← Chapters

#ချီ‌ရှာဒေါင်#

Vol. 52 Ch. 735

#ချီ‌ရှာဒေါင်#

Vol. 52 Ch. 735

ယခုတွင်မူ ဘာကြောင့် ကွေ့ကောရင်က ချီပင်းနှင့် ကုရှီတို့အလောင်းကို သူနှင့်အတူ ယူသွားရသလဲဆိုတာ ရှင်းလင်းနေလေပြီ။

ပေါင်းစည်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်း!

ဒါကအိမ်တစ်လုံးကို ပိုင်ဆိုင်လိုက်ရသည့်ပမာဖြစ်သည်။

သို့စေကာမူ သူတို့ဝိဉာဉ်များကို ဆုံးရှုံးနေပြီဖြစ်သည့် ချီပင်းနှင့်ကုရှီတို့အတွက်မူ ဒါက အိမ်ကို ပိုင်ဆိုင်အောင် လုပ်တာထက်ပင် လွယ်ကူသည်။ သို့စေကာမူ ရုပ်ခန္ဓာနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ရန်အတွက် အထူးလျှို့ဝှက်နည်းစနစ် တစ်ချို့ကိုတော့ လိုအပ်ပါသည်။

လျှို့ဝှက်နည်းစနစ်များနှင့် ရင်းနှီးကျွမ်း၀င်သည့် ငရဲဂိုဏ်းနှင့် ကောင်းကင်ပြာမြစ်ဝါနန်းတော်အဖို့ သူတို့တွင် ဒီလိုလျှို့ဝှက်နည်းစနစ်မျိုးတွေရှိတာက အံ့အားသင့်စရာမဟုတ်တာ သိသာထင်ရှားနေသည်။

ဒီသုံးသပ်ချက်ကို ရလာပြီးနောက် လူတိုင်းက တုံ့ဆိုင်းမနေဘဲ ငရဲမြို့သို့ တည့်တည့် ဦးတည်လိုက်ကြ၏။

ချီပင်းနှင့် ကုရှီတို့က သေပြီးသားဖြစ်ကာ သေမင်းဝိဉာဉ်မြို့၌ ထိပ်တန်းပါရမီရှင်များသေတာက မထူးဆန်းပေ။

သို့စေကာမူ သေသွားသည့်တိုင် တစ်ခြားတစ်ယောက်က အလောင်းကိုသုံးနေတုန်းဆိုပါက ဒါက သေသူ၏နောက်ကွယ်က အင်အားစုကို စော်ကားခြင်းပေတည်း။

ဒီလိုပုံမှန်အခြေ‌အနေများအောက်တွင် ဒါကသေချာပေါက် တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ဒါက သေဆုံးသူ၏နောက်ကွယ်က အင်အားစု၏မျက်နှာကို ရိုက်နှက်ပစ်သည်သာမက ဦးတည်ရာပြောင်း၊ ပုံစံပြောင်းရင်း ကန်ကျောက်တာလည်း ပါ၀င်သည်။

သေသူများက အရေးအပါဆုံးဖြစ်သည်။

ဒီစကားလုံးတွေက ဟာသမဟုတ်ပေ။

ချက်ချင်းဆိုသလို လူတိုင်း သေမင်းဝိဉာဉ်မြို့သို့ ပြေးသွားနေကြ၏။

တစ်ချိန်တည်းမှာပင် ငရဲမြို့နှင့် ရုပ်ခန္ဓာပေါင်းစည်းခြင်းဖြစ်စဉ်က အဆုံးသတ်ကို ရောက်နေလေပြီ။

ကျောက်ဟန်လင်း ဒီမြင်ကွင်းကို မြင်သောအခါ ကွေ့ကောရင်အား ကြည့်ကာ မေးသည်။

"ဒီငရဲဘိုး‌ဘေး ခန္ဓာနဲ့ ပေါင်းစပ်ပြီးသွားရင် သူ့ကို ထိန်းချုပ်လို့ရမှာ မဟုတ်တော့ဘူး"

"အချိန်ကျလာတဲ့အခါကျရင်....."

ကွေ့ကောရင် အပြုံးဖြင့် ကျောက်ဟန်လင်းအား ကြားဖြတ်ပြောသည်။

"မင်းဘာပြောချင်သလဲဆိုတာ ငါသိတယ်"

ကျောက်ဟန်လင်း အနည်းငယ် ကြက်သေသေသွားသည်။

"ဒီလိုဆိုရင် မင်းဘာလို့ပြန်လာရတာလဲ"

"ပထမဆုံးအနေနဲ့ ငါတို့ ငရဲဘိုးဘေးကို လွှတ်‌ပေးရမယ်၊ ဟုတ်တယ်မလား"

ကျောက်ဟန်လင်းခေါင်းညိတ်သည်။

ကွေ့ကောရင်ဆက်သည်။

"ဒုတိယ၊ တကယ်လို့ ငါသာ ငရဲဘိုးဘေးလို လူတစ်ယောက်အတွက် မပြင်ဆင်ထားဘူးဆိုရင် သူ့ကို ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ လွတ်ပေးမှာလဲ"

ဒါကိုကြားသောအခါ ကျောက်ဟန်လင်းနှင့် ကျန်သောသူများ နားလည်သွားကြ၏။ သူတို့၏ မျက်သူငယ်များက ဖြည်းဖြည်းချင်း ပြူးကျယ်လာကြသည်။

"မင်းဆိုလိုတာက....."

ခပ်ရေးရေးအပြုံးတစ်ပွင့်က ကွေ့ကောရင်၏ မျက်နှာထက်တွင် ပေါ်လာပြီး သူလက်ဖဝါးကို ဖွင့်လိုက်သည်။ ရှာဖွေ၍မရနိုင်သည့် အဝါရောင်အမှတ်အသားတစ်ခုက သူ့လက်ဖဝါးပေါ်၌ ပေါ်လာခဲ့သည်။

တစ်နည်းအားဖြင့် လုံလောက်အောင် အားမကောင်းသောသူများက ဒါကို ရှာတွေ့နိုင်မည်မဟုတ်။

ယုရှောင်ဟီချက်ချင်းပင်သိလိုက်သည်။

"စီနီယာအစ်ကို အဝါရောင်စမ်းသေခြင်းတံဆိပ်ကို ယူလာတာလား"

အဝါရောင်စမ်းသေခြင်းတံဆိပ်က ကောင်းကင်မြေအောက်နန်းတော်၏ ခြေရာခံရတနာတစ်ခုပင်။

ဒါကိုလူတစ်ယောက်၏ကိုယ်ထဲတွင် ရိုက်နှိပ်ထားသရွေ့ ကောင်းကင်အင်မော်တယ်တစ်ဦးအတွက်ပင်လျှင် ဒီတံဆိပ်၏ တည်ရှိမှုကို ရှာမတွေ့နိုင်အောင်လုပ်ရန် လုံလောက်နေလေပြီ။

အမှတ်အသားချထားသည့်သူက တစ်ဘက်လူ၏ တည်နေရာကို ခြေရာခံနိုင်သလို သေစေလောက်သည့် ပျက်စီးမှုကိုလည်း ဆောင်ရွက်နိုင်သည်။

ဒါက အမှောင်ထဲကနေ ဒီလူ၏ အသက်အော်ရာကို အဆက်မပြတ် တိုက်စားခြင်းပင်။

ထို့နောက်ပါးနပ်စွာပင် လူတစ်ယောက်၏ အသက်ဓာတ်ကို စုပ်ယူပစ်သည်။

ဒီတံဆိပ်ကို ချထားသောသူက အသုံးပြုလိုပါက အမှတ်အသားကို ထုတ်ယူနိုင်ပြီး ထိုလူ၏ အသက်ကို ယူဆောင်နိုင်သည်။

ကောင်းကင်ပြာမြစ်ဝါနန်းတော်တစ်ခုလုံးတွင်ပင်လျှင် ဒီလိုအမှတ်အသားသုံးခုသာရှိသည်။

ထို့ကြောင့်လည်း ကွေ့ကောရင် အဝါရောင်စမ်းသေခြင်းတံဆိပ်ကို ယူလာသောအခါ ကျန်သုံးယောက် အံ့အားသင့်သွားကြခြင်းဖြစ်သည်။

ဒါကလည်း ဒီရှာဖွေရန်ခက်ခဲသည့် အဝါရောင်စမ်းသေခြင်းတံဆိပ်၏ လက္ခဏာကြောင့်ဖြစ်သည်။

ထို့ကြောင့်ပင် သူ စိတ်သက်သာရာရသလိုသာ ခံစားရပြီး ချီပင်း၏ခန္ဓာကို သုံးကြိမ်တိုင်တိုင် စစ်ဆေးပြီးနောက် ဘာပြဿာမှ မတွေ့သဖြင့် ဘိုးဘေး၏ခန္ဓာနှင့် မပေါင်းစပ်သေးခင် သူအရင်ပေါင်းစပ်မှုကို စတင်ခဲ့သည်။

သို့စေကာမူ ဒီမြေအောက်သေမင်းတံဆိပ်ကြောင့်ပင် ငရဲဘိုးဘေးက အောက်ခြေမဲ့ ချောက်ကမ်းပါးတစ်ခုဆီသို့ လျှောက်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပါ။

ယခုအခိုက်အတန့်၌ ပေါင်းစပ်ခြင်းက နောက်ဆုံးအဆင့်တွင် ရှိနေသည်။

နောက်ဆုံးဝိဉာဉ်အရိပ်အယောက်က ချီပင်းကိုယ်ထဲတွင် ပေါင်းစည်းသွားပြီးနောက် သွေးရောင်ပုံစံကွက်များက ချီပင်းကိုယ်ပေါ်၌ တွားတွားသွားလာနေကြသည်။

သူ့ဝိဉာဉ်ခွန်အားကလည်း ဒီသွေးရောင်ပုံစံကွက်များအတိုင်း လိုက်ပါပြီး ခြေလက်နှင့် အရိုးများအထိ ကျယ်ပြန့်ကာ ချီပင်း၏ မျက်ခုံးကြားကို ဗဟိုပြုထားသည်။

ထိုအချိန်တွင် ချီပင်း ဆတ်ခနဲ မျက်လုံးဖွင့်လိုက်လေသည်။

ပထမက သူ့မျက်သူငယ်က ပို၍ပင် ကျယ်ပြောနေပြီးနောက် စတင်စုစည်းလာသည်။ သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒအစက်အပျောက်လေးတစ်ခု ဖြတ်သန်းသွား၏။

ချီပင်း သူ့ကိုယ်ခန္ဓာကို ဆန့်ထုတ်လိုက်စဉ် ပါးစပ်ထောင့်စွန်းက မိစ္ဆာဆန်သည့် အပြုံးဖြင့် ကွေးညွတ်သွား၏။

"မဆိုးဘူး၊ ကံဆိုးရင်တော့ ဒီခန္ဓာရဲ့ အမြင့်ဆုံး အကန့်အသတ်က မလုံလောက်သေးဘူး"

ကွေ့ကောရင်ရှေ့တိုးလာသည်။

"ဘိုးဘေး၊ ထွက်သွားပြီးတဲ့နောက်မှာ ရှာလို့ရတာပဲလေ၊ ဒါမှမဟုတ် ဒီနေရာမှာ ရှောင်ဟိုင်ကိုသတ်ပြီး သူ့ခန္ဓာကို ယူလိုက်လည်း ရတာပဲ"

ငရဲဘိုးဘေးက ချီပင်း၏ခန္ဓာကို ထိန်းချုပ်ရင်း ကွေ့ကောရင်အား ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်သည်။

"ဒီအကြွေးကို ငါမှတ်မိနေပါမယ်"

ဒါကရိုးသားသည်လား၊ မရိုးသားဘူးလားဆိုတာ သူမသိပါ။

ကွေ့ကေုရင် ၀တ်ကျေတန်းကျေပင် ခေါင်းညိတ်သည်။

ထိုအချိန်မှာပင် ငရဲဘိုးဘေး ရုတ်တရက် ခေါင်းမော့ကာ မြို့တံခါးရှိရာဘက်သို့ လှည့်ကြည့်ရင်း ဆိုးယုတ်သည့် အပြုံးတစ်ပွင့်ကို ထုတ်ပြလိုက်လေသည်။

"ကြည့်ရတာ ငါသူတို့ကိုရှာနေဖို့ မလိုတော့ပုံပဲ"

ကွေ့ကောရင်နှင့်ကျန်သောသူများကလည်း ငရဲဘိုးဘေးဘာကို ဆိုလိုသလဲဆိုတာ နားလည်ကြပါသည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ရောက်လာကြလေပြီ။

သို့စေကာမူ ဒါက သူတို့မျှော်လင့်ထားသည့် အတိုင်းသာ။

မည်သို့ပင်ဆိုစေကာမူ ကုရှီနှင့်ချီပင်းတို့၏ ခန္ဓာကို သူတို့ရှေ့တွင် သူထုတ်ဖော်ပြသခဲ့သည် မဟုတ်ပေလော။

ဒါကလည်း ကွေ့ကောရင်၏ ရည်ရွယ်ချက်ဖြစ်သည်။

ရှောင်ဟိုင်ကို ရှင်းပစ်ရန်အတွက် ငရဲဘိုးဘေးကို အသုံးပြုတာကလည်း မဆိုးပေ။

သူတို့တွင် ရှောင်ဟိုင်အပေါ် အမြင်ကောင်းတစ်ခုမရှိပါ။

သူတို့က သေမျိုးရန်သူများမဟုတ်သော်လည်း ကြိုတင်ရှင်းပစ်တာက ဆိုးရွားသည့်အရာတစ်ခုမဟုတ်။

အစပိုင်းကတည်းက သူတို့မိတ်ဆွေမဖြစ်လာနိုင်ခဲ့။ အတားအဆီးတစ်ခု ဖြစ်လာနိုင်သည့် ရှောင်ဟိုင်ကို သတ်ပစ်ခြင်းက ဘာများမှားမည်နည်း။

မကြာမီ ငရဲဘိုးဘေးနှင့် ကောင်းကင်မြေအောက်နန်းတော်က လူလေးယောက်က မြို့ရိုးဆီသို့ ရောက်လာကြ၏။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မော့ကြည့်လိုက်သောအခါ သူတို့အနည်းငယ် ကြက်သေသေသွားကြသည်။

ချီပင်း!

သို့စေကာမူ ဒါက တစ်ခဏမျှသာဖြစ်ပြီး လူအုပ်စုကြီးက တုံ့ပြန်လာသည်။

ဝိဉာဉ်ကို ဆုံးရှုံးထားပြီးဖြစ်သည့် ချီပင်းက ပြန်လည်ရှင်သန်နိုင်တော့မည်မဟုတါ။

ထို့ကြောင့် ဖြစ်နိုင်ချေတစ်ခုတည်းသာရှိသည်။

တစ်စုံတစ်ယောက်က ပြန်လည်မွေးဖွားရန်အတွက် ချီပင်း၏ခန္ဓာကို ငှားယမ်းခဲ့ခြင်းပင်။

ဘေးကနေ လင်းကျိနန် ကျယ်လောင်စွာမေးသည်။

"ကုရှီအလောင်းဘယ်မှာလဲ"

ကွေ့ကောရင်မတုံ့ပြန်ပေ။

တစ်ခဏမျှ တွေးတောပြီးနောက် ငရဲဘိုးဘေး ထူးမခြားနားစွာပြောသည်။

"ကုရှီ၊ အလောင်း၊ အိုး၊ မင်းဆိုလိုတာက နောက်အလောင်းတစ်ခုလား၊ ဒီဘိုးဘေးက အဲဒီအလောင်းကို လောင်ကျွမ်းပစ်လိုက်ပြီ၊ ဒီအဆင့်ခန္ဓာမျိုးက တည်ရှိနေစရာမလိုဘူး၊ သူ့ကို သေမင်းဝိဉာဉ်မြို့ရဲ့ မြေဩဇာဖြစ်ခွင့်ပေးလိုက်ပါ၊ ဒီလိုဆိုရင် သူ့နည်းနဲ့သူ အသုံး၀င်လောက်မှာပါ"

ဒါကိုကြားသောအခါ လူတိုင်း၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားကြ၏။

လင်းကျိနန်၏ ဝိဉာဉ်ချီက ပေါက်ကွဲသွားပြီး သူအံကြိတ်လိုက်သည်။

"မင်းဘယ်သူပဲဖြစ်ဖြစ် ဝိဉာဉ်အင်မော်တယ်နန်းတော်က မင်းကို တန်ဖိုးတစ်ခု ပေးဆပ်ရအောင် လုပ်ပစ်မယ်"

ငရဲဘိုးဘေးနှာခေါင်းရှုံ့သည်။

"ဘယ်လိုရှေးဆန်လိုက်တဲ့နာမည်လဲ၊ ဝိဉာဉ်အင်မော်တယ်နန်းတော်ကသာ အတိတ်က ငါ့ကို ဝိုင်းရံပြီး ဖိနှိပ်ရာမှာ မပါ၀င်ခဲ့ဘူးဆိုရင် ငါတကယ်ဒီနာမည်ကို မမှတ်မိလောက်ဘူး"

ဝိုင်းရံပြီးဖိနှိပ်တာလား!

စုမုယောင်နှင့် လင်းကျိနန်တို့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။

အတိတ်က ဝိုင်းရံခြင်းနှင့် ဖိနှိပ်ခြင်းလား!

ဘိုးဘေးလား!

ဝိဉာဉ်အင်မော်တယ်နန်းတော်က အရင်ကတည်းက တစ်ခြားအဖွဲ့များနှင့် တစ်ခါပဲ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဒါကငရဲဂိုဏ်းကို ပစ်မှတ်ထားရန်ပင်။

ဒီသတင်းအပိုင်းအစများကို ဆက်သွယ်သောအခါ ‌ဒီလူ၏အထောက်အထား၊ တစ်နည်းအားဖြင့် ချီပင်းခန္ဓာကို သိမ်းပိုင်ထားသည့် ဝိဉာဉ်က......!

အဖြေက သိသာထင်ရှားနေလေပြီ။

ဒီလူက ငရဲဂိုဏ်းမှဖြစ်ပြီး လူများစွာကို ပုရွက်ဆိတ်များပမာ သတ်ပစ်ခဲ့သည့် မိစ္ဆာကြီးဖြစ်သည့် ငရဲဘိုးဘေး ချီရှာဒေါင်ပေတည်း။

အပိုင်း(736) coming။

All Chapters