ငွေကြေးစစ်ပွဲအတွက် ဒေါက်တိုင်တစ်ခု
Vol. 41 Ch. 614
ကျောင်းစတက်သည်မှာ (၁၀)ရက်ရှိပြီ ဖြစ်ပြီး ဖုန်းယွီကို တစ်ကြိမ်မျှ မတွေ့ခဲ့ရပေ။ ခွင့်တိုင်ကြားထားခြင်း မရှိသဖြင့် တက္ကသိုလ်မှ စိတ်ပူကာ ဖုန်းဆက်ခဲ့သည်။
လီတဖူနှင့် ပမ့်မြို့တော် ယန္တရားကုမ္ပဏီတို့ကြောင့် သူ၏ တက္ကသိုလ်မှ အားလပ်ရက်လျှောက်လွှာကို မေ့သွားကြောင့် ဖုန်းယွီသတိရသွားတော့သည်။
ဖုန်းယွီ သူ့ကျောင်းကို တောင်းပန်ကာ ဟောင်ကောင်သို့ ချက်ချင်း ပြန်လာခဲ့တော့သည်။ ယန္တရားကုမ္ပဏီတွင်မူ ကျန်အသေးစိတ်အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ စီမံခန့်ခွဲရေးဌာနသို့ ထားခဲ့လိုက်သည်။ တစ်ခုခု ဖြစ်သွားပါက ဖူကွမ်းကျန့် အကူအညီပေးနိုင်ပေသည်။ ယခု ဖူကွမ်းကျန့်သည့် သူ့အချိန် တော်တော်များများကို တရုတ်နိုင်ငံတွင် ကုန်ဆုံးနေရတော့သည်။
ဖုန်းယွီ တက္ကသိုလ်သို့ အမြန်ပြန်တက်ရသည့် ထောက်ထပ် အကြောင်းပြချက်တစ်ခုမှာ ပါမောက္ခလင်း၏ အတန်း မလွတ်ချင်သောကြောင့်ပင်။ ထို ပါမောက္ခသည် ဖုန်းယွီ ယခင်ဘဝက Soro’s Quantum Fund တွင် တရုတ်နှင့် ဟောင်ကောင််််််််််၏ ရန်ပုံငွေများ စီမံခန့်ခွဲခွင့် ပြန်လည်ရရှိအောင် ကူညီပေးခဲ့သည့် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သည်။
ဖုန်းယွီသည် ဟယ်ကျောက်ကျီးအား ပါမောက္ခလင်းနှင့် ဆက်သွယ်ရန် ပြောလိုက်သည်။ ဖုန်းယွီ သူ့ကို လေနှင့်မိုး အတိုင်ပင်ခံတွင် အလုပ်ခန့်ချင်နေပေသည်။်ကုမ္ပဏီရှယ်ယာများနှင့် ကမ်းလှမ်းခဲ့သော်လည်း ပါမောက္ခလင်းက ငြင်းဆိုခဲ့ပေသည်။
ပါမောက္ခလင်းသည် သူဌေးတစ်ယောက် မဟုတ်သော်လည်း ဟောင်ကောင် တက္ကသိုလ်မှ ရရှိသည့် သူ့လစာမှ မသေးလှချေ။ ထို့အပြင် ငွေကြေးဈေးကွက်တွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်ပေသည်။ သူ့ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ပေသည်။
ပါမောက္ခလင်းသည် မချမ်းသာသော်လည်း သူဌေးကြီးများအား အကြံဉာဏ်ပေးသည့် အလုပ်တစ်ခု ရနိုင်ပေသည်။ သူ့ပိုင်ဆိုင်မှုသည် နှစ်ပိုင်းအတွင်း ဟောင်ကောင်ဒေါ်လာ (၁၀)သန်းကျော်အထိ တိုးလာခဲ့ပေသည်။ ဟောင်ကောင် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုတွင် အလွန်ကျော်ကြားလာခဲ့သည်။ ဖူရုံချီအပါအဝင် သူဌေးကြီး တော်တော်များများ သူ့ကို ခေါ်ယူချင်နေကြပေသည်။ သို့ရာတွင် ကမ်းလှမ်းမှုများအား ငြင်းဆိုနေမြဲပင်။ သူသည် သုနေသနလုပ်ရန်သာ စိတ်ဝင်စားပြီး ငွေကြေးသည် ဦးစားပေးမဟုတ်ကြောင်း ပြောကြားခဲ့သည်။ သူ၏ စိတ်ဝင်စားမှုသည် ဟောင်ကောင် ငွေကြေးစွမ်းအားများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို လေ့လာရန်သာဖြစ်သည်။
ပါမောက္ခလင်းသည် ငွေကြေး၊ အမျိုးသမီးများနှင့် အခြားသော အကျင့်ဆိုးများ မကြိုက်သဖြင့် ဖုန်းယွီ သူ့ကို စည်းရုံးရန် နည်းလမ်းမရှိဖြစ်နေပေသည်။ သို့ရာတွင် ဖုန်းယွီသည် ပါမောက္ခလင်းကို အခေါ်ယူနိုင်သော်လည်း အနည်းဆုံး မိတ်ဆွေ ဖြစ်နိုင်သည်ဟု ယူဆခဲ့ပေသည်။
ထို့ကြောင့် ဖုန်းယွီ ဟောင်ကောင်တွင် ရှိစဉ် ပါမောက္ခလင်း၏ ဟောပြောပွဲသို့ တက်ရောက်ခဲ့သည်။ ပါမောက္ခလင်း၏ အတန်းထဲတွင် ထိုင်ရန် အခြားအတန်းများကိုပင် အလွတ်ခံခဲ့ပေသည်။ ပါမောက္ခလင်းသည် အတန်းတိုင်း လိုလိုတွင် မြင်ရပါများလာသဖြင့် ဖုန်းယွီကို သတိထားမိလာခဲ့သည်။
ပါမောက္ခလင်းသည် ဖုန်းယွီ၏ ဝတ်စားဆင်ယင်မှုကြောင့် ဟောင်ကောင်၏ လူချမ်းသာ မျိုးဆက်သစ်ဟုယူဆကာ ဟောပြောပွဲတက်ရောက်ရန် စေလွှတ်ခံထားရသည်ဟု မှတ်ယူထားသည်။ ထိုလူငယ်သည် ဟောင်ကောင် တက္ကသိုလ်မှ ကျောင်းသားတစ်ဦးပင် ဖြစ်နိုင်သေးသည်။
သို့ရာတွင် ပါမောက္ခလင်းသည် ဖုန်းယွီနှင့် စကားပြောကြည့်သည့်အခါ ဤလူငယ်၏ ငွေကြေးဈေးကွက်ဆိုင်ရာ ထိုးထွင်းသိမြင်မှုကြောင့် အံ့အားသင့်သွားတော့သည်။ ထိုပါရမီရှင်မျိုး ဟောင်ကောင်တွင် မည်သည့်အချိန်တွင် ပေါ်ပေါက်လာခဲ့ပေသနည်း။ ဖုန်းယွီသည် မည်သည့် မိသားစုမှ ဖြစ်သနည်း။
ပါမောက္ခလင်းသည် ဖုန်းယွီ၏ အမည်ကို သိသည့်အခါ ဟောင်ကောင်ရှိ မျိုးရိုးနာမည်တူ သူဌေးကြီး တစ်ယောက်ကို စဉ်းစားနေလိုက်သည်။ ဟောင်ကောင်တွင် ငွေရေးကြေးရေးကျွမ်းကျင်သူ သို့တည်းမဟုတ် ဖုန်းဟူသည့် မျိုးရိုးအမည်ဖြင့် သူဌေးကြီး မရှိချေ။
ဖုန်းယွီနှင့် အချိန်အတော်ကြာ စကားပြောခဲ့ပြီး ဖုန်းယွီသည် ပေကျင်းတက္ကသိုလ်မှ သားဖလှယ်ရေး ကျောင်းသား တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထို့ကြောင့် ပါမောက္ခလင်း အံ့အားသင့်သွားခဲ့ရသည်။ ပြည်မကြီးသား တစ်ယောက်သည် ငွေကြေးဈေးကွက်ကို မည်သည့်အတွက် ကောင်းကောင်း နားလည်နေသနည်း။
ပါမောက္ခလင်း အနေဖြင့် ပြည်မကြီးသားများကို နိမ့်ချခြင်းမဟုတ်ချေ။ မည်သည့်အတွက်ဟူမူ တရုတ်၏ ဘဏ္ဍာရေးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်မှုသည် ဟောင်ကောင်ထက် များစွာ နောက်ကျနေပေသည်။ သူသည် တရုတ်နိုင်ငံ၏ ငွေကြေးဈေးကွက်ကိုလည်း သုတေသနပြုခဲ့ပြီး စနစ်များတွင် ဟာကွက်များစွာ တွေ့ခဲ့ရပေသည်။ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဈေးကွက်သည် ကျန်ကမ္ဘာ့နိုင်ငံများနှင့် ဖွင့်လှစ် ကူးလူးပါက ဆိုးရွားသွားမည်ဖြစ်သည်။
နောက်ပိုင်းတွင် ငွေကြေးဈေးကွက် စတင်ခဲ့သည့် နိုင်ငံတစ်ခုတွင် ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာခဲ့ပေပြီ။ ပါမောက္ခလင်း အံ့ဩသွားတော့သည်။ ဖုန်းယွီ၏ ငွေကြေးဈေးကွက်နှင့်ပတ်သက်သည့် အရည်အချင်းများသည် ဟောင်ကောင် ထိပ်တန်း စီးပွားရေးသမားများထက် များစွာကျော်လွန်နေပေပြီ။ အစစ်အမှန် ဉာဏ်ကြီးရှင် တစ်ယောက်ပင်။
ပါမောက္ခလင်းသည် ဖုန်းယွီမှာ လေနှင့်မိုး အတိုင်ပင်ခံ၏ သူဌေးဖြစ်ကြောင်း သိသည့်အခါတွင်မူ မေးရိုးပြုတ်ကျ သွားတော့သည်။
ဖုန်းယွီသည် အလွန်ငယ်လွန်းသေးသည်။ သင်ယူလိုစိတ် ပြင်းပြရုံသာမက နောက်ကွယ်မှ အခြေခံ သီအိုရီများ အားလုံးကိုလည်း သိနေပေသည်။ လက်တွေ့ အတွေ့အကြုံများလည်း ရှိနေပေသည်။ ဖုန်းယွီကဲ့သို့ ထက်မြက်သော သူမျိုး ဤကမ္ဘာပေါ်တွင် မရှိသင့်ချေ။
ဖုန်းယွီသည် ပါမောက္ခလင်းကို သူ့ဟောပြောပွဲများကို သဘောကျကာ၊ သူ့ထံမှ များစွာ သင်ယူနိုင်ခဲ့ကြောင်း ပြောခဲ့သဖြင့် ပါမောက္ခလင်း ဂုဏ်ယူနေတော့သည်။
ပါမောက္ခလင်း၏ အနေဖြင့် ကျောင်းသားတစ်ယောက် ဤသို့ပြောလာသည်မှာ ပုံမှန်ဟု ခံစားရပြီး ထူး၍ ပျော်ရွှင် နေမည်မဟုတ်ချေ။ သို့ရာတွင် ဖုန်းယွီကဲ့သို့ ဉာဏ်ကြီးရှင်တစ်ယောက် သို့တည်းမဟုတ် အောင်မြင်နေသည့် သူဌေးကြီးတစ်ယောက် ပြောလာလျှင်မူ အလွန်ဝမ်းသာသွားကြပေလိမ့်မည်။
ပြောကြားသူ မတူညီသဖြင့် တူညီသောစကားလုံးများ၏ အကျိုးရလဒ်များသည် ကွာခြားမှုကို ပေးစွမ်းနိုင်ပေသည်။
ထို့ကြောင့် ပါမောက္ခလင်းသည် ဖုန်းယွီအား ဟောပြောပွဲ အချိန်ဇယား ပေးခဲ့ပြီး သင်ခန်းစာများကိုပါ လာရောက် တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။ ပါမောက္ခလင်းသည် တက္ကသိုလ်တွင် ပို့ချချက် အများစုသည် ကျောင်းသားများ ဝေဖန်နိုင်ခြင်းမရှိကြောင်း ခံစားခဲ့ရသည်။ တက်ရောက်လိုပါက ရွေးချယ်နိုင်ပေသည်။ ကျောင်းသား အများစုသည်လည်း သူတို့လိုချင်သည့် သင်ခန်းစာများကို တက်ရောက်ရန် သူ့ဟောပြောပွဲများကို မေ့ထားတတ်ကြပေသည်။
ပါမောက္ခလင်းသည် ကထိက အများစုနှင့် အတူတူသာပင်။ သူ့သင်ခန်းစာများအား လိုက်လံတက်ရောက်သည့် ကျောင်းသားကို သဘောကျပြီး ကျောင်းသားဦးရေ တိုးလာသည့်အခါ ဂုဏ်ယူမိကြသည်။ ဖုန်းယွီကဲ့သို့သော ကျောင်းသား တစ်ယောက် သူ့သင်ခန်းစာများကို နှစ်သက်ကြောင့် ပြောလာသည့်အခါ ပို၍ပင် ဂုဏ်ယူနေမိသည်။
သို့ရာတွင် စာသင်ချိန်စတင်သည့်အခါ ပါမောက္ခလင်းသည် သူ့သင်ခန်းစာတော်တော်များများတွင် ဖုန်းယွီကို မတွေ့ခဲ့ရချေ။ ဖုန်းယွီမှ သူ့ ကျောင်းသားဖလှယ်ရေးကာလ တစ်နှစ်သာရှိကြောင်း ပြောခဲ့ပြီး ပါမောက္ခလင်းမှ သူ့သင်ခန်းစာများကို မည်သည့်အတွက် ကျော်သွားကြောင်း သိချင်နေသည်။
ပါမောက္ခလင်းသည် အခြားကျောင်းသားများ အတန်းလွတ်ခြင်းကို စိတ်မဝင်စားချေ။ သို့ရာတွင် ဖုန်းယွီအား မတွေ့ရသည့်အခါ စိတ်ပျက်သွားမိသည်။
ဖုန်းယွီ သူ့သင်ခန်းစာများအား စိတ်မဝင်စားလေသည်လော။
သို့ရာတွင် ယနေ့ ပါမောက္ခလင်း သူ့အတန်းထဲ၌ ရင်းနှီးသည့် ရုပ်သွင်းတစ်ခု မြင်လိုက်ရပြီး စိတ်အားထက်သန်စွာ သင်ကြား ပို့ချနေတော့သည်။
သင်ခန်းစာအပြီးတွင် ဖုန်းယွီသည် ပါမောက္ခလင်း၏ ရုံးခန်းသို့ လိုက်လာခဲ့သည်။
“ဖုန်းယွီ.. ပြီးခဲ့တဲ့ ရက်တွေ ဘယ်ရောက်နေလဲ.. ငါ့သင်ခန်းစာတွေကို ဘာလို့ အလေးအနက် မထားမိတာတုန်း..”
“ပါမောက္ခလင်း.. ကျွန်တော် တရုတ်ကို ပြန်သွားရတာ.. ကျွန်တော့ ကုမ္ပဏီမှာ မဖြစ်မနေ တက်စရာ ကိစ္စတစ်ခု ရှိနေတယ်လေ..”
“တရုတ်ပြည်မှာလဲ မင်းရဲ့ ကုမ္ပဏီ ရှိသေးတာလား..”
ပါမောက္ခလင်း အံ့ဩသွားတော့သည်။ သို့ရာတွင် ပြန်လည်တွေးကြည့်သည့်အခါ ဖြစ်သင့်ကြောင်း ခံစားလိုက်ရသည်။ ဖုန်းယွီသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးလုပ်ငန်းသည် ယခုမှ စတင်ခဲ့ပြီး စီးပွားရေးသည် အနာဂတ်တွင် ဟောင်ကောင်ထက် များစွာ ပိုကောင်းလာမည် ဖြစ်သည်။ သို့ရာတွင် လက်ရှိတွင် ဟောင်ကောင်၏ အခြေအနေသည် ပြည်မကြီးထက် ပိုကောင်းနေသေးသည်။ ဟောင်ကောင်သည့် ယခုအချိန်တွင် ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေး အချက်အချာ နေရာ တစ်ခု ဖြစ်ပေသည်။
“ဟုတ်ကဲ့.. ကျုပ် တရုတ်မှာ ကုမ္ပဏီ နည်းနည်း ရှိတယ်..”
ဖုန်းယွီ နှိမ့်ချစွာပင် ပြန်ပြောလိုက်သည်။
အနည်းငယ်လော။ ပါမောက္ခလင်း ဖုန်းယွီအား ပိုတွက်ထားသော်လည်း နှိမ့်ချတတ်သူဟု ထင်မြင်သွားသည်။
“မင်းတို့ ကုမ္ပဏီ တရုတ်မှာ ဘာလုပ်တာလဲ.. ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ကိစ္စတွေလား..”
ဖုန်းယွီ ခေါင်းခါ၍..
“တရုတ်ပြည်ရဲ့ ငွေကြေးဈေးကွက်က မကောင်းဘူးလေ.. ဟောင်ကောင် ဒါမှမဟုတ် အနောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်လို့မရဘူး.. တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်တယ်ဆိုတာ စက်မှုလုပ်ငန်းတွေပါပဲ… အဓိကကတော့ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတွေပါပဲ..”
ရင်းနှီးမြုပ်နှံသူများသည် ငွေကြေးဈေးကွက်တွင်သာ ကုန်သွယ်ကြခြင်း မဟုတ်ချေ။ အချို့သော ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများတွင်ပါ ရင်းနှီးမြုပ်နှံကြပေသည်။ တစ်ယောက်ယောက်သည် သူ့ငွေအားလုံးကို ငွေကြေးဈေးကွက်တွင် ထည့်ထားပါက အန္တရာယ် ရှိသည် မဟုတ်ပေလော။ ဈေးကွက်ပျက်စီးသွားပါက ပိုင်ဆိုင်မှုများအားလုံး ဆုံးရှုံးသွားနိုင်ပေသည်။ အခြားသော စက်မှုလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများဖြင့် တကျော့ပြန် ရုန်းထနိုင်ပေသေးသည်။
ထိုအကြောင်း ပါမောက္ခလင်း ဖုန်းယွီအား ပြောဖူးပေသည်။ သို့ရာတွင် ထိုအချိန်၌ ဖုန်းယွီတွင် အခြားစီးပွားရေး လုပ်ငန်းများ ရှိနေသည်ကို သူသတိမထားမိခဲ့ချေ။
“ပါမောက္ခလင်း.. ဇူလိုင်လကျရင် ကျုပ် တရုတ်ကို ပြန်ရအုံးမယ်.. ဟောင်ကောင်ကို နောက်တစ်ကြိမ် ဘယ်အချိန်မှ ပြန်လာရမယ်ဆိုတာ မသေချာပါဘူး.. လေနှင့်မိုး အတိုင်ပင်ခံရဲ့ ရံပုံငွေတွေကို တကယ်ကြီး စီမံခန်ခွဲမှု မလုပ်ချင်ဘူးလား.. လေနှင့်မိုး အတိုင်ပင်ခံ ရန်ပုံငွေ အရမ်းနည်းနေတယ်ဆိုရင် ကျုပ် ထပ်တိုးပေးနိုင်ပါတယ်..”
ဖုန်းယွီသည် ပါမောက္ခလင်းကို ထပ်မံစည်းရုံးရန် ကြိုးစားခဲ့သည်။
ပါမောက္ခလင်း ရယ်ရင်း ခေါင်းယမ်းလိုက်သည်။
“အရင်ကလဲ ပြောဖူးပါတယ်လေ.. အခု အမေရိကန် စတော့ဈေးကွက် ကောင်းနေတယ်.. ဈေးကွက် နားလည် သဘောပေါက်ရုံနဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ အမြတ်အစွန်း မြင့်မြင့် ရနိုင်မှာပါ.. မင်းငါ့ကို ကူညီဖို့ မလိုပါဘူး..”
“ဒါဆို တစ်ရက်ရက် ကျုပ် ဂျော့ချ်ဆိုးရော့စ်နဲ့ အနောက်နိုင်ငံ ငွေရေးကြေးရေး သားကောင်တွေကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျား ကျုပ်ကို ကူညီနိုင်မလား..”
ပါမောက္ခလင်း မျက်နှာ ပြောင်းလဲသွားတော့သည်။
“မင်း Quantum Funds ကို ဆန့်ကျင်ချင်နေတာလား.. မင်းမှာသာ တကယ်အရည်အချင်းရှိရင် ငါပါဖို့ စိတ်ဝင်စားမှာပါ.. အဲ့ အနောက်တိုင်း သားကောင်တွေ တန်ရာတန်ကြေး ပေးရမယ့် အချိန်ရောက်ပြီ..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)