← Chapters

အမြင်တူကြခြင်း (၁)

Vol. 41 Ch. 611

အမြင်တူကြခြင်း (၁)

Vol. 41 Ch. 611

ဖုန်းယွီသည် လီတဖူ တုံ့ဆိုင်းသွားသဖြင့် လက်ဖက်ရည်ကိုသာ တိတ်ဆိတ်စွာ သောက်လိုက်သည်။ လီတဖူကိုသာ ဆုံးဖြတ်ချက် ချစေချင်သည်။ လီတဖူ ဆုံးဖြတ်ခဲ့လျှင်ပင် သူသည် ထိပ်တန်း စီမံခန့်ခွဲရေးသို့ မဝင်နိုင်သေးချေ။ သူသည် ဖုန်းယွီကို ကုမ္ပဏီအား ပိုမိုတိုးတက်ရန် ဦးဆောင်နိုင်ကြောင်း ပြသရပေလိမ့်မည်။ အနည်းဆုံး မော်တော်ဆိုင်ကယ်နှင့် ကားဌာနခွဲတွင် သူ့ကိုယ်သူ သက်သေပြရပေလိမ့်မည်။

“မန်နေဂျာဖုန်း.. ငါ့ကုမ္ပဏီကို ရောင်းပြီး မင်းဆီက ရှယ်ယာဝယ်ရင် ဘယ်လိုရာထူးပေးမှာလဲဆိုတာ မေးလို့ရမလား..”

လီတဖူသည်လည်း လူအ မဟုတ်ချေ။ အစုရှယ်ယာရှင်ဖြစ်လျှင်ပင် စီမံခန့်ခွဲရေး တာဝန် မထမ်းဆောင်နိုင် သေးကြောင်း သိနေပေသည်။

“ဘယ်လို ရာထူးမျိုး လိုချင်တာလဲ.. ခင်ဗျားနဲ့ကျုပ် ခပ်ပြတ်ပြတ် လုပ်မှ ရမယ်.. ကျုပ်ကုမ္ပဏီမှာ ရှယ်ယာရှင် များများစားစားမရှိဘူး.. ကျုပ်တို့တွေ အစုရှယ်ယာရှင် အစည်းအဝေးကို (၄)လတစ်ကြိမ် လုပ်လေ့ရှိတယ်ဆိုပေမယ့် ရှယ်ယာရှင် တော်တော်များများ တက်မှာ မဟုတ်ဘူး.. အဲ့ဒါကြောင့် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်နဲ့ စီမံခန့်ခွဲမှု အများစုကို မန်နေဂျာချုပ်နဲ့ သူ့လက်ထောက်တွေ၊ စက်ရုံဒါရိုက်တာတွေ ဆုံးဖြတ်ကြလိမ့်မယ်.. ခင်ဗျား ဘယ်နေရာလိုချင်တာလဲ..”

လီတဖူ အထွေထွေ မန်နေဂျာ ဖြစ်လိုပါက ဆက်လက်ဆွေးနွေးရန် မလိုတော့ချေ။ ပမ့်မြို့တော် ယန္တရားကုမ္ပဏီတွင် လီမင်သဲ၏ တည်ရှိမှုကို ယခု အစားထိုး၍ မရနိုင်ချေ။ လီတဖူသည် စိုက်ပျိုးရေးသုံး စက်ပစ္စည်းများ အကြောင်း မသိသဖြင့် ဖုန်းယွီသည် ကုမ္ပဏီကို မည်သည့်အခါတွင်မှ လည်ပတ်ခွင့် ပြုမည် မဟုတ်ချေ။

“ငါ မော်တော်ကားဌာနကို တာဝန်ယူချင်တယ်.. လက်ထောက် အထွေထွေ မန်နေဂျာ လုပ်လို့ ရမလား..”

“အခု ကုမ္ပဏီမှာ အထွေထွေမန်နေဂျာနဲ့ လက်ထောက်(၅)ယောက်ရှိတယ်.. ပြီးတော့ ရှယ်ယာရှင်နေနဲ့ ကျုပ်က ဒုညွှန်ကြားရေးမှူး ရာထူးယူထားတယ်.. ပုံမှန်ဆိုရင် ကျုပ်တို့က ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးကို ဂရုမစိုက်ဘူး.. အလုပ်သမား သမဂ္ဂ၊ ဒုဥက္ကဋ္ဌရာထူး ကိုင်ထားတဲ့ တခြားရှယ်ယာရှင်တွေလဲ ရှိသေးတယ်။ ကျန်တဲ့ (၃)ယောက်က ကုမ္ပဏီမှာ အချိန်တော်တော်ကြာ လုပ်ကိုင်ထားကြတာဆိုတော့ ကုမ္ပဏီရဲ့ စီးပွားရေးဈေးကွက်နဲ့ အရမ်း ရင်းနှီးတယ်.. တစ်လှေတည်းစီးဖြစ်ရင်တော့ ခင်ဗျား ဒုကြီးကြပ်ရေးမှု လုပ်သင့်တယ်မို့လား..”

သူ့ဖခင်သည် အလုပ်သမားသမဂ္ဂ၏ ဒုဥက္ကဋ္ဌသာ ဖြစ်နိုင်ပေသည်။ ရင်းနှီးမြုပ်နှံမှုနှင့် စီမံခန့်ခွဲမှုမှာ လုံးဝကွဲပြားခြားနားသည့် ကိစ္စ(၂)ခု ဖြစ်ပေသည်။

လီတဖူသည် သူ့အမြင် ပိုကောင်းစေခဲ့သည်။ သူသာအရည်အချင်းရှိပါက ဖုန်းယွီသူ့ကို ဒုကြီးကြပ်ရေးမှူး ဖြစ်ခွင့်ပေးမည် မဟုတ်ချေ။ သို့ရာတွင် သူ့၌ အတွေ့အကြုံမရှိသဖြင့် ဒုကြီးကြပ်ရေးမှူးဖြစ်လာစဉ် ကျန်လူများ စိတ်မကြည်ကြချေ။

လီတဖူလည်း ဖုန်းယွီပြောသမျှ နားလည်နေပေသည်။ ဒုအထွေထွေမန်နေဂျာ ဖြစ်လျှင်လည်း ယခု ဘာမှ မလုပ်နိုင်သေးချေ။ ဖုန်းယွီ သူ့အစွမ်းအစများကို ဦးစွာမြင်ချင်သေးသည်။

သူ့စွမ်းရည်များကို ကျန်လူများ မေးခွန်းထုတ်လာမည်ထက် လီတဖူကိုယ်တိုင် ထုတ်ပြသည်ကို ပိုသဘောကျပေသည်။

“မန်နေဂျာဖုန်း.. မင်းနဲ့ လာမတွေ့ခင် ငါဈေးကွက်ကို လေ့လာခဲ့သေးတယ်.. ဒါပေမယ့် စိုက်ပျိုးရေး စက်ပစ္စည်း ဈေးကွက်ကိုတော့ ငါမကြည့်ခဲ့မိဘူး.. မော်တော်ဆိုင်ကယ်နဲ့ မော်တော်ကားတွေ တိုးတက်လာမှုနဲ့ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင်အမြင်တစ်မျိုးရှိတယ်..”

ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ လီတဖူ သူကိုယ်တိုင် ဝန်ခံခဲ့သည်လော။

“ကောင်းပြီ.. မော်တော်ဆိုင်ကယ်ကိစ္စအရင်ပြောရအောင်.. ငါတို့ရဲ့ မော်တော်ဆိုင်ကယ် ဖွံ့ဖြိုးတိုးတက်မှုတွေ ဘယ်လိုမြင်လဲ.. နောင်ဆို ငါတို့လုပ်ငန်းကို ဘယ်လိုတိုးတက်လာနိုင်မယ်ဆိုတာ ပြောပြပါ..”

နောက်ဆုံး၌ လီတဖူ အထူးအစီအစဉ်ဖြစ်ကြောင်း ပြောဖြစ်ကြပေပြီ။ လီတဖူ သူ့အမြင် ပြောပြီးပါက အမြင်ပြောင်းလဲသွားမည်ဟု ခံစားနေရသည်။ လက်ထောက် အထွေထွေမန်နေဂျာအဖြစ် ကုမ္ပဏီသို့ ဝင်ရောက်နိုင်ပေသည်။

“ပထမဆုံး စောင်ကျန်း ဆိုင်ကယ်တွေက (၁၂၅)စီစီ တွေလေ.. ဒီမော်တော်ဆိုင်ကယ်တွေက တရုတ်နိုင်ငံမှာ အကောင်းဆုံး နည်းပညာရှိတယ်ဆိုတာ သက်သေပြနေတယ်.. အပြင်ပန်း ပုံစံတွေက ဆွဲဆောင်မှုရှိပြီး သုံးစွဲသူတွေ နှစ်သက်ကြတယ်.. စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းတွေက တခြား တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တွေထက် ပိုကောင်းတယ်.. နောက်ပိုင်း ဒီဆိုင်ကယ်တွေကို CCTV မှာကြော်ငြာပြီး နာမည်ကျော်တွေကိုငှားသင့်တယ်.. ဆိုင်ကယ်တွေ ရောင်းရငွေက အဲ့နှစ်မှာ ကုမ္ပဏီအတွက် အမြတ်အစွန်း တော်တော် များလောက်တယ်..

နောက်ပိုင်းကျ စောင်ကျင်းမော်တာကနေ ထက်ဒီပိုကောင်းတဲ့ ဆိုင်ကယ် မိတ်မဆက်တော့ဘူး.. အဲ့အစား (၁၀၀)စီစီကို မိတ်ဆက်ပေးတယ်.. တခြားမော်တော်ဆိုင်ကယ် ထုတ်လုပ်သူတွေက (၁၅၀)စီစီ မော်တော်ဆိုင်ကယ်တွေ စမိတ်ဆက်ပြီး စွမ်းရည် တိုးမြှင့်လာတယ်.. စောင်ကျန်းမော်တာကပဲ ဆန့်ကျင်ဘက်နည်းလမ်း သုံးပြီးအောင်မြင်သွားတယ်.. ထိုင်ဝမ်နဲ့ ဂျပန်ဈေးကွက်ကို ကြည့်ဖူးတယ်.. အဲ့နိုင်ငံတွေမှာ မော်တော်ဆိုင်ကယ် အရေအတွက်က တရုတ်နိုင်ငံက အရေအတွက်နဲ့ အတူတူပဲဆိုတာ ငါတွေ့လိုက်ရတယ်.. မော်တော်ဆိုင်ကယ် ဝယ်ချင်ပေမယ့် လောင်စာဆီတော့ ပိုမသုံးချင်ကြဘူးလေ.. ဒါကြောင့် ဆိုင်ကယ်လေးတွေမှာ အားသာချက်တွေ ရှိတယ်… ဒါကြောင့် စောင်ကျန်းမော်တာက ပါဝါသေး ဆိုင်ကယ်တွေ ဆက်မိတ်ဆက်သင့်တယ်လို့ ငါခံစားမိတယ်..”

ဤသည်များ ပြောပြီးနောက် လီတဖူ ဖုန်းယွီကို ဂုဏ်ယူဝံ့ကြွားစွာ ကြည့်နေပေသည်။ သူ့အမြင်များကို အကြောင်းပြချက်ကောင်းဟု ခံစားနေရသည်။ ဖုန်းယွီ သူ့စကားများကို အံ့ဩမည်မှာ သေချာပေသည်။ တရုတ်နိုင်ငံ၏ ထုတ်လုပ်သူအားလုံးသည် စွမ်းအင် ပိုမိုကြီးမားသည့် မော်တော်ဆိုင်ကယ်များ တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြပြီး မည်သည့် ကုမ္ပဏီမှ ဆိုင်ကယ်အသေးစားများ မဖန်တီးခဲ့ကြချေ။

သို့ရာတါင် လီတဖူသည် ဖုန်းယွီမျက်နှာပေါ်တွင် တည်ငြိမ်နေသည့် အရိပ်အယောင်များသာ မြင်လိုက်ရပေသည်။ သူ့အကြံဉာဏ်ကြောင့် အံ့ဩမသွားချေ။ ပမ့်မြို့တော် ယန္တရားကုမ္ပဏီမှ တစ်ယောက်‌ယောက် အကြံပြုထားပြီး ဖြစ်နေသည်လော။

ဖုန်းယွီမှာမူ လီတဖူ ထိုကိစ္စစဉ်းစားမိနေသဖြင့် ဝမ်းသာမိသွားသည်။ အမှန်တကယ်တွင် သူ့ယခင်ဘဝ အောင်မြင်ခဲ့သည့် စီးပွားရေးသမားပင်။ လီတဖူ၏ အစီအစဉ်များသည် ယခင် လီမင်သဲ၊ ဖုန်းယွီနှင့် အတူတူပင် ဖြစ်သည်။ သူတို့သည် ယခုနှစ်အတွင်း အသေးစား ဆိုင်ကယ်များ ဆက်လက် မိတ်ဆက်မည်ဖြစ်သည်။ ဆိုင်ကယ်၏ မော်ဒယ်ကိုပင် အချောသတ် ပြီးစီးသွားပြီ ဖြစ်သည်။ (၅၀)စီစီ စကူတာမော်ဒယ်ဖြစ်ပြီး အမျိုးသမီးများအတွက် ဈေးကွက်ကို ပစ်မှတ်ထားခြင်းပင်ဖြစ်သည်။

လီမင်သဲနှင့် ကျန်သူများ ဤကိစ္စကို သံသယ ရှိနေကြသည်။ (၃)ဘီးဆိုင်ကယ်များကို မိတ်ဆက်ကာ ကျေးရွာများကို ပစ်မှတ်ထားသင့်ကြောင်း ယူဆကြသည်။ ထို(၃)ဘီကို ကုန်ပစ္စည်းသယ်ယူရာတွင် သုံးပါက ရောင်းအားကောင်းပေလိမ့်မည်။ စကူတာများနှင့် အမျိုးသမီးဈေးကွက်သည် အောင်မြင်နိုင်မည်လော။

လက်ရှိ တရုတ်နိုင်ငံတွင်အမျိုးသားများသည် အလုပ်လုပ်သင့်သည်ဟု တွေးထင်နေဆဲဖြစ်ပြီး အမျိုးသမီးများ အိမ်တွင်သာ နေသင့်ပေသည်။ အမျိုးသားတော်တော်များများပင် ယခုချိန်ထိ ဆိုင်ကယ်မပိုင်ဆိုင်ကြသေးချေ။ သူတို့ အမျိုးသမီးများအတွက် ဆိုင်ကယ်ဝယ်ယူရန် မည်သည့်အတွင် ငွေသုံးစွဲကြမည်နည်း။

သို့ရာတွင် ဖုန်းယွီသည် နောင်တွင် စကူတာများ၏ ရောင်းအား အံ့အားသင့်လောက်အောင် မြင့်မားလာမည်ကို သိထားပေသည်။ အကယ်၍ သူတို့သည် ယခုအချိန် စတူတာများ မိတ်ဆက်ခြင်းမပြုပါက ဂျပန်နိုင်ငံသည် လာမည်နှစ်တွင် ပထမဆုံး မိတ်ဆက်ပေလိမ့်မည်။ ထို့နောက် စောင်ကျင်းမော်တာသည် ခြေတစ်လှမ်းနောက်ကျ သွားပေလိမ့်မည်။ ယခုနှစ် စတူတာရောင်းအား မမြင့်ဘူးဆိုလျှင်ပင် စောင်ကျင်း မော်တာ အရှုံးပေါ်မည် မဟုတ်ချေ။ အမြတ်အစွန်း အနည်းအများ ကိစ္စသာ ဖြစ်ပေလိမ့်မည်။

(၃)ဘီဆိုင်ကယ်ကိုလည်း ဦးတည်ချက် ကောင်းကောင်းရခဲ့ပေသည်။ ဖုန်းယွီသည် ထိုအဆိုပြုချက်ကို သဘောတူပြီး ထုတ်လုပ်ရေး လိုင်းများကို ဒီဇိုင်းဆွဲရန်တွက် လီမင်သဲအား ခိုင်းလိုက်သည်။ လက်ရှိတွင် ၎င်းတို့၌ လုံလောက်သည့် ထုတ်လုပ်ရေးလိုင်းများ မရှိသဖြင့် ၎င်းတို့၏ ကုမ္ပဏီကို ချဲ့ထွင်ရန် လိုအပ်ပေသည်။ ပမ့်မြို့တော် ယန္တရားကုမ္ပဏီသည် စက်ရုံခွဲများ ထပ်မံ တည်ဆောက်ရန် လုံလောက်သည့် ရန်ပုံငွေ ရှိနေပေသည်။ တခြားသော ဆိုင်ကယ်အမှတ်တံဆိပ်များ၏ စက်ရုံများတွင် အမြဲဝယ်ယူနိုင်ပေသည်။

ဖုန်းယွီသည် မော်တော်ကား လုပ်ငန်းတွင် လီမင်သဲ၏ အမြော်အမြင်ကို သိနေပေသည်။ သို့တိုင်အောင် သူ့အတွက် (၃)ဘီးဆိုင်ကယ်အကြောင်း သေချာတွေးကာ ဖုန်းယွီ ကျေနပ်သွားသည်။

“(၃)ဘီးဆိုင်ကယ်တွေရဲ့ ဈေးကွက်ကို ဘယ်လိုမြင်လဲ.”

ဖုန်းယွီ ကောက်ခါငင်ကာ မေးလိုက်သည်။

“(၃)ဘီးဆိုင်ကယ်လား.. နယ်မြို့နဲ့ ကျေးရွာတွေကို အဓိကပစ်မှတ်ထားတယ်.. အဓိကသုံးတဲ့နေရာက ကုန်စည်ပို့ဆောင်ရေးပေါ့.. ရွာတွေကို ပစ်မှတ်ထားရလိမ့်မယ်.. မြို့ထဲမှာ ရောင်းမယ်ဆိုရင် အကာအကွယ်တွေ သေချာလုပ်ပြီး တက္ကစီလို သုံးလို့ရတယ်..”

ဖုန်းယွီ မျက်လုံးများ တောက်ပလာသည်။ လီတဖူသည် တက္ကစီများကို (၃)ဘီးဆိုင်ကယ်ဖြင့် အစားထိုးရန် စိတ်ကူးနေဆဲ ဖြစ်ပေသည်။ လီမင်သဲနှင့် ကျန်လူများပင် ဤသည်ကို မည်သည့်အချိန်တွင်မှ မတွေးမိခဲ့ကြချေ။ တက္ကစီများကို အစားထိုးအသုံးပြုခြင်းဖြင့် (၃)ဘီးဆိုင်ကယ်များ ခေတ်စားလာခဲ့ကြသည်။ လူများစွာမှ ဤသည်ကို ရှေးကားများ၏ ခေါ်ဆိုကြပြီး တက္ကစီထက် ပိုဈေးသက်သာကာ နှေးကွေးစေပေသည်။ နယ်မြို့အများအပြားနှင့် မြို့ငယ်များသည် တက္ကစီများကို အစားထိုးရန် ဤဆိုင်ကယ်များ သုံးခဲ့ကြသည်။

ထို(၃)ဘီဆိင်ကယ် အငှားယာဉ်များသည် တရားဝင် ဟုတ်မဟုတ် ကနဦး၌ အာဏာပိုင်များ ထုတ်မပြောခဲ့ကြချေ။ (၃)ဘီးဆိုင်ကယ် အငှားယာဉ် အရေအတွက် တိုးလာသဖြင့် အာဏာပိုင်များမှ တားဆီးရန် ပါဝင်လာကြတော့သည်။ သို့ရာတွင် ခရိုင်တော်တော်များများမှာ ထို(၃)ဘီးဆိုင်ကယ်များ လမ်းပေါ်တွင် ပြေးလွှားနေကြဆဲပင်။

ထို(၃)ဘီးများကို တက္ကစီအဖြစ် ခွင့်မပြုသော်လည်း ၎င်းတို့သည် ယခင်က ကုန်တင်ကားများသာ ဖြစ်သည်။ လွန်စွာ နာမည်ကြီးခဲ့သေးသည်။ လီတဖူ တွေးလိုက်မိသဖြင့် ဖုန်းယွီ အလွန် အံ့ဩသွားခဲ့ပေသည်။

ဤအချက်ကို အခြေခံ၍ ဖုန်းယွီသည် လီတဖူကို ခေါ်ကာ ဆိုင်ကယ်လုပ်ငန်းတာဝန် ယူရပေလိမ့်မည်။ သူသည် လီမင်သဲနှင့် ကျန်လက်ထောက်များထက် ပိုတော်ပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters