← Chapters

#ပေါင်းစပ်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း#

Vol. 52 Ch. 734

#ပေါင်းစပ်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း#

Vol. 52 Ch. 734

ကောင်းကင်မြေအောက်နန်းတော်က လူလေးယောက်က ငရဲဘိုးဘေးရှေ့ကို ရောက်လာကြသည်။

ငရဲဘိုးဘေး မည်းမှောင်သည့်အမူအရာဖြင့် ပြောသည်။

"ငါသိပြီးပြီ"

ပန်ရှီနှင့်ကျန်သောသူများ၏ လျှို့ဝှက်ကျင့်စဉ်များကို ငရဲဘိုးဘေး၏ စိတ်စွမ်းအားကနေ ထုတ်လွှတ်ထားခြင်းပင်။

ထို့ကြောင့် ငရဲဘိုးဘေးက သူတို့၏ သေခြင်းတရားကို ချက်ချင်းသိမည်သာ။

ကွေ့ကောရင် ခပ်ရေးရေးပြုံးသည်။

"ဒီလိုအမှိုက်လေးကောင်ရဲ့ သေဆုံးမှုအတွက် ဘိုးဘေး ဒေါသထွက်စရာတော့ မလိုပါဘူးမလား"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ငရဲဘိုးဘေးက ဝိဉာဉ်ကထိုးထွက်လာကာ ဒေါသတကြီးအော်ဟစ်သည်။

"ဒီလိုအမှိုက်တွေအတွက် ငါဒေါသထွက်ရမှာလား၊ သူတို့‌မသေဘူးဆိုရင်တောင် ကျရှုံးပြီး သူတို့ပြန်လာခဲ့ရင်တောင် ငါသူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်မှာ"

"ငါအခုဒေါသထွက်နေတာက အဲဒီခန္ဓာကျင့်ကြံသူရဲ့အလောင်းကို မရနိုင်ခဲ့လို့ပဲ"

ရုပ်ခန္ဓာ သို့မဟုတ် အရည်အသွေးမြှင့် ရုပ်ခန္ဓာတစ်ခုပင်မရှိပါက ငရဲဘိုးဘေးအတွက် သူ့အမြင့်ဆုံးခွန်အားက ပြန်လည်မွေးဖွားလာပြီးနောက် မတိုးတက်လာသည့်အပြင် ဒီစွန့်ပစ်နေရာကနေ သူထွက်နိုင်မယ်ဆိုတာကလည်း ပြဿာနာတစ်ခု ဖြစ်လာနိုင်သည်။

သေမင်းဝိဉာဉ်မြို့၏ ဖိနှိပ်စွမ်းအားက ဝိဉာဉ်အတွက်သာဖြစ်သည်။

ငရဲဘိုးဘေး ဝိဉာဉ်တစ်ခုသာဖြစ်နေသေးပြီး သူ့ဝိဉာဉ်ခွန်အားက သေမင်းဝိဉာဉ်မြို့က ဖိနှိပ်စွမ်းအားထက် လုံးလုံးလျားလျား မသာလွန်သရွေ့ ဒီကျောက်တိုင်သုံးတိုင်ကနေ သူသေချာပေါက် လွတ်မြောက်နိုင်မည်မဟုတ်။

ကွေ့ကောရင်ပြောသည်။

"ကျုပ်မှာ ရုပ်ခန္ဓာတစ်ခုရှိတယ်"

"အိုး" ငရဲဘိုးဘေး ကွေ့ကောရင်ကို စိုက်ကြည့်လိုက်၏။

ကွေ့ကောရင် လက်ကိုဝှေ့ယမ်းသောအခါ ကုရှီနှင့်ချီပင်းတို့၏ အလောင်းများက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

ကွေ့ကောရင် အလောင်းနှစ်လောင်းကို ညွှန်ပြကင်း ခပ်ရေးရေးပြုံးသည်။

"ဒါပေမယ့် ဒီအလောင်းနှစ်လောင်းက ခန္ဓာကျင့်ကြံသူဖြစ်တဲ့ ရှောင်ဟိုင်ရဲ့ခန္ဓာလောက်တော့ အားမကောင်းဘူး၊ ဒီလိုဆိုရင်တောင် အခုလို အခြေအနေက ဒီလိုအရာမျိုးကို စဉ်းစားနေရမယ့် အချိန်မဟုတ်ဘူးလို့ ကျုပ်ယုံပါတယ်"

ငရဲဘိုးဘေး သူ့ဒေါသကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်၏။

သို့စေကာမူ သူ့အမူအရာက မည်းမှောင်နေသေးပြီး သူ့မျက်လုံးများက တုံ့ဆိုင်းမှုနှင့် ပြည့်နှက်နေသည်။

ကွေ့ကောရင်ဆက်ပြောသည်။

"ဒါ့အပြင် အချိန်လျလာတဲ့အခါကျရင် ကျုပ်တို့တစ်ခြားခန္ဓာတစ်ခုကို သုံးနိုင်တာပဲလေ၊ ဒါကငရဲဘိုးဘေးဖြစ်တဲ့ ခင်ဗျားအတွက်တော့ ခက်ခဲမှာမဟုတ်ပါဘူး"

ဒါကိုကြားသောအခါ ငရဲဘိုးဘေး၏ မျက်လုံးများမှ တုံ့ဆိုင်းမှုက ပျောက်ကွယ်သွားသည်။

တကယ်တမ်းတွင် ဒါက သူ့ရုပ်ခန္ဓာပြောင်းလဲခြင်းသာ။ သူ့အတွက်မူ သူအထူးပစ္စည်းတစ်ချို့ကို ရနေသရွေ့ ဒါကို လုပ်နိုင်ပါသည်။

ယခုဦးစားပေးက လွတ်မြောက်ရန်ပင်။

ဒါ့အပြင် သူလွတ်မြောက်ပြီးနောက်တွင် ထိုခန္ဓာကျင့်ကြံသူကို ကိုယ်တိုင်သတ်ကာ ခန္ဓာကို ယူဆောင်ပါက ပိုအဆင်မပြေသွားဘူးလား!

ငရဲဘိုးဘေး ကွေ့ကောရင်အားကြည့်ပြီး ဒီအကြောင်းကို ပြန်တွေးကာ ညင်သာစွာ ခေါင်းညိတ်သည်။

"မင်းရဲ့ကြင်နာမှုကို ငါမှတ်မိနေပါမယ်'

သို့စေကာမူ ကွေ့ကောရင်ဂရုစိုက်ပုံမရပေ။

"ဒါကိုကြင်နာမှုလို့ မခေါ်ချင်ဘူး၊ ကျုပ်တို့က ပူးပေါင်းဆောင်ရွက်ရုံပဲ၊ အချိန်ကျလာတဲ့အခါကျရင် ခင်ဗျားကတိကို သတိရပြီး ကျုပ်တို့ကို အဆင့်မြင့်ကြယ်နယ်မြေကိုပဲ ခေါ်သွားပေးပါ"

ကွေ့ကောရင်၏ သဘောထားကို မြင်ရသောအခါ ငရဲဘိုးဘေး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ကြင်နာမှုနည်းနည်းလေးကြောင့် ဂျုနီယာတစ်ယောက်ကို သူ့ရှေ့တွင် မည်သည့်လေးစားမှုမှ မရှိဘဲ မထီမဲ့မြင်ပြုခြင်းကို သူခွင့်ပြုမည်မဟုတ်။

အတိတ်တွင်ဆိုပ်က ငရဲဘိုးဘေး သူ့ကို ရက်စက်စွာ သတ်ပစ်မည်သာ။ သို့စေကာမူ ကွေ့ကောရင်နောက်က ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ အကူအညီကို သူလိုအပ်နေသေးသည်။

သူလောလောဆယ် ဒါကိုထိန်းချုပ်ထားရုံသာ တတ်နိုင်သဖြင့် အေးစက်စွာ နှာခေါင်းရှုံ့သည်။

"သေချာတာပေါ့၊ ငါမမေ့ပါဘူး၊ ပူးပေါင်းဆောင်ရွက်ရတဲ့ အကြောင်းအရာကိုပဲ မမေ့ပါနဲ့"

ကွေ့ကောရင်ပခုံးတွန့်သည်။

"ကျုပ်တို့ရဲ့ ကောင်းကင်ပြာမြစ်ဝါနန်းတော်က သဘောမတူရင်မတူဘူး၊ တူရင်လည်း စကားအတိုင်း လုပ်တတ်တယ်"

"ကျုပ်မှာဒီယုံကြည်မှုရှိနေတုန်းပဲ၊ ဘိုးဘေး၊ မစိုးရိမ်ပါနဲ့"

"ဒါဆိုကောင်းပြီလေ"

ထို့နောက် ငရဲဘိုးဘေး အလောင်းနှစ်လောင်းကို ကြည့်လိုက်၏။ သူနှင့် အလိုက်ဖက်အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်ပြီး သူပေါင်းစပ်ချင်သည်။ သို့မှသာ သူလုံး၀ ပြန်လည်မွေးဖွားလာနိုင်ပေလိမ့်မည်။

ငရဲဘိုးဘေး ကုရှီကိုကြည့်လိုက်၏။

ပထမအကြည့်တစ်ချက်မှာပင် ကုရှီက သေသွားပြီးသော်လည်း ငရဲဘိုးဘေး၏ ခွန်အားအရ၊ ဒီလိုအတွေ့အကြုံရှိသည့် မိစ္ဆာအိုအတွက် ကုရှီက အသက်ရှင်စဉ်က ဓားသမားတစ်ယောက်ဆိုတာ ပြောရန် လွယ်ကူသည်။

သူ့၏ရုပ်ခန္ဓာခွန်အားက မဆိုးပေ။ ဒါက နယ်ပယ်တူက အဆင့်တူလူများအထက်တွင် ရှိသည်။

သို့စေကာမူ ငရဲဘိုးဘေး၏ မျက်လုံးထဲတွင် ဒါကအနည်းငယ် အားနည်းနေသေးသည်။

အကယ်၍ သူသာဓားသမားတစ်ယောက်ဆိုပါက ဒီခန္ဓာကို ရွေးချယ်ကောင်းရွေးချယ်မိမည်သာ။

ထို့နောက် သူ့အကြည့်ကို ချီပင်းထံ ပြောင်းလိုက်၏။

ချီပင်းကလည်း ဓားသမားတစ်ယောက်ဖြစ်သည်။

သို့စေကာမူ ငရဲဘိုးဘေးက ချီပင်းအလောင်းနှင့် ပေါင်းစပ်ရန် အလျင်အမြန်ပင် ဆုံးဖြတ်လိုက်သည်။

ချီပင်း၏ဝိဉာဉ်က နှုတ်ယူခံထားရသော်လည်း လူသူမဲ့သည့်အသိစိတ်ပင်လယ်၌ ဝိဉာဉ်အရိပ်အယောင်တစ်ချို့ကို မြင်နိုင်ပါသေးသည်။

ချီပင်း၏ အသိစိတ်ပင်လယ်က ကုရှီထက် အများကြီးပိုကောင်းသလို ပိုထူးခြားသည်။

ဒီလူအသက်ရှင်စဉ်က ဝိဉာဉ်ရှုထောင့်၌ သူအမှန်အထင်ကံကောင်းမှုတစ်ခုခုကို ကြုံကြိုက်ခဲ့တာ ဖြစ်နိုင်သည်။

သို့သော် သူ့ရုပ်ခန္ဓာကတော့ ကုရှီထက် အနည်းငယ်ပိုအားနည်းသည်။

အကယ်၍ သူသာချီပင်းခန္ဓာနှင့် ပေါင်းစပ်လိုက်ပါက ငရဲဘိုးဘေး၏ ဝိဉာဉ်စွမ်းအားကို ပြန်လည်ကုသရာ၌ အကျိုးရှိလာပေလိမ့်မည်။

ငရဲဘိုးဘေးအတွက် ဒါက ပိုပြီးအသုံး၀င်နေဆဲပင်။

ထို့ကြောင့် ငရဲဘိုးဘေးလက်ဝှေ့ယမ်းကာ ကုရှီ၏အလောင်းကို ဖျက်ဆီးပစ်သည်။

ဒါကိုမြင်သောအခါ ကွေ့ကောရင် ခပ်ရေးရေးသာပြုံးရင်း ဘာမှမပြောပေ။

ငရဲဘိုးဘေး ချီပင်းအလောင်းကို ကျောက်တိုင်ထဲ ဆွဲခေါ်သွားပြီး ပေါင်းစပ်ခြင်းဖြစ်စဉ်ကို စတင်သည်။

တခြားတစ်ဘက်တွင် ရှောင်ဟိုင်ထွက်လာပြီးနောက် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ဆွေးနွေးနေတာကို သူကြားလိုက်ရသည်။

"သူတို့ခန္ဓာတွေက ဘာအကျိုးရှိလို့လဲ" လင်းကျိနန် မျက်မှောင်ကြုတ်သည်။

"ဝိဉာဉ်မရှိတဲ့အလောင်းတွေက ဘာအတွက် အသုံး၀င်လို့လဲ"

ယဲ့ချိုးပိုင်ကလည်း နားမလည်နိုင်ပေ။ သူစိတ်ရှုပ်ထွေးစွာမေးသည်။

"ဒါ့အပြင် ကုရှီနဲ့ ချီပင်းတို့ရဲ့ခန္ဓာတွေက အားမကောင်းသလို သူတို့သွေးကြောတွေကလည်း ထိပ်တန်းအဆင့်မဟုတ်ဘူး..."

ရှောင်ဟိုင်ခန္ဓာဆိုလျှင်ပင် အသုံး၀င်နေဦးမည်။

ရှောင်ဟိုင် ဘာဖြစ်နေသလဲဆိုတာ အကြမ်းဖျင်းနားလည်သွားသဖြင့် လျှောက်လာသည်။

"ဝိဉာဉ်ကိုယ်ထည်တစ်ခုက ရုပ်ခန္ဓာတစ်ခုနဲ့ ပြန်လည်မွေးဖွားဖို့ ဖြစ်နိုင်ချေရှိတယ်" လူတိုင်းဒါကို ကြားသောအခါ သူတို့လှည့်ကာ ဖြည်းဖြည်းချင်း လျှောက်လာသည့် ရှောင်ဟိုင်အား ကြည့်လိုက်ကြ၏။

သူတို့ရှောင်ဟိုင်ကို မြင်သောအခိုက်အတန့်၌ အနည်းငယ် ကြက်သေသေသွားကြသည်။

လက်ရှိရှောင်ဟိုင်က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူ့အကြည့်က အရင်ကလို တုံးအပုံမရတော့။

သူကကမ္ဘာကြီးအား ငုံ့ကြည့်နေပြီး ပုံမှန်မဟုတ်စွာ အေးစက်နေသည့်အသွင်။

တစ်ချိန်တည်းမှာပင် သူ့စိတ်နေစိတ်ထား တစ်ခုလုံးကလည်း ကြီးမားသည့် အပြောင်းအလဲကို ကြုံကြိုက်ခဲ့ရသည်။

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က မအံ့ဩသင့်ကြပါ။

ဒါက ဝိဉာဉ်အပိုင်းအစများကို စုပ်ယူခြင်း၏ ရလဒ်ပေတည်း။

အရင်ကလည်း ဒါဖြစ်ဖူးသော်လည်း ဒီတစ်ကြိမ်တွင်မူ ပို၍ပင်ပြောင်းလဲသွားခဲ့သည်။ ရှောင်ဟိုင် ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ဘေးကို လျှောက်လာသည်။

"ငရဲမြို့မှာ ဝိဉာဉ်ကိုယ်ထည်တစ်ခုရှိရမယ်၊ ဒါကြောင့် အဲဒါက ပြန်လည်မွေးဖွားဖို့အတွက် ရုပ်ခန္ဓာတစ်ခု လိုနေတာပဲ"

"ဒါကဖြစ်နိုင်ချေတစ်ခုပဲဆိုပေမယ့် ပိုဖြစ်နိုင်ချေရှိတယ်"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက တစ်ခဏမျှ တွေးလိုက်မိကြသည်။

ရှောင်ဟိုင်ပြောတာမှန်သည်။

ဥပမာအားဖြင့် နတ်ဆိုးဘုရင်မြို့၌ ဖိနှိပ်ထားသည့် အကြွင်းအကျန်ဝိဉာဉ်တစ်ခု ရှိသည် မဟုတ်ပေလော။

ပြင်ပမြို့များ သို့မဟုတ် အမွေအနှစ်မြေများကလည်း အကြွင်းအကျန်ဝိဉာဉ်များကို ဖိနှိပ်ထားသည်။

ကြယ်တိမ်တိုက်မြို့ကျင့်ကြံခြင်းမျှော်စင်၏ ထိပ်ဆုံးအထပ်ကလည်း အလားတူဖြစ်နိုင်သည်။

သေမင်းဝိဉာဉ်မြို့ ဖိနှိပ်ထားသည့်အရာတိုင်းက ဝိဉာဉ်နှင့် ဆက်စပ်နေပုံရသည်။

ဒါကိုတွေးမိပြီးနောက် လင်းကျိနန် မည်းမှောင်သည့် အမူအရာဖြင့် ပြောသည်။

"ဒီလိုဆိုရင် ဒါကအမှန်ဖြစ်လောက်တယ်၊ ငါတို့မြန်မြန်သွားဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင် တစ်ဘက်လူရဲ့အစီအစဉ်က အောင်မြင်သွားလိမ့်မယ်"

ယဲ့ချိုးပိုင်ဆက်ပြောသည်။

"ဒါ့အပြင် အောင်မြင်ပြီးတဲ့အခါကျရင် ဖိနှိပ်ခံထားရတဲ့ဝိဉာဉ်က ဖိနှိပ်မှုကနေ ထွက်ပြေးလွတ်မြောက်နိုင်တယ်...."

ယဲ့ချိုးပိုင် ပြင်ပမြို့တွင် ရှိစဉ်ကတည်းက ဒါကိုသိခဲ့ပြီးဖြစ်သည်။

အပိုင်း(735) coming။

All Chapters