← Chapters

ချွမ်ကျွီသဲနှင့် ပူးပေါင်းခြင်း (၁)

Vol. 41 Ch. 604

ချွမ်ကျွီသဲနှင့် ပူးပေါင်းခြင်း (၁)

Vol. 41 Ch. 604

Band-aid သည် ၎င်းတို့၏ ဈေးကွက်ဝေစု ကျဆင်းလာသည်ကို သတိပြုမိလေသည်။ ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့သည် ၎င်းတို့၏ ဈေးကွက် ရှာဖွေရေး ကြိုးပမ်းမှု ပြင်းထန်ပေသည်။ နေရာတိုင်းတွင် ကြော်ငြာရုံသာမက ၎င်းတို့၏ အမှတ်တံဆိပ် ပျက်စီးစေရန်လည်း ကြိုးစားနေပေသည်။ Band-aid ၏ယူဆချက်မှာ ယခုနှစ်များအတွင်း ထုတ်လုပ်ခဲ့သည့် ပလာစတာများကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်သကဲ့သို့ပင်။

သို့ရာတွင် Band-aid အတွက် ကံကောင်းသည်မှာ သူတို့၏ အမှတ်တံဆိပ် လွှမ်းမိုးမှုကို သုံးစွဲသူများ၏ စိတ်အတွင်းမှ အလွယ်တကူ မဖယ်ရှာနိုင်ခဲ့ခြင်းပင်။ ၎င်းတို့၏ ပလာစတာများသည် သုံးစွဲသူများ၏ ပထမ ရွေးချယ်မှု ဖြစ်နေဆဲဖြစ်ကြောင်း သေချာစေရေးအတွက် ဈေးကွက်သုတေသန ပြုလုပ်ရန်ပင် မလိုအပ်ခဲ့ချေ။

သို့ရာတွင် သူတို့ ကြိုးစားထားသည့် ကျေးရွာဈေးကွက်များကို ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့က လျှို့ဝှက်စွာ လွှဲပြောင်းယူခဲ့ကြောင်း ရိပ်ဖမ်းသံဖမ်းသာ သိထားကြပေသည်။ ဤဈေးကွက်နေရာ ထိန်းချုပ်ခြင်း အခွင့်အရေးကောင်း ဆုံးရှုံးခဲ့ကြရသည်။

Band-aid ၏ စီမံခန့်ခွဲမှုသည် ဟာသ တစ်ခုဟုသာ ထင်မြင်ခဲ့သည့် လမ်းဘေး အရောင်းမြှင့်တင်ရေး များမှ သူတို့၏ ရောင်းအား ကျဆင်းစေခဲ့ပေသည်။ သို့ရာတွင် Band-aid စီမံခန့်ခွဲရေး အဖွဲ့သည် ပမ့်မြို့တော် ဆေးဝါးသုတေသန အဖွဲ့သည် ဤအရောင်းမြှင့်တင်ရေးများ ထားဝစဉ် လုပ်ဆောင်နိုင်သည့်တိုင် ၎င်းတို့အတွက် မည်သည့်အခါမှ ခြိမ်းခြောက်မှု ဖြစ်လာမည် မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်ထားကြပေသည်။

ဤကာလအတွင်း ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးသုတေသနအဖွဲ့အတွက် ဈေးကွက်ရှာဖွေရေး လှုပ်ရှားမှု အသစ်များ မစီစဉ်ခဲ့ချေ။ လက်ရှိ နည်းဗျူဟာသည် သူအကောင်းဆုံး လုပ်နိုင်ခြင်းပင်။ ဖုန်းယွီသည် ယခု ပေကျင်းမြို့၌ ပေကျင်း အစိုးရခေါင်းဆောင်များနှင့် ချွမ်ကျွီသဲနှင့် လက်တွဲဆောင်ရွက်နိုင်ရေး ပြောနေပေသည်။

ဖူမိသားစုသည် အလွန်ထိရောက်ပေသည်။ အချိန်တိုအတွင်း၌ပင် စင်္ကာပူ၊ မလေးရှား၊ မကာအို၊ ဟောင်ကောင်၊ နယူယောက်၊ စီချွမ်၊ ဟန်ကျိုး၊ ကျင်းလင် စသည့် နိုင်ငံများနှင့် မြို့ကြီးများရှိ နာမည်ကြီး စားသောက်ဆိုင်များ ဝယ်ယူနိုင်ခဲ့ကြပေသည်။

သူတို့ ဝယ်ထားသည့် စားသောက်ဆိုင်များမှာ နာမည်ကောင်းများရှိပြီး တစ်ဆိုင်ချင်းစီတွင် ကိုယ်ပိုင် အထူးပြု အစားအသောက်များ ရှိပေသည်။ ၎င်းတို့သည် နေရာကောင်းများတွင် တည်ဆောက်ထားကြခြင်းပင်။

သို့ရာတွင် ပြဿနာတစ်ခု ရှိနေပေသည်။ ထိုစားသောက်ဆိုင်များ ပေါင်းစည်းကာ ကုမ္ပဏီတစ်ခု တည်ထောင်ပြီးနောက် ကုမ္ပဏီသည် ချွမ်ကျီသဲထက် များစွာ တန်ဘိုးကြီးမာနေပေသည်။

အကယ်၍ ၎င်းတို့သည် မိတ်ဖွဲ့ပါက ချွမ်ကျွီသဲသည် အစုရှယ်ယာရှင်ငယ် ဖြစ်သွားလိမ့်မည်။ ဖုန်းယွီသည် ဤပူးပေါင်း ဆောင်ရွက်မှုကို စားသေက်ဆိုင် ကွင်းဆက်တစ်ခု ဖန်တီးရန်နှင့် အမြတ်အစွန်းများ ချဲ့ထွင်ရန်အတွက် ချွမ်ကျွီသဲ အမှတ်တံဆိပ်နှင့် ဘဲကင်များကို အသုံးပြုစေလိုသည်။

သို့ရာတွင် ဖုန်းယွီသည် ကုမ္ပဏီ၏ ချုပ်ကိုင်ထားသော ရှယ်ယာများကို မည်သည့်အခါတွင်မှ စွန့်လွှတ်လိမ့်မည် မဟုတ်ချေ။

ပေကျင်းမြို့တော် အစိုးရသည် ချွမ်ကျွီသဲကို အစုရှယ်ယာ တစ်ခုအဖြစ် ခွင့်ပြုခဲ့ပြီး လူတစ်ယောက်ချင်း ရင်းနှီးမြုပ်နှံခွင့် ပြုခဲ့ပေသည်။ ထိုပုဂ္ဂိုလ်များသည် ဟောင်ကောင်မှ ရန်ပုံငွေများပင် ပါဝင်နေသေးသည်။ သို့ရာတွင် ၎င်းသည်မှာ အစိုးရက ရှယ်ယာ အများစု ကိုင်ထားဆဲဖြစ်ပြီး ကုမ္ပဏီကို အပြည့်အဝ ထိန်းချုပ်နိုင်သည့် အခြေအနေ ဖြစ်နေပေသည်။ သူတို့သည် ချွမ်ကျွီသဲအား အခြားသူများမှ ထိန်းချုပ်သွားရန် မလိုလားချေ။

အစိုးရက အစုရှယ်ယာ အများစု ကိုင်ထားသော်လည်း အခြားအစုရှယ်ယာရှင်များသည် သူတို့ ရှယ်ယာများ ပေါင်းစပ်လိုက်ပါက ကုမ္ပဏီကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ချွမ်ကျွီသဲကို အပြည့်အဝ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

“မြို့တော်ဝန် လျို.. စည်းမျဉ်းစည်းကမ်းတွေကို ကျုပ်တို့ သဘောူတလို့ စာချုပ်လက်မှတ် ရေးထိုးထားတာလေ.. ကျုပ်တို့ စားသောက်ဆိုင်အားလုံးရဲ့ တန်ဘိုးက ချွမ်ကျွီသဲထက် မြင့်နေရင် ၎င်းသဘောတူချက်က အပြီးသတ်ပဲလို့ ထည့်မထားဘူး.. ဒါ ခင်ဗျားတို့ အားလုံး လိုချင်နေတဲ့အပြင် ချွမ်ကျွီသဲအမှတ်တံဆိပ် ပိုကောင်းဖို့အတွက် ကျုပ်တို့ရဲ့ ကျွမ်းကျင်မှုတွေ တိုးမြှင့်ပြီး အကောင်းဆုံး ကြိုးစားခဲ့ရတာ.. ကျုပ်တို့ဘက်က လုပ်ခဲ့ပြီးပြီ.. အခုမှ ကျုပ်တို့ကို အပြစ်တင်နေတာလာ.. ဒါတော့ အဓိပ္ပါယ်မရှိတော့ဘူးလေ..”

ဖုန်းယွီ ဒေါသထွက်နေပေသည်။

ဖူမိသားစုသည် အစပိုင်း၌ တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များကို ဝယ်ယူရန် မရည်ရွယ်ခဲ့ချေ။ ဖုန်းယွီက အကြံပြုခဲ့သူ ဖြစ်ပေသည်။ ဖုန်းယွီသည် ၎င်းတို့၏ စားသောက်ဆိုင် လုပ်ငန်း၏ တန်ဘိုးကို ချွမ်ကျွီသဲထက် များစွာ မြင့်မာစေချင်နေသည်။

ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် စာရွက်ပေါ်တွင် ၎င်းတို့ စားသောက်ဆိုင်များ၏ စုစုပေါင်းတန်ဘိုးသည် ချွမ်ကျွီသဲထက် များစွာမြင့်မားကြောင့် နှစ်ဦးစလုံး သိထားခဲ့ပေသည်။ သို့ရာတွင် ချွမ်ကျွီသဲ၏ အမှတ်တံဆိပ် တာဖိုးပါဝင်ပါက သူတို့ဘက်မှ ပိုမို မြင့်မားနေပေလိမ့်မည်။

သို့ရာတွင် ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် ဤအကြောင်းကို ပေကျင်းမြို့တော် အစိုးရအား အသိပေးမည် မဟုတ်ချေ။ ထို ဒု-မြို့တော်ဝန်လျိုသည် ကျန်းလွေ့ချန်း မဟုတ်ချေ။ ဖုန်းယွီသည် ထိုသူအပေါ် အသာစီးရမည့် အခွင့်အရေးကို လက်လွှတ်မခံလိုချေ။

“အဲ့ဒါ ငါတို့ သဘောတူချက်ထဲမှာ ပါပါတယ်.. ဒါပေမယ့် မင်းရဲ့ စားသောက်ဆိုင်တွေရဲ့ တန်ဖိုးက ငါတို့ထက် အများကြီး မြင့်မနေသင့်ဘူး.. တကယ်လို့ ငါတို့က အစုရှယ်ယာတွေ ထပ်လိုချင်သေးရင် နောက်ထပ် ယွမ် သန်း(၁၀၀)လောက် ရင်းနှီးမြုပ်နှံရအုံးမှာလား.. ငါတို့မှာ ပိုက်ဆံရှိရင် မင်းကို ဘာလို့ လိုနေအုံးမှာလဲ.. ငါတို့ကိုယ်တိုင်လဲ ချဲ့ထွင်နိုင်တယ်လေ..”

ဒု-မြို့တော်ဝန်လျို မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

စားသောက်ကုန်နှင့် ဖျော်ယမကာ ကုမ္ပဏီ (၂)ခုသည် ယခင်က ချွမ်ကျွီသဲထံ ချဉ်းကပ်ခဲ့သေးသည်။ ၎င်းတို့ထဲမှာ တစ်ခုမှာ စီချွမ်ကုမ္ပဏီဖြစ်ပြီး အစုရှယ်ယာ အများစုကို နိုင်ငံတော်က ပိုင်ဆိုင်သည့် အစုရှယ်ယာ ကုမ္ပဏီ တစ်ခု ဖြစ်သည်။ အခြား ကုမ္ပဏီတစ်ခုမှာ ပုဂ္ဂလိကပိုင် အစုရှယ်ယာ ကုမ္ပဏီ တစ်ခု ဖြစ်သည်။

ထို ကုမ္ပဏီ (၂)ခုသည်လည်း အရှိန်အဝါ ကြီးပေသည်။ သို့ရာတွင် ဖုန်းယွီ၊ ဖူမိသာစုတို့နှင့် နှိုင်းယှဉ်ပါက သေးငယ်နေဆဲပင်။ ကုမ္ပဏီ (၂)ခုပေါင်းထားလျှင်ပင် စုစုပေါင်းတန်ဘိုး မှယှဉ်နိုင်သေးချေ။ ဖူမိသားစုမှ ဝယ်ယူထားသည့် စားသောက်ဆိုင်များသည် တရုတ်နိုင်ငံ၏ စားသောက်ဆိုင်အားလုံးထက် များစွာ တန်ဖိုးမြင့်မား ပေသည်။ ထို့အပြင် စားသောက်ဆိုင်များကို အမြန်ဝယ်ယူရန် ဖုန်းယွီ၏ ညွှန်ကြားချက်ကြောင့် ဖူမိသားစုသည် ထိုစားသောက်ဆိုင်များအတွက် အာမခံ ဈေးနှုန်းများ ပေးချေခဲ့ရပေသည်။

ဖုန်းယွီ ဤသည်ကို မျှော်လင့်ထားခြင်းပင်။ အကယ်၍ သူသည် ချွမ်ကျွီသဲ၏ အဓိကရှယ်ယာရှင် ဖြစ်ပြီး တစ်စုံတစ်ဦးသည် ထိန်းချုပ်ရှယ်ယာများ ဝယ်ယူလိုပါက သဘောတူမည်မဟုတ်ချေ။

ဖုန်းယွီသည် ဖူကွမ်းကျန့်နှင့် ပေကျင်းမြို့တော် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကို သဘောတူရန် မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးခဲ့ပေသည်။ ၎င်းတို့၏ ဖြေရှင်းချက်မှာ အတိုင်းအတာ တစ်ခုထိ ချဲ့ထွင်ရန်နှင့် အစုရှယ်ယာ အရေအတွက် တိုးမြှင့်ရန် ဖြစ်သည်။ ထို့အပြင် မြို့တော် အစိုးရကို ထောက်ခံကြောင်း ပြသကာ ဥက္ကဋ္ဌ ရာထူး ပေးအပ်ခဲ့သည်။

ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် စားသောက်ကုန်နှင့် ဖျော်ယမကာ ကုမ္ပဏီများကို စီမံခန့်ခွဲရာ၌ အတွေ့အကြုံမရှိကြချေ။ ငွေရှာချင်သူများသာပင်။ ထို့ကြောင့် ရင်းနှီးမြုပ်နှံသူများအနေဖြင့် အစုရှယ်ယာရှင်များ၏ အစည်းအဝေးများကိုသာ တက်ရောက်ပြီး အမြတ်ငွေ ရနေရန်သာ လိုအပ်ပေသည်။

ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် သူတို့၏ ရှယ်ယာရှင်များ အခွင့်အရေးအားလုံး စွန့်ပစ်လောက်သည်အထိ မမိုက်မဲကြချေ။ မြို့တော်အစိုးရက ကုမ္ပဏီကို ဦးဆောင်ရန် လူမိုက်တစ်ယောက် စေလွှတ်ပါက ဗိုတိုအာဏာ သုံးပိုင်ခွင့် ရှိရပေလိမ့်မည်။

“မြို့တော်ဝန်လျို .. ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မယ် ထင်ပါတယ်.. ကျုပ်တို့ ချွမ်ကျွီသဲဆီလာတုန်းက တခြားကုမ္ပဏီ (၂)ခု လဲ ရင်းနှီးမြုပ်နှံမဖို့ စိတ်ဝင်စားတယ်လို့ ကြားထားတယ်.. အဲ့ မိတ်ဖက်တွေကိုရော ဘာလို့ ဆွဲမခေါ်ရတာတုန်း..”

“သူတို့ကိုလဲ ရင်းနှီးမြုပ်နှံခွင့် ပေးရမှာလား.. ငါတို့မှာ စားသောက်ဆိုင် (၂၀)နီးပါးရှိပြီး သူတို့ကို ခွင့်ပြုလိုက်ရင် (၄)နီးပါး ဖြစ်သွားမယ်.. အရမ်းကြီးလွန်းမသွားဘူးလား..”

ဒု-မြို့တော်ဝန်လျိုသည် စီမံခန့်ခွဲရန် လွယ်ကူမည် မဟုတ်သည့်အတွက် သူတို့တွင် ဘဲကင် စားဖိုမှူးများ အလုံအလောက် မရှိမည်ကို စိုးရိမ်နေပေသည်။ ဤကိစ္စ မအောင်မြင်ပါက ချွမ်ကျွီသဲအတွက် ဘေးအန္တရာယ် တစ်ခု ဖြစ်သွားပေလိမ့်မည်။

“မြို့တော်ဝန်လျို.. ကျုပ်တို့က ချွမ်ကျွီသဲ အမှတ်တံဆိပ်ရဲ့ ဂုဏ်ရှိန်ကို မြှင့်တင်ဖို့ မိတ်ဖက် အဖွဲ့တစ်ခု ဖွဲ့ရုံပဲလေ.. ဒီလုပ်ငန်းအစခင်မှာ ပါဝင်တဲ့ စားသောက်ဆိုင်တွေ အားလုံးကလဲ အမြတ်အစွန်းရနေတာပဲ.. လက်တွဲပြီးမှတော့ ချွမ်ကျွီသဲနဲ့ ပေကျင်းမြို့တော် အစိုးရ ဆုံးရှုံးမှာ မဟုတ်ပါဘူး.. ပြီးတော့ ဒီပူးပေါင်းအဖွဲ့ ဖွဲ့စည်းပြီးတော့ ကျုပ်တို့ နှစ်ဦးနှစ်ယောက်စလုံး ပေကျင်းမြို့တော် အစိုးရ ဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရဖို့ ပံ့ပိုးပေအုံးမှာပဲ..”

ဖူကွမ်းကျန့်သည်လည်း ဖုန်းယွီနှင့် တစ်သဘောတည်းဖြစ်ကြောင်း အမူအရာ ပြလိုက်သည်။

မြို့တော်ဝန် လျိုသည် တိတ်ဆိတ်နေပေသည်။ မြို့တော်အစိုးရက ဥက္ကဋ္ဌဖြစ်နိုင်လျှင် ကုမ္ပဏီ၏ မဟာဗျူဟာနှင့် လမ်းညွှန်ချက်များကို ချုပ်ကိုင်ထားနိုင်ပေလိမ့်မည်။ ထို့ပြင် ဤပူးပေါင်းမှု ပြီးစီးပါက ချွမ်ကျွီသဲသည် တရုတ်နိုင်ငံ၏ အကြီးဆုံး စားသောက်ဆိုင်ခွဲများ ဖြစ်လာမည်ဖြစ်ပြီး ရုံးချုပ်သည် ပေကျင်းတွင် ရှိနေပေလိမ့်မည်။ နှစ်စဉ် အခွန်ရငွေသည် ကြီးမာသည့် ပမာဏကြီး တစ်ခု ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် မြို့တော်ဝန်လျှို စိုးရိမ်နေပေသည်။ ပေကျင်းမြို့တော် အစိုးရသည် အစုရှယ်ယာ အနည်းငယ်သာ ပိုင်ဆိုင်မည်ဖြစ်သည်။ ဖုန်းယွီသ်ည စားသောက်ဆိုင် မန်နေဂျာများနှင့် ချွမ်ကျွီသဲ၏ ထိပ်တန်း စီမံခန့်ခွဲသူများကို ဆုကြေးအဖြစ် ရှယ်ယာအနည်းငယ် ပေးကမ်းရန် အကြံပြုထားပေသည်။ ဤသည်မှာ ခက်ခဲလွန်းသည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေသည်။

“မြို့တော်ဝန်လျို .. ဒီပူးပေါင်းဆောင်ရွက်မှုပြီးသွားရင် ချွမ်းကျွီသဲ ကုမ္ပဏီရဲ့ တန်ဖိုးက တရုတ်နိုင်ငံမှာပဲ အမြင့်ဆုံး ဖြစ်မှာမဟုတ်ဘူး.. အာရှမှာ အမြင့်ဆုံး ဖြစ်လိမ့်မယ်.. ခင်ဗျားက အာရှနံပတ်(၁)စားသောက်ဆိုင် လုပ်ငန်းကြီးကို ဖော်ဆောင်နိုင်သူဖြစ်မယ်.. ပြီးတော့ ဒီကုမ္ပဏီကြီးရဲ့ ရုံးချုပ်က ပေကျင်းမှာရှိတယ်.. ခင်ဗျား စဉ်စား ကြည့်ဖူးလား..”

ဖူကွမ်းကျန့် ရုတ်တရက် ထပြောလိုက်ခြင်းပင်။

အာရှ၏ နံပတ်(၁)ပေလော။

ဒု-မြို့တော်ဝန်လျို ဤသည်ကို သဘောကျနေပေသည်။ သဘောတူမည်လော။ မတူမည်လော။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters