#မောင်နှမ၊ သော့#
Vol. 52 Ch. 730
နတ်ဆိုးဘုရင်နယ်မြေက အဆင့်မြင့်ကြယ်နယ်မြေတွင် အတော်လေးကျော်ကြားသည်။
အရင်က နတ်ဆိုးဘုရင်နယ်မြေတွင် ထိုအလွန်အမင်း ပါရမီရှိသည့် နတ်ဆိုးသခင်၏ ဦးဆောင်မှုအောက်တွင် သူတို့ နယ်မြေကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အင်အားစုကြီးများက ဒီလိုပြောဆိုခဲ့ကြသည်။
အကယ်၍ နောက်ထပ်ကောင်းကင်သခင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းပေါက်ဖွားလာပါက သံသယမရှိ နတ်ဆိုးဘုရင်ပိုင်နက်သာ ဖြစ်ပေလိမ့်မည်။
သို့စေကာမူ ပုန်ကန်သည့်ဖြစ်ရပ်အပြီးတွင် ဒီကျက်သရေရှိသည့် ဂုဏ်သတင်းကလည်း ပျောက်ကွယ်သွားခဲ့သည်။
ဒါက သမိုင်း၏ ရှည်လျားသောမြစ်ထဲတွင်သာတည်ရှိပြီး သမုဒ္ဒရာထဲက ရေတစ်စက်ပမာဖြစ်လာသည်။
ထိုအချိန်က ပုန်ကန်မှုက အရမ်းရိုးရှင်းသည်။
ကောင်းကင်သခင်အဆင့်အင်အားစုနှစ်ခုက ရုတ်တရက်ပူးပေါင်းကာ နတ်ဆိုးဘုရင်ပိုင်နက်ကို တိုက်ခိုက်လာခဲ့သည်။
သူတို့ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကိုပင် ထိတ်လန့်စေခဲ့သည့် စစ်ပွဲတစ်ခုကို စတင်ခဲ့ကြသည်။
ထိုအချိန်က အံ့ဩစရာကောင်းလောက်အောင် ပါရမီရှိပြီး အလွန်အမင်း အစွမ်းထက်သော နတ်ဆိုးသခင်က နတ်ဆိူဘုရင်နယ်မြေတစ်ခုလုံးကို ဦးဆောင်ပြီး ခုခံနိုင်စွမ်းရှိနေဆဲပင်။
သို့စေကာမူ ဘာတစ်ခုမှမမှားယွင်းတာက မတော်တဆဖြစ်ရပ်က ဖြစ်လာမည်မဟုတ်။
နတ်ဆိုးသခင်ဘေးက လက်ထောက်သုံးယောက်က ငယ်ငယ်ကတည်းက အတူတကွ ကျင့်ကြံခဲ့ကြသည့် အဖော်များဖြစ်ကြသည်။ သူတို့ရုတ်တရက် ပုန်ကန်ကာ နတ်ဆိုးသခင်အား နောက်ကနေ ချုံခိုတိုက်ခိုက်ရင်း အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ ဒါ့အပြင် သူတို့အပြင်ပကမ္ဘာက တစ်ခြားကောင်းကင်သခင်အဆင့် အင်အားစုနှစ်ခုနှင့်ပင် ပူးပေါင်းခဲ့သည်။
ကောင်းကင်သခင်အဆင့်အင်အားစုနှစ်ခု၏ အကူအညီနှင့်အတူ ထိုလက်ထောက်သုံးယောက်၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှု များအောက်တွင် လူတိုင်း၏ နောင်တရနေသည့် သက်ပြင်းများအောက်၌ ဒီအံ့ဖွယ်ပါရမီရှင် နတ်ဆိုးသခင်၏ ဝိဉာဉ်ခုနှစ်ခုနှင့် စိတ်ဝိဉာဉ်ခြောက်ခုတို့က ပြန့်ကြဲသွားရပြီး အဆုံးသတ်တွင် သေဆုံးခဲ့ရသည်။
အကယ်၍ ထိုနတ်ဆိုးသခင်သာ တိုက်ပွဲတွင် မသေခဲ့ပါက သူက မျိုးဆက်သစ်ကောင်းကင်သခင်အဆင့်ဂိုဏ်းတစ်ခု ဖြစ်လာနိုင်လောက်ပေသည်။
ယခုအခိုက်အတန့်၌ မျက်လုံးကျဉ်းမြောင်းသည့်လူက လှေကားထစ်များကနေ ဆင်းသွားသည်။
မီးတောက်ပြာများက လှေကားထစ် နှစ်ဘက်စလုံးရှိ နံရံများပေါ်၌ တွဲလောင်းကျနေကြ၏။
မီးနောက်များက ဝိဉာဉ်ချီကိုပင် အေးခဲစေနိုင်သည့်အလား အဆုံးမဲ့အအေးဓာတ်ကို ထုတ်လွှတ်နေကြသည်။
ဒါက ထောင်ဖျက်သူများအတွက် အခက်အခဲတစ်ချို့ကိုပင် ဖြစ်စေသည်။
သူလှေကားထစ်များကနေ ဆင်းသွားသည်။
သူမရေမတွက်နိုင်လောက်သော မြေအောက်ခန်းအဆင့်များစွာကို ဖြတ်လျှောက်လာခဲ့ပြီး နောက်ဆုံးအဆင့်ကို ရောက်လာသောအခါ သူ့ရှေ့တွင် ရေကန်တစ်ခုရှိနေသည်။
ရေကန်က အတိမည်းနက်နေသည်။
တစ်ကြိမ်ပြီးတစ်ကြိမ် ရေနဂါးနှစ်ကောင်က မျက်လုံးထဲတွင် သွေးဆာနေသည့်အလင်းနှင့်အတူ ကူးခတ်နေကြသည်။
ဒီရေနဂါးနှစ်ကောင်တွင် သာမန်ရေနဂါးများထက် ပိုစစ်မှန်န်သည့်နဂါးသွေးများရှိသည်။
ဒီရေနဂါးများက သာမန်ရေနဂါးများထက် အများကြီးပိုအားကောင်းသည်။
အကယ်၍ တစ်ယောက်ယောက် အကျဉ်းထောင်ကို ချိုးဖျက်ဖို့ကြိုးစားပါက နတ်အင်ပါယာတစ်၀က်အဆင့် ရေနဂါးနှစ်ကောင်က သေစေလောက်သည့် တိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ပေလိမ့်မည်။
ရေကန်အလယ်တွင် ရေကန်ထက်၌ လွင့်မြောနေသည့် လှောင်အိမ်တစ်ခုရှိသည်။
လှောင်အိမ်ထဲတွင် ဆံပင်ရှည်နှင့် အမျိုးသမီးတစ်ဦးက တင်ပလ္လင်ခွေထိုင်နေသည်။
နှစ်ဘယ်လောက်များများကုန်ဆုံးသွားသလဲဆိုတာ မသိပါ။ ဆံပင်ရှည်များက လှောင်အိမ်ထဲတွင် အမျိုးအမည်မသိ ကာလတစ်ခုအတွင်း စုပုံနေခဲ့ပြီး သူမခန္ဓာနှင့် မျက်နှာကိုပင် ဖုံးထားသည်။
မြေအောက်ခန်း၏ နံရံများမှ ဆန့်ထွက်နေသည့် ဧရာမသံကြိုးများကသာ သူမခန္ဓာကိုယ်ကို တင်းကျပ်စွာ ချည်နှောင်ထားသည်။ ဒီနောက်တွင်သာ ဆံပင်မည်းများနှင့် ရစ်ပတ်နေသည့် သူမခန္ဓာက ဘယ်လောက်ထိ ပူလောင်စရာကောင်းသလဲဆိုတာ မြင်နိုင်သည်။
သူမ၏ ကျောက်စိမ်းကဲ့သို့လက်မောင်းများက သံကြိုးများ၏ ဆွဲထားခြင်းကို ခံရသည်။
ဒီအမျိုးသမီး၏အော်ရာက အတော်လေးအားနည်းနေသည်။
သံကြိုးများက အမျိုးသမီး၏ကိုယ်ထဲမှ စွမ်းအားကို ဆက်လက်ထုတ်ယူနေပြီး သူမဝိဉာဉ်ကို ဖိနှိပ်ထားသည်။
သို့စေကာမူ သူမက အမျိုးသမီးတစ်ဦး၏ အခြေခံရှင်ကျန်ရေးစွမ်းပကားကို ထိန်းသိမ်းထားသည်။
သာမတ်လူတစ်ယောက်ပင်လျှင် ဒီသံကြိုးများ၏ ဖိနှိပ်မှုအောက်တွင် အလွယ်တကူ အသတ်ခံရနိုင်သည်။
သူမကအိုမင်း၊ အားနည်း၊ ဖျားနာပြီး မသန်စွမ်းသူတစ်ယောက်နှင့် တူသည်။
ဒါကိုမြင်သည့်တိုင် ထိုလူက မည်သည့်သနားစာနာစိတ်မှ ရှိသည့်ကို မခံစားရဘဲ ယင်းအစား အေးစက်စွာပြောသည်။
"အဲဒီတုန်းက မင်းဘာလုပ်ခဲ့တာလဲ"
အကယ်၍ တစ်ခြားသူများသာဆိုပါက ဒီစကားလုံးများနောက်ကွယ်က ဆိုလိုရင်းကို နားမလည်ကောင်း နားမလည်နိုင်သော်လည်း အမျိုးသမီးကမူ ကောင်းကောင်းသိပါသည်။
ဒီလူက တစ်ခုခုကို ရည်ညွှန်းပြောဆိုနေခြင်းပင်။
ဒါကိုကြားသောအခါ အမျိုးသမီးက ခေါင်းကို အနည်းငယ် မြှောက်လိုက်၏။
ဆံပင်နက်များအောက်တွင် သူမ၏ မျက်လုံးများက ကြောက်မက်ဖွယ်ရာအလင်းနှင့် ထပ်မံပွင့်လန်းလာပုံရသည်။
သို့စေကာမူ သူမအလျင်အမြန်ပင် ထပ်မံခေါင်းငုံ့လိုက်ပြန်သည်။
သူမဘာမှမပြောပါ။
ဒါကိုမြင်သော်လည်း ထိုလူကအံ့ဩသင့်ခြင်းမရှိတော့ပေ။ သူမက ဒီနေရာတွင် နှစ်သောင်းချီပိတ်မိနေခဲ့သည် မဟုတ်ပေလော။
ထို့နောက် အမျိုးသနီးက စကားတစ်ခွန်းမှ မပြောတော့ပါ။
"နှစ်ပေါင်းများစွာကြာသွားခဲ့ပြီ၊ ဘာလို့ ဒါကို ဖုံးကွယ်နေရသေးတာလဲ၊ နတ်ဆိုးဘုရင်ပိုင်နက်မှာ ရပ်တည်နိုင်တဲ့ တစ်ယောက် ရှိသေးတယ်လို့ မင်းထင်နေတာလား"
ထိုလူကနှာခေါင်းရှုံ့သည်။
"လက်ရှိနတ်ဆိုးဘုရင်ပိုင်နက်မှာ အဲဒီလူရဲ့ ယုံကြည်ရတဲ့လက်ထောက်တွေရော သူ့ကို ယုံကြည်တဲ့လူအားလုံးပါ ငါ့ရဲ့ဖယ်ရှားခြင်းကို ခံလိုက်ရပြီ၊ ဒါကြောင့် မင်းငါ့ကို သော့ကို လက်လွှဲပေးပြီး အဆင့်မြင့်ရတနာကို ပိုင်ဆိုင်ခွင့်ပေးပါ၊ ဒီလိုဆိုရင် နတ်ဆိုးဘုရင်ပိုင်နက်ကို အရင်ကတစ်ခါမှ မမြင်ခဲ့ဖူးတဲ့ အထွတ်အထိပ်အဆင့်တစ်ခုအထိ ငါယူကြဉ်းသွားနိုင်တယ်"
အမျိုးသမီးကလာမှမပြောပေ။
သို့စေကာမူ သူမ၏အားနည်းသောဝိဉာဉ်မှ အထင်အမြင်သေးမှုကို ထုတ်လွှတ်နေတာကို ထိုလူခံစားမိသည်။
"မင်းကအရမ်းဉာဏ်ကောင်းပါတယ်၊ ငါသော့ကိုရတာနဲ့ မင်းကိုသေချာပေါက် သတ်ပစ်မှာကို မင်းသိပါတယ်၊ ဒါပေမယ့် မင်းမပြောဘူးဆိုရင်တော့ မင်းရဲ့ကျန်ရှိနေတဲ့ ဘ၀သက်တမ်းကို ဒီနေရာမှာပဲ ကုန်ဆုံးရလိမ့်မယ်၊ ဘာလို့ ကိုယ့်ကိုကိုယ် အမြန်ဆုံးသေခွင့်မပေးလိုက်ရတာလဲ"
အမျိုးသမီးကဘာမှမပြောဘဲရှိနေဆဲပါ။
ဒါကိုမြင်သောအခါ ထိုလူမျက်မှောင်ကြုတ်ကာ တိုက်ခိုက်ချင်သော်လည်း သော့ကြောင့် ဒါကို အတင်းဖိနှိပ်ထားရုံသာ တတ်နိုင်သည်။
အေးစက်စွာနှာခေါင်းရှုံ့ရင်း သူတစ်ဘက်လှည့်ကာ လှေကားထစ်များဆီသို့ လျှောက်သွားသည်။
နောက်ဆုံးအဆင့်ကို ရောက်လာသောအခါ ထိုလူက ရပ်ကာလှည့်ပင်မကြည့်ဘဲ ပြောသည်။
"ငါ့ကို သူ့အော်ရာကို တစ်ခဏလောက် ခံစားရစေအောင် မင်းတို့နှစ်ယောက် ဘာလုပ်ခဲ့သလဲဆိုတာ ငါမသိဘူး"
"ဒါပေမယ့် အဲဒီအော်ရာရဲ့တည်နေရာကို ငါသေချာပေါက်ရှာတွေပြီး အဲဒီဖြစ်နိုင်ချေကို ချက်ချင်းသတ်ပစ်ပြီး မင်းရဲ့မျှော်လင့်ချက်တွေကို ဖြတ်တောက်ပစ်မယ်"
ထို့နောက် ထိုလူက မြေအောက်အကျဉ်းထောင်ကနေ ပျောက်ကွယ်သွားခဲ့သည်။
အချိန်တစ်ခဏအကြာတွင် အမျိုးသမီးခေါင်းမော့လိုက်၏။
သူမအချိန်အတန်ကြာ စကားမပြောခဲ့သဖြင့် သူမအသံက အလွန်ခြောက်သွေ့ကာ အက်နေသည်။
သူမစကားထစ်ထစ်နှင့် ရေရွတ်လိုက်၏။
"နောက်.....နောက်ဆုံးတော့......"
သူမနှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
ကံဆိုးစွာပင် ဆံပင်နက်များနှင့် ဖုံးအုပ်နေသည့် သူမ၏ အသက်ရှုမှားဖွယ်ရာအပြုံးကို ဘယ်သူမှ ခံစားနိုင်ခြင်းမရှိပါ။
ထိုအချိန်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၊ ကြယ်တိမ်တိုက်မြို့အပြင် သေမင်းဝိဉာဉ်မြို့၌ ရှောင်ဟိုင်နှင့်ကျန်သောသူများကလည်း အလင်းနက်တိုင်ကို မြင်ကြပါသည်။
ဒါက ပျောက်ကွယ်သွားသော်လည်း တိုက်ခိုက်ရန်ပြင်နေသည့် ရှောင်ဟိုင်ကိုလည်း ရပ်သွားစေခဲ့သည်။
သူမိန်းမောတွေဝေစွာ နတ်ဆိုးဘုရင်မြို့ရှိရာဘက်သို့ ကြည့်နေမိသည်။
လင်းကျိနန် အကြောက်တလန့်ပြောသည်။
"အဲဒီ အလင်းနက်တိုင်ကဘာကြီးလဲ"
လင်းကျိနန်ဖြစ်စေ စုမုယောင်ဖြစ်စေ အလင်းနက်တိုင် ကောင်းကင်ပေါ် ထိုးတက်လာသည့်အခိုက်အတန့်၌ သူတို့ဝိဉာဉ်၏ အနက်ရှိုင်းဆုံးနေရာကနေ ရောက်လာသည့် ဖိအားက သူတို့ကို အသက်ရှူပင်ကျပ်သွားစေသည်။
ကွေ့ကောရင်လည်း အလားတူပင် ထိတ်လန့်နေခဲ့သည်။
သူ့တွင်လည်း အလားတူခံစားချက်ရှိသည်။
သို့စေကာမူ သူ့ကိုပို၍ ပဟေဠိဖြစ်တာက အထဲကအော်ရာက ရှောင်ဟိုင်၏အော်ရာနှင့် တူညီသည့်ခံစားချက်ရှိနေရခြင်းပင်။
သူတို့အကြားက ဆက်နွှယ်မှာကဘာလဲ!
ရုတ်တရက် ကျန်းချန်နှင့် ယုဟောင်တို့က ရှောင်ဟိုင်မိန်းမောတွေဝေနေတာကို မြင်သောအခါ တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြ၏။
သူတို့က သွေးဘီလူးကို ထိန်းချုပ်ကာ ရှောင်ဟိုင်အား အစွမ်းကုန်တိုက်ခိုက်ပြီး သူ့ကို တိုက်ရိုက်ပင် သတ်ပစ်ချင်သည်။
ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က တုံ့ပြန်လာကြသည်။ သူတို့တိုက်ခိုက်ရန်ပြင်နေစဉ် ရပ်သွားရသည်။
ရှောင်ဟိုင်အနည်းငယ် ခေါင်းလှည့်လိုက်၏။
သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ကလည်း သွေးဘီလူးကို လှည့်ကြည့်သည်။
ထို့နောက်အဆုံးမဲ့ နတ်ဆိုးနက်ချီက သူ့လက်သီးပေါ်၌ သိပ်သည်းလာသည်။
ဒါက သူ့ခန္ဓာ၏ တစ်ခြားအပိုင်းများထက် ပို၍ပင် ခိုင်မာပုံရသည်။
ထို့နောက် သူလက်သီးတစ်ချက် ပစ်ထည့်လိုက်၏။
ထို့အချိန်တွင် သွေးဘီလူး၏လက်သီးက ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲအက်သွားရသည်။
ကျန်းချန်နှင့် ယုဟောင်တို့ ပါးစပ်အပြည့် သွေးတစ်လုပ်စီအန်ရင်း ထိတ်လန့်သွားကြ၏။
လက်သီးတစ်ချက်တည်းက သူတို့၏ အားအကောင်းဆုံးတိုက်ချက်ကို ဟန့်တားနိုင်တာလား!
သို့စေကာမူ သူတို့ထပ်မတွေးတောနိုင်ခင်မှာပင် နတ်ဆိုးဘုရင်ပုံရိပ်က ထပ်မံထိုးနှက်လိုက်လေရာ သွေးဘီလူး၏ခေါင်းကို တိုက်ရိုက်ထိမှန်သည်။
ရုတ်ချည်းဆိုသလို ဘီလူးက ပျောက်ကွယ်သွားသည်။
သွေးဘီလူးပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ကျန်းချန်နှင့် ယုဟောင်တို့ကလည်း သူတို့ခန္ဓာထဲတွင် ထိုးတက်လာသည့် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရသည်။
သူတို့ဝိဉာဉ်များက ပြာဖြစ်သွားသည်အထိ လောင်ကျွမ်းခံရသည်။
ရှောင်ဟိုင်တစ်ခြားဘာတစ်ခုကိုမှ ဂရုမစိုက်ဘဲ အရိပ်နက်တစ်ခုအဖြစ်ပြောင်းပြီး နတ်ဆိုးဘုရင်မြို့ရှိရာဘက်သို့ ထွက်ပြေးသွားလေတော့သည်။
အပိုင်း(731) coming။