#မှတ်ဉာဏ်ကန့်လန့်ကာ#
Vol. 52 Ch. 732
ထိုအချိန်တွင် နတ်ဆိုးဘုရင်မြို့၌ ရှောင်ဟိုင် အလယ်ဗဟိုကို ရောက်လာခဲ့သည်။
ထိုနေရာ၌ ကျောက်တိုင်သုံးတိုင်ရှိသည်။
သို့စေကာမူ လက်ရှိကျောက်တိုင်က ကြယ်များ၏ ဖိနှိပ်စွမ်းအားကို ဆုံးရှုံးနေပြီဖြစ်ကာ အက်ကြောင်းများက နေရာတိုင်းတွင်ရှိသည်။
လေပြင်းတိုက်ခတ်သရွေ့ ကျောက်တုံးလေးများပင်လျှင် ကျောက်တိုင်များပေါ် ကျဆင်းလာတော့မည့်အသွင်။
မိုးနှင့်မြေကို ထိုးဖောက်ထားသည့် ဒီဖိနှိပ်ထားသော ကျောက်တိုင်သုံးတိုင်က သာမန်ကျောက်တိုင်များအလားပင်။
ရှောင်ဟိုင်ရှေ့လျှောက်သွားပြီး ကျောက်တိုင်ကို လက်တစ်ဖက်နှင့် ညင်သာစွာ ထိလိုက်၏။
ဂျုန်း......!
ချက်ချင်းဆိုသလို ကျောက်တိုင်ပေါ်က အက်ကြောင်းများက စတင်ပြန့်ကြဲလာပြီး နောက်ဆုံး၌ စတင်ပြိုကျလာသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်လည်း ရောက်လာကြ၏။
ရှောင်ဟိုင် မြေအောင်ဥမင်ထဲ ၀င်ရန်ပြင်နေစဉ် ယွမ်ဟန် စိုးရိမ်တကြီး အကြံပေးသည်။
"နတ်ဆိုးအရှင်၊ တကယ်လို့ ဒီတစ်ကြိမ် ဒီဝိဉာဉ်အပိုင်းအစကို စုပ်ယူလိုက်မယ်ဆိုရင် သူပုန်တွေက တကယ်သတိထားမိသွားလိမ့်မယ်....."
"မစုပ်ယူသေးခင် ဘာလို့ခွန်အားကို အရင် နည်းနည်းထပ်ပြီး မမြှင့်ရတာလဲ"
ရှောင်ဟိုင်တခဏမျှရပ်နေပြီးနောက် ဆက်ဆင်းသွားသည်။ သူ့အသံက အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်နားထဲတွင် စွဲကျန်နေခဲ့သည်။
"ငါအဲလောက်ကြာကြာ မစောင့်နိုင်တော့ဘူး"
ထို့နောက် ရှောင်ဟိုင်၏ပုံရိပ်က မျက်နှာပြင်ကနေ ပျောက်ကွယ်သွားသည်။
ဒါကိုမြင်သောအခါ ယွမ်ဟန်နှင့် ကျန်နှစ်ယောက်က စိုးရိမ်သွားကြ၏။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ပြုံးသည်။
"မစိုးရိမ်ပါနဲ့၊ မင်းတို့ နတ်ဆိုးအရှင်ရဲ့ စရိုက်ကို မင်းတို့လည်း သိတာပဲလေ"
"ဒါ့အပြင် အချိန်တစ်ခုအတွင်း သူ့ကို ရှာတွေ့သွားမှာပဲ၊ ငါတို့ဒါကို တစ်ခြားရှုထောင့်တစ်ခုကနေ တွေးကြည့်လို့ရလောက်တယ်၊ ရှောင်ဟိုင် ဒီဝိဉာဉ်အပိုင်းအစကို စုပ်ယူပြီးတဲ့အခါကျရင် သူ့ခွန်အားနဲ့ တိုးတက်မှုနှုန်းက ပိုမြန်သွားလိမ့်မယ်"
"သူပုန်တွေရဲ့ဖိအားပေးမှုအောက်မှာ ငါတို့ ရှောင်ဟိုင်ရဲ့စွမ်းပကားကို အတင်းတွန်းထုတ်အောင် လုပ်လို့ရတာပဲလေ"
ယဲ့ချိုးပိုင်မပြောခဲ့သည့် တစ်ခြားအရာတစ်ခုရှိပါသည်။
ဒါက လက်ရှိရှောင်ဟိုင်က အမှားတစ်ခုလုပ်ရန်အတွက် ကြိုးစားတတ်သည်။
အကယ်၍ သူသာ သူပုန်များ၏ ရှာတွေ့ခြင်းကိုခံရပါက အနည်းဆုံးတော့ သူ့ဆရာက ဒီမှာရှိနေဦးမည်သာ။
ထိုသူပုန်အုပ်စု၏ခွန်အားက သူ့ဆရာကို မကျော်လွှားနေသေးသရွေ့ အဆင်ပြေသည်။
သို့စေကာမူ ယဲ့ချိုးပိုင်၏ နှလုံးသားထဲတွင် သူ့ဆရာ၏ခွန်အားက အဆုံးမဲ့ပင်လယ်တစ်စင်းပမာ။ အဆင့်မြင့်ကြယ်နယ်မြေက ကျွမ်းကျင်သူတစ်ယောက်လာလျှင်ပင် သူ့ဆရာ၏ ပြိုင်ဘက်မဟုတ်ပေ။
မုဖူရှန်း ယဲ့ချိုးပိုင်၏အတွေးများကို မြင်ပုံရသည်။
သို့စေကာမူ သူ့နှလုံးသားထဲတွင် သူ့ဆရာအတွက် နာကျင်နေရသည်။
အစ်ကိုကြီးနဲ့ စီနီယာအစ်ကိုရှောင်ဟိုင်လို အရမ်းပြဿာနာဖန်တီးတတ်တဲ့ သူတွေသာရှိရင် ငါဘယ်လိုလွတ်လပ်နိုင်မှာလဲ!
ဟူး၊ ငါဆရာ့ကို စိုးရိမ်ပူပန်ရအောင် လုပ်နေမိတုန်းပဲ!
ထိုအချိန်တွင် ရှောင်ဟိုင် မြေအောက်သို့ လျှောက်သွားခဲ့သည်။
သူပို၍ဆင်းသွားလေလေ၊ ရှောင်ဟိုင်ကိုယ်မှ သွေးက ပို၍ပို၍မငြိမ်မသက် ဖြစ်လာလေလေပင်။
သူ့ဝိဉာဉ်ခုန်နှုန်းကလည်း တိုးလာသည်။
အောက်က ဝိဉာဉ်အပိုင်းအစ သူ့ကို ခေါ်နေတာကို သူခံစားနိုင်ပါသည်။
၎င်းက သူ့ဝိဉာဉ်နှင့်ပေါင်းစပ်ရန်အတွက် စိတ်အားထက်သန်နေသည်။
ရှောင်ဟိုင်အောက်ခြေသို့ ရောက်လာသောအခါ သူ့ရှေ့၌ အပျက်အစီးများကလွဲ၍ တစ်ခြားဘာမှမရှိပါ။
အရာရာတိုင်းက အလင်းနက်ကျောက်တိုင်ကြောင့် ရိုက်ချိုးခံလိုက်ရသည့်အလား။
အပျက်အစီးများပေါ်၌ လူသားအသွင်အရိပ်နက်တစ်ခုက သူ့ကိုအေးစက်စွာ စိုက်ကြည့်နေသည်။
ရှောင်ဟိုင်ကလည်း ပြန်ကြည့်သည်။
သူတို့မျက်လုံးများ တွေ့ဆုံသွားသည့် အခိုက်အတန့်၌ ဒီပုံရိပ်နက်က သူ့ဝိဉာဉ်အပိုင်းအစဆိုတာ ရှောင်ဟိုင်သေချာသွားခဲ့သည်။
"မင်းခွန်အားက ငါထင်ထားတာထက် ပိုမြန်မြန် တိုးတက်လာတာပဲ"
ပုံရိပ်ကပြောသည်။
"ကြည့်ရတာ မင်းမတော်တဆတွေ့ဆုံမှုတစ်ခုကို ကြုံတွေ့ခဲ့ရပုံပဲ"
ရှောင်ဟိုင် ဝိဉာဉ်အပိုင်းအစ၏အဖြေကို မဖြေဘဲ ယင်းအစားမေးသည်။
"ငါ့မှတ်ဥာဏ်ထဲက အမျိုးသမီးက ဘယ်သူလဲ၊ နောက်ဝိဉာဉ်အပိုင်းအစကဘယ်မှာလဲ"
ပုံရိပ်က ထူးမခြားနားစွာပြောသည်။
"မင်းငါနဲ့ပေါင်းစပ်ပြီးတဲ့အခါကျရင် အဲဒီလူဘယ်သူလဲဆိုတာ သိမှာပါ၊ နောက်ဝိဉာဉ်အပိုင်းအစအတွက်တော့ သဲလွန်စတစ်ခုတည်းပဲရှိတယ်"
"ဘယ်မှာလဲ"
"ခွန်းလွန်အပျက်အစီး"
ခွန်းလွန်အပျက်အစီး!
ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
"ခွန်းလွန်အပျက်အစီးက ဘယ်မှာလဲ"
"ငါမသိဘူး၊ ဒါကိုမင်းကိုယ်တိုင်ရှာရမယ်" ပုံရိပ်က ထူးမခြားနားစွာ ပြန်ဖြေသည်။
"အပိုင်းအစပေါင်းစပ်မှုက အရမ်းမြန်တယ်၊ မင်းခွန်အားက မထိမ်းထားနိုင်ဘူးဆိုရင် ဝိဉာဉ်ပေါင်းစပ်မှုရဲ့ နာကျင်မှုကို မင်းခံနိုင်မှာ မဟုတ်ဘူး"
"မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ခွန်းလွန်အပျက်အစီးက ဝိဉာဉ်အပိုင်းအစကို စုပ်ယူဖို့ဆိုတာက လုံလောက်တယ်ဆိုတာနဲ့ အရမ်းဝေးသေးတယ်"
ထိုနေရာတွင် ပုံရိပ်က တစ်ခဏမျှရပ်သွားပြီး အနည်းငယ်တုံ့ဆိုင်းနေပုံရကာ သူ့ကို ထပ်မံသတိပေးသည်။
"မင်းအာရုံစိုက်ရမယ့် အရာနောက်တစ်ခု ရှိသေးတယ်၊ မင်းငါ့ကို နိုးထစေတာနဲ့ ဒါက အဲဒီလူသုံးယောက်ရဲ့ အာရုံကို သေချာပေါက် ဆွဲဆောင်စေလိမ့်မယ်"
"ဒါက အချိန်ခဏတာလောက်ပဲ ဆိုပေမယ့် အဲဒီလူရဲ့စရိုက်အရဆိုရင် သဲလွန်စနဲ့ တည်နေရာတွေကို သူစပြီးရှာဖွေလိမ့်မယ်"
ပုံရိပ်က ဒါကိုပြောနေစဉ် သူ့၏ အေးစက်သော မျက်လုံးများ၌ ထူထဲသည့် သတ်ဖြတ်ခြင်းဆန္ဒများရှိနေသည်။
"ဒါ့ကြောင့် မင်းမှာအချိန်သိပ်မကျန်တော့ဘူး"
ဒါကိုကြားသောအခါ ရှောင်ဟိုင် ညင်သာစွာ ခေါင်းညိတ်သည်။
ဤသည်ကို မြင်ပြီးနောက် ပုံရိပ်က ဝိဉာဉ်အပိုင်းအစတစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်ဟိုင်၏ မျက်ခုံးအကြား ၀င်သွား၏။
ဝိဉာဉ်အပိုင်းအစက ရှောင်ဟိုင်၏ အသိစိတ်ပင်လယ်ထဲ ၀င်သွားသောအခါ ရှောင်ဟိုင့်အမူအရာက ချက်ချင်းဆိုသလို အလွန်အမင်း ပြင်းထန်ကြမ်းကြုတ်လာသည်။
ထို့နောက် ရှောင်ဟိုင်၏လည်မြိုကနေ ကျယ်လောင်သည့် အော်ဟစ်သံတစ်ခု ထွက်လာသည်။
နတ်ဆိုးစွမ်းအားထိုးထွက်လာသည်နှင့် မိုးနှင့်မြေက တုန်ခါသွား၏။
နာကျင်မှု!
ဒါက သူ့ဝိဉာဉ်ထဲထိ နက်ရှိုင်းစွာ ၀င်လာသော နာကျင်မှုပေတည်း။
နာကျင်မှုက သူ့ဝိဉာဉ်နှင့်ခန္ဓာကို ဘက်ပေါင်းစုံကနေ ဆုတ်ဖြဲပစ်နေပုံရသည်။
လွန်ခဲ့သော အကြိမ်ရေအနည်းငယ်ကလည်း ဝိဉာဉ်အပိုင်းအစနှင့် ပေါင်းစပ်ရန် အလွန်အမင်း နာကျင်ရသော်လည်း ဒီတစ်ကြိမ်နှင့် ယှဉ်ပါက အရင်အကြိမ်ရေ အနည်းငယ်က ပြောဆိုရန်ပင် မထိုက်တန်ပါ။
အရင်အကြိမ်ရေအနည်းငယ်ကို အတူတကွ ပေါင်းစပ်လိုက်လျှင်ပင် ဒီတစ်ကြိမ် နာကျင်မှုအဆင့်ကို မမှီပေ။
မှတ်ဉာဏ်မပိုင်းအစက မုန်တိုင်းထန်သည့် လှိုင်းများနှင့်တူပြီး လှိုင်းတစ်ခုပြီးတစ်ခု ရောက်လာသည်။
ထို့နောက် ရှောင်ဟိုင်၏ ဝိဉာဉ်ထဲသို့ ကြမ်းတမ်းခက်ထန်သည့်နည်းနှင့် တိုး၀င်လာသည်။
ရှောင်ဟိုင်နာကျင်မှုကို အံကြိတ်ရင်း ထိုမှတ်ဉာဏ်များကို စတင်လက်ခံနေသည်။
အနက်ချပ်၀တ်နှင့်လူရှည်တစ်ယောက်က လေထဲတွင် ရပ်နေတာကို သူမြင်ရသည်။ သူ့မျက်လုံးများက ကမ္ဘာကြီးကို ငုံ့ကြည့်နေပုံရပြီး အလွန်အမင်း အေးစက်နေသည်။
သူ့ကိုယ်ပတ်လည်၌ ပြင်းထန်သော နတ်ဆိုးချီများက ဒလဟောလည်ပတ်နေသည်။
သူ့နောက်တွင် ခြေလှမ်းတစ်၀က်ခန့်အကွာ၌ အနက်၀တ်လူသုံးယောက် ရပ်နေကြသည်။
သူတို့နောက်တွင် နတ်ဆိုးဘုရင်ပိုင်နက်က လက်ရွေးစင်တစ်သောင်းရှိသည်။ သူတို့က ချပ်၀တ်များကို ၀တ်ဆင်ကာ ကြမ်းကြုတ်သည့် မျက်လုံးများနှင့် ရှေ့သို့ ကြည့်နေကြသည်။
သူတို့ကဘယ်အရာကိုမှ မကြောက်ပါ။ သူတို့ရှေ့က ချပ်၀တ်နှင့်လူ အမိန့်ပေးနေသရွေ့ သူတို့ရှေ့၌ ဓားတောင်နှင့်မီးပင်လယ်ရှိနေလျှင်ပင် တုံ့ဆိုင်းမနေဘဲ ဖြတ်သန်းသွားကြမည်ဖြစ်သည်။
ချပ်၀တ်နှင့်လူ၏ရှေ့တွင် ကျင့်ကြံသူအုပ်စုကြီးတစ်စုရှိသည်။ သူတို့ထဲက တစ်ယောက်ချင်းဆီထံမှ အလွန်အမင်း အစွမ်းထက်သည့် အော်ရာတစ်ခုစီ ထုတ်လွှတ်နေကြ၏။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ဒီလူများ၏ အော်ရာကို မယှဉ်နိုင်ပေ။
ထိတ်လန့်ဖွယ်ရာအကောင်းဆုံးအရာက ကျင့်ကြံသူများအပေါ်၌ အဖြူ၀တ် သက်လတ်ပိုင်းအရွယ် လူနှစ်ယောက် ရှိနေခြင်းပင်။ သူတို့ကိုယ်ခန္ဓာပတ်လည်က ဝိဉာဉ်ချီက ရုပ်လုံးပေါ်နေပြီဖြစ်ကာ သူတို့အား အဖြူရောင်မြင့်မြတ်အလင်းတစ်ခုပမာ လှည့်ပတ်နေကြ၏။
သူတို့ခွန်အား၏နက်ရှိုင်းမှုက ဖော်ပြ၍ပင် မရနိုင်ပေ။
မြေပြိုကျမှုနှင့် ဆူနာမီကို ဖြစ်စေရန်အတွက် သူတို့လက်ချောင်းလေးကို အနည်းငယ်မျှသာ မြှောက်ရန် လိုအပ်သည့်အသွင်။
အကြည့်တစ်ချက်တည်းနှင့် သူတို့က ကမ္ဘာကြီးထဲက အရာအားလုံးကို တိတ်ဆိတ်သွားအောင် လုပ်နိုင်သည်။
သို့စေကာမူ ဒီလိုလူမျိုးကို ရင်ဆိုင်ရသည့်တိုင် ချပ်၀တ်နှင့်လူက နောက်ဆုတ်ခြင်းမရှိသလို လုံး၀မရှောင်ရှားပေ။
သူ့၏အမူအရာကအေးစက်ကာ ရှေ့က လူနှစ်ယောက်ကို အထင်အမြင်သေးစွာ တည့်တည့် စိုက်ကြည့်နေသည်။
ထို့နောက် အဖြူ၀တ်လူနှစ်ယောက်၏ နှုတ်ခမ်းများက တစ်ခုခုကို ပြောနေသည့်အလား လှုပ်ရှားသွားခဲ့သည်။
သို့သော် ယဲ့ချိုးပိုင်မသိတာက ဒါက ကမ္ဘာပျက်လုနီးပါးတိုက်ပွဲတစ်ခုဖြစ်နေသည်ကိုပင်။
ချပ်၀တ်နှင့်လူက ထိုလူနှစ်ယောက်ကို တိုက်ခိုက်နေစဉ် အနက်၀တ်လူသုံးယောက်က ချပ်၀တ်နှင့်လူကို နောက်ကနေ တိုက်ခိုက်ကြလေတော့သည်။
အပိုင်း(733) coming။