← Chapters

#နတ်ဆိုးဘုရင်နယ်မြေ၏ ရှာတွေ့မှု#

Vol. 52 Ch. 729

#နတ်ဆိုးဘုရင်နယ်မြေ၏ ရှာတွေ့မှု#

Vol. 52 Ch. 729

နတ်ဆိုးဘုရင်မြို့က ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများက သေမင်းဝိဉာဉ်မြို့အလယ်က လူတိုင်းကို အံ့ဩသင့်တကြီး မော့ကြည့်စေသည်။

သူတို့ နတ်ဆိုးဘုရင်မြို့ရှိရာဘက်သို့ အကြည့်များပို့လိုက်ကြသည်။

ထိုအချိန်တွင် ငရဲမြို့အလယ်က ကျောက်တိုင်သုံးတိုင်အတွင်းရှိ ငရဲဘိုးဘေးမှာ ရုတ်တရက်မျက်လုံးဖွင့်ကာ နတ်ဆိုးဘုရင်မြို့ရှိရာဘက်သို့ မယုံနိုင်စွာ ကြည့်နေမိသည်။

ထိုနေရာ၌ ထူထဲသည့်အလင်းနက်တိုင်တစ်တိုင်က ကောင်းကင်ပေါ်ရှိ တောက်ပသည့် ကြယ်စင်စုဆီသို့ ပစ်၀င်သွား၏။

၎င်းက ကြယ်စင်စုနှင့် သေမင်းဝိဉာဉ်မြို့တစ်ခုလုံးကို ထိုးဖောက်သွားသည့်အလားပင်။

ဒီအလွန်အမင်းကြောက်စရာကောင်းသည့် အော်ရာနှင့်ဖိအားကို ငရဲဘိုးဘေးအနော်လေးရင်းနှီးပါသည်။

မည်သို့ပင်ဆိုစေကာမူ ဒီအော်ရာ၏ ပိုင်ရှင်ကြောင့် သူသေလုနီးပါးပင် ဖြစ်ခဲ့ရသည်မဟုတ်ပေလော။

"ဒါက အကြွင်းအကျန်ဝိဉာဉ်တစ်ခုပဲလေ၊ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးနောက်မှာတောင် ဒီလိုကြောက်စရာကောင်းတဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်သေးတာလား..."

ငရဲဘိုးဘေး၏မျက်လုံးက ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ သူ့အမူအရာက လေးနက်နေပြီး တင်းကျပ်စွာ မျက်မှောင်ကြုတ်သည်။ ထို့နောက် တောက်ပနေသည့် ကြယ်စင်စုအား ကြည့်လိုက်စဉ် ဒီအလင်းနက်နိုင်က ဧရာမရဲတိုက်ရှိ စည်းတံဆိပ်၏ဖိနှိပ်မှုနှင့် ကျောက်တိုင်သုံးတိုင်ကို ချိုးဖျက်သွားသည်သာမက သေမင်းဝိဉာဉ်မြို့မှ အစွမ်းထက်တုံ့ပြန်မှုကို ဖြစ်စေခဲ့သည့်တိုင် ချိုးဖျက်ကာ တောက်ပသည့်ကြယ်စင်စုကို တိုက်ရိုက် ထိုးဖောက်သွားဆဲပင်။

"ဒီလူကတကယ်ပဲဘယ်သူများလဲ....."

ယခုတွင်မူ ဒီအကြွင်းအကျန်ဝိဉာဉ်ပိုင်ရှင်က အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံး၌ ထိပ်တန်းတည်ရှိမှုတစ်ခုဆိုတာကို ငရဲဘိုးဘေးသေချာသွားလေပြီ။

တကယ်တမ်းတွင် သူ့အတွက် မသိဖို့ဆိုတာကလည်း မဖြစ်နိုင်တော့။

ထိုအချိန်တွင် သေမင်းဝိဉာဉ်မြို့အပြင်၌ ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများက ပေထောင်ချီ နောက်ဆုတ်သွားရသည်။

မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်စေ၊ စုမိသားစု၏ ကောင်းကင်အင်မော်တယ်စွမ်းအားရှင်ဖြစ်စေ၊ ဟောင်ကျန်းဟန်ဖြစ်စေ အားလုံး၌ လေးနက်သည့် အမူအရာကိုယ်စီရှိနေကြပြီး သေမင်းဝိဉာဉ်မြို့ကနေ ရုတ်တရက် ထိုးတက်လာသည့် အလင်းနက်တိုင်ကို ခုခံရန်အတွက် ဝိဉာဉ်ချီအတားအဆီးများကို ထုတ်လွှတ်လိုက်ရသည်။

"ဒီအလင်းတိုင်ကဘာများလဲ၊ ဒါကတကယ်ပဲ ငါ့ဝိဉာဉ်ကိုတောင် တုန်ယင်စေတယ်"

နောက်ထပ်စွမ်းအားရှင်တစ်ယောက်က လေးနက်စွာပြောသည်။

"သေမင်းဝိဉာဉ်မြို့မှာ တကယ်ပဲ အတိအကျဘာတွေ ဖြစ်ပျက်နေတာလဲ၊ အရင်က သေမင်းဝိဉာဉ်မြို့ဖွင့်လိုက်တိုင်း ဒီလိုဟာမျိုး တစ်ခါမှ မဖြစ်လာဖူးပါဘူး"

"သေမင်းဝိဉာဉ်မြို့က အဲဒီလူငယ်တွေက ဒီအလင်းတိုင်နဲ့ မငြိမ်စွန်းဖို့ပဲငါ‌မျှော်လင့်ပါတယ်....."

တည်ရှိနေသည့်စွမ်းအားရှင်များအနက် ဒီအဖိုးအိုနှင့်သူ့ဘေးက လူကသာ ဒီအလင်းနက်တိုင်က ဘာကိုကိုယ်စားပြုသလဲဆိုတာ သိကြပါသည်။

အဖိုးအိုက အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင်ဖြစ်ပြီး ဘေးကလူက ယွမ်ချောင်ဖြစ်သည်။

ယွမ်ချောင် အလင်းနက်တိုင်ကို ကျိုးနွံရိုသေစွာကြည့်ရင်း အံ့ဩသင့်တကြီးပြောသည်။

ကြည့်ရတာ သေမင်းဝိဉာဉ်မြို့မှာ တကယ်ပဲ နတ်ဆိုးအရှင်ရဲ့ ဝိဉာဉ်အပိုင်းအစတစ်ခုရှိပုံပဲ"

"နတ်ဆိုးအရှင်သာ ဒါကိုစုပ်ယူနိုင်မယ်ဆိုရင် စွမ်းအားကို ပြန်လည်ရယူနိုင်ဖို့အတွက် ခြေတစ်လှမ်း ပိုနီးသွားလိမ့်မယ်"

"အရမ်းကြီး အပျော်စောမနေနဲ့ဦး" ကျေးရွာခေါင်းဆောင်က လေးနက်စွာပြောသည်။

"အရာရာတိုင်းမှာ ဟာကွက်ကို ကြည့်ဖို့လိုတယ်၊ နတ်ဆိုးအရှင်အော်ရာကို အခုထုတ်လွှတ်လိုက်တာဖြစ်စေ၊ နတ်ဆိုးအရှင် အဲဒါကိုစုပ်ယူပြီး ဖြစ်စေတဲ့ ဆူပူလှုပ်ရှားမှုဖြစ်စေ ဒါက သူပုန်တွေကို သတိပေးသလို ဖြစ်သွားမလားဆိုတာ မင်းတွေးမိလား"

"နတ်ဆိုးအရှင်ရဲ့ ဒီဝိဉာဉ်အပိုင်းအစက သာမန်မဟုတ်တာ ရှင်းနေတာပဲ"

ဒါကဖန်တီးလိုက်သည့်စွမ်းအားက အတော်လေး အားကောင်းလွန်းသည်။

ယွမ်ချောင်၏အမူအရာက အံ့ဩသင့်မှုကနေ လေးနက်မှုအဖြစ် ပြောင်းလဲသွားရသည်။

ဒီလိုဆိုပါက ဒီတစ်ကြိမ် နတ်ဆိုးအရှင်အတွက် ဝိဉာဉ်အပိုင်းအစကို စုပ်ယူတာက ကောင်းသောအရာလား၊ သို့မဟုတ် ဆိုးသောအရာလားဆိုတာ သူမသိတော့ပါ။

လက်ရှိနတ်ဆိုးအရှင်၏ ခွန်အားက အပြည့်အ၀ မကောင်းလာသေးပေ။ အကယ်၍ သူ့ကိုသာရှာတွေ့သွားပါက သူ့တွင် ခုခံရန် အခွင့်အရေးလေးပင် ရှိမည်မဟုတ်။

"‌ဒါပေမယ့် နတ်ဆိုးအရှင်က ဒီဝိဉာဉ်အပိုင်းအစကို သေချာပေါက် စုပ်ယူလိမ့်မယ်" ကျေးရွာခေါင်းဆောင် ညင်သာစွာ သက်ပြင်းချသည်။

"ငါတို့အတွက် ပြင်ဆင်ရမယ့်အချိန်ကျပြီ"

ယွမ်ချောင်အနည်းငယ်လန့်သွားသည်။

"အခမ်းအနားကို စောစောစသင့်လို့လား"

ကျေးရွာခေါင်းဆောင် ခေါင်းညိတ်သည်။

"နတ်ဆိုးအရှင် သေမင်းဝိဉာဉ်မြို့က ထွက်လာတဲ့အခါကျရင် ငါတို့စကြမယ်"

ကျေးရွာခေါင်းဆောင်၏ လေးနက်သောအသံကနေ ပြင်းထန်အားကောင်းသည့် အန္တရာယ်တစ်ခုကို ယွမ်ချောင်ခံစားနေရသည်။

ထို့ကြောင့် သူခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

အဆင့်မြင့်ကြယ်နယ်မြေ!

အမှောင်ထုနှင့် ၀န်းရံနေသည့် နယ်မြေတစ်ခု၌ ကောင်းကင်က နတ်ဆိုးနက်ချီ၏ လွှမ်းခြုံထားခြင်းကို ခံနေရသည်။ ဒါက ထိုးဖောက်၍ မရနိုင်သလို နေရောင်ခြည်၊ သို့မဟုတ် လရောင်ခြည်၏ အလင်းတစ်စွန်းလေးမျှပင် မထွန်းလင်းနိုင်ပါ။

မြေကြီးဖြစ်စေ၊ အဆောက်အအုံများဖြစ်စေ အားလုံးက အနက်ရောင်ရှိသည်။ ဒါက အတော်လေးဖိနှိပ်ထားပုံရသည်။

သို့‌စေကာမူ လေထဲ၌ အလွန်အမင်းဖိနှိပ်ထားသည့် အော်ရာအပြင် ရူးသွပ်ဆန္ဒအရိပ်အယောင်တစ်ခုလည်း ရှိသည်။

ဒါက ဒီနယ်မြေ၌ သဘာ၀အတိုင်း ဖြစ်ပေါ်လာသောအရာမဟုတ်ပေ။

ယင်းအစား ဒီနယ်မြေတွင် နေထိုင်သည့်လူများ၌ ကြမ်းတမ်းသည့် အကြောင်းခံများရှိပြီး ဒီလိုအရာမျိုးတွေကို ရုပ်လုံးပေါ်ကာ လေထဲ၌ လွင့်မြောနေစေသည်။

နယ်မြေထဲက တစ်နေရာရာရှိ ရဲတိုင်တစ်ခုတွင် နတ်ဆိုးနက်ပုံစံကွက်များကို ထွင်းထုထားသော ၀တ်ရုံများ၀တ်ဆင်ထားကြသည့် လူရှည်သုံးယောက်က အရေးကြီး ကိစ္စရပ်များကို ဆွေးနွေးနေကြ၏။

ရုတ်တရက် သူယောက်စလုံး၏ အမူအရာများက တစ်ချိန်တည်းတွင် ပြောင်းလဲသွားကြသည်။

"ဒီအော်ရာက...."

"ဟမ်၊ ထပ်ပြီးပေါ်ပေါက်လာတာလား"

"မဟုတ်ဘူး၊ ဒါလုံး၀မဖြစ်နိုင်ဘူး၊ အဲဒီလူက လုံး၀သေသွားပြီ၊ သူ့ဝိဉာဉ်ခုနှစ်ခုနဲ့ စိတ်ဝိဉာဉ်ခြောက်ခုကတောင် ငါတို့သုံးယောက်ကြောင့် ပြန့်ကြဲသွားခဲ့တယ်လေ၊ သူ့အဖို့ ဒီကမ္ဘာကြီးထဲမှာ ရှင်ကျန်ဖို့ဆိုတာ လုံး၀ကို မဖြစ်နိုင်တာ"

"ငါလည်း ဒီလိုပဲထင်တယ်၊ ငါဒီအော်ရာကို ခဏလေးပဲ အာရုံခံမိတာ၊ ငါ့အာရုံကြောတွေပဲ မကြာသေးခင်က အရမ်းတင်းနေမိတာများလား"

အလယ်တွင်ထိုင်နေသည့် ကျဉ်းမြောင်းသောမျက်လုံးရှိသည့်လူက လေးနက်စွာပြောသည်။

"မဟုတ်ဘူး၊ ဒါကအသိရဲ့ အမှားတစ်ခုမဟုတ်ဘူ၊ ငါတို့အဆင့်မှာ ဒီလိုအဆင့်နိမ့် အသိဆိုင်ရာ အမှားတစ်ခုရှိတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ"

ကျန်နှစ်ယောက်က ဒါကိုကြားသောအခါ သူတို့လေးနက်စွာ ခေါင်းညိတ်ကြသည်။

"ဒီလိုဆိုရင် ဒါက အဲဒီလူရဲ့အကြွင်းအကျန်ဝိဉာဉ်ကနေ ပေါက်ကွဲလာတဲ့အော်ရာများ ဖြစ်နေမလား"

ဒါကိုကြားသောအခါ အလယ်က လူက နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။

"ဘယ်လိုပဲဆိုဆို ငါတို့ဒီကိစ္စကို အသေအချာ စုံစမ်းဖို့လိုတယ်၊ ဒါက အကြွင်းအကျန် ဝိဉာဉ်လေးတစ်ခုဆိုရင်တောင် ငါတို့ရှာပြီးဖျက်ဆီးပစ်ရမယ်"

"အဲဒီလူက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုတာ မင်းတို့ မေ့သွားကြပြီလား"

ကျန်နှစ်ယောက် ဒါကိုကြားသောအခါ သူတို့အမူအရာများက မည်းမှောင်သွားကြ၏။

တကယ်တမ်းတွင် သူတို့မမေ့နိုင်ပေ။

အရင်က သူတို့သာ ကောင်းကင်သခင်အဆင့်ဂိုဏ်းများနှင့် မပူးပေါင်းခဲ့ပါက သူတို့သုံးယောက်တည်းနှင့် ဒီလူကို မသတ်နိုင်လောက်ပေ။

ဒီလူ၏ခွန်အားက ကြောက်စရာကောင်းလွန်းပြီး ကောင်းကင်သခင်အဆင့်ဂိုဏ်းများမှ အဆင့်မြင့်ပုံရိပ်တစ်ခုနှင့်ပင် နီးစပ်နေ‌လေပြီ။

တကယ်တမ်းတွင် အတိုင်းအတာတစ်ခုအထိ သူက ပိုကောင်းပေသည်။

"ဒါကြောင့် ပြန်လည်ရှင်သန်ဖို့ အနည်းဆုံး ဖြစ်နိုင်ချေရှိရင်တောင် ငါတို့အစမှာကတည်းက ဒါကို ပိတ်ဖုံးပစ်ရမယ်"

ကျန်သောသူများခေါင်းညိတ်ကြသည်။

"နားလည်ပါပြီ၊ အစ်ကိုကြီး၊ ကျွန်တော် ဒီကိစ္စကို စုံစမ်းဖို့အတွက် တစ်ယောက်ယောက် စေလွှတ်လိုက်ပါမယ်"

သို့စေကာမူ ထိုလူက မျက်မှောင်ကြုတ်သည်။

"မင်းကိုယ်တိုင်သွား၊ လုံလောက်တဲ့သဲလွန်စမရှိရင် ဒါက ကောက်ရိုးပုံထဲက အပ်ကို ရှာနေသလို ဖြစ်နေ‌လိမ့်မယ်၊ အဲဒီအသုံးမကျတဲ့ လက်အောက်ခံတွေကို ဒါကိုရှာခိုင်းတာက ဘာအကျိုးရှိလို့လဲ"

"ဒါပေမယ့်....ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးတယ်"

သို့သော်သူစကားပြော၍ မပြီးသေးခင်မှာပင် အလယ်တွင်ထိုင်နေသောသူက စားပွဲကိုရိုက်ချပြီး ထရပ်သည်။

သူ့ရှေ့က အနက်ရောင်သလင်းစားပွဲက ဘာမှမရှိတော့သည်အဖြစ်သို့ ပြောင်းသွား၏။

အလွန်အမင်းအစွမ်းထက်သည့်အော်ရာက အထိန်းအချုပ်မဲ့ ထိုးထွက်လာသည်။

ထိုလူဒေါသတကြီးအော်ဟစ်သည်။

"ဒီကိစ္စနဲ့ရင်ဆိုင်ရတဲ့အခါ ကျန်တာအားလုံးက ဘာမှမဖြစ်စလောက်အရာတွေပဲ၊ အခု ဒီကိစ္စပတ်သက်တဲ့ သဲလွန်စတွေကို ချက်ချင်းသွားရှာ"

ဒါကိုမြင်သောအခါ ကျန်တစ်ယောက်က ခေါင်းညိတ်ရင်း ချက်ချင်းပျောက်ကွယ်သွားသည်။

ထိုလူအနည်းငယ်အသက်ရှူထုတ်လိုက်၏။

ထို့နောက် အထက်က မိုးမျှော်စင်ကို ကြည့်လိုက်သည်။ ၎င်း၏အပြင်ဘက်က မီးခိုးရောင်ရှိသည်။

သူအတိတ်ဆိုးကို သတိရလာသည့်အလား သူ့အကြည့်က လေးနက်လာသည်။

"ကြည့်ရတာ ငါသူမကို သွားတွေ့ရမယ့်ပုံပဲ"

အပိုင်း(730) coming။

All Chapters