← Chapters

အခန်း (၁၅၈)

Vol. 11 Ch. 158

အခန်း (၁၅၈)

Vol. 11 Ch. 158

သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အပြင်ဘက်ဆီမှာတော့ အားလုံးသည် ချင်ဟောင်ရန်တစ်ယောက် များပြားလှသော ငွေလွှဲလက်မှတ်များ သယ်ဆောင်လာည်ကို ကြည့်မိနေကြ၏။

ငွေလွှဲလက်မှတ်များမှာ များပြားလွန်းသောကြောင့် သူ့နောက်တွင် ရှိသော များပြားလှသော တပည့်များကပါ အသီးသီး သယ်ဆောင်လာကြရ၏။

ငွေဆယ်သန်း။

ဤအရာသည် များပြားလှသော ငွေပမာဏပင် ဖြစ်သည်။

"မဟာမိတ်ခေါင်းဆောင်ချင်းက စကားတည်တဲ့လူတစ်ယောက်ပဲ။ဒါ့ကြောင့် ချီးကျူးမိတယ်။ ဒါပေမဲ့ အခု ပိုက်ဆံကို ကိုင်ထားတဲ့လက်ကို လွှတ်လို့ မရဘူးလား။"

ချင်းဟောင်ရန်သည် ပိုက်ဆံကို ကမ်းပေးလိုက်သည်ဆိုသော်လည်း သူ၏ လက်မှာတော့ ပိုက်ဆံအားမလွှတ်သေးချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် ငွေလွှဲလက်မှတ်အား ဆွဲယူ၍ မရချေ။

သူ၏ မျက်နှာပေါ်တွင် ကြွက်သားများ တုန်ယင်နေသည်ကို ကြည့်လိုက်သည်နှင့် စိတ်ထဲတွင် အပြင်းအထန် နှလုံးကွဲမတက်ခံစားနေရသည်ကို မြင်နိုင်သည်။

ဟောင်ချီ ဂိုဏ်းတွင် မည်သည့် စီးပွားရေး လုပ်ငန်းမှ ရှိသည်မဟုတ်ပေ။

သူတို့အနေနှင့် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဆိုသည့် ဂုဏ်ပုဒ်ကိုအသုံးပြု၍ အပိုဝင်ငွေ အနည်းငယ်ကိုသာ ရှာဖွေနိုင်ခဲ့သည်။ သူတို့သည် ဤကဲ့သို့သော ပိုက်ဆံရဖိုအတွက် အလွန်အမင်း ကြိုးစား၍ သေသေချာချာ ကျစ်ကျစ်လစ်လစ် စုဆောင်းထားခဲ့ရခြင်း ဖြစ်၏။

လက်ရှိအချိန်မှာတော့ ဤစုဆောင်းထားခဲ့သော ပိုက်ဆံများ အားလုံးသည် ကျွင်းချောင်ရှောင်းဆီသို့ ပါသွားခဲ့ပြီဖြစ်သည်။

သို့ပေမဲ့ ပိုက်ဆံက အရေးကြီးသလား။ ဂုဏ်သိက္ခာက အရေးကြီးသလား။

ချင်ဟောင်ရန်၏ ကိုယ်ရည်ကိုယ်သွေးအရ ဂုဏ်သိက္ခာဆိုသည်မှာ ပို၍ အရေးကြီး၏။

သူ၏ နှလုံးသားထဲတွင် မည်သို့မှ မခံစားနိုင် ဖြစ်မိနေသော်လည်း လက်ကို လွှတ်ပေးလိုက်မိ၏။

ကျွင်းချောင်ရှောင်းသည် ငွေလွှဲလက်မှတ်များအား ယူလိုက်၏။

မဟာမိတ်ခေါင်းဆောင်ချင်းသည် သူ၏ခံပြင်းစိတ်များကို အသာဖိနှိပ်၍ လှည့်ထွက်သွားလိုက်သည်။

ဤအတိုင်းသာ ဆက်ကြည့်နေမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ လက်ထဲမှ ပိုက်ဆံများကို လျစ်လျူမရှုနိုင်ဘဲ လုယူလိုက်မိမည်ကိုပင် စိုးရိမ်ရသည်။

သူ အလွန်အမင်း နောင်တရလျက်ရှိသည်။

အခြေအနေကို နောက်ပြန်ဆုတ်၍သာ ရမည်ဆိုလျှင် သူ့အနေနှင့် တိုက်ခိုက်ရာ၌ မည်သည့်လောင်းကြေးမှ ထည့်သွင်းမည် မဟုတ်ချေ။

ထိုသို့ လောင်းကြေးများ ထည့်သွင်းရန် အကြံပြုသူမှာလည်း သူပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ထိုကိစ္စအား တစ်ချက်လေးတောင်မှ မစဉ်းစားခဲ့ဖူးချေ။

ဆိုရမည်ဆိုလျှင် သူ့အနေနှင့် ကိုယ့်သေတွင်းကို တူး၍ ကိုယ်ဘာသာပျော်ပျော်ရွင်ရွင်နှင့် ခုန်ချခဲ့သည်ဟုပင် သတ်မှတ်ရမည်။

သူ့အား မည်သူမှ ဆွဲချခဲ့သည် မဟုတ်ချေ။

လူအများအပြား၏ အကြည့်အောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ လက်ညိုးနဲ့ လက်မအား တံတွေးဆွတ်၍ ငွေလွဲလက်မှတ်များကို အပီအပြင် ထိုင်၍ ရေလိုက်၏။

ငွေဆယ်သန်းဖြစ်ကြောင်း အတည်ပြုပြီးနောက်မှာတော့ သူ သည် ပြုံး၍ ငွေလွှလက်မှတ်များအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။

သူသည် ဂိုဏ်းစုဆောင်းမှတ်များကို ရှာဖွေနိုင်ခဲ့ရုံသာမက ပိုက်ဆံများကိုလည်း ရှာဖွေနိုင်ခဲ့သည်။ ဟောင်ချီဂိုဏ်းသို့ လာသည့်ခရီး သည် သူ့အနေနှင့် အရိုးသားဆုံး ပြောရမည်ဆိုလျှင် အလွန် ထိုက်တန်သည်ဟုဆိုရမည်။

အနောက်တွင် ရှိသော လီချင်းယန်သည် စတင်၍ စဉ်းစားလိုက်၏။

ဂိုဏ်းချုပ်၏ လက်ထဲတွင် များပြားလှသော ပိုက်ဆံများ ရှိနေပြီဖြစ်သောကြောင့် သူ့အနေနှင့် ဂိုဏ်းအား ပြန်လည်ပြင်ဆင်ရပေလိမ့်မည်။

ပြန်ရောက်သွားလျှင် ဂိုဏ်းအား မည်ကဲ့သို့ တည်ဆောက်ရမည်ဆိုသည့်ကိစ္စများအား သူ ယခုအချိန်ကတည်းက ကြိုတင်၍ စဉ်းစားပြီးပြီဖြစ်၏။

ဂိုဏ်းချုပ်ကျွင်း၏ စီစဉ်မှုမပါဘဲနှင့် လီချင်းယန်သည် ထိုကဲ့သို့ပင် ဂိုဏ်းအတွက် စတင်၍ တွေးတောတတ်နေပြီဖြစ်သည်။

ထို့ကြောင့် လီချင်းယန်သည် ဂိုဏ်းချုပ်ကျွင်း၏ ယုံကြည်ချက်ကို ရရှိသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။

ချင်ဟောင်ရန်သည် နှလုံးသွေးတစ်စက်စက် ကျလျက် တိုက်ခိုက်ရေး စင်မြင့်ပေါ်သို့ တက်လာမိသည်။ သူသည် ခန္ဓာကိုယ်ထဲတွင် ရှိသော ဒေါသများကို ထုတ်လွှတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ အခု တိုက်ခိုက်လို့ရပြီလား။"

တပည့်များသည် ရှုံးနိမ့်ခဲ့၏။ သူသည် သူ၏ဂုဏ်သိက္ခာကို ရှုံးနိမ့်သည့်အပြင် ငွေဆယ်သန်းလည်း ရှုံးနိမ့်ခဲ့သေး၏။ ဤလိုအချိန်တွင်တောင်မှ သူဆက်၍ ပြုံးနေနိုင်မည်ဆိုလျှင် မွန်းစတားတစ်ကောင်၊ လူထူးဆန်း တစ်ယေက် ဖြစ်နေပေလိမ့်မည်။

"တိုက်ခိုက်မယ်လေ။" ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်၏။

သူ စင်မြင့်ပေါ်သို့ တက်ခါနီးမှာတော့ မြို့တော်ဝန်ရှဲ့က အကြံပေးလိုက်၏။

"ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး ပြန်စဉ်းစားပါအုံး။"

"ဟုတ်တယ်။" အိုက်ရှန်းရီသည် လေးလေးနက်နက် ပြောလိုက်၏။ "မဟာမိတ်ခေါင်းဆောင်ချင် က အခုအချိန်မှာ လုံးဝ ဒေါသထွက်နေသည်။ ဒေါသထွက်ရင်းနဲ့တိုက်ရင် ဆိုးဝါးတဲ့အရာတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ထင်တယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ခင်ဗျားတို့နှစ်ယောက်ကို အခုလို ပူပန်ပေးတဲ့အတွက် ကျုပ်က အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ စိတ်ချပါ။ စိန်ခေါ်မှုကို လက်ခံလိုက်ပြီဆိုကတည်းက ယုံကြည်မှု ရှိလို့လေ။"

ဤကဲ့သို့သော ယုံကြည်မှုသည် သိုင်းတပည့်တစ်ယောက်အနေနှင့် သိုင်းစစ်သူကြီးတစ်ယောက်ကို တက်၍ တိုက်ခိုက်သော ယုံကြည်မှုလေလား။ ထို့အပြင် လက်နက်ချင်း ယှဉ်ပြိုင်ရသည့် တိုက်ခိုက်မှုလည်း ဖြစ်နေ၏။

ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သကဲ့သို့ ချင်ဟောင်ရန်၏ ဂိုဏ်းအဆင့်သည် မနိမ့်ကျသောကြောင့် သူ့အနေနှင့် အလယ်အလတ်အဆင့် လက်နက်တစ်ခုခု ရှိနေမှာ သေချာ၏။

ကျင့်ကြံခြင်းအဆင့်ကလည်း နိမ့်ကျသေး၏။ လက်နက် ကလည်း မယှဉ်သာပေ။

မြို့တော်ဝန်ရှဲ့ နှင့် အိုက်မိသားစုခေါင်းဆောင်တို့သည် ထိုသို့သော ဂိုဏ်းချုပ်ကျွင်း၏ ယုံကြည်မှု မည်သည့်နေရာမှ ရောက်လာကြောင်း သေချာရှာဖွေတွေးကြည့်၍လည်း မရချေ။

"ဂိုဏ်းချုပ်ကျွင်း ကြောက်နေတာလား။အခုချိန်မှာနောင်တရလို့ မရတော့ဘူးနော်။"

မဟာမိတ်ဂိုဏ်းမှ ဂိုဏ်းချုပ်တို့သည် ဝိုင်းဝန်လှောင်ပြောင်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် ထိုသူများအားလုံးကို လျစ်လျူရှု၍ စင်မြင့်ပေါ်သို့ တက်လိုက်သည်။

“သူ့ဆီက ထွက်လာတဲ့ အော်တာတွေအရဆိုရင် ဂိုဏ်းချုပ်ကျွင်းက အများဆုံး သိုင်းတပည့် ထပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။သူ့အနေနဲ့ မဟာမိတ်ခေါင်းဆောင်ချင် လို သိုင်းစစ်သူကြီးတစ်ယောက်ကို တိုက်ခိုက်ရဲတယ်ဆိုတော့ ရဲရင့်တယ်လို့ ပြောရမယ်။"

"မဟာမိတ်ခေါင်းဆောင်ချင်းက အစောပိုင်းပွဲတွေ အကုန်ရှုံးနိမ့်ခဲ့တယ်။ ဒီတော့ ဂိုဏ်းချုပ်ကျွင်းကို စပြီးတော့ စိန်ခေါ်မှာပဲ။ ဒါမှပဲ သူ့ရဲ့ ဟောင်ချီဂိုဏ်းအတွက် ဂုဏ်သိက္ခာပြန်ရမှာ မဟုတ်လား"

"ဓားတွေမှာ မျက်စိမရှိဘူး။သွေးထွက်သံယိုတွေ ဖြစ်လာမှာတောင် စိုးရိမ်မိတယ်။"

ကြည့်ရှုနေကြသော ပရိတ်သတ်များကလည်း ဆွေးနွေးလျက်ရှိ၏။

ဟောင်ချီဂိုဏ်းသည် ဂုဏ်သိက္ခာနှင့် ပိုက်ဆံများအား ဆုံးရှုံးခဲ့ပြီးဖြစ်၏။

ထို့ကြောင့်ချင်ဟောင်ရန်အနေနှင့် စိတ်လွတ်၍ ကျွင်းချောင်ရှောင်းကို သတ်ပစ်သည့် အလုပ်ကိုပင် လုပ်နိုင်လောက်သည်။

သူတို့သည် ခေါင်းဆောင်ချင်းအား စည်းမျဉ်းများ ချိုးဖောက်၍ လူသတ်သည့် အလုပ်ကို လုပ်မည်ဟု သတ်မှတ်ကြခြင်း မဟုတ်ပေ။

သို့ပေမဲ့ နှလုံးသားထဲတွင် ခံစားနေရသော ဒေါသအဟုန်များပြားနေသောကြောင့် တောင်ပြာဂိုဏ်းနှငိ့ အိုက်မိသားစုက ကြည့်ရှုနေသည်ဆိုလျှင်တောင်မှ မဟာမိတ်ခေါင်းဆောင်ချင်းသည် ကျွင်းချောင်ရှောင်းအား မသတ်ပစ်နိုင်တောင်မှ ခြေလက်တော့ ဖြတ်ပစ်မှာ သေချာ၏။

ခြေလက်များသည် ပြတ်တောက်သွားလျှင် ပြန်လည်တပ်ဆင်၍ ရသည့်အရာမျိုး မဟုတ်ပေ။

ထိုအရာသည် ကျွင်းချောင်ရှောင်း၏ ကျင့်ကြံခြင်း ခရီးစဉ်ကိုလည်း သက်ရောက်မှု ဖြစ်စေလိမ့်မည်။

ချင်ဟောင်ရန်သည် လမ်းလျှောက်ထွက်လိုက်၏။ ပြီးနောက် သူ၏ လက်များကို ဖြန့်ကာ တည်နေရာတစ်ခုဆီ လက်လှမ်းလိုက်သည့် အချိန်မှာတော့ လေထဲတွင် ကြီးမားလှသော ကျိုင်းတုတ်ကြီးနှစ်ခု ပေါ်လာခဲ့၏။

ထိုကျိုင်းတုတ်များသည် ရွှေရောင်အလင်းများ တောက်ပလျှက်ရှိပြီး လက်ကိုင်ပေါ်တွင် ဖန်းဟုသော စာလုံးကို ရေးသားထား၏။

"ဆရာဖန်း လုပ်ထားတဲ့ လက်နက်လား။" အားလုံးထအော်လိုက်မိ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အတော်ဆုံး ပန်းပဲဆရာပြုလုပ်ထားသော လက်နက်သည် အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်လိုက်သည်မှာ သေချာ၏။

"ဆရာဖန်းက အဓိကအားဖြင့် ဓားနဲ့ ဓားမော့ တွေကိုပဲ ပြုလုပ်တာ။သူ့တစ်သက်မှာသူက ကျိုင်းတုတ်တွေကို အနည်းငယ်ပဲ လုပ်ခဲ့ဖူးတယ်။" သိုင်းပညာရှင်တစ်ယောက်က ထအော်လိုက်သည်။

"ဒါက အထက်အဆင့် ဝိညာဉ်တုန်ခါခြင်း ကျိုင်းတုတ်နဲ့တူတယ်။" အားလုံး၏ မျက်လုံးများသည် မနာလိုမှုများနှင့် ပြည့်နက်သွားတော့သည်။

ဆရာဖန်း ပြုလုပ်ထားသော လက်နက်တစ်ခုခု ရရှိရန်ဆိုသည်မှာပင် တစ်ဘဝလုံး ကြိုးစားမှု ရရှိပေလိမ့်မည်။

ခေါင်းဆောင်ချင် ဆီမှာတော့ အဆင့်မြင့် လက်နက်တစ်ခု ရှိနေ၏။

ဝမ်တုန်လင် ပြောလိုက်သည်။ "ဒါက နှစ်တစ်ထောင် သံမဏိသားကို အသုံးပြုပြီး ထုလုပ်ထားတဲ့ လက်နက်ကြီးတစ်ခုပဲ။ စိတ်ဝိညာဉ်စွမ်းအင်တွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီအရာက ဝိညာဉ်တွေကို တုန်ခါ‌စေနိုင်စွမ်းရှိတယ်။ လက်နက်ချင်း ထိခိုက်မယ်ဆိုရင် ထိုအရာက ရန်သူရဲ့ စိတ်ကို တုန်ခါထိခိုက်စေတယ်။ ဒါ့ကြောင့် ဒါကို ဝိညာဉ်တုန်ခါခြင်း ကျိုင်းတုတ်လို့ ခေါ်တာ ။"

သူ့အနေနှင့် သူ့ကိုယ်သူ ပြောနေခြင်းပုံပေါက်သည်ဆိုသော်လည်း တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းအား လက်နက်၏ သဘောသဘာဝကို နားလည်စေရန် ပြောပြနေခြင်းပင် ဖြစ်၏။

တစ်ဖက်လူသည် အဆင့်မြင့် လက်နက်ကို ထုတ်ဖော်လိုက်ပြီး ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ထိုအချက်နှင့်ပင် ရှုံးနိမ့်နေပြီဖြစ်၏။

လက်နက်ချင်းယှဉ်ပြီး ထိခိုက်မိမယ်ဆိုလျှင် ဝိညာဉ်တုန်ခါမှုကိုပင် ခံစားရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည်လည်း သူ့ဘာသာ စဉ်းစားလိုက်မိသည်။ "ဒီဝိညာဉ်တုန်ခါခြင်းကျိုင်းတုတ်က ဝေရင်နုရဲ့ နဂါးစိမ်းဓားမော့ထက် အများကြီး ပိုပြီး အားကောင်းတာပဲ။"

"ဂိုဏ်းချုပ်ကျွင်း …."

ချင်ဟောင်ရန်သည် ထူးမခြားနားသလို ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ခင်ဗျားရဲ့ လက်နက်ကို ထုတ်ပါ။"

ကျွင်ချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ပြီးနောက် သူ၏ ညာဘက်လက်ကို ဖြန့်တန်း၍ တည်‌နေရာတစ်ခုဆီ လက်လှမ်းလိုက်တော့၏။

တည်နေရာတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီး ရှည်လျားလှသော လက်နက်တစ်ခုသည် လေထဲ၌ ပေါ်လာတော့သည်။

နှစ်မီတာလောက် ရှည်လျားလှသော ကြီးမားလှသည့် ဓားမော့တစ်ခုဖြစ်ပြီး လက်နက်၏ သုံးပုံ တစ်ပုံသည် ဓားမော့ဖြစ်ကာ ကျန်သည့် အစိတ်အပိုင်းများက လက်ကိုင်ဖြစ်၏။

ကျွင်းချောင်ရှောင်း သည် လက်နက်အား အပေါ်သို့ ဆွဲမလိုက်သည်။

သို့ပေမဲ့ ဓားမော့သည် အပေါ်သို ကြွတက်မလာပေ။ သူသည်သာ အောက်ဘက်သို့ ငိုက်ကနဲ ဖြစ်သွားမိ၏။

ဓားမော့သည် တောင်ကြီးတစ်တောင်ကို မ ရသကဲ့သို့ပင် ခက်ခဲနေသည်။ သူ့အနေနှင့် တစ်စက်ကလေးမှ ရွေ့အောင် မ မနိုင်ချေ။

"ထူးဆန်းလိုက်တာ။ငါ အားသုံးတာများ နည်းလို့လား။"

ကျွင်းချောင်ရှောင်းသည် အကြိမ်အနည်းငယ်ထပ်၍ ကြိုးစား၍ မကြည့်လိုက်၏။ သို့ပေမဲ့ ဓားမော့သည် မြေပေါ်မှာ စိုက်ထားသကဲ့သို့ပင် တည်ငြိမ်စွာရှိနေသည်။ သူ့အနေနှင့် မည်မျှကြိုးစားကြိုးစား ဓားမော့အား ကြွလာအောင် မ၍ မရနိုင်ချေ။

ဝမ်တုန်လင် “…..”

အိုက်ရှန်းရီ “.....”

…..

ဂရူး ….. ဂရူး။

ကောင်းကင်ပေါ်၌ ကျီးကန်းများ ဖြတ်သန်းသွားသည်။ အခြေအနေတစ်ခုလုံးသည်လည်း ကြောင်တောင်တောင် နိုင်နေ၏။

များပြားလှသော လူများ၏ ရှေ့တွင် သူသည် သူ၏ ကိုယ်ပိုင်လက်နက်ကိုပင် မ မနိုင်ချေ။

ဘယ်လောက် ကျက်သရေ တုံးလိုက်သနည်း။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ အော်ဟစ်လိုက်၏။ "ဘာတွေဖြစ်နေတာလဲ"

စနစ်သည် သူ့အား ရင်နာအောင် လုပ်လိုက်ပြန်သည်။ "နဂါးစိမ်းလခြမ်းဓားမော့က အဆင့်သက်မှတ်ချက်မရှိဘူး။ ဒီတော့ ဒါကို ကိုင်ပြီးသုံးမယ်ဆိုရင် အားအင်တွေက အများအပြား လိုအပ်လိမ့်မယ်။ လက်ခံသူအနေနဲ့ ဒါကို သုံးဖို့အတွက် လုံလောက်တဲ့ အရည်အချင်းမရှိဘူးလို့ ဆိုရမယ်။"

"ချီးတဲ့မှ …"

ထိုအချိန်မှာပဲ ချင်ဟောင်ရန်သည် သူ၏ လက်ထဲမှ ကျိုင်းတုတ်ကြီး နှစ်ခုထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်၏။

ကျွင်းချောင်ရှောင်းသည် မျက်လုံး ပြူးသွားသည်။

"ချီးထဲမှ။"

ဘုန်း။

All Chapters