အခန်း (၁၆၄)
Vol. 12 Ch. 164
ဘုတ်။
မုတ်ဆိတ်နှင့် လူသည် မြေပေါ်သို့ လဲကျသွား၏။
ရှောင်းရှန်းဟိုင် ၏ မျက်နှာပေါ်သို့ သွေးများပင် လာရောက်စင်သည်။
သူသည် မြေပေါ်သို့ လဲကျတော့မတတ် ထိတ်လန့်ကြောက်ရွံ့သွားမိသည်။ ။ ကြောက်လန့်မှုသည် သူ၏ ကျောရိုးမကြီးမှတစ်ဆင့် ခြေဖဝါးတွင်တောင်မှာ ချွေးစေးတွေ ပြန်ရလာခဲ့၏။
သူသေချာလေ့ကျင့်ပေးထားသော လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်သည် ချက်ချင်းဆိုသလိုပဲ သတ်ဖြတ်ခံလိုက်ရသည်။
"ခေါင်းဆောင်။"
မုတ်ဆိတ်နှင့် လူ လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်ကို မြင်တော့ လုပ်ကြံသတ်ဖြတ်သူများသည် ဒေါသ ထွက်သွားကြ သည်။ သူတို့သည် လက်ထဲတွင်ရှိသော လက်နက်ပုန်းများကို ပစ်လွှတ်ရန် ပြင်လိုက်ကြ၏။
ဝှစ် … ဝှစ် … ဝှစ်။
မြွေဟောက်နှင့် တစ်ခြားလူများသည် သူတို့ထက် ပို၍ မြန်ဆန်လှ၏။ များပြားလှသော ပေါက်ဓားများ လက်နက်ပုန်းများအားလုံးသည် လေထဲတွင် လွင့်စင်သွားတော့သည်။
ဘုတ် … ဘုတ်။
ချက်ချင်းဆိုသလိုပဲ ရှောင်မိသားစုဆီမှ လုပ်ကြံသူ နှစ်ဆယ်ကျော်တို့သည် မြေပေါ်သို့ လဲကျသွားတော့သည်။
သူတို့ မသေဆုံးခင် နှလုံးသားထဲမှာ တွေးမိသားသော အရာတစ်ခုမှာ "အစစ်အမှန် လုပ်ကြံသတ်ဖြတ်သူတွေက တကယ်ကို ကြမ်းတာပဲ။" ဟူ၍ ဖြစ်ပေလိမ့်မည်။
သူ၏ နောက်လိုက်နောက်ပါများအားလုံး သတ်ခံလိုက်ရသည်ကို မြင်တော့ ရှောင်ရှန်းဟိုင် ၏ မျက်လုံးများသည် ကြောက်လန့်မှုများနှင့် ပြည့်နက်သွားသည်။
သူ၏ ခြေထောက်များသည် တဆတ်ဆတ် နှင့် တုန်ရင်သွားသည်။ သူ၏ ခေါင်းအားလည်း ကန္တာရ လင်းယုန်ဖြင့် ချိန်တွယ်ခံထားရသည်မဟုတ်လား။
“အိမ်စေကြီးရှောင်။”
လီလိုရှုသည် ပြုံးကာ ပြောလိုက်သည်။ "ရှင် ပြဿနာရှာခဲ့သူက သံမဏိအရိုးဂိုဏ်းကလူ။ ဒီတော့ သံမဏိအရိုးဂိုဏ်းကို ပြဿနာရှာတာနဲ့ အတူတူပဲ။"
"ကျုပ် … ကျုပ်ကို မသတ်ပါနဲ့။"
ရှောင်းရှန်းဟိုင် ၏အသံသည် တုန်ရင်နေ၏။
သူ၏ မျက်လုံးများသည် သေခြင်းတရား၏ ကြောက်လန့်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ မည်သူမှ မသေချင်ပေ။ အသက်ရှင်ရသည်မှာ မည်မျှကောင်းလိုက်သနည်း။
လီလျိုရှုသည် သေနတ်ကို အသာချပြီး ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။
"ရှောင်ကလန်ရဲ့ လုပ်ကြံသတ်ဖြတ်သူ အဖွဲအစည်းကို တစ်ယောက်မှ အလွတ်မပေးနဲ့လို ဂိုဏ်းချုပ်က မှာလိုက်တယ်။ ဒီတော့ ရှင်လည်း သွားတော့။"
ဒိုင်း။
ကျည်ဆံသည် ရှောင်ရှန်းဟိုင် ၏ ရင်ဘတ်ကို ထွင်းဖောက်သွားတော့သည်။ နံရံတွင် သွေးများ သွားရောက်စင်နေသည်။
ဘုတ်။
ရှောင်ကလန်၏ အိမ်စေကြီးသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ မသေခင်မှာတော့ သူ၏စိတ်ထဲတွင် အတွေးတစ်ခုရှိလိုနေ၏။
လုပ်ကြံသတ်ဖြတ်သူဖြစ်သော မိုးဆွေအဆောက်အဦးသည် အဘယ့်ကြောင့် သံမဏိအရိုးဂိုဏ်း၏ တပည့်များ ဖြစ်သွားရသနည်း။
မိုးဆွေအဆောက်အဦး၏ သခင်သည် အဘယ့်ကြောင့် ဟောခန်းသခင် ဖြစ်သွားရသနည်း။
သူသည် ထိုအရာကို အဖြေမရှာနိုင်ခဲ့ပေ။
ငရဲပြည်သို့ ရောက်မှသာလျှင် ဆက်၍ အဖြေရှာရပေလိမ့်မည်။
ရှောင်ကလန်၏ လုပ်ကြံသတ်ဖြတ်သူများ အဖွဲ့အစည်းသည် ကျက်သရေခန်းမဆောင်အား ရုပ်လုံးပြ၍ တည်ဆောက်ထားသော အရာတစ်ခုဖြစ်သည်။
လီလိုရှုသည် ကျွမ်းကျင်စွာဖြင့် လှုပ်ရှားနေခြင်း ဖြစ်၏။ သူမသည် တည်နေရာတစ်ခုလုံးအား စည်းခတ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် မြို့ထဲတွင် ရှိသော သိုင်းပညာရှင်များအားလုံးသည် ကျက်သရေ ခန်းမဆောင်ထဲ၌ လူပေါင်းများစွာသေဆုံးခဲ့ပြီဖြစ်ကြောင်း တစ်ချက်ကလေးမှ မသိရှိကြပေ။
ထို့အပြင် ရှောင်ကလန်၏ လုပ်ကြံသတ်ဖြတ်သူများသည် အပျော်တမ်းဆန်နေသည်။
ဂိုဏ်းချုပ်ကျွင်းက သေချာအမိန့်ပေးခဲ့သည် မဟုတ်လျှင် သူမသည် ဤနေရာသို့ အဖွဲ့ဝင်အများကြီးပင် ခေါ်လာမိလိမ့်မည် မဟုတ်ချေ။ တစ်ယောက်၊ နှစ်ယောက်လောက်နှင့်ပင် ဤနေရာတွင် ရှိသော လူအားလုံးကို သတ်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်၏။
လီလိုရှုသည် သူမ၏ နောက်လိုက်များကို ဦးဆောင်၍ နောက်ဘေး ခြံဝန်းထဲမှ ခုန်ထွက်လိုက်၏။ ပြီးနောက်သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ကာ ပြောလိုက်သည်။
"ရှောင်ကလန်ရဲ့ အိမ်စေကြီးက လုပ်ကြံသတ်ဖြတ်မှု ဌာနချုပ်ကို တာဝန်ယူထားတာပဲ။”
“ရှောင်းရှန်ဟိုင်လား။"
ရှောင်ကျီ၏ အကြည့်များသည် အေးစက်သွားသည်။
ကျွင်းချောင်ရှောင်း မေးလိုက်သည်။
"မင်း သူ့ကို သိလို့လား။"
ရှောင်ကျီ အံ့ကြိတ်ကာ ပြောလိုက်သည်။ "ကျွန်တော်ရဲ့ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ် အမြစ် လျော့ကျသွားတဲ့အချိန်တုန်းက သူက ကျွန်တော့်ကိုအနိုင်ကျင့်ဆုံးပဲ။မိသားစုထဲမှာ ခက်ခဲအောင် အများကြီးလုပ်ခဲ့တာ။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အဲလူကို ခေါ်ခဲ့လိုက်။"
ငါ့တပည့်ကို အနိုင်ကျင့်ရဲတယ်ဆိုတော့ ငါက မင်းကို ကောင်းကောင်းကြီး နှိပ်ဆက် ပေးရမှာပေါ့။
လီလိုရှုပြောလိုက်သည်။ "သူ့ကို သတ်ပစ်လိုက်ပြီ”
“ဟုတ်လား။" ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်သည်။ “သူ လွယ်လွယ်ကူကူနဲ့ သေခဲ့တာပဲ။”
လီလိုရှု မေးလိုက်၏။ "ဘာဆက်လုပ်ကြမလဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒီမှာရှိတဲ့ အလောင်းတွေ အကုန်လုံးကို အပြင်ကိုထုတ်။ပြီးရင် ကျက်သရေခန်းမဆောင်တွေ အကုန်လုံးကို မီးရှို့ ပစ်လိုက်။"
အလောင်းတွေအကုန်လုံးကို သယ်ပြီး ကျက်သရေခန်းမဆောင်ကို မီးရှို့ခဲ့ခြင်းသည် ရှောင်ကလန်အား စိတ်ဒုက္ခပေးခြင်းနှင့် ဆင်တူ၏။
"နားလည်ပါပြီ။" လီလိုရှု သည် အမိန့်ပေးရန်ပြင်လိုက်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူမအား တားဆီးကာ ပြောလိုက်သည်။ "မီးရှို့မယ့်သူက ရှောင်ကျီပဲ။ ဒါက ရှောင်ကလန် နဲ့ သူနဲ့ သွေးမျိုးဆက်ဆိုတာကို မီးရှို့ဖျက်ဆီးပစ်လိုက်တာပဲ"
"ဟုတ်တယ်” ရှောင်ကျီ ခေါင်းညိတ်ကာ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
လီလိုရှုသည် ရှောင်ရှန်းဟိုင် နှင့်တစ်ခြားသူများ၏ အလောင်းများကို ယူဆောင်သွားရန် သူ၏ အဖွဲ့ဝင်များအား အမိန့်ပေးလိုက်သည်။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ ညအမှောင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
သူတို့သည် မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိလာပြီး မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ခေါ်သွားသည်ဟုဆိုရမည်။
ဟူး …. ဟူး။
ရှောင်ကျီသည် ကျက်သရေခန်းမဆောင်ရှေ့တွင် ရပ်လျက်ရှိပြီး သူ၏ လက်ထဲတွင်တော့ မီးတုတ်တစ်ခု ရှိလို့နေ၏။
မီးတုတ်ဆီမှ အလင်းရောင်သည် သူ၏ ခံစားချက်မဲ့သော မျက်နှာအား ထင်အပ်နေသည်။
"ရှောင်ကလန် …. ဒီနေ့ ငါ … ရှောင်ကျီက မင်းတို့နဲ့ရှိတဲ့ သွေးမျိုးဆက်အားလုံးကို ရှင်းလင်းပြီးပြီ။"
ဘုတ်။
မီးတုတ်အား ကျက်သရေ ခန်းမဆောင်ထဲသို့ ပစ်လွှတ်လိုက်၏။
မီးများသည် တစ်လက်လက်နှင့် တောက်ပလာပြီး အရှိန်အဟုန်အပြည့်နှင့် တောက်လောင် သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် မြို့နံရံပေါ်တွင် မိတ်တပ်ရပ်၍ တောက်လောင်နေသော မီးများကို ကြည့်လိုက်သည်။ ပြီးနောက် သူ၏ တပည့်အား ကြည့်ကာ ပြောလိုက်သည်။ "ရှောင်ကျီ … မင်းဆီမှာ အခု အမည်နာမ တစ်ခုပဲ ရှိတော့တယ်။ ရှောင်ကလန်အရိုးဂိုဏ်းရဲ့တပည့် ရှောင်ကျီဆိုတာပဲ။"
"မီး …. ကျက်သရေခန်းမဆောင် မီးလောင်နေတာပဲ။"
ချက်ချင်းဆိုသလိုပဲ ဟုန်းခနဲတက်လာသော မီးအဟုန်သည် မြို့ထဲတွင် ရှိသောလူများကို အထိတ်တလန့် ဖြစ်စေ၏။ မြို့ထဲတွင်ရှိသော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ အားလုံးသည် နိုးထလာပြီး သူတို့၏ အခန်းထဲမှ ထွက်လာကြ၏။
ရှောင်ကလန်ကို သတင်းရရခြင်းမှာပဲ သူတို့၏ တိုက်ရိုက်တပည့်များကို စေလွတ်၍ မီးငြိမ့်သက်ရန် ကြိုးစားခဲ့သည်။
သို့ပေမဲ့ သူတို့ ရေမည်မျှ ကြိုးစားလောင်းသည် ဖြစ်စေ မီးသည် အရှိန်အဟုန်ကောင်းနေပြီ ဖြစ်သောကြောင့် ငြိမ်းသက်၍ မရနိုင်တော့ချေ။
မနက်ခင်အာ ရုံတက်ချိန်တွင်တော့ ကျက်သရေ ခန်းမဆောင်တစ်ခုလုံးသည် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
"ချီးတဲ့မှ …"
ပြာအတိဖြစ်သွားသော ကွင်းပြင်ထဲတွင် မတ်တပ်ရပ်လျက်ရှိသော ရှောင်ကလန်၏ပထမအကြီးအကဲသည် မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ဘယ်သူ လုပ်ခဲ့တာလဲ။"
ဤ ငှာနချုပ်ထဲတွင် များပြားလှသော လုပ်ကြံသတ်ဖြတ်သူများ ရှိသည်။ အကြောင်းအရာ တစ်စုံတစ်ခုမှ မရှိဘဲ မီးထလောင်သည် ဆိုသည်မှာ မဖြစ်နိုင်ပေ။ တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိနှင့် ပြုလုပ်ခဲ့တာပဲ ဖြစ်ရမည်။
"ပထမ အကြီးအကဲ။"
ဒုတိယအကြီးအကဲသည် လမ်းလျှောက်လာရင်း အသာပြောလိုက်သည်။
"လျှို့ဝှက်ခန်းထဲမှာ သွေးစီးချောင်း တစ်ချို့ရှိနေတယ်။ ပြီးတော့ ကျုပ်တို့ လူတွေ တစ်ယောက်မှ မရှိတော့ဘူး။"
ရှောင်ကလန်၏ ပထမအကြီးအကဲသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
လက်ဖက်ရည်သောက်သုံးနိုင်သော ကျက်သရေခန်းမဆောင်သည် မီးရှို့ခံလိုက်ရပြီး မြေအောက်ခန်းထဲတွင် ရှိသော ရှောင်ရှန်းဟိုင် နှင့် လုပ်ကြံသတ်ဖြတ်သူများ အားလုံးသည် ပျောက်ဆုံးသွားခဲ့ကြသည်။ ထိုသူတို့အားလုံး အသတ်ခံရသည်သာ ဖြစ်ပေလိမ့်မည်။
"ဘယ်သူ လုပ်ခဲ့တာလဲ။ ဒီကိစ္စကို ဘယ်သူလုပ်ခဲ့တာလဲ။"
ရှောင်ကလန်၏ ပထမအကြီးအကဲသည် သူ၏ စိတ်ထဲတွင် အော်ဟစ်လျှက်ရှိသည်။
သို့ပေမဲ့ သူ၏ မျက်နှာပေါ်တွင်တော့ ထွက်ပေါ်နေသော ဒေါသတရားများ ပေါ်မလာစေရန် ထိန်းသိမ်းထား၏။ အဘယ့်ကြောင့်ဆိုသော် အားလုံး၏ အမြင်တွင် ကျက်သရေခန်းမဆောင်သည် အဆောက်အဦးတစ်ခု သာသာပင် ဖြစ်၏။
ကျက်သရေ ခန်းမဆောင် ပြာဖြစ်သွားသည့် သတင်းသည် လီရန်မြို့တစ်ခုလုံးသို ပျံ့နှံ့သွားတော့သည်။
ထိုအရာသည် လတ်တလော လူပြောများသည့် ကိစ္စ ဖြစ်လို့နေ၏။
ဤကိစ္စသည် မတော်တဆဖြစ်ခဲ့သည့်ကိစ္စဟု မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့ခြင်းပင် ဖြစ်ရမည်။
အားလုံးက သေချာဆွေးနွေးပြီးနောက်မှာတော့ သုံးသပ်ချက်တစ်ခု အနှစ်ချုပ် ပေါ်လာသည်။
ထိုအရာသည် ရှောင်ကလန်နှင့် တစ်စုံတစ်ယောက်အား ပြဿနာရှာမိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူတို့မည်သူ့အား ပြဿနာရှာမိခဲ့သည်ကို ခန့်မှန်းရန် မလွယ်ကူခဲ့ချေ။
ထို့အပြင် ရှောင်ကလန်နှင့် ပြဿနာတတ်ဖူးသူအားလည်း တစ်ခါမှ မမြင်ဖူးချေ။
………
ရှောင်ကလန်၏ အဓိက ဟောခန်းထဲမှာတော့ များပြားလှသော အကြီးအကဲများသည် စုဝေးနေကြသည်။
သူတို့၏ မျက်နှာပေါ်တွင်တော့ ဒေါသတရား ၊ စိတ်ပူပန်မှု ၊ တွေဝေမှု စသည့် အရိပ်အယောင်များနှင့် ပြည့်နက်လျက်ရှိသည်။
သူတို့သည် မိုးဆွေအဆောက်အဦ ဆီမှ နည်းလမ်းများအား ပိုက်ဆံများ အကုန်အကျခံ၍ ဝယ်ယူခဲ့ရ၏။
နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်မှာမှ ကြီးမားလှသော လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့ပေမဲ့ နောက်ဆုံးအချိန်မှာတော့ အားလုံး ပျောက်ကွယ်သွားရတော့သည်။
သူတို့အတွက် ကြီးမားသည့် ပို၍ဆိုးဝါးသည့်အရာ ရှိနေသေးသည်။ မည်သူလုပ်ခဲ့သည်ဆိုသည်ကို သူတို့ မသိရှိခြင်းပင်။
ဘုန်း။
ဒုတိယအကြီးအကဲသည် စားပွဲခုံအား ထု၍ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ပထမအကြီးအကဲ … ဒီကိစ္စကို သေချာစုံစမ်းမှ ဖြစ်လိမ့်မယ်။"
တတိယအကြီးအကဲ ပြောလိုက်သည်။ "ဘယ်သူ လုပ်ခဲ့တယ်ဆိုတာကို မသိဘူး။ ကျုပ်တို့ ဘယ်လို စုံစမ်းရမှာလဲ။"
စတုတ္ထအကြီးအကဲသည် သတိအပြည့်ဖြင့် ပြောလိုက်သည်။ “တစ်ဖက်လူက ကျက်သရေခန်းဆောင်ကိုတောင် မီးရှို့ရဲမှတော့ ကျုပ်တို့ ရှောင်ကလန်ကို မကြောက်လို့ပဲ နေမယ်။”
ဤစကားလုံးသည် ဒေါသထွက်နေသော အကြီးအကဲများအား ငြိမ်သက်သွားစေသည်။
ပဉ္ဓမအကြီးအကဲသည် လေးနက်သည့် အမူအယာဖြင့် ပြောလိုက်သည်။ "ကျက်သရေခန်းဆောင်ကို မီးရှို့ခဲ့သူက မီးရှို့ခဲ့တဲ့အပြင် အလောင်းတွေကိုလည်း တစ်ခုမှ မချန်ခဲ့ဘူး။သူတို့က ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာတာတော့ ကျိန်းသေပေါက် မဟုတ်ဘူး။"
တစ်ချိန်လုံး ငြိမ်သက်နေသော ပထမအကြီးအကဲက ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းလား။"
သူ အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးဖြစ်သည်။
ရှောင်ကလန်အနေနဲ့ လတ်တလော ပြဿနာရှာမိခဲ့သူ ဟူ၍ မည်သူမှ မရှိချေ။
ရှောင်ကျီအား သတ်ဖြတ်ရန် လုပ်ကြံခဲ့ခြင်းကို သံမဏ်အရိုးဂိုဏ်း သိသွားခဲ့ခြင်းတစ်ခုသာရှိ၏။
တတိယအကြီးအကဲပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက ဟောင်ချီဂိုဏ်းကို စိန်ခေါ်ပြီး ပြန်လာခဲ့ရတာ။သူတို့ဆီမှာ ဒီလိုလုပ်ဖို့ အချိန်မရှိဘူး။"
ပထမအကြီးအကဲသည် အတွေးနက်သွားခဲ့သည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သံမဏိအရိုးဂိုဏ်း မဟုတ်ပါစေနဲ့ဟု သူမျော်လင့်မိ၏။ ဤအဆင့်ရှစ်ဂိုဏ်းတစ်ခုသည် ဟောင်ချီဂိုဏ်းကိုပင် အနိုင်ယူခဲ့သောဂိုဏ်းတစ်ခုဖြစ်၏။ သံမဏိအရိုးဂိုဏ်းသည် မရိုးရှင်းလှချေ။
ပထမအကြီးအကဲက ပြောလိုက်သည်။ "မိသားစုခေါင်းဆောင် ထွက်လာပြီဆိုမှ သေချာထပ်ပြီးဆွေးနွေးကြတာပေါ့။"
"ကောင်းပါပြီ။"
အကြီးအကဲများအားလုံးသည် ခေါင်းညိတ်လိုက်ကြသည်။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းဆီသို့ ပြန်ရောက်နေပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် သူ၏ ဒုတိယအစီအစဉ်ကို စတင်ဆောင်ရွက်နေဖြစ်ကြောင်း သူတို့ မသိရှိကြချေ။
ကျက်သရေခန်းဆောင်အား ဖျက်ဆီးခြင်းဆိုသည်မှာ ပထမအဆင့်ပင် ရှိသေးသည်။
ဂိုဏ်းချုပ်ကျွင်းသည် ရှောင်ကလန်အား လက်စားချေရန် နည်းလမ်းပေါင်းများစွာ ကို အသုံးပြုနေခဲ့ပြီဖြစ်သည်။
ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ သူ ပြောလိုက်သည်။
"လိုရှု … ချင်းယန်နိုင်ငံထဲမှာရှိတဲ့ ချောင်ကလန်ရဲ့ ပိုင်ဆိုင်မှုတွေကို အမြန်ဆုံး စုံစမ်းလိုက်။"
လီလိုရှု ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဘာလုပ်ချင်လို့လဲ။"
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်၏။ "ကလန်တစ်ခုရဲ့ အကြီးမားဆုံးအသက်သွေးကြောက သူတို့ရဲ့ စီးပွားဦးရေးပဲ။သူတို့ရဲ့ စီပွားရေးကို ပိတ်ဆို့အောင် လုပ်လိုက်ရင် သူတို့ ကြီးကြီးမားမား ထိခိုက်သွားမှာပဲ။"
"နားလည်ပါပြီ။"
လီလိုရှု ပြောလိုက်သည်။
"ပြီးတော့ ရှောင်ကလန်ရဲ့ ပထမအကြီးအကဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သူ့ကို သေချာ ဂရုစိုက်ကြည့်ထား။"
ရှောင်ရှန်းဟိုင် သည် အိမ်စေကြီးတစ်ယောက်သာဖြစ်၏။ ထိုသို့သောအိမ်စေကို ကြိုးကိုင်သူမှာ ပထမအကြီးအကဲဟုခေါ်သော လုယုတ်မာပင် ဖြစ်ပေလိမ့်မည်။
ထို့အပြင် သူ၏ နောက်လိုက်ခွေးလည်း သေဆုံးသွားပြီဖြစ်သောကြောင့် သူ့အား အသက်ရှင်ခွင့် မပေးသင့်တော့ပေ။