အခန်း (၁၅၇)
Vol. 11 Ch. 157
လုချင်းချင်း နောက်ဆုံးသော လက်ကျန်ပွဲအား အချိန်တိုအတွင်း အနိုင်ယူခဲ့သည့်အချိန်မှာတော့ သူမသည် ဖုံးကွယ်ထားသော တာဝန်နှစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဟောင်ချီ ဂိုဏ်းအား ခုနစ်ပွဲ - သုညနှင့် အနိုင်ယူပြီးသည့်နောက် လုံးဝ အလုံးစုံ အနိုင်ယူခြင်းဟု သတ်မှတ်နိုင်ပြီဖြစ်၏။
တပည့်ခုနစ်ယောက်၏ စွမ်းဆောင်ရည်သည် ရှိရှိနေသမျှသော လူအားလုံးကို ထိတ်လန့်တုန်လှုပ် သွားခဲ့မိစေသည်။
ပထမဦးဆုံးအနေနှင့် ဂိုဏ်းတစ်ခု၏အားအင်ကို အစစ်အမှန်ပြသခဲ့ခြင်းပင် ဖြစ်၏။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် ကော့တက်သွား၏။ သူသည် လှပသော စနစ်၏သတိပေးသံကို အချိန်တိုင်းလိုလို ကြားနေရ၏။ အထူးသဖြင့် ဖုံးကွယ်ထားသော ဒုတိယတာဝန် ၏ ဆုလဒ်သည် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် ဖြစ်နေသည်ကို ကြားလိုက်ရချိန်မှာတော့ သူ၏အပြုံးများသည် ပို၍ အသက်ဝင်လာသည်။
စတိုးအား ဖွင့်ကြည့်လိုက်ပြီးသည့်နောက် သူသည် ဝယ်ယူနိုင်သော ပစ္စည်းများအား အသေးစိတ် ထောက်ကြည့်လိုက်၏။
ဤပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်အသစ်သည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်များအတွက် သင့်တော်သည့်အရာဖြစ်သည်။
ထိုအရာကို သောက်သုံးပြီးလျှင် အထူးစိတ်ဝိညာဉ်အမြစ်ဆီသို့ အဆင့်မြှင့်တင်၍ ရနိုင်၏။
သို့ပေမဲ့ ဈေးနှုန်းကို ကြည့်လိုက်ချိန်မှာတော့ ဂိုဏ်းစုဆောင်းမှတ်သုံးရာ ဖြစ်နေသည်ကို မြင်လိုက်ရ၏။ ကျွင်းချောင်ရှောင်း လဲပြိုတော့မလိုပင် ဖြစ်မိသွားမိသည်။
"ချီးတဲ့မှ …ဒါကဟာသကြီးတစ်ခုပဲ။"
စနစ်မှပြောလိုက်သည်။ "အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ဆိုတာ တကယ့်ကို ခြားနားလွန်းတယ်။ဒါကြောင့် ဈေးကြီးတယ်ဆိုတာ သာမန်ပါပဲ။"
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်အတွက် - ငါးဆယ်မှတ်"
"အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်တွေ အသုံးပြုရန်အတွက် - သုံးရာမှတ်"
"ဒါက နည်းနည်းဈေးကြီးတာမဟုတ်ဘူး ပက်ပက်စက်စက် ဈေးကြီးတာဟ။"
ပုံမှန်အားဖြင့် ကျွင်းချောင်ရှောင်းသည် သူ၏ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြု၍ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်အား ဝယ်ယူလိုက်ချင်သည်။
သို့ပေမဲ့ ဈေးနှုန်းကိုမြင်ချိန်မှာတော့ သူသည် ထိုအကြံအစည်ကို ခဏဖယ်ရှားလိုက်ရသည်။ အလွန်အမင်းဈေးကြီးလွန်းသည်။ သူ မတတ်နိုင်ချေ။
လက်ရှိအချိန်တွင် သူသည် သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို ဝယ်ယူ၍ သောက်သုံးမည်ဆိုလျှင်တောင်မှ စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေး ပြောင်းလဲသွားရုံသာ ရှိသည်။ သူ၏အဆင့်သည် အဆင့်တက်နိုင်မှုအပေါ် ကြီးကြီးမားမား သက်ရောက်နိုင်မည် မဟုတ်ပေ။
သံမဏိကောင်းဆိုသည်မှာ ဓားပြုလုပ်ရာတွင်သာ အသုံးပြုရသည်။ သိုင်းဆရာအဆင့်သို့ တက်ရောက်နိုင်ပြီး မှ စိတ်ဝိညာဉ်အမြစ်ကား အသုံးပြုလျှင်လည်း နောက်မကျသေးချေ။
စနစ်သည် ခံစားချက်အပြည့်နှင့် ပြောလိုက်၏။ "လက်ခံသူရဲ့ ဦးနှောက်က တကယ်ကိုရှင်းလင်းတယ်။ရှုပ်ရှုပ်ထွေးထွေး ရှိမနေဘူးပဲ။"
"သိပ်မှန်တာပေါ့။"
ကျွင်းချောင်ရှောင်းသည် ဈေးကြီးလှသော အရာကို ဝယ်ရန် မေ့ထားလိုက်ပြီး ပထမဦးဆုံးအနေနှင့် အလယ်အလတ်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်အား စုရှောင်မို နှင့် ထျန်းချီတို့အတွက် နှစ်ပုလင်းဝယ်ယူလိုက်၏။
"ဒင်"
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်ရာအား အသုံးပြု၍ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် နှစ်ခုကို ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၅၁၀/၅၀၀"
သူ၏ တစ်ခုခုကို မြင်လျှင် မနေနိုင်ဘဲ ဇီဇာကြောင်တတ်သည့် အကျင့်ကြောင့် ဂိုဏ်းစုဆောင်းမှတ် တစ်ဆယ်ပိုနေသည်ကို မည်သို့မှ သည်းမခံနိုင်ချေ။
"ဒါကို ဖြုန်းပစ်ရမယ်။"
သူသည် ချက်ချင်းဆိုသလိုပဲ စတိုးအား refreshလုပ်လိုက်၏။
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၅၀၀/၅၀၀"
"ဟူး အခုမှပဲ ကြည့်လိုအဆင်ပြေသွားတော့တယ်။"
ကျွင်းချောင်ရှောင်းသည် စတိုးတွင်ပေါ်လာသော ပစ္စည်းများအား တစ်ခုချင်းစီကြည့်ရန် အချိန်မရှိချေ။
သို့ပေမဲ့ သူသည် အမှတ်တမဲ့ လှမ်းကြည့်လိုက်ချိန်မှာတော့ စတိုး၏ပထမဦးဆုံးအတန်းတွင် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ပြီးသော နဂါးစိမ်းလခြမ်းဓားမော့ ဆိုသော လက်နက်တစ်ခုအား မြင်လိုက်ရ၏။ လက်နက်သည် တုတ်တစ်ချောင်လို ဖြစ်ပြီး ထိပ် ၃ ပုံ ၁ ပုံသည် ဓားမော့ တစ်ချောင်း တပ်ဆင်ထားသည့် အသွင်မျိုးဖြစ်သည်။
"နဂါးစိမ်း လခြမ်းဓားမော့ ဟုတ်လား။ ဒါက ကွမ်ယုရဲ့ လက်နက် မဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် အမြန်အဆန်ပဲ အသေးစိတ်အချက်အလက်များကို ဝင်ကြည့်လိုက်၏။
"ပစ္စည်း - နတ်ဘုရား အဆင့်မြှင့်တင်ထားသော နဂါးစိမ်း လခြမ်းဓားမော့"
"မိတ်ဆက် - ဤလက်နက်သည် ရှစ်ဆယ့်နှစ် ဂျင် အလေးချိန်ရှိသော ကွမ်ယု၏လက်နက်ဖြစ်ပြီး များပြားလှသော စစ်ဗိုလ်ချုပ်များကို သတ်ဖြတ်ခဲ့သည့် လက်နက်လည်း ဖြစ်သည်။"
"အားအင်အဆင့် - နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ပြီးသည့်နောက်တွင် ကျင့်ကြံခြင်း လောကတွင် အသုံးပြုရန် သင့်တော်သည်။ ဓားသွားသည် ထက်ရှလွန်းပြီး အားကောင်းလှ၏။"
"အားနည်းချက် - ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို သောက်သုံးထားရန် လိုအပ်သည်။ မဟုတ်လျှင် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်မည် မဟုတ်ပေ။ထို့အပြင် ဓားမော့ ၏စွမ်းအင်သည် အသုံးပြုသူ၏အဆင့်ပေါ်တွင် သက်ရောက်သည်။”
"အထူးအစွမ်းသတ္တိ - ကွမ်ယု ၏ ဝိညာဉ်ကို ဆင့်ခေါ်နိုင်သည်။
"ကြာမြင့်ချိန် - သုံးဆယ်မိနစ်"
"ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် နှစ်ရာ"
"အဆင့်သတ်မှတ်ချက် - မသိ"
"မသိဘူးလား။"
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွားသည်။
"ဒါဘာကိုဆိုလိုတာလဲ။"
စနစ်မှပြောလိုက်သည်။ "နဂါးစိမ်း လခြမ်းဓားက အသုံးပြုသူရဲ့ ကျင့်ကြံခြင်းအဆင့်ပေါ်မှာ မူတည်ပြီး အားအင်က ပြောင်းလဲသွားတာလေ။ဒါကြောင့် တိကျသေချာတဲ့ အဆင့်ကို ပေးဖို့မဖြစ်နိုင်ဘူး။"
"ဒါက အဆင့်တိုးတက်နိုင်တဲ့ လက်နက်အမျိုးအစားလို့ ဆိုလိုတာလား။"
"ဒီလိုမျိုး သတ်မှတ်နိုင်တယ်။"
ကျွင်းချောင်ရှောင်းသည် စဉ်းစားမနေတော့ချေ။ ချက်ချင်းဆိုသလို ဝယ်ယူသည့်ခလုတ်အား နှိပ်လိုက်၏။
စတိုးအား စတင်ရှိပြီးသည့်နောက်တွင် သူသည် စဦးအအေးဓားကိုသာ ဝယ်ယူ၍ ရရှိနိုင်ခဲ့သည်။ ဤတစ်ကြိမ်မှာတော့ သူ့အနေဖြင့် ဒုတိယလက်နက်ကို ဝယ်ယူမှဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဤလက်နက်သည် ကွမ်ယုအသုံးပြုခဲ့သော လက်နက်လည်း ဖြစ်နေသည် မဟုတ်လား။ ကျိန်းသေပေါက် ဤအရာကို ဝယ်ယူမှ ဖြစ်မည်။
ထို့အပြင် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော လက်နက်လည်းဖြစ်နေ၏။
"ဒင်"
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်နှစ်ရာအား အသုံးပြု၍ နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော နဂါးစိမ်း လခြမ်းဓားမော့အား ဝယ်ယူခဲ့သည်။ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၃၀၀/၅၀၀"
ဂိုဏ်းစုဆောင်းမှတ် ခြောက်ရာ့တစ်ဆယ်တွင် သုံးရာ့တစ်ဆယ်မှာ တစ်ထိုင်တာ်းကုန်သွားပြီဖြစ်ပြီး သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များရှိလျှင် လုပ်ချင်တာကို လုပ်နိုင်ကြောင်း ကျွင်းချောင်ရှောင်း နားလည်မိသည်။
လက်ရှိအချိန်တွင် နဂါးစိမ်း လခြမ်းဓားမော့ အား ထုတ်ယူကြည့်ရှုရန် အချိန်မဟုတ်ကြောင်း သူ နားလည်လိုက်၏။ ထို့ကြောင့် သူ လက်သီးဆုပ်ကာ ပြုံး၍ ပြောလိုက်သည်။
"မဟာမိတ်ခေါင်းဆောင်ချင် …. ခုနစ်ပွဲကတော့ ပြီးသွားပြီ။ ကျုပ် မြန်မြန် အိမ်ပြန်ချင်နေပြီ။ လောင်းကြေးကို ပေးပါတော့။"
အားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။ "ငွေဆယ်သန်း"
ထိုအရာသည် များပြားလွန်းသော ပိုက်ဆံများ ဖြစ်၏။
ချင်ဟောင်ရန်၏ ဒေါသတရားသည် စကားလုံးနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားလာသည်။
အကြည့်နှင့်သာ သတ်နိုင်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အကြိမ်တစ်သောင်းလောက်ပင် သေဆုံးနေလောက်ပြီ ဖြစ်သည်။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်လိုက်၏။ "ကြည့်ရတာ မဟာမိတ်ခေါင်းဆောင်ချင်က ကတိအတိုင်း လောင်းကြေးကို မပေးချင်တဲ့ပုံပဲ။သူက ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ကော ဟုတ်ရဲ့လား။ပြီးတော့ သူက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဟုတ်တယ်နော်။"
"ကျွင်းချောင်ရှောင်း"
ချင်ဟောင်ရန်၏ မျက်လုံးများသည် မီးများတောက်လောင်နေ၏။
"မင်းနဲ့ငါနဲ့ ယှဉ်ကြရအောင်။"
လူတွေအများကြီး ကြည့်ရှုနေသည် ဆိုသောကြောင့် သူ့အနေနှင့် ရှုံးနိမ့်မှုအား လက်မခံချင်ပေ။ သူသည် ဒေါသထွက်နေသောကြောင့် ရူးသွပ်မတတ်ပင် ဖြစ်နေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်၍ သူ၏ဒေါသနဲ့ နာကျည်းချက်များကို ဖြေဖျောက်ရန် လိုအပ်နေလေသည်။
"ဒင်"
"သီးခြားတာဝန် အသက်ဝင်"
"တာဝန်လာပြီ ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် စနစ်ကား ဖွင့်ကြည့်လိုက်၏။
"သီးခြားတာဝန်မှာ ဟောင်ချီဂိုဏ်း၏ ဂိုဏ်းချုပ်အား အနိုင်ယူရန် ဝ / ၁"
"အထူးတာဝန်"
ဝမ်တုန်လင် ပြောလိုက်သည်။ "မဟာမိတ်ခေါင်းဆောင်ချင် … ခင်ဗျားက သိုင်းစစ်သူကြီးအဆင့်လေ ။ သိုင်းတပည့်တစ်ယောက်ကို စိန်ခေါ်တယ်ဆိုတာက နည်းနည်း အနိုင်ကျင့်လွန်းရာ မကျဘူးလား။"
ကျွင်းချောင်ရှောင်းသည် တော်ဝင်ဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ်ရှမ်းတုံအား ချင်းယန်မြို့၏ သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် တိုက်ခိုက်အနိုင်ယူခဲ့စဉ်က မဟာမိတ်ခေါင်းဆောင်ချင်သည် သိုင်းဆရာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ခဲ့၏။ သို့ပေမဲ့ သူသည် စိတ်ဝိညာဉ်စမ်းချောင်းတောင်သို့ မသွားခဲ့မှာပဲ အဆင့်ချိုးဖျက်၍ သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏နေကာမျက်မှန်မှတစ်ဆင့် မဟာမိတ်ခေါင်းဆောင်ချင်သည် သိုင်းစစ်သူကြီး ပထမအဆင့်ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။
အရမ်း အားမကောင်းလွန်းပေ။ ထို့ကြောင့် လက်ခံ၍ ရနိုင်၏။
"ဟမ့်"
ကျွင်းချောင်ရှောင်း အေးစက်စက်ပြောလိုက်သည်။
"အကြီးအကဲဝမ် …. ဂိုဏ်းချုပ်ကျွင်းက ကျုပ်ရဲ့ဟောင်ချီဂိုဏ်းကိုလာပြီး စိန်ခေါ်တာလေ။ဒီတော့ ကျုပ်က သူနဲ့တိုက်ခိုက်ဖိ့ု ပြောဆိုတာ ဘာများမှားနေလို့လဲ။"
ထိုအရာသည် မမှားယွင်းချေ။ ထို့ကြောင့် ဝမ်တုန်လင်သည် ငြိမ်သက်သွား၏။
အိုက်ရှန်းရီသည် အသံတီးတိုးပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း … ဒီစိန်ခေါ်မှုကို ခင်ဗျားငြင်းလို့ရတယ်။"
"ဟုတ်တယ်။"
မြို့တော်ဝန်ရှဲ့ က ပြောလိုက်သည်။
"ခင်ဗျားရဲ့ သံမဏိအရိုးဂိုဏ်းက ဟောင်ချီဂိုဏ်းကို ခုနစ်ပွဲ သုညနဲ့ အနိုင်ယူပြီးသွားပြီ။ ဒီတော့ ဒါက အောင်မြင်မှုကြီးကြီးမားမားရတယ်လို့ ဆိုရမယ်။ဒီစိန်ခေါ်မှုကို လက်မခံရင်တောင်မှ ဘယ်သူမှ ဘာမှ ပြောလို့မရဘူး။"
နှစ်ယောက်သားသည် ကောင်းမွန်သော စိတ်ဆန္ဒဖြင့် အကြံပေးနေကြ၏။
ထို့အပြင် သိုင်းစစ်သူကြီးအဆင့်သည် အလွန်အမင်းအားကောင်းလွန်းသည်။ သိုင်းတပည့်တစ်ယောက်အနေနှင့် အနိုင်ယူရန် မဖြစ်နိုင်ချေ။
"ဂိုဏ်းချုပ်"
ရီရှင်းချန်သည် ဂိုဏ်းချုပ်အနားသို တိုးလာပြီး တီးတိုးပြောလိုက်၏။ "ငြိမ်ငြိမ်နေတာ ပိုကောင်းမယ်နဲ့တူတယ်။"
အစစ်အမှန် မာနကြီးလွန်းလှသော ညအင်ပါယာပင်လျှင် ထိုသို့ ပြောနေသည်ဆိုမှတော့ သိုင်းတပည့်အဆင့်နှင့် သိုင်းစစ်သူကြီးကြား ကွာခြားမှုသည် အလွန်အမင်းကြီးမားသည်ဟု အားလုံးမြင်သာပေလိမ့်မည်။
ထိုအရာသည် တိုက်ခိုက်ရေးစွမ်းရည်များ အတွေ့အကြုံများနှင့် ဆုံးဖြတ်၍ ရသည့်အရာမဟုတ်ပေ။
"ဂိုဏ်းချုပ်ကျွင်း မဟာမိတ်ခေါင်းဆောင်ချင်ရဲ့ စိန်ခေါ်မှုကို ဘာလို့လက်မခံတာလဲ။"
"တပည့်တွေကိုကျ ခေါ်လာတယ်။ကိုယ်ကိုယ်တိုင်ကျ တိုက်ခိုက်ဖို့ သတ္တိမရှိဘူးနဲ့တူတယ်။"
"တကယ်တမ်းစိန်ခေါ်မှုတွေ လုပ်ပြီဆိုရင် ဂိုဏ်းချုပ်ကျွင်းတိုက်ခိုက်တာ ပိုပြီးကောင်းတယ်မဟုတ်လား။"
ဤအချိန်မှာတော့ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ဂိုဏ်းချုပ်များသည် တစ်ယောက်တစ်ပေါက်နှင့် စတင်၍ ကျယ်ကျယ်လောင်လောင် ဝေဖန်လိုက်ကြတော့သည်။
ကြည့်ရသည်မှာ သံမဏိအရိုးဂိုဏ်း၏ တပည့်ခုနစ်ယောက်သည် သူတို့မျက်နှာအား ပိတ်ရိုက်ခဲ့ခြင်းအပေါ်တွင် မကျေနပ်ကြပုံပင်။
ဟောင်ချီဂိုဏ်း ခုနစ်ပွဲ သုညဖြင့် ရှုံးနိမ့်ခဲ့ခြင်းသည် မဟာမိတ်အဖွဲ့၏ ဂိုဏ်းချုပ်များအတွက် ပါးပိတ်ရိုက်ခံရသလို ခံရခက်စေသည်။
ထို့ကြောင့် သူတို့အနေနှင့် ဒီတစ်ကြိမ်တွင် ကျွင်းချောင်ရှောင်းအား မဟာမိတ်ခေါင်းဆောင်ချင်နှင့် တိုက်ခိုက်စေချင်နေ၏။
ထိုမှသာလျှင် မဟာမိတ်ခေါင်းဆောင်ချင် ကျွင်းချောင်ရှောင်းကို ပက်ပက်စက်စက် ရိုက်နှက်နေသည်ကို သူတို့ကြည့်ရမည် မဟုတ်လား။
ထိုသူတွေ မည်သို့တွေးတောနေသည် ဆိုသည်ကို မြို့တော်ဝန်ရှဲ့ ကောင်းကောင်းသိသည်။ ထို့ကြောင့် သူ အလောတကြီးဖြင့် အကြံပေးလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း စိန်ခေါ်မှုကို လက်မခံနဲ့။လောင်းကြေးကိုယူပြီး သံမဏိအရိုးဂိုဏ်းဆီ ပြန်ကြတာ အကောင်းဆုံးပဲ။"
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်၏။ ပြီးနောက်ပြောလိုက်သည်။ "မဟာမိတ်ခေါင်းဆောင်ချင် ….. ကျုပ် ဒီစိန်ခေါ်မှုကို လက်ခံနိုင်တယ်။ ဒီတော့ ကျုပ်တို့ အနိုင်ရရှိသူ ဘယ်သူဖြစ်မယ်ဆိုတာကို လက်နက်တွေသုံးပြီး တိုက်ခိုက်ကြတာပေါ့ ဘယ်လိုထင်လဲ။"
မြို့တော်ဝန်ရှဲ့သည် မူးနောက်နောက်ပင် ဖြစ်သွား၏။ စိန်ခေါ်မှုကို လက်ခံရုံတွင်မက လက်နက်များ ထုတ်သုံးရန်ပင် အဆိုပြုခဲ့သေးသည်။
တော်ရုံတန်ရုံ ရူးရုံနှင့် မလုံလောက်ဘူးဟု ထင်နေသည်လား။
"လက်နက်တွေသုံးမယ် ဟုတ်လား။" ချင်ဟောင်ရန် ဆွံအသွားသည်။ ချက်ချင်းပဲ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း လက်နက်တွေမှာ မျက်စိမရှိဘူးနော်။ကျုပ်က ဂိုဏ်းချုပ်ကျွင်းကို ထိခိုက်မိမှာ စိုးရိမ်မိလို့။"
"သိုင်းပညာရှင်တွေအတွက် ထိခိုက်ဒဏ်ရာရတယ်၊ သွေးထွက်တယ်ဆိုတာ သာမန်ပဲ မဟုတ်လား။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
"ကောင်းပြီ။" ချင်ဟောင်ရန် ပြောလိုက်သည်။ "ဒီတော့ လက်နက်တွေသုံးပြီး တိုက်ကြတာပေါ့။"
ပြောနေတုန်းမှာပဲ သူသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ လှမ်းလျှောက်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် သူ့အား လှမ်းတား၍ ပြုံးကာ ပြောလိုက်သည်။
"ခေါင်းဆောင်ချင် တစ်ခုခု မတော်တဆ ဖြစ်သွားမှာ စိုးရတယ်။ ဒီတော့ လောင်းကြေးငွေကို အရင်ဆုံးပေးထားတာ ပိုကောင်းမယ်။"
ချင်ဟောင်ရန်၏ မျက်နှာသည် ရုတ်တရက်ဆိုသလိုပဲ တင်းမာခက်ထန်သွား၏။
ငွေဆယ်သန်း။
ထားလိုက်တော့ ထားလိုက်တော့ ပေးဆိုမှတော့ ပေးရမှာပေါ့။ဒီပိုက်ဆံတွေကို ဒီကောင်လေးရဲ့ လက်နှစ်ဖက်ကို ဝယ်ယူလိုက်တာလို့ သဘောထားလိုက်မယ်။