အခန်း (၁၆၅)
Vol. 12 Ch. 165
ကျွင်းချောင်ရှောင်းသည် ရှောင်မိသားစုအား မဖျက်ဆီးချင်ခဲ့ပေ။
ထို့အပြင် လီရန်မြို့၌ ရှောင်မိသားစုအပြင် အခြားသော မိသားစုများလည်း ရှိနေသေးသည်။
သူတို့အား လုပ်ကြံသတ်ဖြတ်သူသည် ရှောင်မိသားစုဖြစ်ကြောင်း သေသေချာချာ သတ်သေမပြနိုင်သေးချေ။ ထို့ကြောင့် သူ့အနေနှင့် တစ်ခြားသော နည်းလမ်းများကို အသုံးပြု၍ လက်စားချေရမည်။
မိုးဆွေဟောခန်း၏ အဖွဲ့ဝင်များသည် အလွန်ပဲ အစွမ်းထက်လှ၏။ နှစ်ရက်အတွင်းမှာပဲ သူတို့သည် လုံလောက်သည့် သတင်းအချက်အလက်များကို ပြန်လည်ယူဆောင်လာကြသည်။
“ရှောင်မိသားစုဆီမှာ တော်တော်များတဲ့ စီးပွားရေး လုပ်ငန်းတွေ အများကြီးရှိတယ်။”
လီလိုရှု သတင်းပို့လိုက်သည်။ "သူတို့ရဲ့ အဓိက စီးပွားရေးလုပ်ငန်းက ကျောက်ရိုင်းတုန်းတွေ၊ ဆေးလုံးတွေနဲ့ ဆေးပင်တွေပဲ။ ချင်းယန်နိုင်ငံရဲ့မြို့ရှစ်မြို့ထဲမှာ သူတို့ရဲ့ ဌာနခွဲတွေ အများကြီးရှိတယ်။"
“ဆေးလုံးနဲ့ ဆေးပင်တွေ ဟုတ်လား။"
ကျွင်းချောင်ရှောင်း မေးလိုက်၏။ "အိုက်မိသားစုနဲ့ နှိုင်းယှဉ်မယ် ဆိုရင်ရော။"
လီလိုရှု ခေါင်းခါယမ်းလိုက်သည်။ "ရှောင်မိသားစုက သိုင်းပညာကို လေ့ကျင့်တဲ့ မိသားစုတစ်ခုပဲ။ သူတို့က စီးပွားရေးနဲ့ပတ်သက်ရင် အိုက်မိသားစုနဲ့ယှဉ်လို့ရမှာ မဟုတ်ဘူး။သတင်းတွေအရဆိုရင် ရှောင်မိသားစုရဲ့ ဆေးလုံးနဲ့ ဆေးပင်တွေ တော်တော်များများက အိုက်မိသားစုဆီကလို့ ပြောတယ်။"
"ဒီလိုလား။" ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် ကော့တက်သွား၏။
ထိုအရာသည် ဒုက္ခပေးရန် လုံလောက်သည့် သတင်းအချက်အလက်ပင် ဖြစ်သည်။
"ကျောက်ရိုင်းတုံးတွေကရော။"
"လီယန်မြို့ရဲ့ မိုင်သုံးရာအကွာမှာ မိုင်းတွင်းတစ်ခုရှိတယ်။အဲ့ဒါကို ရှောင်မိသားစုကရှာဖွေပြီးတော့ မိုင်းတွင်းတွေအဖြစ် ပြုလုပ်နေတယ်။ သူတို့ရဲ့ ကျောက်ရိုင်းတုံးတွေက အဲ့ဒီက ရတာပဲ။"
ကျွင်းချောင်ရှောင်းသည် မေးထောက်ကာ ပြောလိုက်သည်။
"တကယ်လို့ မိုင်းတွင်းက မီးလောင်တာ ၊ ရေကြီးတာ ဒါမှမဟုတ် တစ်ခြား မတော်တဆမှု တစ်ခုခုဖြစ်မယ်ဆိုရင် ရှောင်ကလန်ကို ထိခိုက်နိုင်လား။"
လီလိုရှု ပြောလိုက်သည်။ "ထိခိုက်ရုံတင် မဟုတ်ဘူး။ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေမှာပဲ။"
ရှောင်မိသားစု၏ ကျောက်ရိုင်းတုံး စီးပွားရေးဈေးကွက်သည် မိသားစု၏ စီးပွားရေး ခြောက်ဆယ်ရာခိုင်နှုန်းအား ထောက်ပံ့ထားသည်။
ထိုအရာ မရှိလျှင် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ပေါ်သွားပေလိမ့်မည်။
"လူတစ်ချို့ကို မိုင်းတွင်းကို ခေါ်သွားပြီးတော့ မတော်တဆမှု တစ်ခုခု ဖြစ်အောင် လုပ်လိုက်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ကောင်းပါပြီ။" လီလိုရှု နာခံလိုက်သည်။
ကျွင်းချောင်ရှောင်း မေးလိုက်သည်။ "မိုင်းတွင်းထဲမှာ တစ်ခြား အလုပ်သမားတွေ ရှိသေးလား။"
"ရှိပါတယ်။"
"ရှောင်မိသားစုကလား။"
"အလုပ်သမားတွေက အလုပ်သမား အစုံအစုံပဲ။အနီးအနားက ရွာထဲက ငှားဂမ်းထားတဲ့ လူမျိုးတွေ လည်း ရှိတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "တကယ်လို့ လှုပ်ရှားတော့မယ်ဆိုရင် သူတို့ကို အပြင်ဘက်ကို လွှတ်လိုက်။"
အကြွေးတောင်းသည်ဆိုသည်မှာ အကြွေးယူသူဆီက တောင်းခြင်းကသာ အဓိပ္ပာယ်ရှိသည်မဟုတ်လား။ ဤအရာသည် လောက၏ သဘောသဘာဝပင် ဖြစ်သည်။ မဆိုင်သောသူများကို သူ့အနေနှင့် ဆွဲသွင်းကာ ဒုက္ခပေး၍ မဖြစ်ချေ။
ရှောင်မိသားစုသည် လုပ်ကြံသတ်ဖြတ်သူများ ငှားရမ်း၍ အချိန်တိုင်း သူ့အား ဒုက္ခပေးခဲ့သည်။ ထို့ကြောင့် သူသည် ရှောင်မိသားစုနှင့် အဆုံးထိ ဆော့ကစားရမှာ သဘာဝပင်ဖြစ်သည်။ သို့ပေမဲ့ အပြစ်ကင်းပြီး မသက်ဆိုင်သောသူများအား သူ လုံးဝ ဒုက္ခပေးမည် မဟုတ်ချေ။
"နားလည်ပါပြီ။"
လီလိုရှု သည် သူမ၏ ခေါင်းအား ခါယမ်း၍ စာကြည့်ခန်းထဲမှ ထွက်ခွာသွားလိုက်သည်။
"ဂိုဏ်းချုပ်ရဲ့ ကလဲ့စားချေတဲ့ နည်းလမ်းတွေက တော်တော်ကြီး ကြောက်ဖို့ ကောင်းတယ်။ရှောင်မိသားစု … ရှင်တို့က နတ်ဆိုးတစ်ပါးကို ပြဿနာရှာမိခဲ့တာပဲ။ဟောင်ချီဂိုဏ်းထက် ပိုတဲ့ ခံစားမှု ကို ရှင်တို့ ခံစားရတော့မှာ။"
"ဂိုဏ်းချုပ်။"
လီချင်းယန်သည် စာကြည့်ခန်းထဲသို့ လျှောက်ဝင်လာပြီး စားပွဲပေါ်သို့ ပုံကြမ်းတစ်ခုအား တင်လိုက်သည်။
"ဒါက ကျွန်တော် ဆွဲထားတဲ့ပုံစံ ကြမ်းပါပဲ။ ဘယ်လိုထင်လဲ။"
သံမဏိအရိုးဂိုဏ်းသို့ ပြန်ရောက်ပြီးသည့်နောက် သူသည် ဂိုဏ်း၏ အဆောက်အဦးများ အဆင့်မြှင့်တင့်မည့်အပေါ်တွင် အလုံးစုံ အာရုံစူးစိုက်ထားခဲ့၏။
သူသည် ကျင့်ကြံရင်းတန်းလန်းနှင့် ထိုပုံကြမ်းများအား ဆွဲထားခဲ့ခြင်း ဖြစ်သည်။
"အခုလောလောဆယ် သိမ်းထားအုံး ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"တပည့်တွေ ပိုပြီးရောက်လာရင် ငါတို့မင်းပြောသလို ပိုပြီး ပြင်ဆင်ကြတာပေါ့။"
သူ့အနေနှင့် ပိုက်ဆံများ အများအပြားရှိသည်ဆိုသော်လည်း ပြန်လည်ပြင်ဆင်တိုင်း ကောင်းသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် လူများ ပိုမို၍ များပြားလာသည့်အထိ စောင့်မှ ဖြစ်ပေလိမ့်မည်။
ချင်းယန်သည် ပုံကြမ်းကို သိမ်းကာ ပြောလိုက်သည်။
"ဒါက ချက်ချင်း ဆွဲထားတဲ့ ပုံကြမ်းတစ်ခုပါပဲ။ အလျှင်မလိုဘူးဆိုတော့ ဒီပုံကို သေသေချာချာ အသေးစိတ် ကျွန်တော် ပြန်ပြီး ဆွဲလိုက်အုံးမယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏ ပုခုံးအား ပုတ်ကာ ပြောလိုက်၏။ "မင်း သိုင်းလေ့ကျင့်ရေး လောကက မဟုတ်ဘူးဆိုရင် အင်ဂျင်နီယာတစ်ယောက် ဖြစ်နိုင်တယ်။"
"အင်ဂျင်နီယာဟုတ်လား။"
လီချင်းယန် ဇဝေဇဝါ ဖြစ်မိသွားသည်။ "ဂိုဏ်းချုပ် ဘာကြီးလဲ။"
ကျွင်းချောင်ရှောင်းသည် သူ့အား မရှင်းပြပေ။ စကားလမ်းကြောင်း လွှလိုက်၏။ "ငါ ဟူရန်မြို့ကို သွားစရာရှိသေးတယ်။ ဂိုဏ်းကိစ္စတွေကို ငါမင်းနဲ့ ထားခဲ့မယ်။"
"ကောင်းပါပြီ။"
လီချင်းယန်သည် ဂိုဏ်းအား ထိန်းသိမ်းစောင့်ရှောက်သည့် ကိစ္စနှင့် ပတ်သက်၍ အသားကျနေပြီဖြစ်၏။
မထွက်ခွာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းစုဆောင်းမှတ် ၂၀အား အသုံးပြု၍ အအေးဓားနှစ်ချောင်းအား ဝယ်ယူကာ ရီရှင်းချန်နှင့် လီဖေးတို့အား ဟောင်ချီ ဂိုဏ်း၏ နိုင်ပွဲအတွက် ဆုချခဲ့ရ၏။
ပြီးနောက် သူသည် ဟူရန်မြိုသို့ ထွက်ခွာလာခဲ့တော့သည်။
ရှောင်းကလန်၏ အဓိကစီးပွားရေးသည် ဆေးလုံးနှင့် ဆေးပင်များ အဓိက ဖြစ်သည်ကို သိရှိပြီးနောက် သူသည် တစ်ခုခု မလုပ်ရလျှင် မနေနိုင်သလို ခံစားမိနေ၏။
……..
"ကောင်းတာပေါ့။ နောက်ဆုံးမှာတော့ ငါ ဓားတစ်လက်ရပြီပဲ။"
ရီရှင်းချန်သည် အအေးဓားအား ကိုင်ဆောင်ထား၏။
ပြီးနောက် ဓားဆီမှ ထွက်ပေါ်လာသော ထက်မြက်မှုနှင့် အအေးဓာတ်အား ခံစားမိတော့ သဘောတကျဖြင့် ပြောလိုက်သည်။
"ဒီဓားရဲ့အရည်အသွေးက အလယ်အလတ်အဆင့်ပဲ။ လောလောလတ်လတ်တော့ ဒီဓားလောက်နဲ့ပဲ အသားကျအောင် ပြုလုပ်ရအုံးမယ်။"
တစ်ခြားသူများသည် အလယ်အလတ်အဆင့် လက်နက်တစ်ခုအားပင် ကိုင်ဆောင်ခွင့် မရှိကြချေ။ ဒီလောက်နဲ့ပဲ အသားကျအောင် လုပ်မည်ဆိုသော ညအင်ပါယာ၏ စကားကိုသာ တခြားသူများ ကြားရပါက ဝိုင်းဝန်းရိုက်နှက်ကြမှာ သေချာ၏။
အတွင်းခြံဝန်းရှိ လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ရောက်ရှိလာပြီးနောက် ရီရှင်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။
သူသည် လက်တစ်ဖက်နှင့် ဓားလက်ကိုင်အား ကိုင်၍ အရှေ့သို့ စူးစိုက်ကြည့်လိုက်၏။
ကျိုးဟုန်သည် ရောက်ရှိလာပြီး တီးတိုးမေးလိုက်၏။
"စီနီယာအစ်ကိုကြီးက ဓားကို နားလည်တယ်လား။"
ချလွမ်။
ရုတ်တရက်ဆိုသလိုပဲ အအေးဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။
ဓားအရိပ်များသည် ထွက်ပေါ်လာခဲ့တော့သည်။ ဓားအရိပ်ဆယ်ခုကျော်သည် အပြင်ဘက်သို့ ရောက်ရှိသွား၏။
ကျိုးဟုန်ပြောလိုက်သည်။
"အသက်တစ်ရှိုက်အတွင်း ဓားဆယ်ချက် မဆိုးဘူးပဲ။"
ချလွမ်။
လီချင်းရှန်သည် ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။
ပြီးနောက် သူသည် လင်းကျန်ဓားသိုင်း၏ မန္တာန်အား ရွတ်ဆိုလိုက်၏။
စမ်းကြည့်ချင်သေးတာလား။ ကျိုးဟုန်တွေးလိုက်၏။
ချလွမ်။
ရီရှင်းချန်သည် ဓားအား ဓားအိမ်ထဲမှ ထုတ်လိုက်သည်။
ဓားအရိပ်များသည် မီးပန်းလိုပဲ ဖြစ်တည်လာသည်။
ကျိုးဟုန်သည် ထိတ်လန့်တစ်ကြားဖြင့် ထအော်လိုက်သည်။ "အသက်တစ်ရှိုက်စာအတွင်း ဓားချက်နှစ်ဆယ့်လေးချက် … ဒါ ရိုးရိုးမဟုတ်ဘူး။ ဒါ ဓားဆန္ဒတစ်ခုမဟုတ်ဘူး။ ဓားနည်းစနစ်တစ်ခုပဲ။"
ကျိုးဟုန်အလောတကြီး ပြောလိုက်သည်။
"စီနီယာအစ်ကိုကြီး … ခုနက ဓားနည်းစနစ်တစ်ခုကို အသုံးပြုခဲ့တာလား"
"ဟုတ်တယ်။"
ရီရှင်းချန် ပြောလိုက်သည်။
ကျိဟုန် ထိတ်လန့်သွားမိ၏။
"ဘယ်လို ဓားနည်းစနစ်မျိုးလဲ။"
စီနီယာအစ်ကို ၏ ဓားနည်းစနစ်သည် အသက်တစ်ရှိုက်စာအတွင်း ဓားချက်ဆယ်ချက်ကနေနှစ်ဆယ့်လေးချက်အထိ ထွက်ပေါ်နေ၏။
ရီရှင်းချန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဒါက နတ်ဘုရားအဆင့် ဓားနည်းစနစ်တစ်ခုပဲ။ ဒါ ဂိုဏ်းချုပ် ငါ့ကို ပေးထားတာ။"
"ဂိုဏ်းချုပ် ပေးထားတာ ဟုတ်လား။ဒီလောက်ကောင်းတဲ့ ဓားနည်းစနစ်က ဂိုဏ်းရဲ့ ဓားနည်းစနစ်လား။"
အမြဲတမ်း တည်ငြိမ်ပြီး တစ်ကိုယ်တည်း နေတတ်သော ကျိုးဟုန်ဆိုသည် တုန်လှုပ်သွားမိသည်။
သူသည် ဓားအား မလေ့ကျင့်တော့ဘဲ ချက်ချင်းဆိုသလိုပဲ ဂိုဏ်းချုပ်နှင့် စကားပြောချင်စိတ်တွေ ပေါက်မိသွား၏။
သို့ပေမဲ့ ဂိုဏ်းချုပ် ဟူရန်မြို့သို့ ထွက်ခွာသွားသည် ဆိုသောကြောင့် သူ့အနေနှင့် ခြံဝန်းထဲတွင် ထိုင်၍ စောင့်ဖို့သာ တတ်နိုင်တော့သည်။
သူသည် တကယ့်ကို ဓားရူးတစ်ယောက်ဟု ဆိုရမလိုပင် ဖြစ်နေသည်။
……..
ကျွင်းချောင်ရှောင်း တောင်ပေါ်က ဆင်းသက်လာပြီး မြို့ထဲသို့ ရောက်ရှိလာသည့် တစ်ပြိုင်တည်းမှာပဲ ဤတစ်ကြိမ်ရောက်ရှိလာသည့် အခါမှာတော့ ဖြတ်သွားဖြတ်လာများ အားလုံးသည် သူ့အား ချီးကျူးသည့်အကြည့်ဖြင့် ကြည့်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် ဟောင်ချီဂိုဏ်းနှင့် ဖြစ်ခဲ့သော ပြဿနာသည် ချင်းယန်နိုင်ငံတစ်ခုလုံးဆီသို့ ပျံ့နှံ့ခဲ့ပြီး ဖြစ်၏။
ထိုအရာသည် မြေငလျင်လှုပ်သလိုပဲ လူအားလုံး သိရှိခဲ့ပြီးကိစ္စဖြစ်နေ၏။
ချင်းယန်နိုင်ငံတွင် လက်ရှိ အကျော်ကြားဆုံးဂိုဏ်းမှာ မည်သူဖြစ်သနည်း။
သံမဏိအရိုးဂိုဏ်းပင် ဖြစ်၏။
ချင်းယန်နိုင်ငံတွင် လက်ရှိ အကျော်ကြားဆုံးလူမှာ မည်သူဖြစ်သနည်။
ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။
အမိကမ္ဘာမြေ၏ သဘောတရားအရဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် အင်တာနက်ဆယ်လီတစ်ယောက်ဟုပင် သတ်မှတ်ရမှာ ဖြစ်သည်။ အောင်ခန့်ပိုင် လိုပင်။
"ဝိုး … ဂိုဏ်းချုပ်ကျွင်းက ချောလိုက်တာ။"
ဆေးဆိုင်သို့ သွားရာ လမ်းတစ်လျှောက်မှာတော့ မိန်းကလေးငယ်များသည် ချောမောလှပသော ကျွင်းချောင်ရှောင်းအား ကြည့်၍ ခေါင်းကို ငုံကာ တီးတိုးရေရွတ်လိုက်ကြ၏။ သူမတို့၏ နုလုံးသားများသည် မြင်းများ ဖြတ်ပြေးသွားကြသလို တဒုန်းဒုန်းနှင့် ခုန်လျက် ရှိ၏။
တစ်ချို့သော ရဲတင်းသည့် မိန်းကလေးများဆိုလျှင် ပန်းတွေပင်လာပေးနေကြသေးသည်။ ထိုကဲ့သို့သော အခြေအနေမျိုးအား ကျွင်းချောင်ရှောင်းသည် လက်ရှိ အသက်အရွယ်ထိ တစ်ခါမှ မကြုံဖူးချေ။
“ဟား … ဟား … ဟား။”
ဟူရန်မြို့၏ အတွင်းဂိတ်တံခါးဆီသို့ ရောက်ရှိလာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထောင့်တစ်ခုတွင် ထိုင်၍ တစ်ဟီးဟီး ရယ်လျက် ရှိ၏။
သူသည် သဘောတကျနှင့် ရယ်နေသောကြောင့် တံတွေးများပင် ထွက်ပေါ်လာတော့သည်။
ဖြတ်သွားဖြတ်လာလူများသည် သူ့အားကြည့်ကာ တီးတိုး ပြောဆိုနေကြသည်။
"ဂိုဏ်းချုပ်ကျွင်း ဘာဖြစ်နေတာလဲ။"
"မသိဘူး။ သူ ရောက်လာကတည်းက ဒီနေရာမှာ ဆောင့်ကြောင့်ထိုင်ပြီး တစ်ဟီးဟီး ရယ်နေတာပဲ။တစ်ခုခုကို အရမ်း သဘောကျနေလို့ဖြစ်မယ်။ ပျော်တာလည်း ပျော်ပေါ့ ဒါပေမဲ့ အရူးတစ်ယောက်လို တဟဲဟဲ ရယ်နေတာတော့ ကြည့်မကောင်းလှပါဘူး။"