← Chapters

ဆေးပလာစတာ နည်းဗျူဟာ

Vol. 41 Ch. 603

ဆေးပလာစတာ နည်းဗျူဟာ

Vol. 41 Ch. 603

တပ်မတော်သို့ သီးသန့်ပေးသွင်းသည့် သဘောတူညီချက်ကို အမြတ်ဆုံး လက်မှတ်ရေးထိုးနိုင်ခဲ့ပေသည်။ ဗိုလ်ချုပ်ကြီး ကောင်းသည် ဆေးပစ္စည်းဝယ်ယူရေးတွင် ပြောစရာ အချို့ရှိနေပေသည်။ ထို့အပြင် ပမ့်မြို့တော် ဆေးဝါးသုတေသန အဖွဲ့၏ ဈေးနှုန်းများသည် Band-aid ထက် များစွာချိုသာနေပေသည်။

သို့တိုင်အောင် ဖုန်းယွီမှာမူ မကျေနပ်သေးချေ။ ဤအရာတစ်ခုတည်းဖြင့် Band-aid ကို အနိုင်ယူရန် မလုံလောက်သေးချေ။

သူ့ယခင်ဘဝတွင် Band-aid ကို အနိုင်မယူခင် ယန်နန်ပိုင်ယောင်သည် ၎င်းတို့၏ အနာကျက်ပလာစတာများ မိတ်ဆက်ပြီး (၅)နစ်ပင် ကြာခဲ့လေသည်။

ဆိုလိုသည်မှာ Band-aid သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ပြီးနောက် (၂)နှစ်အကြာတွင် အမှတ်တံဆိပ် နာမည် ကျော်လာပြီး ဈေးကွက်ဝေစုကို လာမည့်(၁၀)နှစ်တိုင် ထိန်းထားနိုင်ခဲ့ခြင်းပင်။

ဤကာလအတွင်း ဆေးပလာစတာ ကုမ္ပဏီအများအပြား ရှိခဲ့ပေသည်။ သို့ရာတွင် Band-aid နှင့် မည်သူမှ မယှဉ်ပြိုင်နိုင်ချေ။ အကယ်၍ အစိုးရအကူအညီကြောင့်သာ မဟုတ်ပါက ယန်နန်ပိုင်ယောင်သည်ပင် Band-aid ကို အနိုင်ယူနိုင်ရန် (၅)နှစ်ကျော် အချိန်ယူရပေလိမ့်မည်။

ယန်နန်ပိုင်ယောင်၏ ရောင်းအားအရ Band-aid ကိုယှဉ်ပြိုင်ရင်း ဈေးကွက်သုတေသနများ ပြုလုပ်ခဲ့သည်။ Band-aid သည် နံပတ်(၁)ပလာစတာ အမှတ်တံဆိပ် ဖြစ်နေဆဲပင်။ ယန်နန်ပိုင်ယောင်မှာ ဒုတိယသာ ဖြစ်ပေသည်။

ဖုန်းယွီ၏ ယခင်ဘဝတွင် Band-aid သည် ဈေးကွက်ကို (၁၀)နှစ်ကျော် လက်ဝါးကြီး အုပ်ထားသောကြောင့် အခြားကုမ္ပဏီများ ကျော်တက်ရန် အလွန်ခက်ခဲပေသည်။

ဖုန်းယွီသည် ယန်နန်ပိုင်ယောင်ကို အပြည့်အဝ လေးစားပေသည်။ အရောင်း စာရင်းအရ ၎င်းတို့သည် Band-aid ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပေသည်။

ဖုန်းယွီသည် (၅)နှစ် အချိန်စောင့်ရလောက်အောင် စိတ်မရှည်ချေ။ သူ့လျာထားချက်မှာ (၂)နှစ်သာ ဖြစ်သည်။ (၂)နှစ် အတွင်း အရောင်းပမာဏ အမြတ်အစွန်း၊ အမှတ်တံဆိပ်နှင့် ကျန်နယ်ပယ်များတွင် Band-aid တစ် တစ်လှမ်းချင်း ကျော်ဖြတ်ရပေလိမ့်မည်။

ဤသည်က Johnson and Johnson ထိန်းချုပ်ထားမှုမှ အကျိုးသက်ရောက်ခြင်းပင်။

ဖုန်းယွီ၏ အတိတ်ဘဝတွင် ဤဘဝသို့ မရောက်မီ ထိပ်တန်း ဆေးဝါးကုမ္ပဏီတို့ကို အဓိကအားဖြင့် နိုင်ငံခြား ကုမ္ပဏီများ သို့တည်းမဟုတ် နိုင်ငံတကာ ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ကြသည်။ အမှတ်တကယ်တွင် တရုတ်ဆေးကုမ္ပဏီများသည် သူတို့ နောက်တွင်သာ ရှိနေပေသည်။

ဆေးဝါးလုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံတွင် လုပ်ငန်းများ ချုပ်ကိုင်ထားသည့် နိုင်ငံခြားကုမ္ပဏီများကို တွေ့ရသည်မှာ အလွန်ဝမ်းနည်းစရာပင်။

ဖုန်းယွီ ဤဘဝ၌ ထပ်မကြုံချင်တော့ချေ။ တရုတ်နိုင်ငံတွင် ထူးချွန်သော သုတေသီများ ရှိသော်လည်း ၎င်းတို့၏ သူတေသနအတွက် ပံ့ပိုးကူညီသူ မလုံလောက်ချေ။ သူတို့၏ တွေ့ရှိချက်များကို တိုးမြှင့်နိုင်ရန် ရန်ပုံငွေ လုံလောက်မှု မရှိချေ။ ကမ္ဘာပေါ်ရှိ ထိပ်တန်း ဆေးအများအပြားကို တရုတ်နိုင်ငံ သိပ္ပပညာရှင်များ အဖွဲ့နှင့် တရုတ်သိပ္ပံပညာရှင် များနှင့်အတူ သုတေသနအဖွဲ့များ တီထွင်ခဲ့ခြင်းဖြစ်သည်။

သုတေသနကို အများအားဖြင့် ပရော်ဖက်ဆာတစ်ယောက်မှ ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့မှ ပြုလုပ်ကြပြီး ကျောင်းသားများ ကူညီကြပေသည်။ သုတေသန ကျောင်းသားများသည် အလုပ်အများစုကို ကူညီနိုင်သော်လည်း နောက်ဆုံးတွင် မည်သူ အကြွေးအများဆုံး တင်မည်နည်း။

ပရော်ဖက်ဆာသာ ဖြစ်ပေတော့သည်။

အဘယ့်ကြောင့်ဆိုသော လူအများစုသည် ပရော်ဖက်ဆာ၏ ဦးဆောင်မှုဖြင့် အဖွဲ့တွင် တွေ့ချက်ချက်များနှင့် ရလဒ်များ ရှိသည်ဟု ထင်မြင်ကြသောကြောင့်ပင်။ သို့ရာတွင် ဤသည်က အမှန်တရား မဟုတ်ချေ။

ယခုအခါ ဖုန်းယွီသည် သုတေသီများစွာကို ပံ့ပိုးကူညီနေပေပြီ။ တော်တော်များများမှလည်း တတ်နိုင်သရွေ့ ထိရောက်သည့် ဆေးဝါးများ တီထွင်နိုင်ခဲ့ကြသည်။ ဤသည်ကိုပင် သူတို့ထံမှ ဖုန်းယွီလိုချင်နေခြင်းပင်။ အပြန်အလှန် အားဖြင့် ဖုန်းယွီ သူတို့အား ငွေကြေးနှင့် နာမည်ကောင်း ပြန်ပေးမည်ဖြစ်သည်။

ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုးကူညီခဲ့သဖြင့် ဂုဏ်ယူသင့်ပေသည်။ ဤသည်က ကုန်သွယ်မှု တစ်ခုသာပင်။ ဖုန်းယွီသည် သူတို့ကို သီးစားချ၍ သုတေသန အသီးအနှံများကို ပြန်လည် ရိပ်သိမ်းပေသည်။ သုတေသီများသည် စီမကိန်းများ ပိုမိုလုပ်ဆောင်ရန်အတွက် ကျော်ကြားမှုနှင့် ရန်ပုံငွေများ ရရှိပေလိမ့်မည်။

ဥပမာအားဖြင့် ဖုန်းယွီ၏ မှတ်ဉာဏ်အတွင်းမှ ယန်နန်ပိုင်ယောင် ဖော်စပ်နည်းပင်။ ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းမှ သုတေသီများသည် ဖော်စပ်ပုံ တိကျမှုမရှိကြောင်း၊ ဤသည်က ယန်နန်ပိုင်ယောင်ကဲ့သို့ ထိရောက်မှု မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ သို့ရာတွင် ပမ့်မြို့တော် ဆေးဝါးသုတေသန လုပ်ငန်းမှ သုတေသီများ၊ ပေကျင်းတက္ကသိုလ်မှ၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များနှင့် အခြားသော အဖွဲ့အစည်းများမှ ပါမောက္ခများ ဖော်စပ်နည်းကို သုတေသနပြု ပြင်ဆင်ရန် အတူတကွ ပူးပေါင်းလိုက်သောအခါ ယန်နန်ပိုင်ယောင်ထက်ပင် ပိုသွားတော့သည်။

ဤလူများသည် နဂိုကထက် ပိုကောင်းသည့် ဆေးဝါးများကိုပင် တီထွင်နိုင်ခဲ့ကာ ယန်နန်ပိုင်ယောင်ထက် ပင် စောလျှင်စွာ မှုတ်ဆေးတီထွင်နိုင်ချေ မြင့်မားပေသည်။

ထို့အတွက် အဓိကအကြောင်းအရင်းတစ်ခုမှာ ဖုန်းယွီသာပင်ဖြစ်သည်။ သူသည် ပမ့်မြို့တော် ဆေးဝါး သုတေသနလုပ်ငန်း၏ သုတေသန အသုံးစိရိတ် တိုးမြှင့်ရန် ပြောခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့၏ ထိပ်တန်း စီမံခန့်ခွဲရေးသို့ ရှင်းလင်း ပြောဆိုခဲ့သည်။ ကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်သည့် ဆေးဝါးများသည် အရည်အသွေး ကောင်းမွန်ပြီး ထိရောက်မှုရျိသဖြင့် ယမန်နှစ်က အမြတ်အစွန်း များစွာ ရရှိခဲ့သည်။ အမြတ်အစွန်း ပိုမိုရရှိရန် ကုမ္ပဏီတွင် သီးသန့်ဆေးဝါး ထုတ်ကုန်တစ်ခု ရှိရမည် ဖြစ်သည်။

ဥပမာအားဖြင့် ကမ္ဘာပေါ်ရှိ ထိပ်တန်း ဆေးဝါးကုမ္ပဏီများသည် အနည်းဆုံး ဆေးဝါးအမျိုးအစား တစ်ခု မူပိုင်ခွင့် ပိုင်ဆိုင်ထားသောကြောင့် အောင်မြင်လာကြသည်။ ၎င်းတို့အထဲမှာ မည်သည့် ကုမ္ပဏီမှ တန်ဘိုးနည်း ဆေးဝါးများကို မှီခိုအားထားခြင်းမရှိဘဲ လက်ရှိအဆင့်အတန်းသို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

Band-aid ကိုကြည့်ရပေမည်။ ဤဆေးပလာစတာ တံဆိပ်သည် အဘယ့်ကြောင့် ကမ္ဘာ့ရောင်းအား အကောင်းဆုံးဖြစ်ကာ အမြတ်အစွန်း အများဆုံး ရနေသနည်း။ ဆေးပလာစတာများ တီထွင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် ရှေးအကျဆုံး အမှတ်တံဆိပ်ဖြစ်ပြီး လူအများက ပလာစတာများကို စဉ်းစားလာသည့်အခါ Band-aid သည် စိတ်ထဲ၌ ပထမဆုံး ပေါ်လာသည့် အမှတ်တံဆိပ် ဖြစ်တော့သည်။ အမှန်တကယ်တွင် Band-aid သုံးစွဲသူများအတွက် ဆေးပလာစတာဟူသည့် စကားလုံးအား အစားထိုးခဲ့လေသည်။

ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့သည် Band-aid ကို အနိုင်ယူလိုပါက ရေစိုခံပြီး လေဝင်လေထွက် ကောင်းယုံဖြင့် မလုံလောက်ချေ။ ထိုအချက်များမှာ အသေးစား အမှတ်တံဆိပ်ငယ်များကိုသာ အနိုင်ယူရန် လုံလောက်ပေသည်။

ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့မှ ရေစိုခံကာ လေဝင်လေထွက်ကောင်းသည့် ပလာစတာများ မိတ်ဆက်ပြီး မကြာမှီ Band-aid သည်လည်း အလားတူ ပလာစတာများ မိတ်ဆက်ပေးခဲ့သည်။ Band-aid သည် ဤထုတ်ကုန်ကို တစ်ချိန်လုံး အသင့်ရှိနေခဲ့ပြီး နိုင်ငံရပ်ခြားတွင် အောင်မြင်ထားပြီးဖြစ်သည်။ ၎င်းတို့သည် ဤထုတ်ကုန်ကို တရုတ်တွင် မိတ်ဆက်ခြင်း မရှိသေးသည်မှာ မလိုအပ်သေးဟု ယူဆသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ထုတ်ကုန်ဟောင်းများဖြင့် တရုတ်ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားပြီး မဟုတ်ပေလော။

Band-aid သည် ဆိုနီနှင့် အခြားသော လျှပ်စစ်ကုမ္ပဏီကြီးကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့သည် ထုတ်ကုန်အသစ်ကို မိတ်ဆက်သည့်အခါ ၎င်းတို့၏ နည်းပညာများ မလုလောက်ခြင်းကြောင့် မဟုတ်ချေ။ သူတို့၏ နည်းပညာသည် စက်မှုလုပ်ငန်းတွင် အကောင်းဆုံးဖြစ်ကြောင်း ပြသရန်သာ မိတ်ဆက်ထားခြင်းဖြစ်သည်။ ၎င်းတို့နည်းပညာသည် ပြိုင်ဖက်ထက် သာလွန်နေပါက ၎င်းတို့သည် နောက်ဆုံးပေါ် နည်းပညာများ ဖော်ထုတ်ပြသမည် မဟုတ်ချေ။

နိုင်ငံပေါင်းစုံ အဖွဲ့အများစုသည် ၎င်းတို့၏ လုပ်ငန်းနယ်ပယ်တွင် သူတို့၏ ဦးဆောင်မှုများကို ထိန်းသိမ်းထားပြီး အမှတ်တံဆိပ်၏ အရှိန်အဝါနှင့် တန်ဖိုးကို မြှင့်တင်ပေးသည့် နည်းပညာသစ်ကို တစ်ချိန်ချိန်တွင် မိတ်ဆက်ပေးမည် ဖြစ်သည်။

လက်ရှိ ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့သည် Band-aid နှင့် မတူသော ကာတွန်း ပလာစတာများသာ ရှိပေသည်။ ဤထုတ်ုန်သည် ယခုအချိန်တွင် သူတို့အတွက် အာရုံစိုက်ထားရပေလိမ့်မည်။ ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့သည် အနောက်အရပ်သို့ ခရီးသွားခြင်းမှ ကာတွန်းဒီဇိုင်းများသာ မကဘဲ ကာတွန်းဇာတ်လမ်းတွဲများနှင့် ဒီဇိုင်းများစွာ မှာယူထားခဲ့သည်။

ထိုကာတွန်း ဇာတ်လမ်းတွဲများ၏ မူပိုင်ခွင့်များမှာ ဈေးပေါပေသည်။ မူပိုင်ခွင့်များ မရပါက ၎င်းတို့သည်၏ ကိုယ်ပိုင် ဝတ္ထု သို့တည်းမဟုတ် ကိုယ်ပိုင် ဇာတ်ကောင်များ ပါဝင်ပြီး တရုတ် ယဉ်ကျေးမှုကို ထင်ဟပ်စေပေသည်။

ဤသည်တို့မှာ လှည့်ကွက် အနည်းငယ်သာဖြစ်ပြီး Band-aid ကို အနိုင်ယူရန် မလုံလောက်သေးချေ။ အနိုင်ရရန် တစ်ခုတည်းသော နည်းလမ်းမှာ ဒဏ်ရာ အနာကျက်မြတ်စေမည့် ပလာစတာတစ်ခု တီထွင်ရန်ဖြစ်ပြီး ယင်သည် ယခင်ဘဝက ယူနန်ပိုင်ယောင်၏ Band-aid ကို ကျော်ဖြတ်ခဲ့သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။

သို့ရာတွင် ဤထုတ်ကုန်သည် တစ်ရက်၊ နှစ်ရက်အတွင်း တီထွင်နိုင်မည် မဟုတ်ချေ။ ဖုန်းယွီသည် စောင့်ရန် တတ်နိုင်သော်လည်း တစ်နှစ်သာ စောင့်ချင်စိတ် ရှိပေသည်။ သူသည် ၎င်းထုတ်ကုန်ကို တီထွင်ရန်အတွက် သုတေသီတို့ကို (၁)နှစ် နောက်ဆုံး သတ်မှတ်ခဲ့ပေသည်။

ယခုနှစ်အတွင်း ဖုန်းယွီသည် တရုတ်နိုင်ငံ၏ အားကစား အထွေထွေအုပ်ချုပ်ရေးနှင့် စစ်တပ်အတွက် သီးသန့် ပလာစတာများ ပေးဆောင်ရန် သူ့အဆက်အသွယ်များ သုံးခဲ့ပေသည်။ မီဒီယာလမ်းကြောင်းပေါ်ရှိ ကြော်ငြာတို့မှာ ဈေးကွက်ရှာဖွေရေး ဗျူဟာများသာ ဖြစ်ပေသည်။ Band-aid သည်လည်း ထပ်တူလုပ်နိုင်ပေသည်။

သို့ရာတွင် ထိုဈေးကွက် ရှာဖွေရေးဗျူဟာများ အားလုံးကြောင့် ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့သည် သူတို့၏ ပလာစတာမှ အမြတ်အစွန်း တစ်စုံတစ်ရာ မရခဲ့ချေ။ ကုမ္ပဏီသည် ဈေးကွက်ရှာဖွေရေး ကုန်ကျစရိတ် များစွာ သုံးစွဲခဲ့ပြီး ပလာစတာများကို ဈေးပေါစွာ ရောင်းချခဲ့သည်။

အရောင်းပမာဏနှင့် ဝင်ငွေရရှိရန်ဖြစ်သော်လည်း ဖုန်းယွီ၏ အကြီးမားဆုံး ဆုံးရိမ်မှုမှာ အမြတ်အစွန်းနှင့် အမှတ်တံဆိပ် ဆုံးရှုံးရခြင်းဖြစ်ပေသည်။

ယခု ၎င်းသည် ဈေးကွက်ဝေစုကို ထိန်းချုပ်ရန်နှင့် အမှတ်တံဆိပ် အသိအပြင်တိုးရန်သာ ဖြစ်သည်။ စစ်မှန်သည့် တိုက်ပွဲသည် ဆေးပလာစတာများ တစ်ခေတ်ထသည်အထိ စောင့်ရပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters