#ချီရှာဒေါင်ထိတ်လန့်ခြင်း#
Vol. 52 Ch. 737
ငရဲဘိုးဘေးချီရှာဒေါင် ချီပင်းခန္ဓာကို အပြည့်အ၀ မထိန်ညှိပြီးသေးခင်မှာပင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက အစွမ်းကုန်တိုက်ခိုက်ရင်း ချီရှာဒေါင်ကို သတ်ပစ်ရပေမည်။
ဒီမြင်ကွင်းကို မြင်ပြီးနောက် တစ်ဘက်က လူငယ်မျိုးဆက်များ၏ အတွေးကို ချီရှာဒေါင်နားလည်လာသည်။
သို့စေကာမူ ဒါက ချီရှာဒေါင်ကို ဒေါသထွက်စေသည့် အကြောင်းရင်းမဟုတ်ပါ။
ယင်းအစား ဒီလူများ၏ တိုက်ခိုက်ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ဓားသမား၊ မိုးကြိုးကို ထုတ်လွှတ်နေသောသူနှင့် နတ်ဆိုးဆန္ဒနှင့် ပြည့်နှက်နေသည့် ခန္ဓာကျင့်ကြံသူတို့ကြောင့်ပင်။
ထိုအချိန်၌ အားအပြည့်နှင့် သိပ်သည်းနေသည့် သူတို့သုံးယောက်၏ တိုက်ချက်က သူ့ကို အမှန်တကယ် ခြိမ်းခြောက်မှုကို ခံစားရစေသည်။
သူ့ခွန်အားကို သူအပြည့်အ၀ မရနိုင်သေးသလို ခန္ဓာနှင့် ကိုက်ညီလိုက်ဖက်အောင် မလုပ်ရသေးသည့်တိုင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ထိပ်တန်းတည်ရှိမှုတစ်ခုဖြစ်သည့် ငရဲဘိုးဘေးက ဒီခံစားချက်ကို ဘယ်လိုလုပ်သည်းခံနိုင်မည်နည်း။
ယခုအခိုက်အတန့်တွင် ဘာကြောင့် ပန်ရှီနှင့် ထိုအမှိုက်သုံးကောင်က ကျရှုံးခဲ့သလို သူတို့လက်ထဲတွင် သေခဲ့ရသလဲဆိုတာကို ငရဲဘိုးဘေး နားလည်လာရသည်။
ဒီလူများထဲမှ အထူးသဖြင့် ထိုသုံးယောက်ကို အသက်ရှင်ကျန်ရစ်ထား၍ မရပေ။
ဒါကိုတွေးမိသောအခါ ချီရှာဒေါင်၏ အမူအရာက သဘာ၀မကျစွာပင် လေးနက်သွားရပြီး လက်သီးဆုပ်လိုက်၏။
ပြင်းထန်သည့် သတ်ဖြတ်ခြင်းဆန္ဒက ပျံ့နှံ့သွားခဲ့သည်။
သူ ချီပင်းခန္ဓာနှင့် လိုက်ဖက်အောင် မလုပ်ရသေးသော်လည်း ချီရှာဒေါင် ထုတ်လွှတ်သည့် သွေးဆာနေသော သတ်ဖြတ်ခြင်းဆန္ဒက ပို၍သန့်စင်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။
သွေးသတ်ဖြတ်ခြင်းဆန္ဒက ခိုင်ခံ့လာပြီး လေဟာနယ်တစ်ခုလုံးကို သွေးနီရောင် ပြောင်းသွားစေသည်။
မူလလူသူကင်းမဲ့သည့်နေရာက ယခုတွင်မူ လူသတ်ရန် တိုက်တွန်းနေသည့် သွေးရောင်နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဒီမြင်ကွင်းက လင်းကျိနန်နှင့် ကျန်သောသူများကို ထိတ်လန့်သွားစေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ခွန်အားကို အပြည့်အ၀ မရသေးသည့် ငရဲဘိုးဘေးက သူတို့ကို ခုခံနိုင်စွမ်းမရှိဟူသော ခံစားချက်ကို ရစေသည့် စွမ်းအားကို ထုတ်လွှတ်နိုင်ဆဲပင်။
သူကထိပ်တန်းအဆင့်ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေ တစ်ထုလုံးက ဝိုင်းရံပြီး သတ်ပစ်ရန် အများကြီးအားထုတ်ခဲ့ရသည်။ သူ့ခွန်အားက သေချာပေါက်မလွယ်ကူပေ။
သူတို့ ဒီသွေးရောင်လေဟာနယ်ထဲတွင် ရှိနေသောအခါ ခြေလက်အင်္ဂါများနှင့် သွေးကြောများထဲက သွေးများပင် စီးဆင်းတာရပ်သွားသလား ထင်ရသည်။
ယခုလိုအားကောင်းသည့် သွေးသတ်ဖြတ်ခြင်းဆန္ဒ၏ ခြိမ်းခြောက်မှုအောက်တွင် လှုပ်ရှားမှုတိုင်းအပြင် လက်ချောင်းတစ်ချောင်းစီ၏ လှုပ်ရှားမှုကပင် အနည်းငယ် ခက်ခဲသလို ခံစားရစေသည်။
ယခုလို ဖိနှိပ်သည့်ခံစားချက်က ပန်ရှီနှင့် ကျန်သောသူများ ပေးစွမ်းနိုင်သည့် အရာတစ်ခုမဟုတ်ပါ။
ထိုအချိန်တွင် မုဖူရှန်း လင်းကျိနန်နှင့် တစ်ခြားသူများ၏ မူမမှန်မှုကို သတိထားမိသည်။
သူအနည်းငယ်မျက်မှောင်ကြုတ်ရင်း ဝိဉာဉ်စွမ်းအားကို လှည့်ပတ်စေပြီးနောက် အသံထဲတွင် ပေါင်းစပ်ကာ ထုတ်လွှတ်လိုက်၏။
"မကြောက်ကြနဲ့၊ ကြောက်နေမယ်ဆိုရင် သေခြင်းတရားကို စောင့်နေသလိုပဲ ဖြစ်နေလိမ့်မယ်"
"သူက ငါတို့ထက်နည်းနည်းလေးပဲ ပိုအားကောင်းသေးတဲ့ စွမ်းအားတောင် ပြန်မရသေးတဲ့ အဖိုးအိုတစ်ယောက်ပဲ"
မုဖူရှန်း၏ အသံက သူ့ဝိဉာဉ်စွမ်းအားကို လူတိုင်းအသိစိတ်ထဲ သယ်ဆောင်သွားပြီး သူတို့ကို အတင်းအကျပ် တည်ငြိမ်စေသည်။
ချီရှာဒေါင်ဒါကို ကြားသောအခါ နှာခေါင်းရှုံ့ရင်း လက်အစုံကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ သူ့လက်ဖဝါးပေါ်၌ သွေးလုံးနှစ်လုံးက တစ်ချိန်တည်းတွင် ပေါ်လာခဲ့သည်။
သွေးသတ်ဖြတ်ခြင်းဆန္ဒ၏ ဖြည့်သွင်းမှုအောင်တွင် သွေးလုံးက အမှန်တကယ် က်ေလက် ကျယ်ပြောနေသည်။
အဆုံးသတ်တွင် ဒါက လူတိုင်း၏ လေးနက်သည့် အကြည့်အောက်တွင် တောင်လေးတစ်တောင် အရွယ်အစားထိ ရောက်လာခဲ့သည်။
ချီရှာဒေါင်ညင်သာစွာ ခေါင်းခါယမ်းသည်။
"ငါ့လက်ရှိခွန်အားနဲ့ လိုက်ဖက်ထိန်ညှိမှုအရဆိုရင် သွေးနတ်ဆိုးနည်းစနစ်ကို ဒီလောက်ထိပင် ငါသိပ်သည်းအောင် လုပ်နိုင်တယ်"
ထို့နောက် သူယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား အေးစက်စွာကြည့်သည်။
"ဒါပေမယ့် ဒီအဖိုးကြီးဘိုးဘေးက မင်းတို့ကို ကိုင်တွယ်ဖို့အတွက် ဒီသွေးနတ်ဆိုးကျင့်စဉ်အဆင့်ကို သုံးတာနဲ့တင် လုံလောက်တာထက် ပိုနေပါပြီ"
ချီရှာဒေါင် လက်အစုံကို အသာလေး ဝှေ့ယမ်းသည်။
တောင်ကဲ့သို့သွေးလုံးနှစ်လုံးက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများထံသို့ တစ်ချိန်တည်းတွင် ၀င်ရောက်သွားခဲ့သည်။
သွေးလုံးမနီးလာခင်မှာပင် သွေးအနံ့က လူတိုင်း၏ နှာခေါင်းပေါက်ထဲ တိုး၀င်လာသည်။
သူတို့၏ နှာခေါင်းပေါက်ကနေတစ်ဆင့် ပြန့်သွားပြီး သူတို့အသိစိတ်ပင်လယ်ကို ရောက်သွားကာ စိတ်အခြေအနေကို တုန်ယင်စေသည်။
ဒါက ရှောင်ဟိုင်ထုတ်လွှတ်သည့် နတ်ဆိုးဘုရင်အော်ရာနှင့်တူသည်။
ဒါက အရမ်းကြီးမစင်ကြယ်သည့် အချက်တစ်ချက်တည်းသာ ကွဲပြားသည်။
ယခုလိုအားကောင်းသည့် သွေးသတ်ဖြတ်ခြင်းဆန္ဒကို သိပ်သည်းရန်အတွက် ချီရှာဒေါင် လူဘယ်နှစ်ယောက်ကို သတ်ခဲ့သလဲဆိုတာ မသိရပေ။
ရှောင်ဟိုင်ဦးဆောင်ကာ မြေကြီးကို တက်နင်းပစ်စဉ် အက်ကြောင်းများကို ပေါ်လာစေသည်။
ရှောင်ဟိုင်၏ခန္ဓာကလည်း တောင်ကဲ့သို့ သွေးလုံးတစ်လုံးရှေ့သို့ အမြောက်ဆန်တစ်ခုပမာ ပစ်၀င်သွားပြီး အော်ဟစ်ကာ လက်နှစ်ဖက်စလုံးက တစ်ချိန်တည်းတွင် ထိုးခွင်းသွား၏။
သူသွေးလုံးကို ခုခံချင်သည်။
ယဲ့ချိုးပိုင်ကလည်း အနီးကပ်လိုက်ပါလာသည်။ သူကိုးပေရှည်ကြယ်ကြွေဓားကို လက်နှစ်ဖက်နှင့်ကိုင်ပြီး အင်မော်တယ်ဓား တစ်၀က်နယ်ပယ်ဆန္ဒနှင့် ဓားပိုင်နက်ကို ဖိသိပ်ထားသည်။
ဒါက ကြယ်ကြွေဓား၏ကိုယ်ထည်ကို အဆက်မပြတ် တုန်ခါစေသည်။
ကြယ်ကြွေဓားတုန်ခါနေစဉ် သေးငယ်သည့်လှိုင်းများ ပေါ်ပေါက်လာသည်။
ထို့နောက် အပေါ်ကနေ အောက်အထိ သူ ကျန်သွေးလုံးတစ်လုံးကို ပိုင်းဖြတ်ပစ်သည်။
မုဖူရှန်းသူ့နောက်တွင်ရှိသည်။
သူပထမဆုံး အဆောင်ကိုပစ်လွှတ်လိုက်ပြီး သတ်ဖြတ်ခြင်းစွမ်းအားက တစ်ချိန်တည်းတွင် သွေးလုံးနှစ်လုံးအလယ်သို့ ၀င်ရောက်သွားခဲ့သည်။
မုဖူရှန်းလက်အစုံကိုလည်း ဆန့်ထုတ်စဉ် ဆန်းကြယ်ခရမ်းယင်မိုးကြိုးနှင့် ရွှေကောင်းကင်ဘုံအပြစ်ပေး နတ်မိုးကြိုးတို့က ပေါက်ကွဲထွက်လာကြသည်။
ထို့နောက် ခရမ်းနှင့် ရွှေရောင်ရှိသည့် မိုးကြိုးနဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဟိန်းသံများနှင့်အတူ ၎င်းတို့က သွေးလုံးနှစ်လုံးနှင့် တိုက်မိသည်။
သူတို့သုံးယောက်လုံး တိုက်ခိုက်ကြသည်။
ရလဒ်အဖြစ် နောက်ဆက်တွဲငလျင်လှိုင်းများက ပတ်၀န်းကျင်သို့ ပျံ့သွားသည်။
ငရဲမြို့နံဂံများက စတင်ပြိုကျလာသည်။
စံအိမ်တစ်လုံးကမူ မြေကြီးထဲ မြှုပ်၀င်သွားခဲ့သည်။
သို့စေသည့်တိုင် ယဲ့ချိုးပိုင်ဖြစ်စေ၊ ရှောင်ဟိုင် သို့မဟုတ် မုဖူရှန်းဖြစ်စေ သူတို့၏ မျက်နှာများက အနည်းငယ် ဖြူရော်နေကြ၏။
ဒီသွေးလုံးနှစ်လုံးက ယူဆောင်လာသည့် ဖိအားက အရမ်းအားကောင်းလွန်းသည်။
ဒါ့အပြင် ချီရှာဒေါင် ခွန်အားကို ပြန်မရခဲ့လျှင်ပင် သူက မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေလေပြီ။
ကျင့်ကြံခြင်းနယ်ပယ်အကြား ကွာခြားချက်က အရမ်းကြီးမားသည်။
သူတို့သုံးယောက် ဆက်လက်နောက်ဆုတ်နေရသည်။
သွေးလုံးနှစ်လုံးကမူ သွေးသတ်ဖြတ်ခြင်းဆန္ဒကို အဆက်မပြတ်ထုတ်လွှတ်ရင်း သူတို့သုံးယောက်ကို ဝါးမြိုရန်ကြိုးစားသည်။ သွေးလုံးများက အဆက်မပြတ် ချဉ်းကပ်လာနေသည်။
ထိုအချိန်တွင် စုမုယောင်၏တိုက်ခိုက်မှုက နောက်ဆက်တွဲ လိုက်ပါလာသည်။
ဧရာမဒယ်စောက်တစ်ခုက သွေးလုံးနှစ်လုံးအပေါ်၌ လွင့်မြောနေသည်။
စုမုယောင် လက်ဖဝါးနှင့်အတူ ဆုတ်ခွာစဉ် ဒယ်စောက်က ခပ်ထုံထုံအသံတစ်ခု ထုတ်လွှတ်လာသည်။
ထိုအသံက ဖိနှိပ်အားအဖြစ် ပြောင်းသွားခဲ့ပြီး သွေးလုံးနှစ်လုံးကို အပေါ်ကနေ အောက်သို့ ဖိနှိပ်ပစ်သည်။
လဲ့ကျန်းချီ ဒူးတစ်ဖက်ထောက်ကာ ရပ်ရင်း ကျန်ခြေပေါ်တွင် ဗျပ်စောင်းကိုတင်သည်။ သူ့လက်များက အလွန်အမင်းမြန်ဆန်ကာ ဗျပ်စောင်းကြိုးများကို အဆက်မပြတ် ပြင်းထန်စွာ လွှဲယမ်းနေသည်။
မြေပေါ်က မြစ်စီးတပ်နှင့်အတူ ကောင်းကင်ပေါ်မှ နတ်ဗိုလ်ချုပ်တို့က ထက်ရှသည့်ဓားများကို ကိုင်ထားကြပြီး သွေးလုံးနှစ်လုံးထံ တိုက်ခိုက်ကြသည်။
ချန်ဟွီဒေါသတကြီး အော်ဟစ်သည်။ လေနှင့်မိုးကြိုးစွမ်းအားက လှံပေါ်တွင် ဧရာမ လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မိုးကြိုးက လေဆင်နှာမောင်းပေါ်၌ ဆက်တိုက် စီးဆင်းနေသည်။
ချန်ဟွီ ခြေလှမ်းကြီးတစ်လှမ်းလှမ်းပြီး လက်နှစ်ဖက်နှင့် လှံကို ရှေ့သို့ပစ်လိုက်သည်။
လှံက သူ့လက်ထဲကနေ ထွင်သွားသည်။
လေပြင်းနှင့် မိုးကြိုး၏ဖုံးလွှမ်းမှုအောက်တွင် ၎င်း၏အမြန်နှုန်းက အတော်လေး မြန်ဆန်ပြီး သွေးလုံးကို ထိုးသွင်းပစ်သည်။
လင်းကျိနန်နှင့် မြောင်ပန်တုံတို့ကလည်း အားအပြည့်ခွန်အားများကို ထုတ်လွှတ်လိုက်ကြ၏။
ထို့နောက်တွင်သာ ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ ရပ်သွားသည်။
သူတို့သုံးယောက်အပေါ်က ဖိအားက ရုတ်တရက် လျော့ကျသွားခဲ့သည်။
တစ်ဘက်ဂျူနီယာများက သူ့၏ သွေးနတ်ဆိုးနည်းစနစ်ကို ခုခံရန်အတွက် ပူးပေါင်းသွားတာကို မြင်ရသောအခါ ချီရှာဒေါင်၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။
ဂုဏ်သရေရှိငရဲဘိုးဘေးက ဂျူနီယာလေးနည်းနည်းကိုတောင် မကိုင်တွယ်နိုင်တာလား!
ဒါက ကောင်းကင်မြေအောက်နန်းတော်က ဂျူနီယာလေးများအတွက် ပြက်လုံးတစ်ခုပမာ ဖြစ်နေသည် မဟုတ်ပေလော။
အပိုင်း(738) coming။