ဈေးကွက် ခေါင်းဆောင်ဖြစ်ရန် (၁)
Vol. 41 Ch. 608
ဤအတိုင်း ဆက်သွားပါက သမိုင်းပြောင်းလဲသွားပေပြီ။ ဖုန်းယွီအနေဖြင့် အနာဂတ်ကို မခန့်မှန်းနိုင်တော့ သော်လည်း ယခုအချိန်တွင် သူ၏ ကြွယ်ဝမှုနှင့် သူဖြစ်လိုရာ လုပ်နိုင်သေးသည်။ ထို့အပြင် ရုရှားသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသော်လည်း နိုင်ငံတကာ ရေးရာများကို မထိခိုက်စေခဲ့ပေ။ ဖုန်းယွီက ဤသည်တို့ကို လျစ်လျူရှုရန် ဆုံးဖြတ်ထားပြီး သဘာဝ လမ်းကြောင်း အမှန်ပေါ် ရောက်ရန်သာ လုပ်တော့သည်။
“မန်နေဂျာဖုန်း.. မန်နေဂျာဖုန်း.. ကုမ္ပဏီအတွက် ကျုပ်အစီအစဉ်တွေကို သဘောမတူဘူးလား..”
ကျုံးချင်ရှောင် သူ့အနေဖြင့် အစီအစဉ်များကို သေချာ စဉ်းစားထားခြင်းဖြစ်သော်လည်း ဖုန်းယွီ မည်သည့်အတွက် မတုန့်ပြန်ခဲ့သနည်း။
“အာ.. တောင်းပန်ပါတယ်.. တခြားကိစ္စတွေးနေမိလိုက်လို့ပါ.. နို့ထွက်ပစ္စည်းနဲ့ လက်ဖက်ဖျော်ယမကာ ထုတ်ကုန်တွေ ချဲ့ထွင်ပြီး ကလေးတွေရဲ့ ကျန်းမာရေးဖြည့်စွက်စာ အချိုရည် ထုတ်လုပ်မှု လျော့ချချင်တယ်လို့ ပြောလိုက်တာလား..”
ကျုံးချင်ရှောင် ခေါင်းညိတ်ပြလိုက်သည်။ ဖုန်းယွီ မည်သည့်အတွက် ယခုကဲ့သို့ ဖြစ်သွားသနည်းဆိုသည်ကို သိချင်သော်လည်း မမေးမိချေ။
“ဒီကိစ္စတွေ ခင်ဗျားပဲ ဆုံးဖြတ်လို့ရပါတယ်.. ကျုပ် သဘောတူပါတယ်.. ဒါပေမယ့် ရီရှင်းစွန်းအုပ်စုက စည်သွပ်လက်ဖက်ရည် ဖျော်ရည်တွေကို မိတ်ဆက်ခဲ့တာဆိုတော့ လီဟဟလဲ အဲ့လိုလုပ်မှာလား..”
“ဟုတ်တယ်.. ဒါပေမယ့် စည်သွတ်ဘူးတွေက ပလတ်စနစ်ဗူး တွေလို သိပ်ပြီး ရေပန်းမစားဘူး.. စားသုံးသူတွေက အချိုရည်တွေကို သောက်လို့မပြီးခင် ဖိတ်မိမှာကြောက်လို့သာ.. မဟုတ်ရင် အချိုရည် ပုလင်းတွေလိုပဲ သိမ်းထားလို့ ရတယ်လေ.. စည်သွပ်ဘူး အချိုရည်တွေက ဖွင့်ပြီးတာနဲ့ တစ်ခါတည်း ကုန်အောင် သောက်ရတော့မှာ.. ပြီးတော့ ငါတို့ လက်ဖက်ရည်တွေက ကာဗွန်နိတ် မဟုတ်ဘူးလေ.. သူတို့ စည်သွတ်ဘူးတွေဆိုတာ ငါတို့လက်ဖက်ရည် အဖျော်ယမကာနဲ့ ကျင်းလီပေါင်ကို တုပတာဖြစ်လောက်တယ်.. ဒါပေမယ့် သူတို့ ကောင်းကောင်း မလုပ်နိုင်သေးဘူးလို့ ခံစားရတယ်..”
ကျုံးချင်ရှောင်သည် ရီရှင်းစွန်းအဖွဲ့ကို နိမ့်ချထားသဖြင့် ဖုန်းယွီ၎င်းသည်ကို သဘောမကျချေ။ ရီရှင်းစွန်း အဖွဲ့သာ တိုးတက်လာပါက လီဟဟသည် အလွယ်တကူ အနိုင်ယူနိုင်တော့မည် မဟုတ်ချေ။ သို့ရာတွင် ကံကောင်းထောက်မစွာ ကျုံးချင်ရှောင် အနီးကပ် စောင့်ကြည့်နေပေသည်။ ရီရှင်းစွန်းအုပ်စု လျှင်မြန်စွာ တိုးတက်လာပါက သူ့အတွက် အချိန်အလုံအလောက် ရှိနေပေသည်။
“အရင်တုန်းက ကျုပ်ပြောဖူးတဲ့ သစ်သီးတွေနဲ့ ကာဗွီနိတ်ပါတဲ့ အဖျော်ယမကာတွေကို စဉ်းစားပြီးပြီလား..”
“ငါ့ ကောင်မလေးတွေ အဲ့ဒါကို ဈေးကွက်သုတေသန လုပ်နေတယ်.. ကာဗွန်နိတ်အချိုရည် ဈေးကွက်က တော်တော်ကို ကောင်းလာတယ်.. ငါတို့ လီဟဟ တံဆိပ်နဲ့ အချိုရည်တွေ မိတ်ဆက်လိုက်မယ်ဆို ငါတို့ ရောင်းအား ကောင်းနိုင်တယ်.. သစ်သီးဖျော်ရည် ဈေးကွက်အတွက် နေရာကျန်နေသေးပေမယ့် တခြားကုမ္ပဏီတွေကလဲ အဲ့လိုဖျော်ရည်တွေ မိတ်ဆက်လာတယ်.. အုန်းရည်ကလွဲပြီး တခြားဖျော်ရည်တွေ သိပ်မကောင်းဘူး..”
အုန်း(၃)ပင် အမှတ်တံဆိပ် အုန်းရေသည် ဖုန်းယွီ ယခင်ဘဝတွင် ဒဏ္ဍာရီလာ ဖျော်ယမကာ တစ်ခုဖြစ်သည်။ စည်သွပ်ဘူးစက်ရုံကို ဖျော်ယမကာ စက်ရုံအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဖုန်းယွီ ထိုသည်ကို မေ့သွားမိသည်။ သို့ရာတွင် ယခုမူ ထိုကုမ္ပဏီ တိုးတက်နေပေပြီ။ သဘာဝ အုန်းရေ။ ယမန်နှစ် အမျိုးသားကတိပြုပွဲတွင်ပင် အသုံးပြုခဲ့သေးသည်။ ကုမ္ပဏီသည် မူပိုင်ခွင့်များစွာ ပိုင်ဆိုင်ထားပေသည်။
ဖုန်းယွီသည် ကျုံးချင်ရှောင်ကို စကားသွားပြောခိုင်းလိုက်သည်။ အလွန်အကျွံ မတိုးတက်မှီ ထိုကုမ္ပဏီကို ဝယ်ယူခြင်း သို့တည်းမဟုတ် ရင်းနှီးမြုပ်နှံခြင်း ပြုလုပ်ရပေမည်။
သို့ရာတွင် ဟိုင်နန်ရှိခေါင်းဆောင်များက ဤသည်ကို ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။ အုန်း(၃)ပင် အမှတ်တံဆိပ် အုန်းရေကို အာရှနိုင်ငံ အများအပြားသို့ တင်ပို့ရောင်းချနေပြီ ဖြစ်သည်။ ၎င်းတို့သည် ယခုနှစ်တွင် ဥရောပဈေးကွက်ကို ပစ်မှတ်ထားမည် ဖြစ်သည်။ ဤကုမ္ပဏီသည် အမြတ်အစွန်းများကာ ထိုနေရာတွင် ခေါင်းဆောင်များကို ဂုဏ်ပြုပေလိမ့်မည်။ ၎င်းတို့သည် ကုမ္ပဏီ၏ အစုရှယ်ယာများကို မည်သူ တစ်ဦးတစ်ယောက်ကိုမှ ပိုင်ဆိုင်ခွင့် မပေးနိုင်ချေ။
မိမိ ကုမ္ပဏီတွင် အစုရှယ်ယာ တစ်ခုအတွက် ထိုကဲ့သို့သော ဈေးနှုန်းဖြင့် ကမ်းလှမ်းခဲ့သည်လော။ ဆိုလိုသည်မှာ မိမိတို့ အုန်းရေအပေါ် ယုံကြည်နေခြင်းပင်။ သို့မဟုတ်ပါက ဤမျှ ဈေးကြီးပေးမည်လော။
လီဟဟသည် ကုမ္ပဏီကို မဝယ်နိုင်ဘဲ သို့တည်းမဟုတ် အစုရှယ်ယာ မပိုင်ဆိုင်နိုင်သောကြောင့် ဖုန်းယွီသည် ဤကုမ္ပဏီအား ထုတ်ကုန်အသစ်များ မထုတ်တော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုကုမ္ပဏီသည် အုန်းရေသန့်ဘူးမှ အပ အခြား မည်သည်ကိုမှ မရောင်းချသည်ကို သေချာချင်ပေသည်။ လီဟဟသည် ဖုန်းယွီ ယခင်ဘဝ၌ ဤကုမ္ပဏီမှ ထုတ်လုပ်သည့် အခြားထုတ်ကုန် အားလုံးကို မိတ်ဆက်ပေးမည်ဖြစ်သည်။ ထုတ်ကုန်များတွင် အမျိုးမျိုးသော သစ်သီးဖျော်ရည်များ၊ ရတနာ ယာဂု စသည်တို့ ပါဝင်ပေသည်။
ရတနာ(၈)သွယ်သည် ဖုန်းယွီ ယခင်ဘဝ၌ လီဟဟ၏ ရေပန်းစားသော ထုတ်ကုန် တစ်ခုဖြစ်သည်။ ရတနာ(၈)သွယ် ယာဂုကို အလွယ်တကူ မထုတ်လုပ်နိုင်ချေ။ ချက်ပြုတ်နည်းကို လူသိများသော်လည်း စည်သွပ်ဘူး ပုံစံဖြင့် အရသာရှိအောင် ပြုလုပ်ရန်မှာ မလွယ်ကူချေ။
ကျုံးချင်ရှောင် နှင့် သူ့လူများသည် ဤရတနာ(၈)သွယ်ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး အောင်မြင်နိုင်ကြောင်း ခံစား ခဲ့ရသည်။ သို့ရာတွင် အရသာနှင့် သိုလှောင်မှု သက်တမ်း တိုးမြှင့်နိုင်ရေး လိုအပ်နေသေးသည်။ ထို့ကြောင့် ဖျော်ယမကာများကို ဦးစွာတီထွင်ရန် အာရုံစိုက်သင့်ပေသည်။
ဖုန်းယွီ ဤသည်ကို မကန့်ကွက်ချေ။ သို့ရာတွင် ဖုန်းယွီသည် လီဟဟ အနေဖြင့် ဖျော်ရည်ဈေးကွက်သို့ မကြာမီ ဝင်ရောက်ခဲ့ပါက Pepsi နှင့် Coca-Cola တို့သည် ဈေးကွက်ကို သိမ်းပိုက်မည်အား စိုးရိမ်နေခဲ့သည်။ တရုတ်တွင် ပက်ပ်စီ နှင့် ကိုကာကိုလာ ရောင်းအား တိုးလာခဲ့ပေသည်။
ဖုန်းယွီသည် သူ့ယခင်ဘဝတွင် တရုတ်၏ ကိုယ်ပိုင် ကုတ် ဟု လူသည့်များသည့် ဖန်ချွမ့်ကုတ်ကို သတိရမိလိုက်သည်။ စတင်မိတ်ဆက်စဉ်တွင် မြို့အနီးဝန်းကျင် ကျေးရွာများတွင် အာရုံစိုက် ရောင်းချခဲ့ပေသည်။ အလွန်ထိရောက်ကာ အစပိုင်းတွင်ပင် အကျိုးအမြတ်အလွန်ရခဲ့ပေသည်။
သို့ရာတွင် ပက်ပ်စီ နှင့် ကိုကာကိုလာ တို့သည် ဈေးနှုန်းလျော့ချရန် ၎င်းတို့၏ ပုလင်းအရေအတွက် တိုးမြှင့်ရန်နှင့် သူတို့၏ ထုတ်ကုန်များ ထောက်ခံရန် ထိပ်တန်းနာမည်ကြီးများ ရရှိခဲ့ပြီးနောက် ဖန်ချွမ့်ကုတ်သည် ဈေးကွက်မှ ပျောက်ကွယ်သွားခဲ့သည်။
ပက်ပ်စီ နှင့် ကိုကာကိုလာ တို့ သုံးခဲ့သည့် နည်းလမ်းမှာ ရိုးရှင်းပေသည်။ ငွေကြေး မြောက်များစွား သုံးစွဲလိုက်ခြင်းပင်။
ဈေးနှုန်းစစ်ပွဲတစ်ခု ဖြစ်ပါက ၎င်းတို့၏ ပုလင်းများ သို့တည်းမဟုတ် ထင်ပေါ်ကြော်ကြားသူများ၏ ထောက်ခံအားပေးမှု တိုးစေရန်အတွက် ငွေကြေး အမြောက်အများ သုံးစွဲရန် လိုအပ်ပေသည်။ ဖန်ချွမ့်ကုတ်သည် ထိုနိုင်ငံတကာ ကုမ္ပဏီနှစ်ခုကို ယှဉ်ပြိုင်ရန် နည်းလမ်းမရှိချေ။
လီဟဟတွင်လည်း ထိုနည်းဗျူဟာသုံးနိုင်ပေသည်။ လက်ရှိ လီဟဟ၏ တန်ဖိုးမှာ ဖန်ချွမ့်ကုတ်ထက် များစွာ မြင့်မားပေသည်။ ဈေးနှုန်းစစ်ပွဲဖြစ်ပါက လီဟဟ စိတ်ပူမည် မဟုတ်ချေ။ အမှန်တကယ်တွင် လီဟဟသည် ဈေးနှုန်းစစ်ပွဲကို အချိန်မရွေး စတင်နိုင်ပေသည်။ လီဟဟ သည် ပိုမိုကောင်းမွန်သည့် ဖြန့်ဖြူးရေးလမ်းကြောင်းများ ရှိပြီး ၎င်းတို့၏ လုပ်အားနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များသည် ကုတ် ကုမ္ပဏီ နှစ်ခုထက် များစွာနိမ့်ကျပေသည်။
အကယ်၍ ထိုကုမ္ပဏီ နှစ်ခုမှ ဈေးနှုန်းစစ်ပွဲ အမှန်တကယ်စတင်ခဲ့ပြီး သူတို့ ထုတ်ကုန်များကို ကုန်ကျစရိတ်ထက် လျော့ရောင်းဝံ့ပါက ဖုန်းယွီသည် ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းမှုအတွက် ၎င်းတို့ကို တရားစွဲမည် ဖြစ်သည်။ ဤသည်မှာ တရုတ်နိုင်ငံ၊ လီဟဟ ၏ မွေးရပ်မြေဖြစ်သည်။ လီဟဟအနေဖြင့် ဆုံးရှုံးရန် နည်းလမ်း မရှိချေ။
ကျုံးချင်ရှောင် မိတ်ဆက်ပေးချင်သည့် ပထမဆုံး အချိုရည်မှာ ကုတ်ပင်ဖြစ်သည်။ ယခင်က ပက်ပ်စီ နှင့် ကိုကာကိုလာ ကိုအနိုင်ယူနိုင်သေးသည်။ အချို့သော ယုံကြည်မှု ဆန့်ကျင်ရေး ဥပဒေများကြောင့် ပက်ပ်စီ သည် အောင်မြင်သည့် ကုမ္ပဏီဖြစ်လာခဲ့သည်။
ပက်ပ်စီ အောင်မြင်နိုင်ပါက လီဟဟ သည်လည်း ကျရှုံးစရာ အကြောင်းမရှိချေ။ လီဟဟသည် ပက်ပ်စီ ၏ဖော်စပ်နည်း ကိုကြည့်ရှုရန် သူ့သုနေသနအဖွဲ့ကို ပြောလိုက်သည်။ ကျုံးချင်ရှောင်သည် ပက်ပ်စီ ကဲ့သို့ အရသာရှိစေသည်အထိ ပြုလုပ်ရန် မလိုအပ်သော်လည်း အစစ်အမှန်အရသာမူကား ရှိရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ကုတ်အတွက် မူပိုင်ခွင့် အကာအကွယ် ပြီးသွားပေပြီ။ သို့ရာတွင် သူတို့၏ ဖော်စပ်နည်းကို မသိကြချေ။ ပါဝင်ပစ္စည်းများကိုမူ အညွှန်းများတွင် ရေးသားထားပေသည်။ ပါဝင်ပစ္စည်းအချိုးအစားကို မသိရသေးချေ။
“ကိုကာ ကလွဲပြီး ကျန်တာတွေ စဉ်းစားပြီးပြီလား.. ဥပမာပြောရရင် ပန်းသီး၊ ဒါမှမဟုတ် စပျစ်သီးလို ဖျော်ရည်တွေက၊ ကျန်တဲ့ အသီးအနှံတွေရဲ့ အရသာရှိနိုင်လား.. တရုတ်မှာ လူကြိုက်အများဆုံး သောက်စရာက လိမ္မော်ရည်ဆိုတာ မှတ်မိတယ်..”
ဖုန်းယွီ ကုတ်ကိုသာ မိတ်ဆက်ပေးပါက လူများသည် လီဟဟ၏ အချိုရည်များကို မှတ်မိလိမ့်မည်မဟုတ်ဟု ဖုန်းယွီ ခံစားနေမိသည်။ ထိုကုမ္ပဏီ(၂)ခုကို ပုံတူကူးယူသည်ဟု လူအများ ထင်ကြပေလိမ့်မည်။ လီဟဟသည် တရုတ်နိုင်ငံတွင် ပက်ပ်စီ နှင့် ကိုကာကိုလာ တို့မှ မိတ်ဆက်ခြင်း မရှိသော အချိုရည်တစ်မျိုး မိတ်ဆက်ပေးသင့်ပေသည်။ ဤသည်က လီဟဟအတွက် ဈေးကွက်ဝေစု ပိုမိုမြန်ဆန်စွာ ရရှိစေမည် ဖြစ်သည်။
“အသီးအနှံ အရသာနဲ့ အချိုရည်တွေလား.. အဲ့စက်ရုံလေးတွေက ရောင်းတဲ့ အချိုရည်တွေလိုပဲပေါ့..”
ကျုံးချင်ရှောင် တုံ့ဆိုင်းသွားသည်။ ပြည်နယ်တိုင်း လိုလိုတွင် ထိုကဲ့သို့သော အချိုရည်များ ရောင်းချသည့် စက်ရုံများ ရှိပေသည်။
“အချိုရည်တွေ ထုတ်မယ်.. ကျုပ်တို့ ထုတ်လိုက်တာကို အချိုရည်လို့ နာမည်မပေးဘူး.. လန်းဆန်းရေ လို့ ခေါ်လို့ရတယ်.. ကျုပ်တို့က တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဖျော်ယမကာ အမှတ်တံဆိပ်ဆိုတာ မမေ့နဲ့.. ရေတစ်ပုလင်း ဆိုရင်တောင် လီဟဟတံဆိပ် ကပ်ထားရင် တန်ဖိုးကွာသွားမှာပဲ..”
တရုတ် ဆီးဖြူသီးနှင့် အတူတူသာပင်။ အခြားနိုင်ငံမှ တင်သွင်းလာသည့် အသီးအနှံများကို ကီဝီသီးဟု ခေါ်ပေသည်။ အခြေခံအားဖြင့် နှစ်မျိုးစလုံး အတူတူသာပင်။ ထိုစက်ရုံငယ်များမှ ရောင်းချသော ကာဗွန်နိတ် အချိုရည်များကို အချိုရည်များဟုသာ ခေါ်ဆိုပေသည်။ သို့ရာတွင် လီဟဟ ထုတ်လုပ်လျှင်မူ မတူတော့ချေ။
ကျုံးချင်ရှောင် ခေါင်းညိတ်လိုက်သည်။
“မန်နေဂျာဖုန်း.. နွေရာသီ မေလ(၁)ရက်နေ့ မတိုင်ခင် အဲ့ကုတ်နဲ့ မိတ်ဆက်ပေးဖို့ ပြောနေတာလား..”
ထိုဖျော်ရည်ကို လန်းဆန်းရေ ဟု အမည်ပေးထားပေသည်။ ပူပြင်းသည့် နွေရာသီတွင် သောက်ရန် အသင့်တော်ဆုံးပင်။
“ကျုပ်လဲ ဒါပဲတွေးနေတာ.. ကျန်တဲ့ အသေးစိတ် အချက်အလက်တွေတော့ ခင်ဗျားပဲ လုပ်လိုက်တော့လေ.. သစ်သီး ဖျော်ရည်က ကျုပ်တို့ သေချာလေ့လာဖို့ အကောင်းဆုံးလို့ ခံစားနေရတယ်.. ပြီးတော့ နို့၊ အခြားအချိုရည်တွေလို ပုလင်းကြီးကြီးတွေနဲ့ ဘာလို့ မိတ်ဆက် မပေးနိုင်ရမှာလဲ.. အဖျော်ယမကာ မျိုးစုံ မိတ်ဆက်ပေးနိုင်တာပဲ.. မင်းလူတွေကို သုတေသန လုပ်ခိုင်းလိုက်လေ.. ကျုပ်တို့ ပစ်မှတ်က လာမယ့် (၅)နှစ်အတွင်း တရုတ်နိုင်ငံ အဖျော်ယမကာ ဈေးကွက်ကို ဦးဆောင်နိုင်ဖို့ပဲ..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)