#ကြယ်တိမ်တိုက်မြို့မျှော်စင်ထိပ်က အဖိုးအို#
Vol. 52 Ch. 740
ကြယ်တိမ်တိုင်မြို့မျှော်စင်ထိပ်တွင် ဘာများရှိလေသနည်း။
ဒီလိုကျင့်ကြံရန်အတွက် သင့်တော်သည့် မျှော်စင်မျိုးကို ဘယ်သူဖန်တီးနိုင်သလဲဆိုတာ လူတိုင်းသိချင်မိကြသည်။
ဖြစ်နိုင်ပါက သူတို့က ဒီကျင့်ကြံခြင်းမျှော်စင်ကိုပင် ရွေ့ပြောင်းပစ်ချင်သည်။
ယခုအခိုက်အတန့်၌ ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့အနီးတွင် ပတ်၀န်းကျင်၌ ထူးခြားတာဘာမှမရှိပါ။
သူတို့သုံးယောက်က လက်ရှိ အခန်းငယ်တစ်ခန်းထဲတွင် ရှိနေသည်။
နံရံလေးခုစီ၌ စာအုပ်စင်ကြီးရှိပြီး စာအုပ်စင်တွင် စာအုပ်များနှင့် ပြည့်နှက်နေသည်။
သို့စေကာမူ ဒီစာအုပ်များတွင် နာမည်မရှိပါ။
သူတို့သုံးယောက်ရှေ့တွင် သစ်သားစားပွဲလေးတစ်လုံးရှိသည်။
ပုံရိပ်ယောင်အဖိုးအိုတစ်ဦးက သစ်သားစားပွဲလေးပေါ်၌ တစ်ခုခုရေးနေသည်။
သူတို့သုံးယောက် ၀င်လာသောအခါ အဖိုးအိုခေါင်းမော့ရင်း ဝိဉာဉ်ကနေ သိပ်သည်းထားသော စုတ်တံကိုချကာ ပြုံးသည်။
"ကြည့်ရတာ လူတိုင်းဒီကို ရောက်နေကြပုံပဲ"
"ဒါပေမယ့် မျှော်စင်ကို အမြဲလိုလို စိန်ခေါ်ကြတဲ့သူတွေက ထိပ်ဆုံးကို မရောက်ကြဘူး၊ အခုရောက်လာတော့လည်း သုံးယောက်တောင် ရောက်လာကြတယ်"
မုဖူရှန်းသိချင်စိတ်နှင့်မေးသည်။
"စီနီယာ၊ အရင်စိန်ခေါ်သူတွေ ဘယ်အထပ်အထိ ရောက်ခဲ့ကြလဲ"
အဖိုးအိုက ညင်သာစွာ ပြုံးရင်း တစ်ခဏမျှတွေးလိုက်၏။
"အချိန်အရမ်းကြာနေပြီဆိုတော့ ဘယ်တုန်းကလဲဆိုတာ ဒီအဖိုးကြီးတောင် မမှတ်မိတော့ဘူး"
"ရောက်လာတဲ့အဲတစ်ယောက်က ဓားသမားဆိုတာကိုပဲ ငါသိတယ်၊ ဒါပေမယ့် အဲဒီဓားသမားရဲ့အော်ရာက ဒီမိတ်တွေလေးနဲ့ နည်းနည်းဆင်တယ်၊ အဲဒီလူမှာမရှိတာက ဒီအဆုံးမဲ့ဆန္ဒနဲ့ ဓားကျင့်ကြံခြင်းကျင့်စဉ်ပါပဲ"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် အနည်းငယ် ကြက်သေသေသွားခဲ့သည်။
ငါ့ရဲ့အော်ရာနဲ့ နည်းနည်းလေးဆင်တာလား!
ပြီးတော့ နှစ်ယောက်စလုံးက ခေးအောစ့်အနှစ်သာရဓားကိုယ်ထည်ကို ပိုင်ဆိုင်ကြတယ်!
ဖြစ်နိုင်တာက......!
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ တည်ထောင်သူများလား!
သူ့တွင်သာ ယဲ့ချိုးပိုင်နှင့် တူညီသည့် ခေးအောစ့်အနှစ်သာရဓားကိုယ်ထည်ရှိသည်။
အဖိုးအိုသက်ပြင်းချသည်။
"အဲဒီလူရဲ့ပါရမီကလည်း မဆိုးဘူး၊ ဒါပေမယ့် သူအဆင့်ကိုးစမ်းသပ်မှုကို ပြီးစီးတဲ့နောက်မှာ မျှော်စင်ရဲ့ထိပ်ဆုံးကို မ၀င်လာခဲ့ဘူး၊ ငါ့တည်ရှိမှုကို သူအာရုံခံမိပုံရတယ်၊ အဲတော့ သူတိုက်ရိုက်ထွက်သွားခဲ့တယ်"
ဟမ်!
ကိုးထပ်မြောက်က စမ်းသပ်မှုကို ဖြတ်ကျော်ပြီးတာတောင် မျှော်စင်ထိပ်ဆုံးကို မ၀င်ခဲ့ဘူးလား!
ရှောင်ဟိုင်နှင့် ကျန်နှစ်ယောက်က ပဟေဠိဖြစ်သွားကြ၏။
ဘာလို့လဲ!
"လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေဆိုတာ ရှိတယ်၊ အဲဒီလူက ဒီအဖိုးကြီးရဲ့ ၀တ်ရုံကို အမွေမခံချင်တာဖြစ်နိုင်ပါတယ်"
"ဒီလိုဆိုမှတော့ ငါအတင်းမလုပ်နိုင်ဘူးလေ"
ဒီအဖိုးကြီးက သူ့တွင် ဆန္ဒမရှိလျှင်ပင် တစ်ချို့အရာများကို အတော်လေး ရှင်းရှင်းလင်းလင်း သိပုံရသည်။
ထို့ကြောင့် ယဲ့ချိုးပိုင် သိချင်စိတ်ဖြင့်မေးသည်။
"စီနီယာက သေမင်းဝိဉာဉ်မြို့မှာ နှစ်များစွာကြာ ဖိနှိပ်ခံထားရတာလေ၊ ထွက်သွားဖို့ကို တစ်ခါမှ မတွေးတောဖူးဘူးလား"
"အပြင်ထွက်ဖို့လား" အဖိုးအို ညင်သာစွာ ခေါင်းခါယမ်းရင်း ပြုံးသည်။
"ငါဘာလို့ထွက်သွားရမှာလဲ၊ ဒီနေရာမှာ အရမ်းဆိတ်ငြိမ်တယ်၊ ဒီအဖိုးကြီးက အရင်လူတွေရဲ့ဉာဏ်ပညာကို တိတ်တဆိတ် လေးစားနိုင်သလို သူတို့ကျင့်ကြံခြင်း နည်းစနစ်တွေကိုလည်း နားလည်ဖို့ ကြိုးစားနေတာပဲ"
"အပြင်ပကမ္ဘာက ကံကြမ္မာနဲ့ ကပ်ငြိနေပြီး အဆုံးမဲ့ပြဿာနာတွေရှိတယ်၊ ဒီတော့ ငါဘာလို့ ထွက်သွားချင်ရမှာလဲ"
မုဖူရှန်းသံသယနှင့်မေးသည်။
"ဒါပေမယ့် အထွတ်အထိပ်အဆင့်ကို ရောက်နိုင်သရွေ့ ကံကြမ္မာဆိုတာနဲ့ မကပ်ငြိအောင် လုပ်နိုင်တာပဲလေ"
အဖိုးအိုပြုံးကာ ခေါင်းခါယမ်းရင်း မုဖူရှန်းကို လက်ညိုးထိုးကာမေးသည်။
"အထွတ်အထိပ်အဆင့်ဆိုတာဘာလဲ"
အထွတ်အထိပ်အဆင့်ဆိုတာဘာလဲ!
မုဖူရှန်းကြက်သေသေသွားသည်။
ဒီမေးခွန်းက ဖြေရန်လွယ်ပုံရသည်။
အထွတ်အထိပ်အဆင့်က ဘယ်သူမှ အနိုင်မယူနိုင်သည့် လူတိုင်းရဲ့ခေါင်းပေါ်ကို တက်ရောက်တာပဲလေ၊ ဟုတ်တယ်မလား!
ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့တွင်ပင် အလားတူအတွေးရှိသည်။
အဖိုးအို သူတို့အတွေးများကို မြင်နိုင်ပုံရသဖြင့် ပြုံးသည်။
"အထွတ်အထိပ်အဆင့်ရဲ့အထက်မှာ ဘယ်သူမှမရှိဘူးဆိုတာ မင်းဘယ်လိုသိလဲ"
"ဥပမာပြောရရင် မင်းက အခုမှ စတင်ကျင့်ကြံတဲ့သူဆိုရင် ဒီပိုင်နက်မှာ အားအကောင်းဆုံးတည်ရှိမှုနဲ့ လူတစ်ယောက်သာ ရှိတယ်လို့ တွေးထင်လိမ့်မယ်"
"ဒါပေမယ့် မင်းခွန်အားက သူ့ကို ဖြတ်ကျော်သွားတဲ့အခါကျရင် ဒီနယ်ပယ်က ဒီကြယ်နယ်မြေထဲက သမုဒ္ဒရာတစ်စင်းရဲ့ ရေတစ်စက်လေးပဲဆိုတာ မင်းနားလည်လာလိမ့်မယ်၊ ဒါကပြောဖို့တောင် မထိုက်တန်ဘူး"
"အလားတူပဲ မင်းဒီအတိုင်းအတာရဲ့ အထွတ်အထိပ်ကို ရောက်လာတဲ့အခါ ပိုမြင့်တဲ့ ကြယ်နယ်မြေတွေရဲ့ တည်ရှိမှုတွေ ရှိဦးမယ်မလား"
သူတို့၏မျက်လုံးများ၌ နားလည်မှုအရိပ်အယောင်တစ်ခု ရှိပုံရသည်။
ဒါကိုမြင်သောအခါ အဖိုးအိုဆက်သည်။
"ပိုကောင်းတဲ့သူဆိုတာ အမြဲရှိတယ်၊ ဘယ်အချိန်၊ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ဒီစာသားက အရမ်းသင့်တော်တယ်"
"အထွတ်အထိပ်အဆင့်ဆိုတဲ့ စကားလုံးက အရမ်းကို ထင်ယောင်ထင်မှားဖြစ်စေတယ်"
"ဒီစကားလုံးနှစ်လုံးကို ပြောဖို့လွယ်ပေမယ့် တကယ်တမ်းမှာတော့ ဒါကိုလုပ်တဲ့အခါ ဘယ်သူမှ မလုပ်နိုင်တာကို မင်းတို့ တွေ့ရမှာပါ"
ထိုနေရာတွင် ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်က နားလည်စွာခေါင်းညိတ်ကြသည်။
သူတို့၏ မိုးကုတ်စက်ဝိုင်းက အရမ်းသေးလွန်းသည်။
အထွတ်အထိပ်အဆင့်က လိုက်ရှာရမည့် ရည်မှန်းချက် ပန်းတိုင်တစ်ခုပင်။
သို့စေကာမူ ဒါက စိတ်ကူးယဉ် အိပ်မက်တစ်ခုလည်း ဖြစ်သည်။
အထွတ်အထိပ်အဆင့်ကို နီးကပ်လာစေရန်အတွက် ကြိုးစားရန်လိုအပ်သည်။
သို့စေကာမူ ဒါကို ထိမိတော့မည်ဟု ခံစားမိသောအခါ အထွတ်အထိပ်အဆင့်က အဝေးတစ်နေရာတွင် ထပ်မံပေါ်လာသည်။
ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်က လေးနက်စွာဦးညွတ်ရင်း တစ်ချိန်တည်းတွင် ပြောသည်။
"ကျွန်တော်တို့ တစ်ခုခုသင်ယူနိုင်ခဲ့ပါတယ်"
အဖိုးအိုက နှိမ့်ချစွာ လက်ဝှေ့ယမ်းပြသည်။
"ငါကမင်းတို့ထက် နည်းနည်းပိုအတွေ့အကြုံရှိရုံပါပဲ၊ မင်းတို့အချိန်မှာတုန်းက ငါကမင်းတို့ထက်တောင် နိမ့်ကျတယ်"
"ကောင်းပြီ၊ အခြေခံမူဝါဒတွေအကြောင်း မပြောကြရအောင်၊ မင်းတို့ဒါတွေကို အနာဂတ်မှာ နားလည်လာမှာပါ"
အဖိုးအို သစ်သားစားပွဲတစ်ဝိုက်လျှောက်သွားရင်း ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်ရှေ့တွင် လွင့်မြောကာ ပြုံးသည်။
"အခု မင်းတို့စိတ်၀င်စားမယ့် အရာတစ်ခုခုကို ပြောဖို့အချိန်ကျပြီ"
စိတ်၀င်စားမယ့် အရာတစ်ခုခုလား!
များသောအားဖြင့် ဒါကအမွေအနှစ်တစ်ခုပင်။
အဖိုးအိုပြုံးသည်။
"မင်းတို့သုံးယောက်က ဘာအတွက် သင့်တော်သလဲဆိုတာ ကြည့်ရအောင်"
ထို့နောက် အဖိုးအို၏ကိုယ်ကနေ ဝိဉာဉ်သုံးခုထွက်လာခဲ့သည်။
ဝိဉာဉ်ကိုယ်ထည်သုံးခုထွက်လာသောအခါ အဖိုးအို၏ကိုယ်က တစ်ခြားဝိဉာဉ်ကိုယ်ထည်များကဲ့သို့ ထင်ယောင်ထင်မှားမရှိဘဲ ယင်းအစား အလွန်အမင်းသိပ်သည်း ကျစ်လျစ်နေဆဲပင်။
သူ့အော်ရာကလည်း လုံး၀အားနည်းမသွားပေ။
သို့စေကာမူ ဒီနေရာတွင် လက်များနှင့်တူသည့် ဝိဉာဉ်ကိုယ်ထည်များက သူတို့မျက်ခုံးအလယ်ဗဟိုကို ထိလိုက်ကြတာကို ရှောင်ဟိုင်နှင့် ကျန်နှစ်ယောက် သတိမထားမိပါ။
အမွေးတိုင်တစ်တိုင်စာ ကုန်ဆုံးသွားခဲ့သည်။
အဖိုးအိုပြုံးရင်း သူ့ဝိဉာဉ်စွမ်းအားကို ဆွဲသိမ်းလိုက်၏။
"မင်းတို့သုံးယောက်က သာမန်မဟုတ်ဘူး"
"ဒါပေမယ့် အရင်ဆုံးရှင်းပြပါရစေ၊ ဒီအဖိုးကြီးက မင်းတို့မှတ်ဉာဏ်တွေကို မကြည့်ခဲ့ဘူး"
မှတ်ဉာဏ်များက လျှို့ဝှက်ချက်အများကြီးကို ဖုံးကွယ်ထားကြသည်။
တစ်ခြားသူများသာဆိုပါက သူတို့အရမ်းကြီး ဂရုမစိုက်ကောင်း မစိုက်နိုင်သော်လည်း ရှောင်ဟိုင်နှင့် ကျန်နှစ်ယောက်ကမူ အဖိုးအိုက သူတို့မှတ်ဉာဏ်များကို မစူးစမ်းဘဲ သူတို့အသိစိတ်ပင်လယ်ကိုသာ လှည့်ပတ်နေခဲ့တာကို ခံစားနိုင်ပါသည်။
အဖိုးအိုက စာအုပ်စက်ဘေး၌ လွင့်မြောနေ၏။ သူစာအုပ်စင်ကိုဖွင့်ကာပြုံးသည်။
"ဓားသမားလေး၊ ခေးအောစ့်အနှစ်သာရ ဓားကိုယ်ထည်က ဓားသမားတွေ အိပ်မက်မက်ရတဲ့ တည်ရှိမှုတစ်ခုပဲ၊ ခေတ်တိုင်းမှာ ခေးအောစ့်အနှစ်သာရဓားကိုယ်ထည်နဲ့ လူတစ်ယောက်ပဲ တည်ရှိနိုင်တယ်"
"ဒါကြောင့် ခေးအောစ့်အနှစ်သာရ ကိုယ်ထည်ကို အသက်သွင်းဖို့ နည်းလမ်းနည်းနည်းပဲရှိတယ်၊ ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
ထို့နောက် အဖိုးအိုမည်သည့်စကားမှမဆိုဘဲ စာအုပ်စင်ကနေ စာအုပ်တစ်အုပ်ယူကာ ယဲ့ချိုးပိုင်အားပေးသည်။
"ဒီစာအုပ်ထဲမှာ မှတ်တမ်းတစ်ချို့ရှိတယ်၊ မင်းဖတ်ကြည့်လို့ရတယ်"
"အဆောင်သခင်လူငယ်လေး၊ မင်းက ဝိဉာဉ်တာအိုနဲ့ မိုးကြိုးနည်းစနစ်ကို အဓိကထားသင်ထားတာမို့ ငါမင်းကို ဒီစာအုပ်ကို ပေးမယ်"
"နတ်ဆိုးကောင်လေး၊ မင်းအတွက်တော့ ငါဒီစာအုပ်ကိုပေးမယ်"
အဖိုးအိုရပ်လိုက်ပြီး ပြုံးသည်။
"ငါ့ရဲ့အမွေအနှစ်က ဒီဗဟုသုတပဲ၊ ဒါက မင်းတို့ခွန်အားကို လောလောဆယ်တော့ မတိုးတက်စေလောက်ဘူး ဆိုပေမယ့် အနာဂတ်မှာ အတော်လေးအသုံး၀င်မှာပါ"
သုံးယောက်စလုံးလှန်ကြည့်လိုက်စဉ် အနည်းငယ် ထိတ်လန့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုထဲက လက်ရေးက အဖိုးအိုကိုယ်တိုင် ကူးယူထားခြင်းဖြစ်ပြီး သစ်သားစားပွဲပေါ်က စကားလုံးများနှင့် အတူတူပင်။
သူတို့မော့ကြည့်လိုက်ကြသောအခါ ရှေ့က အဖိုးအိုပျောက်ကွယ်သွားပြီဆိုတာ သိလိုက်ကြရသည်။
သူကစကားလုံးအနည်းငယ်သာ ချန်ထားခဲ့သည်။
"အခုဒါကို အလျင်စလိုကြည့်စရာမလိုဘူး၊ ပြန်သွားပြီး သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံး ဆုလာဘ်ကို အရင်ရယူပါ၊ ငါတို့အနာဂတ်မှာ ပြန်တွေ့ချင်တွေ့လောက်မှာပါ"
အပိုင်း(741) coming။