← Chapters

#သတင်းများပျံ့နှံ့သွားခြင်း#

Vol. 52 Ch. 741

#သတင်းများပျံ့နှံ့သွားခြင်း#

Vol. 52 Ch. 741

အဖိုးအို၏ပျောက်ကွယ်မှုက တိတ်ဆိတ်နေခဲ့သည်။

သူတို့ထဲကဘယ်သူမှ သတိမထားမိကြပေ။

ဒီအဖိုးကြီးကဘယ်သူလဲ!

သူဘယ်လိုလုပ် သေမင်းဝိဉာဉ်မြို့ရဲ့ ဖိနှိပ်မှုကို ချိုးဖျက်ပြီး အချိန်မရွေး လွတ်မြောက်နိုင်တာလဲ!

ဒီလိုဆိုရင် ဘာလို့ဒီနေရာကနေ မထွက်သွားရတာလဲ!

ဒီအဖိုးကြီးက သေမင်းဝိဉာဉ်မြို့မှာ တကယ်ပဲ စစ်မှန်တဲ့မြေတစ်ခုကို ရှာဖို့ ကြိုးစားနေတာလား!

ဒါတွေတစ်ခုကိုမှ သူတို့မသိကြပါ။

ယဲ့ချိုးပိုင်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။

"ဒီစီနီယာက ဘယ်သူလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် ဒီလိုစကားမျိုးကို ပြောနိုင်ကတည်းက သူ့နယ်ပယ်က သေချာပေါက် နိမ့်ကျမှာမဟုတ်ဘူး"

မုဖူရှန်းပြုံးသည်။

"ဒါကကျွန်တော်တို့အခု တွေးနိုင်တဲ့ အရာတစ်ခု မဟုတ်သေးဘူး၊ ကျွန်တော်တို့ ခွန်အားတိုးလာပြီး အဆင့်တစ်ခုကို ရောက်လာတဲ့အခါကျရင် ပြန်တွေ့ဆုံဖို့အတွက် အခွင့်အလမ်းရှိလာမှာပါ"

ရှောင်ဟိုင်တစ်ယောက်သာလျှင် လေးနက်သည့် အမူအရာဖြင့် လက်ထဲက စာအုပ်ကို ကြည့်နေသည်။ သူပထမစာမျက်နှာကိုသာ လှန်ရသေးသည်။

ပထမစာမျက်နှာ၏ ပထမစာသား!

ကိုယ့်ကိုကိုယ်တည်ငြိမ်အောင်လုပ်ပြီး လိုက်ဖမ်းတာကို ရှောင်တိမ်းပါ!

ဒုတိယစာသား!

မင်းကိုယ်ခန္ဓာက ကောင်းကင်အင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကို ခုခံနိုင်ပြီဆိုရင် ခွန်းလွန်အပျက်အစီးကို ဦးတည်ဖို့အတွက် ကြိုးစားနိုင်တယ်!

ဒီစာသားနှစ်ကြောင်းကပင် ရှောင်ဟိုင်ကို ဒီအဖိုးအိုက နတ်ဆိုးသခင်ဖြစ်သည့် သူ့အထောက်အထားကို သိထားကြောင့် နားလည်သွားစေသည်။

ဒါ့အပြင် သူက ဝိဉာဉ်အပိုင်းအစများကိုလည်းသိသည်။

ဒါကရှောင်ဟိုင်၏ နှလုံးသားကို တုန်ယင်သွားစေသည်။

ဒီအဖိုးကြီးကဘယ်သူလဲ!

ငါနဲ့တောင် မတွေ့ဖူးသေးဘဲ ဒီကိစ္စကို သူဘယ်လိုလုပ် သိတာလဲ!

စံအိမ်တော်နှင့် အင်မော်တယ်မျောက်ဝံကျေးရွာက လူများသာလျှင် ဝိဉာဉ်အပိုင်းအစတွင် နတ်ဆိုးသခင်၏ ကိုယ်ပိုင်လက္ခဏာရှိတာကို သိပါသည်။

ဒါ့အပြင် အဖိုးအို၏ အရင်စစ်ဆေးမှုကလည်း သူတို့၏မှတ်ဉာဏ်များကို မစစ်ဆေးခဲ့ပေ။

ကံကောင်းချင်တော့ သူကသူတို့အပေါ် ရန်လိုစိတ်ကို မပြသခဲ့ပေ။

ယခုလို အကြားအမြင်ရနေသူကသာ သူတို့ရန်သူဆိုပါက အကျိုးဆက်က စိတ်ကူးယဉ်ကြည့်၍ပင် ရမည်မဟုတ်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ပြောသည်။

"အချိန်ကုန်ခါနီးပြီ၊ အခုအပြင်ထွက်ပြီးတော့ သေမင်းဝိဉာဉ်မြို့ရဲ့ ‌နောက်ဆုံးဆုလာဘ်က ဘာလဲဆိုတာ ကြည့်ဖို့ အချိန်ကျပြီ"

ရှောင်ဟိုင်နှင့် မုဖူရှန်းခေါင်းညိတ်သည်။

သုံးယောက်သား ထွက်လာပြီးနောက် လင်းကျိနန်နှင့် ကျန်သောသူများက သိချင်ကြသော်လည်း မျှော်စင်ထိပ်က အမွေအနှစ်က ဘာလဲဆိုတာ သူတို့မမေးခဲ့ကြပေ။

ကျင့်ကြံသူများက အမွေအနှစ်များအကြောင်းကို တစ်ခြားသူများအား အလွယ်တကူ ပြောပြမည်မဟုတ်။

အကယ်၍ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကသာ ပြောလိုပါက သူတို့ကိုပြောမည်သာ။

သူတို့သာ အဆောတလျင်မေးပါက တစ်ဘက်လူက သဘောမကျဖြစ်သွားနိုင်သည်။ ဒါ့အပြင် သူတို့မေးပင်မမေးနိုင်လောက်ပါ။ ဒီလိုဆိုပါက ဘာလို့ဒုက္ခခံရတော့မည်နည်း။

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က တင်ပလ္လင်ခွေထိုင်ရင်း သစ်သားပြားထဲက ထူထဲသည့် ဝိဉာဉ်ချီကို စုပ်ယူလိုက်ကြ၏။

မုဖူရှန်းက ဒါကို သီးသန့်အဆောင်အလွှာများအထဲကနေ စုပ်ယူနေဆဲပင်။

ယဲ့ချိုးပိုင်ကမူ ထိုင်ရန်နေရာတစ်ခုတွေ့ခဲ့သည်။

အကုန်လုံးစုပ်ယူပြီးနောက် ယဲ့ချိုးပိုင်၏ နယ်ပယ်ကလည်း အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားခဲ့သည်။

လင်းကျိနန်နှင့် ကျန်သောသူများ ဒီမြင်ကွင်းကို မြင်သောအခါ ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းမိကြသည်။

သူ့အဆင့်ချိုးဖျက်နှုန်းက အရမ်းမြန်လွန်းသည်။

ဒါ့အပြင် နယ်ပယ်ချိုးဖျက်ရာ၌ ဘာအတားအဆီးမှ မရှိသကဲ့သို့ အရာအားလုံးက သဘာအတိုင်း ချောမွေ့နေသည်။

ဒါက တည်ငြိမ်သည့်တာအိုအခြေခံ၏ ရုပ်လုံးဖော်မှုကြောင့်ပင်။

ယဲ့ချိုးပိုင်၏ အကျိုးအမြတ်များက ဒီအချိန်တွင် သိသာထင်ရှားစွာ ပေါ်လွင်လာခဲ့သည်။

သေမင်းဝိဉာဉ်မြို့မပိတ်ခင် ရက်တစ်၀က်ခန့် ကျန်ပါသေးသည်။

ထိုအချိန်၌ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က သူတို့ကျင့်ကြံခြင်းများကို အဆုံးသတ်လိုက်၏။

လဲ့ကျန်းချီ၊ ချန်ဟွီနှင့် မြောင်ပန်တုံတို့ ရှေ့တိုးလာကြသည်။

"ကောင်းပြီ၊ ကြယ်တိမ်တိုက်မြို့ကို အရင်သိမ်းရအောင်၊ မြန်မြန်လုပ်ပြီး ဆုလာဘ်ကို ရယူရမယ်၊ မဟုတ်ဘူးဆိုရင် သေမင်းဝိဉာဉ်မြို့ ပိတ်သွားလိမ့်မယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ငါတို့ဒီကျေးဇူးကို မှတ်မိနေမှာပါ"

သို့စေကာမူ လဲ့ကျန်းချီခေါင်းခါယမ်းသည်။

"မင်းကငါတို့ထက် ပိုအားကောင်းပါတယ်၊ ငါတို့သာ ပိုအားကောင်းရင် မင်းကို ဒီအခွင့်အရေးကို ပေးမှာမဟုတ်ဘူး"

ယဲ့ချိုးပိုင်ပြံးလိုက်သော်လည်း ဒီကိစ္စကို နှလုံးသားထဲတွင် သိမ်းဆည်းထားလိုက်၏။

စွန့်လွှတ်ရန်အတွက် ပဏာမခြေလှမ်းလှမ်းခြင်းနှင့် အလျှော့ပေးခြင်းက မတူညီသည့် အရာနှစ်ခုဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဒါက ကျေးဇူးတရားတစ်ခုပင်။

အချိန်ကျလာသောအခါ သူတို့ကို သူပြန်ပေးဆပ်ရမည်။

ထို့နောက်ချက်ချင်းဆိုသလို လဲ့ကျန်းချီနှင့် ကျန်နှစ်ယောက်က ကြယ်တိမ်တိုက်မြို့ကနေ ထွက်သွားကြသည်။

နတ်ဆိုးဘုရင်မြို့က လူများသာ ကြယ်တိမ်တိုက်မြို့တွင် ရှိသောအခါ လဲ့ကျန်းချီနှင့် ကျန်နှစ်ယောက်လက်ထဲက ကြယ်တံဆိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။

ဒါက သူတို့ကြယ်တိမ်တိုက်မြို့၏ နယ်မြေသိမ်းပိုက်ခွင့်ကို ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုနေခြင်းပင်။

ဒီအချိန်မှာပင် တစ်ခြားမြို့နှစ်မြို့ကို နတ်ဆိုးဘုရင်မြို့က သိမ်းပိုက်ခဲ့သည်။

ရုတ်တရက် သေမင်းဝိဉာဉ်မြို့ ကောင်းကင်ယံ၌ ကောင်းကင်တစ်ခုလုံးကို ထိုးဖောက်နေသည့် တောက်ပနေသည့်ကြယ်စင်စုက လင်း၀င်းသည့် ကြယ်ရောင်များနှင့် ပေါက်ကွဲသွား၏။

ကြယ်ရောင်များက သေမင်းဝိဉာဉ်မြို့ မြေပြင်လက်မတိုင်းတွင် ထွန်းလင်းနေသည်။

ဒီအချိန်မှာပင် တစ်ယောက်ယောက်ကသာ သေမင်းဝိဉာဉ်မြို့အပြင်၌ ရှိမည်ဆိုပါက ယခုလိုထိတ်လန့်ဖွယ်ရာမြင်ကွင်းကို သူတို့တွေ့ရပေလိမ့်မည်။

ကြယ်ရောင်အောက်တွင် အပြင်မြို့များမှ ဝိဉာဉ်များက တောက်ပနေသည့်ကြယ်စင်စုထဲသို့ စုပ်ယူခံရသည်။

တစ်ချို့ဝိဉာဉ်ကိုယ်ထည်များကမူ ထိတ်လန့်နေကြပုံရသည်။

စိတ်သက်သာရာရသည့် အမူအရာကိုယ်စီ ရှိသည့် ဝိဉာဉ်ကိုယ်ထည်တစ်ချို့လည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က သေမင်းဝိဉာဉ်မြို့ကနေ မလွတ်မြောက်နိုင်ဘဲ ကြယ်ရောင်ကျသည့်နေ့သာ သူတို့ဝိဥာဉ်များက လုံး၀ပျောက်ကွယ်သွားသည့် နေ့ဖြစ်လာပေလိမ့်မည်။

အလားတူပင် သေမင်းဝိဉာဉ်မြို့ အလယ်ပိုင်းက အမွေအနှစ်မြေမှ ကျွမ်းကျင်သူများ၏ ဝိဉာဉ်များကလည်း အတင်းစုပ်ယူခံရသည်။

တစ်ခဏအကြာတွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ခေါင်းမော့လိုက်စဉ် ဝေဝါးနေသည့်ဝိဉာဉ်များက တောက်ပနေသည့် ကြယ်စင်စုထဲ စုပ်ယူခံနေရတာကို မြင်နိုင်ပါသည်။

မုဖူရှန်းအံ့ဩသင့်တကြီးမေးသည်။

"ဝိဉာဉ်တွေစုပ်ယူခံနေရတာလား၊ ဒါက သေမင်းဝိဉာဉ်မြို့ ပျောက်ကွယ်သွားတော့မယ်လို့ ဆိုလိုနေတာမလား"

စုမုယောင်ခေါင်းညိတ်သည်။

"ဒီလိုသာဆိုရင် ဝိဉာဉ်တွေကို စုပ်ယူပြီးတဲ့အခါကျရင် သေမင်းဝိဉာဉ်မြို့မှာ နောက်ထပ်ဝိဉာဉ်ရှိမှာ မဟုတ်တော့သလို အမွေအနှစ်တွေကလည်း ဒါနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်၊ ဒီတော့ ဒါကလည်း ဆက်လက်တည်ရှိနေဖို့ မလိုတော့ဘူးလေ"

ကြယ်ရောင်က အမွေးတိုင်တစ်တိုင်စာမျှသာ ကြာမြင့်ခဲ့သည်။

သေမင်းဝိဉာဉ်မြို့၏ အလယ်ဗဟို၀န်းကျင်က ဝိဉာဉ်ကိုယ်ထည်အားလုံး စုပ်ယူခံရပြီးနောက် သေမင်းဝိဉာဉ်မြို့က စတင်တုန်ခါလာသည်။

ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ မုဖူရှန်း သို့မဟုတ် စုမုယောင်တို့ကို ကြယ်ရောင်အလင်းတန်းတစ်ခုက ၀န်းရံလာကြသည်။

ထို့နောက် ချက်ချင်းဆိုသလို ကြယ်ရောင်ပျောက်ကွယ်သွားစဉ် သူတို့ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။ သူတို့ဘယ်ရောက်သွားသလဲဆိုတာ ဘယ်သူမှမသိပါ။

ကြယ်တိမ်တိုက်မြို့အပြင်တွင် လဲ့ကျန်းချီ၊ ချန်ဟွီနှင့် မြောင်ပန်တုံတို့က သေမင်းဝိဉာဉ်မြို့ အပြင်လေဟာနယ်ထဲသို့ တိုက်ရိုက် ပို့ဆောင်ခံရသည်။

သေမင်းဝိဉာဉ်မြို့အပြင်ဘက်တွင် စောင့်ကြပ်နေကြသည့် အဓ်ကဂိုဏ်းများ၏ ထိပ်တန်းပုဂ္ဂိုလ်များကလည်း အဝေးသို့ ပို့ဆောင်ခံရသည့် လူသုံးယောက်ကို မြင်ပါသည်။

ဒါကိုမြင်သောအခါ ထိုထိပ်တန်းပုဂ္ဂိုလ်များ၏ အမူအရာများက အေးခဲသွားကြ၏။

ထို့ထဲမှ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ရှေ့တိုးကာ သူတို့သုံးယောက်ထံ ရောက်လာပြီး လေးနက်သည့် အသံနှင့်မေးသည်။

"မိတ်ဆွေလေးတို့၊ မင်းတို့သုံးယောက်ပဲ ထွက်လာနိုင်ခဲ့ကြတာလား၊ ကျန်တဲ့သူတွေ ဘယ်မှာလဲ"

ဝိဉာဥ်အင်မော်တယ်နန်းတော်က မဟာအကြီးအကဲတင်မဟုတ်ဘဲ စုမိသားစု အကြီးအကဲ၊ မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲ၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ် ဟောင်ကျန်းဟန်၊ အင်မော်တယ်မျောက်ဝံကျေးရွာခေါင်းဆောင်၊ ယွမ်ချောင်နှင့် ကျန်သောကျွမ်းကျင်သူများပါ ကြည့်လာကြသည်။

လဲ့ကျန်းချီ တစ်ခဏမျှတွေးပြီးနောက် သေမင်းဝိဉာဉ်မြို့တွင် ဖြစ်ပျက်ခဲ့သည်တို့ကို အတိုချုပ် ပြောပြလိုက်သည်။

သို့သော်ပြောပြ၍မရသည့် အရာတစ်ချို့ ရှိပါသေးသည်။

ဥပမာအားဖြင့် သူတို့ရခဲ့သည့် အမွေအနှစ်များကို သူတို့ဖုံးကွယ်ထားရပေမည်။

သို့စေကာမူ ဒီအကြောင်းများကို ပြောပြီးသည်နှင့် ဒါက ဂိုဏ်းအသီးသီးက ထိပ်တန်းပုဂ္ဂိုလ်များကို ထိတ်လန့်သွားစေသည်။

ငရဲဂိုဏ်း!

ငရဲဘိုးဘေး ပြန်လည်ရှင်သန်လာခြင်း!

မရေမတွက်နိုင်လောက်သည့် သေဆုံးမှုများရှိခဲ့သည်။

အဆုံးသတ်တွင် ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်၊ မုဖူရှန်းတို့က နတ်ဆိုးဘုရင်မြို့ကို ဦးဆောင်ရင်း ကျန်နှစ်မြို့ကို သိမ်းပိုက်ခဲ့သည်။

စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်၊ မြင့်မြတ်အဆောင်ဂိုဏ်း၊ အင်မော်တယ်မျောက်ဝံကျေးရွာနှင့် ‌ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့က စိတ်လှုပ်ရှားနေကြ၏။

သေမင်းဝိဉာဉ်မြို့ပေါ်လာကတည်းက မည်သူတစ်ဦးတစ်ယောက်မှ နောက်ဆုံးဆုလာဘ်ကို မရဖူးသေးပါ။

သို့စေကာမူ ဂိုဏ်းအသီးသီး၏ နှလုံးသားများကို လေးလံစေသည့် သတင်းအပိုင်းအစတစ်ခုလည်းရှိသည်။

ငရဲဘိုးဘေးချီရှာဒေါင်၏ ပြန်လည်မွေးဖွားမှု!

အပိုင်း(742) coming။

All Chapters