မည်သို့ ရင်းနှီးမြုပ်နှံချင်သနည်း
Vol. 41 Ch. 610
ဖုန်းယွီနှင့် ကျုံးချင်ရှောင်တို့သည် လီဟဟအတွက် အစီအစဉ်များ ဆွေးနွေးခဲ့ကြပြီး ကျုံးချင်ရှောင်၏ အတွင်းရေးမှူးက လီတဖူ ရောက်လာကြောင်း သတင်းပို့ခဲ့ပေသည်။
ဟန်ကျိုးတွင် ရုံးခန်းမရှိသေးသဖြင့် လီတဖူကို လီဟဟ သို့ ခေါ်လိုက်ခြင်းဖြစ်သည်။ လီတဖူ ရုံးခန်းသို့ မသွားနိုင်ချေ။ လီဟဟ ရုံးသည် ဖုန်းယွီ၏ အခြေစိုက်စခန်းဟု သတ်မှတ်ထားဆဲ မဟုတ်ပေလော။
လီတဖူသည် ဖုန်းယွီမှာ လီဟဟ၏ ရှယ်ယာရှင်ဖြစ်ကြောင်း သိသော်လည်း အဓိကရှယ်ယာရှင်ဖြစ်ကြောင်း မသိချေ။ သူရောက်ရှိလာသည့်အချိန် ကျုံးချင်ရှောင်ကို ဦးစွာနှုတ်ဆက်လိုက်သည်။ ယခင်ကလည်း ကျိမ်ကျန်း စီးပွားရေး အသင်းတွင် တွေ့ဆုံဖူးထားပေသည်။
မည်သည့်အချိန်တွင် စတင်ခဲ့မှန်း မသိသော်လည်း နယ်ပယ်တူ လုပ်ငန်းရှင်များ စုစည်း၍ စီးပွားရေးအသင်း ဖွဲ့စည်းရန် အခြားပြည်နယ်များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ဖြစ်သည်။
ဖုန်းယွီမှာ ထိုအသင်းတွင် ပါဝင်ရန် စိတ်မဝင်စားချေ။ တစ်ဂူတည်းတွင်း ပုန်းအောင်းကာ မိမိ၏ လုပ်ဖော်ကိုင်ဖက်များကို တိုက်ခိုက်၍ မည်သည့် အကျိုးရရှိနိုင်မည်နည်း။ အကယ်၍ ၎င်းတို့ပစ်မှတ်မှာ နိုင်ငံခြား ဈေးကွက် ဖြစ်ပါက ဖုန်းယွီ စိတ်ဝင်စားမိပေလိမ့်မည်။ ထိုအသင်းများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး၊ အကျိုးစီးပွား ကာကွယ်ရန်သာ ကြိုးစားကြပေသည်။ ထိုပုံစံမျိုး ရှေးယခင် ခေတ်ကတည်းမှ ရှိခဲ့ပေသည်။ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဤကျိမ်ကျန်း အသင်းမှာ ဖုန်းယွီအတွက် ဟာသ တစ်ခုသာဖြစ်သည်။ ဤလူများသည် အသင်းဝင် ဖြစ်ရခြင်းအတွက် ဂုဏ်ယူကြပြီး ဤအသင်းမှတစ်ဆင့် ကျိမ်ကျန်း စီးပွားရေးသမားများကို ဂုဏ်ပြုခံလိုကြပေသည်။
လီတဖူနှင့် ပဋိသန္ဓာရစကား ပြောပြီးနောက် ကျုံးချိန်ရှောင် အစည်းအဝေးခန်းမှ ထွက်လာခဲ့လိုက်သည်။ ဖုန်းယွီနှင့် လီတဖူ တို့သာ ကျန်တော့သည်။ ဤကိစ္စမှာ အခြားကုမ္ပဏီကိစ္စ ဖြစ်သဖြင့် စားပွဲဝိုင်းတွင် ကျုံးချိန်ရှောင် ဆက်ထိုင်နေရန် မသင်လျော်ချေ။
“မန်နေဂျာဖုန်း.. မင်းနဲ့ လာတွေ့ရတဲ့ ရည်ရွယ်ချက်ကို သိလောက်မှာပါ.. ငါတို့ရဲ့ တရုတ်နိုင်ငံ မော်တော်ကားလုပ်ငန်း အဆင့်အတန်း မြှင့်တင်ပြီး စောင်ကျန်းမော်တာ တွေကို အရည်အသွေး ပိုမြင့်လာအောင် မင်းနဲ့အတူ လက်တွဲနိုင်လောက်သေးလားလို့ ငါတွေးနေတာ..”
ဖုန်းယွီ လီတဖူကို ယခင်က သူနှင့်အတူ အကောင်းဆုံးသော တရုတ်မော်တော်ကားများ ဖန်တီးရန် စိတ်ဝင်စားလားဟု မေးထားခဲ့ပေသည်။ သို့ရာတွင် လီတဖူက ငြင်းပယ်ခဲ့ပေသည်။ ယခုမူ သူသည် စောင်ကျန်းမော်တာကို ပိုမိုမြင့်မားအောင် အကူအညီပေးချင်သည်ဟုသာ ပြောနိုင်တော့သည်။
“ဒါဆို သေချာစဉ်းစားပြီးပြီလား.. ခင်ဗျားကုမ္ပဏီကရော.. အဲ့ကုမ္ပဏီကို စီမံခန့်ခွဲနိုင်တော့မှာ မဟုတ်ဘူးနော်..”
“ငါ့ ကုမ္ပဏီကို စီမံခန့်ခွဲဖို့ တစ်ယောက်ယောက်နဲ့ လွှဲထားဖို့ ရည်ရွယ်ထားတယ်.. ပမ့်မြို့တော် ယန္တရားကုမ္ပဏီမှာ အလုပ်လုပ်မယ်.. ပြဿနာ တစ်ခုခု ရှိလို့လား..”
ပြင်ပ စီးပွားရေး လုပ်ငန်းများ ပိုင်ဆိုင်ချိန်၌ လူတော်တော်များများသည် အခြားကုမ္ပဏီတစ်ခုတွင် ရာထူးကြီးကြီး မှန်းထားကြပေသည်။ သို့ရာတွင် ဖုန်းယွီ သဘောတူနိုင်မည်လော မသိချေ။
“ပြဿနာ မရှိပါဘူး.. ခင်ဗျားက ပုံမှန် စီမံခန့်ခွဲရေး ဝန်ထမ်းလုပ်မှာလား.. ဒါမှ မဟုတ် ရှယ်ယာ နည်းနည်း ပိုင်ချင်တာလား..”
လီတဖူသည် ယခင်က ဖုန်းယွီခေါ်ယူချိန်တွင် သဘောတူခဲ့ပါက ဖုန်းယွီသည် ရှယ်ယာ အနည်းငယ် ပေးမည်မှာ သေချာပေသည်။ ယခုမူ လီတဖူသည် စတော့ရှယ်ယာများ လိုချင်ပါက ဝယ်ယူရန် လိုအပ်ပေသည်။
“ဟုတ်တယ်.. ကုမ္ပဏီရှယ်ယာ နည်းနည်း လိုချင်တယ်..”
လီတဖူ ပြန်ဖြေရန် တုံ့ဆိုင်းမနေချေ။ ရှယ်ယာများ ပိုင်ဆိုင်မထားပါက သူသည် စောင်ကျန်း မော်တာနှင့် မည်သို့မှ သက်ဆိုင်မည် မဟုတ်ချေ။
ဖုန်းယွီ ခေါင်းညိတ်ပြရင်း..
“ဒါဆို ကျုပ်တွက်ပေးမယ်.. ပမ့်မြို့တော် ယန္တရား ကုမ္ပဏီက လက်ရှိမှာ ယွမ်(၄)ဘီလီယံ လောက် တန်ကြေးရှိတယ်.. ခင်ဗျားမှာ ငွေဘယ်လောက်ရှိလဲ.. ရှယ်ယာ နည်းနည်း ရောင်းပေးနိုင်သေးတယ်..”
လီတဖူ လွန်စွာ အံ့ဩသွားတော့သည်။ ဖုန်းယွီ တွက်ချက်မှု မှားယွင်းနေသည်လော။ ပမ့်မြို့တော် ယန္တရား ကုမ္ပဏီသည် ယွမ်(၄)ဘီလီယံ တန်ဖိုးထိ ရှိသွားပြီလော။
“မန်နေဂျာဖုန်း.. ပမ့်မြို့တော် ယန္တရား ကုမ္ပဏီ အရမ်းတန်နေတာလား..”
“အသေးစိတ် ပြောပြမယ်လေ.. ကျုပ်တို့ရဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေရဲ့ အမှတ်တံဆိပ်နဲ့ နည်းပညာတွေက တရုတ်နိုင်ငံမှာ အကောင်းဆုံးဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ ထိပ်တန်းကုမ္ပဏီ တစ်ခုလေ။ အမှတ်တံဆိပ် တန်ဖိုးတောင် ထည့်တွက်မထားဘူး.. နည်းပညာတွေ၊ စက်ကိရိယာတွေ၊ မြေယာနဲ့ အလုပ်သမားတွေက ယွမ် (၁)ဘီလီံယံကျော် တန်ဖိုးရှိတယ်.. အမှတ်တံဆိပ် တန်ဖိုးကို ထည့်တွက်မယ်ဆိုရင် ယွမ်(၃)ဘီလီယံကျော် တန်ကြေးရှိသွားပြီ..”
လီတဖူ၏ ထိတ်လန့်နေသည့် အမူအရာကြောင့် ဖုန်းယွီ ဂုဏ်ယူနေပေသည်။ အခြားသူများမှာ အမှတ်တံဆိပ် မလိုအပ်ဟု ထင်ကောင်းထင်နိုင်ပေသည်။ သို့ရာတွင် ဖုန်းယွီမှာမူ အမှတ်တံဆိပ်၏ တန်ဖိုးကို သိနေပေသည်။
“ပြီးတော့ ကျုပ်တို့ စောင်ကျင်းမော်တော် ဆိုင်ကယ်တွေက (၁)ဘီလီယံကျော် တန်ဖိုးရှိတယ်… ကျုပ်တို့က တရုတ်နိုင်ငံရဲ့ ထိပ်တန်းမော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးလေ… ကျုပ်တို့ ရောင်းအားက အခုနှစ်ဆို အစီးရေ (၄၅၀၀၀၀)ကျော်လိမ့်မယ်လို့ ခန့်မှန်းထားတယ်..
“စောင်ကျင်း မော်တော်ကားမှာ ကျုပ်တို့ ရင်းနှီးမြုပ်နှံမှုက ပမာဏသေးသေး မဟုတ်ဘူး.. အခုဆို ကျုပ်တို့ ကားတွေက နာမည်ကြီးပြီး ဥရောပထိ တင်ပို့နေရတာ.. ဒီလုပ်ငန်းတစ်ခုတည်းကပဲ (၁)ဘီလီယံကျော် တန်နေပြီ.. (၄)ဘီလီယံ ဆိုတာ အမှတ်တံဆိပ် တန်ဖိုး မပါသေးဘူးဆိုတဲ့ သဘောပဲ.. ပမ့်မြို့တော် ယန္တရား ကုမ္ပဏီရဲ့ အမှတ်တံဆိပ် တန်ဖိုး ထည့်တွက်မယ်ဆိုရင် အနည်းဆုံး (၆)ဘီလီယံလောက် ရှိသွားမှာ..”
လီတဖူ စကားမပြောနိုင်တော့ချေ။ သူ့ကုမ္ပဏီကို ကောင်းကောင်း စီမံခန့်ခွဲ၍ ချမ်းသာနေကြောင်း ထင်နေခဲ့မိသည်။ သူ့ငွေဖြင့် ပမ့်မြို့တော် ယန္တရား ကုမ္ပဏီတွင် ရှယ်ယာ အနည်းငယ် ဝယ်ရန် တတ်နိုင်ကြောင်း ထင်ထားသော်လည်း သူ့ကုမ္ပဏီအား ရောင်းထုတ်လိုက်လျှင်ပင် ရှယ်ယာ(၂)ရာခိုင်နှုန်းခန့်သာ ဝယ်ရန် တတ်နိုင်ပေတော့မည်။ ဤသည်မှာ သူမျှော်မှန်းထားသည့် ရှယ်ယာ(၅)ရာခိုင်နှုန်းထက် လွန်စွာ နိမ့်ကျနေပေသည်။
“မန်နေဂျာဖုန်း.. စောင်ကျန်း မော်တော်ကားတွေမှာ ရှင်းနှီးမြုပ်နှံ ရမလား..”
“စောင်ကျန်း မော်တာတွေမှာ စက်ရုံ(၅)ရုံနဲ့ သုတေသန ဌာန တစ်ခုရှိတယ်.. ဘယ်မှာ ရင်းနှီးမြုပ်နှံချင်တာလဲ.. ခင်ဗျားကို ရှယ်ယာနည်းနည်း ပိုင်နိုင်အောင် ကုမ္ပဏီရဲ့ အနိမ့်ဆုံး နှုံးထား ပြောထားတာ… ကျုပ်တို့က မော်တော်ကား လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုတွေ ပြန်ဖော်ဖို့ မလုပ်သေးဘူးလေ.. ငါတို့ ကုမ္ပဏီရဲ့ အမြတ်အစွန်း အရှိဆုံး လုပ်ငန်းက လယ်ယာလုပ်ငန်းခွင်သုံး စက်ယန္တရားလုပ်ငန်းပဲ.. အဲ့နောက်မှာ မော်တော်ဆိုင်ကယ်နဲ့ ကားတွေက နောက်ဆုံးပေါ့..”
လီတဖူ အံ့ဩသွားတော့သည်။ စောင်ကျန်း မော်တော်ကားများသည် တရုတ်နိုင်ငံတွင် အလွန်ကျော်ကြားပြီး အမြတ်အစွန်းမှာ အနည်းဆုံး ဖြစ်နေသည်လော။ လယ်ယာသုံး စက်ပစ္စည်းများမှ ဤမျှ အမြတ်အစွန်း ရနေသည်လော။
လီတဖူသည် စိုက်ပျိုးရေး ပစ္စည်းကိရိယာများကို နားမလည်ချေ။ စောင်ကျန်း မော်တော်ကားများ၏ အမြတ်အစွန်းများသည် ဆိုင်ကယ်ထက် နည်းမည်ဟု ထင်ထားခဲ့ပေသည်။ စိုက်ပျိုးရေး စက်ပစ္စည်းများမှ ဤမျှ အမြတ်အစွန်း ထွက်မည်ဟု မည်သည့်အခါတွင်မှ ထင်မထားမိခဲ့ချေ။
တရုတ်နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်ခု ဖြစ်ပြီး လယ်သမား သန်း(၉၀၀)ကျော်ရှိပေသည်။ စိုက်ပျိုးရေးသုံး စက်ယန္တရားများ လိုအပ်ချက်မရှိခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။ ထို့အပြင် ပမ့်မြို့တော် ယန္တရားကုမ္ပဏီ၏ အဆောက်အဦများသည် ယခင် ဆိုဗီယက်ယူနီယံမှ ဖြစ်ပေသည်။ ထုတ်ကုန်များ ဈေးသက်သာကာ တာရှည်ခံပေသည်။ နည်းပညာများသည် တရုတ်နိုင်ငံတွင် အကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးများထဲမှ တစ်ခုဟုပင် သတ်မှတ်နိုင်ပေသည်။ ကုမ္ပဏီသည် ၎င်းတို့၏ ရောင်းအားအတွက် စိတ်ပူစရာ မလိုချေ။ လယ်ယာ လုပ်ငန်းသုံး စက်ယန္တရားများမှာ ဝယ်ယူရန် ပြည်သူများ တန်စီ စောင့်ဆိုင်းနေကြသည်။
ဖုန်းယွီသည် ကောက်ရိတ်စက်များ၊ လယ်ထွန်စက်များ စသည်တို့၏ သုတေသနပိုင်းတွင် ကုမ္ပဏီ၏ အသုံးစိတ် တိုးမြှင့်မပေးပါက ၎င်းတို့၏ အမြတ်ငွေမှာ ပိုမို မြင့်မားမည် ဖြစ်ပေသည်။
လယ်ယာသုံး စက်ပစ္စည်းများ ကောင်းမွန်နေသရွေ့ ဝယ်လက် ပြတ်လပ်မည်မဟုတ်ချေ။ ပမ့်မြို့တော် ယန္တရား ကုမ္ပဏီ၏ စိုက်ပျိုးရေးသုံး စက်များသည် တရုတ်နိုင်ငံတွင် အကျော်ကြားဆုံး ဖြစ်သည်။ လယ်သမားများသည် အမှတ်တံဆိပ်ကို ကြည့်ရုံဖြင့် စက်ပစ္စည်းများ ဝယ်ယူချင်နေကြပေသည်။
မော်တော်ဆိုင်ကယ်နှင့် ကားများအတွက် စိုက်ပျိုးရေးသုံး စက်ယန္တရားများမှ နည်းပညာအနည်းငယ် သုံးနိုင်ပေသည်။ ဤသို့ဖြင့် သုနေသနရန်ပုံငွေ များ ချွေတာနိုင်ပေလိမ့်မည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ထိပ်တန်း တာယာထုတ်လုပ်သူ၊ စက်ဆပ်ပစ္စည်း ထုတ်လုပ်သူများ ပမ့်မြို့တော်တွင် ရှိနေပေသည်။ ဤသည်က ကုန်ကျစရိတ် သိသိသာသာ လျော့ကျစေပေသည်။
First Automobile Works သည် တယာနှင့် စက်ဆပ်ပစ္စည်းကုမ္ပဏီအတွက် အစုရှယ်ယာရှင် တစ်ယောက် ဖြစ်သည်။ ဤကုမ္ပဏီများသည် ဖောကား အစိတ်အပိုင်းများအတွက် အဓိက ပံ့ပိုးပေးကြသည်။ ယခုမူ အမှာစာ အများစုသည် ပမ့်မြို့တော် ယန္တရားကုမ္ပဏီမှ ဖြစ်ပေသည်။ ဖောကား ကုမ္ပဏီ စီမံခန့်ခွဲသူများ ဒေါသထွက်ကြတော့သည်။ သို့ရာတွင် ကုမ္ပဏီများ၏ လုပ်ငန်းများကို အနှောက်အယှက် မပေးနိုင်ချေ။ ပမ့်မြို့တော် အစိုးရသည် ထိုကုမ္ပဏီများတွင် အစုရှယ်ယာများ ချုပ်ကိုင်ထားပြီး ဖောကားကုမ္ပဏီ ဝင်ရောက် စွက်ဖက်နိုင်မည့် အနေအထား မဟုတ်ချေ။
ဖောကားသည် ထိုကုမ္ပဏီများအား နည်းပညာများစွာ ပေးခဲ့ပြီး ဖောကားကုမ္ပဏီ အမှုဆောင်ဒါရိုက်တာက သူ့ရန်သူကို ငွေကြေးထောက်ပံ့နေသည်ဟု ယူဆခဲ့ပေသည်။ ဖြစ်နိုင်ပါက ပမ့်မြို့တော်ရှိ ထိုစက်ဆပ်လုပ်ငန်း ကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံရန် အကြံပြုခဲ့သည့် သူ့လက်ထောက် ကိုအလုပ်မှ ထုတ်ပစ်လိုပေသည်။
“မန်နေဂျာလီ.. ဘယ်လိုလဲ.. သေချာစဉ်းစားပြီးပြီလား.. ဘယ်လို ရင်းနှီးမြုပ်နှံချင်လဲ..”
လီတဖူ မျက်နှာ နီရဲနေပေသည်။ သူမည်သို့ ရင်းနှီးမြုပ်နှံနိုင်မည်နည်း။ စက်ရုံတစ်ခုတည်းတွင် ရင်းနှီးမြုပ်နှံပြီး ဖုန်းယွီသည် လုပ်ငန်းလည်ပတ်မှု ပုံစံကို ပြုပြင် ပြောင်းလဲလိုက်ပါက သူ့ရင်းနှီးမြုပ်နှံမှုများအားလုံး ဆုံးရှုံးသွား ပေလိမ့်မည်။ သူအနေဖြင့် အဓိက ကုမ္ပဏီတွင်သာ ရင်းနှီးမြုပ်နှံနိုင်ပေသည်။
သူ့ကုမ္ပဏီအား ရောင်းထုတ်ပစ်သင့် သည်လော။ ကုမ္ပဏီတစ်ခု၏ သူဌေးအဖြစ်မှ ရှယ်ယာ (၁)ရာခိုင်နှုန်း၊ (၂)ရာခိုင်နှုန်းသာ ပိုင်ဆိုင်သည့် ပမွှားရှယ်ယာရှင် ဖြစ်သွားပေလိမ့်မည်။ အမှန်တကယ် ဤသို့ ဖြစ်ရမည်လော။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)