ဈေးကွက် ခေါင်းဆောင်ဖြစ်ရန် (၂)
Vol. 41 Ch. 609
ဖုန်းယွီ၏ ရည်မှန်းချက်မှာ မြင့်မားနေပုံပေါ်သော်လည်း လီဟဟ အတွက် အလှမ်းမဝေးလှချေ။ တရုတ်နိုင်ငံ၏ ဖျော်ယမကာဈေးကွက်တွင် လက်ရှိဈေးကွက်ဦးဆောင်မှုမှာ ကျန်းလီပေါင် ဖြစ်သည်။ လီဟဟ သည် အုန်း(၃)ပင် ကဲ့သို့ ပြိုင်ဘက်များကို ဖြတ်ကျော်တက်ပြီး ဖြစ်သည်။
ကိုကာကိုလာ ကဲ့သို့ နိုင်ငံရပ်ခြား အမှတ်တံဆိပ်အတွက်သာပင်။ ထို အချိုရည်များ တရုတ်နိုင်ငံတွင် အလွန်ရေပန်းစား ခဲ့ပေသည်။ အမြတ်အစွန်းများနေသော်လည်း သူတို့ဝင်ငွေ အရမ်းမများသေးချေ။ သူတို့ အမှတ်တံဆိပ်ကို သိပ်မသိကြချေ။ နိုင်ငံရပ်ခြား ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် နေ့စဉ် အချိုရည်သောက်ရန် မတတ်နိုင်ဟု ခံစားမိသောကြောင့် တရုတ်နိုင်ငံတွင် ၎င်းတို့၏ အမှတ်တံဆိပ်အား လူသိများရန် မကြိုးစားကြသေးခြင်းပင်။
JDB အုပ်စုနှင့် ဖုန်းယွီ ယခင်ဘဝက ဖန်ဟောင်ကဲ့သို့သော အခြား တရုတ်အဖျော်ယမကာများ ပေါ်မလာသေးချေ။ ရီရှင်းစွန်းအဖွဲ့သည် သူတို့ ပြည်နယ်တွင်သာ ရေပန်းစားခဲ့သည်။ ဟွေ့ယွမ် သည် တိုးတက်မှု ရှိသော်လည်း စန်းသောင်နှင့် ကျင်းကျင်ကျစ်ရီကောင် တို့ကိုသာ အာရုံစိုက်ခဲ့သည်။ သူတို့ရောင်းအားမှာ လီဟဟနှင့် ဝေးလွန်းလှပေသည်။
လီဟဟသည် ကျင်းလီပေါင် ကို နှိမ်နင်းပါက ဈေးကွက်ခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။ သို့ရာတွင် လီဟဟသည် ၎င်းတို့၏ကလေးများအတွက် ဖြည့်စွက်စာ ရောင်းချမှုတွင်ပင် ကျင်းလီပေါင်နှင့် ဝေးနေသေးသည်။ ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် တရုတ်နိုင်ငံတွင် ၎င်း၏ ဈေးကွက်ဝေစု မတိုးချဲ့နိုင်ခဲ့ခြင်းမှာ ကျင်းလီပေါင် ကြောင့်ဖြစ်သည်။ ကာဗွန်နိတ် အချိုရည်များနှင့် ပတ်သက်၍ တရုတ်ထိပ်တန်းရွေးချယ်မှုသည် ကျင်းလီပေါင် ဖြစ်နေဆဲပင်။
ယမန်နှစ်က ကျင်းလီပေါင်သည် လူငယ်ဘောလုံးအသင်း တစ်သင်း တည်ထောင်ခဲ့ပြီး ၎င်းတို့အား ဘရာဇီးသို့ပင် စေလွှတ်ခဲ့သေးသည်။ သူတို့သည် မျိုးဆက်သစ် ဘောလုံး အားကစားသမားများကို ပြုစု ပျိုးထောင်ချင်ကြသည်။ အားကစားသမား တော်တော်များများသည် သူတို့၏ ချိတ်ဆက်မှုများကြောင့် အသင်းထဲသို့ ဝင်ရောက် လာကြသည်။ သို့အတွက် အသင်းမှ အားကစားသမား အနည်းငယ်သာ ထိပ်တန်း ကစားသမားများ ဖြစ်လာခဲ့သည်။ မျိုးဆက်သစ်များ၏ ထိပ်တန်း အားကစားသမားများကို ပြုစုပျိုးထောင်ခြင်းသာ ရယ်စရာတစ်ခုသာ ဖြစ်နေသည်။
ယခုနှစ်တွင် ကျင်းလီပေါင်သည် အာရှအားကစားပြိုင်ပွဲ၏ ထိပ်တန်း အဖျော်ယမကာ စပွန်ဆာ ဖြစ်လာခဲ့သည်။ လာမည့် (၄)နှစ်(၅)နှစ်အတွင်း ၎င်းတို့ရောင်းအားသည် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ဈေးကွက်ခေါင်းဆောင် နေရာ အခိုင်အမာရရှိမည်ဖြစ်သည်။ ကျင်းလီပေါင်၏ နှစ်စဉ် ရောင်းအားသည် ယခုအခါ ယွမ်(၁)ဘီလီယံ ကျော်လွန်ခဲ့ပြီး တိုးမြှင့်နေဆဲဖြစ်သည်။
သို့ရာတွင် ကျင်းလီပေါင်းသည် (၁၉၉၈)ခုနှစ် နောက်ပိုင်းတွင် စတင်ကျဆင်းလာမည်ဖြစ်ကြောင်း ဖုန်းယွီ သတိရမိသည်။ ထို့အတွက် အကြောင်းပြချက် များစွာ ရှိနေပေသည်။ ပထမဦးစွာ ၎င်းသည် ဈေးကွက်တွင် အဖျော်ယမကာ အမျိုးအစားများစွာ၏ ပြယုတ်အဖြစ်ရှိနေပေသည်။ ဈေးကွက်ချဲ့ထွင်သူများ ရှိလာပြီး ဈေးကွက်ဝေစုရရှိရန် အပြင်းအထန် ကြိုးစားနေကြပေသည်။ ကျင်းလီပေါင်သည် ဈေးကွက်ခေါင်းဆောင်ဖြစ်ပြီး ထိုပြိုင်ဖက်များကို ဖိနှိပ်ထားနိုင်သေးသည်။ နောက်ဆုံးတွင် ကျင်းလီပေါင်၏ ဈေးကွက်ဝေစုများ ဆုံးရှုံးသွားခဲ့ရပြီး ၎င်းတို့၏ အမှတ်တံဆိပ် နာမည် ထိခိုက်လာခဲ့ရတော့သည်။
ဒုတိယ အကြောင်းပြချက်မှာ ပို၍ စိတ်ဝင်စားစရာကောင်းပေသည်။ ကျင်းလီပေါင်သည် ထိပ်ဆုံးတွင် ရှိနေစဉ် ၎င်းတို့၏ ဒေသခံအစိုးရသည် အမြတ်အစွန်းများ ရယူကာ ကျင်းလီပေါင်ကို တိုးတက်ထုတ်လုပ်ရန် ပြောကြားလာသည်။ ကျင်းလီပေါင်သည် ဤတို့၏ ဝင်ငွေမရှိဘဲ မည်သို့ တိုးမြှင့်နိုင်မည်နည်း။ ချေးငွေဖြင့်လော။ ဘဏ်ချေးငွေများရယူကာ ပြည်နယ်အတွင်းရှိ စက်ရုံငယ်များ ဝယ်ယူကြသည်။ ထိုသည်မှာ ကျင်းလီပေါင်ကို လျင်မြန်စွာ တိုးမြှင့်ခဲ့သော်လည်း မိမိတို့၏ ရန်ပုံငွေကို မေ့သွားကြသည်။ ရောင်းအားကျဆင်းကာ သူတို့၏ အမြတ်ငွေများ ထိခိုက်စေသည့်အတွက် ကုမ္ပဏီ၏ ငွေသားစီးဆင်းမျု ပြဿနာများ ကြုံတွေ့ခဲ့ရတော့သည်။ လုပ်ငန်း ဆက်လက် လည်ပတ်ရန် ရန်ပုံငွေမရှိတော့ချေ။
တတိယအချက်မှာ ကျင်းလီပေါင်၏ အရောင်းပုံစံ ဖြစ်သည်။ ရိုးရာ ရောင်းချမှုပုံစံကိုသာ ဆက်လက်ကျင့်သုံးကာ ဖြန့်ဖြူရေးလမ်းကြောင်းများကို စနစ်တကျ သတ်မှတ်မှု မရှိခဲ့ချေ။ ကျင်းလီပေါင်အနေဖြင့် ဤသည်ကို သဘောပေါက်ကာ ဖြန့်ဖြူးရေးလမ်းကြောင်းများ စနစ်တကျ တိုးချဲ့လာသည့်အချိန်တွင် လွန်စွာ နောက်ကျသွားပေပြီ။ ထိုသို့ ပြုလုပ်ရန် ရန်ပုံငွေ မရှိတော့ချေ။
စတုတ္ထအချက်မှာ ဒေသန္တရအစိုးရနှင့် ပြိုလဲခြင်းပင်။ ကျင်းလီပေါင်သည် ၎င်းတို့၏ အမြတ်ငွေများကို ကြီးပွားရေး ချဲ့ထွင်ရန် အသုံးပြုပါက ငွေသားစီးဆင်းမှု ရှိတော့မည် မဟုတ်ချေ။ သို့ရာတွင် ဒေသဆိုင်ရာ အစိုးရသည် ၎င်းတို့အမြတ်အစွန်းများကို ဆက်လက်ယူဆောင်ရင်း ကုမ္ပဏီတွင် ရန်ပုံငွေပြတ်လပ်မှုကို ဖြစ်စေတော့သည်။ ကျင်းလီပေါင်၏ ခေါင်းဆောင်သည် ဒေသဆိုင်ရာအစိုးရမှ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်များကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်နေပြီး သူ့ထံမှ အမြတ်အစွန်းများ အလွန်အကျွံယူနေသည်ဟု ခံစားနေရသည်။ ဒေသန္တရအစိုးရ၏ ဝင်ရောက်စွက်ဖက်မှုသည် ကုမ္ပဏီပြိုကွဲရခြင်း၏ အကြောင်းအရင်းပင် ဖြစ်တော့သည်။
ကျရှုံးရသည့် အကြောင်းအရင်း များစွာ ရှိခဲ့ပေသည်။ ငွေသားစီးဆင်းမှု ပြဿနာများ၊ အမှတ်တံဆိပ်မရှိခြင်း၊ ခေတ်နောက်ကျသည့် ရောင်းချမှုပုံစံနှင့် ခေါင်းဆောင်မှုပိုင်းမှ ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖုန်းယွီ သိရှိထားပေသည်။ ဖုန်းယွီသည် ကျင်းလီပေါင်၏ စီမံခန့်ခွဲမှု အဖွဲ့အား ထိုကိစ္စများကြောင့် အထင်မကြီးတော့ ချေ။
အထင်ကြီးလောက်စရာဟု ယူဆရသည့် စီမံခန့်ခွဲရေး အဖွဲ့အတွင်းမှ တစ်ဦးတည်းသောသူမှာ တည်ထောင်သူနှင့် ဥက္ကဋ္ဌ လီကျင်းဝေ ဖြစ်ပေသည်။ ကျင်းလီပေါင်ကို တည်ထောင်ခဲ့ပြီးနောက် ကမ္ဘာ့ချန်ပီယံ လီနင်နှင့်အတူ လီနင်ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ သို့ရာတွင် လီကျင်းဝေသည် ကုမ္ပဏီတည်ထောင်ပြီး မကြာမှီ လီနင်မှ ထုတ်ပယ်ခံခဲ့ရသည်။ လီကျင်းဝေသည် လက်ရှိခေတ်အခြေအနေတွင် အမြော်အမြင် ကောင်းပေသည်။
ဖုန်းယွီသည် လီကျင်းဝေကို မခေါ်ယူခဲ့ခြင်းမှာ သူ့အသက်အရွယ်ကြောင့် ဖြစ်သည့်အပြင် အခြား အကြောင်းပြချက် တစ်ခု ရှိသေးသည်။ သူသည် အသက်(၅၀)အရွယ်ရှိပြီး ဆိုးရွားလွန်းသည့် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့ပေသည်။
ဖုန်းယွီ ယခင်ဘဝတွင် လီကျင်းဝေသည် ကျင်းလီပေါင်၏ ရန်ပုံငွေများ အလွဲသုံးစားမှုဖြင့် ထောင်ချခံခဲ့ရသည်။ ကုမ္ပဏီ ပြုပြင်ပြောင်းလဲရေး ကာလတွင် သန်းနှင့်ချီ၍ အလွဲသုံးစား လုပ်ခဲ့ခြင်းကြောင်း ယုံကြည်၍ မဖြစ်နိင်ချေ။
လီကျင်းဝေသည် အမှတ်တံဆိပ်တစ်ခု စတင်ခဲ့သော်လည်း မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို မသိခဲ့ချေ။ အစိုးရကိုသာ အားကိုးလွန်းနေသည်။ တရုတ်နိုင်ငံရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအားလုံးသည် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် နေသဖြင့် အခြားကုမ္ပဏီများထက် ပြုပြင်ပြောင်းလဲရေးတွင် နောက်ကျခဲ့ရသည်။ ထို ပြုပြင်ပြောင်းလဲရေး ကာလတွင် ကုမ္ပဏီ၏ ဘဏ္ဍာငွေများ အလွဲသုံးစားလုပ်ကာ ထောင်ကျခဲ့ခြင်းဖြစ်သည်။
လီကျင်းဝေသည် ဟွန်းတရှန်ဆေးလိပ်မှ ချူရှီကျင်း ကဲ့သို့ ဖြစ်ပါက ကုမ္ပဏီ၏ ရန်ပုံငွေများ အလွဲသုံးစားလုပ် ထားသော်လည်း အလုပ်သမားများ၏ အထောက်အပံ့ ဆက်လက်ရှိနိုင်မည် ဖြစ်ပေသည်။ ချူရှီကျင်းသည် နိုင်ငံတော်ပိုင် ပစ္စည်းများကို အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသော်လည်း ဤ၏ အလုပ်သမားများမှ အစိုးရထံ အသနားခံစာတင်ခဲ့ခြင်းကြောင်း ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည်။ ကျင်းလီပေါင်ကို ဖမ်းဆီးခဲ့ချိန်တွင် မည်သူမှ ကူညီရန် အကြိုးစားခဲ့ချေ။
ချူရှီကျင်းသည် ဟွန်းတရှန်အတွက် အမြတ်ငွေ ဘီလီယံများစွာ ရှာပေးနိုင်ခဲ့သဖြင့် အလုပ်သမားများ သူ့ကို မှီခိုကာ ကောင်းမွန်သည့် ဘဝများ ပိုင်ဆိုင်နိင်ခဲ့ပေသည်။ လီကျင်းဝေသည် ကျင်းလီပေါင်အား အမြတ်အစွန်း မြင့်မားအောင် ကူညီပေးခဲ့ပေသည်။ သို့ရာတွင် အလုပ်သမားများသည် ကုမ္ပဏီ၏ အောင်မြင်မှုမှ အကျိုးအမြတ် မရရှိခဲ့ကြချေ။ လီကျင်းဝေသည် သူ့အလုပ်သမားများကို အကျိုးခံစားခွင့် အနည်းငယ် ပေးရန် ဆုံးဖြတ်လိုက်သည့်အချိန် ကုမ္ပဏီတွင် ရန်ပုံငွေ မရှိတော့ချေ။ ကျင်းလီပေါင် ကျရှုံးနေချေပြီ။
ဖုန်းယွီသည် ကျင်းလီပေါင်ကို ဝယ်ယူရန် မကြိုးစားခဲ့သည့် နောက်ထပ် အကြောင်းအရင်း တစ်ခုမှာ ကုမ္ပဏီကို ဝယ်ယူရန် အနည်းဆုံး ဘီလီယံနှင့်ချီသုံးဆွဲရမည် ဖြစ်ခြင်းကြောင့်ပင်။ ဖုန်းယွီသည် ကျင်းလီပေါင်၏ ကျဆုံးမှုကို စောင့်ရန်သာ လိုအပ်ပြီး ကုမ္ပဏီကို သန်းဂဏန်း ဖြင့် ဝယ်ယူနိုင်ပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေ၊ ဖုန်းယွီသည် လုပ်နိုင်သမျှၐ၅ နည်းလမ်းအနည်းငယ် အသုံးမပြုပါက ယခုအချိန်တွင် လီဟဟသည် ကျင်းလီပေါင်ကို ကျော်ဖြတ်ရန် နည်းလမ်းမရှိတော့ချေ။
ဖုန်းယွီသည် ကျင်းလီပေါင်းကို လှည့်စားရန် လွယ်ကူသော်လည်း မလုပ်ခဲ့ချေ။ ကျရှုံးမှုကို စောင့်ဆိုင်းကာ ဝယ်ယူမည် ဖြစ်ပေသည်။
ထို့အပြင် မသမာသောနည်းလမ်းများ မသုံးဘဲ (၅)နှစ်အတွင်း ကျင်းလီပေါင်ကို အရယူနိုင်မည်ဟု ယုံကြည်ခဲ့ပေသည်။
ကျင်းလီပေါင်၏ အကြီးမားဆုံး ကျရှုံးမှုမှာ ၎င်းတို့၏ အမြတ်အစွန်းများ တိုးမြှင့်လာစေရန် ၎င်းတို့ အမှတ်တံဆိပ်ကို မည်ကဲ့သို့ စီမံခန့်ခွဲ၍ အသုံးချရမည်ကို မသိခြင်းပင်။ ဖုန်းယွီသာ ကျင်းလီပေါင်ကို စီမံခန့်ခွဲမည် ဆိုပါက သူသည် Res Bull ၊ Mai Dong စသည်တို့ကဲ့သို့ အားဖြည့်အချိုရည်များနှင့် ကာဗွန်နိတ် အချိုရည်များ မိတ်ဆက်ပေးမည် သာပင်။ ဤအချိုရည်များသည် ကျင်းလီပေါင်၏ အမှတ်တံဆိပ်နှင့် လိုက်လျောညီထွေရှိပြီး ကုမ္ပဏီ၏ အမြတ်အစွန်းများစွာကို ရရှိစေနိုင်လိမ့်မည်။
သို့ရာတွင် ကျင်းလီပေါင်၌ အားကစားနှင့်ဆိုင်သည့် အချိုရည် တစ်မျိုးသာ ရှိပေသည်။ သူတို့သည် အခြားသော ဆွဲမက်ဖွယ်ရာများ မိတ်ဆက်ခြင်း မပြုကဲ့သို့ ဈေးကွက်အတွက် ကြိုးစားမှုလည်း မပြုလုပ်ခဲ့ချေ။ ရုပ်မြင်သံကြား၏ လွှမ်းမိုးနိုင်မှုကို မသိခဲ့ကြချေ။
ကျင်းလီပေါင်နှင့် ပတ်သက်၍ စိတ်ဝင်စားစရာ တစ်ခုရှိပေသည်။ ကျင်းလီပေါင်သည် လက်ရှိတွင် ကိုကာကိုလာနှင့် ပက်ပ်စီကို တရုတ်နိုင်ငံတွင် မချဲ့ထွင်နိုင်စေရန် တားဆီးနေသည့် အမှတ်တံဆိပ် တစ်ခုဖြစ်သည်။ သို့တိုင်အောင် ကျင်းလီပေါင် ပထမဆုံး ထုတ်လုပ်သည့် ပုလင်းအား ပက်ပ်စီ၏ ထုတ်လုပ်ရေးလိုင်းကို သုံး၍ ထုတ်လုပ်ခဲ့သည်။
ဤသည်ကိုကြည့်၍ ပက်ပ်စီသည် ယခင်က ကျင်းလီပေါင်ကို ကူညီခဲ့ဖူးသော်လည်း။ ကျင်းလီပေါင်သည် တရုတ်နိုင်ငံတွင် လှည့်ပတ်၍ ပက်ပ်စီ၏ တိုးချဲ့မှုကို တားဆီးနိုင်ခဲ့သည်။ ပက်ပ်စီမှ မကျေနပ်ခဲ့ချေ။ ထို့ကြောင့် ကျင်းလီပေါင် ဆုတ်ယုတ်ချိန်၌ ပက်ပ်စီမှ ပစ်မှတ်ထားခဲ့လိုက်သည်။
ကျင်းလီပေါင် ကိုကာကိုလာနှင့် ပက်ပ်စီတို့ တိုးချဲ့မှုကို တားဆီနေချိန်တွင် လီဟဟသည် ကာဗွန်နိတ်အချိုရည်များ ဈေးကွက်ရရှိရန် တတ်နိုင်သမျှ ကြိုးစား မိတ်ဆက်ပေးလိုပေသည်။ လီဟဟသည် နောက်ပိုင်းတွင် ကိုကာကိုလာနှင့် ပက်ပ်စီကို တိုက်ခိုက်ရန် ကျင်းလီပေါင်နှင့် ပူးပေါင်းနိုင်ပေသည်။
လီဟဟသည် ကာဗွန်နိတ်ဖျော်ရည်လုပ်ငန်း၌ အသစ်ဖြစ်လာလိမ့်မည်။ သို့ရာတွင် ဒိန်ချဉ်အချိုရည်အတွက်မူ ဈေးကွက် ခေါင်းဆောင်ဖြစ်ပေသည်။ ဖုန်းယွီသည် လီဟဟမှာ သူ့ယခင်ဘဝတွင် လူကြိုက်အများဆုံး ဖျော်ရည် တစ်ခုဖြစ်သည့် Nutri-Express ကိုမိတ်ဆက်ခဲ့သေးသည်။
Nutri-Express သည် အခြားသော ဗီတာမင် အနည်းငယ်ပါဝင်သည် ဒိန်ချဉ်အချိုရည် တစ်ခုသာဖြစ်သည်။ အထူးအဆန်း မဟုတ်သော်လည်း လီဟဟသည် ထို ဖျော်ရည်တစ်ခုတည်းဖြင့် နှစ်စဉ်ရောင်းအား (၄)ဘီလီယံ ဝင်ငွေရရှိခဲ့သည်။
ဒိန်ချဉ်အချိုရည် ပုလင်းကြီးလော။ ကျုံးချင်ရှောင် အလေးအနက်တွေးကာ ခေါင်းညိတ်လိုက်သည်။ မှန်ပေ၏။ ဤသည်ကို အစက မည်သည့်အတွက် မတွေးမိသနည်း။ ဒိန်ချဉ်ဖျော်ရည်ကို ကလေးများသာမက လူကြီးများပါ သောက်သုံးနိုင်ပေသည်။ ဤသည်က ကုမ္ပဏီအတွက် အမြတ်အစွန်း များစွား တိုးစေပေလိမ့်မည်။
ကျင်းလီပေါင်ကို (၅)နှစ်အတွင်း အမီလိုက်နိုင်ခဲ့သည်။ လီဟဟ သည် တရုတ်နိုင်ငံ၏ အဖျော်ယမကာ လုပ်ငန်း ဈေးကွက်ခေါင်းဆောင်အဖြစ် မည်သည့်အတွက် မဖြစ်နိုင်သနည်း။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)