← Chapters

#ချီရှာဒေါင်ထွက်ပြေးခြင်း#

Vol. 52 Ch. 738

#ချီရှာဒေါင်ထွက်ပြေးခြင်း#

Vol. 52 Ch. 738

ဒီဂျူနီယာများ၏ခွန်အားက ငရဲဘိုးဘေး ချီရှာဒေါင် မျှော်လင့်ထားတာထက် သာလွန်နေသည်။

ကွေ့ကောရင်နှင့် ကောင်းကင်မြေအောက်နန်းတော်က ကျန်သောသူများပင်လျှင် စိတ်ရှုပ်ထွေးနေကြ၏။

လဲ့ကျန်းချီ၊ စုမုယောင်နှင့် ကျန်သောသူများ၏ တိုက်ခိုက်မှုများက အထောက်အပံ့ သက်သပ်သာဖြစ်သည်။

ဦးဆောင်သူဖြစ်သည့် ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က ယခုလိုကြောက်မက်ဖွယ်ရာ ခွန်အားကို အမှန်တကယ် ပေါက်ကွဲစေနိုင်တာလား!

ငရဲဘိုးဘေးရဲ့ တိုက်ခိုက်မှုတောင်မှ တားဆီးပိတ်ဆို့ခံရတာလား!

ငရဲဘိုးဘေးက ခွန်အားပြန်မရသေးလျှင်ပင် မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အား ရှိသည်။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ပန်ရှီတို့ကို သတ်ခဲ့စဉ်က ကွေ့ကောရင် အရမ်းကြီး မထိတ်လန့်ခဲ့ပေ။

ပန်ရှီဖြစ်စေ၊ ကျန်းချန်၊ ဟန်ဟွား သို့မဟုတ် ယုဟောင်ဖြစ်စေ သူတို့က လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းရန်အတွက် ငရဲဘိုးဘေးပေးထားသည့် ဝိဉာဉ်စွမ်းအားကိုသာ မှီခိုအားကိုးနိုင်သည်။

ထို့နောက် သူတို့က နယ်ပယ်ကို မြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်သို့ အချိန်ခဏတာမျှ အတင်းမြှင့်တင်ခဲ့ရသည်။

သို့သော်ငြားလည်း နယ်ပယ်ကို အတင်းတိုးမြှင့်ရန်အတွက် လျှို့ဝှက်ကျင့်စဉ်ကို သုံးခဲ့လျှင်ပင် သူတို့ခွန်အားနှင့် အစစ်အမှန် မြေအင်မော်တယ်မယ်ပယ်ကြား၌ ကြီးမားသည့် ကွာဟချက်တစ်ခု ရှိနေဆဲပင်။

ပန်ရှီနှင့် ကျန်သုံးယောက်က ဝိဉာဉ်များကို လောင်ကျွမ်းပစ်ရန် ဆန္ဒရှိလျှင်ပင် သူတို့ခွန်အားက အစစ်အမှန်မြေအင်မော်တယ် နယ်ပယ်သို့ ချဉ်းကပ်နေရုံမျှသာရှိသည်။

ထို့ကြောင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအဖို့ သူတို့ကိုသတ်နိုင်တာက မျှော်လင့်ထား၍ မရတာတော့မဟုတ်ပါ။

သို့စေကာမူ သူတို့က အစစ်အမှန်မြေအင်မော်တယ်ကျွမ်းကျင်သူတစ်ဖြစ်လဲ အလယ်အလတ်အဆင့်က ကျင့်ကြံသူတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်သည်။

ဒါ့အပြင် အတွေ့အကြုံနှင့် သတ်ဖြတ်ခြင်း အတွေ့အကြုံများစွာရှိသည့် ငရဲဘိုးဘေးတွင် ခုခံရန်အတွက်ပင် ဖြစ်နိုင်ချေရှိခဲ့သည်။

ကွေ့ကောရင်နှင့် ကျန်သောသူများက ဘယ်လိုလုပ် မအံ့ဩသင့်ဘဲ နေတော့မည်နည်း။

ဒါက ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့အတွက် ပုံမှန်သာ။

ထိုအချိန်က သူတို့က ပန်ရှီနှင့် ကျန်သုံးယောက်နှင့် တိုက်ခိုက်ခဲ့သည်။

ဒါကလည်း သူတိုခွန်အားကို မြှင့်တင်ရန်နှင့် နယ်ပယ်ကို တည်ငြိမ်စေရန်အတွက် ဖြစ်စဉ်တစ်ခုပင်။

သူတို့ခွန်အားက အရင်ကထက်ပို၍ အားကောင်းလာခဲ့သည်။

ဒါ့အပြင် ရှောင်ဟိုင် ဝိဉာဉ်အပိုင်းအစနှင့်ပင် ပေါင်းစပ်ထားလေသည်။

သူ့လက်ရှိရုပ်ခွန်အားနှင့်ဆိုပါက ရှောင်ဟိုင် မြေအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်နှင့်ပင် ယှဉ်၍ရနေလေပြီ။

တကယ်တမ်းတွင် အတိုင်းအတာတစ်ခုအထိ မြေအင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့် ကျွမ်းကျင်သူများပင် ရှောင်ဟိုင်၏ ပြိုင်ဘက်မဟုတ်ပါ။

ထို့ကြောင့် မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သာ ဖြစ်သည့် ငရဲဘိုးဘေး ချီရှာဒေါင်ကို ခုခံရန်အတွက် ပူးပေါင်းရန်ဆိုသည် တကယ်တော့ နားလည်ရန် ခက်ခဲသည့် အရာတစ်ခုမဟုတ်။

သို့စေကာမူ တစ်ခြားသူများ၏ အမြင်တွင် ဒါက ထိတ်လန့်စရာကောင်းလွန်းသည်။

ချီရှာဒေါင်ဘာတစ်ခုမှ မပြောနိုင်ခင်မှာပင် ရုတ်တရက် သူ့အမူအရာက လေးနက်သွားရပြီး ရုတ်တရက် လက်အစုံကို ဘေးသို့ ဆန့်ထုတ်လိုက်၏။

သူ့ဘယ်ဘက်၊ ညာဘက်နှင့် နောက်ဘက်တွင် ကြီးမားသည့် ဧရာမမျောက်ဝံနတ်ဆိုးသုံးကောင်က လက်နှစ်ဖက်နှင့် အကျဉ်းထောင်ကို ချိုးဖျက်ပြီး ချီရှာဒေါင်၏ကိုယ်ပေါ်သို့ တစ်ချိန်တည်းတွင် ထိုးနှက်ပစ်ကြသည်။

ထိုမျောက်ဝံနတ်ဆိုးပုံရိပ်သုံးခုက ယွမ်ဟန်နှင့် အင်မော်တယ်မျောက်ဝံကျေးရွာက တစ်ခြားသူများပေတည်း။

ဒါက မုဖူရှန်းချန်ထားခဲ့သည့် နောက်ခံအစီအစဉ်တစ်ခုလည်း ဖြစ်သည်။

ဒါက ဘယ်တော့မှ အလေးထားမခံရသည့် အင်မော်တယ်မျောက်ဝံကျေးရွာက သုံးယောက်ကို အဝေးက အမှောင်ထဲတွင် ပုန်းနေစေသည်။

အကယ်၍ အခြေအနေကသာ မမှန်ပါက သူတို့ဘေးကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန်အတွက် အခွင့်အရေးတစ်ခု ရှာဖွေပေလိမ့်မည်။

ယွမ်ဟန်နှင့် ကျန်နှစ်ယောက်တို့၏ ခွန်အားနှင့်ဆိုပါက သူတို့က အင်မော်တယ်တပိုင်း အထွတ်အထိပ်အဆင့်နှင့် ယှဉ်၍ရသည့် တည်ရှိမှုမျိုးဖြစ်သည်။

ထုံးစံအတိုင်းပင် ချီရှာဒေါင်က သူတို့၏ တိုက်ခိုက်မှုကို ဂရုမစိုက်ပေ။

သို့စေကာမူ သူရှောင်ဟိုင်နှင့် ကျန်သောသူများနှင့် တိုက်ခိုက်နေစဉ် ထိုသုံးယောက်၏ စွမ်းအားအပြည့်တိုက်ခိုက်မှုက သူ့ကို ခြိမ်းခြောက်မှုအရိပ်အယောင်ကို ခံစားရစေသည်။

ဘန်း.....!

ယွမ်ဟန်နှင့် ကျန်သောသူများ၏ တိုက်ခိုက်မှုများက သွေးရောင်အတားအဆီးပေါ်သို့ ကျရောက်လာသည်။

ချီရှာဒေါင်၏အမူအရာက ရက်စက်သွားပြီး ဒေါသတကြီးဟိန်းလိုက်သည်။

"နှံကောင်လေးသုံးကောင်ကလည်း ဒီကို ခုန်၀င်လာကြတာလား"

သူစကားပြောပြီးသည်နှင့် သူ့လက်ဖဝါးက တုန်ခါသွား၏။

သွေးစွယ်တစ္ဆေတစ်ချို့က သွေးရောင်အတားအဆီးကနေ ချက်ချင်းပြေးထွက်သွားကြပြီး ယွမ်ဟန်နှင့် ကျန်နှစ်ယောက်ကို တိုက်ရိုက်ထိမှန်သည်။

ရုတ်ချည်းဆိုသလို ယွမ်ဟန်တို့မှာ လွင့်စင်သွားရလေတော့သည်။

ထိုအချိန်တွင် ချီရှာဒေါင် အာရုံထွေပြားနေစဉ် ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က ဒီအချက်ကို မြင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတို့ခွန်အားကို စတင်သုံးစွဲကြသည်။

ရှောင်ဟိုင်ဒေါသတကြီးအော်ဟစ်စဉ် သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်က သွေးလုံးနှစ်လုံးရှိရာသို့ လက်သီးနှစ်ခုစလုံးနှင့် ထိုးနှက်ပစ်သည်။

မုဖူရှန်း ခရမ်းနှင့်ရွှေရောင်မိုးကြိုးစွမ်းအားနှစ်ခုကို နောက်တစ်ကြိမ် သိပ်သည်းစေသည်။

ဒါက အဖျက်အော်ရာနှင့် ပြည့်နှက်နေသည့် ခရမ်းရွှေမိုးကြိုးနဂါးအဖြစ် စုစည်းသွားပြီး နဂါးအော်သံနှင့်အတူ ရုတ်တရက် အမြီးကို သွေးလုံးရှိရာသို့ ဝှေ့ယမ်းပစ်သည်။

‌ယဲ့ချိုးပိုင် သူ့နောက်တွင် ဧရာမဓားများကို သိပ်သည်းစေပြီး ချီရှာဒေါင်ကို ပိုင်းဖြတ်ပစ်သည်။

ချီရှာဒေါင် ဒါကိုသိလိုက်သောအခါ ကာကွယ်ရန်ပြင်လိုက်စဉ် လေကို ဆုတ်ဖြဲ‌နေသည့်အရှိန်ဖြင့် ပိုင်းဖြတ်လာသည့် ယဲ့ချိုးပိုင်၏ အင်မော်တယ်ဓားဆန္ဒ ဧရာမဓားကို မြင်သဖြင့် မျက်မှောင်ကြုတ်ကာ ပြန့်သွားအောင် လုပ်ပစ်ရသည်။

သို့စေကာမူ ရှောင်ဟိုင်နှင့် မုဖူရှန်းတို့၏ အားအပြည့် တိုက်ခိုက်မှုများအောက်တွင် သွေးလုံးနှစ်လုံးက ဘန်းခနဲ့ မြည်သံနှင့်အတူ ပေါက်ကွဲသွား၏။

ထို့နောက် ကြောက်ခမန်းလိလိ သွေးမြူများအဖြစ် ပြောင်းလဲကာ လေဟာနယ်ထဲတွင် လွင့်မြောနေသည်။

ချီရှာဒေါင်၏ မျက်သူငယ်အိမ်များ ကျုံ့သွားပြီး အဆက်မပြတ် နောက်ဆုတ်နေရသည်။

သူဒီခန္ဓာနှင့် အပြည့်အ၀ လိုက်ဖက်ကိုက်ညီအောင် မလုပ်နိုင်သေးသလို ယခုလည်း သူမဟာသတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုကို သုံးခဲ့သော်လည်း တစ်ဘက်လူ၏ ချိုးဖျက်ခြင်းကို ခံရသည်။

တန်ပြန်သက်ရောက်မှုက သူ့ခြေလက်အင်္ဂါနှင့် အရိုးများထဲတွင် ၀င်လာသည်။

သူ့မျက်နှာကဖြူရော်သွားပြီး သွေးများစီးကျလာသလို သူ့ဝိဉာဉ်ပင်လျှင် အနည်းငယ် တုန်ခါသွားရသည်။

ဒါကမုဖူရှန်း၏ ဝိဉာဉ်တိုက်ခိုက်မှုပေတည်း။

ဒါကိုမြင်သောအခါ ကွေ့ကောရင်နှင့် ကျန်သောသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။

ဒီလိုခွန်အားနဲ့ပါရမီ.....ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ!

အလယ်အလတ်အဆင့်ကြယ်နယ်မြေ တစ်ခုလုံးတွင်ပင် ဒီအဆင့်မွန်းစတားမျိုးက တစ်ခါမှ မတည်ရှိဖူးပါ။

သူတို့က မြေအင်မော်တယ်နယ်ပယ်ကိုပင် မတက်လှမ်းကြသေး။

သို့စေကာမူ မြေအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည့် ငရဲဘိုးဘေးချီရှာဒေါင်ကို အတူတကွပူးပေါင်းရင်း ဒဏ်ရာရစေခဲ့သည်။

သူတို့ဘယ်လိုလုပ်ခဲ့တာလဲ!

ကွေ့ကောရင် ပုံမဖော်နိုင်ဖြစ်နေသည်။

အကြောင်းရင်းတစ်ချို့ကြောင့် ယခုအချိန်တွင် ဒီလူတွေနှင့် ရန်သူအဖြစ် ဖန်တီးထားမိသည့်အပေါ် ကွေ့ကောရင် စတင်နောင်တရလာမိသည်။

မသိစိတ်ကနေ ဒီအတွေးက သူ့နှလုံးသားထဲ ပေါ်ပေါက်လာခဲ့သည်။

သို့သော်လည်း ဒီအတွေးပေါ်လာသည်နှင့်တစ်ပြိုင်နက် ကွေ့ကောရင်ဖျက်ဆီးပစ်သည်။

ငရဲဘိုးဘေးက သူတို့ကို အဆင့်မြင့်ကြယ်နယ်မြေသို့ လမ်းကြောင်းကိုပြောပြပြီး ကောင်းကင်ပြာမြစ်ဝါနန်းတော်ကို အဆင့်မြင့်ကြယ်နယ်မြေသို့ ခေါ်ဆောင်သွားနိုင်သရွေ့ သူတို့က မြေအောက်ကမ္ဘာမြစ်ကို ရနိုင်မည်ဖြစ်ပြီး သူတို့ခွန်အားကလည်း အလွန်အမင်း မြန်ဆန်စွာ တိုးတက်လာလိမ့်မည်ဟု သူကိုယ်တိုင် တွေးနေမိသည်။

ထိုအချိန်တွင် ဒီလူများက ဘယ်လောက်ပင် ကြောက်စရာကောင်းနေပါစေ အလျင်အမြန် အမှီလိုက်ရန်ဟူသည် မဖြစ်နိုင်ပေ။

ဒါ့အပြင် တစ်ဘက်လူက အဆင့်မြင့်ကြယ်နယ်မြေကို ရောက်နိုင်မလားဆိုတာကပင် မသေချာ။

အဆင့်မြင့်ကြယ်နယ်မြေတွင် ကြောက်ခမန်းလိလိ ပါရမီရှင်များ မည်မျှပင် ရှိနေသနည်း။

အဆုံးသတ်တွင် သူတို့က အလယ်အလတ်အဆင့် ကြယ်နယ်မြေတွက်သာ အသက်အရွယ်ကြီးရင်း သေဆုံးရပေလိမ့်မည်။

ဒါကိုတွေးမိသောအခါ ကွေ့ကောရင် ဒီအကြောင်းကို တွေးနေတာကိုရပ်လိုက်သည်။

ဒါကအဓိပ္ပာယ်မရှိပေ။

ထိုအချိန်တွင် ချီရှာဒေါင် ရင်ဘတ်ကို ဖိထားပြီး ရှောင်ဟိုင်နှင့် ကျန်သောသူများအား မယုံနိုင်စွာကြည့်ရင်းမေးလိုက်၏။

"မင်းတို့ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ"

ရှောင်ဟိုင်နှင့်ကျန်သောသူများက ဒီမေးခွန်းကို မဖြေဘဲ ယင်းအစား သူ့အားနည်းချက်ကို အသုံးချကာ အသက်ကို အဆုံးသတ်ရန် ကြိုးစားသည်။

သူတို့ ချီရှာဒေါင်ထံ ထပ်မံပြေး၀င်သွားကြ၏။

ဒါကိုမြင်သောအခါ ချီရှာဒေါင် ကိုယ့်ကိုကိုယ် ကာကွယ်ချင်သည်။

သို့သော် အရင်က တန်ပြန်သက်ရောက်မှုကြောင့် ဒီခန္ဓာက ဒါကိုကျင့်သားမရနေလေရာ သူ့ဝိဉာဉ်ကို စတင်ငြင်းဆန်လာသည်။

အကယ်၍ ယခုလိုအခြေအနေအောက်တွင်သာ သူတိုက်ခိုက်ပါက သူအနိုင်ရလျှင်ပင် ဒီခန္ဓာ၏ အလုံးအရင်းငြင်းဆန်ခြင်းကို ခံရပေလိမ့်မည်။

လျှို့ဝှက်နည်းစနစ်ကလည်း ပျောက်ကွယ်သွားမည်ဖြစ်ကာ သူက ဝိဉာဉ်ကိုယ်ထည်တစ်ခု တစ်ဖန်ပြန်ဖြစ်လာပေလိမ့်မည်။

ထို့နောက်သေမင်းဝိဉာဉ်မြို့တွင် သူက သေချာပေါက် ငရဲမြို့၌ ဖိနှိပ်ခံရမည်သာ။

ဒါက ငရဲဘိုးဘေး မမြင်ချင်သည့် အရာတစ်ခုပေတည်း။

ထို့နောက် သူကွေ့ကောရင်နှင့် ကျန်သောသူများဘက်သို့ လှည့်ကာ သူတို့အား ဖမ်းကိုင်ရင်း လေထဲပျံသန်းသွား၏။

သူထွက်ပြေးသွားစဉ် ဒီစကားလုံးများကိုသာ ချန်ထားခဲ့သည်။

"ငါခွန်အားပြန်ရလာတဲ့အခါကျရင် မင်းတို့အားလုံး သေရတော့မယ်၊ ပြီးတော့ မင်းခန္ဓာကိုယ်ကို ငါမျက်စိကျနေတယ်၊ ဒီအချိန်အတောအတွင်း မသေလိုက်နဲ့" ချီရှာဒေါင် ရှောင်ဟိုင်ကို လက်ညိုးထိုးလိုက်၏။

အပိုင်း(739) coming။

All Chapters