အမြင်တူကြခြင်း (၂)
Vol. 41 Ch. 612
“မန်နေဂျာလီ.. ကျုပ်ဆိုင်ကယ်ဌာနကို တာဝန်ယူဖို့ စိတ်ဝင်စားလား.. အစုရှယ်ယာဝယ်ပြီးရင် ဆိုင်ကယ် ဈေးကွက်ဌာနကို ကိုင်တွယ်ဖို့ အထွေထွေမန်နေဂျာရာထူး ပေးလို့ရတယ်..”
ဖုန်းယွီ လီတဖူကို ဖိတ်ခေါ်လိုက်သည်။ မော်တော်ဆိုင်ကယ်ဌာနခွဲတာဝန်ခံ ဒုညွှန်ကြားရေးမှူးထက် အမြော်အမြင် ပိုကောင်းကြောင်း ပြသခဲ့ပြီး ဖြစ်သည်။
လီတဖူ ခနတာ အံ့အားသင့်ကာ ခေါင်းယမ်းလိုက်သည်။
“မန်နေဂျာဖုန်း.. ငါ ကားတွေကိုပဲ ကြိုက်တယ်.. မော်တော်ကား ဌာနကို ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်..”
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ လီတဖူသည် မော်တော်ကားဌာနကို စီမံခန့်ခွဲရန် စိတ်မဝင်စားပါက လိုက်ရှာမည် မဟုတ်ချေ။
“ဒါဆိုလဲ ကားတွေအကြောင်းပြောရအောင်.. စောင်ကျင်းမော်တာက ကားတွေအတွက် ဘာအကြံပြုချက်ရှိမလဲ..”
“ကုန်တင် ဗင်ကားတွေအပြင် ကားအမျိုးအစား (၃)မျိုးရှိတယ်.. ဆလွန်းကားလေး.. လမ်းကြမ်းနဲ့ လုပ်ငန်းသုံး ကားတွေပေါ့.. မော်ဒယ်(၃)မျိုး ဈေးကွက်ထဲမှာ ရောင်းမကောင်းလို့ မအောင်မြင်ဘူး.. လမ်းကြမ်းသုံးမှာ အဓိက ဖောက်သည်က စစ်တပ်ပဲ.. ဆလွန်းကားလေးတွေကို ကုမ္ပဏီသုံး ယာဉ်တွေအဖြစ်နဲ့ ရောင်းတယ်.. အဲ့မော်ဒယ်(၂)ခု စလုံးရဲ့ ရောင်းအား ကောင်းနေမှာတဲ့လား..”
“ခင်ဗျား သုံးသပ်ချက် မှန်တယ်.. ဆက်ပြော..”
“အဲ့မော်ဒယ်(၃)မျိုးရဲ့ ဈေးနှုန်းက ယွမ်(၁၀၀၀၀၀)အထက်ပဲ.. ယွမ်(၁၀၀၀၀၀)ဆိုတာ ကားတွေအနေနဲ့ မများဘူး ဆိုပေမယ့် အဲ့ဈေးနှုန်းနဲ့ဆို လူတွေ ကားဝယ်ဖို့ စဉ်းစားမှာမဟုတ်ဘူး.. အမှတ်တံဆိပ် တစ်ခုအောက်မှာ တန်ဘိုးနည်း မော်ဒယ်အသစ် မိတ်ဆက်ပေးသင့်တယ်ထင်တယ်.. အဲ့ မော်ဒယ်အသစ်ရဲ့ ဈေးနှုန်းက ယွမ်(၅၀၀၀၀) ဒါမှမဟုတ် ယွမ် (၃၀၀၀၀) အောက်ပဲ ဖြစ်သင့်တယ်..”
ဖုန်းယွီ တစ်ယောက်တည်း ပြန်တွေးမိလိုက်သည်။ လီတဖူ တန်ဖိုးနည်းဗျူဟာကို သုံးချင်နေသေးသည်။ သို့တိုင်အောင် ကံကောင်းသည်မှာ စောင်ကျင်း မော်တာ အမှတ်တံဆိပ်ကို သုံးမည်ဟု မပြောခဲ့ချေ။ တန်ဘိုးနည်း ကားများသည် အမှတ်တံဆိပ် တန်ဘိုးကို နိမ့်ကျစေပေလိမ့်မည်။ အလယ်အလတ်တန်းမှ အဆင့်မြင့်ကားများ ဆက်လက်ရောင်းချရန် သူတို့အစီအစဉ်များကို လွှမ်းမိုးနိုင်မည် ဖြစ်သည်။
ဖုန်းယွီ တန်ဖိုးနည်းကားများ မိတ်ဆက်ရန် စဉ်းစားဖူးသေးသည်။ သို့ရာတွင်တွင် (၂၀၀၀)ခုနှစ်နောက်ပိုင်း၌ တန်ဖိုးနည်းကားများ ဈေးကွက်သို့ ဝင်ရောက်လာသည်။ ထိုအချိန်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမျာ အရှိန်အဟုန်ဖြင့် တိုးမြင့်လာကာ မော်တော်ကားဝယ်လိုအား မြင့်မားလာချိန်ဖြစ်သည်။ လူအများသည် မိမိတို့ သွားလာရေးအတွက် ကားတစ်စီး ပိုင်ဆိုင်လိုကြပေသည်။
သို့ရာတွင် ယခုအချိန်တွင် လူများ၏ သယ်သူပို့ဆောင်ရေး ပုံစံမှာ မော်တော်ဆိုင်ကယ် ဖြစ်နေဆဲပင်။ စောင်ကျင်း (၁၀၀)စီစီ ကို ယွမ်(၁၀၀၀၀)ဖြင့် ရောင်းချခဲ့ပေသည်။ လူအများသည် ဆိုင်ကယ်စီးအခါ လမ်းအတွက် စိတ်ပူစရာ မလိုအပ်ချေ။ တစ်ခုတည်းသော ပြဿနာမှာ ရာသီဥတုသာ ဖြစ်ပေသည်။
“အခု ကျုပ်တို့တွေ တန်ဖိုးနည်းကားတွေ မိတ်ဆက်ပေးသင့်ပြီလို့ ခင်ဗျားထင်တာလား..”
“မဟုတ်သေးဘူး.. ဒီနည်းပညာကို အခုချိန်ကစပြီး သုတေသနလုပ်… ဆန်းသစ်တီထွင်ပြီးမှ မိတ်ဆက် ပေးသင့်တာ.. အဲ့ပုံစံကို (၃)နှစ် (၄)နှစ်အတွင်း မိတ်ဆက်ပေးနိုင်လောက်တယ်.. ငါတို့ နည်းပညာတွေ အဲ့အချိန်ဆို အသင့်ဖြစ်လောက်တဲ့အပြင် တရုတ်နိုင်ငံ ဝင်ငွေလဲ တိုးလာလိမ့်မယ်.. ကားဝယ်ဖို့ တော်တော်များများ တတ်နိုင်လာလိမ့်မယ်.. မော်တော်ဆိုင်ကယ်တွေ ကောင်းတယ်ဆိုပေမယ့် ကားမောင်းတာက ဆိုင်ကယ် စီးတာထက် သာတယ်ဆိုတာ လူတော်တော်များများ သိသွားကြလိမ့်မယ်..”
“ဒါဆိုလဲ စောင်ကျင်းမော်တာက စွမ်းအားသေးတဲ့ ကားနည်းပညာတွေကို အခုချိန်ကစပြီး တီထွင်သင့်ပြီလို့ ထင်နေတာပေါ့..”
“မဟုတ်ဘူး.. ဇိမ်ခံကားနဲ့ တန်ဖိုးနည်း ကားတွေကို တစ်ပြိုင်တည်း သုတေသန လုပ်သင့်တာ.. စောင်ကျင်း မော်တာ အမှတ်တံဆိပ်က ဇိမ်ခံအမှတ်တံဆိပ် တစ်ခုအဖြစ် ဆက်ရပ်တည်ပြီး အစုလိုက်အပြုံလိုက် ဈေးကွက်ကို ပစ်မှတ်ထား ဖို့က တခြားအမှတ်တံဆိပ်တစ်ခု မိတ်ဆက်ပေးရမယ်.. အဲ့နှစ်ခုစလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်သွားရမှာ..”
“အမျိုးအစား (၂)ခုစလုံးအတွက် နည်းပညာတွေ တီထွင်ရမှာဆိုတော့ သုတေသနအတွက် ငွေဘယ်လောက်တောင် ရင်းနှီးမြုပ်နှံသင့်လဲ.. အရင်းအနှီးများများ မြုပ်နှံထားပြီးရင် ဘယ်အချိန် ပြန်ရနိုင်မလဲ..”
“မော်တော်ယာဉ် ထုတ်လုပ်ရေးဆိုတာ အရင်းအနှီးကြီးတဲ့ လုပ်ငန်းတစ်ခုလေ.. ဒါပေမယ့် ဒီလုပ်ငန်းမှာ နည်းပညာ အရမ်းအရေးကြီးတယ်.. အဲ့လိုမှမဟုတ်ရင် ငါတို့ တရုတ်လုပ် မော်တော်ယာဉ်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဖို့တောင် မလိုတော့ဘူး.. တခြားနိုင်ငံက မော်တော်ကားထုတ်လုပ်သူတွေက အမြတ်အစွန်းအတွက် သူတို့ နည်းပညာတွေကိုပဲ အားကိုးကြတာ.. ငါတို့ စောင်ကျင်း မော်တော်ယာဉ်တွေ တရုတ်နိုင်ငံမှာ အကောင်းဆုံး နည်းပညာတွေရှိပေမယ့် တခြား ပြည်ပထုတ်လုပ်သူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခေတ်နောက်ကျနေတုန်းပဲ.. တကယ်လို့ ငါတို့နည်းပညာတွေ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်မတန်းနိုင်ရင် တရုတ်နိုင်ငံမှာပဲ ကျန်နေမှာ.. ဥရောပဈေးကွက်တောင် တခြားမော်တော်ကား ကုမ္ပဏီတွေ သိမ်းသွားလိမ့်မယ်..”
ဖုန်းယွီ၏ ယခင်ဘဝတွင် Geely သည် နည်းပညာဆိုင်ရာ တိုးတက်မှုများကို အလေးထားခဲ့သည်။ ၎င်းတို့သည် အမှတ်တံဆိပ် အတွက်သာမက Volvo ကိုဝယ်ယူခဲ့ပေသည်။ Volvo ၏နည်းပညာကို လိုချင်ကြ၍ ဖြစ်သည်။ ထို့ကြောင့် Geely သည် နာမည်ကျဆင်းနေသည့် အမှတ်တံဆိပ်အတွက် ဈေးနှုန်း မြင့်မားစွာ ပေးဆောင်ရခြင်း ဖြစ်သည်။
ဖုန်းယွီသည် လီမင်သဲအား နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အာရုံစိုက်ရန် အမြဲပြောခဲ့ပေသည်။ နည်းပညာ အားသာချက်မရှိဘဲ အလုပ်သမားများအပေါ်မှသာ အမြတ်ထုတ်နိုင်ပေသည်။ သို့ဖြစ်လာပါက ထုတ်လုပ်ရေးပိုင်း မည်သို့ သုံးနိုင်မည်နည်း။
ဖုန်းယွီသည် မော်တော်ကား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုသာ သိပေသည်။ စက်မှုလုပ်ငန်းမှာ အနာဂတ် နည်းပညာများ အကြောင်း သိထားပေသည်။ သို့ရာတွင် ထိုနည်းပညာများကို မည်သို့ တီထွင်ခဲ့ကြောင်း သူမသိချေ။
ကံကောင်းသည်မှာ ပမ့်မြို့တော် ယန္တရား ကုမ္ပဏီသည် အထူးကျွမ်းကျင်သူများနှင့် ထိုသို့သော ကျွမ်းကျင်သူများစွာ ငှားရမ်းခဲ့သည်။ အများစုမှာ ယခင် ဆိုဗီယက် ယူနီယံမှ အင်ဂျင်နီယာများ ဖြစ်ကြသည်။ ကုမ္ပဏီသည် တစ်ချိန်တည်းမှာပင် တရုတ်အင်ဂျင်နီယာများ မွေးထုတ် ပျိုးထောင်ပေးခဲ့သည်။
နိုင်ငံခြားရှိ မော်တော်ကား ထုတ်လုပ်သူများနှင့် နှိုင်းယှဉ်ပါက စောင်ကျင်းမော်တာ၏ တိုးတက်မှုသည် မြန်ဆန်သည်ဟု ယူဆ၍မရချေ။ သို့ရာတွင် နှေးကွေးသည်ဟုလည်း မဆိုနိုင်ချေ။ စောင်ကျင်းမော်တာ နည်းပညာ များသည် တရုတ်နိုင်ငံရှိ ဖက်စပ်လုပ်ငန်းစုများထက် ပို၍ မြန်ဆန်နေပေသည်။
စောင်ကျင်းမော်တာသည် တရုတ်နိုင်ငံတွင် နည်းပညာ ပိုမိုအဆင့်မြင့်လာသောကြောင့် မဟုတ်ချေ။ အဓိကအားဖြင့် အပြင်ပန်း ဒီဇိုင်းများ၊ စွမ်းဆောင်ရည်၊ ဈေးနှုန်းများ စသည်တို့ကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးမှာ အစိုးရနှင့် စစ်တပ်မှ ဝယ်ယူရေးဖြစ်သည်။
စစ်တပ်မှ စောင်ကျင်းမော်တာ၏ မော်တော်ကားများကို ဝယ်ပြီးကနည်းက ထိုအမှတ်တံဆိပ်အကြောင်း တရုတ်များ သိသွားသည်။ စောင်ကျင်းမော်တော်ကားများကိ ဥရောပသို့ တင်ပို့ခဲ့သည်။ ပြည်နယ် အများအပြား၏ အစိုးရသည် စောင်ကျင်းမော်တော်ကားများကို အစုလိုက်အပြုံလိုက် ဝယ်ယူမှုများ စတင်နေချေပြီ။
ဖုန်းယွီ ယခင်ဘဝ၌ ဒေသန္တရအစိုးရများသည် SAIC နှင့် ဖောကားများကိုသာ ဝယ်ယူမည်ဖြစ်သည်။ အော်ဒီနှင့် စတန်နာ တို့ကိုလဲ သုံးခဲ့ကြသည်။ ဈေးနှုန်းတူသော်လည်း စောင်ကျင်းမော်တာသည် ပို၍ကြည့်ကောင်းပြီး သက်တောင့်သက်သာ ရှိပေသည်။ အရေးအကြီးဆုံးမှာ ပြည်တွင်းအမှတ်တံဆိပ် ဖြစ်ခြင်းပင်။ စောင်ကျင်း မော်တော်ကားများ ဝယ်ယူသည့်အခါ ဒေသဆိုင်ရာ အစိုးရများသည် ၎င်းတို့သည် ပြည်တွင်းအမှတ်တံဆပ်ကို ပံ့ပိုးပေးသည်ဟုသာ ယူဆထားကြသည်။ ဤသည်မှာ အဖွဲ့အစည်းများသည် ၎င်းတို့၏ အထက်အရာရှိများ အပြစ်တင်မခံရဘဲ ကာဝယ်နိုင်ရန် အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပေသည်။
ဤနှစ်အနည်းငယ်အတွင်း စီးပွားရေးရည်ရွယ်ချက်ဖြင့် မော်တော်ကားများကို အလျင်အမြန်ဆုံး တီထွင်ခဲ့သည့် နှစ်များ ဖြစ်သည်။ ဒေသန္တရ အစိုးရအားလုံး နီးပါးသည် မော်တော်ကား ပမာဏ များပြားစွာ ဝယ်ယူကြသည်။ ဖုန်းယွီ ယခင်ဘဝ၌ (၁၉၉၅)ခုနှစ်တွင် တစ်ယောက်ချင်းစီ၏ မော်တော်ကားများအတွက် အသုံးပြုသည့် အသုံးစရိတ် စာရင်းဇယားများကို ဖော်ပြခဲ့သည်။ အစိုးရမှ ကားများအတွက် သုံးသည့် ပမာဏသည် လာမည့်နှစ်ပိုင်း အတွင်း တိုးတက်လာနေသေးသည်။
တရုတ်အစိုးရသည် ဒေသန္တရအစိုးရမှ ဝယ်ယူသည့် ယာဉ်အရေအတွက်ကို ကန့်သတ်ရန် လိုအပ်ပေသည်။ ဖုန်းယွီသည် ပြည်ပထုတ်လုပ်သူများထံမှ ဈေးကွက်လုယူခဲ့ပြီး စောင်ကျင်း မော်တာ နည်းပညာများကို အဆင့်မြှင့်တင်ရန် ရရှိလာသည့် အမြတ်ငွေများကို သုံးခဲ့ပေသည်။
လီတဖူ၌ ဖုန်းယွီနှင့် တူညီသော အတွေးအခေါ်များစွာ ရှိနေပေသည်။ ဖုန်းယွီ လီတဖူကို သဘောကျခဲ့ပြီး မော်တော်ကားဌာနကို ကိုင်တွယ်ခွင့်ပြုခြင်းသည် မဆိုးလှကြောင်း ခံစားခဲ့ရသည်။
“မန်နေဂျာလီ.. ခင်ဗျား အမြင်တွေကို ကျုပ်သဘောတူတယ်.. ခင်ဗျားက ပမ့်မြို့တော် ယန္တရား ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ သင့်တော်ပါတယ်.. အခု ရှယ်ယာတွေ ဝယ်ဖို့ ငွေဘယ်လောက်ရှိတယ်ဆိုတာ ကျုပ်ကို ပြောလို့ရပြီ..”
ဖုန်းယွီ အပြုံးဖြင့် မေးလိုက်သည်။
“ငါ့ကုမ္ပဏီကို ရောင်းလိုက်ရင် သန်း (၆၀)(၇၀)လောက် ရမယ်.. စုထားတဲ့ငွေနဲ့ဆိုရင် သန်း(၈၀)လောက်တော့ ရှိမယ်.. (၂)ရာခိုင်နှုန်း ဝယ်ချင်တယ်..”
“မန်နေဂျာလီ … ခင်ဗျားကုမ္ပဏီက ကောင်းနေတာလေ.. ခင်ဗျားကုမ္ပဏီကို ရောင်းထုတ်တယ်ဆိုတာ မိုက်မဲတာလို့ မထင်ဘူးလား.. ကျုပ်ဆီက ရှယ်ယာတွေ ဝယ်ပြီးရင် အမြတ်အများကြီး ရနိုင်မှာ မဟုတ်ဘူးနော်..”
“ကျုပ်ကုမ္ပဏီက အကန့်အသတ်ထိ ရောက်သွားပြီ.. ရန်ပုံငွေ ထပ်မတိုးနိုင်ရင် အောင်မြင်မှု တစ်ခုခု ရဖို့ လုပ်နိုင်တော့မှာ မဟုတ်ဘူး.. ပြီးတော့ မော်တော်ကား လုပ်ငန်းရဲ့ အနာဂတ်ကို တော်တော် စဉ်းစားထားတယ်.. ပမ့်မြို့တော် ယန္တရားကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက (၃)နှစ်ကနေ(၅)နှစ်အကြား အဆပေါင်းတော်တော်များများ တက်လာမယ်လို့ ငါခံစားနေရတယ်..”
“ကောင်းပြီလေ.. ကျုပ်တို့ကို ယုံကြည်ထားတဲ့အတွက် ခင်ဗျားကို အတိုးမပါဘဲ သီးသန့်ချေးငွေ (၂)သန်းပေးမယ်.. ရှယ်ယာ (၂.၅)ရာခိုင်နှုန်း ဝယ်နိုင်လိမ့်မယ်.. ခင်ဗျား ဘယ်လိုထင်လဲ..”
လီတဖူ ဝမ်းသာသွားတော့သည်။
“ကျေးဇူးအများကြီးတင်ပါတယ်.. မန်နေဂျာဖုန်း… စောင်ကျင်းမော်တာကို ဒီထက် ပိုမြင့်မားအောင် (၁၀၀) ရာခိုင်နှုန်း အားစိုက်လုပ်သွားပါ့မယ်..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)