← Chapters

ပထမအဆင့်ကို ကျော်လွန်သွားပြီ

Vol. 9 Ch. 134

ပထမအဆင့်ကို ကျော်လွန်သွားပြီ

Vol. 9 Ch. 134

ထိုလူငယ်က ချန်ရှီအဘိုးလိုပဲ အရပ်ရှည်သည်။ သူသည် အနက်ရောင်ဖိနပ်ကို ဝတ်ဆင်ထားပြီး အစိမ်းရောင်ဖျော့ဖျော့ ဝတ်ရုံကို ၀တ်ဆင်ထားသည်။ သူ့ခါးမှာ ရစ်ပတ်ထားတဲ့ အဖြူရောင် ကျောက်စိမ်းခါးပတ်နဲ့ ခေါင်းမှာ အနက်ရောင်လေးထောင့် ဦးထုပ်လေး ရှိပြီး ချောမော သပ်ရပ်သည်။

သူက ဖန်တီးခံရှောင်ဝူ ဖြစ်ပေ၏။

အဆင့်၉မှ ပထမအဆင့်အထိ ထူးဆန်းသော ပုံစံများဖြင့် ပုံဖော်ထားသည့် ချန်ယင်တု၏ အဆောင်လက်ဖွဲ့ ဖန်တီးရတနာထဲတွင် မှတ်တမ်းတင်ထားသော ရာနှင့်ချီသည့် အရုပ်များထက် ရုပ်ချောပြီး သူရဲကောင်းဆန်သော်လည်း တခြားအကောင်များက လက်ရှစ်ချောင်းရှိသည်။

ဖန်တီးခံရှောင်ဝူဟာ သာမန် လူတစ်ယောက်လိုပဲ သာမန်လူများကြားတွင် သွားလာနိုင်သော ချောမောသူတစ်ယောက်သာ ဖြစ်သည်။ ကြိုးကြာငှက်ကို သူစားလိုက်သောအခါ ကောင်းကင်နားစွင့်သူများ ရုတ်တရက် တုန်လှုပ်သွားပြီး နားရွက်တစ်ဖက်ကို ဖန်တီးခံရှောင်ဝူဘက် ချက်ချင်း လှည့်လိုက်သည်။

ကောင်းကင်နားစွင့်သူများထဲမှ တစ်ဦးသည် တစ်ခုခု ချရေးရန် စုတ်တံကို ကောက်ကိုင်တော့မယ့် အချိန်မှာပဲ သူ့ခါးကို ရုတ်တရက် တင်းကျပ်သွားခဲ့သည်။ ငုံ့ကြည့်လိုက်တော့ သူ့ခါးမှာ ဘယ်အချိန်က ရစ်ပတ်ထားမှန်း မသိသော နီရဲရဲ လျှာရှည်ကြီးကို တွေ့လိုက်ရ၏။

လျှာကို ကြည့်လိုက်ရင် လျှာအဆုံးတွင် အရပ်ရှည်ရှည် လူငယ်တစ်ယောက် ရပ်နေတာကို မြင်ရပေလိမ့်မည်။

ဖန်တီးခံရှောင်ဝူက ရုတ်တရက် ပါးစပ်ကို ဖွင့်ဟလိုက်တဲ့အခါ နောက်အခိုက်အတန့်တွင် ကောင်းကင်နားစွင့်သူလည်း ပျောက်ကွယ်သွားလေသည်။ ဖန်တီးခံရှောင်ဝူသည် သူ့လည်ပင်းကို တည့်မတ်ကာ ပါးစပ်ကို အကျယ်ကြီး ဖွင့်ထား၏။ သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် မတ်မတ်ရပ်နေသေးတဲ့ ခြေထောက်များကို ကန်ထုတ်လိုက်သေးသည်။

သူသည် ငှက်တစ်ကောင်ကို အတုယူကာ လည်ပင်းကို ခါယမ်းလိုက်တဲ့အခါ ကောင်းကင်နားစွင့်သူလည်း သူ့ဗိုက်ထဲသို့ တုန်လှုပ်စွာ ပြုတ်ကျသွားခဲ့​လေသည်။

"အရူး!"

အနက်ရောင် တရားဝင် ဘွတ်ဖိနပ်ရှည်တစ်ရံဟာ သူ့ပါးစပ်မှ ပျံထွက်လာပြီး မြေပြင်ပေါ်သို့ ခိုင်မြဲစွာ ဆင်းသက်ခဲ့သော်လည်း ပိုင်ရှင်မှာတော့ ဖန်တီးခံရှောင်ဝူ ဗိုက်ထဲတွင် ရှိနေခဲ့ပြီဖြစ်သည်။

တခြား ကောင်းကင်ဘုံနားစွင့်သူ အချို့သည် ဤမြင်ကွင်းကို မှတ်တမ်းတင်ရန်အတွက် စုတ်တံများကို အလျင်အမြန် ဝှေ့ယမ်းနေကြပြီး တချို့က အခွင့်အရေးကို စောစီးစွာမြင်ကာ လှည့်ထွက်ပြေးသွားကြသည်။

ဒါပေမဲ့ သူတို့ ဘယ်လောက်မြန်နေပါစေ ဖန်တီးခံရှောင်ဝူထက်တော့ မမြန်နိုင်ပါဘူး။

"မသွားနဲ့လေ... မင်းတို့နားတွေက အရသာအရှိဆုံးပဲ"

ဖြည့်စွက်စာကို စားပြီးနောက် ဟွမ်ဖောရွာသို့ ရောက်သောအခါ အဘွားအိုတစ်ဦး သူ့ဆီသို့ လျှောက်လာနေတာ တွေ့လိုက်ရသည်။ သူက ပြုံးကာ။

"မင်းက... ဝူကျူလား? မင်းအသက်ကြီးလာပြီပဲ... ငါမွေးတုန်းက မင်းနဲ့ တွေ့ဖူးတယ်... အဲ့တုန်းက မင်းက လှပတဲ့မိန်းကလေးပါ"

အဘွားကြီးဝူကျူရဲ့ မျက်လုံးများက မှိန်ဖျော့နေပြီး သူ့ကို အပေါ်အောက် ငုံ့ကြည့်ကာ ဆိုသည်။

"ချန်ထန် ပြန်လာပြီလား... မင်းအဖေ သေတဲ့အထိ မင်းပြန်မလာသေးဘူးဆို... သေတော့မှ ပြန်လာတယ်ပေါ့... မင်းဆိုတာက အသိတရားကို မရှိဘူး..."

သူမ ကျိန်ဆဲပြီး လမ်းလျှောက်တုတ်ကို မြှောက်ကာ ဖန်တီးခံရှောင်ဝူ နဖူးကို ရိုက်လိုက်သည်။ ဖန်တီးခံရှောင်ဝူရဲ့ သူ့မျက်နှာပေါ်တွင် တင်းမာသော အကြည့်ဖြင့် ကြည့်နေ၏။ ဤအဘွားကြီးက သူ့ရဲ့တားမြစ်ချက်သုံးခုကို စာတစ်ကြောင်းတည်းဖြင့် ချိုးဖောက်ခဲ့သည်။

လူမှားပြီး သူ့ကို ချန်ထန်လို့ခေါ်သည်။

သစ္စာမဲ့ခြင်းအတွက် သူ့ကို ကြိမ်းမောင်းခဲ့သည်။

နောက်ကျမှ ပြန်ရောက်တာလို့ ညည်းညူသည်။

ယခင်ကဆိုလျှင် အဘွားအိုဟာ အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခံရပြီး ပြာထဲတွင် သုတ်ခံရနိုင်သော်လည်း "မင်းအဖေ သေပြီ" ဆိုတဲ့ စကားလုံးက ဖန်တီးခံရှောင်ဝူရဲ့ နှလုံးသားကို ရုတ်တရက် ထိမှန်သွားပြီး စိတ်ရှုပ်ထွေးတဲ့အထိ တုန်လှုပ်သွားခဲ့သည်။

“အဖေသေပြီ…”

သူ့ဘာသာသူ ညည်းညူလိုက်သည်။

မင်မင်းဆက် ရတနာသင်္ဘောပေါ်မှ ခုန်ချလိုက်တာက သူ့အဖေ ချန်ယင်တုကို သတ်ရန် ဖြစ်သည်။ အဲဒီလိုဆို သူ့အဖေက သူ့ကို ဆုံးမရန် မလိုတော့ပေ။ လူသတ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့သော်လည်း မမျှော်လင့်ဘဲ ချန်ယင်တု သေဆုံးသွားတဲ့ သတင်းကို သူ ရွာထဲ မဝင်မီကပင် သိလိုက်ရသည်။

ရုတ်တရက် သူ့မျက်နှာက စိုစွတ်လာကြောင်း ခံစားလိုက်ရသည်။ သူ့မျက်နှာကို ထိလိုက်သည်နှင့် ရေစီးကြောင်းတစ်ခု စီးကျလာကာ တွေ့လိုက်ရသည်။

သူ လျှာနဲ့ လျှက်ကြည့်လိုက်တော့ ငန်၏။

ထိုအချိန်တွင် ဝမ်းနည်းမှုဟုခေါ်သော စိတ်ခံစားမှုတစ်ခုက သူ့နှလုံးသားကို လွှမ်းခြုံသွားကာ နားမလည်နိုင်သလို ခံစားလိုက်ရသည်။ သူ ချန်ယင်တုကို မကြိုက်သလို ချန်ယင်တုအပေါ် ကြောက်စိတ်အပြည့်လည်း ရှိသည်။

သူ့အဖေ ချန်ယင်တုဟာ သူလုပ်ခဲ့သည့်အရာအတွက် တစ်ခါတစ်ရံတွင် အဆောင်နတ်ထျန်းကျီး ဒါဇင်ပေါင်းများစွာကို ခေါ်လာကာ အတူတူရိုက်ခိုင်းခဲ့သည်။ နောက်ဆုံးအကြိမ်တွင် သူ့ကို နှိပ်ကွပ်ရန် နတ်ဆိုးတစ်ပါးနှင့်အတူ အမှောင်ထဲတွင် အကျဉ်းချခံခဲ့သည်။

ဒီအချက်ကြောင့် ချန်ယင်တုကို သူ မုန်းတီးခဲ့သည်။

သို့သော် ချန်ယင်တု ကွယ်လွန်သည့် သတင်းကို ကြားလိုက်ရပြီးနောက် ဝမ်းနည်းမှုမှာ ရှင်းရှင်းလင်းလင်း ပြင်းထန်လာသည်။ အရေးကြီးဆုံးလူကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရပြီး သူ့နှလုံးသားက ရုတ်တရက် ဗလာဖြစ်သွားသလို ခံစားလိုက်ရ၏။

"ဝူကျူ... သူ့ကိုတွေ့ဖို့ ခေါ်သွား​​ပေးပါ"

သူမျက်ရည်တွေ ညှစ်ထားပေမယ့် ထိန်းမနိုင်သိမ်းမရ စီးဆင်းလာဆဲ။ အဘွားကြီးဝူကျူလည်း ချန်ယင်တုကို မြှုပ်ထားရာ နေရာသို့ ခေါ်ဆောင်သွား​ပေးရာ သူ အုတ်ဂူရှေ့တွင် ရပ်နေကာ အုတ်ဂူကျောက်တုံးကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။

အဘွားကြီးဝူကျူက သူ့ခြေထောက်ကို လိမ်ပြီး ကန်ထည့်လိုက်သည်။

"မင်းကိုယ်မင်း ဧကရာဇ်မင်းလို့ ထင်နေတာလား... မင်းအဖေရဲ့ အုတ်ဂူကို မြင်မထောက်ဘူး!"

ဖန်တီးခံရှောင်ဝူရဲ့ လက်များမှ ချွန်ထက်ပြီး သေးသွယ်သော လက်သည်းများ ပေါက်လာသည်။ သူသည် အဘွားအိုကို ထိုးသတ်ချင်သော်လည်း ၎င်းကို ပြန်ရုတ်သိမ်းကာ ချန်ယင်တု အုတ်ဂူရှေ့တွင်သာ ဒူးထောက်ထိုင်လိုက်သည်။

အဘွားကြီးဝူကျူက သူ့ခေါင်းကို တုတ်နဲ့ရိုက်ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့ ကျိန်ဆဲပြန်သည်။

“မင်း မကန်​တော့သေးဘူးလား”

ဖန်တီးခံရှောင်ဝူမှာ ဒေါသကြောင့် မျက်နှာပျက်သွားကာ ချန်ယင်တု သင်္ချိုင်းဂူကို အတင်းငုံ့ကန်တော့ရင်း စိတ်ထဲမှ တိတ်တဆိတ်ပြောလိုက်သည်။

"အဖေ... ခင်ဗျား လူအိုကြီးတွေကို မကြိုက်ဘူးဆိုတာ သိပါတယ် အဲဒါကြောင့် ကျွန်တော် ဝူကျူကို သတ်ပြီး မီးမရှို့ပေးတော့ဘူး"

အဘွားကြီးဝူကျူက သူ့ကို ကန်တော့နေတာ တွေ့တော့ ကျေနပ်စွာနဲ့ လှည့်ထွက်သွားခဲ့သည်။

ပျော့ပျောင်းသော တောင်ကုန်းပေါ်တွင်တော့ ချန်ရှီသည် ကျူးရှို့ချိုင် စိတ်တည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းခဲ့ပြီး အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်ကို ဘယ်လို သုံးရမလဲ အကြံဉာဏ် တောင်းပြန်သည်။

ကျူးရှို့ချိုင်မှာ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်ကို မြင်သောအခါ တခဏ ဝမ်းနည်းသွားပြန်၏။

"ငါက မအောင်မြင်တဲ့ ပညာရှင်တစ်ယောက်ပါ... ဒီလိုရတနာအကြောင်း ဘယ်လိုလုပ် သိနိုင်မှာလဲ မင်း ပြည်နယ်ငါးဆယ်ရဲ့ မြေပုံကို ယူသွားပြီး နတ်ဘုရားတွေကို ထုလုပ်ဖို့အတွက် နေရာတိုင်းကို တံဆိပ်တုံးခတ်လိုက်ရုံပဲ... ဒီပြည်နယ်ငါးဆယ်က နတ်တွေနဲ့ ပြည့်နှက်နေရင် ရပြီ... ဒါက အနောက်နွားရှင်းကျိုး အတွက် အရေးကြီးတဲ့ ရတနာတစ်ခုပဲ"

"ကျွန်​​တော်​ ဘယ်​လို လုပ်ကြည့်ရမလဲ?"

ချန်​ရှီက​မေးသည်​။

"ငါက ပညာမတတ်တဲ့ လူတစ်ယောက်လို့ ပြောထားပြီးသားလေ...ငါ့မိသားစုက နိမ့်ကျနေတယ် စာမေးပွဲတောင် မအောင်ဘူး အဲဒါကို ဘယ်လိုလုပ် သိမှာတုန်း... အဲ့ဟာပေါ်မှာ အမွှေးတိုင် စမ်းကြည့်ပေါ့"

ဒီလိုပြောတော့ သူက “ရရင် ငါကျောက်စိမ်းတံဆိပ်တုံးတွေကို အကုန်ရောင်းပစ်မယ်.. ငါ့ဘိုးဘေးတွေသာ သိရင် ငါ့ကို အရေခွံ့ခွာပြီး ကောက်ရိုးပုံထဲ ထည့်ပေးမှာ သေချာတယ်… ဟေး မဟုတ်သေးဘူး... ငါ့ဘိုးဘေးတွေကိုပါ အကုန်ရောင်းစားလိုက်... ဒါဆို အဆင်ပြေပြီ”

ချန်ရှီလည်း သူရူးနေတာကို မြင်တော့ တောင်စောင်းပေါ်ကနေ ဆင်းလာခဲ့သည်။

"ထူးဆန်းတယ်... အဲဒီ ကောင်းကင်နားထောင်တဲ့ အကောင်တွေ ဘယ်ရောက်သွားတာလဲ"

သူသည် လှည့်ပတ် ကြည့်ရှုသော်လည်း ထိုနားရွက်ကြီးကြီး ကောင်းကင်နားစွင့်သူများကို မတွေ့ရတော့ပေ။ ၎င်းတို့ဟာ ပဟေဠိဆန်စွာ ပျောက်သွားသော်လည်း ချန်ရှီကတော့ အလွန်ပျော်သွားသည်။

"သစ္စာဖောက်မှုလို့ စွပ်စွဲထားတဲ့ သံသယတွေ ကင်းစင်သွားပြီလား....ငါက တရားဥပဒေကို အမြဲလိုက်နာပြီး ရိုးသားတယ်... နတ်ဘုရားက နောက်ဆုံးတော့ နားလည်သွားလို့ ဆုချီးမြှင့်လိုက်တာပဲ ဖြစ်မယ်"

ချန်ရှီ ပျော်ရွှင်စွာ အိမ်ပြန်သွားခဲ့သည်။ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးနဲ့ သူ့အဖိုး၏ အောက်မေ့ဖွယ် ကမ္ဗည်းပြားကို ပေါင်းစည်းကာ အမွှေးတိုင်အနည်းငယ်ကို မီးညှိလိုက်သည်။

အမွှေးတိုင် ပူဇော်ပြီးတာနဲ့ သူ့မျက်လုံးတွေထဲ ဗြုန်းခနဲ အသံနဲ့အတူ ပြန့်ကျဲနေတဲ့ တောင်တန်းကြီးတွေနဲ့ မြစ်တွေက သူ့ရှေ့က ကောင်းကင်မထက်မှာ ပြည့်နှက်သွားတာကို တွေ့လိုက်ရလေ၏။

အနောက်နွားရှင်းကျိုးရဲ့ ပြည်နယ်ငါးဆယ်၊ တောင်တန်းများနှင့် မြစ်များကို သူ့ရှေ့တွင် ပြသထားသည်။

"ဒီတောင်နဲ့ မြစ်ရဲ့ ပထဝီဝင်မြေပုံကို ဘယ်လိုသုံးရမလဲ"

သူ မြင်နိုင်သလောက် တောင်တန်းတွေကြားက ဖြတ်သွားသလို မြစ်တွေကြားကို ဖြတ်သွားသလို ကြီးကျယ်ခမ်းနားတဲ့ မြစ်ချောင်း၊ တောင်တန်းတွေဆီ သူ့အကြည့်တွေက ပြေးလွှားနေသည်။

သူသည် ချန်ယန်တောင်သို့ ပျံသန်းခဲ့ပြီး ရေကန်ကြီးငါးခုကို ဖြတ်ကာ တောင်တန်းကြီးငါးခုကြားမှ ပျံသန်းကာ အနောက်ဘက် ကမ်းရိုးတန်းအထိ ရောက်ခဲ့သည်။

သူ့အသိစိတ်သည် ချန်ယန်တောင်သို့ တစ်ဖန်ပြန်၍ ရောက်လာပြန်၏။ အောက်သို့ ငုံ့ကြည့်သောအခါ ချန်ယန်တောင်၏ ပထဝီဝင်မြေပုံသည် အခြားမြေပုံ နေရာများထက် ပိုမိုကြည်လင်ပြတ်သားပြီး အရှေ့ဘက်ခြေရင်းရှိ တောင်ထိပ်တစ်ဝိုက်က ဆန်းကြယ်မြွေတောင်ကြီးကိုပင် မြင်နိုင်သည်။

ထိုအချိန်တွင် ဆန်းကြယ်မြွေတောင်ကြီးက ကြီးမားသော မြွေခေါင်းကို မြှောက်လိုက်ပြီး ကြည့်လာရာ ချန်ရှီ၏ မြင်ကွင်းနောက်တွင် တစ်ခုခုကို ခံစားလိုက်ရသည်။ တစ်ယောက်တည်း အံ့သြသွား၏။

"ဒီပထဝီဝင်မြေပုံက ချန်ယန်တောင်တွေရဲ့ အခြေအနေကို အချိန်နဲ့တပြေးညီ ထင်ဟပ်ပြနိုင်တယ်ဟ!"

သူသည် သူ့မျက်လုံးများကို အဝေးသို့ ရွှေ့ကာ အဘွားကျွမ်း ရှိရာကို ကြည့်လိုက်ရာ အဘွားရှားရဲ့ ခန္ဓာကိုယ် အစစ်အမှန်၊ ရှေးဟောင်း ဧရာမသစ်ပင်ကြီး နှင့် ပိုကြီးသော သစ်ပင်ငုတ်တိုကို မြင်လိုက်ရသည်။

အဘွားကျွမ်းဟာ သဘာဝလွန် စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူမသည် လမ်းလျှောက်တုတ်ကို ကိုင်ကာ သစ်ပင်တွင်းမှ ထွက်၍ ကောင်းကင်ကို မော့ကြည့်လာသည်။

ချန်ရှီ အံ့အားသင့်ပြီး ပျော်ရွှင်နေသောကြောင့် အဘွားရှား ဘာလုပ်နေလဲ သိရဖို့ ကန်းကျစ်ရွာကို ရှာဖွေခဲ့သည်။

အဘွားရှားမှာ ခြံထဲတွင် အဝတ်လှန်းနေသည့်အခိုက် တစ်စုံတစ်ခုကို သတိပြုမိပုံရသဖြင့် အမွှေးတိုင်တစ်ထုပ်ကို ထုတ်ကာ မီးညှိလိုက်၏။ ရုတ်တရက် လေစိမ်းများက ကောင်းကင်နှင့် နေရောင်တို့ကို ဖုံးလွှမ်းသွားရာ ချန်ရှီမှာ မျက်ရည်များ ကျလာ​တော့သည်။

အဘွားရှား သူ့ကို ထပ်ပြီး ညစ်ပတ်​အောင် လုပ်သွားမှာကို ကြောက်ပြီး မကြည့်ဝံ့တော့ပေ။ ဟူမိသားစုရဲ့ အိမ်ကြီးကို လှည့်ကြည့်လိုက်တော့ အိမ်ကြီးထဲမှာ လှပတဲ့ မိန်းကလေးတချို့ ဆော့ကစားနေတာကို တွေ့လိုက်ရပြီး အိမ်နောက်ဖေးမှာ မိန်းကလေးတချို့ အဝတ်အစားတွေ ချွတ်ကာ ရေကစားဖို့ ပြင်ဆင်နေကြသည်။

ရုတ်တရက် ဟူရှောင်လျောင်ရဲ့ မုတ်ဆိတ်မွေးမျက်နှာက မျက်လုံးထဲသို့ ဝင်ရောက်သွားပြီးနောက် ထူထဲသော အမြီးများက လေထဲတွင် ပျံသွားကာ သူ့အမြင်အာရုံကို ပိတ်ဆို့သွားခဲ့သည်။

"ဦးလေးဟူ အရမ်းတော်တာပဲ!"

သူသည် ချင်းယန်ကို နောက်တစ်ကြိမ် သွားကြည့်ရာ ချင်းယန်သည် ပူဇော်သက္ကာစင်ပေါ်တွင် လဲလျောင်းနေကာ ခြေထောက်များကို ပေါက်ကာ သစ်သီးစားရင်း တီးမှုတ်ရင်းဖြင့် အလွန်ပျော်ရွှင်နေလေသည်။

"ဘယ်သူက ငါ့ကို စူးစမ်းနေတာလဲဟ!"

ချင်းယန် ခုန်ထကာ ချန်ရှီကို စိုက်ကြည့်ရန် ခေါင်းကို မြှောက်လိုက်ရာ ချန်ရှီ၏ အမြင်အာရုံသည် ရေတွင်းထဲသို့ ကျသွားသလိုပင် လှည့်ပတ်သွားသည်။

မျက်လုံးများကို အမြန်မှိတ်ထားရင်း နှလုံးခုန်သံတွေ တည်ငြိမ်သွားအောင် ပြန်လုပ်လိုက််ရသည်။

အဘွားရှား၊ ဟူရှောင်လျောင်နဲ့ ချင်းယန်ကို ရှစ်ကျီးမြေပုံကို သုံးကာ စူးစမ်းကြည့်တာတောင် ၎င်းတို့တွင် အားသာချက်များ ကိုယ်စီရှိပြီး အလွန်အစွမ်းထက်လှသည်။

"ထူးဆန်းတယ်... ရှင်းရှန်ပြည်နယ်ရဲ့ တောင်တွေနဲ့ မြစ်တွေက ဒီအတိုင်း လင်းထိန်နေတာ ဘာလို့များလဲ... ဘာလို့ ဒီမှာဖြစ်ပျက်နေတာကိုပဲ မြင်နိုင်ရတာလဲ"

ရုတ်တရက် သူ့နှလုံးက အနည်းငယ် လှုပ်ရှားသွားပြီး မဟူရာတောင်ဘက်ကို လှမ်းကြည့်လိုက်သည်။ မဟူရာတောင်က ရှန်ကျိုးပြည်နယ်၊ ပိုင်ရှန့်ခရိုင်တွင် ရှိပြီး ရှင်းရှန် ပြည်နယ်နှင့် မသက်ဆိုင်ချေ။

ရှန်ကျိုးပြည်နယ်၏ ပထဝီဝင်မြေပုံ အများစုသည် မဟူရာတောင် ဧရိယာမှလွဲ၍ တခြားနေရာများက မီးမလင်းပါ။ ပထဝီဝင်မြေပုံပေါ်က မဟူရာတောင်သို့ ရောက်လာသော် ထိုတောင်ပေါ်ရှိ အရာအားလုံးကို ချက်ချင်း စူးစမ်းလိုက်သည်။

ရှောင်ကျောင်အတွင် ဘုံကျောင်း ဆောက်ရန် လိုအပ်ကြောင်း နတ်နဲ့ ကန့်ညောင်များ ပြောနေကြသည်။ အပြင်အဆင်ကို ကြည့်လိုက်ရာ ချန်ရှီ ခေါင်းနောက်ဘက်တွင် သေးငယ်သော ဘုံကျောင်းရဲ့ အပြင်အဆင်အတိုင်း ဖြစ်နေပုံရလေ၏။

ဘုံကျောင်းက ကြီးကြီးမားမား မဟုတ်တဲ့အတွက် ပိုက်ဆံနဲ့ လူတွေကို ဖြုန်းတီးတယ်လို့ မယူဆပါဘူး။

ချန်ရှီသည် မဟူရာတောင်က ရှောင်ကျောင်ရဲ့ တရားစီရင်ပိုင်ခွင့်အတွင်း ဖြစ်ပျက်သမျှကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။

"ထူးဆန်းလိုက်တာ"

ချန်ရှီ အံ့သြနေသည်။

"နတ်ကို တံဆိပ်ထုထားသရွေ့ ပထဝီမြေပုံထဲမှာ လင်းလာမယ်လို့ ပြောချင်တာလား? ဒါပေမဲ့ ချန်ယန်တောင်ရဲ့ တောင်တန်းမြစ်တွေရဲ့ ပထဝီဝင်အနေအထားက ဘာလို့ လင်းထိန်​နေတာလဲ... ဧကန္တ ချန်ယန်တောင်ရဲ့ အရှင်သခင်က...."

ချန်ယန်တောင်သခင်သည် သူ့ဘုံကျောင်းငယ်ထဲတွင် အချိန်အတော်ကြာ ထိုင်နေဖူးခဲ့သည်။ ချန်ရှီ သူ့ကို တောင်တန်းအရှင်ဘုံကျောင်းကို ပို့ပြီး ပထမဆုံး အမွှေးတိုင်ကို ပူဇော်ခဲ့၏။ ဒါက နတ်ဘုရားဘွဲ့တော်ပေးသော အမွှေးတိုင်ဟုတ်မဟုတ် သို့မဟုတ် ချန်ယန် တောင်တန်းအရှင်က သူ့ဘုံကျောင်းငယ်လေးထဲတွင် နေခဲ့တာက ဘွဲ့တစ်ခုကို အပ်နှင်တာ ဟုတ်မဟုတ် မသိရချေ။

အမွှေးတိုင် အကုန်လုံး မလောင်သွားခင်အထိ ခဏလောက်အထိ တောင်နဲ့ မြစ်များရဲ့ ပထဝီဝင်မြေပုံက ထွက်ပေါ်လာခဲ့သည်။

"အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးက အရမ်းအရေးကြီးတယ်... ဒါပေမယ့် ကံမကောင်းစွာပဲ ငါ့မှာ ဒါကိုသေချာသုံးဖို့ နည်းလမ်းတွေ အများကြီး မရှိနေဘူး"

ချန်ရှီ ကျောက်စိမ်းတံဆိပ်တုံးကို သူ့ဘုံကျောင်းထဲသို့ ထည့်ရန် ကြိုးစားကြည့်ချင်မိသည်။ သို့သော် ၎င်းကို တွေးကြည့်ရုံဖြင့် ကျောက်စိမ်းတံဆိပ်တုံးက ပျောက်ကွယ်သွားတာ တွေ့လိုက်ရသည်။

သူ့စိတ်ကို အလျင်အမြန် စုစည်းပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘုံကျောင်းငယ်လေးထဲမှာ ရှိနေတာကို တွေ့လိုက်ရ၏။ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးဟာ လောလောဆယ်တော့ နတ်ကွန်းရှေ့မှာ ယဇ်ပလ္လင်ပေါ်မှာ တင်ထားပြီး အမွှေးတိုင်တွေလည်း ခံယူနေသည်။

ရှစ်ကျီဦးခေါင်းသည် ယခုအချိန်တွင် ဘုံကျောင်းငယ်လေးရဲ့ နတ်ကွန်းပေါ်တွင် ထိုင်လျက်ရှိသည်။ သူမရောင်ဝါက အမှန်တကယ်ပင် အားကောင်းလှကာ ချန်ရှီခမျာ သူမရှေ့တွင် မတ်တပ်ရပ်နေရုံနဲ့ အလွန်ကြောက်စရာကောင်းသော ဖိနှိပ်မှုတစ်ခု ရောက်လာတာ ခံစားနေရသည်။

ဒီဘုံကျောင်းငယ်လေးက သူ့အပိုင်သာ မဟုတ်ခဲ့ရင် ထိုရောင်ဝါကြောင့် ကြေမွသွားမှာကိုတောင် ကြောက်မိသည်။

သူမက အစွမ်းထက်လွန်းသည်။ ချန်ရှီမှာ သူမအား နတ်သန္ဓေသားအဖြစ် စတေးရန် ကြံရွယ်ခဲ့သော်လည်း မလုပ်နိုင်ခဲ့။ ယခုအချိန်တွင်တော့ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးက သူမရောင်ဝါကို ဖိနှိပ်ထားချေပြီ။

"လတ်စသတ်တော့ ကျူးရှို့ချိုင် ပြောခဲ့တာက ဘုံကျောင်းငယ်လေးထဲမှာ အမွှေးတိုင် ပူဇော်ဖို့ကိုး!"

ချန်ရှီသည် အခြားနေရာများတွင် အမွှေးတိုင်ပူဇော်နေရင် အဆင်မပြေနိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သေးငယ်သော ဘုံကျောင်းထဲတွင်တော့ အမွှေးတိုင် ပူဇော်တာက ပိုအဆင်ပြေလိမ့်မည်။ ချန်ရှီ ရှေ့သို့လှမ်း၍ နံ့သာချောင်းအနည်းငယ်ကို မီးညှိပြီး ပူဇော်စင် စားပွဲရှေ့၌ ထိုးစိုက်လိုက်ရာ အငွေ့များက ကျောက်စိမ်းတံဆိပ်တုံးနှင့် နတ်ကွန်းဆီသို့ ပျံ့သွားလေသည်။

ရုတ်တရက် ကျောက်စိမ်းတံဆိပ်တုံးမှ အလင်းတန်းများ ထွက်လာပြီး ဘုံကျောင်းတစ်ခုလုံး လင်းထိန်သွားခဲ့သည်။ ကျယ်လောင်သော အသံက ဘယ်ကလာမှန်း မသိသော်လည်း ဘုံကျောင်းထဲမှာ တရွေ့ရွေ့ လွင့်နေသလိုတော့ ခံစားနေရ၏။

ချန်ရှီ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သေးငယ်သော ဘုံကျောင်းလေးက ယောင်ဝါးဝါး အားကောင်းလာတာ တွေ့လိုက်ရသည်။ ယခင်ကဆို စုဆောင်းထားသော နုန်းနဲ့ ဆောက်ထားရသလို၊ သဲလိုလို အမြဲရှိနေခဲ့ကာ အချိန်မရွေး ပြိုကျနိုင်သည်။

ယခုမူ ဘုံကျောင်းငယ်ဟာ မြင့်မြတ်သောတန်ခိုးဖြင့် ကောင်းချီးပေး ခံထားရသလို အလွန်တည်ငြိမ်နေသည်။

ကျောက်စိမ်းတံဆိပ်တုံးမှ အလင်းရောင်က ဆက်လက်တောက်ပနေ၏။ ကျယ်လောင်တဲ့ အသံများကလည်း ထွက်ပေါ်နေဆဲ ဖြစ်ကာ ရုတ်ချည်းဆိုသလို ချန်ရှီရဲ့ အံ့အားသင့်နေသည့် မျက်လုံးများရှေ့မှာပဲ ဘုံကျောင်းငယ်လေးထဲတွင် အခန်းအပိုတစ်ခု ရှိနေသည်နှယ် ဒုတိယနတ်ကွန်းတစ်ခု ပေါ်လာသည်။

ချန်ရှီ အံ့အားသင့်သွား၏။

အမှန်တကယ်ပင် ဘုံကျောင်း၏ ခန်းမများထဲတွင် နတ်ကွန်းတွေက နှစ်ခု သို့မဟုတ် သုံးလေးခုပင် ကိန်းဝပ်နေသည်။ ဒီဘုံကျောင်းက သူ့ဘုရားကျောင်း ဖြစ်ပြီး ဘယ်လိုဖြစ်လို့ အပိုနတ်ကွန်းတစ်ခု ရှိနေတာလဲ နားမလည်ချေ။

"ငါ့ကို ကူညီလေ့ကျင့်ဖို့ တခြားနတ် ဒါမှမဟုတ် နတ်ဆိုးကို ဖမ်းနိုင်ပါ့မလား"

ချန်ရှီ ဒါကို တွေးပြီးတာနဲ့ ခုန်ပေါက်မိလုမတတ် ဖြစ်လာသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ချက်ချင်းပင် စိတ်တည်ငြိမ်မှု ပြန်လည်ရရှိအောင် ကြိုးစားရင်း ခြံဝင်းထဲမှ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။

"ချန်ရှီ! ဟေးကော် ချက်တာ အဆင်သင့်ဖြစ်​နေပြီ!"

လီထျန်းချင်သည် အဝတ်အစားများကို လှန်းနေရာမှ လှမ်းအော်ပြော၏။

"မထွက်တော့နဲ့ ထမင်း အရင်စားရအောင်!"

"သိပြီ!"

ချန်ရှီ တံခါးပေါက်မှ အမြန်ထွက်သွားပြီး အဝေးကြီးကို မသွားဘဲ မြင့်မြတ်သောသစ်ပင်ဆီသို့သာ ရောက်လာသည်။ သူတို့ရွာရဲ့ ကန့်ညောင်ကတော့ ချန်ရှီနှင့် အိပ်ရာအတူဝင်ဖို့ ပျင်းရိငြီးငွေ့လာတာကြောင့် သစ်ပင်ကြီးတစ်ပင်ပေါ်တွင်သာ ထိုင်နေခဲ့သည်။

ချန်ရှီ သစ်ပင်ပေါ်သို့ ခုန်တက်လာပြီး ဘုံကျောင်းငယ်ကို လှုပ်ရှားကြည့်ဖို့ တိုက်တွန်းလိုက်သည်။

"အိုး!"

ကောင်မလေး၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် လင်းလတ်သွားသည်။ နောက်အခိုက်အတန့်တွင် သူမသည် ဘုံကျောင်းထဲ ထိုင်လျက်သား ပေါ်လာကာ ယောင်ချာချာဖြင့် လှည့်ပတ်ကြည့်နေမိ၏။

"မင်းနာမည်​ ဘာတဲ့လဲ"

ဘုံကျောင်းအပြင်ဘက်မှာတော့ ချန်ရှီရဲ့ အသံက သူမ မဖြေခင်မှာပဲ ဆက်ပြောလာသည်။

"ငါ မင်းကို ဆောင်းယွီလို့ခေါ်မယ်"

ကောင်မလေး: "ငါက ဆောင်းအပင် မဟုတ်ဘူး! ယွီအပင်လည်း မဟုတ်ဘူး!"

သို့သော် သခင်ကြီးချန် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးကို ကိုင်ဆောင်ထားပြီး ရွှေရောင်စကားများ မိန့်မှာနေခဲ့သည်။ ထိုအချိန်မှစ၍ သူမသည်လည်း ဆောင်းယွီ ဟုခေါ်သော နတ်အမည်တစ်ခု ရသွားခဲ့သည်။

"ဆောင်းယွီကိုလည်း နတ်သန္ဓေသား...ရှစ်ကျီဦးခေါင်းကိုလည်း နတ်သန္ဓေသားလို သုံးနိုင်ရင် ကြိုးစားမှုတစ်ဝက်နဲ့ ရလဒ်က နှစ်ဆပဲ!"

ချန်ရှီသည် ဆောင်းယွီနဲ့ ရှစ်ကျီဦးခေါင်းကို နတ်သန္ဓေသားအဖြစ် အသုံးပြုဖို့ အလင်းသုံးပါးကျင့်စဥ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ဘုံကျောင်းငယ်လေးမှ နေ၊ လနှင့် ကြယ်သုံးလုံးသည် ရုတ်တရက် ဒီရေလှိုင်းတစ်ခုလို သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

သူသည် ရှစ်ကျီဦးခေါင်းကို ထုတ်မသုံးနိုင်သော်လည်း ကျင့်ကြံတဲ့ နေရာမှာတော့ သုံးနိုင်သေးသည်။

မီးလုံးသုံးလုံးက တညီတညွတ်တည်း စုစည်းကာ သူ့ခေါင်းထိပ် တည့်တည့်မှာ လင်းလက်တောက်ပနေသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ဝမ်းဗိုက်အောက်က အသက်ရင်းမြစ်ပေါ် ကျရောက်သွားသည်။

ရွှေအမြုတေဟာ အလင်းသုံးပါး စွမ်းအင်အောက်၌ ကြိတ်ဆုံကျောက်ထဲ ရောက်နေသလိုမျိုး အသံမြည်​နေခဲ့သည်။ ချန်ရှီသည် ဆောင်းယွီနဲ့ ရှစ်ကျီဦးခေါင်းကို နတ်သန္ဓေသားအဖြစ် အသုံးပြုလိုက်တဲ့ ရိုးရှင်းသော အချိန်ကထပ် အဆများစွာ ပိုမိုမြန်ဆန်စွာ လေ့ကျင့်လာနိုင်ခဲ့သည်။

သူသည် ရွှေအမြုတေကို အသက်သွင်းလိုက်ပြီး ရွှေအမြုတေအား ခန္ဓာကိုယ်အနှံ့ ဖြည်းညှင်းစွာ ရွေ့လျားသွားစေခဲ့သည်။ အတွင်းအင်္ဂါများ၊ အရိုးများ၊ ကြွက်သားများနှင့် အဆစ်များကို ပျော့ပျောင်းစေ၏။ သေးငယ်သော ဘုံကျောင်းထဲမှ အလင်းတန်းများသည် ရွှေအမြုတေပေါ် အဆက်မပြတ် တောက်ပ​ပေးနေသဖြင့် ရွှေအမြုတေဟာ ခုနစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာတို့ကို အရှုံးမရှိပဲ လည်ပတ်နေခဲ့သည်။

လီထျန်းချင်မှာ သူ့အဝတ်အစားများကို ချိတ်ဆွဲနေတုန်း တံခါးဝက ဟစ်အော်သံကို ကြားလိုက်ရာ ခြံအပြင်ဘက် ချက်ချင်း ပြေးထွက်လာခဲ့သည်။ ထိုအခါ ချန်ရှီတစ်ယောက် သစ်ပင်အောက်တွင် ထိုင်လေ့ကျင့်နေတာ တွေ့လိုက်ရသည်။

"တစ်ဆယ်လေးကတော့ တကယ်ကို ဝီရိယရှိပြီး လေ့ကျင့်ဖို့ ဘယ်တော့မှ မမေ့ဘူး"

"လုံ့လဝီရိယက အားနည်းတာကို ပြုပြင်​ပေးနိုင်တယ်..." ဟု စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးခဲ့သည်။ သူ့​ကြီးထွားမှုနှုန်းသည် မိမိလောက် မမြန်သော်လည်း လုံ့လအရမ်းကောင်းသည်။

ထိုအချိန်တွင် ချန်ရှီရဲ့ ခန္ဓာကိုယ် အတွင်းရှိ ကျယ်လောင်သော အသံသည် ပို၍ကျယ်လောင်လာပြီး ချီသွေးများလည်း အားကောင်းလာခဲ့ရာ လီထျန်းချင်တောင် လန့်လာ၏။

"တစ်ဆယ်လေးရဲ့ ကြီးထွားနှုန်းက ငါ့ခရမ်းရောင် ကျောက်စိမ်းနတ်သန္ဓေသားကို မှီနိုင်လုနီးပါးပဲ... တစ်ဆယ်လေးလည်း ခရမ်းရောင် ကျောက်စိမ်းနတ်သန္ဓေသားကို ရခဲ့တာများလား"

ခရမ်းရောင် ကျောက်စိမ်းနတ်သန္ဓေသားသည် ပထမအဆင့် နတ်သန္ဓေသားဖြစ်ပြီး ကျင့်ကြံမှု အရှိန်ကလည်း တိုးများသည်။ ယခုအချိန်တွင် ချန်ရှီရဲ့ ကျင့်ကြံမှုအရှိန်က ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားနှင့် နှိုင်းယှဉ်နိုင်နေပြီ။

လီထျန်းချင်ရဲ့ အမူအရာက ပို၍ပို၍ လေးနက်လာသည်။ ချန်ရှီရဲ့ ရွှေအမြုတေ လည်ပတ်ပုံက ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားထက် တဖြည်းဖြည်း ပိုမြန်လာသည်။ ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားသည် နတ်သန္ဓေသားထဲတွင် ပထမအဆင့် နတ်သန္ဓေသား ဖြစ်နေပြီ။ ဒါဆို ချန်ရှီက ဘယ်လို နတ်သန္ဓေသားကို ရရှိခဲ့တာ ဖြစ်နိုင်လဲ။

"တစ်ဆယ်လေးက မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသားကို ပြန်ရသွားတာ ဖြစ်နိုင်ပါ့မလား"

ဒီကျင့်ကြံမှု အရှိန်က တကယ်ကို မြန်လွန်းလှသည်။

All Chapters