#ဆုလာဘ်၊ ကြယ်စင်စုကိုယ်တိုင်#
Vol. 52 Ch. 742
ငရဲဘိုးဘေးချီရှာဒေါင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို ကြောက်ရွှံ့မှုကြောင့် တုန်လှုပ်စေခဲ့သည့် နာမည်ဖြစ်သည်။
လူငယ်မျိုးဆက်များက သူဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာကို မခံစားနိုင်လောက်သော်လည်း ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များအတွက်မူ ဒါက သူတို့၏ မှတ်ဉာဏ်များ၌ စွဲကျန်ရစ်နေဆဲပင်။ သူတို့ဘာကြောင့် ထိုအချိန်က ငရဲဂိုဏ်းကို ကိုင်တွယ်ရန်အတွက် ပူးပေါင်းခဲ့ရသနည်း။ ယခုလိုတန်ဖိုးကြီး ပေးဆပ်ခဲ့ရသည့်တိုင် ထိပ်တန်းဂိုဏ်းများစွာက ပူးပေါင်းခဲ့ကြသည်။
အကြောင်းရင်းတစ်ခုက ငရဲဂိုဏ်းစွမ်းအားက အတော်လေး ကြောက်စရာကောင်းလွန်းသောကြောင့်ပင်။
နယ်ပယ်တိုးမြှင့်ရန်အတွက် မိစ္ဆာကျင့်ကြံသူများ၏ နည်းလမ်းနှင့် လူသတ်ခြင်းက အရမ်းကြောက်စရာကောင်းသည်။
ငရဲဂိုဏ်းက ထိပ်တန်းဂိုဏ်းတစ်ခုထက်ပင် အများကြီး ပိုအားကောင်းနေလေပြီ။ ဒုတိယတဖြစ်လဲ ပိုအရေးကြီးတာက လူများကို ပုရွက်ဆိတ်များပမာ သတ်ပစ်ခဲ့သည့် ငရဲဘိုးဘေးချီရှာဒေါင်ကြောင့်ပင်။ ခွန်အားအရာ၌ ဖြစ်စေ၊ ကျင့်ကြံခြင်းနည်းစနစ်နှင့် လျှို့ဝှက်နည်းစနစ်များတွင် ဖြစ်စေ သူ့ကိုဆန့်ကျင်ကာကွယ်ရန်ဟူသည် မဖြစ်နိုင်ပေ။
ထိုအချိန်က ထိပ်တန်းဂိုဏ်းများက အင်အားစုများ ပူးပေါင်းခဲ့ကြသည်။
သူ့ကိုအနိုင်ယူရန် ကောင်းကင်အင်မော်တယ်အဆင့်ကျင့်ကြံသူများများစွာ လိုအပ်ခဲ့သည်။
အဆုံးသတ်တွင် သူတို့က တစ်ဘက်လူ၏ ဝိဉာဉ်ကိုပင် ထွက်ပြေးလွတ်မြောက်စေခဲ့ရသည်။
ဒီအခိက်ကနေ ငရဲဂိုဏ်းနှင့် ငရဲဘိုးဘေးက ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာ မြင်နိုင်ပါသည်။
ချီရှာဒေါင်၏ ပြန်လည်မွေးဖွားမှုက ဂိုဏ်းများစွာ၏ နှလုံးကို ပြန်လည်တင်းကျပ်သွားစေသည်။
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲက လေးနက်စွာပြောသည်။
"လူတိုင်းပဲ ၊ငါတို့ငရဲဂိုဏ်းအကြောင်း ဆွေးနွေးရတော့မယ်"
စုမိသားစုက အဖိုးအိုက ညင်သာစွာ ခေါင်းညိတ်သည်။
"ငါတို့သေချာပေါက် ဆွေးနွေးဖို့လိုနေပြီ"
မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့ကလည်း သဘောတူကြသည်။
သို့စေကာမူ ယခုအခိုက်အတန့်၌ တစ်ခြားဂိုဏ်းများမှ ထိပ်တန်းပုဂ္ဂိုလ်များက တုံ့ဆိုင်းနေပုံပေါ်သည်။
သစ်စိမ်းဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
ဒီဂိုဏ်းက ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် စုမိသားစုတို့လို ကြီးကျယ်သော အင်အားစုများနှင့် မယှဉ်နိုင်သော်လည်း ပြောပိုင်ခွင့်တစ်ချို့တော့ ရှိပါသေးသည်။
သစ်စိမ်းဂိုဏ်းချုပ်တွေးရင်းပြောသည်။
"ဒီလောက်ထိ စိုးရိမ်နေစရာမလိုဘူးလို့ ငါထင်တယ်၊ ချီရှာဒေါင် ပြန်လည်မွေးဖွားလာတယ်ဆိုရင်တောင် အချိန်တိုအတွင်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
"ဒါ့အပြင် အရင်သင်ခန်းစာနဲ့ဆိုရင် သူနောက်ထပ် ဒီလောက်မောက်မာတော့မှာ မဟုတ်တော့ဘူး၊ အချိန်တန်ရင် ဒါက လူထုကို ဒေါသထွက်စေလိမ့်မယ်၊ အကျိုးအမြတ်က ဆုံးရှုံးမှုတွေကို လျော်ကြေးမပေးနိုင်ဘူး"
ကျန်သောအင်အားစုများက ညင်သာစွာ ခေါင်းညိတ်ကြသည်။
သို့စေကာမူ သူတို့မျက်လုံးများ၌ ရှောင်တိမ်းလိုသည့် လက္ခဏာများရှိသည်။
တကယ်တမ်းတွင် ဒီဂိုဏ်းအင်အားစုများ၏ တုံ့ပြန်မှုတွေကို ချီရှာဒေါင် ဟောကိန်းထုတ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ငရဲဘိုးဘေးနှင့် ငရဲဂိုဏ်းက အရမ်းကျော်ကြားလွန်းသည်။ ထိုအချိန်က ငရဲဂိုဏ်းကို ဖျက်ဆီးရန်အတွက် သူတို့ကြီးမားသည့် တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ အခုသူတို့တိုက်ခိုက်လိုပါက သူတို့ဂိုဏ်းများအတွက် ကြီးမားသည့် ရိုက်ခတ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ဒီအစား တာ၀န်ကနေရှောင်နေတာက ပိုကောင်းသည်။
ငရဲဘိုးဘေးက သူတို့ဂိုဏ်းများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်အရာမှ မလုပ်လာသရွေ့ အဆင်ပြေပါသည်။
တစ်ခြားဂိုဏ်းများ၏ အသက်အိုးအိမ်စည်းစိမ်များက သူတို့နှင့်ဘာဆိုင်သနည်း။
ဒါကသူတို့နှင့်လုံး၀လုံး၀မသက်ဆိုင်ပါ။
ဝိဉာဉ်အင်မော်တယ်နန်းတော်၊ စုမိသားစု၊ မြင့်မြတ်အဆောင်ဂိုဏ်း၊ ကောင်းကင်ဘုံဓားတောင်ထိပ်နှင့် ကျန်ဂိုဏ်းများမှ လူများက သူတို့ဘာတွေးနေကြသလဲဆိုတာကို သိလေရာ အမူအရာများက ကြည့်ရဆိုးသွားကြသည်။
ဟောင်ကျန်းဟန် ကျိန်ဆဲလိုက်မိသည်။
"ငါတို့အခု သူတို့ကို ဝိုင်းရံဖိနှိပ်ဖို့ကို မစဉ်းစားဘူးဆိုရင် ငရဲဂိုဏ်း လုံး၀ ပြန်ကောင်းသွားတဲ့အခါကျရင် ဆုံးရှုံးမှုတွေက ပိုကြီးသွားမှာ မဟုတ်ဘူးလား"
ဘေးကနေ စုမိသားစုမှ အဖိုးအိုက အကူအညီမဲ့စွာပြုံးသည်။
"သူတို့မသိတာမဟုတ်ဘူး၊ သူတို့ မသိချင်ယောင် ဆောင်နေကြတာ"
"ကပ်ဘေးကျရောက်လာတဲ့အခါကျရင် အင်အားစုအများစုက ဆက်ဆံရေးတွေကနေ ခွဲထွက်ဖို့ကို ချက်ချင်းတွေ့ကြလိမ့်မယ်၊ ဒါအဆုံးသတ်တော့မယ်အခါကျရင် သူတို့ခုန်ထွက်လာပြီး အကျိုးအမြတ်တွေကို ရိတ်သိမ်းလိမ့်မယ်"
"ကောင်းပြီ၊ ထပ်ပြောနေစရာမလိုတော့ဘူး" ဝိဉာဉ်အင်မော်တယ်နန်းတော်က မဟာအကြီးအကဲ၏ မျက်နှာကလည်း မကောင်းလှပေ။
မည်သို့ပင်ဆိုစေကာမူ ဝိဉာဉ်အင်မော်တယ်နန်းတော်က ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေသည် မဟုတ်ပေလော။
"အချိန်ကျလာတဲ့အခါကျရင် ငါတို့သတင်းကိုဖြန့်ပြီး ဒါကိုအတူတကွ ဆွေးနွေးချင်ကြတဲ့ အင်အားစုတွေကို ခွင့်ပြုပေးရမယ်"
မြင့်မြတ်အဆောင်ဂိုဏ်း၏ မဟာအကြီးအကဲကလည်း ခေါင်းညိတ်သည်။
"ချီရှာဒေါင်ရဲ့ စရိုက်အရဆိုရင် ဒီကိစ္စကို သူသေချာပေါက် လက်လွှတ်မှာမဟုတ်ဘူး၊ ဒီလိုအရာမျုးကို ငါတို့ဝိုင်းရံပြီး မဖျက်ဆီးဘူးဆိုရင်တောင် စောစောပြင်ဆင်မှုတွေကို လုပ်ရမယ်"
ငရဲဘိုးဘေး၏ ပြန်လည်မွေးဖွားမှုက ထိပ်တန်းပုဂ္ဂိုလ်များကို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအကြောင်း ယာယီမေ့သွားစေသည်။
သေမင်းဝိဉာဉ်မြို့၌ ကြယ်စင်စုများနှင့် ၀န်းရံနေသည့်နေရာတစ်ခုတွင် ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ လင်းကျိနန်၊ စုမုယောင်နှင့် အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်ရှိနေကြသည်။
သူတို့ဘယ်ဘက်ကိုပဲ ကြည့်နေပါစေ ဖြည်းဖြည်းချင်း စီးဆင်းနေသည့် လက်စွပ်ပုံသဏ္ဍာန် တောက်ပနေသည့် ကြယ်စင်စုသာရှိသည်။
သို့သော်ယခုတွင်မူ ဒီတောက်ပနေသည့် ကြယ်စင်စု၌ ဖိနှိပ်စွမ်းအားက ပျောက်ကွယ်သွားပြီး ဝိဉာဉ်စွမ်းအားများသာ ကျန်ရှိနေခဲ့သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ပြုံးသည်။
"ရှီရှန်းသာ ဒီမှာရှိခဲ့ရင် ဒီနေရာက သူ့အတွက် ကျင့်ကြံဖို့ တော်လေးသင့်တော်တယ်"
မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ခေါင်းညိတ်သည်။
မည်သို့ပင်ဆိုစေကာမူ ရှီရှန်းက ကြယ်စွမ်းအားကို ကျင့်ကြံသည်မဟုတ်ပေလော။
အကယ်၍သူသာ ဒီနေရာက ကြယ်စွမ်းအားကို စုပ်ယူနိုင်ပါက သူ့စွမ်းအား ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာ မည်သူသိနိုင်မည်နည်း။
စုမုယောင်နှင့် လင်းကျိနန်တို့က သူတို့စကားဝိုင်းကို ကြားသောအခါ ကြက်သေသေသွားကြ၏။
ကြယ်စွမ်းအားကို ကျင့်ကြံတဲ့ လူတစ်ယောက်လား!
ဒီမွန်းစတားသုံးကောင်ရဲ့ နောက်ထပ်ညီအစ်ကို တပည့်တစ်ယောက်လား!
ကြယ်စွမ်းအားကိုကျင့်ကြံသည့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်မှာ အတော်လေး ကြာမြင့်နေပါပြီ။
ကြယ်စွမ်းအားကျင့်ကြံခြင်းနည်းလမ်းက သမိုင်း၏ ရှည်လျားသည့်မြစ်ထဲတွင် ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
စုမုယောင်နှင့် လင်းကျိနန်တို့က တစ်ဦးကိုတစ်ဦး အကူအညီမဲ့စွာ ကြည့်လိုက်မိကြ၏။
ဒီလူတွေက ဘယ်လိုမွန်းစတားတွေလဲ!
ဘာလို့သူတို့တစ်ဦးချင်းစီက တစ်ခြားတစ်ဦးထက် ပိုကြောက်စရာကောင်းတယ်လို့ ခံစားနေရတာလဲ!
ရုတ်တရက် လူတိုင်းရှေ့တွင် အလင်းဖန်သားပြင်တစ်ခု ပေါ်လာခဲ့သည်။
အလင်းဖန်သားပြင်၌ အမှောင်ထဲ၌ ပိတ်ဖုံးနေသည့် မျက်နှာကိုမမြင်ရသော ပုံရိပ်တစ်ခုရှိသည်။
အလင်းဖန်သားပြင်က ပုံရိပ်ကပြောသည်။
"ဟမ်၊ အချိန်များစွာကြာပြီးနောက်မှာတော့ နောက်ဆုံးမှာ တစ်ယောက်ယောက်ဒီမှာ ရပ်ဖို့အတွက် အရည်အချင်းရှိလာပြီပေါ့"
"ဒါပေမယ့် ဒီနေရာကိုလာနိုင်တာက မင်းတို့မှာ ပါရမီနဲ့စွမ်းအားတစ်ချို့ရှိတယ်ဆိုတာကို သက်သေပြနေတာပဲ"
လူတိုင်းတစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။
စုမုယောင်နှင့် လင်းကျိနန်တို့က ပို၍ပင် ကြက်သေသေနေကြသည်။
ဒီပုဂ္ဂိုလ်၏အမြင်မှာ ဒီနေရာကို လာနိုင်သောသူတွေကို ပါရမီနှင့်စွမ်းအားတစ်ချို့ ရှိတယ်လို့ပဲ ယူဆနိုင်တာလား!
လင်းကျိနန်ပြောသည်။
"စီနီယာ၊ ဒီကိုလာဖို့အတွက် ကျွန်တော်စွမ်းအား အများကြီးမသုံးခဲ့ပါဘူး၊ ကျွန်တော် သူတ......"
စုမုယောင်ကလည်း အလားတူစကားကို ပြောချင်နေတာ သိသာထင်ရှားနေသည်။
သို့စေကာမူ သူစကားပြော၍ မပြီးသေးခင်မှာပင် အလင်းဖန်သားပြင်ကလူ၏ ကြားဖြတ်ခြင်းကို ခံရသည်။
"ကံတရားနဲ့ ရွေးချယ်မှုကလည်း အားသာချက်တစ်မျိုးပါပဲ"
"မင်းတို့ သူတို့ကိုမစွန့်လွှတ်ဘဲ ရွေးချယ်ပြီး သူတို့နောက်လိုက်ခဲ့တဲ့အချက်က မင်းတို့မှာ ဒီလိုကံကောင်းမှုတွေ ရှိတယ်လို့ ဆိုလိုနေတာပဲ"
"မင်းတို့ကလည်း ဒီဆုလာဘ်ကိုရဖို့အတွက် အရည်အချင်းပြည့်မီပါတယ်"
ရှောင်ဟိုင်တို့သုံးယောက်ခေါင်းညိတ်သည်။
သူပြောတာမှန်ပါသည်။
ကံတရားက စိတ်လှည့်စားမှုတစ်ခုဖြစ်သလို စွမ်းအား၏ ပုံစံတစ်ခုလည်းဖြစ်သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်မေးသည်။
"စီနီယာ၊ ဒီဆုလာဘ်ကဘာများလဲ"
အလင်းဖန်သားပြင်က ပုဂ္ဂိုလ်က သူ့အပေါ် ပိတ်ဆို့ထားသည့် ပမာ ယဲ့ချိုးပိုင်ခံစားနေရသည်။
သို့စေကာမူ သူကပိတ်လှောင်ခံထားရပြီး ဒါက အလင်းဖန်သားပြင်တစ်ခုသာ ဖြစ်သည့်တိုင် သူမိုင်ထောင်ချီဖြတ်ကျော်ခဲ့သည့်အလား ယဲ့ချိုးပိုင်၏ နှလုံးသားကို လက်ကြီးတစ်ဖက်က ညှစ်နေသည့်ပမာ ခံစားရစေသည်။
အတွေးတစ်ချက်တည်းနှင့် ဒီပုဂ္ဂိုလ်က သူ့ကို အချိန်မရွေး သတ်ပစ်နိုင်သည့်အသွင်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ကိုယ်ပေါ်က တိမ်ပြာဓားက သူ့ကိုယ်ခန္ဓာကို ကျူးကျော်လာသည့် အော်ရာကို တိုက်ရိုက်ကြေမွသွားစေသည့် ဓားတာအိုဥပဒေသကို ထုတ်လွှတ်သည်။
အလင်းဖန်သားပြင်ကနေ အံ့အားသင့်နေသည့် အသံတစ်သံထွက်လာသည်။
"အိုး၊ ကြည့်ရတာ မင်းကလည်း မဟာကံကောင်းမှုနဲ့ လူတစ်ယောက်ဖြစ်ပုံပဲ..."
"ဆုလာဘ်အတွက်ကတော့ ဒါက ကြယ်စင်စုတစ်ခုလုံးရဲ့ ဝိဉာဉ်စွမ်းအားဖြစ်သလို ကြယ်စင်စုကိုယ်တိုင်လည်းဖြစ်တယ်..."
အပိုင်း(743) coming။