← Chapters

စိတ်ပျက်နေသည့် လီကျယ်ခိုင်

Vol. 41 Ch. 615

စိတ်ပျက်နေသည့် လီကျယ်ခိုင်

Vol. 41 Ch. 615

ပါမောက္ခလင်းထံမှ သူလိုချင်သည့် အဖြေရသည့်အခါ ဖုန်းယွီ စိတ်လှုပ်ရှားသွားသည်။ ပါမောက္ခလင်းသည် (၁၉၉၇)လုနှစ်တွင် သူ့အဖွဲ့၌ ပါဝင်လာပေလိမ့်မည်။ ဟောင်ကောင် အစိုးရသည် ပါမောက္ခလင်းကို အစားထိုးမည်လော။

သို့ရာတွင် ဖုန်းယွီ၏ ရံပုံငွေများသည် Quantum Funds များကို ပစ်မှတ်ထားခြင်းကြောင့် ပြဿနာ မရှိလောက်ချေ။ ဤသည်မှာ ဟောင်ကောင် အစိုးရ ပြုလုပ်မည့် ကိစ္စနှင့် အတူတူသာပင်။ ဖုန်းယွီသည်ပင် ဟောင်ကောင်အစိုးရ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာနိုင်ပေသည်။

ဖုန်းယွီ နေ့စဉ် သင်ခန်းစာများ တက်ကာ အားလပ်ချိန်တွင် ရုပ်ရှင်သွား၊ ငါးမျှား သွားတတ်ပေသည်။ ဖုန်းယွီအတွက် ငြိမ်းချမ်းသော ဘဝဖြစ်ခဲ့သော်လည်း ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင်တို့မှာမူ ထိုသို့ မဟုတ်ကြချေ။ အလွန် အလုပ်များနေပေသည်။

ဖူကွမ်းကျန့်ကမူ ထိန်းကျောင်းနိုင်သေးသည်။ သူ့ဖခင်သည် ဟောင်ကောင်တွင် သူ့စီးပွားရေးများကို စီမံခန့်ခွဲရန် ကူညီခဲ့သည် မဟုတ်ပေလော။ သူစိတ်ပူစရာမလိုချေ။ လီကျယ်ခိုင်မှာမူ မတူညီချေ။ သူ၏ ငြိမ်းချမ်းရေး ရာစုနှစ်အဖွဲ့ကို စီမံခန့်ခွဲရန်နှင့် တရုတ်နိုင်ငံတွင် ထိုင်ဟွာကုန်တိုက် တည်ထောင်ရန် လိုအပ်နေပေသည်။

ငြိမ်းချမ်းရေးရာစုနှစ်အဖွဲ့တွင် လီကျယ်ခိုင် တက်ရောက်ရန် ကိစ္စအနည်းငယ် ရှိသဖြင့် ဟောင်ကောင်သို့ ပြန်သွားရပေလိမ့်မည်။ ငြိမ်းချမ်းရေးရာစုနှစ်အဖွဲ့တွင် သူအလုပ် လုပ်ပြီးနောက် (၂)ရက်အနားယူကာ ဖုန်းယွီနှင့် ညစာစားရန် ပြောလိုက်သည်။

******

“ဒါ မင်းပြောတဲ့ စားသောက်ဆိုင်လား.. ဟိုတုန်းက ဒီကိုရောက်ဖူးပါတယ်.. အစားအသောက်မဆိုးပေမယ့် အရသာတော့ မပြောတတ်တော့ဘူး.. နှစ်ကူးမတိုင်ခင် ဒီစားသောက်ဆိုင် ဖူမိသားစုကို ရောင်းချခဲ့တာ သတိရမိပါသေးတယ်…”

လီကျယ်ခိုင် ပင်နီစူလာတွင် စားချင်သော်လည်း ဖုန်းယွီ ဤစားသောက်ဆိုင်သို့သာ လာရန်ပြောခဲ့ပေသည်။ ဖုန်းယွီ

အပြင်ဘက်မှ ဆိုင်းဘုတ်အား လက်ညှိုးညွှန်ပြရင်း..

“ဒီဟာ.. မင်းမြင်လား.. ဒီစားသောက်ဆိုင်နာမည်က အရင်အတိုင်းပါပဲ.. ဒါပေမယ့် မင်းရှေ့မှာ ချွမ်ကျွီသဲရဲ့ အထူးစားဖွယ်(၃)မျိုး ရှိတယ်..”

“ချွမ်ကျွီသဲလား… ငါအရင်က ကြားဖူးပါတယ်.. အဲ့ဒါ ပေကျင်းက နာမည်ကြီး စားသောက်ဆိုင်မို့လား.. ဘဲကင် ရမယ်ထင်တယ်.. ဖူမိသားစုက ဘဲကင်တွေ ရောင်းဖို့ ဒီစားသောက်ဆိုင်ကို ဝယ်လိုက်တာလား..”

လီကျယ်ခိုင် စိတ်ဝင်တစား မေးလိုက်သည်။

ဖုန်းယွီ ရယ်ချင်လာတော့သည်။ လီကျယ်ခိုင် ပြောစကားများကို ဖူကွမ်းကျန့် ကြားပါက သေချာပေါက် ရန်ဖြစ်ပေတော့မည်။

“စားသောက်ဆိုင်ခွဲတွေပေါ့.. မူရင်း စားဖိုမှူးတွေ အနီးကပ် ရှိတဲ့အပြင် စားသုံးနိုင်တဲ့စာရင်း (မီနူး)မှာ အထူးဟင်းလျာအသစ် နည်းနည်း ထည့်ထားသေးတယ်..”

ဖုန်းယွီ ပြန်ရှင်းပြလိုက်သည်။

တခါးမှ ကောင်လေးတစ်ယောက် တံခါးဖွင့် ပေးသဖြင့် ဝင်လိုက်ကြသည်။ စားသောက်ဆိုင် ကြမ်းပြင်ကို နင်းမိလိုက်သည်နှင့် မန်နေဂျာက ဖုန်းယွီကိုမြင်ကာ အပြေးတစ်ပိုင်းသွားလိုက်သည်..

“မန်နေဂျာဖုန်း… ဆရာလီ.. မင်းတို့အတွက် ဒုတိယထပ်မှာ စားပွဲပြင်ထားပါတယ်.. ငါကိုယ်တိုင် လမ်းပြပေးပါ့မယ်..”

လီကျယ်ခိုင် မန်နေဂျာကိုတစ်လှည့် ဖုန်းယွီကို တလှည့် ကြည့်နေပေသည်။ ဟောင်ကောင် သတင်းစာများတွင် မကြာခဏဆိုသလို ပေါ်ထွက်နေသဖြင့် လူအများက အသိအမှတ်ပြုလေ့ရှိသည်။ သို့ရာတွင် ထိုမန်နေဂျာသည် ဖုန်းယွီအား မည်သို့ မှတ်မိနေသနည်း။ ဖုန်းယွီက ထိုစားသောက်ဆိုင်တွင် မကြာခဏ လာလည်သည့်အတွက် သူတို့ သိနေသည်လော။

နှစ်ယောက်စလုံး စားပွဲတွင် ထိုင်လိုက်သည့်အခါ စားပွဲထိုးတစ်ယောက် တွန်းလှည်းတွန်းလာသည်ကို မြင်ရကာ မီနူးကို ကြည့်လိုက်သည်။ သူသည် ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီ သူတို့မလာခင် အစားအသောက် ကြိုတင် မှားထားခဲ့သည်လော။

အများအားဖြင့် သူငယ်ချင်းနှစ်ယောက် ညစာအတူစားကြသည့်အခါ ကြိုတင်မမှာထားတတ်ကြချေ။ ရောက်ရှိမှသာ သူတို့ကြိုက်ရာ မှာကြားပေလိမ့်မည်။ ဖုန်းယွီ ထိုသို့ပြုလုပ်မည့်သူ မဟုတ်ချေ။ လီကျယ်ခိုင် အနေဖြင့် ဖုန်းယွီ သူ့ကို ပြချင်သည့် ဟင်းပွဲများလားဟု တွေးနေတော့သည်။

ဘဲ….. ဘဲကင်လော…။

လီကျယ်ခိုင်သည် ယခင်က ချွမ်ကျွီသဲ၏ ဘဲကင်များကို စားဖူးပေသည်။ သူသည် ပေကျင်းသို့ ရောက်ဖူးကာ သူ့အနေအထားအရ စားသောက်ခြင်းများမှာ ထိပ်တန်း စားသောက်ဆိုင်များတွင်သာ ဖြစ်ပေသည်။

ဖုန်းယွီ သူ့အား ထိုဘဲကင်ကို ပြသရန် ဤစားသောက်ဆိုင်ကို ရွေးချယ်ခဲ့သည်လော။

ပြီးခဲ့သည့် လပိုင်းတွင် လီကျယ်ခိုင်သည် သူ့အလုပ်များဖြင့် မအားလပ်နိုင်ဘဲ စာရွက်များတွင် ဖော်ပြခဲ့သည့် တရုတ်နိုင်ငံ၏ ထိပ်တန်းအစားအစာ ဇယားများကို သတိမထားမိခဲ့ချေ။ လီကျယ်ခိုင်သည် ဘဲကင်စားခြင်းကို အမှန်တကယ် မကြိုက်ချေ။ ချွမ်ကျွီသဲ၏ ဘဲကင်များသည် သူ့အရသာနှင့် မကိုက်ညီကြောင်း သူခံစားခဲ့ရသည်။

“အစ်ကိုခိုင်.. ဒီဘဲကင်လုပ်နည်းကို ဟောင်ကောင်သားတွေရဲ့ အရသာနဲ့ ကိုက်အောင် ပြောင်းလဲထားတယ်.. မြည်းကြည့်စမ်းပါအုံး..”

လီကျယ်ခိုင် တစ်ကိုက် ကိုက်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ထိုဘဲကင်မှာ တရုတ်မှာထက် စာရသည်မှာ ပို၍ပင် အရသာရှိနေပေသည်။ ရွေးချယ်မှု မှန်ကန်သည့် စားသောက်ဆိုင်ပင်။

“အစ်ကိုဖုန်း.. မင်း ဒီဆိုင်မှာ ပုံမှန်လာနေကျလား..”

ဖုန်းယွီ အပြုံးဖြင့်ပင်..

“ငါ အခေါက်ရေ နည်းနည်းပဲ ရောက်ဖူးသေးတာ.. မန်နေဂျာ ငါ့ကို ဘာလို့မသိတာလဲဆိုတာ သိချင်လို့လား.. ဘာလို့လဲဆိုတော့ ဒီစားသောက်ဆိုင်ရဲ့ ရှယ်ယာတွေ ငါပိုင်ထားလို့လေ..”

“ဒီစားသောက်ဆိုင်ကို မင်းနဲ့ ဖူမိသားစု ဖွင့်ထားတာလား..”

လီကျယ်ခိုင် အံ့ဩသွားသည်။ ဖုန်းယွီသည် ဖူမိသားစုနှင့် စားသောက်ဆိုင် ဖွင့်ထားသည်လော။

ဖုန်းယွီဖြစ်စေ၊ ဖူမိသားစုဖြစ်စေ စားသောက်ဆိုင် ဖွင့်နိုင်ကြပေသည်။ နှစ်ဦးစလုံး (၁၀)ဆိုင်ပင် ဖွင့်နိုင်ပေသေးသည်။ မည်သည့်အတွက် ပူးပေါင်းရန်လိုအပ်သနည်း။ ထို့အပြင် စားသောက်ဆိုင်များသည် အမြတ်အစွန်း များနေသည်လော။ ဤစားသောက်ဆိုင်တွင် အထူးသီးသန့် ဘဲကင်နှင့် ဖောက်သည်များ တိုးလာပါက ၎င်းတို့သည် ငွေမည်မျှ ပိုရနိုင်မည်နည်း။ ဤစားသောက်ဆိုင်ဖွင့်ရန် သုံးထားသည့် ရန်ပုံငွေများကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

“ဒီစားသောက်ဆိုင်တင် မကဘူး… ဖူကွမ်းကျန့်နဲ့ ငါတို့က တွဲဖက်ဖြစ်တဲ့အပြင် ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ စားသောက်ဆိုင်တွေ ဝယ်နိုင်အောင် ဖူမိသားစုကို ပြောခဲ့ရသေးတယ်.. ငါတို့က ဒီကုမ္ပဏီကို ချွမ်ကျွီသဲနဲ့ ပေါင်းပြီး ချွမ်ကျွီသဲ အုပ်စု ဖွဲ့စည်းဖို့လေ.. ငါတို့က အာရှမှာ အကြီးဆုံး စားသောက်ဆိုင်တွေ ဖန်တီးဖို့ ချွမ်ကျွီသဲ အမှတ်တံဆိပ်ကို သုံးရမှာ.. ဒီနေ့ အဲ့ဘဲကင်ကို မြည်းစမ်းကြည့်ဖို့ ငါပြောတာပေါ့.. ဒီဘဲကင်နဲ့ အထူးအချဉ်ရည်ကို မင်းဘယ်လိုထင်လဲ..”

ချွမ်ကျွီသဲ အဖွဲ့လော။ အာရှ၏ အကြီးမားဆုံး စားသောက်ဆိုင်များလော။

စားသောက်ဆိုင် တစ်ခုတည်းဆိုပါက အကျိုးအမြတ် မရနိုင်ချေ။ သို့ရာတွင် စားသောက်ဆိုင်ခွဲများ ရှိလျှင် မတူတော့ချေ။ အမြတ်အစွန်း အလွန်ရပေတော့မည်။ နောင်တွင် အဖွဲ့အား စာရင်းသွင်းလိုက်ပါက ရှယ်ယာဈေးများ တက်မည်မဟုတ်ချေ။ သို့ရာတွင် အခြားသော အင်အားစုများ ထိုးဖောက်နိုင်တော့မည် မဟုတ်ချေ။

လီကျယ်ခိုင် ထိုအကြောင်း ခေတ္တတွေးကာ ရင်းနှီးမြုပ်နှံမှုကောင်း တစ်ခုဟု ခံစားမိလိုက်သည်။

“ဘဲကင်က အရသာကောင်းတယ်.. ဒီရင်းနှီးမြုပ်နှံမှု ဘယ်တုန်းက စလိုက်တာလဲ..”

လီကျယ်ခိုင် ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

“ပြီးခဲ့တဲ့ တစ်လလောက်ကပါ..”

လီကျယ်ခိုင် စိတ်ပျက်သွားတော့သည်။ ဖုန်းယွီနှင့် အချိန်အတော်ကြာ ရင်းနှီးခဲ့ပြီး ဖုန်းယွီက ဖူကွမ်းကျန့်ကို သူ့အစား ရင်းနှီးမြုပ်နှံရန် ပြောခဲ့သည်။ ဖုန်းယွီသည် ဖူကွမ်းကျန့်နှင့် ပို၍ရင်းနှီးပုံရပြီး လီကျယ်ခိုင် သူနှင့် မနှိုင်းယှဉ်နိုင်ချေ။

“ပြီးခဲ့တဲ့ နှစ်က ဒီအစီအစဉ်တွေ စခဲ့တာ.. ဖူမိသားစု အဲ့တုန်းက စားသောက်ဆိုင်တွေ စဝယ်ကြတယ်လေ.. လူတော်တော်များများ သူတို့ကို ရယ်ကြတာပေါ့.. ဒါပေမယ့် စားသောက်ဆိုင်အားလုံးကို ချွမ်းကျွီသဲနဲ့ ပေါင်းလိုက်တော့ သူတို့တန်ဘိုးတွေ တက်လာတာပေါ့… စားသောက်ဆိုင်တွေက ချွမ်ကျွီသဲ အုပ်စုကို ဝင်လာပြီးတော့ ရောင်းအားတိုးလာတယ်လေ.. အကောင်းဆုံး စားသောက်ဆိုင်ရဲ့ လစဉ်ရောင်းအားက (၅၀)ရာခိုင်နှုန်း တိုးလာတယ်.. ရင်းနှီးမြုပ်နှံမှု ပမာဏ များပေမယ့် (၂)နှစ်(၃)နှစ်အတွင်း ပြန်ရလောက်တယ်.. ဒါ တော်တော်ကောင်းတဲ့ သဘောတူချက်တစ်ခုလို့ ငါခံစားမိနေတယ်..”

လီကျယ်ခိုင် စိတ်အတွင်း တွေးမိနေတော့သည်။ ဤသည်က အလွန်ကောင်းသည့် သဘောတူညီချက် တစ်ခုပင်။ စားသောက်ဆိုင်များ၏ ရောင်းအားတိုးလာသဖြင့် အမြတ်ငွေတိုးလာပေတော့မည်။ ရင်းနှီးမြုပ်နှံထားသည့် ပမာဏသည် (၂)နှစ် (၃)နှစ်အတွင်း ပြန်လည်ရရှိမည်ဖြစ်ပြီး အမြတ်အစွန်း များစွာရရှိမည် ဖြစ်သည်။ ထိုအချိန်တွင် ကုမ္ပဏီကို စာရင်းသွင်းထားသင့်ပြီး ၎င်းတို့သည် ဝင်ငွေများ ထပ်ကာထပ်ကာ ဝင်ငွေရရှိမည် ဖြစ်သည်။ ထိုသို့ ကောင်းမွန်သည့် ရင်းနှီးမြုပ်နှံမှုတွင် မည်သည့်အတွက် ပါဝင်ခွင့်မရနိုင်သနည်း။

သို့ရာတွင် လီကျယ်ခိုင် ခေတ္တစဉ်းစားလိုက်သည်။ ဖုန်းယွီ သူ့ကို ထိုလုပ်ငန်းအတွင်း ပါဝင်ရန် ဖိတ်ခေါ်လျှင်ပင် သူပါဝင်နိုင်မည် မဟုတ်ချေ။ စီးပွားရေးလုပ်ငန်း အပါအဝင် စားသောက်ဆိုင်ကြီးတစ်ခုသည် အနည်းဆုံး သန်းဆယ်ချီ ကုန်ကျပေလိမ့်မည်။ ဖူမိသားစု ဝယ်ယူခဲ့သည့် စားသောက်ဆိုင်များအကြောင်းကိုလည်း သူကြားထားပေသည်။ ထိုလုပ်ငန်းတွင် ပါဝင်ခဲ့မည်ဆိုပါက သူ၏ ချို့တဲ့လွန်းသည့် ရံပုံငွေနှင့် ဘာလုပ်နိုင်မည်နည်း။

လီကျယ်ခိုင် သူ့ဖခင်ထံ ငွေထပ်တောင်းပါက ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။ သို့ရာတွင် သူ့အဖေသည် ကုန်တိုက်များတွင် ရင်းနှီးမြုပ်နှံရန် ငွေပေးထားပြီးဖြစ်သည်ဖြင့် ထပ်ပေးနိုင်အုံးမည်လော။ အကယ်၍ သူသာ ပြီးခဲ့သည့် နှစ်များအတွင်း ဖုန်းယွီနှင့် တွေ့နိုင်ခဲ့ပါက…။

ဖုန်းယွီနှင့် နှစ်အနည်းငယ်စော၍ သိခဲ့လျှင် ဖုန်းယွီသည် သူ့အား တွဲဖက်အဖြစ် သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။ သူသည် မဟာလူသားလီ၏ ဒုတိယသားဖြစ်ပြီး ဖူကွမ်းကျန့်သည် ဖူရုံကျင်း၏ ဒုတိယသားဖြစ်ပေသည်။

“အစ်ကိုဖုန်း.. မင်းမှာ နောက်ထပ် ရင်းနှီးမြုပ်နှံဖို့ အခွင့်အရေးပေါ်ရင် ငါ့ကို ပြောရမယ်နော်..”

လီကျယ်ခိုင် မှင်သက်စွာဖြင့်ပင် ပြောလိုက်ရတော့သည်။

“ဒါပေါ့.. အာ.. ငါမင်းနဲ့ ဆွေးနွေးစရာ တစ်ခုရှိသေးတယ်.. ငါတို့ ကုန်တိုက်ဖွင့်ပွဲ အခန်းအနားအတွက် မင်းအဖေကို ဖိတ်လို့ရမလား..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters