← Chapters

ဆေးပလာစတာ (၂)

Vol. 41 Ch. 601

ဆေးပလာစတာ (၂)

Vol. 41 Ch. 601

ပျော်စရာနှစ်ကူးကာလ ပြီးဆုံးချိန်တွင် လူအများ အားလပ်ရက်၏ ခံစားချက်များ စားမြုံ့ပြန်လျှက်ရှိ ကြသေးသည်။ လူအများ အလုပ်ပြန်ဆင်းကြပြီး ပထမဆုံး ပြုလုပ်သည်မှာ စာရွက်များ ဖတ်ရှုကြခြင်းပင်။ မည်သို့ပင် ဖြစ်စေ လူအများစုသည် အားလပ်ရက်များအတွင်း လုပ်စရာ များများစားစား မရှိကြချေ။

ဤစာမျက်နှာ ကမည်သည်နည်း။ ဤထုတ်ကုန်က မည်သည်နည်း။ ဆေးပလာစတာလော။ ဆေးပလာစတာ ဆိုသည်မှာ အဘယ်နည်း။

ဒဏ်ရာငယ်များကို အလွယ်တကူ ကပ်နိုင်သည့် ပတ်တီးဟု ဆိုထားပေသည်။ စာဖတ်သူများသည် ဓာတ်ပုံများကို ကြည့်ကာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရုပ်မြင်သံကြားတွင် ကြော်ငြာခဲ့သည့် Band-aid ဖြစ်သည်ကို သဘောပေါက်ခဲ့ကြသည်။ ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ ပလပ်စတစ်များက ပို၍ထိရောက်ကြောင်း ဆောင်းပါးများက ဖော်ပြထားသည်။ ၎င်းသည် ရေစိုခံကာ လေဝင်လေထွက် ကောင်းပေသည်။ ကာတွန်းပုံလေးများပင် ပါနေပေသေးသည်။ အရေးအကြီးဆုံးမျာ အားကစား အထွေထွေအုပ်ချုပ်ရေးမှူးမှ အကြံပြုထားခြင်းပင်။

ဖုန်းယွီသည် သူ့ထုတ်ကုန်များကို အကြံပြုရန် အားကစားအထွေထွေ အုပ်ချုပ်ရေးမှူးအား အမြန်စည်းရုံးနိုင်ခဲ့ပေသည်။ သူသည် ၎င်းတို့အား ၎င်း၏ဆေးပလာစတာများကိုသာ ထောက်ပံ့ပေးခဲ့ပြီး ယွမ်(၁)သန်းကိုလည်း လှူဒါန်းခဲ့ပေသည်။ အပြန်အလှန်အားဖြင့် ထုပ်ပိုးမှုတွင် ‘အားကစား အထွေထွေ အုပ်ချုပ်ရေးမှူးမှ အကြံပြုထားသည်’ ဟူသော စကားလုံးများ ပုံနှိပ်ထုတ်ဝေခွင့်နှင့် ကြော်ငြာများတွင် ဖော်ပြခဲ့ပေသည်။

ညနေခင်း CCTV2 တွင် ဆေးပလာစတာ အရောင်းအဝယ်အကြောင်း လူများ တွေ့ခဲ့ရသည်။

ကလေးတစ်ငယ်ယောက် အိမ်တင် ဆော့ကစားရင်း မတော်တဆ ပြုတ်ကျကာ နဖူးတွင် ဒဏ်ရာရသွားခဲ့သည်။ သူ့နဖူးတွင် ဒဏ်ရာငယ်လေးတစ်ခုရလိုက်သဖြင့် ကလေးငယ် ငိုတော့သည်။ သူ့မိခင်မှ ဆေးပလာစတာလေးကို ထုတ်၍ ကလေးငယ်၏ နဖူးတွင် ကပ်ပေးလိုက်သည်။

နဖူးတွင် ပလာစတာကပ်ထားသည်မှာ ရုပ်ဆိုးကြောင်း ကလေးငယ်ပြောနေသော်လည်း မိခင်မှ ကြည့်၍ပိုကောင်း ကြောင်း ပြောပြနေပေသည်။ ကလေးငယ် မှန်ထဲတွင် မိမိကိုယ်မိမိ ပြန်ကြည့်လိုက်မိသည်။ ပလာစတာသည် လှပနေ၏။ မျောက်ဘုရင်၏ ပုံရိပ် ပေါ်နေပေသည်။ ကလေးငယ်ရော မိခင်များ ပြုံးပျော်သွားကြတော့သည်။

ထို့နောက် အဖြူရောင်ကုတ်ဖြင့် ဆရာဝန်တစ်ဦးသည် ဖန်သားပြင်တွင် ပေါ်လာသည်။ သူ့ကိုယ်သူ ပမ့်မြို့တော် ဆေးတက္ကသိုလ်မှ ပါမောက္ခ ကျောင်းအိုက်ရယ် အဖြစ် မိတ်ဆက်ပြီးနောက် စကားအနည်းငယ် ပြောလာခဲ့သည်။ ကလေးငယ်များတွင် ဒဏ်ရာရသည့်အခါ ဆေးပလာစတာနှင့် အမြန်ဆုံး ဖုံးအုပ်ကပ်ပေးခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း၊ သွေးထွက်ရပ်တန့်စေပြီး ရောဂါပိုးမွှား ကာကွယ်ပေးကြောင်း ပြောသွားလေသည်။

ကင်မရာမြင်ကွင်းကို ချဲ့ကာ ပလာစတာ၏ အနီးကပ်မြင်ကွင်အဖြစ် ပြောင်းလဲသွားတော့သည်။ ပလာစတာများ ပေါ်တွင် အနောက်အရပ်သို့ ခရီးသွားခြင်းမှ ဇာတ်ကောင် ဒီဇိုင်းမျိုးစုံ ရှိနေပေသည်။

ထိုသို့ ပြနေရင်းမှ ထွက်လာသည့် အသံတစ်ခုမှာ..

“ပမ့်မြို့တော် ဆေးဝါးလုပ်ငန်းမှ ရေစိုခံ ဆေးပလာစတာများ… ပမ့်မြို့တော် ဆေးဝါးလုပ်ငန်း… အန္တရာယ်ကင်း ဆေးဝါး.. အားကစား အထွေထွေ အုပ်ချုပ်ရေးမှူးမှ အကြံပြုထားသည်..”

ဤကြော်ငြာသည် ကလေးများနှင့် မိဘများ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ရေစိမ်ခံသည်လော။ ဆိုလိုသည်မှာ ဒဏ်ရာများ စိုစွတ်နေမည် မဟုတ်တော့ချေ။ ထို ပလာစတာကို ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းမှ ထုတ်လုပ်ထားသည်။ အရည်အသွေး ကောင်မွန်သည့် ထုတ်ကုန် ဖြစ်ရပေမည်။ ထို့အပြင် အားကစား ဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးမှူးမှ အားကစားသမားများ တွင်လည်း သုံးစွဲနေကြပေသည်။

ပလာစတာပေါ်တွင် ကာတွန်းဇာတ်ကောင်များကို ကလေးများက အလွန်ကြိုက်ကြပေသည်။ ပလာစတာ ပေါ်မှပုံများ အလွန်လှပေသည်။ ပလပ်စတစ်များသည် Band-aid ထက်ပိုလှပေသည်။

သတင်းစာများ၊ ရုပ်မြင်သံကြားများတွင် ကြော်ငြာယုံမကချေ။ အသံလွှင့်ဌာနများတွင်ပင် ဤပလာစတာအကြောင်း ပြောနေပေသည်။ ထုတ်ကုန်၏ အင်္ဂါရပ်များကို နားဆင်သူများအား အကြံပြုထားပြီး ၎င်းတို့ကို ရိုးရာပလာစတာ များနှင့်ပင် နှိုင်းယှဉ်ထားသေးသည်။ အသံလွှင့်ဌာနနှင့် ရုပ်မြင်သံကြားဌာနများသည် ရိုးရာပလာစတာများ မည်ကဲ့သို့ ဖြစ်သည်ကိုမူ ပြောမထားကြချေ။ သို့ရာတွင် Band-aid အကြောင်း ပြောနေသည်ကိုမူ နားထောင်သူများ ကောင်းကောင်း သိနေပေသည်။ ဤ ပမ့်မြို့တော် ဆေးပလာစတာများသည် Band-aid ထက် ပိုကောင်းသည်လော။

ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် CCTV ၊ သတင်းစာများနှင့် အသံလွှင့်ဌာနများတွင် ကြော်ငြာသည့်အခါ Band-aid ကုမ္ပဏီမှ သိသွားခဲ့သည်။ ယခင်က ပလာစတာ ရောင်းချရန် ကြိုးစားခဲ့သည့် အခြားကုမ္ပဏီများ ရှိခဲ့ဖူးပေသည်။ သို့ရာတွင် Band-aid ကို မကျော်နိုင်ချေ။

သို့ရာတွင် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းက ဈေးကွက်တွင် ပလာစတာများ ထုတ်လုပ်ပြီးနောက် ပလာစတာများကို ဆေးဆိုင်များတွင် တွေ့နိုင်ကြောင်း သတိထားမိလိုက်သည်။ Band-aid အနေဖြင့် ခြိမ်းခြောက်မှု များစတင်ခံစား လာခဲ့ရချေပြီ။

Band-aid ကုမ္ပဏီသည် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းကို တန်ပြန်ရန် ချက်ချင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။ ၎င်းတို့ဈေးကွက်ဝေစု လုယူခံရပြီးချိန်အထိ မစောင့်နိုင်ချေ။ အလွန်နောက်ကျ သွားပေလိမ့်မည်။

“ဒါ ရေစိုခံ ပလာစတာ တစ်ခုပဲလေ.. ငါတို့လဲ ထုတ်နိုင်တာပဲ.. ရေစိုခံ ဖြစ်အောင် မိတ်ဆက်ရမှာပေါ့.. သုံးစွဲသူတွေ ငါတို့ဆီမှာ အားပေးနေအုံးမှာပဲ..”

Band-aid ၏ ဒု-အထွေထွေမန်နေဂျာ နိုင်ငံခြားသား တစ်ဦးပြောလိုက်ခြင်းသည်။

Band-aid သည် ဤပလာစတာကို တီထွင်ခဲ့သူဖြစ်သည်။ သူတို့တွင် ရေစိုခံပြီး လေဝင်လေထွက်ကောင်းသည့် ပလာစတာများ မည်သို့မှ မရနိုင်သေးချေ။ ရေစိုခံ ပလာစတာအတွက် ကုန်ကျစရိတ် ပိုမြင့်သဖြင့် တရုတ်တွင် မိတ်ဆက်ရန် မလိုဟု ခံစားထားခဲ့မိခြင်းဖြစ်သည်။ ၎င်းတို့သည် ပုံမှန် ပလာစတာများဖြင့် ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားပြီး ဖြစ်သည်။ သို့ဖြစ်၍ ပိုကောင်းသည့် ထုတ်ကုန်များဖြင့် မိတ်ဆက်ရန် မလိုအပ်ချေ။

ယခုမူ Band-aid သည် ပြင်းထန်သည့် ပြိုင်ဖက် တစ်ဦးပေါ်လာလေပြီ။ ၎င်းသည် လူကြိုက်များလွန်းလှသည့် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းဖြစ်သည်။ ကြော်ငြာအား ပြင်းထန်ခြင်းကလည်း သူတို့အတွက် ခြိမ်းခြောက်မှုဖြစ်နေပေသည်။

Band-aid ၏ အဆင့်မြှင့်မှုသည် အလွန်စိုးရိမ်စရာ မရှိချေ။ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းက မည်သို့ပင် ထုတ်လုပ်နိုင်ပါစေ သူတို့သည်လည်း အလားတူ ထုတ်လုပ်နိုင်ပေသည်။ တရုတ်နိုင်ငံက လူတိုင်းနီးပါး Band-aid အကြောင်း သိထားကြပြီး ဆေးပလာစတာ အသစ်အနေဖြင့်သာ ရှိသေးကာ သုံးစွဲသူများ လွယ်လွယ်နှင့် လက်မခံလောက်သေးချေ။

ပမ့်မြို့တော် ဆေးဝါးသုတေသနလုပ်ငန်းသည် ၎င်း၏ ရေစိုခံပြီး လေဝင်လေထွက်ကောင်းသည့် ပလာစတာများ မိတ်ဆက်ပြီးနောက် Band-aid မှလည်း အမျိုးအစားတူ ထုတ်ကုန်များ ချက်ချင်း မိတ်ဆက်တော့သည်။ ကမ္ဘာပေါ်ရှိ ထိပ်တန်း ပလာစတာ ကုမ္ပဏီကြီးတစ်ခုအနေဖြင့် တရုတ်ဈေးကွက်ကို ဆုံးရှုံးမခံလိုချေ။

ထို့ပြင် Band-aid သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်လာခဲ့သည်မှာ (၃)နှစ်နီးပါး ရှိပေပြီ။ Band-aid အမှတ်တံဆိပ်သည် တရုတ်နိုင်ငံမှ လက်ခံထားပြီ ဖြစ်၍ တရုတ်နိုင်ငံတွင် နာမည်ကျော်ကြားမှုနှင့်အတူ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းကို နောက်ကောက်ချနိုင်မည်ဟု ယုံကြည်ထားလေသည်။

Band-aid သည် ရေစိုခံ၊ လေဝင်လေထွက်ကောင်းသည့် ပလာစတာများ မိတ်ဆက်လာကြောင်း ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်း၏ အထွေထွေမန်နေဂျာထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် ဆေးဆိုင် အများအပြားသို့ ပလာစတာများ ပေးပို့ထားသော်လည်း ရောင်းအား ကောင်းမွန်ခြင်း မရှိသေးချေ။

ဖုန်းယွီမှ သူ့ကို အေးအေးဆေးဆေး နေရန်သာ ပြောလိုက်သည်။ ရေစိုခံ၍ လေဝင်လေထွက်ကောင်းသည်မှာ အရည်အချင်းများအနက်မှ တစ်ခုသာ ဖြစ်သည်။ သူတို့ ပလာစတာများ၏ အမှန်တကယ် ရောင်းအားမှာ ကာတွန်းပုံများ ဖြစ်သည်။ Band-aid အနေဖြင့် တုပရန် ခက်ခဲပေသည်။

ဖုန်းယွီ သူ့မေးစေ့ကို ပွတ်နေပေသည်။ ပလာစတာများကို ဆေးဆိုင်များတွင်သာ ရောင်းချပါက ကလေးများသည် ၎င်းတို့ကို ဝယ်ယူမည် မဟုတ်ချေ။ မိဘများသည်လည်း ဆေးဆိုင်သို့ မကြာခန မသွားဖြစ်ကြချေ။ သူ့ပလာစတာများ ရောင်းချရန် အကောင်းဆုံး နေရာမှာ စတိုးဆိုင်ငယ်များတွင် ဖြစ်ပေတော့သည်။

ဖုန်းယွီ သူ့အတိတ်ဘဝ စတိုးဆိုင်ငယ်လေးများတွင် ပလာစတာများ ရောင်းချကြောင်း သတိရမိသည်။ ပလာစတာ များသည် ပတ်တီးများကဲ့သို့သာပင်။ စတိုးဆိုင်ငယ်များတွင် ရောင်းချခွင့်ပြုခဲ့ပြီး အချို့ဆိုင်များတွင် ပလာစတာ အရောင်းမြှင့်တင်ရေးများပင် လုပ်လုပ်တတ်ကြသေးသည်။

ထိုသို့ဆိုပါက ပမ့်မြို့တော်ဆေးဝါးသုနေသန လုပ်ငန်း၏ ပလာစတာများကို စတိုးဆိုင်လေးများတွင် မည်သည့်အတွက် မရောင်းနိုင်ရမည်နည်း။ ဤသို့သော ဗျူဟာအတွက် လီဟဟကို သုံးနိုင်ပေသည်။ စာသင်ကျောင်းများအနီးရှိ စတိုးဆိုင်လေးများတွင် ရောင်းချနိုင်ပြီး ကလေးများကို အလျှင်အမြန် ဖမ်းစားနိုင်ပေလိမ့်မည်။

ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်း၏ အထွေထွေ မန်နေဂျာအား ဤနည်းဗျူဟာကို ပြောလိုက်တော့သည်။ အထွေထွေ မန်နေဂျာ အလွန်တုန်လှုပ်သွားပေသည်။ ထိုဆိုငယ်ကလေးများသည် အိမ်သုံးပစ္စည်းနှင့် အစားအသောက်များကို ရောင်းချကြသည်။ ဤဆေးပစ္စည်းအား မည်သို့ ရောင်းနိုင်မည်နည်း။

အထွေထွေ မန်နေဂျာသည် ကျောင်းအနီးအနားရှိ စတိုးဆိုင်ငယ်များတွင် လီဟဟ အချိုရည်များ ရောင်းချနေသည်ကို တွေ့ခဲ့ရသည်။ သို့ရာတွင် လီဟဟသည် အချိုရည်ဖြစ်၍ မိမိတို့သည် ဆေးပလာစတာ များရောင်းချမည်ဖြစ်ကာ မည်ကဲ့သို့တူနိုင်မည်နည်း။

သို့တိုင်အောင် အထွေထွေ မန်နေဂျာသည် ဖုန်းယွီ၏ အံ့မခန်းဖွယ်ရာ ကျန်းမာရေး ဖြည့်စွက်စာများ ရောင်းချနည်းကို ပြန်တွေးမိသည့်အခါတွင် ယုံကြည်ရန်သာ ရွေးချယ်လိုက်တော့သည်။

ဖုန်းယွီမှာ အထွေထွေ မန်နေဂျာအတွက် အရောင်းနှင့် ဈေးကွက်ရှာဖွေရေး နတ်ဘုရားကဲ့သို့ပင်။ ဖုန်းယွီသည် ကုမ္ပဏီ၏ ဒါရိုက်တာများထဲမှ တစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကို ထိထိုက်စေရန် မည်သို့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် လက်ရှိတွင် နိုင်ငံပိုင် ဝန်ထမ်းဟောင်းများ ဖြစ်သော အရောင်းသမား များစွာရျိပေသည်။ အချို့မှာ စကားပြော ကောင်းပြီး ရလဒ်ကောင်းများပင် ရှိကြသေးသည်။ အချို့မှာ အရောင်းအဝယ်ကို စိတ်မရှည်စွာ နှုတ်ထွက်သွားကြသည်။ မြို့တော်အစိုးရသည် လူသစ်များ ထပ်မံခန့်ထားခဲ့ရသည်။

ကျန်သည့် ထုတ်ကုန်များ ရောင်းအားကောင်းပေသည်။ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်း၏ အထွေထွေ မန်နေဂျာသည် Band-aid မှာ အမှတ်တံဆိပ်တစ်ခုသာဖြစ်ကြောင်း လူများကို စည်းရုံးနိုင်မည်ဟု ယုံကြည်ထားပေသည်။

ဖုန်းယွီက လူများ၏ အတွေးအမြင်ကို ပြောင်းလဲလိုက်သည်နှင့် Band-aid ကုမ္ပဏီသည် ဈေးကွက်ကို လက်ဝါးကြီးအုပ် ထားနိုင်တော့မည် မဟုတ်ကြောင်း ဆိုလိုရာ ရောက်ပေသည်။ ကျော်တက်နိုင်ရန် အချိန်သာ လိုအပ်ပေသည်။ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် တရုတ်နိုင်ငံတွင် ထိပ်တန်း ဆေးဝါးကုမ္ပဏီ ဖြစ်လာမည်ဟု ဖုန်းယွီပြောစဉ်က မည်သူမှ မယုံကြည်ခဲ့ကြချေ။ ယခုမူ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်း၏ ရောင်းအားနှင့် အမြန်များသည် အဆင့်(၃၀)မှ ဒုတိယ အနေအထားသို့ပင် တက်လာခဲ့သည်။ ရှန်ဟိုင်း ဆေးဝါးသုတေသန လုပ်ငန်း၏ နောက်တွင် ပွတ်ကာသီကာ ရှိနေခြင်းပင်။ ယခုနှစ် ၎င်းတို့သည် ထိပ်တန်းနေရာကို ကျော်ဖြတ်တက်ရောက် သိမ်းပိုက်နိုင်လောက်ပေသည်။

ရှန်ဟိုင်း ဆေးဝါးသုတေသန လုပ်ငန်းသည်လည်း Band-aid ၏ အစုရှယ်ယာရှင်များထဲမှ တစ်ဦးဖြစ်ပေသည်။ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် Band-aid ကို အနိုင်ယူနိုင်ပါ ၎င်းတို့သည် တရုတ်နိုင်ငံ၏ နံပတ်(၁) ဖြစ်လာမည်မှာ မလွဲချေ။

ဖုန်းယွီ ဤပလာစတာများ၏ စုစုပေါင်း ရောင်းရငွေ ပမာဏသည် နှစ်စဉ် အခုရေ သန်း(၁၀၀)ကျော် ရှိနိုင်သည်ဟု ဆိုထားပေသည်။ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းသည် ဈေးကွက်ဈေစု(၃၀)ရာခိုင်နှုန်း သိမ်းပိုက်နိုင်ပြီး တစ်ခုလျှင် (၃၀)ဆင့် အမြတ်ရရှိပါက အမြတ်ငွေသည် ယွမ်(၁၀)သန်းနီးပါး ဖြစ်ပေလိမ့်မည်။

ဤ ယွမ်(၁၀)သန်းအတွက် Band-aid နှင့် သူသေကိုယ်သေ တိုက်ပွဲဝင်ရပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters