← Chapters

ရတနာသင်္ဘော ဘုံကျောင်းကြီး

Vol. 9 Ch. 129

ရတနာသင်္ဘော ဘုံကျောင်းကြီး

Vol. 9 Ch. 129

တခြားသူများသည် ကျောက်သင်္ဘော နတ်တစ္ဆေဘုံရဲ့ နယ်ပယ်မှ ပြေးထွက်လာကြပေမယ့် ချန်ရှီနှင့် တခြားသူများကတော့ ခြေနှစ်ချောင်း ဆုံးရှုံးမှာကို မစိုးရိမ်ဘဲ ဆန့်ကျင်ဘက်သို့ ဦးတည်ကာ ကျောက်သင်္ဘောဆီ ပြေးထွက်သွားကြသည်။

လူတော်တော်များများက သူတို့အနားက ဖြတ်သွားချိန် အံ့သြတဲ့ မျက်လုံးတွေက သူတို့ဆီရောက်လာခဲ့သေးသည်။ လီရှောက်ကျန့်က မျက်နှာဖုံး တစ်ခု တပ်ထားပြီးပြှ။ ဒီမျက်နှာဖုံးကို ဈေးသည် တစ်ယောက်ဆီက ဝယ်လိုက်တာ ဖြစ်ပြီး ၎င်းသည် နှစ်ခွဲအရွယ်ကလေးငယ်အတွက် လုပ်ထားတဲ့ ဝက်မျက်နှာဖုံးဖြစ်လို့ ကြီးမားပြီး ဝိုင်းစက်သည်။

နောက်ဆုံးတွင် သူသည် ကမ္ဘာ့မိသားစုကြီးများ၏ သခင်များနှင့် ရင်းနှီးတာကြောင့် တခြားသူများ သူ့မျက်နှာအစစ်အမှန်ကို မြင်သွားမှာ စိုးရိမ်နေရသည်။

လီရှောက်ကျန့်ဟာ ချန်ရှီ၊ လီထျန်းချင်နဲ့ ဟေးကော်ကို ကာကွယ်ဖို့ သူ့ဝိညာဉ်ကို စတေးထားရသည်။

"ဒီကလေးနှစ်ယောက်နဲ့ ခွေးက မယုံနိုင်လောက်အောင် ရဲရင့်တာပဲ... ငါသာဆိုရင် ဒီအချိန်မှာ ဘယ်တော့မှ သင်္ဘောပေါ် မတက်ရဲ​လောက်ဘူး!"

သူနှင့် လီထျန်းချင် ကျောက်သင်္ဘော​ပေါ်ကို နောက်ဆုံးအကြိမ် တက်သောအခါက ကျောက်သင်္ဘောကြီးက ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ သိခဲ့ကြသည်။ သင်္ဘောပေါ်မှာ ခြေထောက်တောင် မချရဲချေ။

အနည်းငယ်ထိမိပါက ကျောက်သင်္ဘော၏ နတလတစ္ဆေနယ်ပယ်သည် ချက်ချင်း အသက်ဝင်လာမှာ ဖြစ်ပြီး အရာအားလုံးကို ကျောက်ဖြစ်သွားစေလိမ့်မည်။ သူ့ရဲ့ ကျင့်ကြံမှုက နတ်တစ္ဆေဘုံရဲ့ စွမ်းအား အရှိန်ကို နှောင့်နှေး​စေနိုင်သော်လည်း ၎င်းက ယာယီနှောင့်နှေးမှုသာ ဖြစ်သည်။

သူ၏အဆင့်မြင့်သော ကျင့်ကြံမှုနှင့် ထက်မြက်သော အာရုံများနှင့်အတူ၊ သူ့သွေးစီးဆင်းမှုနှုန်း ကျဆင်းလာကာ နှလုံးလုပ်ဆောင်မှုက လျင်မြန်စွာ ကျဆင်းလာမည်။ ရိုးတွင်းခြင်ဆီမှ သွေးမထုတ်တော့ဘဲ တဖြည်းဖြည်း ကျောက်အဖြစ်သို့ ပြောင်းလဲသွားပေမည်။ သူ့အဆစ်တွေက တဖြည်းဖြည်း တောင့်တင်းလာပြီး သူ့ဆံပင်တွေက ကျောက်တုံးတွေလို ဖြစ်သွားလိမ့်မည်။

ကြောက်စရာ အကောင်းဆုံးမှာ သူ၏ဝိညာဉ်၊ သူ့နတ်သန္ဓေသားကလည်း တုန်လှုပ်ချောက်ချားစွာနဲ့ ကျောက်ဖြစ်သွားမှာပဲ ဖြစ်သည်။ ချီစွမ်းအင်များပင် တဖြည်းဖြည်း ရပ်တန့်သွားပြီး လှုပ်ရှားရခက်လာနိုင်သည်။

ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက ဘယ်သူမဆို သေခြင်းတရား တံခါးဝဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေမိကြောင်း သဘောပေါက်လာမှာ ဖြစ်ကာ အကြောက်တရားကြီးကို ခံစားလာရလိမ့်မည်။

လူများစွာသည် ပုံမှန်အချိန်၌ သေခြင်းကို မကြောက်ကြသော်လည်း သေခြင်းတရားက နီးကပ်လာတာနဲ့ ဖြည်းဖြည်းချင်း အသက်ကို ယူဆောင်သွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားရသောအခါ ထိုကြောက်ရွံ့မှုက တာအိုနှလုံးသားကို တိုက်ရိုက် နှိပ်စက်ပစ်လိမ့်မည်။

ဗုန်း!

ထူးဆန်းတဲ့ တုန်ခါမှုတွေနဲ့အတူ ကျောက်သင်္ဘောပေါ်က နတ်တစ္ဆေဘုံထဲကို ပြေးဝင်လာကြ၏။ ကျောက်သင်္ဘောကြီး ဆိုက်ကပ်ထားသည့် ချောက်ကမ်းပါးကြီးသည် ယခုအချိန်တွင် ကမ်းပါးပေါ်တွင် ရပ်နေသော မင်မင်းဆက် ရတနာသင်္ဘောကြီးအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

ဝုန်း!

ခြောက်သွေ့​နေခဲ့သော မြစ်ကြမ်းပြင်က ရုတ်တရက် ရေလွှမ်းမိုးမှုနှင့်အတူ ကမ်းစပ်ကို လှိုင်းလုံးကြီးများ ရိုက်ခတ်လာသည်။ မင်မင်းဆက် ရတနာသင်္ဘောသည် တဲကျန်းမြစ်ဘက်သို့ တိမ်းစောင်းသွားကာ မြစ်ထဲသို့ လျှောဆင်းတော့မည့် အနေအထားကို ရောက်နေပါပြီ။

"အချိန်က အရေးကြီးဆုံးပဲ... ဟေးကော်! အချိန်ကို ဂရုစိုက်ပါ"

ချန်ရှီ မင်မင်းဆက် ရတနာသင်္ဘောဆီသို့ အမြန်ပြေးသွားပြီး ပါးစပ်ကလည်း အော်ပြောနေသည်။

"စုစုပေါင်း တစ်နာရီရဲ့ လေးပုံသုံးပဲ အချိန်ရှိတော့တယ်... နောက်ဆုံး အချိန်ရောက်ရင် ငါတို့ကို သတိပေး!"

ဟေးကော်ကလည်း ဟောင်သည်။

ထိုအချိန်တွင် ရွှီမိသားစုမှ အကြီးအကဲ ရွှီချောင်ရှန်းသည် ကောင်းကင်အထက်သို့ အမြန်ပြေးသွားသည်။ မင်မင်းဆက် ရတနာသင်္ဘော၏ နတ်တစ္ဆေ နယ်ပယ်မှ လွတ်မြောက်ခဲ့တာတောင် သူ့ရင်ထဲတွင် ကြောက်ရွံ့မှုတွေကို ခံစားနေရဆဲ ဖြစ်သည်။

သူ၏ ခွန်အားဖြင့် ကျောက်သင်္ဘောကို အချိန်အတော်ကြာ တိုက်ခိုက်နိုင်ခဲ့သော်လည်း အသက်ကြီးနေပြီလေ။ အခြားအရာများထက် သူ့ဘဝကိုသာ ပိုတန်ဖိုးထားသောကြောင့် ချက်ချင်း လွတ်မြောက်ခဲ့သည်။

သူက အောက်ကိုငုံ့ကြည့်ရင်း :"ရွှီမိသားစုရဲ့ သားမြေးတွေ လွတ်မြောက်နိုင်ပါ့မလား...ဒါဖြစ်သင့်ပါတယ် သူတို့ထဲက အနည်းငယ်ကတော့ သေရတော့မှာပဲ... ဟေ့ အဲဒီလူတွေက ဘာလို့ နောက်ပြန်သွားနေကြတာလဲ"

သူ့မျက်လုံးများက ချန်ရှီတို့ကို စိုက်ကြည့်နေသည်။ ချန်ရှီတို့ လူသုံးယောက်နှင့် ခွေးတစ်ကောင်သည် ရတနာသင်္ဘောဆီသို့ ပြေးသွားနေကြကာ သင်္ဘောအောက်သို့ပင် ရောက်နေပြီဖြစ်သည်။

"ဒီလူလတ်ပိုင်းလူက နည်းနည်းတော့ ရင်းနှီးနေသလိုပဲ..."

သူ့မျက်နှာက အနည်းငယ် ပြောင်းသွားပြီး အဓိကအချက်ကို ချက်ချင်း စဉ်းစားလိုက်တော့သည်။

"ဘုရင်ခံလီက တကယ်ကို အရည်အချင်းရှိတာပဲ.. ဒီကောင်က ငါတို့ကို ခြေနင်းကျောက်လို သုံးနေတာ"

သူ့မျက်နှာပေါ်တွင် မှိုင်းညို့နေသည့် အမူအရာဖြင့် ရုတ်တရက် အံကြိတ်ကာ လဲကျသွားသည့် ရွှီမိသားစု၏ သားသမီးများဆီသို့ တည့်တည့် ပျံသန်းသွားသည်။

"လီရှောက်ကျန့်! မင်း ငါနဲ့ ရွှီမိသားစုကို လှည့်စားချင်နေတယ်ပေါ့လေ... မင်းအိပ်မက်မက်နေတာပဲ!"

ချန်ရှီနှင့် အခြားသူများက မင်မင်းဆက် ရတနာသင်္ဘောဆီသို့ ရောက်နေပြီ။ လီရှောက်ကျန့်က ရတနာသင်္ဘောကို မထိရဘူးဟု ပြောထားလာသော်လည်း ရတနာသင်္ဘောရဲ့ နတ်တစ္ဆေဘုံက ပျံ့နှံ့နေပြီဟု တွေးကာ သူ့စကားများကို မျိုချလိုက်ရသည်။

ချန်ရှီ ဟေးကော်ကို ကောက်ယူပြီး ရတနာသင်္ဘောပေါ်သို့ ခုန်တက်သွားတဲ့အခါ လီထျန်းချင်လည်း သင်္ဘောပေါ် လိုက်တက်လာခဲ့သည်။ ဤအခိုက်တွင် လီရှောက်ကျန့်သည် သူ့စွမ်းအင်ဖြင့် ၎င်းတို့ကို ကာကွယ်နေသဖြင့် နတ်တစ္ဆေဘုံရဲ့ လွှမ်းမိုးသွားမှုကို ချက်ချင်း ခံစားလိုက်ရသည်။

သူသည် နတ်တစ္ဆေဘုံစွမ်းအားကို အစွမ်းကုန် တွန်းလှန်ခဲ့သော်လည်း သေခြင်းတရား အနားသို့ ချဉ်းကပ်လာရသည့် ခံစားချက်က တစ်ဖန်ပြန်ပေါ်လာပြီး ကြောက်ရွံ့မှုက သူ့နှလုံးသားကို ဖုံးလွှမ်းသွားသည်။

ခဏအကြာတွင် သူ့ဝိညာဉ်သည် ကျောက်တုံးဖြစ်သွားကာ သူ့ခန္ဓာကိုယ်မှာလည်း သေဆုံးသွားရတော့မည်။

ထိုအချိန်တွင် ချန်ရှီနဲ့ လီထျန်းချင်တို့သည် ၎င်းတို့အပေါ် မင်မင်းဆက် ရတနာသင်္ဘော၏ တစ္ဆေနယ်ပယ် လွှမ်းမိုးမှုကိုလည်း သတိပြုမိကြသည်။ ၎င်းတို့ကိုယ်တိုင် သေဆုံးမည့်ရက်ကိုလည်း ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားသလို ခံစားချက်ကပါ ဝင်လာ၏။

ဒါက ရတနာသင်္ဘော နတ်တစ္ဆေဘုံရဲ့ ထူးခြားချက်ဖြစ်သည်။ လူတိုင်းရဲ့ ဘဝနှင့် သေခြင်းတရားတို့သည် နတ်တစ္ဆေဘုံထဲသို့ လှမ်းဝင်သည့် အခိုက်အတန့်၌ ထင်ရှားစွာ မှတ်သားထားလေပြီ။

ရတနာသင်္ဘော ကုန်းပတ်ပေါ်တွင် ပေပေါင်းများစွာ မြင့်သော နတ်ဝိညာဥ်နဲ့ အခြေတည်ဝိညာဥ်တွေက နေရာတိုင်း ရှိနေတာ အလွန် ချောက်ချားစရာ ကောင်းနေသည်။

ချန်ရှီသည် အရှိန်ပြင်းပြင်းဖြင့် လျှောက်လာကာ အလုံးလေးတွေကို မြင်လိုက်ရ၏။ အနီးကပ် ကြည့်လိုက်တော့ ရွှန်းလဲ့နေသော ရွှေအမြုတေလေးတွေ ဖြစ်နေသည်။ ကြမ်း​ပြင်ပေါ်မှာ ဒီလိုရွှေအမြုတေတွေ အများကြီးရှိသည်။

ရတနာသင်္ဘောပေါ် တက်ခဲ့သော ရွှေအမြုတေနယ်ပယ်က ကျင့်ကြံသူတွေ ရွှေအမြုတေတွေ ကွဲအက်ကုန်တာ ဖြစ်လိမ့်မည်။

"ငါ့နောက်လိုက်ခဲ့!"

လီထျန်းချင်အတွက် ဒါက ပဉ္စမအကြိမ် ရတနာသင်္ဘောပေါ်သို့ တက်ရတာမလို့ ချက်ချင်း လမ်းပြသည်။

"ရှစ်ကျီဦးခေါင်းအရှေ့က ကန့်သတ်ချက် အားလုံးကို ငါချိုးဖျက်လိုက်ပြီးပြီ... ဒါပေမဲ့ အဆောင်စာလုံးနဲ့ အစီအရင်က မပြိုကွဲသေးဘူး... တခြားနေရာတွေကို မသွားနဲ့ အဲဒီနေရာတွေမှာ ကြောက်စရာကောင်းတဲ့ ကန့်သတ်ချက်တွေ ရှိနေသေးတယ် ...."

တခြားသူများ တားမြစ်ချက်ကို ဖောက်ဖျက်ရန် ခွန်အားမရှိသော်လည်း လီထျန်းချင်ဟာ စာလုံးတွေကို ကောင်းစွာဖတ်တတ်ပြီး အလွန်ဗဟုသုတရှိသူ ဖြစ်သည်။ ယခင်က သူ သင်္ဘောပေါ် တက်သည့်အခါ သင်္ဘောပေါ်က တားမြစ်ချက်ကို ဖောက်ဖျက်ရန် ဖြစ်သော်လည်း အခြားလီမိသားစုဝင်များက နှေးကွေးလွန်းသဖြင့် စစ်တပ်တစ်ခုလုံး အထပ်ထပ် ပျက်သုဉ်းသွားခဲ့ရသည်။

လီရှောက်ကျန့်နဲ့ အတူ သင်္ဘောပေါ်တက်တဲ့ စတုတ္ထအကြိမ်မှာတော့ ပိုချောချောမွေ့မွေ့ ရှိလာသည်။ ရှစ်ကျီဦးခေါင်းကို ရနိုင်ခဲ့ပေမယ့် ချန်ရှီအဘိုး တည်ထောင်ထားခဲ့တဲ့ အစီအရင်ကို သူ မချိုးဖျက်နိုင်ခဲ့ပါဘူး။

သူသည် လမ်းနှင့်ရင်းနှီးပြီးသားမလို့ ချန်ရှီ၊ လီရှောက်ကျန့်တို့ကို သင်္ဘောပေါ်ရှိ လမ်းများမှတဆင့် ဦးဆောင်ခေါ်သွားခဲ့သည်။

သင်္ဘောကို အရှည်ပေလေးဆယ့်လေးပေနှင့် အကျယ်ပေရှစ်ဖြင့် တည်ဆောက်ထားသည်။ သင်္ဘောကြီးပေါ်တွင် ရပ်တန့်ထားသည့် မြှားများက လက်မောင်း​လောက် ထူသည်။ မြှားအမြီးကို အနက်ရောင် သံကြိုးများ ချည်နှောင်ထားကာ သံကြိုးများကတော့ အလွန်သေးသွယ်ပြီး တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်။

ဒီလို ကြောက်စရာကောင်းတဲ့ မြှားက ဘယ်လို သားကောင်မျိုးကိုပစ်ဖို့ သုံးလဲတော့ မသိချေ။

လီထျန်းချင်က သူတို့ကို အဆောက်အဦးတစ်ခုထဲကို အမြန်ခေါ်သွားသည်။ အောက်ထပ်လှေကားကို ဖြတ်သွားကာ အနည်းငယ် ကွေ့ပတ် လမ်းလျှောက်ပြီးတဲ့အခါ အခန်းထဲသို့ ဝင်လိုက်သည်။

အခန်း၏ နှစ်ဘက်စလုံးတွင် သင်္ဘောသားများနှင့် မင်စစ်သားများ နေထိုင်ရာ အခန်းများရှိပြီး အလယ်တွင် စင်္ကြံလမ်းတစ်ခု ရှိသည်။ လီထျန်းချင် ရှေ့သို့ လျင်မြန်စွာ လျှောက်သွားကာ ကျောက်တုံးရုပ်တုများကြားမှ ဖြတ်သွားခဲ့သည်။ ချန်ရှီ သင်္ဘောသားများနှင့် စစ်သည်များ နေထိုင်သည့် အခန်းများကို အမြန်ကြည့်ကာ မေးလိုက်သည်။

"အတွင်းခန်းက အဲ့လောက်တောင် ကြီးလား?"

သူ့မျက်စိကို ဖမ်းစားနိုင်သော အခန်းဆိုလျှင် သူ့ခြံဝန်းနီးပါး​လောက်ကို ကျယ်ဝန်းကာ အတွင်းပိုင်း နေရာလွတ်တစ်ခု ရှိသည်။ သို့သော် ကပ်လျက်အခန်း နှစ်ခန်းကို ကြည့်လိုက်ရင်တော့ အတွင်းခန်းက အနည်းငယ်ကျဉ်းမြောင်းသော အိမ်တစ်လုံး၏ အရွယ်အစားသာ ဖြစ်သည်။

ချန်ရှီ အခန်းကို ပေါ့ပေါ့ဆဆ ရိုက်လိုက်ရာ သူ့မြင်ကွင်းထဲ၌ ရုတ်တရက် အိမ်အတွင်းနံရံထဲ ဝှက်ထားသော စာလုံးကြီးတစ်လုံး ပေါ်လာတော့သည်။ ၎င်းက ခေါင်မိုးပေါ်မှ ပါးစပ်ကြီး ဟလိုက်သလိုမျိုး သင်္ဘောသားအခန်း၏ အခန်းတံခါးဖြစ်လာသည်။

"လတ်စသတ်တော့ ဒီလိုကိုး!"

ချန်ရှီသည် ဒဏ္ဍာရီဆန်ဆန် အစားကြူးသော တိရစ္ဆာန်တစ်ကောင်ကို သတိရသွားသည်။ ၎င်း၏ဗိုက်ထဲတွင် အဆုံးမရှိ နေရာလွတ်ရှိနေကာ မျိုမချနိုင်တော့တာတွေကို ထိုနေရာလွတ်၌ ဖွက်ထားကာ ပြီးမှ ဆက်စားတတ်သည်။

မင်မင်းဆက်၏ မှော်ဆရာများသည် မူလနေရာငယ်ကို ချဲ့ထွင်ရန်အတွက် အခန်းအတွင်း၌ အစီအရင်များကို ထွင်းထုထားခဲ့သည်။

"တစ်ဆယ်လေး မြန်မြန် လိုက်ခဲ့လေ!"

လီထျန်းချင် လှည့်ပြီး ပြောလာသည်။

ချန်ရှီ သူ့နောက်သို့ အမြန်လိုက်သွားရာ ရှေ့မျက်နှာစာသည် အလျားတစ်ဆယ့်ရှစ်ပေနှင့် အနံ ၁၈ပေ ရှိသော ဆွေးနွေးခန်း တစ်ခုကဲ့သို့ ရုတ်တရက် ကျယ်လာသည်။ အလယ်တွင် ကျားဖြူအရေပြားကြီး တစ်ခုရှိပြီး ဘေးနှစ်ဖက်မှာတော့ ထိုင်ခုံခုနစ်လုံးကို သပ်သပ်ရပ်ရပ်စီစဉ်ထားသည်။

ကုလားထိုင် ခုနစ်လုံးကို ကျောက်တုံးနဲ့ထုပြီး လျှောက်သွားတဲ့အခါ ကုလားထိုင်ရဲ့ ခြေထောက်ထက် ပိုမြင့်လာသည်။ ထိုင်ခုံနောက်တွင် ကြယ်မြေပုံများ ချိတ်ဆွဲထားသည်။

"ကျားအရေကို သတိထား!"

လီထျန်းချင်က သတိပေးသည်။

"ကျားအရေကို မျက်လုံးနဲ့ တည့်တည့် မကြည့်နဲ့.... မဟုတ်ရင် ကျားခေါင်းလူ့ခန္ဓာကိုယ်နဲ့ ကျားဖြူက အသက်ဝင်တဲ့ ဝိညာဉ် ဖြစ်လာလိမ့်မယ်... အရမ်းရက်စက်ပြီး လူသတ်တယ်.... ကျားဖြူနတ်ဘုရားကို ထိရင် ကောင်းကင်က နက္ခတ်​ကြယ်ခုနစ်လုံးက အသက်ဝင်လာလိမ့်မယ်...သူ့​ရဲ့ စီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ မြင့်မြတ်တဲ့ သားရဲတွေ ပေါ်လာမယ်... သူတို့ သတ်ပစ်ချင်တဲ့ ပြေးလမ်းက ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး!"

ချန်ရှီသည် ကျားဖြူအရေခွံကို ကြည့်ရန် ခေါင်းမထောင်ဘဲ သူ့မျက်လုံးထောင့်ကို ကြည့်လိုက်တော့ မြေပြင်ပေါ်တွင် ကိုက်ထားတဲ့ ခြေရာတွေအပြင် အမှတ်အသားများစွာကို တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်က ဒီကိုရောက်လာခဲ့ပေမယ့် ရလဒ်အနေနဲ့ ကျားက အသက်သွင်းမိသွားပြီး မျှော်လင့်ဘဲ သေဆုံးသွားခဲ့ပုံပါပဲ။

လီထျန်းချင်သည် အနောက်ခန်းရှိ ကျားဖြူခန်းမကို ဖြတ်သွားပြီးနောက် အရှေ့နန်းတော်၏ နဂါးခန်းမထဲသို့ ဆက်ဝင်သွားခဲ့သည်။ နဂါးအရိုးအစစ်များ သို့မဟုတ် နဂါးအရိုးအတုများ တွဲလောင်းချထားသော ခန်းမကြီးထဲတွင် ကုလားထိုင်ခုနစ်လုံး ရှိ​နေ​ပြန်သည်။

ချန်ရှီ: "အရှေ့နဲ့ အနောက်မှာ နန်းတော်နှစ်ခုရှိရင် မြောက်နဲ့တောင်မှာ နန်းတော်နှစ်ခု ရှိရမယ်... တခြားလမ်းကလာရင်တော့ အဲဒီခန်းမနှစ်ခုကို တွေ့ရလိမ့်မယ် ထင်တယ်"

မစူးစမ်းဝံ့ကြသဖြင့် အရှေ့နန်းတော်ရဲ့ နဂါးခန်းမကိုဖြတ်၍ ဟင်းသီးဟင်းရွက် စိုက်ခင်းကို ဖြတ်လျှောက်လာခဲ့ကြသည်။ မင်မင်းဆက်ရဲ့ ရတနာသင်္ဘောထဲမှာ ဟင်းသီး ဟင်းရွက်စိုက်ခင်းတွေလည်း ရှိနေ၏။

ဟင်းသီးဟင်းရွက် လယ်ကွင်းသည် စိမ်းလန်းစိုပြေနေတာ မြင်လိုက်ရသောအခါ ချန်ရှီရဲ့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ အမှန်တကယ်ကို အသီးအနှံ နှင့် ဟင်းသီးဟင်းရွက် မျိုးစုံ ပြည့်နှက်နေသည်။ ဟင်းရွက်ခင်းများတွင် ​ဘောင်ပေါင်းတစ်ရာကျော်ရှိပြီး အတန်းတစ်တန်းစီက အကျယ်သုံးပေခြောက်ပေနှင့် အလျားငါးပေမှ ခြောက်ဆယ်အထိ ရှိသည်။

ချန်ရှီ အနီရောင် ခရမ်းချဉ်သီးတစ်လုံးကို ကောက်ယူပြီး ကိုက်​ကြည့်လိုက်သည်။ အရသာက ချဉ်ချိုမြိန်ပြီး အရသာခံဖုလေးများကို စိုစွတ်သွားစေ၏။ ဒီနေရာက သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များက တကယ် စားလို့ ရနေသည်။

သင်္ဘောအတွင်း ခေါင်းမော့ကြည့်လိုက်တဲ့အခါ နတ်ဝိညာဥ် တစ်ခုရဲ့ အလင်းရောင်က အရပ်မျက်နှာ အသီးသီးကို တောက်ပနေသည်။ တောက်လောင်နေသော ဝိညာဉ်ဦးခေါင်းကြီးကြီးပေါ်က ဆံပင်များက ပျံဝဲလျက် ရှိပြီး နေနှင့်လကို အစားထိုးရန် ဟင်းရွက်ခင်းပြင်တွင် တောက်ပနေသော မီးလုံးကြီးနှစ်လုံးကဲ့သို့ မျက်လုံးများ ရှိနေတာ မြင်လိုက်ရသည်။

"ခြောက်နာရီ ကြာပြီးရင် နတ်ဝိညာဉ်ရဲ့ မျက်လုံးတွေ လရောင် ပြောင်းလဲသွားလိမ့်မယ်... အဲ့အချိန်ကျရင်တော့ အရမ်း အန္တရာယ်များလိမ့်မယ်... ဒီနတ်ဝိညာဉ်ရဲ့ လမျက်လုံးဆီက အလင်းရောင် အထိုးခံလိုက်ရရင် မကောင်းဆိုးဝါး ဖြစ်တော့မယ့် အန္တရာယ်ကို ခံစားလာရလိမ့်မယ်!"

ဟင်းသီးဟင်းရွက် စိုက်ခင်းပြီးနောက် စပါး၊ အာလူး၊ ဂျုံ၊ ဆန်နှင့် အခြားသီးနှံများ စိုက်ပျိုးသည့် အခြားသီးနှံစိုက်ခင်း ဖြစ်သည်။

ကြက်၊ ဘဲ၊ ကျွဲ၊ နွား၊ သိုး၊ ဝက်နှင့် မြင်းများအော်သံကို ကြားလိုက်ရပြန်သည်။ တိရစ္ဆာန်များစွာ မွေးမြူထားသည့် မွေးမြူရေးခြံသို့ ရောက်လာသော် ထိုတိရစ္ဆာန်များက အသက်ရှင်နေသေးတာ တွေ့လိုက်ရသည်။

ဒီနေရာတွေက ချန်ရှီအား လမ်းမှာတွေ့ခဲ့တဲ့ နဂါးနဲ့ ကျားဖြူခန်းမတွေထက် အဆတစ်ရာ ပိုတုန်လှုပ်သွားစေ၏။

နောက်ဆုံးတွင်မှ သူတို့သည် မင်မင်းဆက် ရတနာသင်္ဘော၏ အလယ်ဗဟိုခန်းထဲသို့ ဝင်သွားကြသည်။ သင်္ဘောပေါ်ရှိ ရှေးဟောင်းဘုံကျောင်းက ခံ့ညားထည်ဝါစွာ တည်ရှိနေသည်။ ဘုံကျောင်းရှေ့က ကျောက်လှေကားထစ်တွေပေါ် လမ်းလျှောက်လာတဲ့အခါ သူတို့ဟာ အရေးမပါသလိုတောင် ခံစားလာရ၏။

ချန်ရှီလည်း လီထျန်းချင်နောက်မှ လိုက်ကာ ကျောက်လှေကားထစ်များကို လျင်မြန်စွာ ဖြတ်လျှောက်သွားလိုက်သည်။ ဘုံကျောင်းရှေ့သို့ ရောက်သော် ဘုံကျောင်း တံခါးကို လှမ်းကြည့်လိုက်သည်။

"ဧကရီရှစ်ကျီဘုံကျောင်း!"

ကိုယ်တိုင် ရေရွတ်ပြီးနောက် လီထျန်းချင်နဲ့အတူ ဘုံကျောင်းထဲသို့ လိုက်ဝင်သွားခဲ့သည်။

ဘုံကျောင်းရဲ့ ပင်မခန်းမဆောင်သည် ဧကရီရှစ်ကျီရဲ့ ရုပ်အလောင်းအစစ် ကိန်းဝပ်ရာ နေရာဖြစ်သည်။ ခန်းမထဲ မဝင်ရောက်မီတွင် ချန်ရှီတစ်ယောက် မထိန်းနိုင်ဘဲ ညည်းတွားမိသွားသည်။ သူ့စိတ်ဝိညာဉ်က တုန်လှုပ်သွားကာ သူ၏ ချီစွမ်းအင်သည် မှောင်မိုက်နေတဲ့ ပင်လယ်ထဲ ရောက်သွားသလိုမျိုး အေးခဲလုနီးပါး ဖြစ်သွားခဲ့သည်။

ဘုံကျောင်းထဲမှ နတ်ဆိုးနတ်ဘုရား၏ အလွန်ကြောက်လန့် တုန်လှုပ်ဖွယ် အသက်ရှူသံတစ်ခု ထွက်ပေါ်လာသည်။ သူ့ရှေ့ရှိ ရှေးဟောင်းဘုံကျောင်းရှိ နတ်ဘုရားများနှင့် နတ်ဆိုးများသည် ဧရာမ အရွယ်ကြီးလောက်ရှိကာ သူသည် ဤနတ်နဲ့ နတ်ဆိုးများရှေ့၌ သမုဒ္ဒရာထဲက ရေတစ်စက်လောက် သေးငယ်လွန်းသဖြင့် အရေးမပါလှပေ။

တာအိုနှလုံးသားက ဘယ်လောက် ခိုင်မာနေပါစေ ဤမျှကြီးမားသော ကွာဟချက် သက်ရောက်မှုကြောင့် ကွဲကြေသွားလိမ့်မည်။

ယခုအချိန်တွင် လီရှောက်ကျန့်ရဲ့ ရောင်ဝါက သူတို့ကို ဖုံးအုပ်ထားတာကြောင့် ဧကရီရှစ်ကျီရဲ့ အငွေ့အသက်ကို တားဆီးနိုင်ခဲ့သည်။ ချန်ရှီစိတ်ဝိညာဥ်က ပုံမှန်အတိုင်း ပြန်လည် ​ငြိမ်သွားသော်လည်း လီရှောက်ကျန့်ရဲ့ မျက်နှာကို ကြည့်လိုက်ရင်တော့ ဘုံကျောင်း၏ ဖိအားအောက်တွင် သူ မသက်မသာ ခံစားနေရကြောင်း တွေ့နိုင်သည်။

အားလုံး နန်းတော်ထဲကို ဝင်လာခဲ့ကြသည်။

ပထမဆုံး မျက်လုံးကို ဖမ်းစားနိုင်တာက ခန်းမအလယ်မှာ နတ်ကွန်းကြီးပေါ်မှာ ကိန်းဝပ်နေတဲ့ လှပတဲ့ ဦးခေါင်းပဲ ဖြစ်ပါ၏။

ချန်ရှီသည် လီရှောက်ကျန့်ဆီကနေ ယခင် ကြားခဲ့စဥ်က လှပသော အမျိုးသမီးတစ်ဦး၏ မျက်နှာကို ထွင်းထားသော ကျောက်တုံးတစ်တုံး ဖြစ်ကြောင်း သူ့စိတ်ထဲတွင် စွဲမှတ်နေပြီ ဖြစ်သော်လည်း ၎င်းကို သူ့မျက်လုံးဖြင့် မြင်လိုက်ရသောအခါမှ ဘယ်လောက် ကြီးမားသလဲ သိလိုက်သည်။

ပန်းချီကားနှင့် လက်ရေးလှ စာအုပ်ထဲမှ ထွက်လာသော အလှတစ်ခုလိုပင်။ ထင်ရှားသော မျက်ခုံးမွှေးနှင့် ကြည်လင်သော မျက်ခုံးမွှေးများဖြင့် စားပွဲတစ်လုံး၏ အရွယ်အစားရှိသော ကျောက်တုံးကြီးသည် ရှေးခေတ်ပုံစံအတိုင်း သူမဆံပင်ကို ချည်နှောင်ထားသည်။

ကျောက်တုံးကြီးမှာ မီးလောင်ထားတဲ့ သဲလွန်စတွေ စွန်းထင်းထားသေး၏။ မျက်နှာပြင်က ကွဲအက်သွားကာ အလှတရားရဲ့ မျက်နှာကို ပျက်စီးစေပေမယ့် အနီးကပ်ကြည့်လိုက်ရင် အဲဒီတုန်းက အလွန်လှပခဲ့မှာကို တွေ့နိုင်ပါသေးသည်။

ဦးခေါင်းရှေ့က မြေပြင်ပေါ်တွင် သေးငယ်သောရုပ်အလောင်းအချို့ ပြန့်ကျဲနေသည်။ ၎င်းတို့သည် အဆိပ်ခတ်ခံရပြီး၊ ကျောက်ဖြစ်ပြီးမှ အသတ်ခံထားရပုံမပေါ်ဘဲ ဘုံကျောင်းထဲသို့ ဝင်ရောက်ကာ မှို​တွေလို နင်းချေ အသတ်ခံခဲ့ရ၏။

ချန်ရှီ အားလုံးကို ရပ်ပြီး လှည့်ပတ်ကြည့်လိုက်တော့ ခန်းမထဲမှာ နေရာအနှံ့ ဆွဲထားတဲ့ ပန်းချီကားချပ်တွေကို တွေ့လိုက်ရသည်။ မင်မင်းဆက် ရတနာသင်္ဘော၏ ရတနာများနှင့် မတူဘဲ ၎င်းတို့သည် ခန်းမတစ်ခုလုံးကို စုတ်တံဖြင့် ခြယ်သထားသည့်အတိုင်း သေးငယ်လွန်းလှသည်။

တချို့မှာ အဆောင်စာလုံးများဖြစ်ပြီး အချို့မှာ အဆောင်လက်ဖွဲ့ ဖြစ်ကာ တချို့မှာတော့ နတ်ဆိုးနတ်ဘုရားတို့၏ စကားကို မှတ်တမ်းတင်ထားသည့် တံဆိပ်များ ဖြစ်သည်။ မရေမတွက်နိုင်သော အလွန်ရှုပ်ထွေးသည့် အဆောင်စာလုံးများကို ပေါင်းစည်းလိုက်လျှင် ၎င်းတို့ထဲမှ တစ်ခုကို ထိမိပါက ပျက်စီးသွားမှာ သေချာ၏။

အခုပဲ ခန်းမထဲကို ဝင်လာပြီး အဲဒီစာလုံးနဲ့ တံဆိပ်တွေကို အသက်သွင်းလိုက်ပေမယ့် ခန်းမရဲ့ နံရံလေးဘက်မှာရှိတဲ့ တံဆိပ်တွေ၊ အမိုးခုံးတွေနဲ့ မြေပြင်တွေမှာ အဝါရောင် မီးတောက်တွေနဲ့ တူတဲ့ မီးရောင်တွေက အများကြီး လင်းနေတာကို တွေ့လိုက်ရသည်။

နတ်ဆိုးနတ်ဘုရားများ၏ တီးတိုးသံများက လူတိုင်း နားထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။ ထိုအသံက သူတို့စိတ်ထဲတွင် ခဏတာလောက် အထိ အာရုံကို ထွေပြားသော အတွေးများဖြင့် ပြည့်နှက်သွားစေသည်။

ချန်ရှီ တစ်ပတ်ကြာလောက် လှည့်ပတ် ကြည့်ရှုပြီးနောက် သူ့အဖိုးက ထားခဲ့သော တံဆိပ်ကြီးကို တွေ့လိုက်သည်။ သို့သော် အချို့နေရာများက အသက်သွင်း ခံထားရတာကြောင့် ကျိုးပဲ့ပြီး မပြည့်စုံတော့ချေ။

"ငါ့ကို တစ်နာရီ လေးပုံတစ်ပုံလောက် အချိန်ပေးပါ... ငါ ချိုးဖျက်နိုင်တယ်"

ချန်ရှီ စာအုပ်သေတ္တာ ချလိုက်ပြီး ထိုင်ချလိုက်သည်။ ဓားကို အမြန်ထုတ်လိုက်တာနဲ့ ဟေးကော်ကလည်း ရှေ့သို့ လှမ်းလာကာ သွေးထုတ်ခိုင်းသည်။ လီထျန်းချင်က ဘေးမှာ မှင်သွေးရင်း ကူညီပေး၏။

ချန်ရှီ စုတ်တံကို ကိုင်လိုက်စဥ် လီထျန်းချင်က မှင်ကျောက်ကို ယူကာ နှစ်ယောက်သား ရှေ့တစ်လှမ်းတိုးလိုက်သည်။ ချန်ရှီ သူ့ရှေ့မှာ လွင့်နေတဲ့ စာလုံးတွေကို လှမ်းကြည့်ရင်း ရုတ်တရက် ခြေသံကြားလို့ လှည့်လိုက်တော့ ရွှီမိသားစုဝင် တစ်ဒါဇင်ကျော်က ဒီဘက်ခြမ်းကို အမြန်လျှောက်လာနေတာ တွေ့လိုက်ရသည်။

ရထားလုံးပေါ်တွင် ထိုင်နေသော ဆံပင်ဖြူအဘိုးကြီးတစ်ယောက် ရှိသည်။ ထိုလူက အိပ်ပျော်နေသော ရွှီချောင်ရှန်းပင်။ သူ့နံဘေးမှာတော့ ကြွက်အမြီးဖျားကို ကိုင်ထားသည့် အမျိုးသမီးငယ်တစ်ဦး ရှိသည်။

"ဒီကြွက်အမြီးဖျားက ငါရောင်းခဲ့တာ!"

ချန်ရှီ အံ့ဩသွားသည်။ ကြွက်အမြီးဖျားနှင့် ရွှီမိသားစုက တိမ်အိပ်မက်အစီအရင်တို့ ပေါင်းစပ်ကာ ပွဲတစ်ပွဲ ဖြစ်သွားခဲ့သည်။

ရွှီချောင်ရှန်း အိပ်ပျော်သွားသည်နှင့် တိမ်ဖြူများ ထွက်လာသည်။ အဘိုးကြီး၏ နတ်ဝိညာဉ်သည် ပြုံးလျက် သူ့လက်ကြီးများကို ဝေ့ယမ်းလိုက်ရာ ရထားလုံးသည် တိမ်များပေါ်တက်ကာ လူတိုင်းကို သယ်ဆောင်ရင်း ဘုံကျောင်းဆီသို့ ပျံသန်းသွားခဲ့သည်။

ထိုအချိန်တွင် မှန်မီးသည် လျင်မြန်စွာ ထွန်းတောက်လာကာ မှန်ထဲတွင် လူခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်လောက် မတ်တပ်ရပ်နေကြကာ ဘုံကျောင်းရှေ့သို့ လှမ်းကြည့်လိုက်သည်။

ကျန်းမိသားစုမှ အကြီးအကဲဖြစ်သူ ဦးလေး ကျန်းဝမ်သည် ကျန်းမိသားစုဝင် အများအပြားကို မြေပြင်ပေါ်သို့ ပို့ဆောင်ကာ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ရယ်မောနေသည်။

"တူ​လေးရှောက်ကျန့်က ဒီမင်မင်းဆက် ရတနာသင်္ဘောမှာ ပိတ်မိနေတယ်လို့ ငါကြားတယ်... ငါ့နှလုံးသားက ဓားနဲ့တူတယ်... ထက်ထက်မြက်မြက် ရှိနေတော့ ကျန်းမိသားစုရဲ့ သားသမီးတွေကို ကယ်ဆယ်ဖို့ ကြံစည်ခဲ့တာ"

သူ့မျက်လုံးတွေက ကျောက်သင်္ဘောကို စိုက်ကြည့်ရင်း ကျန်းမိသားစုရဲ့ တုံ့ရွှီးကြေးမုံကို ဆင့်ခေါ်ပြီး ဝမ်းနည်းတဲ့ အမူအရာနဲ့ ဆိုလိုက်သည်။

"ငါ့တူလေး ရတနာသင်္ဘောထဲမှာ သေသွားခဲ့တယ်!"

ဗုန်း!

မင်မင်းဆက် ရတနာသင်္ဘောသည် တဲကျန်းမြစ်ထဲသို့ စောင်းလျက် လျှောကျသွားကာ သင်္ဘောပေါ်က သစ်သားဆိုင်းဘုတ်များပေါ်ရှိ ကြီးမားသော လေဟုန်သင်္ကေတများက ချက်ချင်း အသက်ဝင်လာသည်။

ရတနာသင်္ဘောကြီးက မြစ်ကမ်းတစ်လျှောက် ရွက်လွှင့်နေသဖြင့် အရှေ့ဘက်တောင်တန်းများသည် မြစ်ကမ်းဘက်သို့ တဟုန်ထိုး ဝင်ရောက်လာသည်။ သင်္ဘောကြီးက ရေထဲတွင် လမ်းကြောင်းဖွင့်ကာ အရှေ့သို့ ဆက်လက် ရွက်လွှင့်သွားလေသည်။

တဲကျန်းမြစ်ရေသည် ချောက်ကမ်းပါးကို ဖြတ်၍ စီးဆင်းနေသော မြေအောက်မြစ်ဆီသို့ တည့်တည့် တိုးဝင်သွားသည်။

မြစ်အထက်တွင်တော့ ဘုရင်ကျန်း၏ သင်္ချိုင်းဂူ ရှိ​လေသည်။

All Chapters