← Chapters

အမျိုးကောင်းသားသည် စည်းမျဥ်းမချိုးဖျက်တတ်

Vol. 9 Ch. 126

အမျိုးကောင်းသားသည် စည်းမျဥ်းမချိုးဖျက်တတ်

Vol. 9 Ch. 126

ချန်ရှီ အံ့သြစရာ ဆွံ့အသွားသည်။ သခင်မဟွာလီသည် သခင်မကြီးတစ်ယောက်လို နူးညံ့သိမ်မွေ့ပြီး လှပသူဖြစ်သည်။ အခြေအနေတိုင်းတွင် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် ဖန်တီးခံရှောင်ဝူ ဟူသောအမည်ကို ကြားလိုက်ရသောအခါ သူမသည် အလွန်ကြောက်စရာ ကောင်းသော အရာက ဖန်တီးခံရှောင်ဝူ ဖြစ်ကြောင်း ပြသလာခဲ့သည်။

"သခင်မဟွာ ထိတ်လန့်နေစရာ မလိုပါဘူး... ဖန်တီးခံရှောင်ဝူက ချန်ယန်တောင်မှာ ချိတ်ပိတ်ခံထားရတာ... သူ မလွတ်မြောက်နိုင်ပါဘူး..."

သခင်မဟွာလီက သူ့စကားကို ဝင်နှောက်ယှက်ရင်း ခေါင်းယမ်းလိုက်ပြီး။

"ချန်ယင်တုက ကွယ်လွန်သွားပြီ...သူ့တစ်သက်တာလောက် ချိန်ခဲ့တဲ့ တံဆိပ်က အဲဒီ​ကောင်ကို နှိမ်နှင်းလို့ မရဘူး... တစ်ဆယ်လေး သူ ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ မင်း မသိပါဘူး... သူက မင်းအဘိုးရဲ့ ဖန်ဆင်းခံကနေ မွေးဖွားလာပေမယ့် လူ့သတ္တဝါ အမျိုးအစားကို ကျော်လွန်ပြီး ရှင်သန်ခြင်းနဲ့ သေခြင်း​ကြးကနေ ခုန်ထွက်လာတာ... သတ်လိုက်ရင်တောင် ပြန်ထလာလိမ့်မယ်!"

သူမက အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေအကြောင်း ပြောပြလာသည်။

"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က အနောက်နွားရှင်းကျိုး အနောက်ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ကျင်းရှန်းခရိုင်မှာ စန့်ရန် စုဝေး​နေခဲ့ကြတယ်.... အစည်းအဝေးပြီးတော့ စန့်ရန်အများစုက ထွက်ခွာသွားကြပေမယ့် တာအိုဘာသာကို ဆွေးနွေးကြပြီး သင်ယူလေ့လာခဲ့တယ်... နှီးနှောဖလှယ်ဖို့အတွက် ကျင်းရှန်းမှာ နေထိုင်ကြတဲ့ စန့်ရန်တွေ အများကြီး ရှိသေးတယ်"

သူမမျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်ခု ပေါ်လာသည်။

ထိုအချိန်တုန်းက သူမသည် မူလက ကျင်းရှန်မှာ နောက်ထပ် ရက်အနည်းငယ်နေရန် စီစဉ်ထားသော်လည်း ချန်ယင်တုက ထွက်သွားသောကြောင့် ချန်ယင်တုနောက် လိုက်သွားရာမှ သူမ လွတ်မြောက်ခဲ့သည်။

"ကျင်းရှန်းမှာနေခဲ့တဲ့ စန့်ရန်လူတွေ အကုန်လုံးနီးပါး သေကုန်​ကြတယ်"

သခင်မဟွာလီ ငြိမ်သက်သွားပြီး :"တစ်ချိန်တည်းမှာပဲ သေဆုံးသွားသူတွေထဲမှာ စန့်ရန် စုရုံးမှုကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခံရတဲ့ ကောင်းကင်နားစွင့်သူတွေလည်း ပါသွားသေးတယ်... ကျင်းရှန်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို ကြားတော့ ငါ ချက်ချင်း အဲဒီနေရာကို အမြန်ပြေးသွားခဲ့တယ်... ငါ့ကို တိုက်ခိုက်ခဲ့တဲ့လူက ကောင်းကင်နားစွင့်သူပဲလို့ ထင်ခဲ့တာ... စန့်ရန်နဲ့ ကောင်းကင်နားစွင့်သူတွေက အရင်ကတည်းက ခဏခဏ ရန်ဖြစ်ခဲ့ကြတာ... ပြီးမှ ခပ်လှမ်းလှမ်းမှာ လူတွေက မျောပါသွားကြတာ တွေ့လိုက်ရတာ..."

သူ့မျက်နှာမှာ အကြောက်တရားက ပိုလို့တောင် ဆိုးရွားလာခဲ့သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူမသည် အဘိုးကြီးချန်ကို လေးစားသောကြောင့် စန့်ရန်အဖွဲ့တွင် အသက် ၂၀ အရွယ် ကလေးမလေးတစ်ဦးသာ အဖြစ် ပါဝင်ခဲ့သည်။ သူမရဲ့ အောင်မြင်မှုတွေက သိပ်ပြီး မမြင့်မားသလို သူမရဲ့ အသိပညာကလည်း အခုလောက် မကောင်းမွန်သေးပါဘူး။

စန့်ရန်အများစုရဲ့ ကျင့်ကြံမှုလမ်းကြောင်း အောင်မြင်မှုက သူမထက် များစွာ မြင့်မားပြီး ၎င်းတို့သည် သူမ၏ သက်ကြီးရွယ်အိုများသာ ဖြစ်သည်။ သို့သော် ထူးချွန်ထက်မြက်သော အရည်အချင်းများနှင့် လမ်းကြီးကို လိုက်လျှောက်လိုစိတ်ရှိသရွေ့ စန့်ရန် အဖွဲ့အစည်းမှာ အလွန်ချောင်လည်ပါသည်။

သူမသည် စန့်ရန်စုဝေးပွဲတွင် လူများစွာနှင့် တွေ့ဆုံခဲ့ပြီး အချင်းချင်း စကားစမြည် ပြောကာ ၎င်းတို့၏ အောင်မြင်မှုများကြောင့် သူမအား မျှော်ကြည့်စေခဲ့မိသည်။ သူမတစ်သက်တွင် ထိုအဆင့်ကို ဘယ်တော့မှ မရောက်နိုင်တော့ကြောင်း သူမ တွေးခဲ့ဖူးသည်။

ကျင်းရှန်းသို့ ပြန်ရောက်သောအခါ ချစ်ခင်လေးစားရသော သက်ကြီးရွယ်အို အများအပြား၏ အလောင်းများကို သူမ တွေ့လိုက်ရသည်။ သူတို့သည် ​လေပေါ်တွင် လဲလျောင်းနေပြီး ခြေလက်များက ပျံသန်းနေသကဲ့သို့ သဘာဝအတိုင်း ပြန့်ကားနေကြ၏။

ဒါပေမဲ့ သူမကို ထိတ်လန့်စေခဲ့တာကတော့ ငှက်တစ်မျိုးကို မြင်လိုက်ရခြင်းပါပဲ။

ပေါ်လောင်!

ပေါ်လောင်ငှက်များသည် ၎င်းတို့၏ သားကောင်များကို ကိုက်ပြီး အစာသိုလှောင်ရန် သစ်ကိုင်းများ သို့မဟုတ် ဆူးများပေါ်တွင် ချိတ်ဆွဲထားလေ့ရှိသည်။ ဖန်တီးခံရှောင်ဝူဟာ အစားအစာ သိုလှောင်ထားသည့် ပေါ်လောင်တစ်ကောင်လို ကောင်းကင်တွင် သူ မသိသော သက်ကြီးရွယ်အိုများကို ဆွဲထားသည်။

သို့သော် ဤစန့်ရန် သက်ကြီးရွယ်အိုများက အစားအသောက်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။ ကောင်းကင်တွင် ချိတ်ဆွဲခံထားရသော ကောင်းကင်နားစွင့်သူ များစွာလည်း ရှိခဲ့သည်။ ၎င်းတို့အနက် အနတ္တသန့်စင်နယ်ပယ်နဲ့ ခန္ဓာပေါင်းစည်းနယ်ပယ်က ဆရာကြီးတွေတောင် ပါသည်။

နတ်ပြောင်းလဲခြင်း နယ်ပယ်နဲ့ နတ်ဆင်းသက်နယ်ပယ်မှ ဆရာသမားတွေဆိုရင် ရာနှင့်ချီ၍ ရှိသည်။

"သူတို့အကုန်လုံးကို ဖန်တီးခံရှောင်ဝူက သတ်လိုက်တာ... သူတို့အားလုံးက ဖန်တီးခံရှောင်ဝူရဲ့ အစာလိုပဲ သူတို့ကို လေထဲမှာ အခြောက်ခံပြီး အချိန်ပိုကြာအောင် သိမ်းထားတာ ဒီအကျင့်ရှိနေတာ အချိန်အတော်ကြာနေခဲ့ပါပြီ... ချန်ယင်တု ရှောင်ဝူကို ပထမဆုံးအကြိမ် တီထွင်လိုက်တာနဲ့ လူရာပေါင်းများစွာကို သတ်ပစ်ခဲ့တယ်..."

သခင်မဟွာလီက အိုးမည်းကို တစ်ချက်ကြည့်လိုက်ပြီး ပြော၏။

"ဒီခွေးလိုပဲ... သူက အစားအစာအဖြစ် ဘာကိုသတ်ချင်နေလဲ မင်း မပြောနိုင်ဘူး"

ဟေးကော်သည် သူကြားလိုက်ရသည့် စကားကြောင့် တုန်လှုပ်သွားပြီး သူ့သစ္စာရှိမှုကို ပြသလိုသော်လည်း ၎င်းတို့ကို ကြောက်လန့်နေခဲ့သည်။

"ဖန်တီးခံရှောင်ဝူ ဒုတိယအကြိမ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့ အရင်တစ်ခါက သင်ခန်းစာကို ယူပြီး ရေကန်အောက်ခြေမှာ ရေတွင်းတစ်ခုဆောက်ပြီး လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့​ပြန်တယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းကတော့ သာမန်လူတွေကို အစားအစာလို မစုဆောင်းတော့ဘူး... အဆင့်မြင့်ကျင့်ကြံသူတွေကိုပဲ ရိက္ခာအဖြစ် သတ်မှတ်လိုက်တယ်"

သခင်မဟွာလီက အသက်ရှုကြပ်လာပုံဖြင့်။

"တစ်ဆယ်လေး မင်းအဖိုးက နောက်ဆုံးတော့ သူ့ထိန်းချုပ်မှုကနေ မဖြေရှင်းနိုင်တဲ့ နတ်ဆိုးတစ်ကောင်ကို ဖန်ဆင်းခဲ့တာ.. အခု သူက သေသွားပေမယ့် ဖန်တီးခံရှောင်ဝူက အသက်ရှင်နေသေးတယ်... ရှောင်ဝူ ဒီဒုက္ခက လွတ်မြောက်လာရင် မင်းအဘိုးကို သေချာပေါက် လက်စားချေလိမ့်မယ်"

"ဒီလိုဆိုရင်ရော... ငါမင်းကို စန့်ရန်တွေ စုနေတဲ့ နေရာကို ခေါ်သွား​ပေးမယ်... စန့်ရန် လူတွေစုဝေးတာက အရမ်းအန္တရာယ်များပေမယ့် မင်းရှင်ပြန်ထမြောက်လာတဲ့ အတွက် ရည်ရွယ်ချက်ဆိုးတဲ့သူတွေ အများကြီး ရှိရပေမယ့် ချန်ယန်တောင်ထက်တော့ ပိုလုံခြုံတယ်!"

ချန်ရှီ ရုတ်​တရက်​ ​တွေးလိုက်​သည်​။

"စန့်ရန်အဖွဲ့က အန္တရာယ်​ရှိလား?"

သခင်မဟွာလီက သူ့အား ထူးထူးခြားခြား ပန်းချီကားတစ်ချပ်ကို ငုံ့ကြည့်နေသလိုမျိုး ကြည့်နေခဲ့သည်။

"မင်းအဖိုးက မင်းကိုကယ်ဖို့ ရေနဲ့မီးသုံးတယ်... မင်းသေသွားတာ ရှစ်နှစ်ရှိပြီ... မင်းကအခု အသက်ရှင်နေသေးပြန်တယ်... မင်းက စန့်ရန်လူတော်တော်များများရဲ့ အမြင်မှာ ရတနာတစ်ခုပဲ... သူတို့ မင်းအဘိုးကို မရှာရဲ​ကြဘူး ဒါပေမယ့် စန့်ရန်အဖွဲ့ရဲ့ ပဟေဠိတွေကို လေ့လာနေတဲ့ သခင်တွေကတော့ မင်းကို ဖမ်းဖို့ မဝံ့မရဲ ဖြစ်နေမှာမဟုတ်ဘူး"

ဒီစကားကို သူမပြောရင်း ချန်ရှီကိုကြည့်လိုက်တဲ့အခါ သူမရဲ့မျက်လုံးထဲမှာ ရူးသွပ်မှု အရိပ်အယောင်တွေ ဖုံးကွယ်ထားရသလိုပင်။

သူမသည် ချန်ယင်တုကို ချစ်ခင်မြတ်နိုးခြင်းကြောင့် စန့်ရန်ထဲတွင် ပါဝင်ခဲ့သော်ငြား သူမ၏ စိတ်ပိုင်းဆိုင်ရာ အချစ်ရေးက ဤလမ်းပေါ်တွင် ဟင်းခတ်အမွှေးအကြိုင် တစ်ခုမျှသာ ဖြစ်ခဲ့သည်။

သူမ၏ ရူးသွပ်မှုသည် နှစ်များတစ်လျှောက် သူမ၏ လုံ့လဝီရိယကျင့်စဉ်များ၏ နောက်ကွယ်မှ တွန်းအားတစ်ခု ဖြစ်သည်။ ရှစ်နှစ်ကြာ သေဆုံးသွားပြီးနောက် အသက်ပြန်ရှင်လာသူသည် သူမအတွက် အလွန်ဆွဲဆောင်မှု ရှိနေ၏။

ချန်ရှီ စိတ်ထဲမှာ ထိတ်လန့်သွားပြီး သခင်မဟွာလီရဲ့ ကြင်နာမှုကို ယဉ်ယဉ်ကျေးကျေး ပယ်ချလိုက်သည်။

"အဘွားရှား၊ ဦးလေးချင်းယန်နဲ့ ဦးလေးဟူက ချန်ယန်တောင်မှာ ရှိတယ်...ချန်ယန်တောင်မှာ နေရရင် ပိုလုံခြုံလိမ့်မယ်။ ပြန့်ကျဲနေတဲ့ စန့်ရန်လူတွေစုဝေးတဲ့ နေရာကို ရောက်ရင် ကျွန်တော်သိတဲ့လူက ခင်ဗျား တစ်ယောက်ပဲရှိတယ်လေ!"

ဒါကိုကြားတော့ သခင်မဟွာလီက သက်ပြင်းချလေသည်။

"နှမြောစရာပဲ"

ချန်ရှီ မျက်တောင်ခတ်ပြီး "သူမက ဘာလို့ နှမြောစရာပဲလို့ ပြော​နေတာလဲ။" ဟု တွေးနေ၏။ သို့သော် လေးလေးနက်နက်လည်း မတွေးဝံ့ပေ။

အရင်က အဘွားရှားနဲ့ ရှောင်ဝမ်စွင်းတို့ကလည်း သခင်မ ဟွာလီလိုပဲ သူ့ကိုကြည့်ဖူးသည်။ နောက်ပိုင်းမှာတော့ ချန်ရှီ သူတို့ကို ရေနဲ့ မီးသန့်စင်နည်း စာအုပ်တစ်အုပ် ပေးလိုက်တဲ့အခါ အဲဒီထူးဆန်းတဲ့ မျက်လုံးတွေနဲ့ သူ့ကို မကြည့်ခဲ့ကြတော့ချေ။

"သခင်မဟွာ ဘယ်တော့သွားမှာလဲ" ချန်ရှီက မေးသည်။

"ဒဏ်ရာက သက်သာလာပြီ... ဒီနေ့ပဲ ထွက်သွားမှာပါ"

သခင်မဟွာလီလည်း ချန်ရှီကို ပြန်ပေးဆွဲလိုတဲ့ ဆန္ဒကို တွန်းလှန်ပြီး တစ်ယောက်တည်း တွေးလိုက်သည်။

“သူက ချန်ယင်တုရဲ့မြေး... ချန်ယင်တုက မြေအောက်ကမ္ဘာမှာ ရှိနေတယ် သူ ကယ်တင်ဖို့ အရမ်းကြိုးစားခဲ့ရတဲ့ မြေးကို အပိုင်းပိုင်း မဖြတ်စေချင်တာ သေချာတယ် ဟုတ်တယ်မလား…ဘာပဲဖြစ်ဖြစ် ငါတို့ တစ်ခါက ဆက်ဆံရေးရှိခဲ့ဖူးတယ်လေ.…”

ကျောက်ပြားရှေ့က အမွှေးတိုင်ကို ငုံ့ကြည့်လိုက်တော့ အမွှေးတိုင်တွေက မီးလောင်ကျွမ်းသွားပြီ။ သူမက ချက်ချင်း ထရပ်လိုက်ပြီး ချန်ရှီရှေ့ စာအိတ်တစ်အိတ်ကို တွန်းပို့​ပေးလိုက်သည်။

"ဒါက စန့်ရန်လူစုဝေးအတွက် ဖိတ်စာတစ်ခုပဲ... ဖိတ်စာမှာ မြေပုံတစ်ခု ရှိတယ် မင်း သိချင်တာရှိရင် မြေပုံထဲကအတိုင်း လာပါဝင်လို့ရတယ်... အမှတ်အသားလုပ်ထားတဲ့ တည်နေရာကို အပြေးအလွှား သွားလိုက်ရုံပဲ!"

သူမသည် ဖီဖာစောင်းအား တင်းတင်းလက်ထဲ လှမ်းပေးလိုက်သည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မင်းက စန့်ရန် အဖွဲ့ဝင်ဖြစ်နေပါပြီ။ ဒီနှစ် လာရင် စန့်ရန် တစ်ယောက်အနေနဲ့ မင်းရဲ့ ဒုတိယအကြိမ်အဖြစ် ပါဝင်ပေါ့... မင်း ပြန်လည်မွေးဖွားခဲ့တာပဲလေ။ သတိထားပါ... ရှောင်ဝူဆီမှာ ဖမ်းပြီး အစားမခံရစေနဲ့ သွားကြရအောင်"

တင်းတင်းလည်း စောင်းကို အလျင်အမြန် သိမ်းယူပြီး လျှောစောက်မှ သူမနောက်သို့ လိုက်သွားခဲ့သည်။ ရုတ်တရက် တင်းတင်း မျက်လုံးများ နီရဲလာပြီး ချန်ရှီရှေ့သို့ ပြန်ပြေးသွားကာ ကောင်လေး၏ မျက်နှာကို ကိုင်ကာ နှုတ်ခမ်းနီများဖြင့် ပြင်းထန်စွာ ဖိချလိုက်သည်။

ချန်ရှီ ဒီကောင်မလေးကို မှတ်သွားတဲ့အထိ ရိုက်ပစ်မယ်လို့ တွေးကာ ထွက်ပြေးရန် ရုန်းကန်ခဲ့သော်လည်း တင်းတင်းက သူ့ကို လွှတ်ပေးလိုက်ပြီ။ ငှက်တစ်ကောင်လို လှည့်ထွက်ပြေးသွား၏။

ချန်ရှီ အံ့ဩသွားသည်။

တစ်ချိန်တည်းမှာပင် မိန်းကလေးသည် ရှက်တတ်တတ်ဖြင့် အဝေးမှ လက်ပြနှုတ်ဆက်ခဲ့သည်။

"သခင်လေး ကြီးပြင်းလာဖို့ စောင့်မျှော်နေမှာနော်.... အရွယ်ရောက်တဲ့အထိ ကျွန်မ စောင့်နေမယ်!"

ချန်ရှီလည်း စိတ်ရှုပ်ထွေးစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ငါ ကြီးလာတဲ့အထိ ဘာလို့ စောင့်နေမှာလဲ ထူးဆန်းလိုက်တာ"

သူ့မျက်နှာမှာ နီမြန်းနေပြီး စိမ်းလန်းသော အပင်ပေါက်များ ပေါက်တော့မလို သူ့နှလုံးသားထဲတွင် ခံစားချက်အချို့ ပေါက်ထွက်နေတာ ခံစားလိုက်ရသည်။ ဒါပေမဲ့ ဖန်တီးခံရှောင်ဝူ အကြောင်းကို တွေးပြီး သူ့နှလုံးသားက ချက်ချင်းဆိုသလို ပြင်းထန်လာသည်။ ထိုအပင်အပေါက်တွေကလည်း သူ့လည်ပင်းကို ညှစ်ပစ်လိုက်သလို ခံစားလာရတော့သည်။

"ဖန်တီးခံရှောင်ဝူကို အဘိုးက ဘယ်မှာ ဝှက်ထား​ခဲ့တာလဲ"

သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် စဥ်းစားနေစဥ် ရှင်းရှန်ဘုရင်ခံ လီရှောက်ကျန့် ပြောခဲ့သော စကားများကို သတိရသွားသည်။ သူ ၊ လီထျန်းချင်နှင့် အခြားသူများသည် ကျောက်သင်္ဘောထဲသို့ ဝင်ပြီးနောက် ဧကရီရှစ်ကျီ ရှေ့တွင် ထားခဲ့သော အဘိုးရဲ့ အဆောင်အစီအရင်ကို တွေ့ရှိခဲ့သည်။

အစီအရင်ကို ဖြိုခွင်းပြီးနောက် လူများစွာ သေဆုံးခဲ့သည်။

အဘိုးက ကျောက်သင်္ဘောပေါ်မှာ ဘာ့ကြောင့် ထားခဲ့တာလဲ။

"ချန်ယန်တောင်မှာ အန္တရာယ်အရှိဆုံးနေရာက နှစ်နေရာပဲ ရှိတယ်... တစ်နေရာက ဘုရင်ကျန်းရဲ့ ဂူဗိမာန်၊ နောက်တစ်ခုက ကျောက်သင်္ဘော.... ဘုရင်ကျန်းရဲ့ ဂူဗိမာန်အန္တရာယ်က အရမ်း အန္တရာယ် များတယ်... ကျောက်သင်္ဘော တည်ရှိနေခဲ့တာ ငါသိတောင် မသိခဲ့ဘူး.."

"အဘိုးက ငါ့ကို ဘုရင်ကျန်းဂူသင်္ချိုင်းနဲ့ မီးဖိုဆီ ခေါ်သွားပေမယ့် တောင်ပေါ်မှာ ဒီသင်္ဘောရှိတယ်ဆိုတာ မသိချင်ယောင်ဆောင်ထားသလိုပဲ ကျောက်သင်္ဘောဆီကို လိုက်မပို့ဖူးဘူး...ဆိုတော့ ဖန်တီးခံရှောင်ဝူကို ကျောက်သင်္ဘောပေါ်မှာ ချိတ်ပိတ်ထားခဲ့တာပဲ ဖြစ်မယ်... အစောက ရှမိသားစုက ဆရာကြီးတွေက ကျောက်သင်္ဘောပေါ်က ဆင်းသက်လာတဲ့ လူတွေလား?"

သူ့အမူအရာက မှောင်မိုက်လာသည်။ ဖန်တီးခံရှောင်ဝူကို တကယ်ပဲ ကျောက်သင်္ဘောပေါ်မှာ ချိတ်ပိတ်ထားခဲ့တာ ဆိုရင် ဒီလူတွေက တံဆိပ်ကို ချိုးပြီး ဖန်တီးခံရှောင်ဝူကို လွှတ်ပေးလိုက်ဖို့ ဖြစ်နိုင်ချေ များသည်။

"လီရှောက်ကျန့်က ငါ့အဖိုးချန်ထားခဲ့တဲ့ အစီအရင်ကို ချိုးဖျက်နိုင်မယ်လို့ မထင်ပေမယ့် အဲ့အောက်မှာ ဝှက်ထားတဲ့ ရှောင်ဝူလို သတ္တဝါတစ်ကောင်ရှိနေရင် နှိပ်ကွပ်ထားတဲ့ တန်ခိုးအများစုကို လျော့သွားစေမှာပဲ.... အစီအရင်ကို တိုက်ခိုက်ရင် ဒီနတ်ဆိုးက လွတ်မြောက်လာဖို့ အလားအလာ တော်တော်များတယ်"

ချန်ရှီသည် သူ၏ အာရုံပျံ့လွင့်သွားသော အတွေးများကို ဖယ်ကာ သူ့အဖိုး ထားခဲ့သော ဖန်တီးမှုဆိုင်ရာ ရတနာလမ်းညွှန်ကို ဆက်လက် လေ့လာခဲ့သည်။

"လီရှောက်ကျန့်က ငါနဲ့ သဘောတူညီမှု ရပြီးပြီ... ငါ ကတိကဝတ်ကို ဖျက်ပြီး သင်္ဘောပေါ်မှာ ရတနာတစ်ခု ယူပေးမယ်လို့ ကတိပေးခဲ့တယ်... ဒါပေမဲ့ ကျောက်သင်္ဘောကို အတူတူ စူးစမ်းဖို့လည်း ငါ ကတိပေးခဲ့တယ် ဒါပေမယ့် အဘိုးကျန်ခဲ့တဲ့ ကတိကဝတ်ကို ဖျက်စီးပစ်မယ်လို့ ကတိမပေးခဲ့ဘူး... အဆောင်စာလုံးတွေ ပျက်စီးသွားရင် ငါ ပြန်ပြင်ပေးလိုက်မယ်"

ဤအနည်းငယ်တွင် ဟွမ်ဖောကျေးရွာကို ဖြတ်ကာ လူအုပ်စုများစွာ တောင်ပေါ်သို့ ဦးတည်သွားခဲ့ကြသည်။ ၎င်းတို့က ကျောက်သင်္ဘောဆီသို့ ဦးတည်သွား​​နေသော ကျွမ်းကျင်သူများသာ ဖြစ်ပေမည်။

သူတို့ထဲက တော်တော်များများက ဒီလျှောစောက် တောင်စောင်းပေါ်က ချန်ရှီကို မြင်တော့ တောင်စောင်း​ပေါ်ကို တက်ဖို့ ကြိုးစားကြပေမယ့် ခြေထောက်ကို မြှောက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရင်ပဲ မြေပြင်ပေါ် ဒူးထောက်ကျကာ မလှုပ်နိုင်ကြတော့ပေ။

"ရှီးကျင်းရဲ့ သားသတ်သမားကတော့ အံ့သြစရာပဲ!"

အဘိုးအိုတစ်ဦးသည် ၎င်းတို့ကို ဝသ်ကယ်ဆယ်ခဲ့သည်။ ထိုလူအိုက သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်လျက် တောင်ကုန်းပေါ် လျှောက်သွားခဲ့သော်လည်း တောင်စောင်းထိပ်သို့ မရောက်ရှိမီတွင် ပြိုင်ဘက်မရှိသော ဖိအားကို ခံစားခဲ့ရသည်။

"ရှီးကျင်းသားသတ်သမားကတော့ လေးစားစရာ ကောင်းပါပေတယ်..."

အဘိုးအိုသည် အခက်အခဲကို သိသွားသဖြင့် ဆုတ်ခွာသွားကာ လူတိုင်းကိုလည်း မောင်းထုတ်ခဲ့သည်။

"အဲ့လူဆိုး တောင်ကုန်းပေါ် တက်လာချင်နေတာက ငါ့အဘိုးနဲ့ ပြိုင်ချင်နေလို့ပဲ ဖြစ်မယ် ဟုတ်တယ်မလား ဟေးကော်"

ချန်ရှီ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ခန့်မှန်းမိသည်။

"ဒါပေမဲ့ ဒီလျှောစောက်က ငါ့အဘိုးနဲ့လည်း ဘာမှမဆိုင်ပါဘူး သူတို့ ဘယ်သူနဲ့ ပြိုင်နေတာလဲ"

ဒါပေမဲ့ ဟွမ်ဖောရွာကို ဖြတ်သွားတဲ့လူတွေက အုပ်စုလေးငါးစု ရှိသည်။ သူတို့အားလုံးက သခင်တွေ ဖြစ်ကာ တခြားနေရာကနေ တောင်ပေါ်ကို တက်သွားကြပြီး အရင်လူတွေထက် ပိုသန်မာတယ်လို့ ထင်ရ၏။ ချန်ရှီကတော့ သူ့အဖိုးထားခဲ့တဲ့ တံဆိပ် ကျိုးသွားမှာကို မစိုးရိမ်ပေ။

ထိုနေ့တွင် လီရှောက်ကျန့်သည် အနည်းငယ် ဖြူဖျော့သော မျက်နှာဖြင့် ရောက်လာခဲ့၏။ သူနဲ့အတူ ခပ်ပိန်ပိန် လူငယ်လေး လီထျန်းချင်လည်း လိုက်ပါလာခဲ့သည်။ လီရှောက်ကျန့် သူ့ရှေ့ရှိ လျှောစောက်ကို အခြားသခင်များကဲ့သို့ ကုန်း​​ပေါ်တက်ဖို့ မစိန်ခေါ်ဘဲ မျက်နှာပေါ်က အပြုံးတစ်ပွင့်နဲ့သာ တောင်ခြေရင်းတွင် ရပ်နေလေသည်။

ချန်ရှီက သူ့ပစ္စည်းတွေကို ထုပ်ပိုးနေသည်။ စုတ်တံ၊ မှင်၊ စက္ကူနဲ့ မှင်ကျောက်တွေကို စာအုပ်ပုံးထဲ ထည့်နေသည်။ သူက စာအုပ်သေတ္တာကို ကျောတွင်လွယ်ကာ စားပွဲခုံကို ကောက်ကိုင်လိုက်၏။

"ပြင်ဆင်ပါရစေဦး"

လီရှောက်ကျန့်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။

ချန်ရှီ: "လူကြီးမင်းလီ တောင်ပေါ်ကို မကြည့်ချင်ဘူးလား?"

လီရှောက်ကျန့် သူ့ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး။

"မ​ကြည့်ချင်ဘူး"

ချန်ရှီလည်း စားပွဲခုံကို ထမ်းပြီး ရွာဘက်သို့ လျှောက်သွားတော့သည်။ လီထျန်းချင်က သူ့နောက်ကို အမြန်လိုက်သွား၏။

"စတုတ္ထဦးလေး... ကျွန်တော် သူ့ကို သွားကူလိုက်ဦးမယ်"

လီရှောက်ကျန့်လည်း ဆယ်ကျော်သက် နှစ်ယောက် လမ်းလျှောက်သွားနေတာ ကြည့်ပြီးနောက် သူ့အကြည့်ကို သူ့ရှေ့က ကုန်းစောင်းဆီ ရွေ့လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီး ဘယ်လောက် အလှမ်းဝေးနိုင်သလဲ စမ်းသပ်လိုသည့်အတိုင်း ခြေထောက်ကို အနည်းငယ် မြှင့်တင်လိုက်သည်။

"ထျန်းချင်... မင်းရဲ့ စတုတ္ထဦးလေးက တက်မယ်လို့ထင်လား"

ချန်ရှီက လမ်းလျှောက်သွားရင်း တိတ်တဆိတ် မေးသည်။

လီထျန်းချင်က ခေါင်းယမ်းပြီး "စတုတ္ထဦးလေး ဘယ်တော့မှ ကုန်း​ပေါ်ကို တက်မှာ မဟုတ်ပါဘူး... သူက ပေတံနဲ့တူတယ်၊ သူလှမ်းတဲ့ ခြေလှမ်းတိုင်းက အတူတူပဲ သူဝတ်တဲ့ အဝတ်တွေက အရောင်တူတယ် သူ့မှာ တူညီတဲ့အဝတ်အစားနဲ့ ဖိနပ်ပေါင်း ဒါဇင်နဲ့ချီ ရှိတယ်... သူ့ဆံပင်ပုံစံကို ကြည့်လိုက် သူဘယ်တော့မှ မပြောင်းဘူး... ဒီလိုလူက အရမ်းမာကျောပြီး သူသတ်မှတ်ထားတဲ့ စည်းမျဥ်းတွေကို ဘယ်တော့မှ ကျော်မသွားဘူး"

ချန်ရှီတို့ ရွာရှိ မြင့်မြတ်သော သစ်ပင်ဆီသို့ ရောက်လာကြသည်။ ချန်ရှီက စာအုပ်​သေတ္တာနှင့် စားပွဲကို ချထားကာ ရွာရှိ မြင့်မြတ်သော သစ်ပင်အောက်၌ အမွှေးတိုင် တစ်ချောင်းထွန်းကာ သစ်ပင်ပေါ်သို့ တက်ကာ ပြုံးလိုက်သည်။

"ဒါဆို သူအခု စည်းကမ်းဖောက်ဖျက်မလား ကြည့်ရအောင်!"

လီထျန်းချင်လည်း အနိုင်ရရန် စိတ်အားထက်သန်လာပြီး အမွှေးတိုင်တစ်ချောင်း ထွန်းခဲ့ကာ မြင့်မြတ်သော သစ်ပင်ပေါ် ခုန်တက်ခဲ့သည်။

"စည်းကမ်းမဖောက်ရင် ဘယ်လိုလုပ်မလဲ... မင်းငါ့ကို ဘာပေးမလဲ"

ချန်ရှီ ခဏလောက်စဉ်းစားပြီး "ငါ မင်းအတွက် ငွေတစ်ချောင်း ဆုံးရှုံးခံမယ်..."

လီထျန်းချင်က စိတ်ရှုပ်နေတဲ့ပုံနဲ့ "ငါ့ရဲ့ လစဉ်လစာက သိပ်မများဘူး အဲဒါကြောင့် အလောင်းအစားကြီးကြီး မတတ်နိုင်ဘူး.... မင်းရဲ့အဝတ်တွေကို ငါ တစ်လလောက် လျှော်​ပေးရမလား... ငါ့အမေက လီမိသားစုမှာ အဝတ်လျှော်ပေးတယ်... ငါလည်း ငယ်ငယ်ကတည်းက ကူလျှော်ပေးဖူးတယ် အရမ်းသန့်စေရမယ်"

ချန်ရှီ သူ့ခေါင်းကို ကုတ်လိုက်ပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်ပါ၏။

"တစ်လက ကြာလွန်းတယ် ငါးရက်လောက်ဆို ရပါတယ်"

လီထျန်းချင် သဘောတူလိုက်သည်။

နှစ်ယောက်သား ငြိမ်သက်စွာ ကြည့်လိုက်တော့ လီရှောက်ကျန့်ဟာ ခပ်ဝေးဝေးရှိ လျှောစောက်၏ ခြေရင်းတွင် ရပ်နေကာ ခြေထောက်ကို မြှောက်ကာ ချီတုံချတုံ ဖြစ်နေတာ တွေ့လိုက်ရသည်။

နှစ်ယောက်သား ခဏစောင့်လိုက်ကြပြီး လီထျန်းချင် စကားစလုဆဲဆဲတွင် ရုတ်တရက် လီရှောက်ကျန့်ရဲ့ ခြေရာများ ပြုတ်ကျကာ မြေသားလျှောစောက်ပေါ် လှမ်းတက်လိုက်​တော့သည်။

လီထျန်းချင် အံ့ဩသွားပြီး ဘာကြောင့်မှန်း မသိလိုက်။

"ထျန်းချင်... ငါးရက်အဝတ်နော်!"

ချန်ရှီသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် သစ်ပင်ပေါ်မှ ခုန်ဆင်းသွားရာ လီထျန်းချင်လည်း လျှောချကာ လျင်မြန်စွာ ခုန်ဆင်းလိုက်သည်။

"စိတ်မပူပါနဲ့...ငါ့ကတိကို ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူး ဒါပေမယ့် စတုတ္ထဦးလေးလို လူတစ်ယောက်က ဘယ်လိုလုပ် ကုန်း​ပေါ်တက်သွားတာလဲ"

သူတကယ်ကို နားမလည်သေးချေ။

ချန်ရှီက ပြုံးပြီးပြောပြသည်။

"ငါ့အဖိုးက ပြောတယ်.. စည်းကမ်းကြီးလေလေ သူ့နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ ဆန္ဒတွေက ပိုကြီးလာလေပဲတဲ့.. စစ်မှန်တဲ့ ကျင့်ကြံမှုက လိုအင်ဆန္ဒတွေကို ပြေလျော့စေနိုင်ပေမယ့် လူကြီးမင်းလီက တကယ့် လက်တွေ့သမားတစ်ယောက်လို မဟုတ်ဘူး သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတဲ့အခါ သူ့ဆန္ဒက အကြီးကျယ်ဆုံး ပေါ်လာလိမ့်မယ်"

လီထျန်းချင်လည်း အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အတွက် ခေါင်းညိတ်လိုက်သည်။ သူက စားပွဲခုံကို အိမ်ထဲ ရွှေ့ကူပြီး ညစ်ပတ်နေတဲ့ အဝတ်တွေကို ကောက်ယူပြီး လျှော်ဖွပ်ဖို့ ထွက်သွားခဲ့သည်။

ချန်ရှီသည် အရှေ့ဘက်ခန်းကိုဖွင့်ကာ ရတနာစာအုပ်ကို ပြန်ထည့်လိုက်သည်။ ထို့နောက် အ၀တ်အစားများ ထုပ်ပိုးကာ စာအုပ်သေတ္တာထဲတွင် ထည့်ထားကာ အစာခြောက်နှင့် ဆေးဖက်ဝင် ပစ္စည်းများကို ပြင်ဆင်ခဲ့သည်။

ခဏလောက် စဉ်းစားပြီးတဲ့အခါ အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကို ယူကာ သူ့အင်္ကျီအိတ်ကပ်ထဲမှာ ဝှက်ထားလိုက်သည်။

ရုတ်တရက် အကွာအဝေး တစ်ခုဘက်မှ မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာ၏။ ချန်ရှီ သူ့စာအုပ်သေတ္တာကို ကိုင်ဆောင်ကာ အခန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကျောက်သင်္ဘောတည်ရှိရာ ချန်ယန်တောင်မှ အလင်းတန်းတွေ တောက်ပလာတာ တွေ့လိုက်ရသည်။

"ဖန်တီးခံရှောင်ဝူ မထွက်လာပါစေနဲ့လို့ မျှော်လင့်တယ်...."

ရွာအပြင်သို့ ရောက်သောအခါတွင် လီရှောက်ကျန့်က ရွာအဝင်ပေါက်တွင် စောင့်ဆိုင်းနေခဲ့သည်။ ပြီးတာနဲ့ ၎င်းတို့သုံးဦးနှင့် ခွေးတစ်ကောင်သည် တောင်ပေါ်သို့ ချက်ချင်း ဝင်ရောက်ကာ မင်မင်းဆက် ရတနာသင်္ဘောဆီသို့ ပြေးထွက်လာခဲ့​ကြသည်။

All Chapters