← Chapters

ပိုင်ဆိုင်မှုမှ ဖွဲ့စည်းပုံသို့ ပြောင်းလဲခြင်းများ

Vol. 41 Ch. 613

ပိုင်ဆိုင်မှုမှ ဖွဲ့စည်းပုံသို့ ပြောင်းလဲခြင်းများ

Vol. 41 Ch. 613

“မင်္ဂလာပါ အဖေ.. ကျွန်တော် တစ်ခုလောက် ဆွေးနွေးချင်လို့ အချိန်ရမလား..”

“ဘာကိစ္စလဲ.. ငါအလုပ်ရှုတ်နေတယ်.. လိုရင်းကိုပြောကွာ.. ရပ်စမ်း စန်းဝမ် ငါနိုင်ပြီ..”

ဖုန်းယွီ ပြောစရာမဲ့သွားတော့သည်။ အလုပ်များနေသည်ဟု ပြောသည်လော။ မာကျောက် ကစားခြင်းကို အလုပ်များသည်ဟု ယူဆ၍ ရမည်လော။

“အဖေ.. ပမ့်မြို့တော် ယန္တရားကုမ္ပဏီရဲ့ ရှယ်ယာတွေ သားကို ရောင်းပေးပါလား..”

ဖုန်းရှင်းထိုင်သည်လည်း ပမ့်မြို့တော် ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို ရယူထားပေသည်။ သို့ရာတွင် ဂရုစိုက်ခြင်း မရှိချေ။ အမြတ်ဝေစုများပင်လျှင် ဖုန်းယွီ၏ အကောင့်ထဲသို့ ထည့်ထားပေသည်။ သူ့ကိုယ်သူ ရှယ်ယာရှင် တစ်ဦးဆိုသည်ကိုပင် မေ့နေချေသည်။

ဖုန်းယွီ ထိုအကြောင်း ပြောသည့်အခါတွင်မှ စိတ်ရှုတ်သွားတော့သည်။

“မင်း အရိုက်ခံချင်နေတာလားကွ.. ဟမ်.. အဲ့ရှယ်ယာတွေက အစကတည်းက မင်းအတွက်ပဲလေ..”

“အဖေ.. သားကို ရှယ်ယာတွေ ရောင်းပြီး ဖြစ်ကြောင်း သက်သေပြဖို့ အနည်းဆုံးတော့ စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးရမယ်.. ထိုင်ဟွာ ကုန်သွယ်ရေးမှာ ငွေနည်းနည်း ကျန်သေးတယ်.. ကျွန်တော် အဖေ့ဆီ လွှဲလိုက်မယ်.. အဲ့ငွေတွေ အဖေ့စက်ရုံမျာ ရင်းနှီးမြုပ်နှံလို့ရတယ်.. ထိုင်ဟွာရဲ့ ပြုပြင်ဆဲ စားသောက်ကုန် စက်ရုံက အမြန်နှုန်းနဲ့ ချဲ့ထွင်နေတာဆိုတော့ ငွေလိုနေတယ်လေ..”

“ဟုတ်ပြီ.. ဟုတ်ပြီ.. စာချုပ်မှာ လက်မှတ်ထိုးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်.. ငါလက်မှတ်ထိုးပေးမယ်.. အဲ့ကိစ္စတွေအတွက်နဲ့တော့ စိတ်ရှုတ်မခံနိုင်ဘူးကွ.. ဟေ့.. ဟေ့.. ငါ့အလှည့်လေ.. ဝိုး.. ခြောက်ကွ..”

“အဆင်ပြေတယ်ဆို ရှေ့နေလွှတ်လိုက်မယ်.. နှုတ်ခမ်းမွေးကြီးနဲ့ ကုလားဖြူကြီးလေ.. အဖေ နောက်ဆို ပမ့်မြို့တော် ယန္တရားကုမ္ပဏီမှာ ဘယ်ရာထူးမှ ကိုင်ထားနိုင်မှာ မဟုတ်တော့ဘူး.. အဖေ့ရုံးကိုပဲ ပြန်သွားရမှာ..”

“ငါသိပါတယ်ကွာ.. တခြားကိစ္စရှိသေးလား.. ကျောင်းတက်ရတာရော အဆင်ပြေလား.. အတန်းက သင်ခန်းစာတွေ နားလည်ရဲ့လား..”

“ဟုတ်ကဲ့.. ပြဿနာမရှိပါဘူး.. အဖေ.. အခု ဖုန်းဆက်လိုက်တော့မယ်နော်.. အလုပ်တွေ ရှိသေးလို့..”

ဖုန်းယွီ ဖုန်းအမြန်ချလိုက်ရသည်။ မည်သည့်ကျောင်းကို ပြောနေသနည်း။ ဖုန်းယွီသည် တရုတ်ပြည်တွင် ရှိနေဆဲဖြစ်ပြီး ဟောင်ကောင်သို့ မပြန်သေးချေ။

*******

“အဘိုးကြီးဖုန်း.. ငါတို့ မာကျောက်ကစားနေတုန်း မင်း ဖုန်းမပြောလို့ မရဘူးလား.. ဖုန်းကိုင်နိုင်တာ မင်းတစ်ယောက်ထဲလို့ ထင်နေလား..”

ဝမ်သဲကောင်း လှမ်းပြောလိုက်သည်။ ဖုန်းပြောနေစဉ် ဖုန်းရှင်းထိုင် မျက်နှာပေါ်၌ စိတ်အနှောက်အယှက် ဖြစ်မှုများ အထင်းသား ပေါ်လွင်နေပေသည်။ လက်ကိုင်ဖုန်းကို ပို၍ မြင်သာအောင် လုပ်လိုက်တော့သည်။ ဝမ်သဲကောင်းတွင် ပင် ပေဂျာတစ်ခုသာ ရှိနေသည် မဟုတ်ပေလော။

“ဖုန်းပြန်ဖြေတာ ဘာဖြစ်လို့လဲ.. ဖုန်းတောင် မဖြေရတော့ဘူးလား.. မင်းသားက မင်းအတွက် လက်ကိုင်ဖုန်း ဝယ်ပေးချင်နေတယ်.. မင်းက မလိုချင်ဘူးလေ.. ဘယ့်သူ့ကို လာအပြစ်တင်နေတာတုန်း..”

ဖုန်းရှင်းထိုင်သည် (၁)ယွမ်(၂)ယွမ် တုံကင်များထိပ်တွင် သူ့လက်ကိုင်ဖုန်းကို တမင်တင်ထားလိုက်တော့သည်။

ဖုန်းရှင်းထိုင် ယခုအချိန်တွင် ချမ်းသာသော်လည်း သူ့တွင် သူငယ်ချင်း များစွာ မရှိသည်ကို သတိထားမိခဲ့သည်။ မြစ်ကမ်းနံဘေးတွင် လမ်းလျှောက်ခြင်း၊ ငါးဖမ်းခြင်းတို့ဖြင့် နေ့ရက်များ ကုန်ဆုံးနေပေသည်။ သူ့ပိုက်ဆံများမျာ မကုန်နိုင်သော်လည်း မိတ်ဆွေများမှာမူ အလုပ်ကိုယ်စီ လုပ်နေကြရဆဲပင်။

တနင်္ဂနွေရုံးပိတ်ရက်များတွင်သာ ဖုန်းရှင်းထိုင်သည် ဝမ်သဲကောင်းနှင့် တွေ့ဆုံနိုင်ပြီး မာကျောက် ကစားနိုင်ပေသည်။

ကျန်းမူဟွားကမူ မတူညီချေ။ ဖုန်းယွီ မိတ်ဆက်ပေးစဉ်က ဝါသနာတစ်ခုရှိကြောင်း သိပေသည်။ သိုးမွှေးထိုးခြင်းပင်ဖြစ်သည်။

သိုးမွှေးထိုးခြင်းသည် ရှေးခေတ် အနုပညာလက်ရာ တစ်ခု ဖြစ်သော်လည်း ယနေ့ခေတ်တွင်မူ ရေပန်းမစားတော့ချေ။ ဖုန်းယွီ ယခင်ဘဝတွင် သိုးမွှေးထည်သည် (၂၀၀၅)ခုနှစ်တွင်သာ ရေပန်းစားခဲ့ပေသည်။ လက်ရှိ၌ သိုးမွှေးထိုး ပစ္စည်းစက်ရုံ တစ်ရုံသာရှိပြီး ဒီဇိုင်းတစ်ခုသာ ရှိသေးပေသည်။

ဖုန်းယွီသည် နိုင်ငံရပ်ခြားမှ ဒီဇိုင်းများ ထပ်မံယူဆောင်လာရန် သူ့လူများကို စေခိုင်းပြီးနောက် ကျန်းမူဟွား စွဲစွဲလန်းလန်း ဖြစ်သွားတော့သည်။ သူ့အိမ်နီးနားချင်းများနှင့် ဆွေးနွေး ဝေမျှခဲ့ပြီး အားလပ်ချိန်များတွင် စုစည်းတွေ့ဆုံကာ သိုးမွှေးထိုးကြလေ့ရှိသည်။

*****

(၃)ရက် ကြာပြီးနောက် လီတဖူ သူ့ကုမ္ပဏီကို ရောင်းချလိုက်သည်။ အလျှင်လိုနေသဖြင့် သန်း(၇၀)တန် ကုမ္ပဏီတစ်ခုကို (၆၅)သန်းဖြင့် ရောင်းချခဲ့ရလေသည်။ ကျိမ်ကျန်း စီးပွားရေးအသင်းမှ စီးပွားရေးသမား တစ်ယောက်ထံ ရောင်းချခဲ့ခြင်းဖြစ်သည်။

လီတဖူ၏ ကုမ္ပဏသည် နှစ်စဉ် အမြတ်ငွေ (၁၀)သန်းကျော် ရရှိခဲ့ပေသည်။ သူ့တွင် ရန်ပုံငွေ ရှိပါက ထို့ထက်မက တိုးလာနိုင်သေးသည်။ ယခင်ဘဝက လီတဖူသည် သူ့လုပ်ငန်း ကြီးထွားရန်အတွက် ဘဏ်ချေးငွေများ ချေးကား ဆိုင်ကယ်လုပ်ငန်း စတင်ခဲ့လေသည်။ နောက်ပိုင်းတွင် Geely ကို တည်ထောင်ခဲ့ပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters