အဘိုးရဲ့ စာအုပ်များစုစည်းမှု
Vol. 9 Ch. 124
"ရှန်းနဲ့ ကျိုးမင်းဆက်က ဧကရီရှစ်ကျီက မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ပူဇော်ခံလာတဲ့ ကျောက်တုံးကြီးပေါ့... မင်မင်းဆက်ရဲ့ စစ်သည်တွေက ဒီကျောက်တုံးကို ဘိုးဘွားနယ်မြေကနေ ရှန်ကျိုးကို ဘာလို့ သယ်လာတာလဲ"
ချန်ရှီ တိမ်တိုက်များကြားက မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများ၊ အဝေးမှ မှောင်မဲနေသော တိမ်များကို လှမ်းကြည့်ရင်း တွေးနေသည်။
"ကျီဆိုတာက ရေဘေးမှာရပ်နေတဲ့ ကျောက်ရုပ်ပါ.... ဧကရီရှစ်ကျီက ရေဘေးမှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကျောက်ဆင်းတုပဲ ဖြစ်လိမ့်မယ်..... သူမရဲ့ မူလအစက ဘာလဲ ဘာလို့ ခေါင်းပဲ ကျန်နေခဲ့တာလဲ ဘုရင်ကျန်းက ဘာကြောင့် သူမခေါင်းကိုပဲ ရတနာသင်္ဘောပေါ် တင်လာခဲ့တာလဲ?"
"ဒီကျောက်တုံးက ဘိုးဘွားပိုင်မြေကို ပြန်ရောက်နိုင်တာနဲ့ ဆက်စပ်နေမလားဘဲ... အဘိုးက ဘာလို့ ကျောက်တုံးတစ်ဝိုက်မှာ အစီအရင် ထပ်ပြီး ဖန်တီးခဲ့တာလဲ... ဘာလို့ အဲဒီကျောက်တုံးကို မယူသွားတာလဲ"
သစ်သားတွန်းလှည်းက အဖုအထစ်တွေ ဖြစ်နေပြီမလို့ သူ့ခန္ဓာကိုယ်က ဘီးအဖုအထစ်အတိုင်း ယိမ်းနွဲ့နေသည်။ သူ့ဘေးနားက ဖီဖာစောင်း ကိုင်ထားတဲ့ ကောင်မလေးကလည်း တုန်ခါနေပြီး ခေါင်းကို ဘေးဘက်ကို စောင်းကာ မသိစိတ်အလျောက် သူ့ပုခုံးပေါ် ခေါင်းတင်လိုက်၏။
ချန်ရှီ ကောင်မလေး ခန္ဓာကိုယ်မှ ထွက်လာသော ကိုယ်သင်းနံ့ကို အနံ့ခံလိုက်သည ။
မနက်မိုးလင်းတုန်းက ကောင်မလေးက မျက်နှာမှာ အနီရောင်နဲ့ မျက်နှာချေမှုန့် လိမ်းထားတာတော့ မျက်နှာက အရမ်းကြည့်ကောင်းပေမဲ့ နှင်းဆီရောင်လေး သမ်းနေသည်။
"ဟက်ချိုး!"
သူ့ပုခုံးပေါ်က မိန်းကလေးရဲ့ ဆံပင်တွေကြောင့် သူ့နှာခေါင်းတွေ ယားယံလာပြီး နှာချေမိသွားသည်။ သူ့ပခုံးပေါ်က မိန်းကလေးက မနိုးသေးပေမယ့် မျက်လုံးတစ်ဖက်ကို တိတ်တဆိတ်ဖွင့်ကာ ချန်ရှီကို တိတ်တဆိတ် စိုက်ကြည့်ပြီးနောက် ဆက်အိပ်နေလိုက်တော့သည်။
ဒါပေါ့။ ဒါဟာ ဟန်ဆောင် အိပ်စက်ခြင်းပါပဲ။
သို့သော် သူမသည် ဘီးလှုပ်ခါနေတဲ့ အကြားမှ ဖြည်းဖြည်းချင်း အိပ်ပျော်သွားကာ သူမ လည်ပင်းကို အတန်ကြာအောင် စောင်းထားရတာကြောင့် ညည်းညူလိုက်သည်။
ဟွမ်ဖောကျေးရွာသို့ ပြန်ရောက်ပြီးနောက် ချန်ရှီ ခရီးဆက်မသွားခဲ့ပေ။
သူသည် နေ့တိုင်း လေ့ကျင့်ခြင်း၊ ကန့်ညောင်ကို ပူဇော်ခြင်း၊ ကျူးရှို့ချိုင်ဆီက စာပေစကားများကို နားထောင်ခြင်းတွေသာ လုပ်ခဲ့သည်။ သို့သော် ယခု တစ်ခေါက် ပြန်လာပြီး စာအုပ်များဖတ်ရန် အရှေ့ခန်းသို့ ဝင်သွားလေ၏။ သူ့မှာ နောက်ထပ် လုပ်စရာ တစ်ခု ရှိနေပြီ။
ချန်မိသားစု၏ အရှေ့ဘက်တောင်ပံ အခန်းသည် အပျက်အစီးများ သိမ်းဆည်းထားသည့် နေရာဖြစ်သည်။ တစ်နှစ်ပတ်လုံး ဘယ်သူမှ ဝင်မသွားတာကြောင့် မှောင်မိုက်နေပြီး အေးစိမ့်နေသည်။ နွေဦးပွဲတော် မတိုင်မီနှင့် အပြီးတွင် အဘိုးက ကြွက်များနှင့် အင်းဆက်ပိုးမွှားများကို မောင်းထုတ်ရန် ဤနေရာ၌ ကြောက်စရာကောင်းသော အဆောင်လက်ဖွဲ့များကို ထားလိမ့်မည်။
ချန်ရှီသည် ငယ်ငယ်က စုဆောင်းထားခဲ့သော "ရတနာများ" ကို ရှာဖွေရင်း ဤအခန်းထဲ ရောက်ဖူးခဲ့သေးသည်။
ကလေးဘဝတုန်းက ကစားစရာအရုပ်တွေ အများစုဟာ စုတ်တံ၊ မှင်ကျောက်များ၊ ပြောင်လတ်နေသော စုတ်တံကိုယ်ထည်၊ မှတ်စုများနှင့် အခြားအရာများသာ ဖြစ်သည်။ သူငယ်ငယ်က ဝတ်ခဲ့တဲ့ အဝတ်ဟောင်းတွေတောင် ရှိသေး၏။
"ကျွန်တော် ငယ်ငယ်တုန်းကတော့ ပျင်းစရာကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တာ ဖြစ်မယ်"
တခြားအသုံးအဆောင် ပစ္စည်းများလည်း ရှိသေးသည်။ တချို့က သူ့ဖခင် ချန်ထန် ပိုင်သော ရှေးဟောင်းပစ္စည်းများ ဖြစ်ပြီး တချို့မှာတော့ သူ့အဘိုး အရှေ့ခန်းတွင် ကျန်ရစ်ခဲ့သော အထွေထွေသုံး ပစ္စည်းများစွာပင်။
ချန်ရှီ အရှေ့ဘက်ခန်းထဲသို့ ခဏလောက်ရှာဖွေပြီးနောက် ပန်းချီကားဟောင်း တစ်လိပ်ကို ဆွဲထုတ်လိုက်သည်။ စာလိပ်ကို ဖြန့်ကြည့်လိုက်တော့ ပန်းချီကားထဲမှာ အဘိုးက ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။ မိသားစုလေးယောက်ပုံ ဖြစ်ကာ ကလေးလေးတစ်ယောက် သူ့ပေါင်ပေါ်မှာ ထိုင်နေပြီး သူ့နောက်မှာ ယောက်ျားနဲ့ မိန်းမတစ်ယောက် ရပ်နေ၏။
ယောက်ျားက အရမ်းချောပြီး မိန်းမကလည်း အရမ်းလှသည်။
"ချန်ထန် နဲ့ ငါ့အမေလား... ချန်ထန်က မထိုက်တန်ဘူး!"
ချန်ရှီ အချိန်အကြာကြီး ကြည့်နေပြီးနောက် စာလိပ်ကို ဂရုတစိုက် လှိမ့်ကာ ခပ်ဝေးဝေး၌ သိမ်းထားလိုက်သည်။
ပြတင်းပေါက်အပြင်ဘက်မှ ဖီဖာစောင်း အသံကြောင့် ချန်ရှီ ခေါင်းကို မော့ကာ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်လေသည်။ ဧည့်ခန်း၏ တံစက်မြိတ်အောက်တွင် ထိုင်နေသည့် တင်းတင်းက စောင်းကို လက်ညှိုးဖြင့် တီးခတ်ရင်း လေ့ကျင့်နေပုံရသည်။
လျှို့ဝှက်ချစ်ခြင်းမေတ္တာ၊ ပူပင်သောကနှင့် မျှော်လင့်ခြင်းတို့၏ အလှတရားဖြင့် နွေရာသီတွင် မိန်းကလေးတစ်ဦးရဲ့ ကြောက်ရွံ့ခြင်းကဲ့သို့ သီချင်းများက စောင်းသံကို နှေးကွေးသွားစေသည်။
ချန်ရှီမှာ သီချင်းတွေအကြောင်း နားမလည်သဖြင့် ဆက်လက်ရှာဖွေခဲ့သည်။
"ဒါပေမဲ့ သူ့လက်ကွက်မှာ ခံစားချက်တွေ ရှိနေတယ်... အရင်ကထက် အများကြီး ပိုကောင်းလာတာလား"
ဒါပေမယ့် ဒါက မိန်းကလေးတွေအတွက် ကောင်းလား မကောင်းဘူးလား သူ မသိချေ။
ချန်ရှီသည် ဟောင်းနွမ်းနေသော ပစ္စည်းပုံထဲမှ သေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်သည်။ ထိုသေတ္တာသည် သာမန်သစ်သား သေတ္တာတစ်ခုလို ဖြစ်နေသော်လည်း ၎င်းကို တင်းတင်းကျပ်ကျပ် အလုံပိတ်ထားပြီး ဖွင့်စရာနေရာ သို့မဟုတ် သော့ခတ်ထားတဲ့ နေရာလေးတောင် မရှိပေ။
သေတ္တာက နှစ်အနည်းငယ် သက်တမ်းရှိပုံပင်။ ခယ်ကျောင်သစ်ပင်က သစ်သားဖြင့် ပြုလုပ်ထားတာ ဖြစ်ကာ ဆေးမသုတ်ရသေးတာတောင် တောက်ပြောင်ပြီး ပတ္တမြားလို အသွင်အပြင်မျိုး ရှိနေသည်။
သေတ္တာ၏ ထောင့်ခြောက်ဘက်စလုံးကို မတူကွဲပြားသော အဆောင်စာလုံးများဖြင့် ခြယ်မှုန်းထားသည်။ မှင်စာများက ရှုပ်ထွေးသောဖွဲ့စည်းပုံရှိပြီး ချန်ရှီ ယခင်က မြင်တွေ့ခဲ့ဖူးသည့် အဆောင်စာလုံးများနှင့် ကွဲပြားသည်။
ဖွဲ့စည်းပုံက ရှုပ်ထွေးပေမယ့် သက်ရောက်မှု မရှိပါဘူး။ တကယ့် အဆောင်စာလုံးတွေနဲ့ ရေးဆွဲထားတဲ့ အစီအရင် မဟုတ်ဘဲ အလှဆင်ထားသော ပုံစံများနှင့် သွားတူနေသည်။
"ဒီသေတ္တာပေါ်က အဆောင်စာလုံးတွေက လုပ်ကြံဖန်တီးထားတဲ့ အတိုင်းပဲ စွမ်းအားမရှိဘူး"
ချန်ရှီ ခဏလောက် သတိထားကြည့်ပြီးနောက် သဲလွန်စအချို့ကို တွေ့လိုက်ရသဖြင့် သေတ္တာကို ခြံထဲသို့ ရွှေ့ယူလာခဲ့သည်။ ထို့နောက် စာရွက်နှင့် စုတ်တံ ယူကာ သေတ္တာ၏ ထောင့်ခြောက်ဘက်ရှိ စာလုံးများကို ကူးယူလိုက်သည်။
တင်းတင်းလည်း စောင်းကို ချလိုက်ပြီး အပြေးလာကြည့်၏။ ကောင်မလေးရဲ့ ဆံပင်များက ချန်ရှီရဲ့ လည်ပင်းအထိ ဖြာကျလျက် ရှိသည်။ သို့သော် သူမသည် အဆောင်စာလုံးနဲ့ ပစ္စည်းအကြောင်း များများစားစား မသိပေ။
ချန်ရှီ နောက်ဆုံးတော့ သဲလွန်စများကို မြင်သွားသည်။
"ဖွဲ့စည်းပုံအတိုင်းဆို ဒီဆွဲသားနည်းကို သုံးရမှာပဲ..."
သူသည် သေတ္တာ၏ ထောင့်တစ်ဖက်တွင် မတ်တတ်ထရပ်ကာ စာရွက်ခြောက်ရွက်ကို ခြောက်မျက်နှာ အစီအစဥ်အတိုင်း ချထားလိုက်သည်။ စာရွက်ခြောက်ရွက်လုံးကို ကြည့်ရင်း သေချာ အကဲခတ်လိုက်သည်။
"မဟုတ်ဘူး.... ဒီထောင့်မဟုတ်ဘူး"
သူသည် သေတ္တာထောင့်များကို ပြောင်းကာ စာရွက်ခြောက်တုံးကို ပြန်စီလိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်လိုက်သည်။
"မှန်သွားပြီ!"
တင်းတင်းရဲ့ မျက်လုံးများကတော့ ဘာမှ နားမလည်တာကြောင့် အမြင်တွေ မှောင်နေသေးသည်။ သို့နှင့် သူမသည် တံခါးအနားသို့သွားကာ ခွေးနှင့်အတူ ထိုင်နေသင့်သည်ဟုသာ ခံစားမိတော့သည်။
ချန်ရှီသည် စက္ကူခြောက်ရွက်ပေါ်ရှိ စာလုံးပုံစံများကို ပေါင်းစပ်ကြည့်ရာမှ အဆောင်စာလုံးတွေရဲ့ အစီအရင်ပုံစံကို သတိပြုမိလာသည်။ အလွန်ရှုပ်ထွေးတဲ့ အဆောင်စာလုံးကို မြန်မြန်ဆန်ဆန် လေ့လာပြီးနောက် မိန်းကလေးကို ရှင်းပြလိုက်သည်။
"ဒီအစီအရင်မှာ ယွမ်ချန်ပုံစံ ဆယ့်နှစ်ထပ်ပါ၀င်တယ်... တစ်နည်းဆိုရရင် မင်း သေတ္တာကို ဖွင့်ချင်ရင် သက်ဆိုင်ရာ နာရီနဲ့ ကိုက်ညီဖို့ လိုပါတယ်... ဟေးကော် အခု အချိန်ကို ပြောပြကြည့်ပါဦး!"
ခွေးက တံခါးဝကနေ ဟောင်လေသည်။
"စီအချိန် ၃နာရီထိုးပြီ"
ချန်ရှီ နားလည်သည်။ တင်းတင်း မျက်လုံးများ ပြူးကျယ်သွားပြီး သူ ဘယ်လိုလုပ် နားလည်သွားတာလဲဟု တွေးရင်း အံ့သြမိသွားသည်။
ချန်ရှီသည် စီအချိန်နဲ့ သက်ဆိုင်သည့် အဆောင်စာလုံး ပုံစံကို ရှာကြည့်ရာ သုံးနာရီ၏ ဆုံမှတ်ကို တွေ့လိုက်သည်။ သူ့ချီစွမ်းအင်နှင့် ချီသွေးများက ချက်ချင်း နိုးကြားလာပြီး သုံးနာရီရဲ့ နေရာပေါ်ကို လက်ချောင်းထိပ်များဖြင့် အလျင်အမြန် ထိုးညွှန်လိုက်သည်။
သုံးနာရီနေရာက ချက်ချင်း တောက်ပလာသည်။ တစ်ဆက်တည်း လေးနာရီ နေရာပေါ် သူ့လက်ချောင်းထိပ်များ ကျရောက်သွားပြန်သည်။
သူ့လက်များက သေတ္တာပေါ်၌ ပျံသန်းသွားကာ လက်ချောင်းထိပ်များကို ဆက်တိုက် နှိပ်လိုက်ရာ သစ်သားသေတ္တာ၏ မျက်နှာပြင်ပေါ်ရှိ စာလုံးများဟာ ကလစ်ခနဲ အသံတစ်ချက်နဲ့အတူ ရုတ်တရက် ပွင့်လာကာ စာအုပ်အထူကြီး ပေါ်လာသည်။
ချန်ရှီ အံ့သြဝမ်းသာသွားပြီး စာအုပ်ကို အမြန်ယူလိုက်သည်။ ပြီးတာနဲ့ တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်လိုက်သည်။ လီရှောက်ကျန့် သူ့ကို အကူအညီတောင်းရတဲ့ အကြောင်းရင်းကတော့ သူ့အဘိုးက ကျောက်သင်္ဘောပေါ်မှာ ကြီးမားတဲ့ အဆောင်စာလုံးတွေနဲ့ အစီအရင်တွေကို ချန်ထားခဲ့လို့ပါပဲ။
အဲဒီအုတ်မြစ်မချိုးနိုင်ရင် ကျောက်သင်္ဘောပေါ်မှာ တစ်ခါတည်း မြုပ်သွားမှာ ကြောက်ရသည်။
ဤစာအုပ်များသည် နတ်သန္ဓေသားနှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှု တချို့ဖြစ်ကြောင်း အချိန်အတော်ကြာ စစ်ဆေးခဲ့ပြီးနောက် သိလာရသည်။ ၎င်းတို့သည် အဘိုး နတ်သန္ဓေသားနယ်ပယ်မှာ ရှိစဉ်က မှတ်သားထားခဲ့သော မှတ်စုများသာ ဖြစ်နိုင်သည်။
"အဘိုးက အပျော့ဆုံး နတ်သန္ဓေသားလေး ရထားလို့ မထိုးဖောက်နိုင်ဘဲ နတ်သန္ဓေသားနယ်ပယ်မှာ နှစ်အတော်ကြာ နေခဲ့ရတယ်လို့ ရှောင်ဝမ်စွင်းက ပြောဖူးတယ်... ဒီမှတ်စုတွေက အဲဒီတုန်းက အဘိုးလေ့လာခဲ့တဲ့ နည်းလမ်းတွေပဲ ဖြစ်မယ်"
သူ ကမန်းကတန်း လှန်ကြည့်နေစဥ် သေတ္တာက ကလစ်ဆိုတဲ့ အသံနဲ့ အလိုအလျောက် ပိတ်သွားပြီး ၎င်း၏ မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ တင်းတင်းက သေတ္တာကို ကြည့်ပြီး သံသယစိတ်နဲ့ ပြောလာသည်။
"သခင်လေး... သေတ္တာကို ဖွင့်ရတာ တော်တော် ဒုက္ခရောက်နေသလိုပဲ...သေတ္တာကို မှားဖွင့်မိရင် ဘာဖြစ်မလဲ သိလား"
ချန်ရှီ ဖတ်နေရင်းနဲ့ ခေါင်းခါပြသည်။
"ငါလည်း မသိဘူး"
"ကျွန်မ ကြိုးစားကြည့်မယ်"
တင်းတင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူမသည် သူမလက်ချောင်းကို ဆန့်ထုတ်ကာ ချီကိုအသက်သွင်းလိုက်ပြီး သေတ္တာပေါ်တွင် ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်နှင့် ရုတ်တရက် သေတ္တာအဖုံးဟာ ကြီးမားသော ပါးစပ်တစ်ခုလိုပွင့်လာသည်။ ချွန်ထက်သော သွားများပြည့်နေသည့် ပါးစပ်ထဲမှ ရှည်လျားသော အသားနီလျှာသည် ဘူးအတွင်းမှ အလိုလို ပြေးထွက်လာ၏။
ဗုန်း!
သေတ္တာဆီက အကိုက်ခံလိုက်ရသလိုပဲ ကောင်မလေးက မျိုချခံလိုက်ရပြီး အမျိုးသမီးဖိနပ်တစ်ရံသာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။ ဟေးကော်လည်း လှုပ်ရှားမှုကို သတိပြုမိသွား၏။ သူက ခြံထဲသို့ လှည့်ပတ်ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။
ချန်ရှီ: "ဟေးကော် အချိန်ကိုပြော!"
ဟေးကော်က အချိန်ကို အမြန်တင်ပြလိုက်သည်။ ချန်ရှီ သေတ္တာကို ကလစ်တစ်ချက်နှိပ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်တဲ့အခါ တင်းတင်း ပြန်ထွက်လာ၏။ သူမသည် ဝိညာဉ်ဆိုးများ၏ ဗိုက်ထဲ နစ်မြုပ်သွားသကဲ့သို့ တစ်ကိုယ်လုံး စိုစွတ်လျက်ရှိသည်။
"ဒီသေတ္တာက နတ်ဆိုးဖြစ်နိုင်တယ်...."
ချန်ရှီ ခဏလောက်တွေးပြီး ကံဆိုးတဲ့မိန်းကလေးကို လှည့်ပြောလိုက်၏။
"ဒီအစီအရင်ကို ဆွဲတုန်းက ဖွဲ့စည်းပုံက ထူးခြားတယ်လို့တော့ တွေးမိသေးသားပဲ... အခုပြန်တွေးကြည့်တော့ တောင်ပိုင်းက အဆောင်စာလုံးနဲ့တောင် ခပ်ဆင်ဆင် တူသလိုပဲ"
တင်းတင်းကတော့ စိတ်ပျက်လက်ပျက်ဖြင့် ရေချိုးရန် ထွက်သွားသည်။ ဟေးကော်ကတော့ ခြံထဲသို့ လှမ်းဝင်ကာ ထင်းခုတ်ဖို့ ပုဆိန်ကို ပြေးယူ၍ ရေနွေးကြိုဖို့ပြင်၏။
ချန်ရှီ စာအုပ်အနည်းငယ်ကို ဆက်လက်ရှာဖွေဖတ်ရှုရင်း ရုတ်တရက် အသံထွက် ဖတ်လိုက်သည်။
"တစ်ဆယ်လေး ပြန်လည်မွေးဖွားလာခဲ့ပေမယ့် နတ်သန္ဓေသား မရှိတော့ဘူး... ကျင့်ကြံရင် ငါ့ထက် အဆတစ်ရာ ပိုခက်ခဲသွားနိုင်တယ်... သူ ငါ့လမ်းအတိုင်း မလိုက်နိုင်ဘူး... ဘယ်လို လေ့ကျင့်ပေးသင့်လဲ"
ချန်ရှီ ဒီစာကိုဖတ်လိုက်တဲ့အခါ သူ့နှလုံးသားက ခံစားချက်တွေနဲ့ ပြည့်နှက်သွားသည်။ ချန်ရှီ ရှင်ပြန်ထမြောက်ပြီးနောက် သူ့အဖိုးက ကျင့်ကြံရာမှာ ကူညီဖို့ နည်းလမ်းရှာရင်း ဒီစာကြောင်းကို ရေးသားခဲ့တာ ဖြစ်လိမ့်မည်။ အရေးအသားနဲ့ မှင်စာကို ကြည့်ရတာ အတော်လေး အသစ်ဖြစ်နေသည်။
တစ်ချိန်က သူ့အဖိုးအကြောင်း ညည်းညူရင်း ဘာကြောင့် လေ့ကျင့်နည်းကို မသင်ပေးခဲ့သလဲ တွေးမိဖူးသညိ။ ဒါပေမယ့် ဒီစကားတွေကို မြင်တော့ အဲဒီအချိန်တုန်းက သူ့အဖိုး ဘယ်လောက်တောင် ဒုက္ခရောက်နေခဲ့မှန်း သိလိုက်ရသည်။
သူ နောက်ထပ် တစ်အုပ်ကို ကောက်ယူလိုက်သည်။ စာအုပ်ပေါ်မှာ ရေးဆွဲထားသော ထူးဆန်းသော ပုံစံအချို့ကို အသေအချာ ကြည့်လိုက်ရာ ရေမီးအဂ္ဂိရတ် သန့်စင်နည်း ပုံစံများအပြင် လူ့ခန္ဓာကိုယ်ရဲ့ ခန္ဓာဗေဒပုံများပါရှိနေတာ တွေ့ရှိခဲ့ရသည်။
လူမဆန်သော စမ်းသပ်မှုအမျိုးမျိုး၊ အလောင်းအား ရေနှင့်မီး သုံးကာ ဘယ်လို စမ်းသပ်ရမယ် စသဖြင့် မှတ်တမ်းတင်ထားခဲ့သည်။
ဤစာအုပ်သည် ချန်ယင်တု ဘုရင်ကျန်း သင်္ချိုင်းတွင်းကနေ ရလာသော အလောင်းများကို စမ်းသပ်မှုများအတွက် မှတ်တမ်းတင်ထားသည့် မှတ်တမ်းတစ်ခု ဖြစ်ပေမည်။ ချန်ရှီ အဆက်မပြတ် လှန်လှောကြည့်ရင်း အဘိုးရဲ့ ရှုံးနိမ့်မှုတစ်ခုပြီးတစ်ခုနှင့် အမျိုးမျိုးသော ကောက်ချက်ချမှုများကို တွေ့ခဲ့ရသည်။
နောက်ဆုံးစာမျက်နှာကို လှည့်ကြည့်လိုက်တော့ စိတ်တိုနေတဲ့ အဘိုးကြီးတစ်ယောက် စာရေးနေတဲ့ ပုံရိပ်တွေကိုတောင် မြင်ယောင်လာမိသည်။
'အကြိမ် ၁၁၂ခါ ကျရှုံးခဲ့တယ်... ကျရှုံးတယ်... ရှုံးနိမ့်တယ် ရှုံးနိမ့်တယ် သေပြီးရင် ရှင်ပြန်ထမြောက်နိုင်တာ မရှိဘူးဆိုတာ တကယ်ပဲလား"
ချန်ရှီသည် ထိုအချိန်က သူ့အဖိုး ဘယ်လောက် စိတ်တိုပြီး စိတ်ဓာတ်ကျနေမလဲ မြင်ယောင်ကြည့်နိုင်သည်။ ဒီစာအုပ်သည် ရေနှင့်မီး၏ အဂ္ဂိရတ် စမ်းသပ်မှတ်စုများသာ ဖြစ်သည်။
အတိုချုံး ကြည့်လိုက်တော့ ဒီစာအုပ်မှာလည်း ရှုံးနိမ့်မှုပေါင်း တစ်ရာကျော်ကို မှတ်တမ်းတင်ထားတာ တွေ့ရ၏။ သူသည် အခြားစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပေမယ့် အတွင်းမှာ မှတ်တမ်းတင်ထားတာကလည်း စမ်းသပ်မှု မအောင်မြင်သေးချေ။
ချန်ရှီသည် သတ္တမမြောက်စာအုပ်ကို လှည့်ကြည့်လိုက်ရာ စာအုပ်အဆုံးတွင် ပျံသန်းနေသော စကားလုံးနှစ်လုံးကို တွေ့လိုက်ရသည်။
"အောင်မြင်!"
ချန်ရှီ ဒီစာအုပ်ခုနစ်အုပ်ကို မျက်လုံးနီရဲရဲနဲ့ ကြည့်ပြီး အဘိုးက သူ့ကိုကယ်တင်ဖို့ ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတာ တွေးတောင် မတွေးနိုင်တော့ချေ။ ဒီနေ့အထိ ဘယ်လောက်တောင် ခက်ခဲခဲ့လိုက်မလဲ။
ချန်ရှီ ငြိမ်သက်သွားကာ အခြားစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။ ထိုစာအုပ်သည် ဝတ္ထုတစ်ပုဒ်လို မှတ်တမ်းတင်ထားသည့် စာအုပ်တစ်အုပ် ဖြစ်သည်။
သူသည် စာအုပ်ကို အလျင်အမြန် လှန်ကြည့်လိုက်တော့ စာအုပ်ပေါ်ရှိ လက်ရေးသည် သူ့အဖိုး ရေးထားတာ အတိအကျ ဖြစ်ကြောင်း တွေ့လိုက်သည်။ သူရေးခဲ့သည့် "အဆောင်လက်ဖွဲ့ စုစည်းခြင်း" သည် မကြာခဏ နတ်တန်ခိုးကို ငှားရမ်းနိုင်ကြောင်း၊ ဒါကို နားလည်ထားရင် အဆောင်လက်ဖွဲ့တွေ ဖန်တီးနိုင်တယ်၊ အံ့သြစရာကောင်းတဲ့ ဘဝတွေကို ဖန်တီးနိုင်ပြီး ဘုရားတောင် လုပ်နိုင်ကြောင်း ကြားဖူး၏။
"ဒါက အဲဒီစာအုပ်ပဲ... အဆောင်လက်ဖွဲ့ ဖန်တီးရတနာ.... အိမ်မှာလည်း ရှိတယ်??"
ချန်ရှီ အလွန်ကျေနပ်သွားပြီး စာအုပ်ကို အလျင်အမြန် လှန်ကြည့်လိုက်ရာ သူ့အဖိုးရေးဆွဲထားသော အံ့သြဖွယ် သတ္တဝါအမျိုးမျိုး၏ အတွင်းပိုင်းပုံစံများနှင့် ကြမ်းခင်း အစီအစဥ်အများစုကို စာအုပ်ထဲတွင် မှတ်တမ်းတင်ထားပြီး ၎င်းတို့ဘေးတွင် ကပ်လျက် စာသားများနဲ့ပါ မှတ်သားထားသည်။
စာအုပ်ထဲတွင် အဆင့်၉မှ ပထမတန်းအဆင့်အထိ အမျိုးမျိုးသော ဖန်တီးထားသည့် အဆောင်လက်ဖွဲ့များအပြင် လိုအပ်သော ပစ္စည်းများကို မှတ်တမ်းတင်ထားသည်။
ချန်ရှီ ငြိမ်သက်သွားကာ စာအုပ်ကို သူ့ရင်ခွင်ထဲထည့်လိုက်၏။ အခြားစာအုပ်များကို တစေ့တစောင်း လေ့လာကြည့်ရန် ပြင်ဆင်ထားသောကြောင့် အခြားစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။ စာအုပ်ထဲမှာ ရေးထားတာတွေက ကျင့်ကြံတာ၊ အဆောင်လက်ဖွဲ့ ဖန်တီးတာ မဟုတ်ဘဲ ဟင်းချက်နည်း တစ်ခုလို ဖြစ်နေသည်။
ချန်ရှီမှာ ဟင်းချက်နည်းဖြစ်ကြောင်း အတည်ပြုခြင်းမပြုမီ တစ်ခဏလောက် ကြည့်လိုက်ရသည်။
"... တစ်ဆယ်လေးက စားရတာ ကြိုက်တယ်... ဒီနေ့ ဆားအများကြီး ထည့်ထားမိတာ ဖြစ်နိုင်တယ် ဒါကြောင့် နောက်တစ်ခါ သတိထားရမယ်"
ချန်ရှီ အံ့အားသင့်သွားပြီး ဆက်ဖတ်လိုက်သည်နှင့် ရင်းနှီးသော စကားလုံးများကို ထပ်မံတွေ့လိုက်ရသည်။
"... အဲဒါကို မမြည်းစမ်းရသေးဘူး... တစ်ဆယ်လေး မကြိုက်ဘူး ဆီအရမ်းများနေလို့ ဖြစ်နိုင်တယ်... နောက်တစ်ခေါက် ဆီလျှော့သုံးရမယ်"
မျက်ရည်တွေကြောင့် သူ့အမြင်အာရုံမှာ အနည်းငယ် မှုန်ဝါးလာသည်။ ထိုစာအုပ်သည် သူ့အဖိုး ရေးထားသော ဟင်းချက်နည်း ဖြစ်ပြီး ထိုအချိန်တုန်းက သူသည် လူသေကောင်ဖြစ်နေပြီ။ အရသာ မခံနိုင်တော့တာကြောင့် ချန်ရှီရဲ့ မျက်နှာအမူအရာကနေ သူ့ဟင်းတွေ ကောင်းမကောင်း ဝေဖန်နေခဲ့သည်။
တင်းတင်း ရေချိုးပြီးတာနဲ့ ချန်ရှီရဲ့ အဝတ်အစားကို ဝတ်ကာ ထွက်လာခဲ့သည်။ ချန်ရှီက ကြီးထွားဆဲ ဖြစ်ပေမယ့် သူမနဲ့ အရပ်အမောင်း တူညီတာကြောင့် အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ဆင်ထားနိုင်ခဲ့သည်။
စိုစွတ်နေတဲ့ ဆံပင်တွေကို သုတ်နေရင်း ချန်ရှီ မျက်ရည်တွေ ကျနေတာကို မြင်တော့ ပျာပျာသလဲ ပြေးလာသည်။
"သခင်လေး... ဘာလို့ ငိုနေတာလဲ"
ချန်ရှီ သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး။
"အဘိုးက ငါ့ကို ဘယ်လောက် ချစ်တယ်ဆိုပြီး မပြောခဲ့ဖူးဘူး... သူ ငါ့ကို စားချင်နေတယ်လို့တောင် သံသယနဲ့ ကြောက်ခဲ့တာ... အစ်မတင်းတင်း ငါအဖိုးကို လွမ်းတယ်"
တင်းတင်းလည်း ကောင်လေးကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတာကြောင့် မြန်မြန်ပြုံးပြီး ပြောလိုက်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့... ပါးကို နမ်းပေးရမလား ဒါမှမဟုတ်... နှုတ်ခမ်းကို နမ်းမလား"
ချန်ရှီ သူမကို မနမ်းဘဲ စာအုပ်ကိုသာ သေချာလေး ဖယ်ထားလိုက်သည်။ အဘိုး ချန်ထားခဲ့တာက ဘယ်ရတနာစာအုပ်ထက်မဆို အဖိုးတန်သည်ဟု ခံစားမိသည်။
"အဘိုး...ဘယ်လိုနေလဲ မြေအောက်ကမ္ဘာ အဆင်ပြေရဲ့လား... အဘိုးကို နတ်ဆိုးတွေ အနိုင်ကျင့်နေတာလား? ကျွန်တော့်ကို ဘာလို့ အိပ်မက်မပေးတာလဲ.. အဘိုး အနိုင်ကျင့်ရဲရင် အဘိုးအတွက် ဒီကမ္ဘာက သခင်တချို့ကို မီးရှို့ပေးမယ်... အဘွားကြီးဝူကျူလို မိန်းမတွေကို မကြိုက်ရင် တခြားမိန်းမတွေကို မီးရှို့ပေးမယ်"
ခရက်!
မရဏကမ္ဘာတွင် ချန်ယင်တုသည် အုံ့မှိုင်းနေသော မျက်နှာထားဖြင့် နတ်ဆိုးတစ်ကောင်ရဲ့ လည်ပင်းကို ဖြတ်ကာ ခန္ဓာကိုယ်ကို ပစ်ချလိုက်သည်။ သူ့မျက်လုံးတွေက အခြား အလွန်ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေများနှင့် နတ်တစ္ဆေများကို စိုက်ကြည့်နေ၏။
ယန်နတ်ဆိုးသည် မရဏပြည်မှ သရဲတစ္ဆေ တစ်ကောင်ဖြစ်ပြီး အလောင်းကို မြေပြင်ပေါ်သို့ ပစ်မချနိုင်ခင် အချိန်အတော်ကြာအောင် သတ်ပစ်ခဲ့ရသည်။ သူသည် မရဏကမ္ဘာနှင့် ဆက်သွယ်ထားသော ဤလမ်းကြောင်းဆီပေါ်၌ လပေါင်းများစွာ ပိတ်ဆို့နေခဲ့သည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း တစ္ဆေ သို့မဟုတ် နတ်ဆိုးတစ်ကောင်မှ အထက်ကမ္ဘာက တစ်ဆယ်လေးရဲ့ ခန္ဓာကိုယ်ထဲသို့ မ၀င်ရောက်နိုင်ခဲ့ပေ။
ထို့ကြောင့် ချန်ရှီလည်း ဤကာလအတွင်း တစ်ကြိမ်မျှ မဖျားနာခဲ့ချေ။
"ဒီမရဏကမ္ဘာမှာ ဒီနေရာကို သတိထားမိတဲ့ သရဲတစ္ဆေတွေနဲ့ နတ်တစ္ဆေတွေ တော်တော်များများ ရှိပုံပဲ!"
သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းထားလေသည်။ သန်မာလာပြီးရင်း သန်မာလာတာပေမယ့် ခဏအတွင်း အသက်ရှူသွင်းဖို့ကတော့ ခက်ခဲနေသည်။
"အဘွားရှားတို့ တစ်ဆယ်လေးရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေကို ဖြေရှင်းနိုင်ပြီလားလို့ မသိဘူး...."