တရုတ်ရိုးရာ ဟင်းလျာများ
Vol. 41 Ch. 606
ဖုန်းယွီသည် ချွမ်ကျွီသဲတွင် အောင်မြင်စွာ ရင်းနှီးမြုပ်နှံနိုင်သည့်အတွက် စိတ်လှုပ်ရှားနေပေသည်။ သူဘာမှ မလုပ်လျှင်ပင် ချွမ်ကျွီသဲ အုပ်စု၏ သူ့ရင်းနှီးမြုပ်နှံမှုမှ မြင့်မားသည့် အကျိုးအမြတ်များ ယူဆောင် ပေးလာမည်ကို သိနေပေသည်။
နောက် (၃)နှစ်မှ (၅)နှစ်အကြာတွင် ချွမ်ကျွီသဲ အုပ်စုသည် စာရင်းဝင်လာနိုင်မှု မြင့်မားလာလိမ့်မည်။
ဖုန်းယွီသည် ဘေးမှာထိုင်၍ ဘာမှမလုပ်ဘဲ မနေချေ။ သူသည် ရှယ်ယာရှင် တစ်ဦးဖြစ်လာပြီးကတည်းမှ ချွံမ်ကျွီသဲအုပ်စု ကြီးထွားရန်နှင့် အမှတ်တံဆိပ်လွှမ်းမိုးမှု မြှင့်တင်နိုင်ရန် ကူညီပေးရပေလိမ့်မည်။
အောင်မြင်ရန် အလွယ်ကူဆုံး နည်းလမ်းမှာ ချွမ်ကျွီသဲတွင် ထိပ်တန်း စားဖိုမှူးများနှင့် အကောင်းဆုံး ဘဲကင်များရှိကြောင်း လူသိများစေရန်ဖြစ်သည်။
ဖုန်းယွီ၏ နည်းလမ်းမှာ ရိုးရှင်းပေသည်။ ချွမ်ကျွီသဲ စားသောက်ဆိုင်များကို တရုတ်နိုင်ငံရှိ အကောင်းဆုံး စားသောက်ဆိုင်များအဖြစ် မြှင့်တင်နိုင်ရန်အတွက် သတင်းစာနှင့် အသံလွှင့်ဌာနများတွင် အစားသောက် ကဏ္ဍတစ်ခု ဖန်တီးခြင်းပင်။
ဖုန်းယွီ၏ အတိတ်တွင် အသံလွှင့်ဌာနမှ အစားသောက်ဆိုင်ရာ ကဏ္ဍများ ရှိခဲ့ပေသည်။ မည်သည်ကို စားရမှန်း မသိသည့်အချိန်တွင် အကြံပြုချက်တောင်းရန် အသံလွှင့်ဌာနသို့ ဖုန်းဆက်သွယ်နိုင်ပေသည်။ အသံလွှင့်ဌာနမှ အကြံပြုပေး ပေလိမ့်မည်။
စားသုံးသူများမှာ မည်သည့်ဆိုင်တွင်မဆို ပုံမှန်ဖေါက်သည်များအတိုင်း ဆက်ဆံမှု ခံချင်ကြပြီး မည်သည့်ဆိုင်သို့ သွားရမှန်း မသေချာကြချေ။ ချွမ်ကျွီသဲ စားသောက်ဆိုင်သို့ သွားကြပါ။ အမျိုးသားနေ့ကိုပင် ကျင်းပခဲ့သေးသည်။ ဤသည်က ဖောက်သည်များကို လေးစားမှု သေချာပေါက် ပေးနိုင်ပေလိမ့်မည်။
မိသားစု တွေ့ဆုံပွဲ လုပ်ချင်ကာ မည်သည့် စားသောက်ဆိုင် သွားရမည် မသေချာဖြစ်နေပါသလား။ ချွမ်ကျွီသဲ စားသောက်ဆိုင်သို့ သွားပါ။ ၎င်းသည် တရုတ်နိုင်ငံရှိ အကောင်းဆုံး ဘဲကင်များကို ဆောင်ရွက်ပေးနေပါသည်။ အခြားသော ဟင်းလျာများလည်း ရရှိနိုင်ပါသည်။ မိသားစု ညစာစားပွဲအတွက် အလွန်သင့်လျော်ပါသည်။
သင့် သူငယ်ချင်းများနှင့် တွေ့ဆုံကာ မည်သည့် စားသောက်ဆိုင်မျိုးသွားချင်သနည်း။ ချွမ်ကျွီသဲ…….
ဤ အသံလွှင့် အစီအစဉ်၏ ရည်ရွယ်ချက်မှာ ချွမ်ကျွီသဲ စားသောက်ဆိုင်များသို့ လူများကို အကြံပြုရန်ဖြစ်သည်။ မှန်ပေ၏။ သင့်တွင် ယွမ်(၃၀)သာရှိကြောင်း ရုပ်သံထုတ်လွှင့်သူအား ပြောပြပါက ချွမ်ကျွီသဲသို့ လမ်းညွှန်မည် မဟုတ်ချေ။ လမ်းဘေးဆိုင်များတွင် စားခိုင်းပေလိမ့်မည်။ သို့ရာတွင် ထိုခေါ်ဆိုမှုများကို ထုတ်လွှင့်မည် မဟုတ်ချေ။
နားဆင်သူများအတွက် အသံလွှင့်ဌာနမှ အကြံပြုချက်အစီအစဉ် သီးသန့် ဖြစ်ပေသည်။ သို့ရာတွင် ဤသည်မှာ ချွမ်ကျွီသဲ ကြော်ငြာသာပင်။ သတင်းစာများတွင်လည်း ထိုနည်းအတိုင်း ဖြစ်နေသည်မှာ ဖုန်းယွီ၏ ထူးခြားချက်ဖြစ်ပေသည်။ အလွန်နုညံ့မျုရှိသည့် ကြော်ငြာပင်။ သို့ရာတွင် ဤတစ်ကြိမ် ပိုရိုးရှင်းပေသည်။ ဖုန်းယွီသည် တရုတ်နိုင်ငံ၏ ထိပ်တန်းအစားအစာ ဇယား ဖန်တီးခဲ့ပေသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်း အစားအစာ ဇယားတွင် နံပတ်(၁)မှာ ချွမ်ကျွီသဲ ဘဲကင်သာတည်း။ မည်သူ ငြင်းမည်နည်း။ မန်ချူးအင်ပါယာ၏ အထိန်းအမှတ် ဟင်းလျာအတွင်းရှိ မှိုပါဝင်သော ဘဲ/ဝက်သားပြုတ် ကြိုက်သည် ပြောမည်လော။
အန်ကယ်ကတော့ စောတီးပါ။ ကျွန်ုပ်တို့ စစ်တမ်းများကို အခြေခံ၍ ထိုဟင်းလျာမျိုး မည်သူမှ မကြိုက်နှစ်သက်ပါဘူး။
မန်ချူးအင်ပါရာ အထိန်းအမှတ် ဟင်းလျာသည် တရုတ်နိုင်ငံ၏ အထင်ရှားဆုံး ဟင်းပွဲဖြစ်ပေသည်။ သို့ရာတွင် စာပွဲတွင် ဧည့်ခံသည့် ဟင်းပွဲများကို လူတိုင်းမသိကြချေ။ အမှန်တကယ်လည်း ဟင်းအမည်ကို လူအများစု မသိကြခြင်းပင်။
သို့ရာတွင် ချွမ်ကျွီသဲက ခြားနားပေ၏။ ဤသည်မှာ နိုင်ငံအဆင့် ပြယုတ်ဖြစ်ပြီး နိုင်ငံခြားသား ကိုယ်စားလှယ်များ အတွက်ပင် အသုံးတော်ခံနေပေသည်။
ဤစားသောက်ဆိုင်ကို နိုင်ငံခြား ကိုယ်စားလှယ်များ လက်ခံကျင်းပရန် တရုတ်ထိပ်တန်း ခေါင်းဆောင်များက ရွေးချယ်ခဲ့ပြီး အားလုံး သဘောကျကြပေသည်။ ထိုဘဲကင်သည် ဇယာ၌ မည်သည့်အတွက် နံပတ်(၁) မဖြစ်နိုင်မည်နည်း။ ဤဇယားမှာ တရားမျှတမှုမရှိသော်လည်း လိမ်လည်ထားကြောင်း မည်သူတစ်ဦးမှ သက်သေမပြနိုင်ချေ။
ထို့ကြောင့် တရုတ်နိုင်ငံ တဝှမ်းရှိ သတင်းစာများသည် ဤဇယားကို ထုတ်ဝေခဲ့ပြီး နံပတ်(၁)ဟူသည့် စကားလုံးမှာ စာသားထူထူ၊ စားလုံးကြီးကြီးဖြင့် ဖြစ်နေတော့သည်။
ဆောင်းပါး ဖတ်သူတိုင်း သတိထားမိကြပေလိမ့်မည်။ ချွမ်ကျွီသဲ ဘဲကင် ဟူသည့် နာမည်ကို လူတိုင်း တွေ့မြင်ကြရပေလိမ့်မည်။ ဆောင်ပါးကို ဖတ်သည့်အခါ ချွမ်ကျွိသဲ ဘဲကင်များသည် တရုတ်နိုင်ငံ၏ ထိပ်တန်း အစားအစာဇယားတွင် နံပတ်(၁)ဖြစ်ကြောင်း သိရှိလာပေလိမ့်မည်။
အစားအသောက် ကောင်းများ၏ သွေးဆောင်မှုကို လူများစွာ ခုခံနိုင်စွမ်းမရှိကြချေ။ လက်တွေ့၌ အစားအသောက်ကောင်း များစွာမရှိချေ။ သို့တိုင်အောင် လုံလောက်သော ဈေးကွက်ချဲ့ထွင်မှုနှင့်အတူ လူများစွာသည် ထိုအစားအစာကိုသာ ကြိုက်နှစ်သက်ရန် ကြိုးစားကြပေလိမ့်မည်။
ဥပမာအားဖြင့် ချောကလက်များဖြစ်သည်။ လူအများသည် ချောကလက် အနံ့ကို အကြိုက်ကြချေ။ သို့ရာတွင် ထိုချောကလက်များသည် ဈေးကြီးကာ အရသာရှိကြောင်း လူများကြားသိရပါက စမ်းချင်ချင် ကြပေလိမ့်မည်။ စမ်းကြည့်ပြီးသည့်အခါ သူတို့ စိတ်ကူးထားသလောက် အရသာမရှိသော်လည်း နောင်တမရှိဘဲ လူအချို့ ကြိုက်နှစ်သက်ရန် လုံလောက်နေသေးသည်။
ချွမ်ကျွီသဲ ဘဲကင်များသည် ချောကလက်နှင့် နှိုင်းယှဉ်ပါက ဈေးကွက်ချဲ့ထွင်မှု ပိုမိုလွယ်ကူပေသည်။ တရုတ်ပြည်မှ လူတော်တော်များများသည် ဘဲများ မစားကြချေ။ ထို့အပြင် ချွမ်ကျွီသဲသည် နှစ်ပေါင်း(၁၀၀) သက်တမ်းရှိ အမှတ်တံဆိပ် ဖြစ်ပြီး နိုင်ငံအဆင့် စားသောက်ဆိုင်အဖြစ် ရှိနေဆဲ ဖြစ်ပေသည်။
လူများစွာသည် ယခင်က ချွမ်ကျွီသဲ ဘဲကင်များ၏ သွေးဆောင်မှုကို တွန်းလှန်နိုင်သေးသည်။ ဤသည်မှာ သောက်ဆိုင်သည် ပေကျင်း၌သာ ရှိနေခြင်းကြောင့်ပင်။ ဘဲကင်စားရန်အတွက် ပေကျင်းသို့ မည်သူ ခရီးသွားချင်မည်နည်း။
ယခုမူ ကွာခြားသွားချေပြီဖြစ်သည်။ တရုတ်နိုင်ငံ မြို့များစွာရှိ စားသောက်ဆိုင်များစွာသည် ချွမ်ကျွီသဲ ဘဲကင် ဝန်ဆောင်မှု ပေးနေပေသည်။ ဘဲကင်ကို မြည်းစမ်းရန် အခွင့်မသာသော သူများသည် ယခုမူ သူတို့နေထိုင်မြို့များနှင့် အနီးဆုံး မြို့များတွင် မြည်းစမ်း စားသုံး၍ ရနေပေပြီ။
ချွမ်ကျွီသဲ အုပ်စု လက်အောက်ရှိ စားသောက်ဆိုင်များသည် ဈေးမချိုသော်လည်း လွန်စွာ ဈေးကြီးမနေချေ။ လူတော်တော်များများ စားသုံးရန် တတ်နိုင်ပေသည်။ လက်ရှိခေတ်တွင် တန်ဘိုးကြီးဝိုင်များ မရှိသေးချေ။ လူအများ လက်ဆောင်ပေးသည့်အခါ တန်ဘိုးကြီး ဝိုင်များဖြင့် ဧည့်ခံရန် စိတ်ကူးမည့်အစား အစားအသောက် ကောင်းမွန်သည့် စားသောက်ဆိုင်ကိုသာ ရွေးချယ်ကြပေလိမ့်မည်။
ယခင်က လူအများသည် သူတို့ မိတ်ဆွေ၊ သူငယ်ချင်း၊ ခေါင်းဆောင်များနှင့် ကျွေးမွေးဧည့်ခံသည့်အခါ မည်သည့် စားသောက်ဆိုင်သို့ သွားရမည်မှန်း မဝေခွဲတတ်ကြချေ။ ယခုမူကား သွားရမည့်နေရာ သိနေကြပေပြီ။ ချွမ်ကျွီသဲ ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲထားမှုကိုသာ ရှာဖွေကြပေလိမ့်မည်။
အရာသာရှိ စားစရာကောင်းများ ခံစားနိုင်မည့်အပြင် မည်သို့မှ နာမပျက်ရမည် မဟုတ်ချေ။
မျက်နှာ အမူရာသည် တရုတ်ယဉ်ကျေးမှုတွင် အလွန်အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပေသည်။ သူတပါးနှင့် ဆက်ဆံရာ၌ အစားအသောက်မစားခင် တစ်ဖက်လူကို စိတ်မချမ်းသာမှု မဖြစ်စေလိုကြချေ။ ချွမ်ကျွီသဲ အုပ်စု လက်အောက်ရှိ စားသောက်ဆိုင်များတွင် အစားအသောက်အရည်သွေးမျာ အလွန်မြင့်မားပေသည်။ မည်သို့သော အခါတွင်မှ ဧည့်ခံသူ မျက်နှာပျက်ရခြင်းမျိုး ဖြစ်လိမ့်မည် မဟုတ်ချေ။
ဘဲကင် စားရသည်ကို မကြိုက်နှစ်သက်ဘူးလော။ ပြဿနာမရှိချေ။ စားသောက်ဆိုင်များတွင် ဘဲကင်သာမက အခြားအထူးဟင်းလျာများ ရနိုင်ပေသေးသည်။ ယခင်က စားသောက်ဆိုင်တစ်ဆိုင်တွင် အထူးဟင်းလျာ တစ်မျိုး သို့တည်းမဟုတ် နှစ်မျိုးသာရှိပေသည်။ ယခုမူကား ကွဲပြားသွားပေပြီ။ အုပ်စု လက်အောက်ရှိ စားသောက်ဆိုင်များ၏ စားဖိုမှူးများသည် ၎င်းတို့၏ ချက်ပြုတ်နည်းများကို အချင်းချင်း မျှဝေပေးခဲ့ပြီး စားသုံးသူများအတွက် ရွေးချယ်စရာ အမြောက်အများ ရှိနေပေသည်။
ဖောက်သည်များသည် စစ်ချွမ် စားသောက်ဆိုင်တွင် အခြားပြည်နယ်များ၏ ဟင်းလျာများ စားသုံးနိုင်သော်လည်း စစ်ချွမ်အစားအစာကို စားသုံးနိုင်ရန် စားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
ဤဈေးကွက်ရှာဖွေရေး နည်းလမ်းများသည် တရုတ်နိုင်ငံတွင်သာမက ဟောင်ကောင်၊ မလေးရှား၊ စသည်ဖြင့် အခြားနိုင်ငံများတွင်လည်း အသုံးပြုကြပေသည်။ ပြည်တွင်း သတင်းစာများတွင်လည်း အလားတူ ဆောင်းပါးကို တရုတ်နိုင်ငံ၏ အစားအသောက် ဇယားတွင် ဖော်ပြထားပေသည်။ သို့ရာတွင် ထိုစာတမ်းကို ထုတ်ဝေရန် အခကြေးငွေ ယူခဲ့ကြကြောင်း စာဖတ်သူများ မသိကြချေ။
ရှေးခေတ်ကတည်းမှ တရုတ်ပြည်သည် အစားအသောက်ကောင်း အများအပြားရှိနေသည်ဟု ထင်မြင်ယူခဲ့ကြပေသည်။ ဧကရာဇ်််််််််၏ ဟင်းပွဲတစ်ခုတွင် ပျမ်းမျှ ဟင်းပွဲပေါင်း (၁၀၀)ကျော် ပါဝင်ပေသည်။ ယနေ့ခေတ်တွင်မူ ဤသို့ မဖြစ်နိုင်ချေ။ သို့ရာတွင် ဧည့်သည်များကို ဧည့်ခံသည့်အခါ တရုတ်များသည် အကောင်းဆုံးကို ရွေးချယ်ကြပေသည်။
ချွမ်ကျွီသဲ ဘဲကင်သည် အကောင်းဆုံး ဖြစ်နေပေသည်။
အထူးသဖြင့် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် စသည်ဖြင့် လူများသည် ချွမ်ကျွီသဲ ဘဲကင်အကြောင်း သိချင်ကြသည်။ မစ္စတာသန်းသည် ထိုစားသောက်ဆိုင်၏ ဘဲကင်စားရသည်ကို နှစ်သက်ကြောင်း လူအများ သိနေကြသည်။ သူတို့ကိုယ်တိုင် မြည်းစမ်းချင်နေကြပေသည်။
သတင်းစာနှင့် ရေဒီယိုဌာနများတွင် ပြင်းထန်သော ကြော်ငြာများဖြင့် အစားအသောက်ကောင်းများကို ရှာဖွေခြင်း၏ လမ်းကြောင်းသည် စတင်ခဲ့တော့သည်။
လူချမ်းသာများသည် ချွမ်ကျွီသဲ၏ ဘဲကင်များကို မမြည်းစမ်းရသေးကြောင်း သူတို့ မိတ်ဆွေများအကြား ပြောရမည်ကို ရှက်ရွံ့ကြပေလိမ့်မည်။
ချွမ်ကျွီသဲ အုပ်စုသည် အမှတ်တံဆိပ်ကို နောက်တစ်ဆင့်သို့ ခေါ်ဆောင်လာရန် ထိုသို့သော ဈေးကွက်ရှာဖွေရေး နည်းလမ်းဗျူဟာများ သုံးခဲ့ပေသည်။ တရုတ်နိုင်ငံ၏ အရသာအရှိဆုံး အစားအစာ သို့တည်းမဟုတ် အကျော်ကြားဆုံး အစားအစာလည်း ဖြစ်ပေသည်။
အဖွဲ့၏လက်အောက်ရှိ စားသောက်ဆိုင်များအားလုံးသည် အမြတ်အစွန်းများစွာ ရှိကြပေသည်။ အစုရှယ်ယာရှင်များ အားလုံး ပြုံးပျော်ကာ ယခုနှစ် အမြတ်ဝေစု စောင့်မျှော်နေကြတော့သည်။
ထိုအချိန်၌ ဖုန်းယွီသည် ဟောင်ကောင် တက္ကသိုလ်တွင် ကျောင်းပြန်တက်ရန် ဆုံးဖြတ်ခဲ့သည်။ အသိပညာများ တိုးရန် လိုအပ်နေပေသေးသည်။ ၁၉၉၇ ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်းတွင် ပို၍ကောင်းမွန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လိုအပ်ပေသည်။
သို့ရာတွင် ဖုန်းယွီ ဟောင်ကောင်သို့ မထွက်ခွာမှိ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိခဲ့သည်။ ဤသည်မှာလည်း သူစောင့်မျှော်နေသည့် ဖုန်းခေါ်ဆိုမှုပင် ဖြစ်သည်။
ထိုလူမှာ ဂုဏ်ရှိန်ရှိ လီတဖူ ဖြစ်သည်။ ဖုန်းယွီ ယခင်ဘဝတွင် Geely Automobile ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ဖုန်းယွီ သူ့ကို စည်းရုံးရန် ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပေသည်။
ယခု မည်သည့်အတွက် ခေါ်ဆိုလာသနည်း။ စိတ်ပြောင်းသွား၍လော။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)