← Chapters

ဘုရင်ကျန်းကို သူ့သင်္ချိုင်း၌ တွေ့ဆုံခြင်း

Vol. 9 Ch. 132

ဘုရင်ကျန်းကို သူ့သင်္ချိုင်း၌ တွေ့ဆုံခြင်း

Vol. 9 Ch. 132

ချန်ရှီသည် ကျောက်တုံးရုပ်များဘက် လှည့်ကြည့်လိုက်ရာ ကျောက်တုံးရုပ်များရဲ့ ခန္ဓာကိုယ်ပေါ်ရှိ အမှုန်အမွှားများ ကြွေကျကုန်ကာ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများကလည်း သတ္တု​ရောင်တွေ တောက်ပြောင်လာသည်။ မျက်လုံးတွေကလည်း ဖြူဖတ်နေသော အခြေအနေမှ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ၎င်းတို့၏ သူငယ်အိမ်များကလည်း တဖြည်းဖြည်း ကြည်လင်ပြီး အသက်ဝင်လာကြသည်။

ကျောက်​တုံး​လူသားတွေ အကုန်​လုံး အဲဒီလိုပဲ ဖြစ်ကုန်သည်။

ထိုအချိန်တွင် မြစ်ကမ်းဘေးမှ အလင်းရောင်သည် ကြည်လင်ပြတ်သားစွာ မြင်ရန် ခက်ခဲလာစေသည်။ သို့သော် ချန်ရှီ မြစ်တစ်လျှောက်ကို မျှော်ကြည့်လိုက်ရာ ဤနေရာတွင် ကျောက်တုံးရုပ်ထု ထောင်ပေါင်းများစွာ ရှိလိမ့်မယ်လို့ ခန့်မှန်းမိခဲ့သည်။

"ကျောက်တုံးလူသား ထောင်ပေါင်းများစွာ အသက်ပြန်ရှင်လာပြီ!"

ချန်ရှီ တွေးရင်းနဲ့ ခေါင်းက ထုံသွားသည်။ ဒီကျောက်ရုပ်တွေဟာ အစကတည်းက ကျောက်ရုပ်တုတွေ မဟုတ်ခဲ့ချေ။

ကျောက်ရုပ်တုများနှင့် ဂူသင်္ချိုင်းထဲ၌ ဖိနှိပ်ခံထားရသော သားရဲများသည် ဘုရားကျန်းအား ပူဇော်သက္ကာအဖြစ် မြှုပ်နှံထားတာတွေ ​ဖြစ်ပေသည်။ ကျောက်ရုပ်တုများကို အသုံးပြုကြပြီး အုတ်ဂူကို ဘယ်သူမှ လာမနှောင့်ယှက်နိုင်အောင် ထိန်းသိမ်းရန် ထူးကဲသော တန်ခိုးနှင့် မှော်အတတ်များကို ရေးဆွဲထား၏။

"ဒီကျောက်တုံးရုပ်တုတွေက ဘုရင်ကျန်းခေတ်က စစ်သားတွေ ဖြစ်မယ်...ဘုရင်ကြီးရဲ့ အုတ်ဂူကို စောင့်ကြပ်ဖို့ အမိန့်ပေးခံခဲ့ရတာ... ဘုရင်ကျန်းက ဧကရီရှစ်ကျီရဲ့ ဦးခေါင်းနဲ့ အဆိပ်ခတ်ခံခဲ့ရတာ ဖြစ်မယ်!"

ချန်ရှီသည် ဖြစ်နိုင်ချေတစ်ခုအား ရုတ်တရက် တွေးမိပြီး ခဏလောက် အသံပျောက်သွားခဲ့သည်။

"ထျန်းချင်! ဟေးကော်! ဘုရင်ကျန်းက ရေမီးအဂ္ဂိရတ် သန့်စင်နည်းကို လေ့ကျင့်ခဲ့မှာပဲ.... အဲ့တော့ သူတကယ် သေသွားပြီလို့ ဘယ်သူက ပြောနိုင်မှာလဲ?"

လီထျန်းချင်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိတ်လန့်သွားပြီး သူဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။

ရေမီးအဂ္ဂိရတ် သန့်စင်နည်းသည် အလောင်းကို မသေနိုင်သော အလောင်းကောင် ဖြစ်အောင် သန့်စင်ပစ်နိုင်တဲ့ အမြင့်မြတ်ဆုံး နည်းလမ်းဖြစ်သည်။ ဤနည်းလမ်းကို ကျွမ်းကျင်ပြီးသည်နှင့် ရုပ်ခန္ဓာသေဆုံးပြီးနောက် သင့်ရုပ်ခန္ဓာကို ပြန်လည်ဖန်တီးရန် မီးနှင့်ရေကို အသုံးပြုနိုင်သည်။

ချန်ရှီက သက်ရှိဥပမာတစ်ခု ဖြစ်သည်။

အဘိုးဖြစ်သူ ချန်ယင်တုသည် ဘုရင်ကျန်း၏ သင်္ချိုင်းတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီး ရေမီးအဂ္ဂိရတ် သန့်စင်နည်းကို ရရှိခဲ့ကာ ချန်ရှီရဲ့ ရုပ်အလောင်းကို ထိခိုက်ပျက်စီးတာတွေကနေ ကာကွယ်ရန် ဒီနည်းကို အသုံးပြုခဲ့သည်။ ပြီးနောက် သူ့ဝိညာဉ်ကို ဖမ်းယူကာ ပြည်နယ်ငါးဆယ်ရှိ အကောင်းဆုံးသော ကောင်လေးကို ပြန်လည် ရှင်သန်စေခဲ့သည်။

"ဒါက ဘုရင်ကျန်းရဲ့ အုတ်ဂူအစစ်ပဲ!"

လီထျန်းချင်လည်း မယုံနိုင်လောက်အောင် အံ့သြသွားကာ အနည်းငယ် လှည့်ပတ်ကြည့်လိုက်သည်။

"ငါတို့ ဘုရင်ကျန်းရဲ့ သင်္ချိုင်းတွင်းကို ရောက်နေတာပေါ့..ဒါဆို ဒီမြင်ကွင်းက ဘုရင်ကျန်း ရှင်ပြန်ထမြောက်တာကို ကြိုဆိုနေကြတာလား... သူနဲ့အတူ သင်္ဂြိုဟ်ခဲ့တဲ့ စစ်သည်တွေပဲ ဖြစ်မယ်......"

ချန်ရှီလည်း ဒါကိုတွေးပြီး သူ့စိတ်ထဲမှာ ဘုရင်ကျန်း ရှင်ပြန်ထမြောက်ပြီမလို့ စစ်သည်တွေ အားလုံးလည်း ရှင်ပြန်ထမြောက်တော့မှာကို စိုးရွံ့နေခဲ့သည်။

သူတို့ပါဝင်လာတာက ကောင်းလား ဆိုးလား မပြောတတ်တော့ချေ။ ရုတ်တရက် သူ့အင်္ကျီအတွင်းမှ ပူနွေးလာကာ အရေပြား လောင်ကျွမ်းသွားတော့မလိုတောင် ခံစားလာရသည်။

"အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံး!"

သူဟာ အရေးပေါ် အခြေအနေအတွက် သူ့အိတ်ထဲမှာ အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးကို ဖွက်ထားခဲ့သည်။ အခုအချိန်မှာတော့ ၎င်းက ပူလောင်နေ၏။ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးသည် သူ့အင်္ကျီအိတ်ကပ်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက်တွင် တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြစ်ထဲအထိ လင်းထိန်သွားသည်။

လီထျန်းချင်လည်း လန့်ဖျပ်သွားသည်။ သူတို့နှစ်ဦးနှင့် ခွေးတစ်ကောင်ခမျာ မျက်လုံးများကို အသည်းအသန် အုပ်ထားလိုက်ရသည်။ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးက အလွန်ပူပြင်းလာ၏။ ချန်ရှီက ၎င်းကို ဆကိကိုင်ထားဖို့ ခက်ခဲလာသော်လည်း လက်လွှတ်မခံဘဲ တောင့်ခံထားခဲ့သည်။

ဒါဟာ သူတို့အသက်ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော အရာ ဖြစ်လုနီးပါး ဖြစ်နေပြီ။

"ကျူးရှို့ချိုင်ရဲ့ စကားတွေက မှန်မယ်လို့ မျှော်လင့်ပါတယ်!"

ချန်ရှီ အံကြိတ်လိုက်ပြီး ရုတ်တရက် တခြားတစ်ခုကို သတိရသွားသည်။

"လီရှောက်ကျန့် နဲ့ အနီရောင် အစိမ်းရောင် လူတွေကို ဘာလို့ လာမဖမ်းသေးတာလဲ သူတို့ ကုန်းပတ်ပေါ် လိုက်လာသင့်တာ ကြာပြီမလား... အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကို ကိုင်ထားရင် မင်မင်းဆက်ရဲ့ စစ်သည်တွေကို လူသတ်ဖို့ စည်းရုံးလို့ရမလား မသိဘူးနော်"

ငယ်ရွယ်သော စိတ်ကလေးမို့ သူ့တင်ပါးပေါ် လက်တင်ချင်သော်လည်း ဘုရင်ကြီး ရှင်ပြန်ထမြောက်တော့မည်ဟု တွေးလိုက်သောအခါတွင် သူ့ရဲ့ ဘုရင်ဖြစ်လိုသော ဆန္ဒက ပြင်းပြခြင်း မရှိတော့ပေ။ ကျောက်တုံးရုပ်များက အသွေးအသားများ ပြန်လည် ရရှိလာပြီး တစ်ဖက်တစ်ချက်စီရှိ ကျောက်နံရံများကို ဖြတ်လျှောက်သွားကြသည်။

ချန်ရှီနဲ့ လီထျန်းချင်တို့ရဲ့ ရှေ့ကို လျှောက်သွားတဲ့အခါ သူတို့ဟာ သာမာန်လူတွေထက် အများကြီး အရပ်ပိုမြင့်နေတာ တွေ့လာရသည်။

၎င်းတို့ရဲ့ ချပ်ဝတ်တန်ဆာမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို ရွှေဖြင့် ပြုလုပ်ထားပုံရပြီး ၎င်းတို့၏ အရေပြားသည်လည်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

လီထျန်းချင်: "ဗုဒ္ဓဘာသာမှာ အရပ်ခြောက်ပေရှည်တဲ့ ရွှေကိုယ်ထည် ဆိုတဲ့ ကျင့်စဥ် ရှိတယ်... ဒီဗုဒ္ဓဘာသာ လျှို့ဝှက်နည်းလမ်းက ပျောက်ကွယ်သွားခဲ့တာ ကြာပြီ... ဒါက ဒဏ္ဍာရီဆန်ဆန် ရွှေကိုယ်ထည်ကျင့်စဥ်ပဲ"

သူ့မျက်လုံးများ ဖြောင့်စင်းသွားပြီး "တစ်ဆယ်လေး... မင်း ဒီပညာကို သင်ယူရင် ရှီးကျင်းကတစ်ဆင့် သတ်နိုင်..."

ချန်ရှီရဲ့ တိုက်ပွဲအပေါ် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများကို တွေးမိလိုက်သောအခါ သူ့ဘာသာ တုန်လှုပ်သွားခဲ့သည်။ ဘုရင်ကျန်းရဲ့ စစ်သည်တော်များသည် ချန်ရှီကို လျစ်လျူရှုကာ ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဆက်လုပ်ကိုင်​နေကြသည်။

လေထဲတွင် သံကြိုးလှုပ်ခတ်သံများ ထွက်ပေါ်လာသည်။ ခေါင်းတလားကြီးက ကောင်းကင်မှ ပြုတ်ကျလာကာ ကုန်းပတ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။ ခြောက်ပေကျော် ရှည်သော ရွှေစစ်သည်များသည် ခေါင်းတလားကို ရုတ်သိမ်းကာ အခန်းထဲသို့ သယ်ဆောင်သွားကြသည်။

ယခင်က သူတို့သည် ဝေးကွာ​နေခဲ့သောကြောင့် ခေါင်းတလားက ကြီးကြီးမားမား မဟုတ်ဘူးဟု ထင်ခဲ့ကြသော်ငြား ခေါင်းတလားသည် အိမ်ငယ်လေးနှင့် တူ​နေကြောင်း သိလိုက်ရသဖြင့် တိတ်တဆိတ် တုန်လှုပ်သွားကြသည်။

အရပ်ခြောက်ပေကျောက် မြင့်သော ရွှေမင်မင်းဆက် စစ်သားများပင်လျှင် ခေါင်းတလားကို ထမ်းရန် လူလေးဦး လိုအပ်ခဲ့သည်။ သံကြိုးများ လျှောကျလာကာ ခေါင်းတလားကို တစ်ခုပြီးတစ်ခု သယ်ဆောင်၍ ကုန်းပတ်ပေါ်သို့ တစ်ခုပြီးတစ်ခု နေရာချလိုက်၏။

ခေါင်းတလားများသည် အလွန်ဇိမ်ကျကျ ပုံစံဖြင့် တည်ဆောက်ထားကာ အသုံးပြုထားသော သစ်သားကလည်း အနောက်နွားရှင်းကျိုးမှာ မတွေ့ရသော ရွှေနန်းမူသစ်သားဖြင့် ဆောက်ထားခြင်း ဖြစ်သည်။

မင်မင်းဆက် ရတနာသင်္ဘောသည် ဆိပ်ခံတစ်လျှောက် ချီတက်လာနေသည်။ ရေလက်ကြားနှစ်ဖက်မှ စစ်သည်များသည် သင်္ဘောပေါ် ခုန်တက်ကာ စစ်သည်အချို့က ရွက်များကို ချိန်ညှိသည်။ အချို့က ဆေးသုတ်နေကြသည်။ အချို့မှာ တံကောက်များကို စစ်ဆေးနေပြီး အချို့မှာ ဟုန်ယီအမြောက်များကို စစ်ဆေးရန် ဒုတိယထပ်သို့ ရောက်လာကြသည်။

ထိုကြီးမားသော ဟုန်ယီအမြောက်များသည် လအတွင်းမှ လူများစွာကနေ ကိုင်ဆောင်လာခဲ့ရပြီး ၎င်းတို့သည် ဘုရင်ကြီးချန်ရွာရှိ ဟုန်ယီ အမြောက်များထက် များစွာပို၍ထူပါသည်။

ကုန်းပတ်ပေါ်တွင်တော့ ချန်ရှီ၊ လီထျန်းချင်နဲ့ ဗိုက်နီဖက်တီးလေးကို သယ်ထားသော ဟေးကော်တို့မှာ မရပ်မနား ရွေ့လျားနေရပြီး လမ်းလျှောက်နေသော မင်စစ်သည်များကို ရှောင်ရင်း အလုပ်များနေသည်။ ၎င်းတို့င အရပ်မြင့်လွန်းသဖြင့် သူတို့အတွက်က တောထူထပ်သော တောအုပ်အတွင်း လမ်းလျှောက်နေသလို သစ်ပင်များက လှုပ်ရှားနေသလိုပါ ခံစားလာရသည်။

မင်မင်းဆက်၏ ရတနာသင်္ဘောသည် ရှေ့သို့ ရွေ့လျားနေဆဲ ဖြစ်ပြီး သင်္ဘောကျင်းက တောင်တန်းတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ဒါ့အပြင် ခေါင်းတလားများက ကုန်းပတ်ပေါ်သို့ ဆက်လက် ပြုတ်ကျနေဆဲ ဖြစ်တာမို့ ကျယ်လောင်တဲ့ ပေါက်ကွဲသံများကလည်း ဆက်တိုက်ကို ထွက်ပေါ်လာသည်။

လီထျန်းချင်လည်း တစ်ခုခုမှားနေတာကို မြင်ပြီး မထိန်းနိုင်တော့ပေ။

"တစ်ခုခုတော့ မှားနေပြီ ခေါင်းတလားတွေ အရမ်းများနေတယ်!"

ချန်ရှီ အံ့အားသင့်သွားတာကို မြင်တော့ သူက ချက်ချင်း ဆက်ရှင်းပြသည်။

"ခေါင်းတလားကို လူတိုင်းသုံးလို့ မရဘူး... တော်ဝင်မိသားစုထဲက မင်းသားတွေ၊ မှူးမတ်တွေ၊ ဦးရီး​တော်တွေနဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကပဲ သုံးလို့ရတယ်... သူတို့သုံးဖို့ အရည်အချင်းပြည့်မီပေမယ့် အသုံးပြုတဲ့ စံသတ်မှတ်ချက်တွေကျ မတူဘူး... ခေါင်းတလားတွေ အများကြီး ရှိနေတာက မဖြစ်နိုင်ဘူးလေ... ဘုရင်ကျန်ူရဲ့ ဂူသင်္ချိုင်းမှာ မင်းသား၊ မှူးမတ်၊ ဦးရီးတော်တွေ၊ အရာရှိတွေနဲ့ တော်ဝင်မိသားစုဝင်တွေက များပြားလွန်းတယ် မဟုတ်ဘူးလား..."

ဒီစကားကို ပြောလိုက်တဲ့အခါမှ ချန်ရှီလည်း သဘောပေါက်သွားတော့သည်။ ဘုရင်ကျန်းကို သင်္ဂြိုဟ်သောအခါက အရေးပါသော လူများစွာ သေဆုံးခဲ့ရမယ် ဆိုရင် ယုတ္တိမရှိပေ။

"စစ်သည်တွေက ဘာလို့ ပြန်ရှင်နိုင်တာလဲ?"

ချန်ရှီက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ပညာတတ် လီထျန်းချင်ပင်လျှင် ဤမေးခွန်းကို မဖြေနိုင်ပေ။

ရတနာသင်္ဘောက ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားနေဆဲပင်။ စစ်သည်များကလည်း သင်္ဘောထဲသို့ ခေါင်းတလားများ သယ်ဆောင်လာဆဲဖြစ်လေသည်။ ချန်ရှီ အကြမ်းဖျင်းတွက်ချက်လိုက်ရာ ခေါင်းတလားပေါင်း ၁၆၀ ကျော်လောက် သင်္ဘောပေါ်မှ ပြုတ်ကျလာခဲ့ကြောင်း တွေ့ရှိခဲ့သည်။

မျိုးနွယ်စုကြီး တစ်ခုတွင်ပင် အရေးပါသူများ အများစုမှာ ဒီလောက်အထိ သေဆုံးသွားကြမှာ မဟုတ်ချေ။

တရားရုံး ဖြစ်လျှင်ပင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးကို သင်္ဂြိုဟ်ပစ်မည်ဖြစ်သည်။ သို့သော် ခေါင်းတလားကတော့ ဆက်လက် ရောက်လာနေဆဲ။

ချန်ရှီနဲ့ လီထျန်းချင်တို့မှာ လေးနက်သောပုံ ပေါက်လာပြီး ဟေးကော်ပင် ယခုအချိန်တွင် လေးနက်သော မျက်နှာထားမျိုး ရှိ​နေသည်။ သူတို့ရဲ့ လေးနက်တဲ့ အမူအရာတွေကို မြင်လိုက်ရတော့ ဗိုက်နီဖက်တီးလေးကလည်း လေးနက်လာ၏။

လေထုက နည်းနည်းတော့ စိတ်ပျက်စရာ ကောင်းလာသည်။

အခေါင်းပေါင်း ၂၁၇ ပြုတ်ကျ​ပြီးသောအခါ သံကြိုးများ လှုပ်ယမ်းသံများ ရပ်တန့်သွားကာ တုန်လှုပ်ချောက်ချားဖွယ် အသံများလည်း ရပ်တန့်သွားခဲ့သည်။ လွန်ခဲ့သည့် အခိုက်အတန့်က ဆူညံနေခဲ့သော်လည်း ယခုအခါ အသံများ ရပ်တန့်သွားသည်နှင့် တပြိုင်နက် အရာအားလုံး တိတ်ဆိတ်သွား၏။

အခုလေးတင် အလုပ်ကြမ်း လုပ်နေခဲ့ကြတဲ့ စစ်သည်တွေဟာ သူတို့လုပ်နေတာတွေကို ရုတ်တရက် ရပ်လိုက်ကြပြီး အသီးသီး မတ်တပ်ရပ်ကာ အရေးကြီးတဲ့လူကို နှုတ်ဆက်နေသလိုမျိုး ဒူးထောက်၊ ခေါင်းငုံ့ထားကြသည်။

ချန်ရှီ၊ လီထျန်းချင်နဲ့ ဟေးကော်တို့ သင်္ဘောထိပ်ပိုင်းဆီ အပြေး ရောက်လာခဲ့၏။ ဟေးကော် အနည်းငယ် တိုတိုတုတ်တုတ် ဖြစ်နေတာ​ကြောင့် ၎င်းရဲ့ ရှေ့ခြေနှစ်ချောင်းကို အလျင်အမြန်တင်ကာ မြင်ရဖို့ အစွမ်းကုန် ကြိုးစား​နေသည်။

ရတနာသင်္ဘောကြီးသည် အရှေ့ကို အဆောတလျင် ရွေ့လျားနေဆဲဖြစ်ပြီး မြစ်ကြောင်းက တဖြည်းဖြည်းနဲ့ ကျဥ်းလာသည်။ မြစ်ရှေ့မှာ ခန်းမကြီးတစ်ခု ရှိနေကာ ရေတွေက နတ်ဘုရားတန်ခိုးကြောင့် အခွဲခံလိုက်ရသလိုမျိုး အလယ်မှ ကွဲထွက်သွားသည်။

လက်ဝဲနှင့် ညာဖက်တွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိ ရာပေါင်းများစွာက ဂုဏ်ပြုနေဟန်ရှိသည့် ကျောက်ဆင်းတုတော်လည်း ရှိသည်။ ထိုကျောက်ရုပ်များကတော့ တကယ့်ကျောက်ရုပ်ထုများ ဖြစ်ပြီး ပြန်လည် ရှင်သန်လာခြင်း မရှိသေးပါ။

ခန်းမရှေ့တွင် ကျောက်စိမ်းဖြူ လှေကားထစ်များ ရှိကာ ကျောက်စိမ်းဖြူများ ပေါ်တွင်တော့ ဧကရာဇ်မင်းမြတ်၏ ရာဇပလ္လင်တော် ရှိသည်။ ရာဇပလ္လင်တော်ပေါ်၌ ထိုင်လျက် နဂါးသရဖူကို ၀တ်ဆင်ထားသော အမျိုးသားတစ်ဦး ထိုင်လျက်ရှိကာ သူ့အငွေ့အသက်သည် တွင်းနက်ကြီးတစ်ခုလို နက်ရှိုင်းနေ၏။

သူသည် ရှီးကျင်းက ရာဇပလ္လင်ပေါ်တွင် ထိုင်နေသူလိုပင်။ အနောက်နွားရှင်းကျိုးရဲ့ ကျယ်ပြောလှသော မြေကြီးကို စောင့်ကြပ်ကာ နတ်ဆိုးများနှင့် မကောင်းသော ဘေးဥပဒ် အားလုံးကို နှိမ်နင်းတော့မလို အရှိန်အဝါမျိုးလည်း ရှိနေသေးသည်။

သူသည် အနောက်ဘုရင်၊ အနောက်နွားရှင်းကျိုးနဲ့ မင်မင်းဆက် အုပ်စိုးသူဖြစ်သည်။

မင်မင်းဆက်ရဲ့ စစ်မှန်တဲ့ ဘုရင်ကျန်း။

ရတနာသင်္ဘောက အဲဒီကို ရောက်လာတဲ့အခါ အရှိန်က ပိုနှေးလာသည်။ တဆက်တည်း သံကြိုးတွေရဲ့ တချွင်းချွင်း တီးခတ်သံတွေလည်သ ထပ်ကြားရပြန်၏။ ဘုရင်နှင့် ရာဇပလ္လင်သည် အောက်ဘက်သို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားပြီး မင်မင်းဆက် ရတနာသင်္ဘောပေါ်တွင် ဆင်းသက်လာခဲ့သည်။

ချန်ရှီ ချက်ချင်းလှည့်၍ ဘုရင်ကျန်း၏ ပလ္လင်ဆီသို့ ပြေးထွက်သွားခဲ့သည်။

"တစ်ဆယ်လေး ပြန်လာခဲ့!"

လီထျန်းချင် အော်ခေါ်လိုက်သည်။

ချန်ရှီသည် မရပ်ဘဲ ဘုရင်ကျန်း၏ ရာဇပလ္လင်ဆီသို့ ဆက်လက် ရွေ့လျား​နေခဲ့သည်။ သို့နှင့် လီထျန်းချင်လည်း အံကြိတ်ကာ ထပ်ကြပ်မကွာ လိုက်သွားခဲ့သည်။

ချန်ရှီသည် ရာဇပလ္လင်တော်ဘက်သို့ ရောက်ရှိလာပြီး စစ်မှန်သော ဘုရင်ကြီး၏ ပလ္လင်တော်ဆီသို့ လှမ်းကြည့်လိုက်ရာ ဘုရင်ကျန်းသည် စတုရန်းမျက်နှာ၊ ထူထဲသော မျက်ခုံးမွှေးနှင့် မျက်လုံးကြီးများဖြင့် ကြီးကျယ်ခမ်းနားသော အသွင်အပြင်နှင့် ကြီးကျယ်ခမ်းနားသော ရုပ်သဏ္ဌာန်ရှိတာ တွေ့ရသည်။

ဧကရာဇ်သရဖူပေါ်က ပုတီးလုံးက သူ့အမြင်ကို ပိတ်ဆို့ထားပေမယ့် ချန်ရှီသည် ရုပ်အလောင်းကို ပြုပြင်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လက်သမားဆရာတွေရဲ့ အပ်ချုပ်လက်ရာကြောင့် လည်ပင်းမှာ ရွှေချည်ပါးပါးလေးကို တွေ့နေရသေးသည်။

ဘုရင်ကျန်းက သူ့ခေါင်းကို အဖြတ်ခံခဲ့ရတာပဲ။

ချန်ရှီ နားရွက်များ တုန်ခါသွားသည်။

ရေမီးအဂ္ဂိရတ် သန့်စင်နည်းကို ကျွမ်းကျင်ခဲ့လျှင်ပင် ဦးခေါင်းပြတ်သွားပါက သေချေပြီ။ ရေမီးအဂ္ဂိရတ် သန့်စင်နည်းက အလောင်းကို မသေနိုင်သော အလောင်းကောင် ဖြစ်လာအောင် သန့်စင်ပေးတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်၏။ အလောင်းကွဲသွားပြီးနောက် ခန္ဓာကိုယ်ကို ပြန်လည်ဖန်တီးကာ မသေနိုင်သော အလောင်းကောင် ဖြစ်လာမည်။

ဒါပေမယ့် ရေမီးအဂ္ဂိရတ် သန့်စင်နည်းနဲ့ သန့်စင်ခံထားရပြီးလို့ ထပ်အသတ်ခံရသေးရင်ကော ပြန်ရှင်လာနိုင်ပါ့မလား။

ရေမီးအဂ္ဂိရတ် သန့်စင်နည်းသည် ပုံမှန်သက်တမ်းကုန်ဆုံးပြီး အနှစ်ခုနစ်ရာလေးဆယ်တွင်သာ သေလွန်သူများကို ပြန်လည်အသက်သွင်းနိုင်သော်လည်း အရိုးများသည် နဂိုအတိုင်း ပြန်မဆက်နိုင်ချေ။

ဘုရင်ကျန်း အသက် ပြန်မရှင်နိုင်တာ ထင်ရှားသည်။

လီထျန်းချင်လည်း ရောက်လာပြီး ဒီမြင်ကွင်းကို မြင်လိုက်ရပေမယ့် သူက ချန်ရှီရဲ့လက်ကိုသာ အမြန်ဆွဲကာ။

"ဒီကနေ ထွက်သွားဖို့ နည်းလမ်းရှာရအောင်!"

သူဒီလိုပြောလိုက်တာနဲ့ ချန်ရှီလက်ထဲက အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးဟာ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် လွင့်ပျံသွားပြီး မျက်လုံးမဖွင့်နိုင်လောက်တဲ့ အလင်းတန်းတစ်ခုကို ထုတ်လွှတ်ပစ်ခဲ့သည်။

အလင်းရောင် ပျောက်ကွယ်သွားသောအခါ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးက စစ်မှန်သော ဘုရင်ကျန်းရဲ့ လက်ဖဝါးထဲသို့ ဖြည်းညှင်းစွာ ကျဆင်းသွားတာ မြင်လိုက်ရသည်။ ဘုရင်ကျန်းသည် သူ့လက်ကိုရွှေ့ကာ အနောက်နွားရှင်းကျိုးရဲ့ တော်ဝင်တန်ခိုးအာဏာကို ကိုယ်စားပြုသည့် ရတနာတံဆိပ်တုံးကို ကိုင်ထား​လေသည်။

"ဘုရင်ကျန်းက အသက်ရှင်နေသေးတာလား"

သူတို့ နှလုံးသားတွေ တဆတ်ဆတ်ခုန်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ဘုရင်ကြီးရဲ့ ရုပ်အလောင်းက ဖြည်းညှင်းစွာ မြှောက်တက်လာ၏။ ကျောက်စိမ်းတံဆိပ်တုံးကို ကြည့်နေတဲ့ သူ့မျက်လုံးများ အောက်တွင်တော့ နတ်အလင်းများ စီးဆင်းနေသည်။

သူသည် လက်ဖဝါးများကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ရာ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်သည် ဖြည်းညှင်းစွာ လွင့်ပျံလာကာ ပျော့ပျောင်းသော အလင်းရောင်ကိုသာ ထုတ်လွှတ်၍ ယခင်ကကဲ့သို့ ကြမ်းတမ်းပြီး ပြိုးပြိုးပြက်ပြက် ဖြစ်မနေတော့ပေ။

အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးက ရှေ့သို့ ပြေးထွက်သွားရာ ချန်ရှီလည်း လျင်မြန်စွာ လှည့်ကာ ၎င်းနောက်သို့ လိုက်သွားခဲ့သည်။

"စစ်သည်တို့ အိမ်ပြန်ကြရအောင်"

သူ့နောက်ကွယ်မှ လေးနက်ပြီး ကြီးကျယ်ခမ်းနားသော အသံတစ်သံ ထွက်ပေါ်လာ၏။ သူ့မွေးရပ်မြေကို တောင့်တနေသော လေသံကြောင့် ချန်ရှီ အံ့အားသင့်သွားကာ ဘုရင်ကျန်းရဲ့ ရာဇပလ္လင်ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။

ကုန်းပတ်ပေါ်တွင် ဒူးတစ်ဖက် ဒူးထောက်လျက်ရှိတဲ့ မင်မင်းဆက်၏ စစ်သည်များသည် တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ရပ်ကာ သူတို့၏ မျက်လုံးများထဲက စိတ်အားထက်သန်မှု အလင်းရောင်များကို ပြသလာကြသည်။

စစ်သည်များ: "အိမ်ပြန်မယ်!"

သူတို့၏ အတွေးများသည် စမ်းချောင်းတစ်ခုအဖြစ် ပေါင်းစည်းကာ အတူတကွ ချိတ်ဆက်သွားသည်။ စည်းစည်းလုံးလုံးနှင့် သူတို့ကို ပံ့ပိုးပေးသည့် စွဲလမ်းမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မွေးရပ်မြေနဲ့ ဝေးကွာနေတာ နှစ်အတော်ကြာပြီ။

သူတို့သည် နိုင်ငံရပ်ခြားတွင် တိုက်ပွဲဝင်ခဲ့ကြပြီး အနောက်နွားရှင်းကျိုးကို ရောက်ကတည်းက မင်မင်းဆက်၏ လူများကို ကာကွယ်ရန်အတွက် ထိုနတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့ကြသည်။

အိမ်မှာ မနေရတာကြာပြီ။

ဘုရင်​ကျန်း သေ​ပြီးကတည်းက မင်းဆက်ကလည်း သေသွားခဲ့သည်။

ဘုရင်ကျန်းသည် ၎င်းတို့အား သူ၏ နောက်ဆုံး စွဲလမ်းမှုဖြင့် မွေးရပ်မြေသို့ ပြန်ခေါ်သွားလိုခဲ့သည်။

အိမ်ပြန်မယ်၊ မွေးရပ်မြေကို ပြန်သွားမယ်၊ အဲဒီမြေနဲ့ အဲဒီပြည်က လူတွေကို ကြည့်ရှုရမယ်။

စစ်သည်တွေ အလုပ်ရှုပ်သွားပြန်သည်။ မင်ရတနာသင်္ဘောရဲ့ အရှိန်က တဖြည်းဖြည်း ​ပြန်တိုးလာ၏။ ချန်ရှီ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းလှည့်ကာ ကျောက်စိမ်းတံဆိပ်တုံးနောက် ပြေးလိုက်ခဲ့လေသည်။

မင်မင်းဆက် ရတနာသင်္ဘောသည် မြန်သထက် မြန်လာသဖြင့် အလုပ်ကြိုးစား​နေသော စစ်သည်များ ခြေထောက်များကြားကနေ ပြေးလွှားနေရ၏။ ချန်ရှီ လှမ်းကြည့်လိုက်ရာ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးသည် ထပ်မြင့် ပျံသန်းနေပြီး ဘုရင်ကျန်း ဂူဗိမာန်ရှိရာ ကောင်းကင်အထက်ကို တရွေ့ရွေ့ ပျံသန်းရင်း လင်းနေသည်။

တောင်အတွင်းပိုင်းကို ကန့်လန့်ဖြတ်ထားပြီး ကောင်းကင်ပေါ်တွင် လှပသော ပုံစံများ ပေါ်ထွက်လာသည်။ ၎င်းက မင်မင်းဆက်ရှိ အနောက်နွားရှင်းကျိုး၏ ပြည်နယ်ငါးဆယ်တောင်တန်းမြစ်များ၏ ပထဝီဝင်မြေပုံပဲ ဖြစ်သည်။

ရှင်းရှန်!

ချွမ်ကျိုး!

ယွိသော!

ပင်းဟိုင်၊ ပေမုန်၊ ကျွိကျိုး၊ ပန်ဂူ၊ လန်ဟွား၊ ပေလိုင်၊ ချင်းကျိုး၊ လျိုကျိုး၊ လင်ကျိုး၊ ကျင်းကျိုး၊ ယင်ကျိုး၊ ထင်ကျိုး၊ ရှန့်ကျိုး၊ ယိုးကျိုး။

……

တောင်များနှင့် မြစ်များ၏ ပထဝီဝင်မြေပုံများသည် တစ်ခုပြီးတစ်ခု တောက်ပလာခဲ့၏။ ရုတ်တရက် ပထဝီဝင်မြေပုံများသည် စာလိပ်များကဲ့သို့ တစ်ခုပြီးတစ်ခု လိပ်တက်သွားကာ ပုရပိုက်များ ဖြစ်လာသည်။

ရှန်းရှန်ပြည်နယ်၏ ပထဝီဝင်မြေပုံကတော့ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးဆီသို့ တဟုန်ထိုး လွင့်မျောသွားသည်။ ချန်ရှီ ခုန်တက်လာပြီး ထျန်းရွှမ်ကြယ်ပေါ် လှမ်းတက်ကာ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို လေထဲမှာပဲ ဖမ်းယူလိုက်သည်။

"ဝူး!"

အလင်းတန်းများသည် ကျောက်စိမ်းတံဆိပ်တုံးထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက် ပျောက်ကွယ်သွားကာ တခဏချင်းတွင် ပြည်နယ်ငါးဆယ်၏ ပထဝီဝင်မြေပုံ အားလုံးကို ကျောက်စိမ်းတံဆိပ်ထဲ ထည့်သွင်းပစ်ခဲ့သည်။

ချန်ရှီ လက်လှမ်းကာ ကျောက်စိမ်းတံဆိပ်တုံးကို ကိုင်လိုက်စဥ် သူ့ရဲ့ အပေါ်တက်တဲ့ အရှိန်ကြောင့် မောဟိုက်သွားပြီး ရုတ်တရက် အောက်ပြန် လဲကျသွား၏။ အလင်းသုံးပါးကျင့်စဥ်ရဲ့ ပေသို့ခုနှစ်ချက်က လေထဲမှာ ရှိနေစေရန် စွမ်းဆောင်နိုင်သော်လည်း ခဏသာ ဖြစ်သည်။

မင်မင်းဆက်၏ ရတနာသင်္ဘောကြီး အောက်တွင် ပေပေါင်းများစွာ အကွာအထိ ရွက်လွှင့်လာခဲ့ပြီ။ ချန်ရှီ မှောင်မိုက်သော မြစ်ထဲသို့ ကျရောက်ခါနီးတွင် ချီစွမ်းအင်ဖြင့် ဖန်တီးထားသော လဘီးကြီး ရုတ်တရက် ပျံသန်းလာပြီး သူ့ခြေရင်း၌ နေရာယူလာသည်။

ယင်ကျောက်စိမ်းဘီးခြောက်ဘီး!

ဤလဘီးသည် အလွန်ထက်မြက်ပြီး လီမိသားစု၏ အထူးသတ်​ဖြတ် စွမ်းရည်ဖြစ်သည်။ သို့သော် ၎င်းက သူ့ကို ခြေဖျားဖြင့်သာ ရပ်တည်စေခဲ့သည်။

ချန်ရှီ လေထဲသို့ ခုန်တက်ရန် ခွန်အားကို အသုံးချလိုက်သည်။ သူ ပြုတ်ကျခါနီးတိုင်း နောက်ထပ် လဘီးများက သူ့ဆီသို့ ပျံသန်းလာပြီး သူ့ခြေထောက်အောက်မှာ နေရာချပေး၏။ ချန်ရှီ အားအင်အပြည့်ဖြင့် ရှေ့သို့ ပြေးသွားကာ သူခြေလှမ်း လှမ်းလိုက်တိုင်း လဘီးကလည်း သူ့ခြေထောက်အောက်မှာ အမြဲတမ်း ပျံသန်း​နေခဲ့သည်။

သူသည် လမ်းတစ်လျှောက်လုံး လဘီးများကို နင်းလျှောက်ရင်း နောက်ဆုံးတွင် မင်မင်းဆက်၏ ရတနာသင်္ဘောကို လိုက်မှီခဲ့သည်။ မင်မင်းဆက်၏ ရတနာသင်္ဘောကြီးသည် ကြီးမားသော ရေတံခွန်အောက်မှ ကျယ်လောင်စွာ ဟောက်ကာ ရေဟောက်သံများကြားမှ တောင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

ကောင်းကင်က အလင်းရောင်သည် သူတို့ မျက်လုံးများထဲသို့ တိုးဝင်လာ၏။ ချန်ရှီ ပတ်ဝန်းကျင်ကို အလျင်စလို ကြည့်လိုက်ရာ ရတနာသင်္ဘောသည် ချန်ယန်တောင်မှ အမြန်ထွက်ပြီး ကျယ်ပြန့်သော တဲကျန်းမြစ်ပေါ်တွင် ရွက်လွှင့်နေတာ တွေ့လိုက်ရသည်။

ရတနာသင်္ဘောက ရွက်လွှင့်နေပြီဖြစ်ပြီး ၎င်း၏ အမြန်နှုန်းကလည်း ပိုမိုမြန်ဆန်လာသည်။ ချန်ရှီက သူတို့နောက်ကို လှမ်းကြည့်တော့ အက်ကွဲနေတဲ့ တောင်ကြီးက တဖြည်းဖြည်း ပိတ်သွားတာကို တွေ့လိုက်ရသည်။

"သွားကြရအောင်!"

လီထျန်းချင် သင်္ဘောပေါ်ကနေ ခုန်ဆင်းဖို့ပြင်သည်။

"မင်းမထွက်ရင် မင်းကို ဒီသင်္ဘောက ပင်လယ်နက်ထဲ ခေါ်သွားလိမ့်မယ်!"

ရတနာသင်္ဘောက အလွန်လျင်မြန်စွာ သွားလာနေသဖြင့် ရေလက်ကြား တစ်ဖက်တစ်ချက်ရှိ ရွာများနှင့် သစ်တောများက လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။ လီထျန်းချင် သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်တဲ့အခါ မြစ်ရေကို ပြင်းထန်စွာ တိုက်မိကာ လှည့်ပတ်သွားခဲ့သည်။

နောက်ဆုံး မတ်တပ်ရပ်နိုင်တော့ လှိုင်းလုံးတွေကြား ဖြတ်သန်းသွားတဲ့ ရတနာသင်္ဘောကို တွေ့လိုက်ရတော့၏။ လီထျန်းချင် လိုက်မလို့ပြင်တုန်း ရတနာသင်္ဘောပေါ်ကနေ ခွေးတစ်ကောင်က ခုန်ဆင်းလာလေပြီ။ လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ဟာ မြစ်ရေကို အတူတူ တိုက်မိပြီး အဆက်မပြတ် လှိမ့်ပြေးနေ၏။

All Chapters