#မိစ္ဆာကိုသတ်ရန်အတွက် ပူးပေါင်းခြင်း#
Vol. 52 Ch. 736
ငရဲဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးအတွင်း လူသတ်မှုကျူးလွတ်ပြီး မကောင်းမှုမျိုးစုံကို ကျူးလွန်သည့်ကာလအတွင်း ထိပ်တန်းဂိုဏ်းအားလုံးနီးပါးက ငရဲဂိုဏ်းကို ဝိုင်းရံ၊ ဖိနှိပ်ရာ၌ ပါ၀င်ခဲ့သည်။
ထို့အတွက်ကြောင့်လည်း စွမ်းအားရှင်အများအပြား ပူးပေါင်းပြီး ချီရှာဒေါင်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့သည်။
သို့စေကာမူ ထိုအချိန်က ချီရှာဒေါင်၏ ဝိဉာဉ်ကို ဖျက်ဆီးပစ်ရမည့်အစား သူတို့ လွတ်မြောက်ခွင့်သာ ပေးခဲ့ရသည်။
ထို့နောက် အနာဂတ်ပြဿာနာများကနေ တားဆီးကာကွယ်ရန်နှင့် ငရဲဂိုဏ်းကို သမိုင်း၏ ရှည်လျားသည့်မြစ်ထဲက သဲမှုန့်တစ်ခုအဖြစ် လုံး၀ပြောင်းလဲသွားစေရန်အတွက် ကျွမ်းကျင်သူများက ချီရှာဒေါင်၏ ဝိဉာဥ်ကို အစွမ်းကုန် ရှာဖွေခဲ့ကြသည်။
သို့စေကာမူ အချည်းနှီးသာ။
ထိုအချိန်ကတည်းက ထိပ်တန်းဂိုဏ်းများစွာက သူတို့လုပ်ရပ်များ၌ အလွန်အမင်း သတိကြီးထားပြီး ငရဲဂိုဏ်း၏ အကြွင်းအကျန်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို အာရုံစိုက်ရန် အမြဲလိုလိုလူများ စေလွှတ်ခဲ့သည်။
သို့သော်ငြားလည်း သူတို့ဘာမှမတွေ့ခဲ့ကြပါ။
နှစ်ရာချီကြာပြီးနောက်တွင်သာ သူတို့သတိလျှော့ချနိုင်ခဲ့ကြသည်။
ယနေ့မတိုင်ခင်အထိ ဂိုဏ်းအားလုံးက ငရဲဘိုးဘေးချီရှာဒေါင် လုံး၀သေသွားပြီဟု ထင်ခဲ့ကြသည်။
သို့သော် ယခုတွင်မူ လင်းကျိနန်၊ စုမုယောင်၊ လဲ့ကျန်းချီနှင့် ကျန်သောသူများ၌ အလွန်အမင်း ထိတ်လန့်နေသည့် အမူအရာကိုယ်စီ ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ဒီသမိုင်းကို သိထားသောကြောင့်ပင်။ ငရဲဘိုးဘေး ချီရှာဒေါင်၏ဝိဉာဥ်က သေမင်းဝိဉာဉ်မြို့၌ ဖိနှိပ်ခံထားရလေရာ သူတို့ အတော်လေး ထိတ်လန့်သွားကြ၏။
လင်းကျိနန် ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။
"ငရဲဘိုးဘေး၊ ဒီလိုအရာကိုလုပ်ပြီးနောက်မှာ ကျုပ်ရဲ့ဝိဉာဉ်အင်မော်တယ်နန်းတော်က တစ်ခြားထိပ်တန်းဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး ခင်ဗျားကို သတ်မှာကို မကြောက်ဘူးလား"
ငရဲဘိုးဘေး နှာခေါင်းရှုံ့သည်။
"မင်းရဲ့ဝိဉာဉ်အင်မော်တယ်နန်းတော်မှာ ဒီလိုစွမ်းရည်မျိုးမရှိပါဘူး"
ထိပ်တန်းဂိုဏ်းတွေက ဘယ်လိုလဲဆိုတာ သူကောင်းကောင်းသိပါသည်။
သူတို့စိတ်၀င်စားမှုကို မသက်ရောက်သရွေ့ သူတို့ပိုင်သည့် ကိတ်မုန့်ကိုပင် သူတို့ထိမည်မဟုတ်။
မဟုတ်ပါက သူတို့သူ့ကို သတ်ရန်အတွက် ဒီလောက်အများကြီးအားစိုက်ထုတ်ပြီး ကြီးမားသောတန်ဖိုးကို ပေးဆပ်ခဲ့မည်မဟုတ်ပေ။
ကောင်းကောင်းပြောရပါက ဒါက ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်သာ ဖြစ်ပြီး သူတို့က အလုပ်ရှုပ်သူမဖြစ်ချင်ပေ။
ရှင်းရှင်းပြောရပါက ဒါကသူ့ကိစ္စမဟုတ်ပါ။
ထိပ်တန်းအင်အားစုများမှ ထိုအုပ်စုများက မိစ္ဆာကျင့်ကြံသူများကဲ့သို့ပင် ဆိုးယုတ်သည့် အကြံအစည်းများစွာ ရှိကြသည်။
သို့သော် မိစ္ဆာကျင့်ကြံသူများက မိစ္ဆာအတွေးများကို အပေါ်ယံတွင် ချပြရင်း အရေးယူဆောင်ရွက်ကြသည်။
တခြားတစ်ဘက်တွင် ထိပ်တန်းဂိုဏ်းများမှလူများက ပြည့်တန်ဆာများပမာ ဖြစ်လာကြပြီး အမှတ်တရဗိမာန်တစ်ခု တည်ဆောက်ချင်ကြသည်။
စုမုယောင် ငရဲဘိုးဘေး၏စကားလုံးများကို ကြားသောအခါ ဘာကိုဆိုလိုသလဲဆိုတာ သူမနားလည်ပါသည်။
အကယ်၍ ငရဲဘိုးဘေးကသာ အရင်လို လူသိရှင်ကြားမထွက်ပြလာပါက တစ်ခြားအင်အားစုများက သူ့ကို တိုက်ခိုက်ရန်ဟူသည် မဖြစ်နိုင်ပေ။
ဥပမာအားဖြင့် မဟာပြိုင်ပွဲတွင် ပန်ရှီနှင့် ကျန်သုံးယောက် ဦးဆောင်သည့် ငရဲဂိုဏ်း၏တပည့်များက တိုက်ခိုက်ရန်အတွက် ထွက်လာခဲ့ကြသည်။
ငရဲဂိုဏ်းက သေခြင်းတရားကနေ ပြန်လာခဲ့တာကို လူတိုင်းသိသွားပြီးနောက်တွင် သူတို့မှတ်သားကာ စစ်ပွဲဆင်နွှဲတော့မည်ဟု ဆိုကြသော်လည်း မည်သူပင်ဖြစ်ပါစေ သူတို့က အရေးယူဆောင်ရွက်ခြင်းမရှိပါ။
ဒါက သာမန်ဥပမာတစ်ခုသာ။
ဒါကရက်စက်သော်လည်း အမှတ်တရားဖြစ်သည်။
ယဲ့ချိုးပိုင် ကိုးပေရှည်ကြယ်ကြွေဓားကို ကိုင်ရင်း ရှေ့တိုးကာ ငရဲဘိုးဘေးကို ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"ခင်ဗျားဝိဉာဉ်က အချိန်အကြာကြီး ဖိနှိပ်ခံထားရတာလေ၊ ခင်ဗျားခွန်အားက အမြင့်ဆုံးအချိန်ကထက် ၁၀ရာခိုင်နှုန်းတောင် မရှိလောက်ပါဘူး၊ ဟုတ်တယ်မလား"
ယဲ့ချိုးပိုင်၏ ပုံရိပ်က ရှေ့တိုးလာတာကို မြင်သောအခါ ငရဲဘိုးဘေး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
တကယ်တမ်းတွင် ၁၀ရာခိုင်နှုန်းထက်ပင် နည်းပါသည်။
ယဲ့ချိုးပိုင်ရှေ့သို့ ဆက်လျှောက်သွား၏။ သူခြေလှမ်းလှမ်းတိုင်း အင်မော်တယ်ဓားတစ်၀က်အဆင့်ဆန္ဒကလည်း ဖြည်းဖြည်းချင်း ထိုးတက်လာသည်။
မုဖူရှန်းနှင့်ရှောင်ဟိုင်တို့က နောက်ကနေ အနီးကပ်လိုက်လာကြ၏။
"ခင်ဗျား ချီပင်းခန္ဓာနဲ့ မကြာသေးခင်က ပေါင်းစပ်ခဲ့တာဖြစ်ရမယ်၊ ဒီလိုအချိန်တိုအတွင်းမှာ ခင်ဗျားရဲ့အတွေ့အကြုံနဲ့ ခွန်အားက ဘယ်လောက်ပဲ ကြွယ်၀ပါစေ ခင်ဗျားနဲ့မဆိုင်တဲ့ ခန္ဓာတစ်ခုကို အပြည့်အ၀ ထိန်းချုပ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား"
ငရဲဘိုးဘေး မျက်မှောင်ကြုတ်လိုက်ပြန်သည်။
မြို့ရိုးအောက်ခြေသို့ ရောက်လာသောအခါ ယဲ့ချိုးပိုင် ခေါင်းမော့ရင်း လေဟာနယ်ထဲတွင် ငရဲဘိုးဘေးနှင့် အကြည့်ချင်းဆုံပစ်သည်။
မီးပွင့်များပျံသန်းလာခဲ့သည်။
မုဖူရှန်းလက်ထဲတွင် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ရွှေကောင်းကင်ဘုံအပြစ်ပေး နတ်မိုးကြိုးတို့က စတင်ထိုးထွက်ကာ ပေါင်းစပ်လာကြ၏။
ပုံစံကွက်ခြောက်ခုက ရှောင်ဟိုင်တစ်ကိုယ်လုံး၌ တွားတွားသွားနေသည်။
ယဲ့ချိုးပိုင် ကိုးပေရှည်ကြယ်ကြွေဓားကို မြှောက်ရင်း ဓားထိပ်နှင့် ငရဲဘိုးဘေးကို ညွှန်ပြီး ထူးမခြားနားစွာပြောသည်။
"ဒီလိုဆိုမှတော့ ခင်ဗျားမှာ ခွန်အားဘယ်လောက်ကျန်သေးသလဲဆိုတာ ကြိုးစားကြည့်ရတာပေါ့"
ငရဲဘိုးဘေးအနည်းငယ် ကြက်သေသေသွားသည်။
ထို့နောက် သူခေါင်းမြှောက်ကာ မောက်မာကျယ်လောက်စွာ ရယ်မောလိုက်လေတော့သည်။
သူ့မောက်မာသည့်ရယ်သံက လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။
"ဘယ်လောက်ကျန်လဲ၊ ဟုတ်လား" ငရဲဘိုးဘေး ယဲ့ချိုးပိုင်အားပြုံးရင်း ဆိုးယုတ်သည့် အပြုံးဖြင့် ပြောသည်။
"လူငယ်မျိုးဆက်တွေက အခုအရမ်းအားမကောင်းတော့တာက အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် သူတို့ပင်ကိုယ်စရိုက်တွေကတောင် ကမူးရှုးထိုးဖြစ်နေတာလား"
"ဒီဘိုးဘေးမှာ ခွန်းအားဘယ်လောက် ကျန်သလဲဆိုတာ မင်းကြည့်ချင်တယ်ဆိုမှတော့....."
စကားပြော၍မပြီးသေးခင်မှာပင် ငရဲဘိုးဘေး၏ ပုံရိပ်က သွေးအရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ အနှီမျက်လုံးနှင့် မြင်ရန်ပင် ခက်ခဲသည့် အမြန်နှုန်းဖြင့် ယဲ့ချိုးပိုင်ရှိရာဘက်သို့ လင်း၀င်းသွား၏။
ရုတ်ချည်းဆိုသလို သူယဲ့ချိုးပိုင်ရှေ့တွင် ပေါ်လာပြီး လက်တစ်ဖက်နှင့် ထိုးပစ်သည်။
သွေးရောင်လက်ဖဝါးချက်က ချက်ချင်းပင် ပုံသဏ္ဍာန်တစ်ခုအဖြစ် သိပ်သည်းကာ ယဲ့ချိုးပိုင်ကိုယ်ပေါ်သို့ ကျဆင်းလာသည်။
ဒီအော်ရာကိုမြင်သောအခါ လူတိုင်းက တစ်ဘက်လူ၏ခွန်အားကို ဆုံးဖြတ်နိုင်နေလေပြီ။
အစစ်အမှန်မြေအင်မော်တယ်နယ်ပယ်!
ဒါက မြေအင်မော်တယ်နယ်ပယ်ကို တက်လှမ်းရန်အတွက် လျှို့ဝှက်ကျင့်စဉ်များကို အသုံးပြုခဲ့သည့် ပန်ရှီနှင့်ကျန်သောသူများပင် ယှဉ်နိုင်သည့်အရာတစ်ခုမဟုတ်ပေ။
တကယ်တမ်းတွင် ငရဲဘိုးဘေး၏ ခွန်အားက အနည်းဆုံး မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေနိုင်သည်။
သူဒီခန္ဓာနှင့် အပြည့်အ၀လိုက်ဖက်အောင် မပြုလုပ်နိုင်သေးသည့် အချက်ကြောင့်သာမဟုတ်ပါက ငရဲဘိုးဘေး၏ အစွမ်းထက်အတွေ့အကြုံနှင့် အခြေခံအုတ်မြစ်ကြောင့် ဆိုပါက မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်၏ မပြည့်၀သေးသည့် ခွန်အားနှင့်ပင် သူမြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် သတ်ပစ်နိုင်ပေလိမ့်မည်။
လက်ဖဝါးချက်ရောက်လာတာကို မြင်သောအခါ ယဲ့ချိုးပိုင်ဓားကို ဆွဲထုတ်ရင်း ပိုင်းဖြတ်ပစ်သည်။
မုဖူရှမ်းလက်အစုံကို ဆန့်လိုက်စဉ် ခရမ်းနှင့် ရွှေမိုးကြိုးနှစ်ကောင်က လက်ဖဝါးချက်ကို ရိုက်ခတ်သည်။
ရှောင်ဟိုင်ဒေါသတကြီး အော်ဟစ်ရင်း ရှေ့သို့ပြေးသွားပြီး ထိုးနှက်ပစ်သည်။
သုံးဦးစလုံး၏တိုက်ခိုက်မှုများက လက်ဖဝါးချက်ပေါ်သို့ တစ်ချိန်တည်းတွင် ကျရောက်သည်။
သို့စေကာမူ ချက်ချင်းဆိုသလို သုံးယောက်စလုံး နောက်ဆုတ်လိုက်ရသည်။
သူတို့သုံးယောက် နောက်ဆုတ်သွားတာကို ကြည့်ရင်း ငရဲဘိုးဘေးအနည်းငယ် အံ့ဩသင့်သွားရသည်။ သူနှာခေါင်းရှုံ့သည်။
"မဆိုးဘူး၊ ငါ့လက်ဖဝါးချက်ကို ခံနိုင်ပြီး တိုက်ရိုက်မသေဘူးဆိုကတည်းက မင်းတို့ခွန်အားမရ မင်းတို့ကို ပါရမီရှင်တွေလို့ သတ်မှတ်လို့ရပြီ၊ ပန်ရှီနဲ့ တခြားအမှိုက်ကောင်တွေက မင်းတို့လက်ထဲမှာ ထိခိုက်ခဲ့ပြီး အဆုံးသတ်မှာ သေသွားရတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမူအရာများက အေးခဲသွားကြ၏။
အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အရင်ထိပ်တန်းအဆင့်ကျွမ်းကျင်သူ တစ်ဖုစ်လဲ သူ့ခွန်အားက အကြီးအမား ကျဆင်းသွားသည့်တိုင် သူတို့တစ်ဦးချင်း ရင်ဆိုင်နိုင်သည့် တည်ရှိမှုမျိုးမဟုတ်ပေ။
သူတို့ပူးပေါင်းမှသာလျှင် တစ်ဘက်လူကို အနိုင်ရရန်အတွက် အခွင့်အရေးတစ်ခု ရှိလာပေလိမ့်မည်။
ယဲ့ချိုးပိုင်နူးညံ့စွာပြောသည်။
"ငါတို့ထိန်ချန်ထားလို့ မရတော့ဘူး၊ သူ ချီပင်းခန္ဓာနဲ့ အပြည့်အ၀မထိန်ညှိပြီးသေးခင် ငါတို့သူ့ကို သတ်ပစ်ရမယ်"
အကယ်၍ ငရဲဘိုးဘေးကသာ တိုက်ပွဲအတွင်း ဒီခန္ဓာနှင့် လိုက်ဖက်ကိုက်ညီသွားပါက အနိုင်ရရန်အတွက် အခွင့်အရေး ရှိမည်မဟုတ်တော့။
ထိုအချိန်တွင် စုမုယောင် ဒယ်စောက်ကို ဆင့်ခေါ်လိုက်ပြီးနောက် ဖိနှိပ်အားတစ်ခုက ငရဲဘိုးဘေးထံ ၀င်လာခဲ့သည်။
ချန်ဟွီလှံပေါ်ရှိ လေနှင့်မိုးကြိုးစွမ်းအားက လှံရှည်ဆန္ဒနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ဘိုးဘေးနှင့် တိုက်မိသည်။
လဲ့ကျန်းချီ ဗျပ်စောင်းကို လက်နှစ်ဖက်နှင့် တီးခတ်နေသည်။ သူဗျပ်စောင်းကို အရူးအမူး တီးခတ်စဉ် ထောင်ချီသည့် စစ်သားနှင့် မြင်းများက အော်ဟစ်လိုက်ကြ၏။
လင်းကျိနန်နှင့် မြောင်ပန်တုံတို့ကလည်း အစွမ်းကုန် တိုက်ခိုက်ကြသည်။
ယဲ့ချိုးပိုင်၏ အင်မော်တယ်ဓားတစ်၀က်အဆင့်က ကြယ်ကြွေဓားပေါ်၌ စတင်စုစည်းလာပြီး ဓားပိုင်နက်က အဆက်မပြတ် ဖိသိပ်လာသည်။
မုဖူရှန်း၏ဝိဉာဉ်စွမ်းအားက တစ်ချိန်တည်းမှာပင် မိုးကြိုးစင်းနှစ်ခုနှင့် ပေါင်းစပ်သွားသည်။ အဖျက်အော်ရာတစ်ခုက ဒီကမ္ဘာကြီးထဲတွင် ထိုးထွက်လာခဲ့သည်။
ရှောင်ဟိုင်ကမူ နတ်ဆိုးဘုရင်ဆန္ဒက သူ့ကိုယ်ပတ်လည်၌ မြည်ဟီးနေပြီး သူ့နောက်၌ နတ်ဆိုးဘုရင်ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းစေသည်။ ချပ်၀တ်နက်က သူ့ကို ဖုံးလွှမ်းနေသည်။
တစ်ခဏအကြာတွင် ငရဲမြို့အပြင်ဘက်၌ မတူညီသည့်အော်ရာများက ကမ္ဘာကြီးထဲသို့ လေဆင်နှာမောင်းတစ်ခုပမာ ဝှေ့ယမ်း ၀င်ရောက်လာကြသည်။
အပိုင်း(737) coming။