သည် တစ်လှမ်းချင်း နောက်ဆုတ်၍ နောက်ဆုတ်၍ စင်ပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်နေတော့သည်။

ချင်ဟောင်ရန်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဟူကျန့် … ပြန်တိုက် … ပြန်တိုက်။"

ဟူကျန့်သည် အရိုက်ခံရသောကြောင့် မူးဝေနေပြီဖြစ်၏။ သူ၏နားများသည်လည်း အကြားအာရုံ ယုတ်လျော့လာ၏။ ဂိုဏ်းချုပ်၏ အသံပျောက်လုမတတ် အော်ဟစ်လိုက်သည့် အသံများအားလည်း သူ လုံးဝမကြားနိုင်တော့ချေ။

"ဘုန်း"

နောက်ဆုံးမှာတော့ သူသည် ခေါင်းကိုအုပ်ကာရင်းနှင့်ပင် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူ၏မျက်လုံးအမြင်ထဲတွင်တော့ ကောင်းကင်ပြာပြာကြီး တစ်ခုလုံးသည် ချာချာလည်လျက်ရှိ၏။ သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်မှပင် ထွက်ခွာတော့မလိုပင် ဖြစ်နေ၏။

"ဝေါ့ …."

သိုင်းလေ့ကျင့်ရေး စင်မြင့်ပေါ်မှ ပြုတ်ကျလာသော သူ၏တပည့်ကို ကြည့်ရင်း ချင်ဟောင်ရန်သည် မည်သို့မှ မတတ်နိုင်တော့ချေ။ သူ၏ရင်ဘတ်ကို အုပ်ကိုင်ပြီး သွေးတစ်လုတ် အန်ထုတ်လိုက်တော့သည်။

သူ၏မျက်နှာတစ်ခုလုံးသည် ဆိုးဆိုးရွားရွား ပျက်ယွင်းနေတော့သည်။

All Chapters