ဖန်တီးခံရှောင်ဝူ
Vol. 9 Ch. 131
ဧကရီရှစ်ကျီ ဘုံကျောင်းတွင်။
ပင်မခန်းမကြီး ကွဲအက်သွားပြီ။ ဧကရီရှစ်ကျီအတွက် ရည်စူးထားသော နတ်ကွန်းသည် လီရှောက်ကျန့်၊ ရွှီချောင်ရှန်းနဲ့ မိသားစုကြီး ၁၃ခု ရဲ့ တန်ခိုးကြီးသူများအကြား ပြင်းထန်စွာ ပျက်စီးသွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
ရွှီချောင်ရှန်းရဲ့ အိပ်မက်သည် ကွဲကြေသွားကာ ကျန်းမိသားစု၏ တုံ့ရွှီမှန်ကလည်း အက်သွားခဲ့သည်။
အနီရောင်နှင့် အစိမ်းရောင် အဘိုးအိုနှစ်ဦးသည် ၎င်းတို့၏ ဦးခေါင်းများကို မြေကြီးထဲသို့ ထည့်သွင်းခံထားရပြီး ခန္ဓာကိုယ်တစ်ဝက်ကိုတော့ နံရံတစ်ဖက်တွင် ချိတ်ဆွဲထားရသည်။
လီရှောက်ထိသည် မြေပြင်ပေါ်တွင် ဒူးထောက်နေ၏။ မြေပြင်ပေါ်ရှိ အုတ်ခဲစိမ်းများက သူ့ရဲ့ ဒူးရာကြောင့် နင်းချေခံလိုက်ရသည်။ လီရှောက်ကျန့်ကလည်း နံရံထဲတွင် အမြှုပ်ခံထားရပြီး သူနဲ့အတူ နံရံထဲမှာ မြှုပ်ထားခံသူက ကုမိသားစုရဲ့ ကျော်ကြားတဲ့ ကုဟောက်ကျစ်ပဲ ဖြစ်ပေသည်။
အဆိပ်ရှိသော ဖေ့ချီးချီးကတော့ အမွှေးတိုင်အိုးထဲတွင် ခေါင်းစိုက်ထားရတာကြောင့် သူမပါးစပ်သည် နံ့သာပြာများသာ ပြည့်နေသည်။ မာကွမ်းကျိသည် ကျောင်ဖျင်ယွင်ကို ဖိထားပြီး ခေါင်းကို တစ်ဖက်သို့ စောင်းထားသည်။ ကျိုင်ကော်ကျန့်ရဲ့ ခန္ဓာကိုယ်ကို မြေကြီးထဲသို့ ထည့်ပြီး ဆံပင်တွေ မရှိတော့တာကြောင့် တောက်ပြောင်သော ခေါင်းတစ်လုံးသာ ကျန်ခဲ့တော့သည်။
ချွေ့ယွင်ရှန်းနဲ့ ယန်ကျိရှစ်တို့သည် လှေကားထစ်များ၏ အကာအရံများကြား၌ ခေါင်းညှပ်ထားပြီး လက်နှစ်ဖက်ကို ဆန့်ကာ လှေကားထစ်များပေါ်တွင် လဲလျောင်းနေကြ၏။
အမြင့်ဆုံး အဆင့်ရှိသူ ရှကျန့်ကုန်းသာ ချန်ယင်တုရဲ့ အစီအရင်ရှေ့တွင် ဒူးထောက်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်က အနက်ရောင် အလံလေးခုဟာ စွမ်းအင်ပေါင်းများစွာ ပြည့်နှက်နေသော်လည်း သူ့အသွေးအသားတို့သည် ဆက်လက် ပြိုလဲသွားသည်။
မိသားစုကြီးဆယ့်သုံးခုထဲက တခြားကလေးတွေကတော့ အားလုံး ပွဲချင်းပြီး အသတ်ခံခဲ့ရပြီး ဘယ်သူမှ မလွတ်မြောက်ခဲ့ပါဘူး။
ကြောက်စရာ အကောင်းဆုံးအရာမှာ ရှစ်ကျီ ဦးခေါင်းကို အသုံးပြုထားကာ ချန်ယင်တု ချန်ထားခဲ့သော တံဆိပ်အခင်း အပိုင်းပိုင်း ကွဲကြေသွားတာနဲ့ လေထဲတွင် လွင့်မျောနေသည့် အဝါရောင်ပဝါအဆောင်လက်ဖွဲ့များ ရှိနေခြင်းပင်။
မှင်စာသည် အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ တောက်ပသော အလင်းရောင်ဘောလုံးလေးများက ကောင်းကင်အထက်၌ တဝုန်းဝုန်း ပေါက်ကွဲသွားပြီး သူ့အလိုလို ငြိမ်းသွားခဲ့သည်။
ယခုလေးတင် ရှစ်ကျီဦးခေါင်းဟာ အဝါရောင်ပဝါအဆောင်လက်ဖွဲ့များကို လက်နက်လိုသုံးကာ တိုက်ခိုက်သွား၏။ လီရှောက်ကျန့် အပါအဝင် အားလုံးလိုလို အဝါရောင်ပဝါအဆောင်လက်ဖွဲ့က ဒီလောက် ရက်စက်ကာ အားကောင်းလွန်းမယ်လို့ မထင်ခဲ့ပေ။
နတ်ကွန်းနယ်ပယ် သို့မဟုတ် နတ်သန္ဓေသားနယ်ပယ်လို ကျင့်ကြံမှု အဆင့် မမြင့်သောအခါက ရန်သူများကို သတ်ရန်၊ အကူအညီဖြစ်စေရန်အတွက် အဝါရောင်ပဝါ အဆောင်လက်ဖွဲ့များကို ရံဖန်ရံခါ ထုတ်သုံးတတ်သည်။
အဝါရောင်ပဝါ အဆောင်လက်ဖွဲ့သည် ၎င်းတို့အတွက် အသုံးဝင်ပုံချင်း ကန့်သတ်ထားသည်။ ထိုအဆောင်လက်ဖွဲ့ရဲ့ ခွန်အားမှာလည်း အလွန်အကန့်အသတ် ရှိပြီး ၎င်းတို့အပေါ် မကြာခဏဆိုသလို မသက်ရောက်နိုင်ပေ။
ဒါပေမဲ့ "ချန်ရှီ" ကခေါ်တဲ့ အဝါရောင်ပဝါ အဆောင်လက်ဖွဲ့တွေကတော့ လုံးဝ ကွဲပြားပါသည်။
အဆိုပါ အဝါရောင် အဆောင်လက်ဖွဲ့ ပေါက်ကွဲသွားချိန်၌ သူတို့၏ ခန္ဓာကိုယ်တွင်း၌ အမြင့်မြတ်ဆုံးသော တန်ခိုးအာဏာက ဖြိုခွဲခံခဲ့ရသည်။ မိသားစုကြီးဆယ့်သုံးခုက လူတိုင်းလိုလို စွမ်းအင်၊ စိတ်ဝိညာဉ်များ ဖိနှိပ်ခံလိုက်ရကာ လက်နက်တွေတောင် တစ်ချက်တည်းနှင့်ပင် ဒဏ်မခံနိုင်တော့ဘဲ အားလုံး ပျက်စီးသွားကြသည်။
သူတို့အသက်ကို ကယ်တင်ခဲ့တာက ချန်ယင်တု ချန်ထားတဲ့ စာလုံးအစီအရင်ပါပဲ။
ထိုကြီးမားသော ဖွဲ့စည်းပုံက အဝါရောင်ပဝါအဆောင်လက်ဖွဲ့ရဲ့ တိုက်ခိုက်ပြီး ထိုတိုက်ခိုက်မှုအောက်တွင် သူတို့ကို မသေစေခဲ့ပေ။ မဟုတ်ရင်တော့ တစ်ချက်လှုပ်ရုံနဲ့ သူတို့ဘာသာ နတ်ဆင်းသက်နယ်က ကျင့်ကြံသူတွေဖြစ်ဖြစ် ချက်ချင်း ပျောက်ကွယ်သွားတော့မှာ ဖြစ်ပြီး သူတို့ထဲက တစ်ယောက်မှ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။
"အဟွတ်!"
လီရှောက်ကျန့် ပြင်းပြင်းထန်ထန် ချောင်းဆိုးကာ နံရံထဲမှ ရုန်းထွက်လာသည်။ သူ့ပါးစပ်ထဲမှ သွေးများလည်း ထွက်ကျလာခဲ့သည်။ အသက်ရှင် ကျန်ရစ်သူတွေထဲမှာ သူက အသက်အငယ်ဆုံးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်အရှိဆုံး ဖြစ်လို့ သူကပထမဆုံး ပြန်ကောင်းလာသူ ဖြစ်သွား၏။
ခြေထောက်ပေါ် လှဲချလိုက်တာနဲ့ သူ့ရှေ့က ချိတ်ဆွဲထားတဲ့ ကမ္ပည်းပြားလေး အနည်းငယ် တုန်ခါသွားသည်။ လီရှောက်ကျန့် ရှေ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားခဲ့လို့သာ မီးက သူ့မျက်နှာကို ထိမှန်ကာ ချစ်လှစွာသော မုတ်ဆိတ်များကိုသာ လောင်ကျွမ်းသွားစေခဲ့သည်။
လေထုထဲတွင် မီးလောင်နေသော ဆံပင်နံ့များလည်း ပြည့်နေသေးသည်။ လီရှောက်ကျန့် အတွင်းပိုင်းကို ကြည့်လိုက်တော့ သူ့ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ ဒဏ်ရာရသွားပြီ ဖြစ်ကာ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ပေ။
ဝိညာဉ်ပျက်စီးတာက ဒဏ်ရာ ကြီးမားပြီး ပြုစုပျိုးထောင်ရန် အချိန်ကြာမြင့်လေ့ရှိသည်။ တချို့ ဝိညာဉ်ပျက်စီးသွားသူများဟာ တစ်သတ်လုံး ပြန်လည် မထူထောင်နိုင်ဘဲ ရပ်တန့်သွားကာ နောက်နယ်ပယ်တွေကိုပါ ဝင်ရောက်ဖို့ အခွင့်အလမ်း မရှိကြတော့ပေ။
လီရှောက်ကျန့်ဟာ လီမိသားစုရဲ့ ခေါင်းဆောင်များထဲက တစ်ယောက် ဖြစ်တာကြောင့် တချို့သော မျိုးဆက်ဟောင်းများထက်ပင် အားကောင်းသည်။ ဒါကြောင့် ထုံးစံအတိုင်း သူ သူ့ဝိညာဉ်ကို မပျက်စီးစေလိုချေ။
ထိုအချိန်တွင် ပြင်းထန်သော ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာပြန်၏။ လီရှောက်ကျန့် ငြိမ်သက်သွားကာ အသံလာရာဘက် ကြည့်လိုက်ရာ ဖေ့မိသားစု၏ အဆိပ်ပြင်းသော ပါးစပ်ပေါက် ဖေ့ချီးချီးသည် အမွှေးတိုင်မီးဖိုထဲမှ ခေါင်းကိုထုတ်ကာ နံ့သာပြာနှင့် သွေးများရောကာ ချောင်းဆိုးလိုက်လေသည်။
သူမရဲ့ ဒဏ်ရာက လီရှောက်ကျန့်ရဲ့ ပိုပြင်းထန်သည်။ ထိုအမျိုးသမီးရဲ့ နံရိုးက ကျိုးသွားတာကြောင့် သွေးတွေတောင် ရွှဲထွက်နေပြီ။
လီရှောက်ကျန့်ရဲ့ မျက်လုံးများတွင် အမည်မသိ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး အခြားသူများကို ကြည့်ရန် မျက်လုံးနှစ်လုံးကို လျှင်မြန်စွာ ရွှေ့လိုက်သည်။ ဤမတော်တဆမှုကြောင့် မိသားစုကြီးဆယ့်သုံးခုရဲ့ လူအများစု သေဆုံးသွားကာ နတ်ဆင်းသက်နယ်ပယ်၊ အနတ္တသန့်စင်နယ်ပယ်က သခင်များသာ ကျန်ရစ်ခဲ့သည်။
ထိုသခင်များရဲ့ ဒဏ်ရာများကလည်း သူ့ထက်သာ၍ ပြင်းထန်သည်။ တချို့က သူ့ထက်မနည်းပေ။ ရွှီချောင်ရှန်းနဲ့ အနီအစိမ်းလူအိုတွေရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက မြင့်မားသော်လည်း သူတို့ရုပ်ခန္ဓာက အားနည်းတာကြောင့် သူတို့ဒဏ်ရာများက ပို၍ ပြင်းထန်လာသည်။
"ဖြစ်နိုင်ရင်..."
လီရှောက်ကျန့် လီရှောက်ထိအနားသို့ လျင်မြန်စွာ ရောက်သွားခဲ့သည်။
"အစ်ကို၃... မင်းဒဏ်ရာ ဘယ်လိုလဲ?"
သူ့နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လျက် ရှိသည်။ သူသာ တတ်နိုင်ရင် ဒီမှာလူတိုင်းကို သတ်ပစ်နိုင်နေပြီ။ ဤလူကြီးများ ပြင်းထန်စွာ ဒဏ်ရာရနေတာကို အခွင့်ကောင်းယူ၍ ရုတ်တရက် ရက်စက်ကြမ်းကြုတ်စွာ သတ်ပစ်ပြီးနောက် ချန်ရှီနဲ့ ရှစ်ကျီဦးခေါင်းကို အပြစ်ပုံချနိုင်သည်။
မင်မင်းဆက် ရတနာသင်္ဘောဆီ လာရတဲ့ ရည်ရွယ်ချက်မှာ ရတနာသင်္ဘောကို ရရှိအပြင် လမ်းခရီးချောမွေ့စေရန် လီမိသားစု အပါအဝင် မိသားစုကြီးဆယ့်သုံးခု၏ စွမ်းအားကို ငှားရမ်းရန် ဖြစ်သည်။ အဲဒီမိသားစုတွေထဲက လူဘယ်လောက် သေသွားပါစေ သူ့အတွက်က အရေးမကြီးပါဘူး။
ဤလူများသည် ရတနာသင်္ဘောရဲ့ နတ်တစ္ဆေဘုံမှာသေသေ သူ့လက်ထဲမှာသေကေ အရေးမကြီးပါ။
"ရတနာသင်္ဘောကို ၁၃ပိုင်း ပိုင်းရတော့မယ်.... ကုသိုလ်ကောင်းမှု လုပ်မိမယ့်အစား ငါက အပြစ်ပဲ ရှိလာလိမ့်မယ်... ဒါပေမဲ့ ရတနာသင်္ဘောကိုသာ ရခဲ့ရင်..."
အစ်ကိုဖြစ်သူ လီရှောက်ထိကို ထောက်ထားတဲ့ သူ့လက်က တဖြည်းဖြည်း ပိုမာကြောလာသည်။ သူ့မျက်နှာက တဖြည်းဖြည်း ပုံပျက်သွားပေမယ့် ပန်းချီကားမှာ မှတ်တမ်းတင်ထားတဲ့ အတိုင်း သူ့မျက်နှာပေါ်မှာ အပြုံးမပျက် ဆက်လက်တည်ရှိနေပါသေးသည်။
"ငါ့ဒဏ်ရာက မပြင်းထန်ဘူး..."
လီရှောက်ထိသည် နာကျင်မှုကို တဖြေးဖြေး ကျင့်သားရလာသည်။ ထိုအခိုက် လီရှောက်ကျန့်၏ ကောက်ကျစ်နေသော မျက်နှာကို မြင်လိုက်ရတော့ သူ လန့်ဖျပ်သွားပြီး။
"စတုတ္ထညီ...ကွန်ဖြူးရှပ်က ပြောတယ် လွတ်လပ်မှုအတွက် သတိထားရမယ်... အမှောင်ခန်းကြောင့် လှည့်ဖြား မခံပါနဲ့တဲ့.... စိတ်ကို နှိမ့်ချပြီး မလှည့်စားရ...."
ခရက်!
လီရှောက်ကျန့် တစ်ဖက်လူရဲ့ လည်ပင်းကို ဖြတ်ပစ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူရင်း စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများကို ခေတ္တ မှိတ်ထားလိုက်၏။
သူသည် ခြေဖဝါးကို ပွတ်ဆွဲကာ အနီးဆုံးနေရာက အဆိပ်ပြင်းသော ပါးစပ်ပေါက် ဖေ့ချီးချီးဆီသို့ တစ္ဆေတစ်ကောင်လို အပြေးအလွှား ပြေးလာရင်း ရုတ်တရတ် အေးစက်သွားလေသည်။ သူ့တစ်ကိုယ်လုံးကို လေထဲတွင် တင်မြှောက်ခံထားရလေသည်။
လီရှောက်ကျန့် အောက်ကို ငုံ့ကြည့်လိုက်တော့ လက်ချောင်းထိပ်တွေမှာ ချွန်ထက်နေတဲ့ လက်သည်းတွေကို မြင်လိုက်ရပြီး သူ့နှလုံးကို ဖြည်းညှင်းစွာ ဆန့်ထုတ်ပြလာသည်။ လီရှောက်ကျန့် အကြိမ်ကြိမ် ချောင်းဆိုးပြီး သွေးတပွတ်ပွတ်ဖြင့် ခေါင်းကို လှည့်ကြည့်ချင်သော်လည်း အသက်စွမ်းအားတွေက လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ့အမြင်အာရုံက ပို၍ မည်းမှောင်လာသည်။
"မင်းရဲ့ မှော်စွမ်းအားကို ဘယ်လိုသုံးပြီး သူတို့ကို ဘယ်လို သတ်ပစ်မလဲဆိုတာ ငါတကယ် ကြည့်ချင်နေတာ!"
သူ့နောက်ကွယ်မှ ရယ်သံ တိုးတိုးလေး ထွက်ပေါ်လာပြီး ဖော်မပြနိုင်သော ဆိုးဝါးသော သဘောသဘာဝရှိသည့် စကားသံက ကပ်ပါလာသည်။ သူသည် လီရှောက်ကျန့်ရဲ့ အလုပ်လုပ်ပုံကို စောင့်မျှော်နေပုံရသော်လည်း သူရဲ့ လူသတ်ရန် ကြံရွယ်ချက်ကို မထိန်းနိုင်ခဲ့ပေ။
"မင်းတို့ ရှုံးနိမ့်နေကြတာကို မြင်ချင်တယ်... ဖျက်ဆီးခံရတာကို ငါမြင်ချင်သေးတယ် အချင်းချင်း သတ်တာကိုလည်း မြင်ချင်ပေမယ့် အခုတော့ မရတော့ဘူး!"
အသံက စိတ်လှုပ်ရှားစွာနဲ့ :"အဖေငါ့ကို သော့ခတ်ထားတာ ကြာပြီ... သည်းမခံနိုင်တော့ဘူး...အဖေ ကျွန်တော် မှားသွားပါပြီ ထပ်မလုပ်ရဲတော့ပါဘူး... ငါ့ကို မထိနဲ့! ထပ်ပြီး သော့ခတ်မထားနဲ့...နေပါဦး ဒါ.... လတ်စသတ်တော့ အဖေထားရစ်ခဲ့တဲ့ အဆောင်စာလုံးကိုး ... လန့်သွားတာပဲ!"
လီရှောက်ကျန့် နောက်ကွယ်ရှိ အရပ်ရှည်ရှည် အသွင်အပြင်သည် သူ့လက်သည်းများကို ပြန်ဆုတ်လိုက်ရာ ချွန်ထက်သော လက်သည်းများက လူသားလက်ဖဝါးများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
လီရှောက်ကျန့် ခန္ဓာကိုယ်လည်း မြေပြင်ပေါ်သို့ ဗုန်းကနဲ လဲကျသွားသည်။
ဧကရီရှစ်ကျီ ဘုံကျောင်း၏ အပျက်အစီးများပေါ်တွင် အရပ်ရှည်ပြီး ထွားကြိုင်းသော လူငယ်တစ်ဦး ရပ်နေသည်။ အသက်နှစ်ဆယ်ကျော်ရှိပုံရပြီး နုနယ်သော ချန်ယင်တုနှင့် ခပ်ဆင်ဆင် တူသည်။ သို့သော် သူ့တွင် ဖော်မပြနိုင်သော ဆိုးယုတ်သည့် သဘာဝတစ်ခု ရှိနေသည်။
မာကွမ်းကျိ ခေါင်းမော့ပြီး ဒီလူငယ်ကို ထိတ်လန့်တဲ့ အကြည့်နဲ့ ကြည့်နေ၏။ သူ့မျက်နှာကို မြင်တာနဲ့ အသက်မဲ့စွာ် အော်လိုက်သည်။
"ချန်ထန်!"
သူပြောပြီးတာနဲ့ အလောင်းတစ်လောင်း ပြုတ်ကျလာကာ သေဆုံးသွားသည်။
"ချန်ထန်.... မင်းက ငါ့ရဲ့အသုံးမကျတဲ့ ညီလေးအကြောင်း ပြောနေတာလား ငါ့နာမည်က ချန်ထန် မဟုတ်ဘူး ငါ့နာမည်က ချန်ဝူ... တခြားသူတွေက ငါ့ကို ဖန်တီးခံရှောင်ဝူလို့ ခေါ်တယ်..."
ရွှီချောင်ရှန်းသည် ကြွက်အမြီးဖျားကို တုန်လှုပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့ခေါင်းပေါ်တွင် ပုတ်လိုက်ကာ ချက်ချင်းပင် အိပ်ပျော်သွားလေသည်။ သူ့ဝိညာဉ်သည် တိမ်များထဲတွင် ပျံဝဲကာ မြင့်မားလာပြီး တဖြည်းဖြည်း သန်မာလာကာ ချန်ထန်နှင့်တူသော လူငယ်ကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်သည်။
တိမ်အိပ်မက်အစီအရင်!
ဤစွမ်းအင်က အိပ်မက်များကို ဖန်တီးပေးသည်။ အိပ်မက်နယ်ပယ်ကို ပုံဖော်ပေးသည်။ အိပ်မက်ထဲတွင် မိမိကို အလွန်အစွမ်းထက်စေကာ လက်တွေ့ဘဝအထိပါ သက်ရောက်မှု ရှိစေပြီး တိုက်ပွဲကို ပြောင်းလဲနိုင်သည်။
လူငယ်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ဖောရောင်လာကာ သူ့လည်ပင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းက ပိုရှည်ထွက်လာသည်။ သူ့အဝတ်အစားထဲမှ ထွက်လာသည့် အစိမ်းရောင်အကြေးခွံများနဲ့ နဂါးတစ်ကောင် ပြေးထွက်လာသည်။ ထိုနဂါးစိမ်း၏ မျက်နှာနှင့် အစွယ်များက အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ရှေ့ခြေသည်းနှစ်ချောင်းသည် ရွှီချောင်ရှန်းရဲ့ ဝိညာဉ်ကို ဖမ်းဆုပ်ကာ အစွမ်းကုန် ဆုတ်ဖြဲပစ်လိုက်သည်။
ရွှီချောင်ရှန်း တစ်ချက် ညည်းတွားပြီးတော့ မမျှော်လင့်ထားတဲ့ သေဆုံးပုံနဲ့ သေဆုံးသွားခဲ့သည်။
အနီနဲ့ အစိမ်းလူအိုတွေ အပြင် ကျန်းဝမ်ရှူး၊ ယန်ကျိရှစ်နဲ့ တခြားသူတွေကလည်း ဒါကိုမြင်တော့ အားလုံး ရုတ်တရက် အော်ဟစ်ပြီး သူတို့ရဲ့ ဒဏ်ရာတွေကို ဂရုမစိုက်နိုင်တော့ဘဲ အင်အားသုံးကာ ထွက်ပြေးကြတော့သည်။
ကျိုင်ကော်ကျန့်: "လူခွဲ!"
သူပြောပြီးတာနဲ့ ခေါင်းက လွင့်သွားပြီ။
သူ့ဦးခေါင်းသည် လေထဲတွင် လည်နေပြီး နောက်အခိုက်အတန့်တွင် ချွေ့ယွင်ရှန်းကလည်း ချွန်ထက်သော လက်သည်းဖြင့် နောက်ကျောကို ထိုးဖောက်သွားသည်။ ကောင်းမင်က မျက်ခုံးအလယ်မှ ပစ်သတ်ခံရကာ ဖေ့ချီးချီးကတော့ လည်ပင်းက လိမ်သွားသည်။ ကျောင်ဖျင်ယွင်က ဝမ်းဗိုက်က အဖောက်ခံလိုက်ရသည်။
ခဏအကြာတွင် အခြောက်ခံပြီး သားကောင်များကို သိမ်းဆည်းထားတတ်သည့် ပေါ်လောင်ငှက်တွေလိုမျိုး ဧကရီရှစ်ကျီရဲ့ ဘုံကျောင်း အပျက်အစီးများပေါ်တွင် အလောင်းတစ်ဒါဇင်ခန့် လွင့်မျောလာခဲ့သည်။
ထိုအလောင်းများ အောက်တွင် တီးတိုးသံများကို ကြားနေရသည်။
"ငါ့အဖေက ငါ ဒီလိုအမှားလေး တစ်ခုလုပ်မိလို့ ငါ့ကို သော့ခတ်ထားတာ ကြာပြီ... ငါက လူနည်းနည်းပဲ ခိုးတာ မဟုတ်ဘူးလား..."
"...သူက ငါ့ကိုဖမ်းမိတိုင်း ရိုက်နှက်တယ်... ဒီတစ်ခါတော့ အမှောင်ခန်းထဲမှာ ထားထားတယ်.. အဖေ့ကို ဘာလို့ မသတ်ရမှာလဲ... သူ့ကို ရိုက်နှက်ပြီး ထောင်ချ အပြစ်ပေးသင့်တယ်... ဟီးဟီး ငါ့အဖေကို သတ်လိုက်ရင် ငါ့ကို ဘယ်သူမှ ဆုံးမတော့မှာ မဟုတ်ဘူး ပြီးတော့ ငါ့ညီ ချန်ထန်ကိုလည်း သတ်ပစ်မယ်!"
……
မင်မင်းဆက် ရတနာသင်္ဘောသည် တဲကျန်းမြစ်အတွင်း ရွက်လွှင့်နေသည်။ မြစ်ကမ်းဘေး နှစ်ဖက်ရှိ တောင်တန်းများကြားတွင် အရှိန်အဟုန်ဖြင့် ရွက်လွှင့်ရင်း ဘုရင်ကျန်းခေတ်မှ ရတနာသင်္ဘောကို ခြေရာခံနေခဲ့သည်။
သို့ရာတွင် နောက်အခိုက်အတန့်မှာတော့ ရတနာသင်္ဘောသည် တောင်များပေါ်မှာ ရွက်လွှင့်နေတာ တွေ့လိုက်ရသည်။ တောင်များက ရုတ်တရက် တဲကျန်းမြစ်ထဲ တိုးဝင် ပိတ်ဆို့လာကြသည်။
ဆယ်ယောက်ကျော်လောက် ရှိမယ့် အရိပ်နျားက တစ်ခုပြီးတစ်ခု တင်ပျဉ်ခွေထိုင်ရင်း ပေါ်ထွက်လာကြသည်။ ၎င်းတို့ရဲ့ နားရွက်များက ရုတ်တရက် အလွန်ကြီးလာပြီး နားရွက်ကို တောင်၏ အတွင်းဘက်သို့ လှည့်လိုက်ကြသည်။
တကယ်တော့ ချန်ရှီဟာ သစ္စာမဲ့စကားတွေ ပြောခဲ့တာကြောင့် ချန်ရှီကို စောင့်ကြည့်ဖို့ ဒီကိုရောက်လာတဲ့ ကောင်းကင်နားစွင့်သူတွေပဲ ဖြစ်ပေ၏။
ရတနာသင်္ဘောထဲတွင်တော့ ချန်ရှီနဲ့ လီထျန်းချင်တို့သည် လီရှောက်ကျန့်နဲ့ အခြားသူများ တုံ့ပြန်လာမည်ကို စိုးရိမ်သောကြောင့် ပြေးလွှားနေကြသည်။ သူတို့သည် အလွန်လျင်မြန်စွာ ပြေးလာခဲ့ကြသော်လည်း ဟေးကော်ကို ဖမ်းမမိသေးတာကြောင့် အသီးသီး နှလုံးသားထဲတွင် ကျိန်ဆဲနေကြသည်။
နှစ်ယောက်သား ကုန်းပတ်ပေါ်သို့ ပြေးသွားသောအခါ ခွေးက ကုန်းပတ်ပေါ်တွင် ရပ်ကာ ဆက်မပြေးတော့ပေ။ အင်္ကျီနီအရုပ်လေးက ပြုတ်ကျသွားမှာကို ကြောက်ရွံ့သောကြောင့် ခွေးနားရွက်ကို ကိုင်ထားပြီး ခွေးနောက်ကျောတွင် ဟန်ချက်ကို ထိန်းနေသည်။
ချန်ရှီနဲ့ လီထျန်းချင်တို့သည်လည်း ဟေးကော်ကို ထိလုနီးပါး အရှိန်အဟုန်ဖြင့် ရပ်တန့်လိုက်ရသည်။ မင်မင်းဆက်ရဲ့ ရတနာသင်္ဘောကြီးက အမှောင်ထဲမှာ ရွက်လွှင့်နေ၏။ လက်ချောင်းတွေတောင် မမြင်နိုင်ဘဲ ရေတွေ တဗုန်းဗုန်း ရိုက်ခတ်နေတာကိုပဲ ကြားနေရလေသည်။
ချန်ရှီ သူ့ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားနေချိန် ရုတ်တရက် လီထျန်းချင်က နတ်ကွန်းကို ဖွင့်လိုက်တာကြောင့် နတ်အလင်းရောင်များ ဖြန့်ကျက်သွားသော်လည်း အလင်းရောင်က အဝေးသို့ မထွန်းတောက်နိုင်ခဲ့ပေ။
လီထျန်းချင်ရဲ့ နတ်သန္ဓေသားသည် နတ်ကွန်းထဲတွင် ထိုင်ကာ ပါးစပ်ကို ဖွင့်၍ ရွှေအမြုတေလေးကို ထွေးထုတ်လိုက်သည်။
ချန်ရှီသည် ရှဲ့၊ ဆွေ့ နတ်ဆိုးများ သို့မဟုတ် တခြားဝိညာဥ်တချို့ကို ဖမ်းယူ၍ နတ်သန္ဓေသားအဖြစ် အသုံးပြုခဲ့သော်လည်း သူသည် နတ်သန္ဓေသား အစစ်များကဲ့သို့ လွယ်ကူစွာ သူ့ခန္ဓာကိုယ်မှ ထွက်မလာနိုင်ခဲ့ပေ။ အခု ရွှေရောင် အလင်းတန်းများ အောက်တွင်လည်း ပတ်ဝန်းကျင် ရှုခင်းများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးချေ။
ထိုအချိန်တွင် မင်မင်းဆက် ရတနာသင်္ဘောကြီးသည် ၎င်းတို့၏ ဦးခေါင်းထက်က နှစ်ဖက်စလုံးတွင် မည်းမှောင်သော ကျောက်နံရံများကြားက မြေအောက်မြစ်တစ်ခုပေါ်တွင် တင်ဆောင်နေခဲ့သည်။
အနောက်ကွယ်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာစဥ် လီထျန်းချင်လည်း ရွှေအမြုတေကို အလျင်အမြန်ယူကာ သူ့နောက်ဘက်တွင် ထွန်းလင်းလိုက်သည်။ ထိုအခိုက် သူ့နောက်ဘက်ရှိ ကျောက်တုံးနံရံက အဆက်မပြတ် ပိတ်ကာနေတာ တွေ့လိုက်ရသည်။
ရတနာသင်္ဘောကြီး ဘယ်လောက်ဝေးဝေး သွားနေပါစေ ကျောက်နံရံတွေက လိုက်ပိတ်နေသည်။
သူတို့နှစ်ဦးရဲ့ ကျင့်ကြံမှုက လှိုင်းလုံးများပေါ်တွင် လျှောက်လှမ်းနိုင်သော်လည်း ထိုလှိုင်းလုံးများပေါ်တွင် လျှောက်လှမ်းရန် စွမ်းအင်များစွာ လိုအပ်ပြီး ရတနာသင်္ဘောရဲ့ အရှိန်မှာလည်း လှိုင်းလုံးများပေါ်တွင် လျှောက်သွားသကဲ့သို့ပင် မြန်ဆန်လှသည်။
တကယ်လို့ လီရှောက်ကျန့်နဲ့ တခြားသူတွေ လိုက်လာရင်။
ချန်ရှီ : "ကျောက်သင်္ဘော အဆောင်စာလုံးတွေရဲ့ အစီအရင်ကို ဖြိုဖျက်ဖို့ ဘုရင်ခံလီကို ငါ ကတိပေးခဲ့တယ်... ငါ ဖြိုချပစ်လိုက်ပြီ သူလည်းငါ့ကို သင်္ဘောပေါ်က ရတနာမှန်သမျှ သိမ်းမယ်လို့ ကတိပေးထာတယ် အဲဒါကြောင့် ကျောက်သင်္ဘောရဲ့ ဦးခေါင်းကို ယူခဲ့တာ!"
သူက မျက်တောင်ခတ်ပြီးတာနဲ့ လီထျန်းချင်ကို ပြောလိုက်သည်။
"ဒါဆို ငါ့ကတိကို ဖျက်တာ မဟုတ်ဘူး ဘုရင်ခံက ငါ့ကိုသတ်စရာ အကြောင်းမရှိဘူး မဟုတ်လား"
လီထျန်းချင်က ခေါင်းခါလိုက်ပြီး :"မင်း ကတိကို ဖျက်တာ မဟုတ်ဘူး ဒါပေမယ့် ဘုရင်ခံက သူ့ကတိကို ဖောက်ဖျက်နိုင်တယ် ဘုရင်ခံက သူ့ကတိကို မဖျက်ဘူးဆိုရင်တောင် သူ့ကတိကို ဖောက်ဖျက်ပေးနိုင်တဲ့ မိသားစုကြီးတွေက သခင်တွေ ရှိနေတုန်းပဲ..."
ချန်ရှီ စိတ်ပျက်လက်ပျက် ဖြစ်လာသည်။ ထိုစဥ် တစ်စုံတစ်ခုကို သတိရကာ သူ့တွင်ရှိသော အမွှေးတိုင်များကို အမြန်ထုတ်ကာ မီးညှိလိုက်သည်။ ထို့နောက် ဘုံကျောင်းငယ်ထဲသို့ ထည့်ကာ အမွှေးတိုင်မီးဖိုထဲသို့ ထည့်လိုက်သည်။
လီထျန်းချင်ကလည်း ဒါကိုမြင်တဲ့အခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးတိုင်အားလုံးကို ထုတ်ပြီး မီးညှိကာ ချန်ရှီလက်ထဲ ထည့်ပေးလိုက်၏။ သူ့မှာ မူလကတော့ ဒီလိုအလေ့အထ မရှိပေမယ့် ချန်ယန်တောင်မှာ အများကြီး ကြုံလာရပြီးနောက် အပြင်ထွက်တဲ့အခါ အမွှေးတိုင်တွေ ယူသွားတတ်သည်။
ချန်ရှီက အမွှေးတိုင်များထည့်ကာ ဆယ်ကျော်သက်နှစ်ဦးသည် တစ်စုံတစ်ရာကို ရေရွတ်နေကြသည်။ ဧကရီရှစ်ကျီ ဦးခေါင်းက မကြာမီ နိုးလာပြီး အခက်အခဲများကို ကျော်လွှားပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့ကြသည်။
ခဏကြာအထိ ဆုတောင်းခဲ့ကြသော်လည်း ရှစ်ကျီက မနိုးလာသေးပါ။ ချန်ရှီလည်း အလင်းသုံးပါးကျင့်စဥ်ကို ပြန်လည် အသက်သွင်းပြီး ဦးခေါင်းကို ထုတ်သုံးရန် ကြိုးစားသော်လည်း ကွာဟချက်က ကြီးမားလွန်းသဖြင့် ၎င်းကို ထုတ်လို့မရချေ။
သူတို့ နှစ်ယောက်လုံး လုံးလုံး ကြေကွဲသွားကြသည်။
အနီရောင်ဝမ်းဗိုက် အရုပ်လေးက ခွေးဦးခေါင်းကို ထိကာ ခွေးအား နှစ်သိမ့်ပေးပြီး စိတ်မကောင်းမဖြစ်ဖို့ ပြောနေခဲ့သည်။
ထိုအချိန်တွင် မင်မင်းဆက် ရတနာသင်္ဘောရဲ့ အရှိန်က တဖြည်းဖြည်း နှေးကွေးသွားသည်။ ချန်ရှီ သင်္ဘောထိပ်ဆီသို့ အပြေးကလေး သွားကြည့်လိုက်တော့ အရှေ့မှ တောက်ပနေသော အလင်းရောင်တစ်ခုကို တွေ့လိုက်ရသည်။
ထို့နောက် တောင်တန်းများပေါ်ရှိ ဆိပ်ကမ်းတစ်ခုကို လှမ်းမြင်လာရ၏။ ဆိပ်ကမ်း၏ တစ်ဖက်တစ်ချက်စီတွင် နူးညံ့သော အလင်းရောင်များကို ထုတ်လွှတ်နေသော ပုလဲလုံးလေးတွေ ရှိနေသည်။
လီထျန်းချင်လည်း ချန်ရှီနံဘေးသို့ ပြေးလာခဲ့သည်။ ဆယ်ကျော်သက်နှစ်ဦး ဆိပ်ကမ်းနှစ်ဖက်ကို လှမ်းကြည့်လိုက်စဥ် ကျောက်တုံးရုပ်များ တစ်စတစ်စ ပေါ်ထွက်လာတာ တွေ့လာရသည်။
သူတို့ခေါင်းထက်မှာ သံကြိုးတစ်ခုက လျှောကျနေသည်။ ချန်ရှီ မျှော်ကြည့်လိုက်တော့ ရတနာသင်္ဘောကြီးရဲ့ အပေါ်မှာ သံကြိုးထူကြီးတစ်ချောင်းက မြစ်ထဲကို ဖြတ်သွားနေလေသည်။ သူ ကြိုးအတိုင်း လှမ်းကြည့်လိုက်တော့ သံကြိုးအတိုင်း ရတနာသင်္ဘောဆီ ဦးတည်ရွေ့လျားနေတဲ့ အနက်ရောင် ခေါင်းတလားတစ်လုံးကို တွေ့လိုက်ရလေ၏။
"အဲဒီကျောက်တုံးလူသားတွေကို ကြည့်လိုက်!"
လီထျန်းချင် အသံမှာ အနည်းငယ် ထိတ်လန့်သွားမှန်း သိသာသည်။